La Yaung

La Yaung Legal Consultant

01/02/2026

တရားလိုနှင့် တရားခံတို့အတွက် ရာဇဝတ်မှုဆိုင်ရာ အချိန်ကန့်သတ်ချက် (Limitation)

၁။ တရားခံဘက်မှ ဆောင်ရွက်ခြင်း (Appeals & Revisions by Accused)
တရားခံသည် မိမိအပေါ် ချမှတ်သော ပြစ်ဒဏ် သို့မဟုတ် အမိန့်အပေါ် မကျေနပ်ပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည် -
• 🎁သေဒဏ်စီရင်ချက်အပေါ် အယူခံဝင်ခြင်း
- (၇) ရက်အတွင်း တင်သွင်းရမည်။
- ကာလစည်းကမ်းသတ် အက်ဥပဒေ၊ ပထမဇယား၊ အပိုဒ် ၁၅၀။ တရားရုံးများလက်စွဲ အပိုဒ် ၅၈၄ နှင့် ၇၆၅ ။

-🎁ခရိုင်တရားရုံး (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ တရားရုံးသို့ အယူခံဝင်ခြင်း
 (၃၀) ရက်အတွင်း တင်သွင်းရမည်။
 ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၃။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၈၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၅၄။

🎁တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သို့ အယူခံဝင်ခြင်း
 (၆၀) ရက်အတွင်း တင်သွင်းရမည်။
 ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၄။
 ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခြင်း
 (၉၀) ရက်အတွင်း တင်သွင်းရမည်။
 ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၅။

🎁 ရာဇဝတ်ပြင်ဆင်မှု (Criminal Revision) တင်သွင်းခြင်း
 ရက်ပေါင်း (၆၀) အတွင်း တင်သွင်းရမည် ။
 တရားရုံးများလက်စွဲ အပိုဒ် ၇၆၆ ။ စီရင်ထုံး - မောင်သာမြ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၆၅၊ စာ- ၉၄၀) ။

၂။ တရားလို/အစိုးရဘက်မှ ဆောင်ရွက်ခြင်း (Appeals by Prosecution/Government)
အစိုးရရှေ့နေ သို့မဟုတ် ဥပဒေအရာရှိများသည် တရားသေလွှတ်မိန့် သို့မဟုတ် ပြစ်ဒဏ်လျှော့နည်းမှုများအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရပါသည် -

🐰တရားသေလွှတ်မိန့်ကို အယူခံဝင်ခြင်း (Appeal against Acquittal)
 (၆) လအတွင်း တင်သွင်းနိုင်သည်။
 ကာလစည်းကမ်းသတ် အက်ဥပဒေ၊ အပိုဒ် ၁၅၇။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁၇ ။

🐰နစ်နာသူမှ တရားသေလွှတ်မိန့်ကို အယူခံဝင်ပေးရန် ဥပဒေရုံးသို့ လျှောက်ထားခြင်း
 (၃၀) ရက်အတွင်း လျှောက်ထားရမည် ။
 တရားရုံးများလက်စွဲ အပိုဒ် ၈၀၉ ။

🐰ဥပဒေအရာရှိများမှ ပြင်ဆင်မှု တင်သွင်းရန် ဆောင်ရွက်ခြင်း
 ရက်ပေါင်း (၆၀) အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တင်သွင်းရမည် ။
 ပြည်ထောင်စုရှနေချုပ် နည်းဥပဒေများ နည်းဥပဒေ ၁၃၀ ။

၃။ ကာလစည်းကမ်းသတ် ရေတွက်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ အထွေထွေပြဋ္ဌာန်းချက်များ
🌹 အချိန်ကာလ ထုတ်ပယ်ခြင်း (Exclusion of Time)
အယူခံမှု သို့မဟုတ် ပြန်လည်သုံးသပ်မှုများအတွက် စီရင်ချက်ချသည့်နေ့နှင့် ဒီကရီ/အမိန့် မိတ္တူရရှိရန် လိုအပ်သော အချိန်ကာလကို ထုတ်ပယ်ရေတွက်ရမည်။ ( ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၁၂) ။

🌹လုံလောက်သောအကြောင်းပြချက်ဖြင့် သက်တမ်းတိုးခြင်း (Extension of Period)
အယူခံသူ သို့မဟုတ် လျှောက်ထားသူသည် သတ်မှတ်ကာလအတွင်း အဘယ်ကြောင့် မတင်သွင်းနိုင်သည်ကို တရားရုံးက ကျေနပ်အောင် လုံလောက်သောအကြောင်းပြချက် (ဥပမာ- နေမကောင်းခြင်း၊ ထောင်တွင်းရောက်နေခြင်း) ပြနိုင်လျှင် တရားရုံးက လက်ခံနိုင်သည်။ (ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၅) ။

🌹 ပိတ်ရက်အတွင်း ကာလကုန်ဆုံးခြင်း
စည်းကမ်းသတ်ကာလသည် တရားရုံးပိတ်ရက်တွင် ကုန်ဆုံးပါက ရုံးပြန်ဖွင့်သည့်နေ့တွင် တင်သွင်းနိုင်သည်။ ( ကာလစည်းကမ်းသတ် အက်ဥပဒေ ပုဒ်မ ၄)



#ဥပဒေအတိုအထွာ
#ဥပဒေ

01/02/2026

▶️ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။

▶️ ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲ သည်။

▶️ အစိုးရမြေဆိုရင် သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲသည်။

▶️ ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသည်။

▶️ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ ဆွဲပြီး သာသနာ့မြေဆိုရင် အစိမ်းရောင်နှင့် ဆွဲသည်။

▶️ အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။

▶️ တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။

✅ မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …....

၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM

၅ ။ မူရင်းလယ်မြေဆိုရင် M/MY

၆ ။ ချောင်းရေဝင်မြေဆိုရင် c

၇ ။ ယာမြေဆိုရင် Y

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉ ။ တောင်ယာမြေဆိုရင် TY/YY

၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY

၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃ ။ ဓနိမြေဆိုရင် D

၁၄ ။ အပိုင်ရမြေဆိုရင် O

၁၅ ။ အပိုင်ဂရန်မြေဆိုရင် G

၁၆ ။ အငှားဂရန်မြေဆိုရင် L

စသည်တို့ဖြင့် အမျိုးမျိုး ရှိကြပါတယ်။ မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

Credit to owner


#အိမ်ခြံ​မြေ
#ဥပဒေအတိုအထွာ

HD ဖြန့်တဲ့လူကို  အာမခံမရတဲ့ ပုဒ်မနဲ့ အရေးယူလို့ရသော ပုဒ်မ ပါဝင်သည့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၏အနှစ်ချုပ် ပုဒ်...
01/02/2026

HD ဖြန့်တဲ့လူကို အာမခံမရတဲ့ ပုဒ်မနဲ့ အရေးယူလို့ရသော ပုဒ်မ ပါဝင်သည့်
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၏အနှစ်ချုပ် ပုဒ်မများ

ပုဒ်မ ၃၃ ။ မည်သူမဆို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးနည်းပညာကို အသုံးပြု၍ -
(က) နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်ရင်းသားစည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး / အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေ သည့် ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း၊
(ခ) နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်ရင်းသားစည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး / အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ပေးပို့ဖြန့်ချိခြင်း၊
တို့ကို ကျူးလွန်လျှင် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၇နှစ်အထိ ချမှတ်ရမည်။

ပုဒ်မ ၃၈-ခ ။ မည်သူမဆို သက်ဆိုင်ရာပုဂ္ဂိုလ်၏ခွင့်ပြုချက်မရှိဘဲ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်ကို -
ရယူခြင်း၊ ဖွင့်ချခြင်း၊ အသုံးပြုခြင်း၊ ဖျက်ဆီးခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း သို့မဟုတ် အလွဲအသုံးပြုခြင်း
တို့ကို
ကျူးလွန်လျှင် ထောင်ဒဏ် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၃ နှစ် အထိ ချမှတ်ရမည်။

ပုဒ်မ ၃၈-ဂ ။ မည်သူမဆို ဆိုက်ဘာနယ်ပယ်တွင်
အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်၊ အကြည်ညိုပျက်စေရန် ရည်ရွယ်ကာ သတင်းတု သတင်းမှားတို့ကို ပြုလုပ်ဖန်တီး၍
ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၃ နှစ်ထိ ချမှတ်ရမည်။
—-----------------------------------------------------------------

ပုဒ်မ ၄ (ခ) ။ ပြည်တွင်းတွင် + ပြည်တွင်းမှ ပြည်ပသို့ + ပြည်ပမှ ပြည်တွင်းသို့ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးနည်းပညာကို အသုံးပြု၍ ကျူးလွန်လျှင် ဤဥပဒေနှင့် သက်ဆိုင်။

ပုဒ်မ ၄၄ ။ တရားစွဲဆိုရာတွင် ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

**ပုဒ်မ ၁၉ ။ (က) တည်ဆဲဥပဒေအရ စာဖြင့်ရေးရမည်၊ လက်မှတ်ထိုးရမည် ဟု ပြဌာန်းထားသည့် အကြောင်းအရာများကို အီလက်ထရောနစ်မှတ်တမ်း၊ အချက်အလက်၊ အီလက်ထရောနစ် ထိုးမြဲလက်မှတ်တို့ဖြင့် ပြုလုပ်နိုင်သည်။

(ခ) ပုဒ်မ (က) အရ ပြုလုပ်ထားသည့် မှတ်တမ်း၊ အချက်အလက်နှင့် လက်မှတ်များ သည် သက်ဆိုင်ရာဥပဒေအရ ပြုလုပ်ဘိသကဲ့သို့ တရားဝင်စေရမည်။

**ပုဒ်မ ၂၁ ။ ပဋိညာဉ်ပြလုပ်ရာတွင် ပြုလုပ်သူများအကြား အခြားနည်းဖြင့် သဘောတူညီချက် မရှိလျှင် ကမ်းလှမ်းခြင်း၊ လက်ခံခြင်း နှင့် အခြားလိုအပ်သော အချက်အလက်ပြုလုပ်ခြင်းတို့ကို အီလက်ထရောနစ်နည်းပညာဖြင့် ဆောင်ရွက်နိုင်သည်။

**ပုဒ်မ ၄၈ ။ ပေးပို့သူ နှင့် လက်ခံသူတို့အကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်း အချက်အလက်၊ မှတ်တမ်း၊ လက်မှတ် နှင့် အမှတ်အသားများကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထာားသည်ဆိုသည့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ဥပဒေအရ အကျိုးသက်ရောက်မှု၊ တရားဝင်မှု၊ အတည်ဖြစ်မှုတို့ကို ငြင်းပယ်ခြင်း မပြုရ။
—---------------------------------------------------------------


#ဥပဒေ
#ဆက်သွယ်​ရေးဥပ​ဒေပုဒ်မ

Online ရောင်းရတာ စိတ်အေးရအောင် တရားဝင် လိုင်စင်တင်ထားလိုက်ရအောင်! 🚀​Online Shop တွေအတွက် အခုနောက်ပိုင်းမှာ အရေးအကြီးဆုံး...
31/01/2026

Online ရောင်းရတာ စိတ်အေးရအောင် တရားဝင် လိုင်စင်တင်ထားလိုက်ရအောင်! 🚀
​Online Shop တွေအတွက် အခုနောက်ပိုင်းမှာ အရေးအကြီးဆုံးက "ယုံကြည်မှု" ပါပဲ။ ဈေးဝယ်သူတွေအနေနဲ့ လိုင်စင်ရှိတဲ့ Page တစ်ခုကို ပိုပြီး ယုံကြည်အားကိုးကြသလို၊ လုပ်ငန်းရှင်တွေဘက်ကလည်း ဥပဒေနဲ့အညီ တရားဝင် မှတ်ပုံတင်ထားမှ ရေရှည်မှာ စိတ်အေးရမှာ ဖြစ်ပါတယ်။
​"ကိုယ်တိုင်လျှောက်ဖို့ကျတော့လည်း အချိန်မပေးနိုင်ဘူး၊ စာရွက်စာတမ်းတွေက ဘာလိုမှန်းမသိ၊ ဘယ်ကစရမှန်းမသိ..." ဖြစ်နေတယ်ဆိုရင်တော့ စိတ်မပူပါနဲ့တော့။ 🙅‍♂️🙅‍♀️
​ကျွန်ုပ်တို့ [La Yaung Legal Services ] မှ လူကြီးမင်းတို့ရဲ့ Online Shop တွေအတွက် Online Sale လိုင်စင် (e-Commerce Registration) ရရှိအောင် အစအဆုံး အမြန်ဆုံး ဝန်ဆောင်မှုပေးနေပါပြီ။
​✨ ကျွန်ုပ်တို့ဆီမှာ အပ်နှံရင် ဘာတွေရမှာလဲ?
✅ အချိန်ကုန်သက်သာပြီး လူပင်ပန်း သက်သာခြင်း။
✅ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အတိအကျ လမ်းညွှန်ပေးခြင်း။
✅ System ထဲမှာ မှတ်ပုံတင်တာကအစ အောင်မြင်တဲ့အထိ တာဝန်ယူပေးခြင်း။
✅ ကျသင့်ငွေကို မျှတစွာ ကောက်ခံခြင်း။
​ဘယ်သူတွေ လျှောက်ထားသင့်သလဲ?
​Facebook, TikTok, Website တွေမှာ ပစ္စည်းရောင်းချနေသူများ။
​လုပ်ငန်းကို တရားဝင်အမည်ပေါက်နဲ့ ရေရှည်ရပ်တည်ချင်သူများ။
​ဝယ်သူတွေရဲ့ ယုံကြည်မှုကို ရယူလိုသူများ။
​နောက်ကျရင် ပိုရှုပ်ထွေးသွားနိုင်လို့ သတ်မှတ်ရက်တွေ မကျော်ခင် အခုပဲ အမြန်ဆုံး မှတ်ပုံတင်လိုက်ရအောင်ဗျာ။ ⏳
​📩 အသေးစိတ် သိရှိလိုပါက Messenger ကနေ ဖြစ်စေ၊ ဖုန်း - [09957935519, 09 796652941] ကိုဖြစ်စေ အခုပဲ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

​ဒေါ်ဝါဝါ​အောင် (LL.B,D.B.L,D.l.P.L)
အထက်တန်း​ရှေ့​နေ





31/01/2026

သိထားသင့်တဲ့ ဥပဒေလိုတိုရှင်း
၅၀ (ည) နှင့် Kpay အန္တရာယ်

- တချို့ကြားဖူးကြမဲ့ ၅၀ (ည) သို့မဟုတ် အရပ်ခေါ် P D F ထောက်ပံ့ပုဒ်မဆိုတာ ၂၀၁၄ ခုနှစ်ကတည်းက ပြဌါန်းခဲ့တဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" ပုဒ်မ ၅၀(ည) ကိုပြောတာပဲ ဖြစ်ပါတယ်....
- ဒီ ဥပဒေအရတော့ အကြမ်းဖက်မှုကို ငွေကြေးနှင့် ပစ္စည်းထောက်ပံ့မှုကိုလည်း အကြမ်းဖက်မှုအဖြစ်ပဲ သတ်မှတ်မှာဖြစ်ပါတယ် [ယင်းပုဒ်မ ၃(ခ)(၉)]
- ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်တော့ ပုဒ်မ ၅၀ (ည) အရ အနည်းဆုံးထောင်ဒဏ် ဆယ်နှစ်ကနေ အများဆုံးထောင်ဒဏ်တစ်သက် ချမှာဆိုတော့ ပြစ်ဒဏ်ပြင်းထန်ပါတယ်....
- ပြည်တွင်းမှာ ဖမ်းဆီးတရားစွဲခံရသူတွေ အနေနဲ့ အများအားဖြင့် Kpay လို AYA pay, Wave pay လို App ကနေ ငွေလွှဲခြင်းကနေ တရားစွဲခံရတာဖြစ်ပါတယ်....
- ဘယ်လိုလဲဆိုတော့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့တွေကနေ ဒီမှတ်ပုံတင်နံပါတ်နဲ့ အသုံးပြုနေတဲ့ Kpay account ပိုင်ရှင်ကနေ နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့ အသုံးပြုတဲ့ Account ကို ငွေလွှဲထားတာရှိပါတယ်... ဖမ်းဆီးပါလို့ ညွှန်ကြားလိုက်တာပဲ ဖြစ်ပါတယ်...
- အဲဒီအခါမှာ မှတ်ပုံတင်မှာ ပါတဲ့ လိပ်စာမှာ ရှိရင်တခါတည်းဖမ်းသလို မတွေ့ရင်လည်း တရားခံပြေးဖွင့်ထားပြီး PSMS လို့ခေါ်တဲ့ digital surveillance system ထဲထည့်ထားတဲ့အခါ ခရီးသွားတုန်း ဒါမှမဟုတ် ရဲစခန်းမှာ ထောက်ခံစာသွားလုပ်တုန်း ပေါ်ပြီး တခါတည်း ဖမ်းခံထိတော့တာပါပဲ....
- ဒီထဲမှာ ကိုယ်လက်ရှိ ပညာဒါနလုပ်ပေးနေတဲ့ ၅၀ (ည) နှစ်မှုမှာဆိုရင် ကိုယ်တိုင််လွှဲပါတယ်လို့ သံသယဖြစ်စရာရှိတဲ့ Touch ဖုန််းတောင် မကိုင်နိုင်တဲ့ အောက်ခြေလူတန်းစားတွေ ဖြစ်နေတာ ... မှတ်ပုံတင်ပျောက်ထားတာ.... ဖုန်းတောင်မကိုင်တက်တဲ့ လူကြီးဖြစ်နေတာ ... Kpay ဖွင့်ခဲ့မိမှန်းတောင်မသိ... Security သိပ်မမြင့်သေးတဲ့ ခုနှစ်တွေက ငွေလွှဲ transaction တွေနဲ့ အမှုဖွင့် ခံထားရတာတွေ ... တရားခံပြေးဖြစ်နေတာကို မသိတဲ့ အခြေအနေဖြစ်နေတာတွေ .... ဆိုတော့

- အတိုချုပ် သတိပေးရရင်
(1) ဘာပေး၊ ညာပေးတွေရဲ့ transaction တွေဂရုစိုက်ပါ...
(2) ကိုယ့်မှတ်ပုံတင်ကို အလွယ်တကူ မငှားပါနဲ့
(3) သူများ ငွေလွှဲခိုင်းရင် ငြင်းပါ
ဒါလေးပါပဲ...



#ဥပဒေ
#ရှေ့နေ
#၅၀ည
#ဥပဒေအတိုအထွာ

02/07/2025

ငွေချေးသူ ငွေရှင်က ငွေချေးသူ မြီရှင်ထံမှ အတိုးနှုန်းယူရန် မူလက သဘာတူခဲ့ပါလျက် ယင်းအတိုးနှုန်းကို ငွေ ချေးစာချုပ်တွင် မဖော်ပြခဲ့လျှင် ထိမ်ဝှက်ခြင်းမြောက် သောကြောင့် ငွေတိုးချစားသူများ အက်ဉပဒေပုဒ်မ ၁၅ အရ စာချုပ်တစ်ခုလုံး ပျက်ပြယ်သည်။

၁၉၇၁၊ မတစ၊ စာ- ၃၈


#ဦးမြ
#စီရင်ထုံးပေါင်းချုပ်

အမိန့်ကြော်ငြာစာအမှတ် - ၅၀/၂၀၂၃အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်...
24/12/2024

အမိန့်ကြော်ငြာစာအမှတ် - ၅၀/၂၀၂၃

အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေ







service

ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားခြင်းအားနိုဝင်ဘာ ၁၈ ရက်နေ့မှစ၍စတင်လျှောက်ထားနိုင်မည်ဖြ...
13/11/2024

ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားခြင်းအားနိုဝင်ဘာ ၁၈ ရက်နေ့မှစ၍စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး လိုင်စင်လျှောက်ထားခြင်းကာလမှာ စတင်လျှောက်ထားသည့်နေ့မှ (၃) လအတွင်းဖြစ်ပါသည်။

Credit

သတိပြုနိုင်ပါရန်✍️Company များအနေဖြင့်လည်းသိရှိနိုင်ပါရန် အခွန်ရှောင်တိမ်းခြင်း(Tax Evasion)အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု...
06/07/2024

သတိပြုနိုင်ပါရန်
✍️Company များအနေဖြင့်လည်းသိရှိနိုင်ပါရန်

အခွန်ရှောင်တိမ်းခြင်း(Tax Evasion)
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၇

သက်ဆိုင်ရာအကြောင်းကြားစာများပေးပို့၍သတ်မှတ်ရက်အတွင်း ထုတ်ဖော်ခြင်း သို့ အပြည့်အစုံထုတ်ဖော်ခြင်းမပြုပါက ဆိုင်ရာပုဒ်မခွဲအရ တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီးပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ၇နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျပ်၂၅၀၀၀၀ နှင့်သက်ဆိုင်ရာကာလအတွက်ရှောင်တိမ်းခဲ့သည့်အခွန်၏ ၁၀၀ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏတို့အနက်များရာ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်
ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ခြင်း နှင့်

✍️အခွန်စီမံအုပ်ချုပ်မှုကိုဟန့်တားစေသည့် ပြုလုပ်မှု သို့ပျက်ကွက်မှု
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၈ ပုဒ်မခွဲ(ခ)

သက်ဆိုင်ရာအကြောင်းကြားစာများပေးပို့၍သတ်မှတ်ရက်အတွင်း ထုတ်ဖော်ခြင်း သို့ အပြည့်အစုံထုတ်ဖော်ခြင်းမပြုပါက ဆိုင်ရာပုဒ်မခွဲအရ တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး
ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ၁နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျပ်၂၅၀၀၀၀ ထက်မပိုသောငွေဒဏ်ဖြစ်စေဒဏ်နှစ်
ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ခြင်း

အသေးစိတ်ကိုဖော်ပြပါ ညွှန်ကြားချက်တွင်လေ့လာနိုင်ပါရန်

ရန်ကုန်တက္ကသိုလ်၊ဥပဒေပညာဌာန၊ စီးပွားရေးဥပဒေပညာဒီပလိုမာသင်တန်း၊ အမှတ်စဥ်-၂၂ အတွက် လျှောက်လွှာ ၁၄.၆.၂၀၂၄ ရက်နေ့မှစပြီး၀ယ်ယ...
10/06/2024

ရန်ကုန်တက္ကသိုလ်၊ဥပဒေပညာဌာန၊ စီးပွားရေးဥပဒေပညာဒီပလိုမာသင်တန်း၊ အမှတ်စဥ်-၂၂ အတွက် လျှောက်လွှာ ၁၄.၆.၂၀၂၄ ရက်နေ့မှစပြီး၀ယ်ယူနိုင်ပါပြီ။

၃၀.၄.၂၀၂၄ (စာမျက်နှာ ၂၈)ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း။ဒေါ်ဝါဝါအောင်အထက်တန်းရှေ့နေ09957935519
30/04/2024

၃၀.၄.၂၀၂၄ (စာမျက်နှာ ၂၈)
ကန့်ကွက်နိုင်ကြောင်း
အများသိစေရန်ကြေညာခြင်း။

ဒေါ်ဝါဝါအောင်
အထက်တန်းရှေ့နေ
09957935519

တရားမမှုစွဲဆိုရာတွင် တရားစွဲဆိုရမည့်အချိန်ကာလကို သိရှိဖို့လိုပါတယ်ရှင့်။ ဒါကြောင့် ဗဟုသုတရစေရန်ပြန်လည်မျှဝေလိုက်ပါတယ်ရှင...
10/02/2024

တရားမမှုစွဲဆိုရာတွင် တရားစွဲဆိုရမည့်အချိန်ကာလကို သိရှိဖို့လိုပါတယ်ရှင့်။ ဒါကြောင့် ဗဟုသုတရစေရန်ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်




Address

Dagon Myothit (East)
Yangon

Alerts

Be the first to know and let us send you an email when La Yaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to La Yaung:

Share

Category