Notary King

Notary King " Fast and Accurate Notary Service "

မြန်မာ့နှစ်သစ် ၁၃၈၅ ခုနှစ် က နေ ကြိုဆိုပါတယ် …နိုင်ငံရပ်ခြားသွားချင်သူတွေအတွက် သံရုံးအမျိုးမျိုးက လိုအပ်တယ်လို့ ကြေညာထား...
17/04/2023

မြန်မာ့နှစ်သစ် ၁၃၈၅ ခုနှစ် က နေ ကြိုဆိုပါတယ် …

နိုင်ငံရပ်ခြားသွားချင်သူတွေအတွက် သံရုံးအမျိုးမျိုးက လိုအပ်တယ်လို့ ကြေညာထားတဲ့ စာရွက်စာတမ်းတွေကို Notary King က အချိန်နဲ့ တပြေးညီ ဘာသာပြန်ဆို ကြေညာပေးသွားပါမယ်နော်။

နိုင်ငံတွေရဲ့ လူဝင်မှု ကြီးကြပ်ရေးစည်းမျဉ်း တွေက အချိန်အမျှ ပြောင်းလဲနေတာကို သတိပြုပေးပါ။ ကိုယ်သွားမယ့်နို်င်ငံ၊ သွားလိုတဲ့ ရည်ရွယ်ချက်တွေအတွက် လိုအပ်တဲ့ စာရွက်စာတမ်း စာရင်း၊ နိုတြီပြန်ရမယ့် စာရွက်စာတမ်းစာရင်းတွေကို တတ်နိုင်သမျှ update လုပ်ပါနော်။ မသေချာဘူးဆိုခဲ့ရင် Notary King ရဲ့ messenger ကနေ မေးပေးပါ။ အမြန်ဆုံး ပြန်ဖြေပေးပါမယ်။

လိုရာခရီးကို ချောချောမွေ့မွေ့ ရောက်ရှိပြီး ရည်ရွယ်ချက် ပြီးမြောက်အောင်မြင်နိုင်ပါစေ။

လက်ထပ်စာချုပ်နိုတြီနိုတြီလုပ်ကြတဲ့ စာရွက်စာတမ်းတွေထဲမှာ လက်ထပ်စာချုပ်လည်းပါပါတယ်နော်။ ဖြစ်နိုင်ရင် နိုင်ငံက မထွက်ခင်ကတည်...
08/04/2023

လက်ထပ်စာချုပ်နိုတြီ

နိုတြီလုပ်ကြတဲ့ စာရွက်စာတမ်းတွေထဲမှာ လက်ထပ်စာချုပ်လည်းပါပါတယ်နော်။ ဖြစ်နိုင်ရင် နိုင်ငံက မထွက်ခင်ကတည်းက တရားရုံးမှာ လက်မှတ်ထိုးထားမှ MOFA ရဲ့ တံဆိပ်တုံးထုလို့ ရပါမယ်နော်။ ဒီဝန်ဆောင်မှုအတွက် အချိန် (၂) ရက်ယူပါတယ်။

Christian တွေနဲ့ အခြားဘာသာခြားတွေက သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေဆီမှာ လက်ထပ်ခဲ့ပြီး တရားရုံးမှာ လက်ထပ်စာချုပ်လုပ်မထားရင် MOFA တံဆိပ်တုံးထုလို့ မရပါ။

တချို့နိုင်ငံတွေရဲ့ လူဝင်မှုစည်းမျဉ်းတွေထဲမှာ လက်ထပ်ထားတဲ့ ဇနီးမောင်နှံအတွက် လက်ထပ်စာချုပ်ရှိမှ လက်ခံတာရှိပါတယ်။ တချို့ကတော့ ကျမ်းကျိန်လွှာကို လက်ခံပါတယ်။ နိုင်ငံရပ်ခြားမှာ အခြေချမယ်လို့ စဉ်းစားထားသူတွေအနေနဲ့ စာရွက်စာတမ်းလေးတွေ စုံစုံလင်လင် စုစည်းပြီးမှ နိုင်ငံထဲက ထွက်စေလိုပါတယ် နော်။

နေ့ချင်းပြီး အိမ်အရောက်ပို့ နိုတြီဝန်ဆောင်မှု(၆) လအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်အပါအဝင် အောင်လက်မှတ်အမျိုးမျို...
08/04/2023

နေ့ချင်းပြီး အိမ်အရောက်ပို့ နိုတြီဝန်ဆောင်မှု

(၆) လအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်အပါအဝင် အောင်လက်မှတ်အမျိုးမျိုး၊ ဘွဲ့လက်မှတ်အမျိုးမျိုး၊ သန်းခေါင်စာရင်း စတာတွေအတွက် နေ့ချင်းပြီး အိမ်အရောက်ပို့ ၀န်ဆောင်မှု ရပါမယ်။ ရန်ကုန်အတွက်ပြောတာပါနော်။ နယ်မှာနေတဲ့သူတွေကတော့ (၂) ရက်၊ (၃) ရက်အတွင်းရပါမယ်။

မက်ဆင်ဂျာကနေ နိုတြီပြုလုပ်လိုတဲ့ စာရွက်စာတမ်းကို ထင်ထင်ရှားရှားမြင်ရအောင် ဓာတ်ပုံရိုက်ပို့ပေးပါ။ စာရွက်စာတမ်းအပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲ ရှိပါတယ်။

Kpay- 09420021835

ငွေချေပြီးရင် screenshot ရိုက်ပြီး ပို့ပေးပါရှင့်။ သင်္ကြန်အတွင်းဝန်ဆောင်မှုတွေနားပါမယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Notary King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category