Daw Ei Ei Mom-Law Firm

Daw Ei Ei Mom-Law Firm lawyer@law firm

08/10/2023

အမွေမှုတွင် အမွေစား အမွေခံအားလုံးအမှုသည်အဖြစ်ထည့်သွင်းရန်လိုအပ်ခြင်း

အမှုတွင်ကွယ်လွန်အမွေရှင်၏ အမွေစားအမွေခံအားလုံးကို အမှုသည်အဖြစ်ထည့်သွင်းစွဲဆိုရန် လိုအပ်ကြောင်းနှင့်ယင်းသို့ထည့်သွင်းရန်ပျက်ကွက်ခြင်းအတွက်ဆောင်ရွက်ရန်နည်းလမ်းများကို ၂၀၀၈ မတစ ၁ ဦးချစ်ထွေးနှင့် ဦးတင်စိုးအောင်အမှုတွင် အောက်ပါအတိုင်းဆုံးဖြတ်ထားသည်။
ဆုံးဖြတ်ချက်။ ။ ကွယ်လွန်သူကျန်ရစ်သည့်အမွေပုံပစ္စည်းကို ရုံးမှစီမံခန့်ခွဲပေးရန် စ၏ွဲဆိုသည့်အမှုတွင် ကွယ်လွန်သူ၏အမွေစားအမွေခံအားလုံးကို အမှုသည်အဖြစ်ထည့်သွင်းစဉ်းစားရန်လိုသည်။အမွေစားအမွေခံအားလုံးအမှုသည် များအဖြစ်ပါဝင်ခြင်းမရှိလျှင် အမွေပုံပစ္စည်းကိုရုံးမှစီမံအုပ်ထိန်းရန်အတွက် ဒီဂရီချမှတ်ပေးနိုင်မည်မဟူတ်ပေ
ဂျီအိတ်ချ် နာခူးဒါးနှင့် ဒေါ်အိုင်ရှာဘီဘီပါ၃ (၁၉၈၃ မတစ ၅၄)တွင်ကြည့်ပါ။
ကွယ်လွန်သူ၏ အမွေစားအမွေခံတို့အားမွေခွဲဝေပေးပြီး မပြီးဆိုသောအချက်မှာလည်း အမှုတွင်တရားပြငိုများအဖြ်စ် ထည့်သွင်းပြီးစစ်ဆေး၍သာ ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။
ဦးကျော်ရှိန် ပါ၂ နှင့်ဒေါ်ပု ပါ ၃ (၁၉၇၄ မတစ ၁ )ကို ရည်းညွန်းသည်။
တရားမကျင့်ထုံးဉပဒေအမိန့် ၁ နည်း ၉တွင်အမှုသည်များကို မှားယွင်းပူးတွဲခြင်းကြောင့် ဖြစ်စေ ပူးတွဲသင့်အမှုသည်များကို မပူးတွဲခြင်းကြောင့်ဖြစ်စေ မည်သည့်တရားမမှုမျှ မရှုံးနိမ့်စေရ .ဟုပြငှာန်းထားသည်။ယင်းပြငှာန်းချက်အရ ကွယ်လွန်သူအမွေရှင်၏ အမွေပစ္စည်းများက်ုရုံးက စီမံခန့်ခွဲပေးရန်စွဲဆိုမှုတွင် လိုအပ်သည်ဟုထင်မြင်ယူဆသော အမှုသည်များကို ထည့်သွင်းခြင်းမပြုရုံမျှဖြင့် ပလပ်ရန်မသင့်ဟု မသိန်းတင် ပါ ၃ နှင့် မချော (၁၉၅၆ မတစ ၆၅၉) အမှုတွင်လမ်းညွှန်ထားသည်။ယင်းကဲ့အမှုမျိုးတွင်တရားရုံးသည် မပါသောအမှုသည်များကိုထည့်သွင်းရန်တရားလိုက အဆိုလွှာပြင်ဆင်ရန်အခွင့်အရေးပေးရမည်။သိူ့ရာတွင် တရားလိုက အမှုသည်ထပ်ထည့်သွင့်ရန် ငြင်းဆန်လျှင်မှု အမှု့ကိုပလပ်နိုင်သည်။

05/10/2023

CRD
အဓိကအကျဆုံးစရံစာချုပ်

စရံစာချုပ်ဆိုတာ ပြောတော့သာစရံစာချုပ် တကယ်တော့အဓိကအကျဆုံးစာချုပ်ပါ။ရောငိးဝယ်ခြင်းပြီးဆုံးဇတ်သိမ်းတဲ့အထိ ပါသွားမည့်စာချျုပ်ပါ၊ဒါကြောင့်လွယ်လွယ်ဝယ်လို့ရတဲ့ စာချုပ်ပုံစံထဲမှာပါသည်ဖြစ်စေ မပါသည််ဖြြစ်စေ ရောင်းသူဝယ်သူတို့ရဲ့ ဖြစ််ချင်တဲ့ဆန္ဒတွေကို နှစ်ဉီုး'နှစ်ဖက်သဘောတူအောင်ညှိပြီးစုံစုံလင်လင်ရေးကြရမှာပါ။

စာချုပ်နည်းနည်းပါးပါးရှည်ချင်လည်းရှည်ပါစေပြည့်စုံဖို့က အဓိကပါ။စရံစာချုပ်မှာလက်မှတ်ထိုးကြတဲ့ အသိသက်သေနှစ်ဉီးကိုလည်း နာမည် မှတ်ပုံတင် နေရပ် ဖုန်းနံပတ်က စလို့ စုံစုံလင်လင်ရယူထားရပါမည်။စာချုပ်ချုပ်တဲ့အခါမှာလည်း မူရင်းနှစ်စောငိရေးကြရပါမည်။ဝယ်သူတစ်စောင် ရောင်းသူတစ်စောင် ယူထားကြရပါမည်။ဖြစ်နိုင်ရင်မိတ္တူကူးပြီးအကျိုးဆောင်ကြီးတွေတစ်စောင်စီ ယူထားကြဖို့လည်းလိုပါသည်။

စရံစာချုပ်ရောင်းတာပဲဖြစ်ဖြစ် ငှားတာပဲဖြစ်ဖြစ် ပြည့်ပြည့်စုံစုံရေးထားရင် ပျက်ဖို့ခဲယဉ်းပါသည်။မတော်တဆကပျက်ကြရင်လည်းဖြေရှငိးရတာလွယ်ပါတယ်။

ရောငိးချမည့်ကတိကိုပိုင်ရှင်ဘက်ကလည်း ပျက်တတ်ပါသည်။စရံယူပြီးမှ ၎င်းအိမ်ခြံမြေကို အဆမတန်ဈေးပေးဝယ်ယူမည့်သူ ပေါ်ပေါက်ခဲ့ရင်ရောင်းချသူက စရံကိုနှစ်စလျော်ရရင်လည်း လျော်ပါမည်ဆိုတဲ့အကြံပေါ်တတ်ပါသည်။စရံယူပြီးနောက်မှဖုံးအုပ်ထ်ားတဲ့ပြဿနာတစ်စုံတစ်ရာပေါ်လာတတ်ပါသည်။တစ်ဦးတစ်ယောက်ကိုပေးကမ်းထားခြင်း ၊ ပေါင်နှံထားခြင်း ၊ လှူဒါန်းထားခြင်းစတဲ့ကြောင်းကြောင်းတွေ ပေါ်လာခဲ့ရင််လည်း ရောင်းချမည့်သူက စရံစာချုပ်ပါအတိုင်း ဆလက်မဆောင်ရွက်နိုင်ရင် စရံငွေ၏နှစ်ဆကို ပေးလျော်ကြရပါမည်။

ဒါပေမဲ့စရံစာချုပ်ချုပ်ဆိုစဉ် နှစ်ဆပေးလျော်ပါမည်လို့ ထည့်သွင်းရေးသာခြင်းမပြုမိတာ ဘာစည်းကမ်းကိုမှမဖော်ပြပဲ အာမခံသဘောငွေပေးသွင်းရာ ရောက်စေတဲ့စရံစာချုပ် ဖြစ်နေတာတွေဟာစရံနှင့်လျော်ကြေးတို့ကို မရစေနိုင်တဲ့အကြောင်းကိစ္စတွေဖြစ်နေပါသည်။

ဝယ်သူဘက်မှလည်း ပျက်ကွက်တတ်ပါသည်။စရံချထားစဉ်ကာလအတွင်း အဲ့သည့်အိမ်ခြံမြေထက် နေအထားသာပြီးဈေးသက်သာတဲ့ အမှန်အကန်ပစ္စည်းတစ်စုံတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရင်လည်း ဝယ်သူကစရံအဆုံးခံတတ်ကြပါသည်။တစ်ခါတစ်ရံမှာစရံချထားပြီးတဲ့ အိမ်ခြံမြေကိုဆက်လက်ဝယ်ယူဖို့ ဆန္ဒမရှိဖြစ်တတ်ပါသည်။တစ်ခါတစ်ရံငွေကြေးအကြပ်အတည်းကြောင့် အခြေအနေအပေးတော့ပဲ ဆက်လက်မဝယ်ယူနိုင်ခြင်းလည်း ဖြစ်တတ်ပါသည်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ စရံစာချုပ်ချုပ်ကတည်းက ဆက်လက်မဝယ်ဖြစ်ရင် စရံဆုံးပါမည်ဆိုတဲ့ သဘောတူညီချက်ကို ထည့်သွင်းဖို့မမေ့ကြပါနဲ့ ။သီးခြားပုံစံတစ်မျိုးအနေနဲ့ စရံစာချုပ်ကိုခြွင်းချက်ရေးသားချပ်ဆိုရငိလည်း စရံစာချုပ်ပျက်ပြယ်ကြမဲ့ အခါမျိုးမှာရောင်းသူ ဝယ်သူနှစ်ဦးတို့ရဲ့ ကတိစကား (စာချုပ်ပါတိုင်း ) တို့ကသာ အတည်ဖြစ်တယ်လို့ ဉပဒေအတိုင်ပင်ခံဦးကြည်စိုးကပြောပါသည်။

CRD

09/09/2023

ပြစ်မှုဆိုင်ရာပြင်ဆင်မှု
ဉက္ကဌအဖြစ် ဦးတင်အောင် အဖွဲ့ဝင်များအဖြစ် ဦးမြကျော် နှင့် ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးတို့အဖွဲ့ရှေ့တွင်
ဦးသက်လယ်

နှင့်
၁။ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
၂။ဦးထိန်ဝင်း

ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၄၂၀ အရ တရားစွဲဆိုခြင်း
ငွေကို လိမ်လည်၍ မရိုးမဖြောင့်သော သဘောဖြင့် ရယူခြင်းဖြစ်ကြောင်းးသက်သေပြရန်တာဝန် _ စာချူပ်စာတမ်းများတွင်စာချုပ်ပါစည်းကမ်းချက် များကိုတစ်ဦးဦးက ဖောက်ဖျက်လျှင် နစ်နာသူအတွက် သက်သာခွင့်ကို တရားမကြောင်းအရသာ စွဲဆိူရန်လိုခြင်း။

ဆုံးဖြတ်ချက်။ ။ ငွေကိုလိမ်လည်၍ မရိုးမဖြောင့်သော သဘောဖြင့် ရယူခြင်းဖြစ်ကြောင်း သက်သေပြရန်တာဝန်မှာ တရားလိုဘက်က ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။စွပ်စွဲသူက စွပ်စွဲရုံမျှဖြင့် စွပ်စွဲခံရသူက စွပ်စွဲချက် မဟုတ်မမှန်ကြောင်းရှင်းလင်းရန် တာဝန်ရှိသည်ဟုသတ်မှတ်လျှင် မမှန်မကန်စွပ်စွဲခြင်းဖြင့် အစွပ်စွဲခံရသူတို့တွင် ပင်ပန်းဆင်းရဲခြင်းဖြစ်ရမည်။စာချုပ်စာတမ်းများတွင်စည်းကမ်းချက်များ သတ်မှတ်ပြီးရုပ်ရှင်ကားငှားရမ်းရာတွင် တစ်ဦးဦးက စည်းကမ်းဖျောက်ဖျက်ခဲ့သဖြင့် တစ်ဦးတွင်နစ်နာလျှင်ထိုနစ်နာမှု့အတွက်ပဋိညာဉ်ပါစည်းကမ်းချက်များအရ သက်သာခွင့်ကိုတရားမကြောင်းစွဲဆိုရန်သာဖြစ်သည်။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဦးဘစိန် ဗဟိုတရားရုံးရှေ့နေ။

ပြင်ဆင်ရန်လျှောက်ထားခံရသူအတွက်။ ။ ဦးဘမော် ဉပဒေဝန်ထမ်း အဆင့် (၁)
၂။ ဦးမောင်မောင်ပြုံး ဗဟိုတရားရုံးရှေ့နေ

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံးပြစ်မှုဆိုင်ရာအမှုကြီး အမှတ် ၁၉၁၉/ ၇၉ တွင်လျှေက်ထားသူ ဦးသက်လယ် အပေါ် ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၄၂၀ အရ စွဲချက်တင်ခဲ့သည်။ယင်းအမိန့်ဦးသက်လယ်က မကျင်နပ်သဖြင့် ရန်ကုန်တိုင်းတရားရုံးသိူ့ ပြင်ဆင်မှုတင်သွင်းခဲ့သော်လည်း မအောင်မြင်သောကြောင့် ဗဟိုတရားရုံးသို့ ဤပြင်ဆင်ကို ဦးသက်လယ်က တင်သွင်းသည်။
မြို့နယ်တရားရုံးအမှုတွဲပါလျှောက်ထားခံရသူ အမှတ်(၂)ဦးသိန်းဝင်း တင်သွင်းလျှောက်ထားခဲ့သော တိုင်လျှောက်လွှာအရ ဦးသိန်းဝင်း သည်မိုးကောင်းရုပ်ရှင်မှရိုက်ကင်းလျက်ရှိသော " ဂဂါငါး ယမုံနာငါးအလှပြိုင်ရာဝယ်" ဇတ်ကားကိုရန်ကုန်မြို့ရှိတာမွေနှင့် မြေနီကုန်းရုပ်ရှင်ရုံ နှစ်ရုံတွင် (၂)ပတ်စီပြသရန်အတွက် ကြိုတင်ငွေကျပ် ၃၀၀၀၀/ ပေး၍မိုးကောင်းရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးသက်လယ်ထံမှငှားရမ်းခဲ့သည်။နှစ်ဦးသဘောတူစာချုပ် တစ်စောင်လည်းချုပ်ဆိုခဲ့ကြသည်။ယင်းစာချုပ်အပိုဒ် ၄ တွင်ရုပ်ရှငိရုံ ၂ ရုံတွင်၂ပတ်စီပြသသည့်အခါ ငွေကျပ် ၃၀၀၀၀/ အပြင်အမြတ်ငွေကျပ် ၈၀၀၀/ ရရှိသည်အထိ ဦးသိန်းဝင်းက ခံစား'ပြီး ယင်းထက်ပိုမိုမြတ်စွန်းလာပါက ယင်းအမြတ်မှဦးသက်လယ်အား ရာခိုင်နှုန်း ၅၀ ခံစားခွင့်ပြုရန်နှင့် အကယ်၍ ၂ပတ်အတွင်းငွေကျပ် ၃၀၀၀၀/ မရရှိပါက ဦးသက်လယ်က ဦးသိန်းဝင်းအား လိုငွေကိုဖြည့်ပေးရန်စည်းကမ်းထားကြသည်။ရုပ်ရှင်ကားရိုက်ကူးပြီးနောက် ၁၄-၁၀ ၃၇ နေ့က စာချုပ်ပါရုပ်ရှင်ရုံများအပြငိ အခြား၂ ရုံတို့တွင်ပြသခဲ့သောလည်းဦးသက်လယ်သည်စာချုပ်ပါအတိုင်း ငွေပေးချေခြင်းမရှိ၍ငွေရရှိရန်အတွက် ဦးသိန်းဝင်းအကြိမ်ကြိမ်သွားခဲ့ရာတွင် ဦးသက်လယ်သည်အတွေ့မခံပဲ တိမ်းယောင်နေသဖြင့်တိုင်တန်းရခြင်းဖြစ်ကြောင်းတွေ့ရသည်။
မြို့နယ်တရားရုံးအမှုတွဲကိုကြည့်ရှု့လေ့လာသည့်အခါ ဦးသိန်းဝင်းနှင့်ဦးသက်လယ်တို့သည် ၅-၃-၇၃ နေ့က သက်သေ ခံ (က)စာချုပ်ချုပ်ဆိုခဲ့သည့်အပြငိ ၅-၁၀-၇၇ နေ့တွင်သက်သေခံ (က) နှင့်စပ်လျဉ်း၍ ညိှနှိုင်းပြငိဆင်ဖြည့်စွပ်သည့်အနေဖြင့် သက်သေခံ(ခ) စာချုပ်တစ်စောင်ကို ထပ်မံချူပ်ဆိုကြကြောင်းလည်း တွေ့ရသည်။ယင်းစာချုပ်တွင်နှစ်ဖက်လိုက်နာရမည့်စည်းကမ်းချက်များကို ပြင်ဆင်ဖြည့်စွက်ထားသည်။တိုင်းတရားရုံးက ဦးသက်လယ်အနေဖြင့် ငွေကျပ် ၃၀၀၀၀/ ကိုရယူခဲ့ရာ၌ လိမ်လည်လှည့်ဖျားခြင်းဖြင့်သွေးဆောင်၍ မရိုးမဖြောင့်သောသဘောနှင့်ရယူခဲ့ခြင်းမဟူတ်ကြောင်း ရှင်းလင်းရန်တာဝန်ရှိသည်ဟု သူံးသပ်ထားသည်။ဤအမှုမျိုး၌ ငွေကိုလိမ်လည်၍ မရိုးမဖြောင့်သောသဘောဖြင့် ရယူခြင်းဖြစ်ကြောင့်သက်သေပြရန်တာဝန်မှာ တရားလိုဘက်ကဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။စွပ်စွဲသူက စွပ်စွဲရုံမျှဖြင့် စွပ်စွဲခံရ သူက စွပ်စွဲချက်မဟုတ်မမှန်ကြောင်း ရှင်းလင်းရန်တာဝန်ရှိသည်ဟု သတ်မှန်လျှင်မမှန်မကန်စွပ်စွဲခြင်းဖြင့် အစွပ်စွဲခံရသူတို့တွင်ပင်ပန်းဆင်းရဲခြင်းဖြစ်ရပေမည်။စာချုပ်စာတမ်းများတွင်စည်းကမ်းချက်များသတ်မှတ်ပြီး ရုပ်ရှင်ကားငှားရမ်းရာ ၌တစ်ဦးဦးက စည်းကမ်းဖောက်ဖျက်ခဲ့သဖြင့် တစ်ဦးတွင်နစ်လျှင်ထိုနစ်နာမှုအတွက် ပဋိညာဉ်ပါစည်းကမ်းချက်မျာအရ သက်သာခွင့်ကိုတရားမကြောင်းစွဲဆိုရန်သာ ဖြစ်သည်။ထို့ကြောင့်မြို့နယ်တရားရုံးက ဦးသက်လယ်အပေါ် ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၄၂၀ အရ စွဲချက်တင်သည်မှာ ယင်းဉပဒေ ပုဒ်မပါ ပြငှာန်းချက်နှင့်ညီညွတ်ခြင်းမရှိဟုဆိုရပေမည်။

သို့ဖြစ်၍ မြို့နယ်တရားရုံးက လျှောက်ထားသူဦးသက်လယ်အပေါ် စွပ်ချက်တငိသည့်အမိန့်နှင့် တိုင်းတရားရုံးက အတည်ပြုသည့် အမိန့်တို့ကိူပယ်ဖျက်၍ ဦးသက်လယ်အားစွဲချက်မတငိဘဲ လွှတ်လိုက်ကြောင်းအမိန့်ချမှတ်သည်။

08/09/2023

ပြစ်မှုဆိုင်ရာပြင်ဆင်မှု

ဉက္ကဌအဖြစ် ဗိုလ်မှုးကြီး လှမောင်၊ အဖွဲ့ဝင်များအဖြစ်ဦးလွင်မောင် ၊ဦးသန့်စင်တို့ ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်

မောင်သန်း
နှင့်
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
(ဦးမောင်တင်)

ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၄၉၇ ၊သက်သေခံဉပဒေ ပုဒ်မ ၆၀ တဆင့်ကြားသက်သေခံချက်သည် သက်သေခံမဝင်ခြင်း

ဆုံးဖြတ်ချက်။ ။ လျောက်ထားသူအပေါ်စွဲချက်တင်ထားခြင်းမှာ မူလအမှုတိုင်တနေ်းသော တရားလို ကိုယ်တိုင်နှင့် သက်သေများ၏ တဆင့်ကြားစကားအရဖြစ်သည်။တဆင့်ကြားသက်သေခံချက်မှာ သက်သေခံဉပဒေပုဒ်မ ၆၀ အရ သက်သေခံမဝင်ချေ။

ပြင်ဆင်ရန်လျှောက်ထားသူအတွက်။ ။ ဗဟိုတရားရုံးရှေ့နေ ဦးဧမောင် (သာယာဝတီ)

ပြင်ဆင်လျှောက်ထားခံရသူအတွက်။ ။ ဦးသိန်းလွန်း ဉပဒေဝန်ထမ်း အဆင့်(၁)

လျှောက်ထားသူမောင်သန်းအပေါ် သူတစ်ပါးသားမယားခိုးယူပေါင်းသင်းမှုနှင့် ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၄၉၇ အရ စွဲချက်တင်ခြင်းကို ပယ်ဖျက်ပေးရန် လျှောက်ထားသောအမှုဖြစ်သည်။
မောင်တင်မောင်ဆိူသည် ဇနီးမအုံးရီနှင့် ကွဲကွာနေသည်မှာ မအုံးရီသည် လျေှာက်ထားသူမောင်သန်းနှင့် အတူတကွပေါင်းသင်းနေထိုင်ကြောင်း သတင်းကြားရသောကြောင့် တရားစွဲဆိုသည်။တရားလိုနှင့်သက်သေများကို စစ်ဆေးပြီး မြို့နယ်တရားရုံးလျှောက်ထားသူအပေါ် ပုဒ်မ ၄၉၇ အရ စွဲချက်တင်သည်။တရားရုံးက ယင်းအမိန့်ကို အတည်ပြုသည်။
မောင်တင်မောင်၏ အမှု တိုင်တန်းချက်နှင့်ပတ်သက်၍ တရားလိုပြသက်သေများဖြစ်ကြသော သက်သေ ဦးကြီးရွှေ၊ မောင်ဟန်မြင့်နှင့် ဒေါ်သန်းတိူ့က ကိုယ်တိုင်မသိပါ အများပြောသံကြားရပါသည်ဟု ထွက်ဆိုသည်။တရားလိုပြသက်သ မစန်းရီက လည်းမည်သို့မှထောင်ခံထွက်ဆိုထားခြင်းမရှိပေ။
လျှောက်ထားသူအပေါ်တွင်စွဲချက်တင်ထားခြင်းမှာ မူလအမှုတိုင်တန်းသော တရားလိုကိုယ်တိုင်နှင့် သက်သေများ၏တဆင့်ကြားစကားအရ ဖြစ်သည်။တဆင့်ကြားသက်သေခံချက်မှာ သက်သခံဉပဒေပုဒ်မ ၆၀ အရ သက်သေခံမဝင်ချေ။ထို့ကြောင့်လျှောက်ထားသူမောင်သန်းအပေါ် သာယာဝတီမြို့နယ် တရားရုံးပြစ်မှုကြီးဆိုင်ရာ အမှုအမှတ် ၁၄၇/ ၇၄ တွင်စွဲချက်တင်ထားခြင်းကို ပယ်ဖျက်၍ မောင်သန်းအား အမှု မှပြန်လွှတ်လိုကိသည်။

04/09/2023

CRD
တားဝရမ်းထုတ်ဆင့်ခံရသဖြင့် နစ်နာမှုအတွက် လျော်ကြေးငွေရလိုမှုအကြောင်း
အမိန့် ၃၉ ၊ နည်း ၁ နှင့်အညီ အမှုသည်တစ်ဦးဦး၏လျောက်ထားချက်အရ တရားရုံးတော်က " ယာယီတားဝရမ်းထုတ်ဆင့်ပေးနိုင်သည်"
တားဝရမိးလျှောက်ထားသူက မမှန်မကန်တင်ပြလျှောက်ထားလျှင် တားဝရမ်းထုတ်ဆင့် (တားမြစ်ပိတ်ပင် ) ခံရသဖြင့် နစ်နာသူက တားဝရမ်းပယ်ဖျက်ပြီး နောက်ပိုင်းတွင် (သတ်မှတ်ထားသောကာလစည်းကမ်းသတ်အတွင်း)ပုဒ်မ ၄၂ အရ (၃)နှစ်အတွင်းး နစ်နာကြေးငွေရလိုမှုစွဲဆိူနိုင်သည်။
တရားမကျင့်ထုံးဉအဒေ ပုဒ်မ ၉၅ တွင် " အကြောင်းမလုံလောက်ပဲ ဖမ်းဆီးခြင်း ဝရမ်းကပ်ခြင်း သို့မဟူတ် တားဝရမ်း လျှောက်ထားရယူခြင်းအတွက် ပေး လျော်ရန်လျော်ကြေး ဟုပြဌာန်းသည်။
တရားမကျင့်ထုံးဉပဒေပုဒ်မ ၉၅ ပုဒ်မခွဲ ၁ တွင် ပါရှိသောငွေကျပ် ၁ သိန်းကို (ငွေကျပ် ၅ သိန်း) ဟု (၂၀၁၄) ခုနှစ်တွင် အစားထိုးထားသည်ကိိုသတိပြုကြရမည်။
အရေးကြီးဆုံးအချက်မှာ တရားမကျင့်ထုံးဉပဒေ ပုဒ်မ ၉၅(၂) ဖြစ်ပသည်။ထိုပုဒ်မ တွင် "ယငိးလျှောက်ထားချက်တစ်ရပ်ရပ်ကို ဆုံးဖြတ်သောအမိန့်တစ်ရပ်ရပ် သည်ထိုသို့ ဖမ်းဆီးခြင်း၊ ဝရမ်းကပ်ခြင်းသို့မဟုတ် တားဝရမ်းထုတ်ပေးခြင်းနှင့်ဆက်လျဉ်း၍ လျော်ကြေးရရန်အတွက်စွဲဆိုသည့်မည်သည့်တရားမမှုကို မဆို ပိတ်ပင်စေရမည်" ဟုပြဌာန်းထား၍ဖြစ်ပါသည်။
စီရင်ထုံးမျျားလေ့လာဖတ်ရှုလိုပါက
၁။ ဒေါက်တာအာအက်(စ်) ဂရိဝယ်နှင့် မက်ဆားသီပေါ ဖာမေစီလီမီတက် ၊ ၁၉၆၃ မတစ ၊ စာ ၈၇၁ (မှတ်ချက် ဦးမြ၏ကာလစည်းကမ်းသတ်ဉပဒေစာအုပ် စာမျက်နှာ ၈၆ တွင် အဆိုပါစီရင်ထုံးစာမျက်နှာက်ု ၇၁ ဟုဖေါ်ပြထားသည်။

၂။ မောင်စိန်ဘရားသား(စ်) နှင့်မက်ဆား(စ်) ဘားမားပလက်စတစ် မိုလ်ဒါး ၁၉၆၆ မတစ စာ ၁၄၆၃

CRD

26/08/2023

ပြန်လှန်စစ်မေးရာတွင် မေးမြန်းနိုင်သောအချက်များ
သက်သေခံအက်ဉပဒေပုဒ်မ ၁၃၈ တွင် အဓိကစစ်မေးခြငိးနှင့်ပြန်လှန်စစ်မေးခြင်းကို အမှု၌ဆက်ဆိုင်သော အကြောင်းခြင်းရာများနှင့်သက်ဆိုင်စေရမည်။သို့သော်လည်းပြန်လှန်စစ်မေးရာတွင် အဓိကစစ်မေးစဉ်က ထိုသက်သေထွက်ဆိုခဲ့သည့် အကြောင်းခြင်းရာများအပေါ်တွင်သာ ပြန်လှန်စစ်မေးရမည်ဟု ကန့်သတ်ထားရန်မလိုချေ ဟုပြဌာန်းထားသည်။
သက်သေခံအက်ဉပဒေပုဒ်မ ၁၄၃ "ပြန်လှန်စစ်မေးရာတွင် နိမိတ်ပြမေးခွန်းများက်ုမေးမြန်းနိုင်ဟု "ပြဌာန်းထားပြီးပုဒ်မ ၁၄၆ တွင် သက်သေတစ်ဦးအားပြန်လှန်စစ်မေးသည့်အခါ ဤအထက်ကပြဌာန်းချက်များ၌ဖေါ်ပြခဲ့သောမေးခွန်းများအးပြင် အောက်ပါမေးခွန်းများကိုလဲမေးမြန်းနိုင်သည်။
(၁) ထိုသူ၏ထွက်ဆိုချက် မှန်ကန်မှုရှိ မရှိစမ်းသပ်ရန်
(၂) ထိုသူသည် မည်သည့်လူစားမျိုးဖြစ်သည် ယင်းအပြင်ထိုသူ၏ဘဝအခြေ အနေမည်သ်ု့ရှိသည်ကိုထုတ်ဖေါ်ရန်

(၃) ထိုသူအားယုံကြည်ထိုက်မှုကို ယိမ်းယိုင်သွားစေရန်ထိုသူ၏အကျင့်စာရိတ္တကို ထိခိုက်သည့်အချက်များပေါ်လွင်စေမည့် မေးခွန်းများကိုဖြေဆိုရာ၌ ထိုသူအားတိုက်ရိုကြဖြစ်စေ သွယ်ဝှိုက်၍ဖြစ်စေ ပြစ်မှုရောက်စေနိုင်သည့် အဖြေသော်လည်းကောင်း ပြစ်ဒဏ်ခံရခြင်းဖြစ်စေ ပြည်သူ့ဘဏ္ဏာအဖြစ်ပစ္စည်းသိမ်းယူသည့် ဒဏ်ဖြစ်စေချမှတ်ခံရမည့် အဖြေသော်လည်းကောင်း ဖြေနိုင်သော်လည်း ထိုသို့မေးမြန်းနိုင်သည်။
ပုဒ်မ ၁၄၅ နှင့် ၁၅၅ (၃) အရယခင်က ကွဲလွဲသည့်ထွက်ချက်ကို ထွက်ဆိုခဲ့ခြသ်းရှိ မရှိ
ပုဒ်မ ၁၅၅ အရ သက်သေလိုက်ရန်လဒ်ငွေရယူခြင်း ရှိ မရှိ ပုဒ်မ ၁၅၃ အရယခင်ကပြစ်ဒဏ်ခံဘူးရှိ မရှိစသည့်အချက်များကိုမေးမြန်းနိုင်သည်။
ဦးအောင်ကြီးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၂ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၃၇(၃၈) အမှုတွင်" ပြန်လှန်မေးခွန်းထုတ်ရာ၌ သက်သေခံဥပဒေပုဒ်မ ၁၃၈ အရမူလစစ်ဆေးချက်တွင်ပေါ်ပေါက်သည့် အကြောင်းခြင်းရာများသာမက အခြားအကြောင်းခြင်းရာအပေါ်၌လည်း မေးမန်းခွင့်ရှိသည်။ပုဒ်မ ၁၄၃ အရ နိမိတ်ပြမေးခွန်းလည်းမေးမြန်းခွင့်ရှိသည်" ဟုပြဌာန်းထားသည်။
၁။ ကာဆင်ဂျမား ၂ ။ ဒါဝတ်ဂျမာ နှင့်ပြည်ထောင်စုဆိုရှယ်လစ်မြန်မာနိုင်ငံတော် (၁၉၇၉ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၁ ) အမှုတွင်သက်သေခံဉပဒေပုဒ်မ ၁၃၈ ပါပြဌာန်းချက်အရ တဖက်အမှုသည်က သက်သေတစ်ဦးအာ ပြန်လှန်စစ်မေးရာတွင် အမှုနှင့်ဆက်ဆိုင်သည့်အကြောင်းခြင်းရာများကို သာ စစ်မေးရန်ကန့်သတ်ထားကြောင်း ပေါ်ပေါက်သည်" ဟုညွှန်ပြထားသည်။

CRD

12/02/2023
06/01/2023

တိုက်ခန်းစရန်ပေးစာချုပ်တစ်စောင်တွင်ပါရှိရမည့်အချက်များ
++++++++++++++++++++++++++++++++++++++
တိုက်ခန်း (ကန်ထရိုက်တိုက်ခန်း) စရန်ပေးစာချုပ်တစ်စောင်တွင် ပါရှိရမည့်အချက်များမှာ အောက်ပါတို့ဖြစ်ပါသည်။
၁။ ခေါင်းစဉ်ပါရှိရပါမည်။
၂။ နေ့စွဲ (သို့) ရက်စွဲပါရှိရပါမည်။
၃။ ရောင်းသူ ၊ ဝယ်သူတို့၏အမည် ၊ မှတ်ပုံတင်နံပါတ် ၊
နေရပ်လိပ်စာတို့ပါရှိရပါမည်။
၄။ အရောင်းအဝယ်ပြုသည့်တိုက်ခန်း
(ဥပမာ-အရောင်းအဝယ်ပြုသည့်ပစ္စည်းစာရင်း)
တိကျစွာ ပါရှိရပါမည်။
၅။ အရောင်းအဝယ်ပြုသည့်တိုက်ခန်းနှင့် ပတ်သက်၍
အရှုပ်အရှင်းကင်းရှင်းကြောင်းဖြင့် ဝန်ခံ၍ ကာလ
တန်ဖိုးမည်မျှဖြင့် ရောင်းချလိုကြောင်း ရောင်းသူ၏
ကမ်းလှမ်းချက် ၊ ဝယ်သူဖက်မှ ဝယ်ယူမည်ဖြစ်
ကြောင်း သဘောတူညီချက် ပါရှိရပါမည်။
၆။ ဝယ်သူမှ စရန်ငွေမည်ရွှေ့မည်မျှကို ပေးကြောင်းနှင့်
ရောင်းသူမှ လက်ခံရရှိကြောင်း ပါရှိရပါမည်။
ထို့နောက် ရောင်းသူမှ အရောင်းအဝယ်ပြုသည့်
တိုက်ခန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်း မိတ္တူ
များကို ဝယ်သူထံပေးအပ်ကြောင်းနှင့် လက်ခံရရှိ
ကြောင်း ဝယ်သူ၏ဝန်ခံချက်ပါရှိရပါမည်။
၇။ ပေးရန်ကျန်ရှိသည့်တိုက်ခန်းဖိုးငွေများကို မည်သည့်
နေ့ရက်နောက်ဆုံးထား၍ ပေးချေမည်ဖြစ် ကြောင်းနှင့်
ပေးချေရန်ပျက်ကွက်ပါက ပေးချေထားသည့်စရန်ငွေ
ကို ဆုံးရှုံးခံမည်ဖြစ်ကြောင်း ဝယ်သူ၏ဝန်ခံချက်ပါရှိရ
ပါမည်။ ပေးရန်ကျန်ရှိသည့်တိုက်ခန်းဖိုးငွေနှင့်
ပတ်သက်၍ ဘဏ်အကောင့်ဖြင့်ပေးချေမည်ဖြစ်က
ထိုသို့ ပေးချေမည်ဖြစ်ကြောင်း ပါရှိရပါမည်။
၈။ ဝယ်သူမှ ပေးရန်ကျန်ရှိသည့်တိုက်ခန်းဖိုးငွေများကို
ပေးချေရန်သတ်မှတ်ထားသည့်ရက်တွင် မလွန်ဆန်
နိုင်သောဖြစ်ရပ်များ (ဥပမာ-ရေဘေး ၊ မီးဘေး၊ ရောဂါ
ကပ်ဘေး စသည်ဖြင့်) ဖြစ်ပေါ် ခဲ့ပါက ငွေပေးချေရန်
နေ့ရက်ကို နှစ်ဖက်ညှိနှိုင်း၍ သတ်မှတ်မည်
ဖြစ်ကြောင်း ရောင်းသူ ဝယ်သူနှစ်ဦးနှစ်ဖက်၏
သဘောတူညီချက်ပါရှိရပါမည်။
၉။ ဝယ်သူမှ ကျန်ရှိသည့်တိုက်ခန်းဖိုးငွေများကို အပြီး
သတ်ပေးချေသည့်နေ့တွင် အရောင်းအဝယ် ပြုသည့်
တိုက်ခန်းနှင့်ပတ်သက်၍ ရေခွန် ၊ မီးခွန် စသည်ဖြင့်
နိုင်ငံတော်သို့ ပေးဆောင်ရသော အခွန်အခအရပ်ရပ်
တို့ကို ကြွေးကျန်မရှိ ပြေကြေအောင် ထမ်းဆောင်
ထားမည်ဖြစ်ကြောင်းနှင့် ပေးဆောင်ရန် ကျန်ရှိပါက
တာဝန်ယူပေးဆောင်ပါမည်ဖြစ်ကြောင်းရောင်းသူ၏
ဝန်ခံချက် ပါရှိ ရပါမည်။
၁၀။ ဝယ်သူမှ ကျန်ရှိသည့်တိုက်ခန်းဖိုးငွေများကို
အပြီးသတ်ပေးချေသည့်နေ့တွင် အရောင်းအဝယ်
ပြုသည့်တိုက်ခန်းနှင့်သက်ဆိုင်သော စာမှတ်စာတမ်း
မူရင်း ၊ မိတ္တူများနှင့်တကွ တိုက်ခန်းအား အလွတ်
လက်ရောက်ပေးအပ်မည်ဖြစ်ကြောင်းနှင့် ပေးအပ်နိုင်
ခြင်းမရှိပါက စရန်ငွေ၏နှစ်ဆ ကို ဝယ်သူထံ
ပေးလျော်မည်ဖြစ်ပါကြောင်း ရောင်းသူ၏ဝန်ခံချက်
ပါရှိရပါမည်။
၁၁။ ထို့ပြင် အပြီးသတ်အရောင်းအဝယ်စာချုပ်ချုပ်
သည့်အခါတွင် အပြီးသတ်စာချုပ်၌ မြေရှင် အသိ
အမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို ရောင်းသူ၏
စရိတ်ဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရောင်း
သူ၏ ကတိပြုချက် ပါရှိရပါမည်။
၁၂။ နောင်တွင် တိုက်ခန်းနှင့်ပတ်သက်၍ ပိုင်ဆိုင်မှု
ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာက ရောင်းသူ ဖက်မှ
ဖြေရှင်းပေးရန်နှင့် ဖြေရှင်းပေးသော်လည်း ပြေလည်
မှုမရခဲ့ဘဲ ဝယ်သူမှ တိုက်ခန်းတစ်ခု လုံး (သို့မဟုတ်)
တစ်စိတ်တစ်ဒေသကို လက်လွတ်ဆုံးရှုံးခဲ့ရပါက
တိုက်ခန်း၏ ကာလတန်ဖိုး အပြင် ဝယ်သူ၏နစ်နာမှု
အဝဝကို ပေးလျော်မည်ဖြစ်ကြောင်း ရောင်းသူ၏
ဝန်ခံချက်ပါရှိရပါ မည်။
၁၃။ ရောင်းသူ ဝယ်သူနှစ်ဦးနှစ်ဖက်မှ စာချုပ်အား
ကိုယ်တိုင်ဖတ်ရှု့၍လွတ်လပ်သောသဘောဆန္ဒဖြင့်
လက်မှတ်ရေးထိုးခြင်းဖြစ်သည်ဆိုသည့်ချက် ပါရှိရ
ပါမည်။
၁၄။ အသိသက်သေပါရှိရပါမည်။
၁၅။ စာချုပ်၏ စာမျက်နှာတိုင်းတွင် ရောင်းသူ ၊ ဝယ်သူ
တို့၏ လက်မှတ် ၊ လက်ဗွေ ရေးထိုးရပါမည်။
၁၆။ စာချုပ်တွင် တံဆိပ်ခေါင်း ၃၀၀ ပြည့်ရပါမည်။

Crd

ဒီနေ့ချုပ်တဲ့စာချုပ်လေးဒီထက်မက အဆပေါင်းများစွာ၀ယ်နိုင်ပါစေ18.10.2022
18/10/2022

ဒီနေ့ချုပ်တဲ့စာချုပ်လေး
ဒီထက်မက အဆပေါင်းများစွာ၀ယ်နိုင်ပါစေ
18.10.2022

15/10/2022

GP နှင့် SP ခြားနားခြင်း သိကောင်းစရာ
======================

GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

S.P ( Special Power )

အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ် လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။

- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။

- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့ မရပါ။

- လယ်မြေ နှင့် ဥယျဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။

- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာ ဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။
crd

09/10/2022

တတ်နိုင်သလောက်လေး

Address

သုနႏၵာ ၉လမ္း
Yangon

Telephone

+959440546453

Website

Alerts

Be the first to know and let us send you an email when Daw Ei Ei Mom-Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share