Foreigner Visa Extension Services

Foreigner Visa Extension Services Visa Extension, FRC, Form C Services in Yangon, Myanmar.

Passport PV ရှိရုံနဲ့ ဗီဇာလျှောက်စရာမလိုဘဲအလည်အပတ် သွားရောက်လို့ရတယ်နော ။
31/05/2023

Passport PV ရှိရုံနဲ့ ဗီဇာလျှောက်စရာမလိုဘဲ
အလည်အပတ် သွားရောက်လို့ရတယ်နော ။

နိုင်ငံခြားသားများကို လက်ခံထားတဲ့အိမ်ရှင်များအနေနဲ့ သိထားသင့်ပါတယ် ။
26/05/2023

နိုင်ငံခြားသားများကို လက်ခံထားတဲ့အိမ်ရှင်များ
အနေနဲ့ သိထားသင့်ပါတယ် ။

ယနေ့ စတင်ဖွင်လှစ်ပြီဖြစ်သော Passport ရုံးတွင်ဖြည့်ရမည့်ဖောင်ပုံစံ။Online booking တင်ရန် နည်းစနစ်သစ်။
25/02/2023

ယနေ့ စတင်ဖွင်လှစ်ပြီဖြစ်သော Passport ရုံးတွင်
ဖြည့်ရမည့်ဖောင်ပုံစံ။
Online booking တင်ရန် နည်းစနစ်သစ်။

မြန်မာနိုင်ငံကူးလက်မှတ် Passport Online Appointment စနစ်ဖြင့် ရက်ချိန်းရယူခြင်းဆိုင်ရာ ကြေငြာချက်~~~~~~~~~~~~~~~~~~~~~~~...
22/02/2023

မြန်မာနိုင်ငံကူးလက်မှတ် Passport
Online Appointment စနစ်ဖြင့် ရက်ချိန်းရယူခြင်းဆိုင်ရာ ကြေငြာချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁။ မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်များလျှောက်ထားမှု အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ဦးဆောင်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်လိုသူများ များပြားလာပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားသူ များပြားလာသဖြင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် လူထူထပ်စွာ တိုးကြိတ်လျှောက်ထားမှုကြောင့် လျှောက်ထားသူများ အချိန်ကြာမြင့်စွာတန်းစီရခြင်း၊ ကိုဗစ်ရောဂါကူးစက်နိုင်ခြင်း စသည့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၃။ သို့ဖြစ်၍ ၂၁-၃-၂၀၂၂ ရက်နေ့မှစ၍ www.passport.gov.mm website တွင် Online Booking စနစ်ဖြင့် ရုံးဖွင့်ရက် ၀၉:၀၀ ချိန်တွင် QR Code ဖြင့် ရက်ချိန်းရယူစေပြီး သတ်မှတ်ထားသည့် နေ့ရက်/အချိန်တို့တွင် လာရောက်လျှောက်ထားရန် စီစဉ်ဆောင်ရွက်ခဲ့ရာ လုံခြုံရေး၊ ကျန်းမာရေးအတွက် စနစ်တကျရှိခဲ့ပါသည်။

၄။ သို့သော် QR Code ဖြင့်ရက်ချိန်းရယူရာတွင် အချို့ပြည်သူများသည် Online Booking မတင်တတ်ခြင်း၊ ၀၉:၀၀ အချိန် စနစ်စတင်ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အဆပေါင်းများစွာသော ရက်ချိန်းရယူသူများမှ တစ်နေ့စာခွင့်ပြုနိုင်သည့် သတ်မှတ်လူဦးရေအရေအတွက်ထက် များစွာကျော်လွန် ကြိုးစားရယူကြရာတွင် လိုင်းကျပ်ခြင်း၊ မကျွမ်းကျင်ခြင်း၊ သည်းခံနိုင်စွမ်းမရှိခြင်းတို့ကြောင့် ပွဲစားများကိုအပ်နှံခြင်း၊ Online ပေါ်ရှိ ပွဲစားကြေညာ များကို အားကိုးခြင်းတို့ကြောင့် လိမ်လည်သူများ၊ QR Code အတုပြုလုပ်သူများ၊ အခမဲ့ QR ရယူနိုင်သည့်အတွက် ကိုယ်ရေးအချက်အလက် အမှားများဖြင့် လူဦးရေများစွာ QR Code လျှောက်ထားပြီး ရုံးသို့လာရောက်ခြင်းမရှိသူများနှင့် ကြုံတွေ့ပြီး ပြည်သူများအနေဖြင့် မလိုလားအပ်သော ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပါသည်။

၅။ ယင်းပြဿနာများပြေလည်စေရန်အတွက် Online Booking စနစ်သစ်တွင် ပြည်သူတစ်ရပ်လုံး နေ့စဉ်/အချိန်မရွေး ကိုယ်တိုင်လျှောက်ထားနိုင်သည့်စနစ်၊ Online မှ ငွေပေးချေနိုင်သည့် စနစ်ကို ပြင်ဆင်ဆောင်ရွက်သွားရခြင်း ဖြစ်ပါသည်။

၆။ ယခုစနစ်သစ်အား ရှင်းလင်းလွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ရာတွင် ချက်ခြင်းဖြည့်သွင်းရန် အခက်အခဲရှိပါက ကိုယ်ရေးအချက်အလက်(၁)ကိုသာလျင် ချက်ခြင်းဖြည့်သွင်းရန်လိုအပ်ပြီး ကျန်အချက်များအား ကိုယ်ရေးအချက်အလက်ပုံစံကို Download ဆွဲယူ၍ လက်ရေး(သို့မဟုတ်)ကွန်ပျူတာစီပြီး ရက်ချိန်းပေးသည့်ရက်တွင် ကိုယ်တိုင်ယူဆောင်လာနိုင်ပါသည်။ (Download ဆွဲယူနိုင်ရန်အတွက် သီးခြားဖော်ပြထား ပါသည်။)

၇။ စနစ်ဟောင်းတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ ဘဏ်ငွေသွင်းချိန်များကို လျှော့ချနိုင်ရန်အတွက် ယခုစနစ်သစ်တွင် Online မှ တစ်ပါတည်းငွေသွင်းနိုင်ရန် စီစဉ်ထားရှိပါသည်။ ကျသင့်ငွေပေးသွင်းပြီးမှသာလျှင် ရက်ချိန်းရရှိနိုင်မည်ဖြစ်သည့်အတွက် ပွဲစားများ၊ မသက်ဆိုင်သူများမှ အရေအတွက်များပြားစွာ လျှောက်ထားမှုများကို လျော့နည်းပပျောက်စေမည် ဖြစ်ပါသည်။

၈။ ယခုစနစ်သစ်တွင် ကိုယ်တိုင်လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားခြင်းဖြစ်၍ ပွဲစားများ၊ အကျိုးဆောင်ကုမ္ပဏီများ၊ အကျိုးဆောင်များ၊ အကျင့်ပျက်ဝန်ထမ်းများအား ငွေပေး၍ဆောင်ရွက်ခြင်းကို စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည် ဖြစ်သည့်အပြင် Black list စာရင်းတွင် ထည့်သွင်းခံရမည်ဖြစ်၍ နောင်တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်မည် မဟုတ်တော့ပါ။

၉။ ငွေပေးသွင်းမှုစနစ်အနေဖြင့် ယခုအချိန်တွင် KBZPay နှင့် MPU ဘဏ်ကတ်များဖြင့်သာ ပေးသွင်းရန် စီစဉ်ထားသော်လည်း မကြာမီအချိန်တွင်းမှာပင် အခြား Payment စနစ်များဖြင့် ပေးသွင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၀။ ယခု Online Booking စနစ်တွင် ငွေပေးသွင်းပြီးပါက မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မည်သည့်ငွေကြေးမှ ပေးဆောင်ရန် မလိုအပ်တော့ဘဲ သက်ဆိုင်ရာဝန်ထမ်းများမှ ငွေကြေးတောင်းခံလာပါက ရုံးတွင်ဖော်ပြထားသည့် တိုင်ကြားရန်ဖုန်းနံပါတ်များဖြင့် အမြန်ဆုံး တိုင်ကြားနိုင်မည်ဖြစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၁။ ပြည်ပသို့အချိန်မီသွားရောက်ရမည့်သူများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များဖြင့် နိုင်ငံကူးလက်မှတ် အမြန်ရရှိရေး Green Channel ဖြင့် လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပါသည်။

Green Channel ဖြင့် လျှောက်ထားခြင်းအတွက် လမ်းညွှန်ချက်

၁။ Green Channel သည် အရေးကြီး/ အရေးပေါ်ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။

၂။ Green Channel ဖြင့် လျှောက်ထားရာတွင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့် သူများအနေဖြင့် အချက်အလက် ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုး ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးသို့ စာဖြင့် ကြိုတင်လျှောက်ထားပြီးပါက Online Appointment ပြုလုပ်ခြင်းဖြင့် ရက်ချိန်းရယူရန် မလိုအပ်ဘဲ Green Channel အဖြစ် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၃။ ဥက္ကဋ္ဌရုံးသို့ ထောက်ခံတင်ပြပေးရမည့် ဝန်ကြီးဌာနများအနေဖြင့် မိမိသွားရောက်မည့် အကြောင်းအရာနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများဖြစ်ပြီး ဥပမာ- MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/ သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေးကိစ္စများအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရကိစ္စ/ ပညာသင်ကိစ္စများအတွက် လုပ်ငန်း ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့်အထက်အဆင့်များ ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။

၄။ ဥက္ကဋ္ဌရုံးမှ ယင်းထောက်ခံချက်နှင့်အတူ စိစစ်ခွင့်ပြုချက်များကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)သို့ ကြိုတင်စာရင်းပေးသွင်းထားမည် ဖြစ်ပါသည်။ Online Appointment စနစ်မှ ရုံးသို့လာရောက်ရမည့်ရက်ချိန်းကို ထုတ်ပေးမည်မဟုတ်ဘဲ ဥက္ကဋ္ဌရုံးမှ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံး(ရန်ကုန်)သို့ အမြန်ဆုံးစိစစ်ပေးပို့သွားမည်ဖြစ်၍ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် ဆက်သွယ်ဆောင်ရွက် သွားရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ဥက္ကဋ္ဌရုံး၊ ဖုံးနံပါတ် ၀၉-၂၆၁၀၀၂၃၉၃၊ ၀၉-၄၂၀၇၂၅၂၀၂၊ ၀၆၇-၃၄၁၂၈၃၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Online Booking ပြုလုပ်ခြင်းလမ်းညွှန်

၁။ ပုံမှန်ရက်ချိန်းရယူသူများမှ Online Appointment ပြုလုပ်ခြင်းခလုတ် (သို့မဟုတ်) အရေးကြီး/ အရေးပေါ်ကိစ္စရပ်များအတွက် ဝန်ကြီးဌာနထောက်ခံစာဖြင့် လျှောက်ထားသူများမှ Green Channel ဖြင့် လျှောက်ထားခြင်း (ဝန်ကြီးဌာနများမှတဆင့် လျှောက်ထားသူများသာ) ခလုတ်ကို နှိပ်၍ စနစ်အတွင်း ဝင်ရောက်ပါ။

၂။ မိမိနှင့်အတူ နိုင်ငံကူးလက်မှတ် ပူးတွဲလျှောက်ထားလိုသည့် လူဦးရေကို ရွေးချယ်ပါ။ လျှောက်ထားသူအားလုံးအတွက် ငွေလက်ခံနှင့် ရက်ချိန်းအတည်ပြုချက် လက်ခံရယူမည့် Email အား ဖြည့်သွင်း၍ Continue ခလုတ်ကို နှိပ်ပါ။

၃။ ကိုယ်ရေးအချက်အလက်(၁)ရှိ အချက်အလက်များအားလုံးကို ဖြည့်သွင်းပါ။ ကိုယ်ရေး အချက်အလက်(၂)နှင့် မိသားစုဝင်နှင့် ညီအစ်ကိုမောင်နှများ၏ အချက်အလက်များကိုလည်း Online မှ တစ်ပါတည်းဖြည့်သွင်း လျှောက်ထားနိုင်သကဲ့သို့ အခက်အခဲရှိပါက ယင်း အချက်အလက်များကို နိုင်ငံကူးလက်မှတ်လျှောက်လွှာဖောင်တွင် လက်ရေးဖြင့် ရေးဖြည့်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ တင်ပြလျှောက်ထားနိုင်ပါသည်။

၄။ တစ်ဦးထက်ပိုသော လျှောက်ထားသူများမှ လျှောက်ထားသူတစ်ဦးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးလျှင် အချက်အလက်ဖြည့်စွက်ပြီးသည့် လျှောက်ထားသူအား စာရင်းသွင်းရန် Add to List ခလုတ်ကို နှိပ်ပါ။ ထို့နောက် အခြားလျှောက်ထားသူ၏ အချက်အလက်များကို ဆက်လက်ဖြည့်သွင်းပါ။

၅။ လျှောက်ထားသူအားလုံးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးမှသာ မျက်နှာပြင် ညာဘက်အပေါ်ထောင့်ရှိ Review and Submit ခလုတ်ကိုနှိပ်ပါ။ တစ်ဦးချင်းစီစစ်ဆေးပြီး မှန်ကန်လျှင် 'အချက်အလက်များစစ်ဆေးပြီး အားလုံးမှန်ကန်ပါသည်' စာသားရှေ့တွင် အမှန် ခြစ်ပါ။ ကွဲလွဲချက်ရှိနေပါက Edit ခလုတ်ကို နှိပ်၍ ကွဲလွဲသည့်အချက်အလက်ကို ပြင်ဆင်ပါ။ အားလုံးမှန်ကန်ပါက Submit Form ကို နှိပ်ပါ။

၆။ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီးပါက ငွေပေးသွင်းရပါမည်။ ငွေပေးသွင်းခြင်းကို KBZ-Pay ဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးချေနိုင်ပါသည်။ သို့ရာတွင် MPU ဘဏ်ကတ်သည် E-commerce အသုံးပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီးသည့် ဘဏ်ကတ်ဖြစ်ရပါမည်။ ပေးချေရာတွင် လျှောက်ထားသူတစ်ဦးချင်းစီ၏ Invoice No. ကို ရွေးချယ်၍ ငွေပေးချေမည့်စနစ်ကို ရွေးချယ်ပေးချေနိုင်ပါသည်။ လျှောက်ထားသူအမျိုးအစားအလိုက် အသစ်လျှောက်နှင့် သက်တမ်းတိုးအတွက် ၃၅၀၀၀ ကျပ်၊ ပျောက်ဆုံး/ပျက်စီးအတွက် ၇၅၀၀၀ ကျပ်တို့ ပေးသွင်း ရပါမည်။ သက်တမ်းတိုး လျှောက်ထားသူများအနေဖြင့် မိမိလက်ဝယ်ရှိ နိုင်ငံကူးလက်မှတ် စာအုပ်သည် ရေစိုပျက်စီးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေပါက ဌာနမှ ပျက်စီးစာအုပ်အဖြစ် သတ်မှတ်မည်ဖြစ်သည့်အတွက် ၇၅၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းထားရန်လိုအပ်ပြီး ၃၅၀၀၀ ကျပ် နှုန်းဖြင့်သာ ပေးသွင်းထားပါက ရုံးတွင်းရောက်ချိန် ကျန်ဒဏ်ကြေးငွေ ၄၀၀၀၀ ကျပ်ကို ထပ်မံပေးသွင်းရန် အခက်အခဲ ကြုံတွေ့နိုင်ပါသည်။

၇။ ငွေပေးချေပြီးသည်နှင့် ပုံမှန်ရက်ချိန်းရယူသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား စနစ်မှအလိုအလျောက် သတ်မှတ်ပေးပါမည်။ Green Channel ဖြင့် လျှောက်ထားသူများအတွက်ကိုမူ စနစ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား ထုတ်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ရုံးသို့လာရောက်ရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်သည်။

www.passport.gov.mm
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး

မြန်မာ နိုင်ငံကူးလက်မှတ်လျှောက်ထားရန် Online Booking ပြုလုပ်ခြင်း လမ်းညွှန်ပတ်စပို့စ်ရုံးသို့ သွားရောက်၍ လျှောက်ထားလိုလျ...
10/12/2022

မြန်မာ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်
Online Booking ပြုလုပ်ခြင်း လမ်းညွှန်

ပတ်စပို့စ်ရုံးသို့ သွားရောက်၍ လျှောက်ထားလိုလျှင် _
၁) Online Booking စာရွက်
၂) မှတ်ပုံတင် မှုရင်း/မိတ္တူ
၃) အိမ်ထောင်စုဇယား မှုရင်း/မိတ္တူ
၄) ဘဏ်ငွေသွင်းရန် ပိုက်ဆံ ယူလာပါရန်။

မှတ်ချက် ။ ။ ပတ်စပို့စာအုပ် အဟောင်းရှိသူများက
စာအုပ်အဟောင်းပါ ယူလာခဲ့ပါရန်။

🎉 ပြည်ပနိုင်ငံများကို အလုပ်ဖြင့်ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ သွားရောက်ကြမယ့်သူများအားလုံး အဆင်ပြေကြပါစေ 🎉 😊

နိုင်ငံကူးလက်မှတ် Passport စာအုပ် လျှောက်ထားရန် Online Booking ပြုလုပ်ခြင်း လမ်းညွှန်
08/12/2022

နိုင်ငံကူးလက်မှတ် Passport စာအုပ် လျှောက်ထားရန်
Online Booking ပြုလုပ်ခြင်း လမ်းညွှန်

ရင်းနှီးမြှုပ်နှံမှုနှင့်ညွှန်ကြားမှုဦးစီးဌာနနိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုးထောက်ခံချက်ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကြေ...
16/09/2022

ရင်းနှီးမြှုပ်နှံမှုနှင့်ညွှန်ကြားမှုဦးစီးဌာန
နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုးထောက်ခံချက်
ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကြေညာချက်

Directorate of Investment and Company Administration Announcement for Recommendation of Foreigners Visa Extension

E- visa လျှောက်ထားခြင်းမပြုမီ အောက်ပါအချက်များ လိုအပ်မည်ဖြစ်ပါသည်။1. သင်၏ နိုင်ငံကူးလက်မှတ် သက်တမ်းသည် အနည်းဆုံး (၆) လ ရ...
24/08/2022

E- visa လျှောက်ထားခြင်းမပြုမီ အောက်ပါအချက်များ လိုအပ်မည်ဖြစ်ပါသည်။

1. သင်၏ နိုင်ငံကူးလက်မှတ် သက်တမ်းသည် အနည်းဆုံး (၆) လ ရှိရမည်။

2. ပြီးခဲ့သော (3)လအတွင်း ရိုက်ယူထားသော ရောင်စုံဓာတ်ပုံ (4.6 cm X 3.8 cm) တစ်ခု အပ်လုဒ်လုပ်ရပါမည်။

3. မှတ်ပုံတင်ထားသော ကုမ္ပဏီမှ သင့်ထံသို့ ဖိတ်ကြားလွှာ။

4. ဖိတ်ခေါ်ထားသော ကုမ္ပဏီမှတ်ပုံတင်ခြင်း။
o Incorporation လက်မှတ် (ပြည်တွင်းကုမ္ပဏီအတွက်) သို့မဟုတ် ဘဏ်ခွဲရုံး (နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီအတွက်) မှတ်ပုံတင်လက်မှတ်၊

5. အောက်ဖော်ပြပါ မြန်မာနိုင်ငံ မှတ်ပုံတင်ထားသော နိုင်ငံခြား ကုန်သည်ကြီးများ အသင်း၏ ထောက်ခံချက် သို့မဟုတ် ဖိတ်ကြားလွှာသည် အကျုံးဝင်ပါသည်။
o Thai Business Association of Myanmar
o French - Myanmar Chamber of Commerce & Industry (FMCCI)၊
o မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း (Euro Cham Myanmar)
o Malaysian Business Chamber
o မြန်မာနိုင်ငံရှိ ဗြိတိသျှကုန်သည်ကြီးများအသင်း

6. အွန်လိုင်း Visa ပေးချေမှုအတွက် Visa၊ Master၊ American Express၊ JCB အကြွေးဝယ်ကတ်များ သို့မဟုတ် Alipay။

Credit to original uploader

12/08/2022

ထိုင်း Visa

သံရုံးဝင်ရန်အတွက် လိုအပ်ချက်များ

1. သန်းခေါင်စာရင်း - မူရင်း / မိတ္တူ ( ၁စောင်စီ )

2. ဘဏ်စာအုပ် - မူရင်း / မိတ္တူ (၁စောင်စီ ) ( ဘဏ်ထဲ ၁၅သိန်း show money အရင်ထည့်ပါ)

3. ၃ လစာ bank statements - မူရင်း / မိတ္တူ ( ၁စောင်စီ )

4. ဆေးထိုးထားသောစာရွက်နိုတြီ - မူရင်း / မိတ္တူ ( ၁စောင်စီ )

5. တည်းခိုမယ့် ဟိုတယ်Booking ကို လေယာဉ်လက်မှတ်အသွားအပြန်အတိုင်း ရက်အပြည့် ဖြတ်ထားသော စာရွက် - မူရင်း / မိတ္တူ ( ၁စောင်စီ )

6. လေယာဉ်လက်မှတ်အသွားအပြန် - မူရင်း/မိတ္တူ ( ၁စောင်စီ )

7. Passport - မူရင်း/မိတ္တူ ( ၁စောင်စီ )

8. Passport ပုံ နှစ်ပုံ ( 3.5 cm * 4.5 cm )

9. ပြည့်စုံစွာ ဖြည့်ထားသော Visa form

10. Visa fee -
60days visa - $40, 90days visa - $80

▪️Visa form ကို website မှ ထုတ်ပြီး ဖြည့်လို့ရပါတယ်

https://image.mfa.go.th/mfa/0/BwVYVon5N0/migrate_directory/services-20130314-120400-183760.pdf

*အကယ်၍ ကိုယ်က ၃ရက်သာ ဟိုတယ် ဘိုကင်လုပ်ထားပြီး လေယာဉ်လက်မှတ်ဖြတ်ထားသော ကျန်ရက်များကို သူငယ်ချင်း သို့မဟုတ် မိသားစုအိမ်မှာ နေမည်ဆိုပါက ထိုင်းမှ ရှိသောသူရဲ့ အိမ်စာချုပ်၊ ခေါ်စာ ယူကိုယူပြီး တင်ပြရပါမယ်

Credit to original uploader

30/07/2022

Address

Yangon
11201

Telephone

+959429973450

Website

Alerts

Be the first to know and let us send you an email when Foreigner Visa Extension Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share