KST Legal

KST Legal KST Legal is the local law firm which provide the premium full legal services.

မြေဝယ်ဖို့ စီစဉ်နေတဲ့သူတွေအတွက် ငွေကြေးဆုံးရှုံးမှုနဲ့ အလိမ်ခံရတာမျိုးတွေ မဖြစ်အောင် အရမ်းအရေးကြီးတဲ့ အချက် ၃ ချက်ကို ပြ...
10/11/2025

မြေဝယ်ဖို့ စီစဉ်နေတဲ့သူတွေအတွက် ငွေကြေးဆုံးရှုံးမှုနဲ့ အလိမ်ခံရတာမျိုးတွေ မဖြစ်အောင် အရမ်းအရေးကြီးတဲ့ အချက် ၃ ချက်ကို ပြောပြပေးချင်ပါတယ်။

❗မြေပိုင်ရှင်အစစ်လား၊ ပေါင်ထားတာရှိလား?

အရင်ဆုံး လုပ်ရမှာက ရောင်းတဲ့သူက အဲဒီမြေရဲ့ တကယ့် အမည်ပေါက်ပိုင်ရှင် အစစ်အမှန် ဟုတ်မဟုတ်ကို စစ်ရပါမယ်။ နောက်ပြီး အရေးကြီးတာက-

✅ဘယ်သူ့ဆီမှ ပေါင်နှံထားတာမရှိဘူး ဆိုတာကို မြေစာရင်းရုံးမှာရော၊ တရားရုံးမှာပါ သွားရောက်စုံစမ်းပါ။

✅တခြားသူနဲ့ အမွေပြဿနာ၊ တရားစွဲထားတဲ့ အမှု တွေ ရှိမရှိ သေချာအောင် စစ်ပါ။

❗မူရင်းပိုင်ဆိုင်မှု စာရွက်စာတမ်း ခိုင်မာရဲ့လား?

✅ပိုင်ဆိုင်မှု စာရွက်စာတမ်း (ဂရန်၊ ပုံစံ ၇) ကို မြင်ရုံနဲ့ မပြီးသေးဘူး။

✅အဲဒီစာရွက်တွေဟာ သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ မူရင်းစာရွက် ဟုတ်မဟုတ် သေချာစစ်ဆေးပါ။

✅သက်တမ်းကုန်နေတာ၊ သက်တမ်းတိုးရမယ့် အခြေအနေ မျိုးလားဆိုတာကိုပါ စစ်ဆေးရမယ်။ စာရွက်မခိုင်မာရင် နောက်ပိုင်း အကြီးအကျယ် ဒုက္ခရောက်နိုင်ပါတယ်။

❗ရှေ့နေနဲ့ တရားဝင် စာချုပ်ချုပ်ပါ

✅မိသားစုအချင်းချင်းဖြစ်ဖြစ်၊ ယုံကြည်ရတဲ့ မိတ်ဆွေဖြစ်ဖြစ်၊ စကားနဲ့ ပြီးတာမျိုး လုံးဝ မလုပ်ပါနဲ့။

✅ငွေပေး/ငွေယူကို ရှေ့နေတစ်ယောက် ပါဝင်ပြီး တရားဝင် အရောင်းအဝယ် စာချုပ် ချုပ်ပါ။

✅စာချုပ်ထဲမှာ ငွေကို ဘယ်လိုပေးမယ်၊ ပိုင်ဆိုင်မှုကို ဘယ်နေ့ လွှဲမယ်၊ ပြဿနာပေါ်ရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက် တွေ အကုန်ပါဝင်နေဖို့ လိုပါတယ်။ ဒါမှ ကိုယ့်အတွက် ဥပဒေအရ အကာအကွယ်ရရှိမှာပါ။

ကိုယ့်ချွေးနဲစာလေးနဲ့ မြေဝယ်ပြီးမှ စိတ်သောကမရောက်ရအောင် ဥပေဒလမ်းကြောင်းအရခိုင်မာစေဖို့အတွက် ကျွမ်းကျင်တဲ့ ဥပဒေအကျိုးဆောင်တွေနဲ့ လက်တွဲဆောင်ရွက်တာဟာ စိတ်အချရဆုံးပဲဖြစ်ပါတယ်။

ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းချင်ရင်တော့ 👇🏻

▪︎ Mobile: (+95) 9 765 443 751
▪︎ Email: [email protected]
▪︎ Address: No.(256/ 266)၊ (၈) လွှာ၊ အခန်း (8-D)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။

Unleash the power of law with our total legal solutions by KST Legal ✨

ကိုယ့်စိတ်ကူးနဲ့ ကြိုးစားဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို တခြားသူတွေ အလွယ်တကူ ခိုးယူအသုံးချတာ မခံရစေဖို့ မူပိုင်ခွင့် (Cop...
23/10/2025

ကိုယ့်စိတ်ကူးနဲ့ ကြိုးစားဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို တခြားသူတွေ အလွယ်တကူ ခိုးယူအသုံးချတာ မခံရစေဖို့ မူပိုင်ခွင့် (Copyright) မှတ်ပုံတင်ထားဖို့ အကြံပြုလိုပါတယ်

မှတ်ပုံတင်ခြင်းဟာ အငြင်းပွားမှု ဖြစ်လာတဲ့အခါ၊ ဒါမှမဟုတ် တရားစွဲဆိုတဲ့အခါမှာ ကိုယ်က တရားဝင် ပိုင်ရှင်ဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေအထောက်အထား ရရှိစေဖို့အတွက် အကျိုးရှိပါတယ်။

ဘယ်လိုမှတ်ပုံတင်ရမလဲ❓

မူပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ ဦးစီးဌာန (Intellectual Property Department - IPD) က ဆောင်ရွက်ပေးပါတယ်။

✉️မူပိုင်ခွင့် မှတ်ပုံတင်နည်း အဆင့်ဆင့်

✅လျှောက်လွှာပုံစံ: IPD Website(https://ipd.gov.mm) ကနေ CR-1 (မူပိုင်ခွင့်) ပုံစံကို ဖြည့်စွက်ပါ။

✅လက်ရာ နမူနာ: ကိုယ်ဖန်တီးထားတဲ့ အနုပညာလက်ရာ (စာအုပ်၊ ပန်းချီ၊ သီချင်းဖိုင် စသည်) ကို ပူးတွဲပါ။

✅ကိုယ်ရေးအချက်အလက်: မှတ်ပုံတင်၊ လိပ်စာ နဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံ ဖြည့်စွက်ပါ။

✅အခကြေးငွေ: သတ်မှတ်ထားတဲ့ တရားဝင် မှတ်ပုံတင်ကြေး ပေးဆောင်ပါ။

ဘယ်လို တင်သွင်းမလဲ❓

✅Online ကနေ တင်သွင်းမယ်ဆိုရင်တော့ IPD ရဲ့ Online စနစ် (crfile.ipd.gov.mm) မှတစ်ဆင့် အလွယ်တကူ တင်နိုင်ပါတယ်။

✅လူကိုယ်တိုင် တင်သွင်းမယ်ဆိုရင်လည်း ရန်ကုန်/နေပြည်တော်/မန္တလေးရှိ IPD ရုံးများမှာ သွားရောက် တင်သွင်းနိုင်ပါတယ်။

✔️IPD မှ လျှောက်လွှာနှင့် လက်ရာများကို စိစစ်ပြီး ပြည့်စုံမှန်ကန်တယ်ဆိုရင် မူပိုင်ခွင့် မှတ်ပုံတင် လက်မှတ် (Certificate of Copyright Registration) ကို ထုတ်ပေးမှာပဲဖြစ်ပါတယ်။

✉️မူပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ဟာ တရားဝင် လုပ်ငန်းစဉ်ဖြစ်တာကြောင့် အမှားအယွင်းမရှိစေဖို့နဲ့ လျင်မြန်စေဖို့အတွက် ဥပဒေအကျိုးဆောင် ရှေ့နေ နဲ့ လက်တွဲဆောင်ရွက်ဖို့အတွက် အကြံပေးချင်ပါတယ်။

ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းချင်ရင်တော့ 👇🏻

▪︎ Mobile: (+95) 9 765 443 751
▪︎ Email: [email protected]
▪︎ Address: No.(256/ 266)၊ (၈) လွှာ၊ အခန်း (8-D)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။

Unleash the power of law with our total legal solutions by KST Legal ✨

💸ချေးငွေပြန်မဆပ်မှုနဲ့ တရားစွဲဆိုမယ်ဆိုရင် စာချုပ်စာတမ်းရှိဖို့ လိုအပ်တာကြောင့် ယုံကြည်မှုနဲ့ အလွတ်ငွေချေးတာမျိုး မလုပ်ထ...
22/10/2025

💸ချေးငွေပြန်မဆပ်မှုနဲ့ တရားစွဲဆိုမယ်ဆိုရင် စာချုပ်စာတမ်းရှိဖို့ လိုအပ်တာကြောင့် ယုံကြည်မှုနဲ့ အလွတ်ငွေချေးတာမျိုး မလုပ်ထားရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဥပဒေကြောင်းအရ လမ်းကြောင်းမှန်မှန်နဲ့ ငွေပြန်လည်ရရှိအောင် ဘယ်လိုတရားစွဲမလဲ ဆိုတဲ့ အဆင့်ဆင့်ကိုမျှဝေပေးချင်ပါတယ်။

✅သက်သေအထောက်အထား စုဆောင်းပါ

တရားမစွဲမီ သင့်အမှုခိုင်မာစေဖို့ အရေးအကြီးဆုံး လိုအပ်ချက်များ-

📄 ချေးငွေစာချုပ်/လက်မှတ်: လက်မှတ်ရေးထိုးထားသော တရားဝင် စာချုပ်ရှိရပါမယ်။
💸 ငွေလွှဲပြောင်းမှုမှတ်တမ်း: ဘဏ်/ငွေလွှဲဖြတ်ပိုင်း ဒါမှမဟုတ် မျက်မြင်သက်သေလိုအပ်ပါတယ်။

✅Notice စာ ပို့ပါ

တရားမစွဲဆိုမီ ရှေ့နေမှတစ်ဆင့်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ ငွေပြန်လည်ပေးဆပ်ရန် တရားဝင် အကြောင်းကြားစာ ကို ပေးပို့ထားပါ။ နောက်ပိုင်းမှာ တရားရုံးအတွက် ခိုင်မာတဲ့ သက်သေတစ်ခု ဖြစ်လာပါလိမ့်မယ်။

✅စွဲချက်လျှောက်လွှာတင်သွင်းပါ

သက်ဆိုင်ရာ မြို့နယ်/ခရိုင်တရားရုံး ကို ရွေးချယ်ပါ။ ရှေ့နေနဲ့ တိုင်ပင်ပြီး စွဲချက်လျှောက်လွှာကို တရားရုံးခွန် (Court Fee) နှင့်အတူ တင်သွင်းပါ။ တရားရုံးက တရားခံကို လာရောက်ဖြေရှင်းရန် ဆင့်ခေါ်စာ ထုတ်ပေးပါလိမ့်မယ်။

✅အမိန့်ချမှတ်ခြင်း နှင့် ငွေပြန်လည်ရယူခြင်း

အမှုစစ်ဆေးပြီးနောက် တရားရုံးက ငွေပြန်ဆပ်ရန် "အမိန့်" ချမှတ်ပေးပါမယ်။ အမိန့်ချမှတ်ပြီးနောက် တရားခံက ငွေပြန်မဆပ်သေးဘူးဆိုရင် တရားရုံးအမိန့်နဲ့ တရားခံပိုင်ဆိုင်တဲ့ ပစ္စည်းများအား သိမ်းဆည်းရောင်းချခြင်း ဒါမှမဟုတ် ဖမ်းဆီးချုပ်နှောင်ခြင်း အထိ ဆောင်ရွက်နိုင်ပါတယ်။

❗ချေးငွေပြန်မဆပ်မှုဟာ ရိုးရိုးပဋိညာဉ်ချိုးဖောက်မှု ဖြစ်ပေမယ့် ငွေချေးသူဟာ ပထမဆုံးကတည်းက လိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ငွေယူသွားကြောင်း သက်သေပြနိုင်ရင်တော့ ရာဇသတ်ကြီးပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့်ပါ တိုင်ကြားနိုင်ပါတယ်။

ချေးငွေပြန်မဆပ်မှုနဲ့ တရားစွဲဆိုတဲ့အခါ ဥပဒေဆိုင်ရာ အဆင့်ဆင့်များ ရှုပ်ထွေးသောကြောင့် အတွေ့အကြုံရှိ ရှေ့နေ တစ်ဦးရဲ့ အကူအညီနဲ့ လမ်းညွှန်မှုကို ရယူပြီး ဆောင်ရွက်သင့်ပါတယ်။

ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းချင်ရင်တော့ 👇🏻

▪︎ Mobile: (+95) 9 765 443 751
▪︎ Email: [email protected]
▪︎ Address: No.(256/ 266)၊ (၈) လွှာ၊ အခန်း (8-D)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။

Unleash the power of law with our total legal solutions by KST Legal ✨

တိုက်ခန်းဝယ်ယူခြင်းနဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အရေးကြီးဆုံး အချက်တစ်ချက် ကတော့ အရောင်းအဝယ် က...
20/10/2025

တိုက်ခန်းဝယ်ယူခြင်းနဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အရေးကြီးဆုံး အချက်တစ်ချက် ကတော့ အရောင်းအဝယ် ကတိစာချုပ် ဖြစ်ပါတယ်။

အရောင်းအဝယ် ကတိစာချုပ်ဆိုတာ ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ပါပဲ။ စာချုပ်ထဲမှာ ပါဝင်သင့်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ -

✅တိုက်ခန်းအကြောင်း အသေးစိတ် ဖော်ပြချက်

တိုက်ခန်းရဲ့ တည်နေရာ၊ အကျယ်အဝန်း နဲ့ တိုက်ခန်းကို မည်သူမှ မည်သို့ စတင်ပိုင်ဆိုင်ခဲ့သည်၊ မြေရှင်နှင့် ကန်ထရိုက်တို့ရဲ့ စာချုပ်၊ BCC (ဆောက်လုပ်ပြီးစီးကြောင်းလက်မှတ်) စတဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေပါဝင်ရပါမယ်။

✅ရောင်းသူနှင့် ဝယ်သူ၏ အချက်အလက်

အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံ: နှစ်ဖက်စလုံးရဲ့ တိကျသော ကိုယ်ရေးအချက်အလက်များ ပါဝင်ရပါမယ်။

ရောင်းချခွင့် အာမခံချက်: ရောင်းသူသည် တိုက်ခန်းကို လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသူ (အကြွေးအမြီ ကင်းရှင်းသူ၊ အမွေဆိုင်မဟုတ်သူ) ဖြစ်ကြောင်း အာမခံချက် ထည့်သွင်းရပါမယ်။

✅ငွေပေးချေမှုဆိုင်ရာ စည်းကမ်းချက်များ

စုစုပေါင်း တန်ဖိုး: အရောင်းအဝယ် ပြုလုပ်မယ့် စုစုပေါင်း ငွေပမာဏ (ကိန်းဂဏန်းနှင့် စာသားဖြင့် နှစ်မျိုးစလုံး)။

စရံငွေ ပမာဏ: စရံငွေ ဘယ်လောက်ပေးချေသည်၊ ဘယ်နေ့ရက်တွင် ပေးချေသည်ကို ဖော်ပြခြင်း။

အရစ်ကျ ပေးချေမှု အစီအစဉ်: ကျန်ငွေများကို ဘယ်နေ့ရက်တွေမှာ ဘယ်လောက်စီ ပေးချေရမည်ကို အတိအကျ ဖော်ပြခြင်း။

နောက်ဆုံး ပေးချေရမည့် ရက်စွဲ: ကျန်ရှိသည့် အပြီးသတ်ငွေကို ပေးချေရမယ့် ရက်စွဲကို သတ်မှတ်ခြင်း။

✅ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းနှင့် တာဝန်ယူမှု

အမည်ပြောင်း တာဝန်: တိုက်ခန်းကို ဝယ်သူအမည်ပေါက် ဖြစ်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းများ ပြုလုပ်ပေးရန် ရောင်းသူက တာဝန်ယူခြင်း၊ အမည်ပြောင်း ကုန်ကျစရိတ်ကို ဘယ်သူက ကျခံမယ်ဆိုတာ ရှင်းလင်းစွာ ဖော်ပြခြင်း။

အခွန်ဆောင်မှု တာဝန်: အရောင်းအဝယ်အတွက် ပေးဆောင်ရမယ့် အခွန်အခများကို (ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်) ဘယ်သူက ပေးဆောင်မယ်ဆိုတာကို သတ်မှတ်ခြင်း။

လက်ရောက် ပေးအပ်ခြင်း: ဝယ်သူကို တိုက်ခန်း လက်ရောက် ပေးအပ်မည့် ရက်စွဲကို ဖော်ပြခြင်း။

✅ကတိပျက်ကွက်မှုနှင့် အကျိုးဆက်များ

ရောင်းသူ ပျက်ကွက်ပါက: စာချုပ်ပါ စည်းကမ်းချက်များကို ရောင်းသူက ဖောက်ဖျက်ပါက နစ်နာကြေး ဘယ်လောက်ပေးဆောင်ရမည် စသဖြင့် သတ်မှတ်ခြင်း။

ဝယ်သူ ပျက်ကွက်ပါက: ဝယ်သူက ငွေပေးချေရန် ပျက်ကွက်ပါက စရံငွေ ဆုံးရှုံးမည်ဖြစ်ကြောင်း အတိအကျ ဖော်ပြခြင်း။

စတဲ့ အချက်အလက်တွေပြည့်ပြည့်စုံစုံပါဝင်မှသာ ဝယ်သူရဲ့ ပိုင်ဆိုင်မှုဟာ ခိုင်မာပြီး၊ အနာဂတ် ပြဿနာတွေကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းချင်ရင်တော့ 👇🏻

▪︎ Mobile: (+95) 9 765 443 751
▪︎ Email: [email protected]
▪︎ Address: No.(256/ 266)၊ (၈) လွှာ၊ အခန်း (8-D)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။

Unleash the power of law with our total legal solutions by KST Legal ✨

🪔  𝙃𝙖𝙥𝙥𝙮 𝘿𝙞𝙬𝙖𝙡𝙞  🪔အောက်တိုဘာလ (၂၀) ရက်နေ့တွင် ကျ‌ရောက်မည့် ဟိန္ဒူ ဘာသာဝင် တို့ရဲ့ အထွတ်အမြတ်ထားရာ ဒီပါဝလီ (‌ဒေဝါလီ) နေ့ ...
20/10/2025

🪔 𝙃𝙖𝙥𝙥𝙮 𝘿𝙞𝙬𝙖𝙡𝙞 🪔
အောက်တိုဘာလ (၂၀) ရက်နေ့တွင် ကျ‌ရောက်မည့် ဟိန္ဒူ ဘာသာဝင် တို့ရဲ့ အထွတ်အမြတ်ထားရာ ဒီပါဝလီ (‌ဒေဝါလီ) နေ့ မှာ ပျော်ရွှင်ကျန်းမာ ကြပါစေကြောင်း KST Legal မှ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်ရှင်။🙏

အွန်လိုင်းမှာ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ အလိမ်ခံရတာကိုကြည့်ပြီး ကိုယ်အလှည့်ကျရင်တော့ ဒီလိုနည်းနဲ့ အလိမ်ခံရဖို့ မဖြစ်နို...
17/10/2025

အွန်လိုင်းမှာ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ အလိမ်ခံရတာကိုကြည့်ပြီး ကိုယ်အလှည့်ကျရင်တော့ ဒီလိုနည်းနဲ့ အလိမ်ခံရဖို့ မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့ ❗

အွန်လိုင်းလိမ်လည်မှုတွေမှာ ရှုပ်ထွေးတဲ့ လိမ်နည်းတွေ အများကြီးရှိတာကြောင့် ဒီလို လိမ်လည်မှုတွေ မခံရအောင် ပြင်ဆင်ကာကွယ်ဖို့ အချက်(၅)ချက်ကို မျှဝေပေးချင်ပါတယ်။

✅ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာထားပါ။

မယုံကြည်ရတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ကို နာမည်၊ လိပ်စာ၊ ဘဏ်အကောင့်နံပါတ်၊ Mobile Wallet အကောင့်နံပါတ်(ဥပမာ - KBZ Pay၊ Wave Pay)၊ မှတ်ပုံတင်နံပါတ်၊ Passwords၊ ဒါမှမဟုတ် OTP Code တွေလိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေကို လုံးဝမပေးပါနဲ့။

✅ခိုင်မာတဲ့ Password နဲ့ Two-Factor Authentication ဖွင့်ထားပါ။

Password ကို စာလုံး အကြီးအသေး၊ ဂဏန်း နဲ့ သင်္ကေတ(@ #$) တွေ စုံလင်အောင်ပေးပြီး Password တွေကို ဆင်တူမထားပါနဲ့။ အရေးကြီးတဲ့ အကောင့်တွေမှာ (Two-Factor Authentication ဒါမှမဟုတ် Multi-Factor Authentication) ဖွင့်ထားပါ။ ဒါက စကားဝှက်ကို ခိုးယူသွားရင်တောင် ဖုန်းကို ပို့တဲ့ OTP လို နောက်ထပ် အတည်ပြုချက်တစ်ခု လိုအပ်တာကြောင့် လုံခြုံရေး ပိုကောင်းစေပါတယ်။

✅သံသယဖြစ်စရာကောင်းတဲ့ လင့်ခ်တွေကို မနှိပ်ပါနဲ့။

မသိတဲ့သူတွေဆီက ပို့လာတဲ့ လင့်ခ်တွေဟာ နှိပ်လိုက်တာနဲ့ ကိုယ်ရေးအချက်တွေ ပါသွားနိုင်ပြီး အကောင့်ကို ခိုးယူသွားနိုင်ပါတယ်။ အထူးသဖြင့် ငွေပေးချေမယ့်ကိစ္စတွေ ပြုလုပ်တော့မယ်ဆိုရင် Website URL ကို သေချာစစ်ဆေးပြီး မှ လုပ်ဆောင်ပါ။ facebook အစား faceb00k ဆိုပြီး ဖြစ်နေရင် အတုအယောင်ဖြစ်ပါတယ်။

✅မဖြစ်နိုင်တဲ့ မက်လုံးတွေကို သတိထားပါ။

"iPhone 17 Pro Max ကံထူးပါတယ်" ၊ "လွယ်လွယ်ကူကူ ချမ်းသာစေမယ့် အစီအစဉ်" ၊ "သိန်းတစ်ထောင် ကံစံမဲပေါက်တယ်" စတဲ့ မဖြစ်နိုင်တဲ့ မက်လုံးတွေကို သတိထားပါ။ ဒါတွေဟာ အလိမ်အညာတွေဖြစ်ဖို့အတွက် 90% သေချာပါတယ်။

✅ကိုယ့်ဆီက ပိုက်ဆံကို အရင်မပေးပါနဲ့

"သိန်းတစ်ထောင် ကံစမ်းမဲပေါက်လို့ ငွေလွှဲခ ၃သိန်းအရင်လွှဲပေးပါ" ဆိုတာတွေကို သတိကြီးကြီးထားပါ။ ကိုယ့်ဆီက ပိုက်ဆံကို အရင်တောင်းနေတာဖြစ်တဲ့အတွက် လိမ်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အွန်လိုင်းက ဈေးဝယ်ရင်တောင်မှ ယုံကြည့်ရတဲ့ဆိုင်မဟုတ်ရင် ငွေအရင်လွှဲတာမျိုးမလုပ်သင့်ပါဘူး။

အွန်လိုင်းမှာ လုံခြုံစွာနေထိုင်နိုင်ဖို့အတွက် "ရပ်တန့်ပါ၊ စဉ်းစားပါ၊ စစ်ဆေးပါ " ဆိုတဲ့ မူကို အမြဲကျင့်သုံးပါ။ သံသယဖြစ်စရာတွေ့တာနဲ့ လုပ်နေတာတွေကို ရပ်တန့်လိုက်ခြင်းဟာ အမြဲတမ်း စိတ်ချရဆုံး နည်းလမ်းဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။

Get ready for today’s webinar!We’re going live soon with “A Leadership Roundtable on Retention” — an exclusive session d...
11/10/2025

Get ready for today’s webinar!

We’re going live soon with “A Leadership Roundtable on Retention” — an exclusive session designed for Myanmar’s business leaders.

🔹 Date: October 11, 2025
🔹 Time: 3:00 PM - 5:00 PM
🔹 Platform: Zoom

🎙️ Guest Speakers:

Ma Poh Poh Myint — Senior Vice President, Head of People Strategy and General Affairs, Dai-ichi Life Insurance Myanmar

Ma Yee Mon Kyaw — Founder of GIFT-Ed

Ko Sa Sa Nyunt — Founder & Managing Partner of KST Legal

နယ်ပယ်အသီးသီးမှ Professional တွေက corporate policy, local culture, market-wide best practices, a legally sound foundation စတဲ့ အပိုင်း (၄) ပိုင်း ခွဲပြီး ဆွေးနွေးပေးသွားမဲ့ Panel Discussion Webinar ကို တက်ရောက်ဖို့ အခုပဲ Register တင်လိုက်ပါ။

Check your connection, grab your notepad, and be ready to discover practical strategies to retain your best talent!

🔺 Registration Form : https://wkf.ms/3VRiTaT

Unleash the power of law with our total legal solutions by KST Legal ✨

Have you registered for the webinar yet? Join us at “A Leadership Roundtable on Retention”— an exclusive discussion on s...
10/10/2025

Have you registered for the webinar yet?

Join us at “A Leadership Roundtable on Retention”— an exclusive discussion on solving Myanmar’s employee retention equation with leading experts in HR and business leadership.

🔹 Date: October 11, 2025
🔹 Time: 3:00 PM - 5:00 PM
🔹 Platform: Zoom

🎙️ Guest Speakers:

Ma Poh Poh Myint — Senior Vice President, Head of People Strategy and General Affairs, Dai-ichi Life Insurance Myanmar

Ma Yee Mon Kyaw — Founder of GIFT-Ed

Ko Sa Sa Nyunt — Founder & Managing Partner of KST Legal

နယ်ပယ်အသီးသီးမှ Professional တွေက corporate policy, local culture, market-wide best practices, a legally sound foundation စတဲ့ အပိုင်း (၄) ပိုင်း ခွဲပြီး ဆွေးနွေးပေးသွားမဲ့ Panel Discussion Webinar ကို တက်ရောက်ဖို့ အခုပဲ Register တင်လိုက်ပါ။

Seats are limited — don’t miss this powerful session!

🔺 Registration Form : https://wkf.ms/3VRiTaT

Unleash the power of law with our total legal solutions by KST Legal ✨

လုပ်ငန်းလုံခြုံရေး စိတ်ချရဖို့ Legal ဆိုင်ရာ ကာကွယ်နည်း၊ ဖြေရှင်းချက်တွေကို လေ့လာရမဲ့  “A Leadership Roundtable on Reten...
10/10/2025

လုပ်ငန်းလုံခြုံရေး စိတ်ချရဖို့ Legal ဆိုင်ရာ ကာကွယ်နည်း၊ ဖြေရှင်းချက်တွေကို လေ့လာရမဲ့
“A Leadership Roundtable on Retention” webinar

လုပ်ငန်းအကြောင်း အတွင်းသိအဆင်းသိ Talent တစ်ယောက် အလုပ်ထွက်တဲ့အခါ လုပ်ငန်း privacy တွေ မပေါက်ကြားစေဖို့ ဘယ်လိုထိန်းသိမ်းကြမလဲ ဆိုတဲ့ အကြောင်းအရာတွေကို webinar မှာ Legal Perspective, Local Culture, Corporate Policy စတဲ့ အပိုင်းအသီးသီးကနေ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

Guest Speaker တွေအနေနဲ့

✅ Ma Poh Poh Myint (Senior Vice President, Head of People Strategy and General Affairs of Dai-ichi Life Insurance Myanmar)
✅ Ma Yee Mon Kyaw (Founder of GIFT-Ed)
✅ Ko Sa Sa Nyunt (Founder of KST LEGAL)

🔹 Date : October 11, 2025
🔹 Time : 3:00 PM - 5:00 PM
🔹 Platform : Zoom

“A Leadership Roundtable on Retention” webinar တက်ရောက်ဖို့ အခုပဲ Register တင်ထားလိုက်တော့နော်။

🔺 Registration Form : https://wkf.ms/3VRiTaT

Unleash the power of law with our total legal solutions by KST Legal ✨

“A Leadership Roundtable on Retention” webinar မှာ ပါဝင်ဆွေးနွေးပေးသွားမဲ့ Guest Speaker တွေကတော့ ✅ Ma Poh Poh Myint (Se...
10/10/2025

“A Leadership Roundtable on Retention” webinar မှာ ပါဝင်ဆွေးနွေးပေးသွားမဲ့ Guest Speaker တွေကတော့

✅ Ma Poh Poh Myint (Senior Vice President, Head of People Strategy and General Affairs from Dai-iChi Life Insurance Myanmar)

Hospitality, Trading, Travel & Tourism, Healthcare, FMCG, Oil & Gas နှင့် Life Insurance စသည့် အလှည့်ကျ လုပ်ငန်းအတွေ့အကြုံ ၂၅ နှစ်ကျော်ရှိသော HR Professional တစ်ဦး ဖြစ်ပြီး လက်ရှိ Dai-iChi rမှာ Senior Vice President, Head of People Strategy and General Affairs အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

✅ Ma Yee Mon Kyaw (Founder of GIFT-Ed)

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ HR Executive Leadership အတွေ့အကြုံ (၁၀) နှစ်ကျော် ရှိထားသူဖြစ်ပြီး Global HR Practice, Business Knowledge နဲ့ Interpersonal Skill တွေမှာ ကျွမ်းကျင်သူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

✅ Ko Sa Sa Nyunt (Founder and Managing Partner of KST LEGAL)

Baker McKenzie , KPMG နဲ့ အခြားနာမည်ကြီး local law firms တွေမှာ (၁၂) နှစ်ကျော် အတွေ့အကြုံများစွာရှိထားတဲ့ Corporate Tax Law PhD တစ်ဦးဖြစ်ပြီး လက်ရှိ KST LEGAL မှာ Founder and Managing Partner အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဒီလိုနယ်ပယ်အသီးသီးမှ Professional တွေက corporate policy, local culture, market-wide best practices, a legally sound foundation အပိုင်း (၄) ပိုင်းခွဲပြီး panel discussion လုပ်ပေးသွားမှာပါ။

🔹 Date : October 11, 2025
🔹 Time : 3:00 PM - 5:00 PM
🔹 Platform : Zoom

အခုပဲ Register တင်ထားလိုက်တော့နော်။

🔺 Registration Form : https://wkf.ms/3VRiTaT

Unleash the power of law with our total legal solutions by KST Legal ✨

“အကျိုးအမြတ်များတဲ့ လုပ်ငန်းကြီးတွေမှာပဲ Company Culture ကောင်းကောင်း တည်ဆောက်နိုင်တယ်။” ဆိုတာ တကယ်လား? ဒါဆို Company Cu...
09/10/2025

“အကျိုးအမြတ်များတဲ့ လုပ်ငန်းကြီးတွေမှာပဲ Company Culture ကောင်းကောင်း တည်ဆောက်နိုင်တယ်။”

ဆိုတာ တကယ်လား?

ဒါဆို Company Culture အတွက် သေချာမရင်းနှီးမမြှုပ်နှံနိုင်သေးတဲ့ SME တွေအနေနဲ့

လက်ရှိ Talent (အလုပ်သမား) အကျပ်အတည်းမှာ ဆက်လက်တောင့်ခံဖို့ ဘာတွေလုပ်သင့်လဲ?

Employee Retention နဲ့ပတ်သက်ပြီး “A Leadership Roundtable on Retention” webinar မှာ

Professional HR နဲ့ Legal ပိုင်းမှ Professional တွေဖြစ်တဲ့

✅ Ma Poh Poh Myint (Senior Vice President, Head of People Strategy and General Affairs From Dai-ichi Life Insurance Myanmar)
✅ Ma Yee Mon Kyaw (Founder of GIFT-Ed)
✅ Ko Sa Sa Nyunt (Founder of KST LEGAL)
✅ Phyo Min Htet (Cheif Legal Officer from Manu Life) တို့က

corporate policy, local culture, market-wide best practices, a legally sound foundation အပိုင်း (၄) ပိုင်းကနေ panel discussion လုပ်ပေးသွားမှာဖြစ်လို့ အခုပဲ Register တင်ထားလိုက်တော့နော်။

🔹 Date : October 11, 2025
🔹 Time : 3:00 PM - 5:00 PM
🔹 Platform : Zoom

🔺 Registration Form : https://wkf.ms/3VRiTaT

Unleash the power of law with our total legal solutions by KST Legal ✨

“A Leadership Roundtable on Retention” webinar အတွက် Register စတင်နိုင်ပါပြီ။ ♻️ဒီ webinar မှာ ယနေ့ခေတ် လုပ်ငန်းအများစုမ...
09/10/2025

“A Leadership Roundtable on Retention” webinar အတွက် Register စတင်နိုင်ပါပြီ။ ♻️

ဒီ webinar မှာ ယနေ့ခေတ် လုပ်ငန်းအများစုမှာ ကြုံတွေ့နေရတဲ့ ဝန်ထမ်းရှားပါးမှု၊ ဝန်ထမ်းကောင်းမမြဲခြင်း၊ ဝန်ထမ်းမကြာခဏထွက်ခြင်း စတဲ့ပြဿနာတွေ၊ လုပ်ငန်း privacy ထိန်းသိမ်းမှု၊ employee retention နဲ့ brain drain တွေ စတဲ့အကြောင်းအရာတွေ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပေးသွားမဲ့ Guest Speaker တွေကတော့

✅ Ma Poh Poh Myint (Senior Vice President, Head of People Strategy and General Affairs from Dai-ichi Life Insurance Myanmar)

✅ Ma Yee Mon Kyaw (Founder of GIFT-Ed)

✅ Ko Sa Sa Nyunt (Founder of KST LEGAL)

✅ Phyo Min Htet (Cheif Legal Officer from Manu Life)

တို့က corporate policy, local culture, market-wide best practices, a legally sound foundation စတဲ့ အပိုင်း (၄) ပိုင်းကနေ panel discussion လုပ်ပေးသွားမှာပါ။

🔹 Date : October 11, 2025
🔹 Time : 3:00 PM - 5:00 PM
🔹 Platform : Zoom

Secure Seat ဖြစ်စေအောင် webinar အတွက် Register တင်ထားဖို့ မမေ့နဲ့နော်။

🔺 Registration Form : https://wkf.ms/3VRiTaT

Unleash the power of law with our total legal solutions by KST Legal ✨

Address

Room 12-B, Pansodan Business Tower, Corner Of Anawrahtar Road And Pansodan Road, Kyauktada Township
Yangon

Alerts

Be the first to know and let us send you an email when KST Legal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KST Legal:

Share