07/03/2024
စာရွက်စာတမ်း သက်သေခံချက်
တွဲဖက်သိထားရမည့် ဥပဒေများ
=====================
၁။ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ( ၅၄ ) မရွှေ့မပြောင်းနိုင်သောပစ္စည်းတန်ဖိုး ၁၀ဝိ နှင့်အထက်ဖြစ်ပြီး အရောင်းစာချုပ်ဖြစ်လျှင် မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ထားမှ သက်သေခံဝင်သည်။
၂။ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ( ၅၉ ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုး ၁၀ဝိ နှင့် အထက်ဖြစ်ပြီး အပေါင်စာချုပ်ဖြစ်က မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ထားမှ သက်သေခံဝင်သည်။
၃။ စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေပုဒ်မ ( ၁၇ ) မှတ်ပုံမတင်မနေရ စာချုပ်မျိုး၊ မှတ်ပုံတင်မှ သက်သေ ခံဝင်သည်။
၄။ စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ ( ၄၉ )
( ခြွင်းချက် ) စွဲဆိုသောအမှု၌ ပဋိညာဉ်ပြုကြောင်း၊ ယင်းစာချုပ် မှတ်ပုံမတင်ထားသော်လည်း သက်သေခံအဖြစ် အသုံးပြုနိုင်သည်။
(က) သီးခြားသက်သာခွင့် ဥပဒေအရ
သီးခြားဆောင်ရွက်ရန် စွဲဆိုသောအမှု၌ ပဋိညာဉ်ပြုကြောင်း၊ယင်းစာချုပ် မှတ်ပုံမတင်ထားသော်လည်း သက်သေခံအဖြစ် အသုံးပြုနိုင်သည်။
(ခ) ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ( ၅၃) ( က ) အရ ပဋိညာဉ်ကို တစ်စိတ်တစ်ဒေသ ဆောင်ရွက်ပြီး ကြောင်း ပြရန် ယင်းစာချုပ် မှတ်ပုံမတင်ထားသော်လည်း သက်သေခံအဖြစ် တင်ပြနိုင်သည်။
(ဂ) စာချုပ် မှတ်ပုံမတင်၍ တရားမဝင်သော်လည်း စာချုပ်ပါ အချက်များပြသရန်အတွက်သက်သေခံအဖြစ်အသုံးပြုနိုင်သည်။
အပဒူလ်ကာကာ နှင့် ဦးညွန့်ပါ ( ၂ )
၁၉၆၅၊ မတစ၊ တရားရုံးချုပ်၊ ၄၁၃
၅။ တံဆိပ်တော်ခွန် အက်ဥပဒေပုဒ်မ ၃၅ ( က )
ပြစ်မှုများတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ ငြင်းခုံမှု၊ စားစရိတ်တောင်းမှုများမှတစ်ပါး တံဆိပ်ခေါင်းပါသည့်ဖြစ်စေ၊ မပါသည်ဖြစ်စေ သက်သေခံအဖြစ် တင်သွင်းနိုင်သည်။
၆။ တံဆိပ်တော်ခွန် အက်ဥပဒေပုဒ်မ ၃၅ ( ခ )
ခေါင်းလုံလောက်မှု မရှိပါက လျော်ကြေးဆောင်ပြီးမှ သက်သေခံတင်သွင်းနိုင်သည်။
( တံဆိပ်ခေါင်း ဥပဒေ ပုဒ်မ ၃၅ ( ဂ ) အရ )
၇။ တံဆိပ်တော်ခွန် အက်ဥပဒေပုဒ်မ ၃၅ ( ဂ )
ပဋိညာဉ်စာချုပ် နှစ်ကြိမ်၊ သုံးကြိမ် အပေးအယူအဖြစ် ပြီးစီးသည့် ကိစ္စ၌ တစ်စောင်တွင် ခေါင်းလုံလောက်လျှင် ထိုပဋိညာဉ်၌ ခေါင်းအပြည့်ပါသည်ဟု မှတ်ယူရမည်။
၈။ တံဆိပ်တော်ခွန် အက်ဥပဒေပုဒ်မ ၃၆
တံဆိပ်ခေါင်း မလုံလောက်သော စာတမ်းကို မူလရုံးက လက်ခံပြီး ဖြစ်လျှင် အယူခံတွင် စောဒက မတက်နိုင်။
မပန်းစီ (ခေါ် ) ဒေါ်ရင်ရင် နှင့် မလှရင်ပါ ( ၆ )
၁၉၆၃၊ မတစ ၊ ၈၁၁
Crd//
ဦးကျော်ဇေယျ(တရားလွှတ်တော်ရှေ့နေ)
တရားခွင်အမှုစစ်ဆေးနည်းပညာ။စာ ၆၉ )