Lucky Nandar Real Estate Services

Lucky Nandar Real Estate Services ယံုၾကည္စိတ္ခ်နိင္တဲ့ သင့္ရဲ့ အက်ိဳ?

"တော်သလင်းလပြည့်၊ ဂရုဓမ္မအခါတော်နေ့ "🙏🏻မနက်ဖြန် ကျရောက်မယ့် နေ့ထူးနေ့မြတ်အခါသမယတွင် ကောင်းမှုကုသိုလ်များပြုလုပ်နိုင်ကြပြ...
05/09/2025

"တော်သလင်းလပြည့်၊ ဂရုဓမ္မအခါတော်နေ့ "🙏🏻

မနက်ဖြန် ကျရောက်မယ့် နေ့ထူးနေ့မြတ်

အခါသမယတွင် ကောင်းမှုကုသိုလ်များ

ပြုလုပ်နိုင်ကြပြီး ကပ်ကြီးသုံးပါး၊ ဘေးအန္တရာယ်

ခပ်သိမ်းတို့မှလည်း ကင်းဝေးကြပါစေကြောင်း

" Lucky Nandar Real Estate " အိမ်ခြံမြေ

မိသားစု မှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

ပန်းဆိုးတန်း လမ်းမပေါ်  ဗိုလ်ချုပ်လမ်းမ နဲ့ အနော်ရထာလမ်းမ ကြားဘလောက် ၊ အင်းဝစာအုပ်တိုက်နဲ့ မျက်နှာခြင်းဆိုင်(ပေ ၆၀ x ပေ ...
04/09/2025

ပန်းဆိုးတန်း လမ်းမပေါ် ဗိုလ်ချုပ်လမ်းမ နဲ့

အနော်ရထာလမ်းမ ကြားဘလောက် ၊

အင်းဝစာအုပ်တိုက်နဲ့ မျက်နှာခြင်းဆိုင်

(ပေ ၆၀ x ပေ ၆၀)မြေကွက် ငှားရန်ရှိပါတယ် ။

ယုံကြည်စိတ်ချရနိုင်တဲ့ အငှားရှိရင် ဆက်သွယ်နိုင်ပါတယ်ရှင် 🥰

အဆောက်အအုံက ဖျက်လိုက်လို့ မရှိတော့ပါဘူး၊

မြေကွက်အလွတ်ပါ ၊၊

ယခင် လားရှိုးKing ခုနှစ်လွှာပေါက်ဆီ

လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ အဆောက်အအုံပါ

Ma Su Nandar Htun
095045682
09943309777

07/08/2025

လယ်မြေတွေ ဥယျာဥ်ခြံမြေ တွေ သစ်တောမြေတွေ ကိုတခြားနည်းလမ်းအသုံးပြုခွင့်လျောက်ထားတယ်ဆိုပီး အကွက်ရိုက်ပီး လိမ်ရောင်းကြတယ်

အခြားနည်းသုံးစွဲခွင့် လျှောက်တယ်ဆိုတာ ဘယ်လောက်ခက်ခဲလဲပြောပြပေးပါ မယ်

၁။ လျှောက်ထားသူရဲ့ အမည်ပေါက်
လယ်ယာမြေ ပုံစံ ၇ ရှိရတယ်။

၂။ ကာယကံရှင်ကိုယ်တိုင် ပုံစံ ၇ မူရင်း /
မိတ္တူ ၊ မှတ်ပုံတင်မိတ္တူ/ အိမ်ထောင်စု
စာရင်း မိတ္တူနဲ့ မြို့နယ် မြေစာရင်းမှာ
သတ်မှတ်တဲ့ ဖောင်တွေ ထုတ် / ဖြည့်ပြီး
လျှောက်ရပါတယ်။

၃။ အခြားနည်း သုံးစွဲခွင့်ကို
ဘယ်လိုအမည်နဲ့ လျှောက်မှာလဲ ဆိုတာ
ခေါင်းစဥ်တပ်ရတယ်။ ဥပမာ -
ဓါတ်ဆီဆိုင်လား ?၊ ဖူဆယ်ကွင်းလား ?
လယ်ယာသုံး စက်ပစ္စည်းဆိုင်လား ?
သီးနှံဂိုဒေါင်လား ? ပလပ်စတစ်စက်ရုံလား?
ကော်စေ့စက်ရုံအတွက်လား ? စသဖြင့်ပေါ့။

၄။ သက်ဆိုင်ရာ ယာမြေ တည်ရှိတဲ့
မိမိယာရဲ့ ရှေ့နောက်ဘေးဘယ်ညာ
အနား ၄ ရပ်က ယာခင်းပိုင်ရှင်များရဲ့
ထောက်ခံချက်ကို ပဏာမယူ။
ရပ်ကွက် / ကျေးရွာမှာ ရှိတဲ့ လယ်စီအဖွဲ့
၅ ဦးကော်မတီထံ မြေပြင်ဓါတ်ပုံ၊
Google ဓါတ်ပုံ၊ ပုံစံ ၇ မိတ္တူ စုံလင်စွာနဲ့
အခြားနည်းသုံးစွဲခွင့်အတွက် ထောက်ခံချက်
အရင်ဆုံး ရယူရတယ်။

၅။ ၅ ဦးကော်မတီထံ ကနေ ထောက်ခံချက်
ရယူပြီးရင် သက်ဆိုင်ရာ မြို့နယ်က

လမ်းဦးစီး၊ ဌာန
စိုက်ပျိုးရေး၊ ဌာန
ကျေးလက်၊ ဌာန
မီးသတ်၊ ဌာန
ဆည်မြောင်း၊ ဌာန
လျှပ်စစ်ဌာန စတဲ့ဌာနပေါင်းစုံးသွား ထောက်ခံချက်ယူရတယ်။

၆။ ထောက်ခံချက်ပေါင်းစုံ ရပြီ ဆိုရင်
မြေစာရင်းဦးစီးရုံးမှာ ပုံစံထုတ်၊
မြေပြင်ဓါတ်ပုံ၊ Google ဓါတ်ပုံ ၊
အပိုဒ်။ ၃ မှာပါတဲ့ လုပ်ငန်းအလိုက်
စီမံချက်ရေးသားပြီး တင်ပြရတယ်။

၇။ မြို့နယ်မြေစာရင်းမှာ စီမံချက်တွေ
လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူတွေနဲ့
တင်ပြပြီးတဲ့နောက် ကွင်းဆင်းပြီး
စစ်ဆေးကြတယ်။

၈။ ကွင်းဆင်းစစ်ဆေးပြီးရင် အခြားနည်း
သုံးစွဲခွင့်အတွက် ချထားပေးသင့်တယ် လို့
ဆုံးဖြတ်ပြီးရင် ပုံစံ ၁၀၅/၁၀၆
ရေးဆွဲရတယ်။ ပြီးရင် မြေစာရင်းက
Google မြေပုံမှာ စက်ဝိုင်းတွေရော
အလျားလိုက် မျဥ်းတွေရော စုံလို့ ။


၉။ ပြီးရင် သတ်မှတ်တဲ့ မြေဧက အကျယ်အဝန်း
အတိုင်း သတ်မှတ်တဲ့ နှုန်းထားနဲ့ မြန်မာ့
စီးပွားရေးဘဏ်မှာ ငွေသွင်းရတယ်။

၁၀။ ငွေသွင်းပြီးရင် ကန့်ကွက် ၁ လ ကို
သက်ဆိုင်ရာ ရုံးက ကြေညာသင်ပုန်း၊
မြေကွက် တည်နေရာက ရပ်ကွက်/ ရွာမှာ
လိုက်ကပ်ပြီး ကြေညာပေးရတယ်။
(ဂရံက တလ ပတ်၊ အခြားနည်းက ၃ လ )

၁၁။ ကန့်ကွက် ၁ လ ပြည့်လို့ Clear ဆိုရင်
မြို့နယ်ရုံးကနေ ထွေအုပ်ကို တင်ပြ။
တစ်ခါ ကွင်းဆင်းစစ်ဆေးပြီး အတည်ပြုမှ
ခရိုင် နဲ့ တိုင်းကို ဆက်တင်ပြရတာ။

၁၂။ ခရိုင် နဲ့ တိုင်းက နေ ဗဟို လယ်/စီထံ
ဆက်လက်တင်ပြပြီး အခြားနည်းသုံးစွဲခွင့်
ကို မူလ တင်ပြထားတဲ့ လုပ်ငန်းအတိုင်း
ရပ်ကွက် မြို့နယ် ခရိုင် တိုင်း ဌာနပေါင်းစုံးသွား
နောက်ဆုံး ဝန်ကြီးလက်မှတ်ထိုးရမှ ပီးတာပါ

လုပ်ငန်းသမားအတွက်လောက်ဘဲ အဓိကချပေးတာပါ

အိမ်ဆောက်နေဖို့ ချပေးတယ်ဆိုတာမရှိသလောက်ရှားတယ်

မူရင်းရေးသားသူအားလေးစားစွာဖြင်ါcredit ပေးပါတယ်ရှင်
#လူလိမ်ရန်မှကင်းဝေးကြပါစေ

04/08/2025

“ပိုင်ဆိုင်မှု အမည်ပေါက် ပြောင်းဖြစ်အောင် ပြောင်းပါ”

အိမ်ခြံမြေတွေ ဝယ်ယူကြတဲ့အခါမှာ အများစုက မိမိတို့ဝယ်ယူလိုက်တဲ့ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေကို အမည်ပေါက် ပြောင်းဖို့ လက်နှေးနေကြတယ် ၊ ဝန်လေးနေကြတယ်။ ငွေကုန်မှာ ကြောက်ကြတယ်။

တချို့ဆိုရင် ဝယ်ယူပြီး နေထိုင်သည့်ကာလ နှစ်ပေါင်း ၃၀ ကျော်သည်အထိ အမည်ပေါက် မလုပ်ကြသေးဘူး။

ဘာကြောင့် အမည်ပေါက် မပြောင်းကြတာလဲ?

အခွန်ဆောင်ရမှာကို ကြောက်နေကြတယ်..။ အချိန်ကုန် တယ် ထင်ကြတယ်...ဒါဟာ နောက်ပိုင်းမှာ ပြဿနာတွေ အကြီးကြီး တက်နိုင်ပါတယ်။

ကျွန်တော့်ထံကို ဆက်သွယ်လာသည့် တဦးအကြောင်း ပြောပြမယ်....။

မန္တလေးမှာရှိတဲ့ အဘိုးကြီး အဖွားကြီး နှစ်ဦးဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ခြံ တစ်ကွက်ဝယ်ပြီးနေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင် ဖြစ်သည်လို့သီရပါတယ်...။ သူတို့ဝယ်ပြီး နေထိုင်လာခဲ့ကြတဲ့ ခြံကို အမည်ပေါက် မပြောင်းခဲ့ကြဘူးလို့လည်း သိရပါတယ်...။

အမည်ပေါက် မပြောင်းပဲ ထားခဲ့ကြသည့် အချိန်တွေကြာတော့, ခုမှ ထပြီး အမည်ပေါက် ပြောင်းဖို့ လုပ်တဲ့ အချိန်မှာ.တော့ ဥပဒေ တတ်ကျွမ်းသည့် ဥပဒေ ပညာရှင်ကို အလုပ် အပ်ခဲ့ကြသည်ပေါ့။

ထိုပညာရှင်ကလည်း စာချုပ်တွေ အဆင့်ဆင့်တွေ အလုပ်ပိုလာနိုင်တယ်ဆိုတဲ့ အထင်နှင့်စာချုပ်စာတမ်းတွေကိုတဆင့်ခြင်း အစဉ်အဆက်မလုပ်တော့ဘဲ ရောင်းသူ-ဝယ်သူ တိုက်ရိုက်လုပ်ပြီး တဖက်သတ် အနိုင်ဒီဂရီနှင့် လုပ်ဖို့အတွက် ကန့်ကွက်စာ ထုတ်လိုက်တဲ့အချိန်မှာ မူလ အမည်ပေါက် ရောင်းချလိုက်တဲ့သူက သူတို့ရောင်းလိုက် တာ ဒီလူတွေကို မရောင်းထားပါဘူးဆိုပြီး... ထ, ကန့်ကွက်တော့တာ,ပါပဲ..။

တကယ်တော့.... အဲ ဒီလို မဖြစ်သင့်ပါဘူး။

ခုတော့ အဘိုးကြီး အဖွားကြီး အသက်ကြီးမှ တရားရုံးမှာ ရင်ဆိုင်ကြရတော့မယ်။ ဟိုက တရားစွဲပြီ ဆိုတဲ့အဆင့်ထိ ဖြစ်လာကြပြီ။

တကယ်တော့ တရားခံက ဘယ်သူလဲ...။

ဘယ်သူမပြု မိမိ မှုဆိုသလိုပါပဲ..။ အဲဒါ ဝယ်ပြီး အမည်ပေါက် မပြောင်းခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါတွေပါပဲ။ အလုပ်ရှုပ်တယ်ထင်ပြီး အမည်ပေါက် မပြောင်းခဲ့ခြင်းရဲ့အကျိုးဆက်ဆိုရင်လည်း မမှားနိုင်။

ဒါကြောင့် အိမ်ခြံမြေ ဝယ်ပြီးတဲ့ အခါမှာ-သားစဉ်မြေးဆက် စိတ်အေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက်. -ဝယ်ယူပြီးသော အိမ်ခြံမြေ များကို - အမည်ပေါက် ပြောင်းထားဖို့ မမေ့ကြပါနှင့််လို့ အကြံပြုလိုက်ပါတယ်..။

Credit

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 08:00 - 17:00

Telephone

09253377711

Alerts

Be the first to know and let us send you an email when Lucky Nandar Real Estate Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lucky Nandar Real Estate Services:

Share

Category