POC Law Firm

POC Law Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from POC Law Firm, Lawyer & Law Firm, No(164/5), Thanthumar Road, (24) Ward, Thingangyun Township (Thuwana), Yangon.

မူပိုင်ခွင့်ဦးစီးဌာနမှ  မူပိိုင်ခွင့် မှတ်ပုံတင်လက်မှတ်များရရှိသည့် အမှတ်တံဆိပ်များဖြစ်ပါတယ် 📄မူပိုင်ခွင့် မှတ်ပုံတင်လက...
27/11/2024

မူပိုင်ခွင့်ဦးစီးဌာနမှ မူပိိုင်ခွင့် မှတ်ပုံတင်လက်မှတ်များရရှိသည့် အမှတ်တံဆိပ်များဖြစ်ပါတယ် 📄

မူပိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိသည့် အမှတ်တံဆိပ်အနေဖြင့် (၁၀)နှစ် သက်တမ်းရရှိမှာဖြစ်ပြီး ဆက်လက်သက်တမ်းတိုးနိုင်ပါတယ် 👍

💁‍♂️ မူပိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိထားသည့် အမှတ်တံဆိပ်များအနေဖြင့် ၎င်းတို့၏ အမှတ်တံဆိပ်များနှင့်ပတ်သက်ပြီး အခွင့်အရေးများ၊ နစ်နာမှုများဖြစ်ပေါ်ခဲ့ပါက ဥပဒေနှင့်အညီ တောင်းဆိုရယူနိုင်မှာဖြစ်ပါတယ် ✔️

⚖️ POC Law Firm မှ လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိသော အမှတ်တံဆိပ်များနှင့်ပတ်သက်ပြီး အကြံအဥာဏ်များပေးခြင်း၊ ဥပဒေနှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်းများနှင့် ကုမ္ပဏီကိစ္စရပ်များအား ဆွေးနွေးတိုင်ပင်ပေးဖို့အသင့်ရှိနေလျက်ပါ 😊

⚜️ POC Law Firm ⚜️
( Legal Consultant & Service )

* Lago Trademark Registration
* Legal Consultant
* Civil Case
* Criminal Case
* Contract
* ကုမ္ပဏီနှင့်ပတ်သက်သည့် ကိစ္စရပ်များ
* ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကြော်ငြာခြင်း
* သတင်းစာကြော်ငြာထည့်သွင်းခြင်း
* အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ်
* ဂရန်အမည်ပေါက်ပြောင်းခြင်း
* ဂရန်ခွဲစိတ်ခြင်း

Office
(အမှတ် (၁၀၁၉)၊ ကျော်သူ (၂၁)လမ်း ၊ (၉) ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။)
ဖုန်း - 09694499779

POC Law Firm  မှ မူပိုင်ခွင့်အတွက် registration fee ပေးသွင်းပြီးသည့် မှတ်ပုံတင်ခွင့်ရရှိထားသော အမှတ်တံဆိပ်များ ဖြစ်ပါတယ်...
19/11/2024

POC Law Firm မှ မူပိုင်ခွင့်အတွက် registration fee ပေးသွင်းပြီးသည့် မှတ်ပုံတင်ခွင့်ရရှိထားသော အမှတ်တံဆိပ်များ ဖြစ်ပါတယ်။

⚜️ POC Law Firm ⚜️
( Legal Consultant & Service )

* Lago Trademark Registration
* Legal Consultant
* Civil Case
* Criminal Case
* Contract
* ကုမ္ပဏီနှင့်ပတ်သက်သည့် ကိစ္စရပ်များ
* ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကြော်ငြာခြင်း
* သတင်းစာကြော်ငြာထည့်သွင်းခြင်း
* အိမ်ခြံမြေအရောင်းအ၀ယ်စာချုပ်
* ဂရန်အမည်ပေါက်ပြောင်းခြင်း
* ဂရန်ခွဲစိတ်ခြင်း

Office
(အမှတ် (၁၀၁၉)၊ ကျော်သူ (၂၁)လမ်း ၊ (၉) ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။)
ဖုန်း - 09694499779

ဓာတ်သတ္တု(ရွှေ)ရောင်း၀ယ်ခြင်း ၀န်ဆောင်မှုလုပ်ငန်းကို အရေးကြီး၀န်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်အား ထုတ်ပြန်ခဲ့ပြီး၊ ၎င်း...
26/10/2024

ဓာတ်သတ္တု(ရွှေ)ရောင်း၀ယ်ခြင်း ၀န်ဆောင်မှုလုပ်ငန်းကို အရေးကြီး၀န်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်အား ထုတ်ပြန်ခဲ့ပြီး၊ ၎င်း၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကိုလည်း (၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ )ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်သတ္တု(ရွှေ)ရောင်း၀ယ်ခြင်း ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ပါအချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နှင့်၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အနည်းဆုံးထောင်ဒဏ် (၆)လမှ အများဆုံး ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်(၅)သိန်း ထက်မပိုသောငွေဒဏ်ကိုလည်း ချမှတ်ခြင်းခံရမှာဖြစ်​ပါတယ်။

POC Law Firm  မှ မူပိုင်ခွင့်အတွက် registration fee ပေးသွင်းပြီးသည့် မှတ်ပုံတင်ခွင့်ရရှိထားသော အမှတ်တံဆိပ်များ ဖြစ်ပါတယ်...
19/09/2024

POC Law Firm မှ မူပိုင်ခွင့်အတွက် registration fee ပေးသွင်းပြီးသည့် မှတ်ပုံတင်ခွင့်ရရှိထားသော အမှတ်တံဆိပ်များ ဖြစ်ပါတယ်။

မူပိုင်ခွင့်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ ရက်စွဲဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြေ...
03/06/2024

မူပိုင်ခွင့်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ ရက်စွဲဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ကြေညာချက်တွင် ကျွန်တော်တို့ POC Law Firm မှ မူပိုင်ခွင့်လျှောက်ထားပေးသော အမှတ်တံဆိပ်(၇)ခု ပါ၀င်လာပါတယ်။ ထိုအမှတ်တံဆိပ်များကိုလည်း POC Law Firm Page မှ ဖော်ပြပေးလိုက်ပါတယ်။

ကြေညာထားသော အမှတ်တံဆိပ်များအား ကန့်ကွက်ရာတွင် ထုတ်ပြန်ကြေညာထားသည့် နေ့ရက်မှ ရက်ပေါင်း(၆၀)အတွင်း တရား၀င်ကန့်ကွက်လျှောက်ထားနိုင်ကြောင်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၄၃ တွင် ပြဌာန်းထားပါတယ်။ကန့်သတ်ထားသည့်ရက်အတွင်း ကန့်ကွက်ခြင်းအား ဥပဒေ ပုဒ်မ ၁၃ ၊ ၁၄ တို့တွင် ဖော်ပြထားသာ အချက်များအပေါ်အခြေခံပြီး TM - 8 Form ဖြင့် မူပိုင်ခွင့်ဦးစီးဌာနသို့ ကန့်ကွက်လွှာတင်သွင်းနိုင်ပါတယ်။

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်းထုတ်ပြန်ကြေညာချက်အား မူပိုင်ခွင့်ဦးစီးဌာန၏ အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

https://ipd.gov.mm/translate/publication-for-opposition-of-trademark

02/05/2024

မူပိုင်ခွင့်ဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ မေလ (၁)ရက်နေ့ ရက်စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကြေညာချက်တွင်
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ “အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း” ပါဝင်သော အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာခြင်းအား (JOURNAL TM/2024/01 ၊ Publication Date - 01/05/2024) အား မူပိုင်ခွင့်ဦးစီးဌာန၏ Website (https://www.ipd.gov.mm/translate/publication-for-opposition-of-trademark) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။

ကြေညာထားသော အမှတ်တံဆိပ်များအား ကန့်ကွက်ရာတွင် ထုတ်ပြန်ကြေညာထားသည့် နေ့ရက်မှ ရက်ပေါင်း (၆၀)အတွင်း တရား၀င်ကန့်ကွက်လျှောက်ထားနိုင်ကြောင်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၄၃ တွင် ပြဌာန်းထားပါတယ်။ ကန့်သတ်ထားသည့် ရက်အတွင်း ကန့်ကွက်ခြင်းအား ဥပဒေ ပုဒ်မ ၁၃ ၊ ၁၄ တို့တွင် ဖော်ပြထားသော အချက်ပေါ် အ​ခြေခံပြီး TM -8 Form ဖြင့် ကန့်ကွက်လွှာတင်သွင်းနိုင်ပါတယ်။

ကျွန်တော်တို့ POC Law Firm မှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားပေးသော အမှတ်တံဆိပ်များနှင့် ယခု မူပိုင်ခွင့်ဦးစီးဌာနမှ ထုတ်ပြန်သော အမှတ်တံဆိပ်များနှင့်ပတ်သက်ပြီး ကန့်ကွက်ရန်ရှိမရှိ ကိစ္စရပ်များအား စီစစ်လျှက်ရှိ​ပါတယ်။

Online  Sales ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ကြေးများ အသိပေးကြေညာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း မှတ်ပုံတင်...
28/12/2023

Online Sales ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ကြေးများ အသိပေးကြေညာ

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီ လ (၁)ရက်နေ့မှ စတင်ပြီး သက်တမ်း (၂)နှစ်အထိ ခွင့်ပြုပေးသွားမည်ဖြစ်ပါတယ်

မူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ပိုင်ဆိုင်မှုအရ   အငြင်းပွားမှုတွေ ၊ အခွင့်အရေးအရ အငြင်းပွားမှုတွေ စသဖြင့်  တော်တော်လေး ကျ...
06/12/2023

မူပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ပိုင်ဆိုင်မှုအရ အငြင်းပွားမှုတွေ ၊ အခွင့်အရေးအရ အငြင်းပွားမှုတွေ စသဖြင့် တော်တော်လေး ကျယ်ပြန့်တဲ့ ပြဿနာတွေရှိပါတယ် 🗣

⚖️ မူပိုင်ခွင့်ဥပဒေတွေထဲမှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို အရင်ဦးဆုံး အာဏာသက်၀င်ခဲ့တာပါ။

📖 ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို (၃၀.၁.၂၀၁၉)ရင်နေ့တွင် ဥပဒေပြဌာန်းခဲ့ပြီး(၁.၄.၂၀၂၃ )ရက်နေ့မှာ အာဏာသက်၀င်ခဲ့တာပဲဖြစ်ပါတယ်။

💁‍♂️ ဒီနေ့မှာတော့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအကြောင်းကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 👇

🤵 အောင်မြင်လာတဲ့ လုပ်ငန်းတစ်ခုဟာ အတိုက်အခိုက်လည်းများသလို ပြိုင်ဆိုင်မှုတွေလည်းများပြားလှပါတယ်။ ဒါ့ကြောင့်စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုအပ်တဲ့ဥပဒေကြောင်းအရ အကာအကွယ်တွေရှိနေဖို့လည်း လိုအပ်ပါတယ်။

⚜️ အမှတ်တံဆိပ်နဲ့ပတ်သက်ပြီး လက်ရှိမှာလည်းရှုပ်ထွေးများပြားလှတဲ့ ပြဿနာ​များစွာရှိနေတယ်ဆိုတာ ငြင်းဆန်လို့ရမယ် မထင်ပါ။

📚 စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်ပိုင်ရှင် (သို့) မှတ်ပုံမတင်ထားပေမဲ့လည်း စျေးကွက်အတွင်းမှာ အမှန်တကယ်အသုံးပြုနေတဲ့ အမှတ်တံဆိပ်ပိုင်ရှင်တွေဟာ မှတ်ပုံတင်အမှတ်တံဆိပ်ဆိုင်ရာအခွင့်အရေးကို ရရှိလိုပါက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်ရန် လျှောက်ထားရမယ်လို့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေမှာ ပြဌာန်းထားပါတယ်။

⚖️ ဒီဥပဒေအရ မှတ်ပုံတင်မှ အမှတ်တံဆိပ်နဲ့ဆိုင်တဲ့ အခွင့်အရေးများကို ရရှိကြမှာဖြစ်ပါတယ်။ ဦးစွာမှတ်ပုံတင်ထားတဲ့သူက ၎င်း၏အမှတ်တံဆိပ်ဆိုင်ရာ မူပိုင်ခွင့်အခွင့်အရေးကို ရရှိမှာပဲဖြစ်ပါတယ်။

💡အဲ့လိုမှတ်ပုံတင်ရင် ဘယ်လိုအခွင့်အရေးတွေ ရရှိမှာလဲ ? 👇

⚜️ အမှတ်တံဆိပ်ပိုင်ရှင်ရဲ့ သဘောတူညီမှုမရရှိဘဲ အခြားသူတစ်ဦးက ထပ်တူ (သို့) အလားတူသော အမှတ်တံဆိပ်ကို ထပ်တူ (သို့) အလားတူသော ကုန်ပစ္စည်း (သို့ ) ၀န်ဆောင်မှုများမှာ အသုံးပြုပြီး ကုန်သွယ်မှုပြုရာတွင် အများပြည်သူထင်ယောင် ထင်မှားဖြစ်စေပါက ကာကွယ်တားဆီးခွင့် ရရှိမှာဖြစ်ပါတယ်။

⚜️ မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်ဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်သူအား ပြစ်မှုကြောင်းအရဖြစ်စေ ၊ တရားမကြောင်းအရဖြစ်စေ ၊ နှစ်ရပ်လုံးအရဖြစ်စေ တရားစွဲဆိုခွင့်ကိုလည်း ခွင့်ပြုပေးထားပါတယ်။

well know mark ?👇
--------------------------

မှတ်ပုံတင်ထားတဲ့ ​ကျော်ကြားတဲ့ အမှတ်တံဆိပ်(well know mark) နှင့် ထပ်တူ (သို့) အလားတူသော အမှတ်တံဆိပ်ကို မတူညီသော ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုများတွင် အမှတ်တံဆိပ်ပိုင်ရှင်ရဲ့ သဘောတူညီချက်မရှိဘဲ ကုန်သွယ်မှုပြုရာတွင် အသုံးပြုခြင်းကို ကာကွယ်တားဆီးခွင့်ရှိပါတယ်။

💁‍♂️ ကျော်ကြားတဲ့ အမှတ်တံဆိပ်(well know mark) နဲ့ ပတ်သက်ပြီး မတူညီတဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုတွေမှာလည်း အကာအကွယ်ရရှိမှာဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သတိထားရမယ့် အချက်တစ်ခုလည်း ဖြစ်ပါတယ်။

👉 ကျော်ကြားတဲ့ အမှတ်တံဆိပ် (well know mark)ရဲ့ အခွင့်အရေးတစ်ရပ်ဆိုလည်း မမှားပါဘူး။

💡ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေရဲ့ ခြွင်းချက်အနေနဲ့ ကင်းလွှတ်ခွင့်ရတဲ့ အမှတ်တံဆိပ်တွေကတော့ ဥပဒေမှာ📖👇

⚜️ အစိုးရဌာန နှင့် တရား၀င်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုခုက စီးပွားရေးအလို့ဌာမဟုတ်ဘဲ နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေနှင့် အများပြည်သူ ဘေးအန္တရာယ်ကိစ္စရပ်များတွင် အမှတ်တံဆိပ်ပါရှိသည့် ကုန်ပစ္စည်းတစ်ခုခုကို အများပြည်သူအကျိုးအတွက် အသုံးပြုခြင်းနှင့် မသက်ဆိုင်စေရ လို့ ဥပဒေမှာပြဌာန်းထားပါတယ်။

👉 ဒီအချက်ကိုတော့ ကင်းလွှတ်ခွင့်ပေးထားတာပါ။

ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်း (သို့ ) ၀န်ဆောင်မှု စတဲ့အမှတ်တံဆိပ်တွေကို မှတ်ပုံတင်ထားဖို့ အကြုံပြုသုံးသပ်ရင်း မူပိုင်ခွင့်နဲ့ပတ်သက်တာတွေကို ဆက်လက်ရေးသား ဖော်ပြပေးသွားပါအုန်းမည် 😊


09 694499779

စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သော လျှောက်လွှာပုံစံများသတ်မှတ်...
27/10/2023

စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သော လျှောက်လွှာပုံစံများသတ်မှတ်လိုက်ပါပြီ။ အဆိုပါဥပဒေကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာတည်မှာဖြစ်ပါတယ်။

တရားမ၀င်ကြော်ငြာရောင်းချနေမှုများနှင့်ပတ်သက်၍ အများပြည်သူသို့အသိပေးကြေညာချက်သွင်းကုန်ထောက်ခံချက်မှတ်ပုံတင်ထားခြင်းမရှိသေ...
24/10/2023

တရားမ၀င်ကြော်ငြာရောင်းချနေမှုများနှင့်ပတ်သက်၍ အများပြည်သူသို့အသိပေးကြေညာချက်

သွင်းကုန်ထောက်ခံချက်မှတ်ပုံတင်ထားခြင်းမရှိသော အစားအသောက်များကို၀ယ်ယူစားသုံးခြင်းမပြုကြရန် နှင့် ဆင်ခြင်သုံးစွဲနိုင်ပါရန်အတွက်​အသိပေးကြေညာ

အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃ ထုတ်ပြန်ချက်အရ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတ...
24/10/2023

အမိန့်ကြော်ငြာစာအမှတ် ၂၁၇/၂၀၂၃ ထုတ်ပြန်ချက်အရ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်အာဏာတည်မှာဖြစ်ပါတယ်။

Address

No(164/5), Thanthumar Road, (24) Ward, Thingangyun Township (Thuwana)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 12:00

Telephone

+959694499779

Website

Alerts

Be the first to know and let us send you an email when POC Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to POC Law Firm:

Share