Shaya Legal Solutions

Shaya Legal Solutions Your Legal Peace of Mind Starts Here- Trust Our Expertise!

စိန်ခေါ်မှုတွေကြားထဲက အခွင့်အလမ်းကို ဘယ်လိုရှာမလဲ? 💡 ဥပဒေပိုင်းဆိုင်ရာတွေဘဲ တင်ပေးရင် ငြီးငွေ့သွားမှာစိုးလို့ မင်မင်ဖတ်ဖ...
23/05/2026

စိန်ခေါ်မှုတွေကြားထဲက အခွင့်အလမ်းကို ဘယ်လိုရှာမလဲ? 💡

ဥပဒေပိုင်းဆိုင်ရာတွေဘဲ တင်ပေးရင် ငြီးငွေ့သွားမှာစိုးလို့ မင်မင်ဖတ်ဖြစ်တဲ့ထဲက စာရေးဆရာ Ryan Holiday ရေးသားထားတဲ့ The Obstacle is the way ဆိုတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ 📖📚ဗဟုသုတရဖွယ်စာအုပ်လေး အကြောင်းကိုလည်း တင်ဆက်ပေးချင်ပါတယ် 🥰❤️

ဘဝမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ ကိုယ်မမျှော်လင့်ထားတဲ့ အတားအဆီးတွေ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီအခါမှာ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ရမလား၊ ဒါမှမဟုတ် ရှေ့ဆက်ဖို့ နည်းလမ်းရှာမလား?

ရောမခေတ်က စတိုးဝါဒ (Stoicism) ဒဿနကို အခြေခံပြီး ရေးသားထားတဲ့ Ryan Holiday ရဲ့The Obstacle Is the Way (အခက်အခဲသည်သာ လမ်းစ)ဆိုတဲ့ စာအုပ်က အကျပ်အတည်းတွေကို အောင်မြင်မှုခြေလှမ်းတွေအဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာ မဏ္ဍိုင်ကြီး (၃) ခုနဲ့ လမ်းညွှန်ပေးထားပါတယ်။ ⚖️✨

👁️ ၁။ Perception (အမြင် သို့မဟုတ် ရှုထောင့်ကို ထိန်းချုပ်ခြင်း)

ပြဿနာတစ်ခု ကြုံလာတဲ့အခါ အဲဒီအရာက ကိုယ့်ကို ဒုက္ခပေးတာထက်၊ အဲဒီအပေါ် ကိုယ့်ရဲ့ "စိတ်အမြင်" က ဘယ်လိုရှိလဲဆိုတာက ပိုအရေးကြီးပါတယ်။

ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ပါ။ စိတ်ခံစားချက် (ဒေါသ၊ ထိတ်လန့်မှု) ကို အရင်ဖယ်ပြီး အခြေအနေကို အရှိကိုအရှိအတိုင်း အေးအေးဆေးဆေး သုံးသပ်ပါ။

ကိုယ် "ထိန်းချုပ်နိုင်တဲ့အရာ" (ကိုယ့်ရဲ့ အတွေးနဲ့ တုံ့ပြန်မှု) ကိုပဲ အာရုံစိုက်ပြီး ကိုယ် "မထိန်းချုပ်နိုင်တဲ့အရာ" (အခြေအနေ၊ အခြားသူများ၏ လုပ်ရပ်) အတွက် အချိန်အကုန်မခံပါနဲ့။

🏃‍♂️ ၂။ Action (မှန်ကန်တဲ့ လက်တွေ့လုပ်ဆောင်ချက်)
မှန်ကန်တဲ့ အမြင်ရှိရုံနဲ့ မလုံလောက်ပါဘူး။ ဇွဲရှိရှိနဲ့ စနစ်တကျ ချက်ချင်း လက်တွေ့လုပ်ဆောင်ဖို့ လိုပါတယ်။

ကြီးမားတဲ့ ပြဿနာကြီးတစ်ခုလုံးကို တစ်ပြိုင်နက် ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ ဒီနေ့၊ ဒီအချိန်မှာ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲ ခြေလှမ်းလေးတွေကို တစ်ဆင့်ချင်းစီ ဖြိုဖျက်သွားရပါမယ်။

အခက်အခဲတွေဟာ ဘာက အလုပ်မဖြစ်ဘူးလဲဆိုတာကို ပြပေးတဲ့ တန်ဖိုးရှိတဲ့ Feedback တွေသာ ဖြစ်ပါတယ်။

⚓ ၃။ Will (အတွင်းစိတ် ကြံ့ခိုင်မှု)

အချို့သော အခက်အခဲတွေ (ဥပမာ- ရာသီဥတု၊ စီးပွားပျက်ကပ်၊ ကံကြမ္မာ အလှည့်အပြောင်း) ကတော့ ကျွန်တော်တို့ ဘယ်လိုပဲ အားထုတ်ထုတ် ပြောင်းလဲလို့ မရပါဘူး။

ပြောင်းလဲလို့မရတဲ့ အခြေအနေတွေကို ငြင်းဆန်မနေဘဲ လက်ခံလိုက်ပါ။ ပြီးရင် ထိုအခြေအနေထဲကနေ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲဆိုတာကိုပဲ စိတ်ပိုင်းဖြတ်ပါ။

လုပ်ဆောင်ချက်ကို ပိတ်ဆို့ထားတဲ့ အရာကပဲ လုပ်ဆောင်ချက်ကို ရှေ့တိုးစေတယ်။ လမ်းမှာပိတ်နေတဲ့ အတားအဆီးဟာ နောက်ဆုံးတော့ လမ်းကြောင်းအသစ် ဖြစ်လာတာပါပဲ။

ဥပဒေအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း

အမှုအခင်းတစ်ခု၊ ပြဿနာတစ်ခု ကြုံလာရတဲ့အခါ ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ (Obstacles) ဆိုတာ ရှိစမြဲပါ။ ဒါပေမဲ့ ထိုစိန်ခေါ်မှုတွေကို သေချာလေ့လာပြီး ဓမ္မဓိဋ္ဌာန်ကျကျ တုံ့ပြန်နိုင်မယ်ဆိုရင် အဲဒီအခက်အခဲကပဲ သင့်အတွက် အကောင်းဆုံး လမ်းစ (The Way) ဖြစ်လာနိုင်ပါတယ်။

ဒီနေ့ကစပြီး ကြုံလာရသမျှ အခက်အခဲတိုင်းကို "ငါ့ကို ဒုက္ခပေးမယ့်အရာ" လို့ မမြင်ဘဲ "ငါ့ကို ပိုရင့်ကျက် သန်မာစေမယ့် လမ်းစ" အဖြစ် ပြောင်းလဲရှုမြင်ကြည့်လိုက်ကြရအောင်နော်။ 👋

23/05/2026

အပိုင်း (၂)
————————————————
ဘယ်အချိန်မှာ ကုမ္ပဏီထောင့်သင့်သလဲ ?
ကုမ္ပဏီထောင်ပြီးရင် လိုက်နာရမယ့်အချက်များ

Business License နဲ့ Company Registration ရဲ့
ကွာခြားချက်၊ အားသာချက်/အားနည်းချက်တွေကို
အပိုင်း (၃) ပိုင်း ခွဲပြီး တင်ဆက်ပေးပါမယ်ရှင့် အလွယ်ဆုံးနည်းလမ်းနဲ့ ရှင်းပြထားပါတယ် 👩‍⚖️✨

လုပ်ငန်းမစခင် သိထားသင့်တဲ့ Legal Tips တွေပါနော် 📚

💬 ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာပိုသင့်လဲ comment မှာပြောခဲ့ပါ👇






17/05/2026

📌 စီးပွားရေးစလုပ်တော့မယ်ဆိုရင်
လုပ်ငန်းလိုင်စင်ပဲယူမလား? 🤔
ဒါမှမဟုတ် ကုမ္ပဏီထောင်သင့်လား? 🏢

Business License နဲ့ Company Registration ရဲ့
ကွာခြားချက်၊ အားသာချက်/အားနည်းချက်တွေကို
အပိုင်း (၃) ပိုင်း ခွဲပြီး တင်ဆက်ပေးပါမယ်ရှင့် အလွယ်ဆုံးနည်းလမ်းနဲ့ ရှင်းပြထားပါတယ် 👩‍⚖️✨

လုပ်ငန်းမစခင် သိထားသင့်တဲ့ Legal Tips တွေပါနော် 📚

💬 ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာပိုသင့်လဲ comment မှာပြောခဲ့ပါ👇






📌 သင့်ကုမ္ပဏီ "Struck Off" ဖြစ်သွားပြီလား? ကုမ္ပဏီအမည်ကို အပြီးပိုင်မဆုံးရှုံးစေဖို့ အမြန်ဆုံး ဆောင်ရွက်ပါ။မြန်မာနိုင်ငံ...
07/05/2026

📌 သင့်ကုမ္ပဏီ "Struck Off" ဖြစ်သွားပြီလား?

ကုမ္ပဏီအမည်ကို အပြီးပိုင်မဆုံးရှုံးစေဖို့ အမြန်ဆုံး ဆောင်ရွက်ပါ။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ Annual Return (AR) တင်သွင်းရန် ဆက်တိုက်ပျက်ကွက်ခြင်း သို့မဟုတ် ဥပဒေပါ လိုက်နာရမည့်အချက်များကို မဆောင်ရွက်ခြင်းကြောင့် DICA မှ သင့်ကုမ္ပဏီကို Struck Off (မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း) ပြုလုပ်နိုင်ပါသည်။

⚠️ Struck Off ဖြစ်သွားပါက ကြုံတွေ့ရမည့် အခက်အခဲများ

🔸 ကုမ္ပဏီသည် တရားဝင်အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ပါ။
🔸 ကုမ္ပဏီအမည်ဖြင့် ဖွင့်လှစ်ထားသော ဘဏ်အကောင့်များ အသုံးပြု၍မရတော့ဘဲ ငွေကြေးစီးဆင်းမှု ရပ်တန့်သွားနိုင်ပါသည်။
🔸 ကုမ္ပဏီအမည်ဖြင့်ရှိသော မြေ၊ အဆောက်အဦးနှင့် အခြားပိုင်ဆိုင်မှုများကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် အာမခံထားခြင်းများ ပြုလုပ်၍မရနိုင်ပါ။
🔸 ကုမ္ပဏီကို DICA စနစ်မှ ဖယ်ရှားခံရသော်လည်း ဒါရိုက်တာများ၏ ပေးရန်တာဝန် (Liabilities) များမှာ ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

✅ အဖြေရှိပါသည် - ကုမ္ပဏီကို ပြန်လည်အသက်သွင်းနိုင်ပါသည်

သင့်ကုမ္ပဏီ "Struck Off" ဖြစ်သွားခဲ့လျှင် ကုမ္ပဏီအမည်ကို အပြီးပိုင် အဆုံးရှုံးမခံပါနှင့်။

Shaya Legal Solutions မှ လူကြီးမင်းတို့၏ ကုမ္ပဏီကို DICA စာရင်းတွင် Active ပြန်ဖြစ်လာစေရန် Re-registration (ကုမ္ပဏီပြန်လည်မှတ်ပုံတင်ခြင်း) လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာ ကူညီဆောင်ရွက်ပေးနေပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

🔸 Court Order (တရားရုံးအမိန့်) လိုအပ်သော လုပ်ငန်းစဉ်များအတွက် အကြံပေးခြင်းနှင့် ဆောင်ရွက်ပေးခြင်း။
🔸 DICA တွင် လိုအပ်သော Application များ တင်သွင်းပေးခြင်း။
🔸 နောက်ကျကြေး (Fine) နှင့် ပျက်ကွက်မှုများကို စနစ်တကျ ပြန်လည်ဖြေရှင်းပေးခြင်း။
🔸 နောင်တွင် "Struck Off" ထပ်မံမဖြစ်စေရန် Compliance စစ်ဆေးပေးခြင်း။

🛡️ ယုံကြည်စိတ်ချရသော ရှေ့နေများနှင့် ဥပဒေအကြံပေးများက အနီးကပ် ဝန်ဆောင်မှုပေးနေပါသည်။

ဆက်သွယ်လိုပါက

☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑

တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

📌 မြန်မာကုမ္ပဏီများအတွက် Annual Return (AR) တင်သွင်းရန် အရေးကြီးမှုမြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ (Myanmar Companies ...
07/05/2026

📌 မြန်မာကုမ္ပဏီများအတွက် Annual Return (AR) တင်သွင်းရန် အရေးကြီးမှု

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ (Myanmar Companies Law 2017) အရ မှတ်ပုံတင်ထားသော ကုမ္ပဏီတိုင်းသည် နှစ်စဉ် Annual Return (AR)ကို သတ်မှတ်ရက်အတွင်း မဖြစ်မနေ တင်သွင်းရမည် ဖြစ်ပါသည်။

🔍 Annual Return (AR) ဆိုသည်မှာ အဘယ်နည်း?

AR ဆိုသည်မှာ ကုမ္ပဏီ၏ လက်ရှိအခြေအနေများဖြစ်သော ဒါရိုက်တာအဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ရုံးချုပ်လိပ်စာနှင့် အခြေခံစာရင်းအချက်အလက်များ ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ထံသို့ နှစ်စဉ် Update ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။

✅ AR တင်သွင်းခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

🔸ဥပဒေနှင့်အညီ လုပ်ငန်းလည်ပတ်နေကြောင်း သက်သေပြနိုင်ခြင်း။
🔸DICA စာရင်းတွင် လုပ်ငန်းလည်ပတ်နေသော (Active) ကုမ္ပဏီအဖြစ် အမြဲရှိနေစေခြင်း။
🔸ဘဏ်လုပ်ငန်းများ၊ အစိုးရတင်ဒါများနှင့် အခြားစီးပွားရေးမိတ်ဖက်များနှင့် ချိတ်ဆက်ရာတွင် ကုမ္ပဏီ၏ Profile ခိုင်မာစေခြင်း။
🔸နောင်တွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့် Partnership များ တည်ဆောက်ရာတွင် အဟန့်အတားမရှိစေခြင်း။

⚠️ တင်သွင်းရန် သတ်မှတ်ကာလနှင့် သတိပြုရန်အချက်များ

AR ကို ကုမ္ပဏီတည်ထောင်သည့်နေ့ (Incorporation Date) မှစ၍ နှစ်ပတ်လည်နေ့အပြီး (၂) လအတွင်းတင်သွင်းရပါမည်။

တစ်နှစ်လျှင် (၁) ကြိမ် ပုံမှန်တင်သွင်းရန် လိုအပ်ပြီး ပျက်ကွက်၍ မရပါ။

❌ AR မတင်သွင်းပါက ကြုံတွေ့ရမည့် ဆိုးကျိုးများ
သတ်မှတ်ရက်ထက် နောက်ကျခြင်း သို့မဟုတ် ပျက်ကွက်ခြင်းများရှိပါက အောက်ပါအတိုင်း ဖြစ်ပေါ်နိုင်ပါသည် -

🔸 သတ်မှတ်ထားသော ဒဏ်ကြေးများ ပေးဆောင်ရခြင်း။

🔸 ကုမ္ပဏီ၏ အခြေအနေမှာ "Suspended" သို့မဟုတ် "Strike Off" (စာရင်းမှ ပယ်ဖျက်ခြင်း) ဖြစ်သွားနိုင်ခြင်း။

🔸 ကုမ္ပဏီအမည် ပျက်သွားနိုင်ပြီး အခြားသူများက ထိုအမည်ကို ရယူသွားနိုင်ခြင်း။

🔸 ကုမ္ပဏီဘဏ်အကောင့်များ အသုံးပြု၍မရတော့ခြင်းနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်ခြင်း။

💼 Shaya Legal Solutions မှ လူကြီးမင်းတို့၏ ကုမ္ပဏီအတွက် ကူညီပေးနိုင်ပါသည်။

သင့်ကုမ္ပဏီ၏ တရားဝင်ရပ်တည်မှု ခိုင်မာနေစေရန် ကျွန်ုပ်တို့မှ အောက်ပါဝန်ဆောင်မှုများကို အမြန်ဆုံးနှင့် အတိကျဆုံး ဆောင်ရွက်ပေးနေပါသည်။

✅Annual Return (AR)တင်သွင်းခြင်း ဝန်ဆောင်မှု
✅ Company Compliance ဆိုင်ရာ ဥပဒေအကြံပေးခြင်း
✅ DICAနှင့် သက်ဆိုင်သော ကိစ္စရပ်များအားလုံးကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးခြင်း

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

#မြန်မာကုမ္ပဏီများဥပဒေ #ကုမ္ပဏီမှတ်ပုံတင် #စီးပွားရေး #မြန်မာလုပ်ငန်းရှင်များ #ဥပဒေအကြံပေး

အခွန်ပေးဆောင်ဖို့ ရက်ချိန်းနီးနေပြီနော်! ‼️🚨🔔၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အခွန်ရှင်းလင...
01/05/2026

အခွန်ပေးဆောင်ဖို့ ရက်ချိန်းနီးနေပြီနော်! ‼️🚨🔔

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အခွန်ရှင်းလင်းနိုင်ပါပြီ။

လုပ်ငန်းရှင်အများစု ကြုံတွေ့နေရတဲ့ အခွန်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေပါသလား?

❓ ဒီနှစ်ထဲမှာ အလုပ်သိပ်မရှိဘူး (ဒါမှမဟုတ်) ရှုံးနေတယ်၊ အခွန်ဆောင်ဖို့ လိုဦးမလား?

❓ ငါတို့လုပ်ငန်းက အခွန်ဘယ်လောက်ထိ ဆောင်ရမှာလဲ? ပိုဆောင်လိုက်ရမလား?

❓ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွန်သက်သာခွင့်တွေကိုရော အပြည့်အဝ ရရှိရဲ့လား?

❓စာရင်းဇယားတွေ မပြည့်စုံလို့ အခွန်ရုံးမှာ အခက်အခဲဖြစ်ရင် ဘယ်လိုလုပ်မလဲ?

❓ Deadline ကျော်သွားရင် ဒဏ်ကြေးတွေက ဘယ်လောက်ထိ များသွားနိုင်မလဲ?

❓ လုပ်ငန်းလိုင်စင် သက်တမ်းတိုးဖို့အတွက် Tax Clearance က ဘယ်လိုအရေးကြီးတာလဲ?

ဒီလိုမေးခွန်းတွေနဲ့ စိုးရိမ်မှုတွေအတွက် လူကြီးမင်းတို့ ကိုယ်တိုင် အချိန်ကုန်ခံ စဉ်းစားမနေပါနဲ့တော့။

Shaya Legal Solution ရဲ့ ကျွမ်းကျင်တဲ့ ရှေ့နေများနှင့် အခွန်ပညာရှင်များက လူကြီးမင်းတို့ရဲ့ လုပ်ငန်းသဘာဝအလိုက် အကောင်းဆုံး အဖြေထုတ်ပေးဖို့ အသင့်ရှိနေပါတယ်။

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ အခြားအခွန်ကိစ္စရပ်တွေကို နောက်ဆုံးရက်ကျော်လွန်သွားပြီး ဒဏ်ကြေးတွေ မဖြစ်ပေါ်ရအောင် Shaya Legal Solution က အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။

✅ စာရင်းဇယားတိကျမှု
✅ ဥပဒေနဲ့အညီ အခွန်သက်သာခွင့်များ ရရှိစေမှု
✅ အချိန်ကုန်သက်သာပြီး စိတ်ချရမှု

လုပ်ငန်းရှင်ကြီးများနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (Tax Clearance) ကိစ္စရပ်တွေကို ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်လိုက်ပါ။

⚠️ ဒဏ်ကြေးတွေ မထိရအောင် အခုပဲ ဆက်သွယ်လိုက်တော့နော် 🙋🏻‍♀️

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

#အခွန်ဆိုင်ရာဝန်ဆောင်မှု #ဝင်ငွေခွန် #မြန်မာ့ဥပဒေအကျိုးဆောင် #အခွန်ရှင်းလင်းခြင်း

30/04/2026

ဂုဏ်ယူရပါသော မှတ်တိုင်တစ်ခု... ✨

မော်ဒယ်နှင့် သရုပ်ဆောင် Thandar Boo နှင့် ချုပ်ဆိုသည့် ကြော်ငြာဝန်ဆောင်မှုစာချုပ်အတွက် Shaya Legal Solutions မှ ဥပဒေရေးရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

ကျွန်မတို့ကို အမြဲယုံကြည်ပြီး အားပေးတဲ့ လုပ်ငန်းရှင်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ဒီ့ထက်မက အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့နဲ့ ခိုင်မာတဲ့ စာချုပ်စာတမ်းများ ရရှိစေဖို့ Shaya Legal Solutions က အသင့်ရှိနေမှာပါ။ 🫶

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

⚖️ စီးပွားရေးလုပ်ငန်းသုံး ပဋိညာဉ်အက်ဥပဒေ (The Contract Act for Business Use)စီးပွားရေးလောကမှာ "ကတိ" ဆိုတာထက် "စာချုပ်" ဆ...
27/04/2026

⚖️ စီးပွားရေးလုပ်ငန်းသုံး ပဋိညာဉ်အက်ဥပဒေ (The Contract Act for Business Use)

စီးပွားရေးလောကမှာ "ကတိ" ဆိုတာထက် "စာချုပ်" ဆိုတာက ပိုပြီး အရေးကြီးပါတယ်။

ပဋိညာဉ်အက်ဥပဒေဟာ လုပ်ငန်းရှင်အချင်းချင်း ကြုံတွေ့ရနိုင်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်တဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။

၁။ ပဋိညာဉ် (Contract) ဆိုတာ ဘာလဲ?

လူနှစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းနှစ်ခုအကြား အပြန်အလှန် လိုက်နာဆောင်ရွက်ဖို့ ကတိပြုထားတဲ့အချက်တွေကို ဥပဒေအရ အတည်ပြုနိုင်ရင် ၎င်းကို ပဋိညာဉ်လို့ ခေါ်ပါတယ်။

ဥပဒေအရ အတည်မပြုနိုင်တဲ့ ကတိတွေဟာ ပဋိညာဉ် မမြောက်ပါဘူး။

၂။ ခိုင်မာတဲ့ စာချုပ်တစ်ခု ဖြစ်လာစေဖို့ အဓိကအချက် (၅) ချက် 🏗️

စီးပွားရေးစာချုပ်တစ်ခု ချုပ်ဆိုတော့မယ်ဆိုရင် ဒီအချက်တွေ ပြည့်စုံရပါမယ် ✅

✔️ကမ်းလှမ်းခြင်းနှင့် သဘောတူခြင်း (Offer & Acceptance)

တစ်ဦးက ကမ်းလှမ်းချက်ကို တိတိကျကျပြုလုပ်ရမှာဖြစ်ပြီး နောက်တစ်ဦးကလည်း မည်သည့်ကန့်သတ်ချက်မှမထားဘဲ လက်ခံရပါမယ်။

✔️ ပစ္စည်း သို့မဟုတ် ငွေကြေး အပြန်အလှန်ပေးရန်ရှိခြင်း (Consideration)

အလကားပေးတာမျိုးမဟုတ်ဘဲ အပြန်အလှန် အကျိုးခံစားခွင့် (ဥပမာ - ကုန်ပစ္စည်းပေး၍ ငွေယူခြင်း) ပါဝင်ရပါမယ်။

✔️ ဆောင်ရွက်နိုင်စွမ်းရှိသူများဖြစ်ခြင်း (Capacity)

စာချုပ်ချုပ်ဆိုသူဟာ အသက် (၁၈) နှစ်ပြည့်သူ၊ စိတ်ကျန်းမာသူနဲ့ ဥပဒေအရ စာချုပ်ချုပ်ဆိုခွင့် ပိတ်ပင်ခံထားရသူ မဖြစ်စေရပါဘူး။

✔️လွတ်လပ်သော သဘောတူညီချက် (Free Consent)

ခြိမ်းခြောက်ခြင်း၊ လိမ်လည်ခြင်း၊ အတင်းအဓမ္မ စေခိုင်းခြင်းမျိုးမရှိဘဲ မိမိအသိစိတ်နဲ့ မိမိ သဘောတူညီရပါမယ်။

✔️ တရားဝင်သော ရည်ရွယ်ချက် (Lawful Object)

လုပ်ကိုင်တဲ့ စီးပွားရေးဟာ တရားမဝင်တဲ့အလုပ် (ဥပမာ - မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း) မဖြစ်ရပါဘူး။

၃။ စီးပွားရေးလုပ်ငန်းတွေမှာ ဘာကြောင့် စာချုပ်ချုပ်သင့်သလဲ? 🛡️

❇️ တာဝန်ဝတ္တရားများ ရှင်းလင်းခြင်း ဘယ်သူက ဘာလုပ်ပေးရမယ်၊ ဘယ်အချိန်မှာ ငွေပေးရမယ်ဆိုတာ တိကျစေပါတယ်။

❇️ အငြင်းပွားမှု လျော့နည်းခြင်း စကားနဲ့ပြောတာထက် စာနဲ့မှတ်တမ်းရှိတဲ့အတွက် နားလည်မှုလွဲတာတွေကို ကာကွယ်နိုင်ပါတယ်။

❇️ တရားစွဲဆိုပိုင်ခွင့်ရှိခြင်း

တစ်ဖက်က စာချုပ်ပါအတိုင်း မလိုက်နာရင် တရားရုံးမှာ နစ်နာကြေး (Damages) တောင်းဆိုနိုင်ပါတယ်။

၄။ စာချုပ်ပျက်ပြယ်ခြင်း (Breach of Contract) ⚠️

စာချုပ်ပါ အချက်အလက်တစ်ခုခုကို မလိုက်နာရင် စာချုပ်ပျက်ပြယ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီအခါမှာ
နစ်နာသူက စာချုပ်ကို ဆက်လက်မတည်မြဲစေဘဲ ရပ်စဲပိုင်ခွင့် ရှိပါတယ်။

ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုအတွက် နစ်နာကြေး တောင်းခံနိုင်ပါတယ်။

💡 အကြံပြုချက်

စီးပွားရေးလုပ်ငန်းသုံး စာချုပ်တွေချုပ်ဆိုတဲ့အခါ "အဆင်ပြေမှာပါ" ဆိုတဲ့ စိတ်နဲ့ စကားအတိုင်း မယုံကြည်ပါနဲ့။ စကားနောက် တရားပါဆိုသလိုပဲ မိမိရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဥပဒေနဲ့အညီ မှန်ကန်တဲ့ စာချုပ်စာတမ်းတွေကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးမှ ချုပ်ဆိုကြပါလို့ တိုက်တွန်းအပ်ပါတယ်။

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

🏠 အိမ်ခြံမြေ ဗဟုသုတ (Series) - အပိုင်း (၈)📜 ကိုယ်စားလှယ်လွှဲအပ်ခြင်း (GP/SP) အကြောင်း သိကောင်းစရာအိမ်ခြံမြေ အရောင်းအဝယ်လ...
26/04/2026

🏠 အိမ်ခြံမြေ ဗဟုသုတ (Series) - အပိုင်း (၈)

📜 ကိုယ်စားလှယ်လွှဲအပ်ခြင်း (GP/SP) အကြောင်း သိကောင်းစရာ

အိမ်ခြံမြေ အရောင်းအဝယ်လောကမှာ "Power" လို့ လူသိများတဲ့ ကိုယ်စားလှယ်လွှဲစာဟာ အလွန်အသုံးဝင်သလို၊ စနစ်တကျ အသုံးမချတတ်ရင်လည်း အလွန်အန္တရာယ်များတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။

မိမိကိုယ်တိုင် မဆောင်ရွက်နိုင်တဲ့အခါ တခြားသူတစ်ဦးကို မိမိကိုယ်စား လုပ်ပိုင်ခွင့်ပေးအပ်ခြင်းအကြောင်းကို ဥပဒေအရ ရှင်းလင်းတင်ပြပေးပါမယ်။

၁။ GP နှင့် SP ဘာကွာသလဲ? 🤔

General Power (GP) အထွေထွေကိုယ်စားလှယ်လွှဲစာဆိုတာ မိမိပိုင်ဆိုင်တဲ့ အိမ်ခြံမြေအားလုံး သို့မဟုတ် ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲခွင့်၊ ရောင်းချခွင့်၊ အမည်ပြောင်းခွင့် စတဲ့ လုပ်ပိုင်ခွင့်အစုံအလင်ကို လွှဲအပ်ခြင်းဖြစ်ပါတယ်။

Special Power (SP) အထူးကိုယ်စားလှယ်လွှဲစာ
သတ်မှတ်ထားတဲ့ အိမ်ခြံမြေ တစ်ခုတည်းအတွက်သာ ဖြစ်စေ၊ သတ်မှတ်ထားတဲ့ ကိစ္စတစ်ခု (ဥပဒေအရ ရင်ဆိုင်ရန် သို့မဟုတ် အမည်ပြောင်းရန်) အတွက်သာဖြစ်စေ ကန့်သတ်ပြီး လွှဲအပ်ခြင်းဖြစ်ပါတယ်။

၂။ Power ပေးအပ်ရာတွင် သတိပြုရန် အချက်များ ⚠️

ယုံကြည်စိတ်ချရသူဖြစ်ပါစေ။ GP/SP ပေးလိုက်ပြီဆိုတာနဲ့ ထိုသူဟာ သင့်ကိုယ်စား ပစ္စည်းကို ရောင်းချတာ၊ ပေါင်နှံတာတွေ လုပ်နိုင်သွားပြီဖြစ်လို့ အလွန်ယုံကြည်ရသူကိုသာ လွှဲအပ်သင့်ပါတယ်။

မှတ်ပုံတင်ရုံးတွင် ပြုလုပ်ပါ။ တရားဝင်ခိုင်မာစေဖို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ရှေ့နေနဲ့တကွ စနစ်တကျ မှတ်ပုံတင်ပြုလုပ်ရပါမယ်။

သက်တမ်းရှိ၊ မရှိ စစ်ဆေးပါ။ Power လွှဲပေးသူ (Principal) ကွယ်လွန်သွားရင် ဖြစ်စေ၊ စိတ်ပေါ့သွပ်သွားရင်ဖြစ်စေ၊ လူမွဲစာရင်း ခံလိုက်ရရင်ဖြစ်စေ ထို Power ဟာ အလိုအလျောက် ပျက်ပြယ်သွားပါတယ်။

၃။ Power ဖြင့် ဝယ်ယူသူများအတွက် သတိပေးချက် 🛡️

အိမ်ခြံမြေဝယ်တဲ့အခါ အမည်ပေါက်ကိုယ်တိုင်မဟုတ်ဘဲ Power ကိုင်ဆောင်သူဆီက ဝယ်ယူမယ်ဆိုရင် -

1. ထို Power သည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး က ထုတ်ပေးထားတဲ့ အစစ်အမှန် ဟုတ်၊ မဟုတ်။

2. Power ပေးသူ (မူလပိုင်ရှင်) သည် သက်ရှိထင်ရှား ရှိနေဆဲ ဟုတ်၊ မဟုတ်။

3. ထို Power ကို ရုပ်သိမ်းထားခြင်း ရှိ၊ မရှိ (Revocation) တို့ကို သေချာစုံစမ်းစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပါတယ်။

၄။ Power ကို ပြန်လည်ရုပ်သိမ်းခြင်း 🚫

မိမိပေးထားတဲ့ ကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တယ်လို့ ယူဆရင်ဖြစ်စေ၊ ကိစ္စပြီးမြောက်သွားလို့ဖြစ်စေ ဥပဒေအရ "ပြန်လည်ရုပ်သိမ်းလွှာ" ချုပ်ဆိုပြီး သတင်းစာမှာ တရားဝင် ကြေညာရုပ်သိမ်းနိုင်ပါတယ်။

နိဂုံးချုပ် အကြံပြုချက် ⚖️

အိမ်ခြံမြေဝယ်ယူရာမှာ Power တစ်ခုတည်းနဲ့တင် ကျေနပ်မနေပါနဲ့။ Power ဟာ ပိုင်ဆိုင်မှု စာရွက်စာတမ်း မဟုတ်ဘဲ "ကိုယ်စားဆောင်ရွက်ခွင့်" သာ ဖြစ်တာကြောင့် အမြန်ဆုံး "မှတ်ပုံတင်အရောင်းအဝယ်စာချုပ်" ချုပ်ဆိုပြီး မိမိအမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

ဒီအချက်အလက်တွေက လူကြီးမင်းတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

#ကိုယ်စားလှယ်လွှဲစာ #ဥပဒေဗဟုသုတ #ရှေ့နေ

🏠 အိမ်ခြံမြေ ဗဟုသုတ (Series) - အပိုင်း (၇)🏢 တိုက်ခန်း အရောင်းအဝယ်ပြုလုပ်ရာတွင် သတိပြုရန်များမြန်မာနိုင်ငံ၊ အထူးသဖြင့် ရန...
25/04/2026

🏠 အိမ်ခြံမြေ ဗဟုသုတ (Series) - အပိုင်း (၇)

🏢 တိုက်ခန်း အရောင်းအဝယ်ပြုလုပ်ရာတွင် သတိပြုရန်များ

မြန်မာနိုင်ငံ၊ အထူးသဖြင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာ၌ "အပျောက်စနစ်" သည် အသုံးအများဆုံး ဖြစ်ပါတယ်။

အပျောက်စနစ်ဆိုသည်မှာ မြေကို ပိုင်ဆိုင်ခွင့်မရှိဘဲ အဆောက်အအုံပေါ်ရှိ အခန်းကိုသာ လက်ရောက်နေထိုင် ပိုင်ဆိုင်ခွင့်ရှိခြင်း ဖြစ်ပါတယ်။

ဥပဒေကြောင်းအရ တိုက်ခန်းဝယ်ယူသူများ နစ်နာမှုမရှိစေရန် အောက်ပါအချက်များကို အထူးဂရုပြု စစ်ဆေးသင့်ပါတယ် -

၁။ အဓိက စစ်ဆေးရမည့် စာရွက်စာတမ်းများ 📑

တိုက်ခန်းဝယ်တော့မယ်ဆိုရင် ပိုင်ဆိုင်မှုခိုင်မာဖို့အတွက် အောက်ပါတို့ကို တောင်းယူစစ်ဆေးပါ -

🫶
ဆက်စပ်စာချုပ် မူရင်းများကို ပထမဆုံး အခန်းစယူစဉ်ကတည်းက ယနေ့အထိ လက်လွှဲရောင်းချခဲ့သည့် စာချုပ်မူရင်းများ အဆင့်ဆင့် စုံလင်ရပါမယ်။ (Original Chain Contracts)
🫶
မီတာခွန်နှင့် ရေခွန်ပြေစာများကို အမည်ပေါက် ဟုတ်၊ မဟုတ်နှင့် ကြွေးကျန် ရှိ၊ မရှိ စစ်ဆေးရန်။
🫶
အဆောက်အအုံ ဆောက်လုပ်ခွင့် (BCC) တရားဝင် ဆောက်လုပ်ထားသော တိုက်ဖြစ်ကြောင်း သက်သေပြရန်။

၂။ တိုက်ရှင်/မြေရှင်၏ သဘောတူညီချက် 🤝

အပျောက်စနစ် တိုက်ခန်းများတွင် မြေရှင် သို့မဟုတ် တိုက်ပိုင်ရှင်ရှိတတ်ပါတယ်။

👉အရောင်းအဝယ်လုပ်သည့်အခါ မြေရှင်/တိုက်ရှင်အား အသိပေးရန် လိုအပ်သလို၊ အမည်ပြောင်းခ (သို့မဟုတ်) အခန်းလွှဲခ ပေးဆောင်ရလေ့ရှိပါတယ်။

👉မြေရှင်၏ လက်မှတ် သို့မဟုတ် အသိအမှတ်ပြုမှု ပါဝင်မှသာ နောင်တွင် ပြဿနာကင်းဝေးမှာ ဖြစ်ပါတယ်။

၃။ "အရှုပ်အရှင်းကင်းကြောင်း" စုံစမ်းခြင်း 🔍

👉 အပေါင်အနှံ ရှိ၊ မရှိ တိုက်ခန်းစာချုပ်ကို ဘဏ် သို့မဟုတ် ပြင်ပပုဂ္ဂိုလ်ထံ အပေါင်ထားခြင်း ရှိ၊ မရှိ စုံစမ်းပါ။
👉အမွေဆိုင်ပြဿနာ ရောင်းချသူသည် တစ်ဦးတည်းပိုင် ဟုတ်၊ မဟုတ် သို့မဟုတ် အမွေဆိုင်များ ရှိနေသလားဆိုတာကို အိမ်နီးနားချင်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် စုံစမ်းသင့်ပါတယ်။

၄။ ဥပဒေအရ အကာအကွယ်ရရန် ဘာလုပ်ရမလဲ? ✨

👉 သတင်းစာကြော်ငြာခြင်း တိုက်ခန်းဝယ်ယူရာတွင်လည်း မြေဝယ်သကဲ့သို့ပင် သတင်းစာ၌ "ကန့်ကွက်နိုင်ပါကြောင်း" ကြော်ငြာထည့်သင့်ပါတယ်။ ဒါမှသာ သဘောရိုးနဲ့ ဝယ်ယူသူအဖြစ် ဥပဒေအရ အကာအကွယ်ရရှိမှာပါ။

တရားဝင်စာချုပ်ချုပ်ဆိုခြင်း နှစ်ဦးသဘောတူ ကတိစာချုပ်ကို သက်သေများ၊ ရှေ့နေများရှေ့မှောက်တွင် စနစ်တကျ ချုပ်ဆိုရပါမယ်။

အထူးအကြံပြုချက် ⚠️

အပျောက်တိုက်ခန်းများသည် "အမည်ပေါက် ဂရန်" မရရှိနိုင်သဖြင့် စာချုပ်စာတမ်း အဆင့်ဆင့် ခိုင်မာမှုရှိရန်သာ အားကိုးရပါတယ်။

ထို့ကြောင့် မိမိဝယ်ယူမည့် အခန်း၏ စာချုပ်ရာဇဝင်ကို ကျွမ်းကျင်သော ရှေ့နေများနှင့် စနစ်တကျ တိုက်ဆိုင်စစ်ဆေးပြီးမှသာ ငွေချေစနစ်ကို ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါတယ်။

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

#တိုက်ခန်းအရောင်းအဝယ် #အပျောက်စနစ် #ဥပဒေဗဟုသုတ

🏠 အိမ်ခြံမြေ ဗဟုသုတ (Series) - အပိုင်း (၆)📏 မြေတိုင်းတာခြင်းနှင့် မြေကွက်ခွဲခြမ်းခြင်းဆိုင်ရာ သိကောင်းစရာများအိမ်ခြံမြေပ...
24/04/2026

🏠 အိမ်ခြံမြေ ဗဟုသုတ (Series) - အပိုင်း (၆)

📏 မြေတိုင်းတာခြင်းနှင့် မြေကွက်ခွဲခြမ်းခြင်းဆိုင်ရာ သိကောင်းစရာများ

အိမ်ခြံမြေပိုင်ဆိုင်မှုမှာ စာရွက်စာတမ်းခိုင်မာဖို့တင်မကဘဲ မြေပြင်အတိုင်းအတာ တိကျဖို့ကလည်း အလွန်အရေးကြီးပါတယ်။

မြေကွက်ကြီးတစ်ခုကို ခွဲခြမ်းပြီး ပြန်လည်ရောင်းချချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ခြံစည်းရိုးဧရိယာ တိကျချင်တာပဲဖြစ်ဖြစ် "မြေတိုင်းတာခြင်း" လုပ်ငန်းစဉ်ကို မဖြစ်မနေ သိထားရပါမယ်။

အကြံပြုရရင် မြေပြင်တိုင်းတာမှုမရှိဘဲ စာချုပ်ချုပ်ဆိုခြင်းဟာ နောင်တစ်ချိန်မှာ ဧရိယာကျော်နင်းမှု (Encroachment) ပြဿနာတွေကို ဖိတ်ခေါ်နေသလို ဖြစ်တတ်ပါတယ်။

၁။ ဘယ်လိုအချိန်မှာ မြေတိုင်းဖို့ လိုအပ်သလဲ? 📍

🪷
အရောင်းအဝယ်မပြုလုပ်မီစာချုပ်ပါ အကျယ်အဝန်းနဲ့ မြေပြင်အခြေအနေ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးရန်။
🪷
ခြံစည်းရိုးခတ်ခြင်း/အဆောက်အဦးဆောက်ခြင်းအတွက် ဘေးပတ်ဝန်းကျင် မြေကွက်များနဲ့ အငြင်းပွားမှုမဖြစ်စေရန်။
🪷
မြေကွက်ခွဲခြင်း (Sub-division) မြေကွက်အကြီးကို အကွက်ငယ်များရိုက်ပြီး အမည်ပေါက်ခွဲလိုသောအခါ။

၂။ မြေကွက်ခွဲခြမ်းခြင်း (Sub-division) လုပ်ထုံးလုပ်နည်း 📑

မြေကွက်တစ်ခုကို အစိတ်အပိုင်းများခွဲပြီး သီးခြားအမည်ပေါက် (ဂရန်ခွဲ) လျှောက်ထားလိုလျှင် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရပါမယ် -

👉မူလဂရန် သို့မဟုတ် ပိုင်ဆိုင်မှုအထောက်အထားမူရင်းရှိရန် လိုအပ်ပါတယ်။

👉ခွဲစိတ်လိုသည့် မြေပုံကြမ်းတင်ပြခြင်းမြေကွက်ကို ဘယ်လိုပုံစံ ခွဲချင်တယ်ဆိုတာကို တင်ပြရပါတယ်။

👉ဌာနဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်း သက်ဆိုင်ရာ မြေတိုင်းစာရေးများက မြေပြင်သို့ လာရောက်တိုင်းတာပြီး ဘေးပတ်ဝန်းကျင် ကန့်ကွက်သူ ရှိ၊ မရှိ စစ်ဆေးပါတယ်။

👉ဝန်ဆောင်ခနှင့် အခွန်အခများပေးဆောင်ခြင်း သတ်မှတ်ထားတဲ့ ခွဲစိတ်ခများကို ပေးဆောင်ပြီးနောက် မြေကွက်ခွဲစိတ်ခွင့် (Sub-division Permit) ရရှိမှာ ဖြစ်ပါတယ်။

၃။သတိပြုရန် အချက်များ ⚠️

🍀
လမ်းမြေ/မြောင်းမြေကို မြေကွက်ခွဲတဲ့အခါ အများသုံးလမ်းအတွက် လုံလောက်တဲ့ အကျယ်အဝန်း ချန်လှပ်ထားခြင်း ရှိ၊ မရှိ သေချာစစ်ဆေးပါ။ စည်ပင်သာယာရဲ့ သတ်မှတ်ချက်နဲ့ မညီရင် အဆောက်အဦးဆောက်လုပ်ခွင့် (BCC) ကျဖို့ ခက်ခဲနိုင်ပါတယ်။

🍀
အမွေဆိုင်မြေကို ခွဲခြမ်းရင် အမွေဆက်ခံသူအားလုံးရဲ့ သဘောတူညီချက်နဲ့ လက်မှတ် ပါဝင်ဖို့ လိုအပ်ပါတယ်။
🍀
တိုင်းတာမှု အမှားအယွင်း မြေပုံထဲမှာ (၄၀ x ၆၀) လို့ ပါပေမယ့် မြေပြင်မှာ လမ်းနယ်ကျူးနေတာမျိုး၊ ဘေးခြံက ကျူးနေတာမျိုး ရှိနိုင်တဲ့အတွက် "စာချုပ်စာတမ်းမချုပ်မီ မြေတိုင်းခြင်း" ကို အမြဲတမ်း ဦးစားပေးပါ။

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

#မြေတိုင်းခြင်း #မြေကွက်ခွဲခြင်း #ဥပဒေဗဟုသုတ

Address

No. 244/245, Cherry Street, Palae Myotint (2), Mingalardon Township
Yangon
11021

Telephone

+959250763416

Website

Alerts

Be the first to know and let us send you an email when Shaya Legal Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shaya Legal Solutions:

Share

Category