Shaya Legal Solutions

Call Directions Contact the business

Shaya Legal Solutions Your Legal Peace of Mind Starts Here- Trust Our Expertise!

✨🏢 ရွှေအင်ကြင်းရိပ်မွန် Condo (Duplex အခန်း)  #အငှား 🔔🔔ရှားပါးအခန်းလေးပါ နောက်ထပ် ဒီလိုနေရာ လုံးဝ မရနိုင်တော့ပါ။သုဝဏ္ဏလမ...
27/07/2026

✨
🏢 ရွှေအင်ကြင်းရိပ်မွန် Condo (Duplex အခန်း) #အငှား


🔔🔔
ရှားပါးအခန်းလေးပါ နောက်ထပ် ဒီလိုနေရာ လုံးဝ မရနိုင်တော့ပါ။

သုဝဏ္ဏလမ်းဆုံအနီး၊ နေရာအချက်အချာကျပြီး သွားလာရေးအလွန်အဆင်ပြေတဲ့ Location ကောင်းမှာ တည်ရှိတဲ့ Fully Furnished တန်ဖိုးအထူးသင့်တဲ့ ကျယ်ဝန်းတဲ့ Duplex ကွန်ဒိုအခန်းကြီးကို အမြန်ငှားရမ်းပေးမှာ ဖြစ်ပါတယ်။

အကျယ်အဝန်းအရရော၊ ပါကင်နေရာပါ အလွန်ပေါများတာကြောင့် မိသားစုနေထိုင်ရန်၊ သင်တန်းကျောင်းဖွင့်ချင်လည်းရ၊ Expat များအတွက် သို့မဟုတ် Home Office ဖွင့်လှစ်ရန်အတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ!

📌 Property Highlights & Details

💰💰

ငှါးရမ်းခ ၁ လ - 2,000,000 Ks
အနည်းဆုံး -၁ နှစ်ချုပ်ပါမယ် (နှစ်ရှည်သမားများ ဦးစားပေးပါမယ်)

📍ရွှေအင်ကြင်း Condo၊ သုဝဏ္ဏလမ်းဆုံအနီး (သင်္ဃန်းကျွန်းမြို့နယ်)

📐အကျယ်အဝန်း: (2,039 + 1,660) Sqft = စုစုပေါင်း 3,699 Sqft (အလွန်ကျယ်ဝန်းသည်)

🔶 5th Floor + Mezzanine (6 floor) (Duplex အမျိုးအစား)

🔶 4 Bedrooms ကျယ်ဝန်းသော Living Room, Kitchen & Balcony
🔶 Dining Table set, Furniture, Wachine Machine, ရေခဲသေတ္တာ၊ Aircon, facility အပြည့်ရှိပါတယ်

🔶 အိမ်သုံး power မီတာ တပ်ဆင်ထား

🔶 ပါကေးအပြည့်ခင်းထားပြီး (Parquet Floor & Back Tile Floor)

🔶 လေဝင်လေထွက်နှင့် သဘာဝအလင်းရောင် အထူးကောင်းမွန်ခြင်း

🔶 ကားအများကြီး လွတ်လွတ်လပ်လပ် ထားလို့ရသည့် ကျယ်ဝန်းသော ပါကင်နေရာပါရှိခြင်း

📍 ပတ်ဝန်းကျင် အဆင်ပြေမှုများ (Convenient Location)

သုဝဏ္ဏဈေး၊ သုဝဏ္ဏပန်းခြံနှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (Thuwunna Indoor Stadium) အနီး
ILBC International School

City Mart၊ KFC၊ လူကြိုက်များသော စားသောက်ဆိုင်များနှင့် ဘဏ်များ အနီးအနားတွင် ရှိခြင်း

Downtown Area သို့ အချိန်တိုအတွင်း အလွယ်တကူ သွားလာနိုင်ခြင်း

🚨‼️အရေးကြီးတာလေး

သန့်သန့်ရှင်းရှင်းနေတဲ့သူကိုဘဲ ငှါးပါမယ်၊ နိုင်ငံရေးဆက်စပ်သူများ မငှါးပါ။ အိမ်အတွက် လိုတာရှိရင် အိမ်ရှင်ဘက်မှ ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါ ဒါပေမဲ့ တန်ဖိုးထားပြီးနေတဲ့သူကိုဘဲ ငှါးချင်ပါတယ်တဲ့

လက်ရှိ အသစ်နီးပါးပြင်ဆင်ထားပါတယ်

အိမ်ခြံမြေအကျိုးဆောင်ပါရှင်။ အခန်းရောင်း/ဝယ်/ငှာ ပြုလုပ်လိုသူများလည်း ဆက်သွယ်အပ်နှံနိုင်ပါတယ်ရှင်။

☎️ 09250763416 (viber), 09767068503

#ရွှေအင်ကြင်းCondo #သင်္ဃန်းကျွန်း #သုဝဏ္ဏ

🏢 သင်္ဃန်းကျွန်း၊ ရတနာလမ်းမပေါ်ရှိ “မလိခ Shop House” (၃ ထပ်) အမြန်ရောင်းမည်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်ဖြစ်စေ၊ ရင...
24/07/2026

🏢 သင်္ဃန်းကျွန်း၊ ရတနာလမ်းမပေါ်ရှိ “မလိခ Shop House” (၃ ထပ်) အမြန်ရောင်းမည်

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံရန်အတွက်ဖြစ်စေ အလွန်သင့်လျော်ပြီး ရှားပါးသည့် ဂရန်မြေ လမ်းမတန်း Shop House တစ်လုံးကို အမြန်ရောင်းချင်ပါတယ်။

📍 ရတနာလမ်းမ၊ မလိခ Shop House၊ သင်္ဃန်းကျွန်းမြို့နယ်

✔️မြေအကျယ်: ၂၇ ပေ × ၇၀ ပေ
✔️ အဆောက်အဦအကျယ်၂၀ ပေ × ၆၀ ပေ (၃ ထပ်တိုက် Ground Floor + Upper Floors)
✔️ ဂရန်မြေ

🏷️၅၀,၀၀၀ သိန်း (ညှိနှိုင်းနိုင်သည်)

✨ အားသာချက်များ

🔶ရတနာလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် လူသွားလူလာများပြီး လုပ်ငန်းမြင်သာထင်သာရှိခြင်း။
🔶လုပ်ငန်းစုံဖွင့်လှစ်နိုင်ခြင်း: Showroom၊ ရုံးခန်း၊ ဆေးခန်း၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ Mini Mart၊ ဘဏ်နှင့် ကုမ္ပဏီရုံးများအတွက် အထူးသင့်လျော်ခြင်း။
🔶ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးဖြစ်ခြင်း ငှားရမ်းခဝင်ငွေ (Rental Income) တည်ငြိမ်စွာရရှိနိုင်ပြီး နောင်တန်ဖိုးတက်နိုင်ခြေ အလွန်မြင့်မားခြင်း။

⚠️ ၁ လအတွင်း အမြန်ရောင်းချလိုသော Property ဖြစ်သဖြင့် လမ်းမတန်း ဂရန် Shop House ရှာနေသူများ လက်လွတ်မခံဘဲ အမြန်ဆုံး ဆက်သွယ်နိုင်ပါသည်။

🤝 အကျိုးတူမိတ်ဆွေများလည်း Welcome ပါ။ အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်နိုင်ပါတယ်။

📞 ဆက်သွယ်ရန်
☎️
09-250763415 (Viber)
09-767068503

စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်

💡 သင့်ရဲ့ အကြံဉာဏ်၊ ဖန်တီးမှုနဲ့ Brand ကို ဥပဒေအရ ကာကွယ်ထားပြီးပြီလား?လုပ်ငန်းတစ်ခု တည်ဆောက်ရာမှာ ငွေကြေး၊ အချိန်နဲ့ ကြိ...
23/07/2026

💡 သင့်ရဲ့ အကြံဉာဏ်၊ ဖန်တီးမှုနဲ့ Brand ကို ဥပဒေအရ ကာကွယ်ထားပြီးပြီလား?

လုပ်ငန်းတစ်ခု တည်ဆောက်ရာမှာ ငွေကြေး၊ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေအပြင် ကိုယ်ပိုင်ဖန်တီးထားတဲ့ အရာတွေကလည်း တန်ဖိုးရှိတဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။

ဒီလို လူတစ်ဦး သို့မဟုတ် လုပ်ငန်းတစ်ခုရဲ့ ဉာဏ်ပညာ၊ တီထွင်ဖန်တီးမှုကနေ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတွေကို Intellectual Property Rights ဉာဏပစ္စည်းမူပိုင်ခွင့်များ လို့ ခေါ်ပါတယ်။

📌 Intellectual Property မှာ အဓိကအားဖြင့်—

🔹 Trademark – ကုန်အမှတ်တံဆိပ်

လုပ်ငန်းအမည်၊ Brand Name၊ Logo၊ သင်္ကေတနဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို တခြားလုပ်ငန်းများနဲ့ ခွဲခြားသိရှိစေတဲ့ အမှတ်အသားများကို ကာကွယ်ပေးပါတယ်။

🔹 Copyright – မူပိုင်ခွင့်

စာပေ၊ ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်း၊ ပန်းချီ၊ ဒီဇိုင်းနဲ့ Software စတဲ့ ဖန်တီးမှုဆိုင်ရာ လက်ရာများအပေါ် ဖန်တီးသူရဲ့ အခွင့်အရေးကို ကာကွယ်ပေးပါတယ်။

🔹 Industrial Design – စက်မှုဒီဇိုင်းမူပိုင်ခွင့်

ကုန်ပစ္စည်းတစ်ခုရဲ့ ပြင်ပပုံသဏ္ဌာန်၊ အလှဆင်ပုံ၊ Pattern၊ Line၊ Shape နဲ့ ထူးခြားတဲ့ ဒီဇိုင်းအသွင်အပြင်ကို ကာကွယ်ပေးပါတယ်။

🔹 Patent – တီထွင်မှုမူပိုင်ခွင့်

အသစ်ဖြစ်ပြီး လက်တွေ့အသုံးချနိုင်တဲ့ နည်းပညာဆိုင်ရာ တီထွင်မှုများနဲ့ လုပ်ငန်းစဉ်အသစ်များကို ကာကွယ်ပေးပါတယ်။

⚠️ “ဒီ Brand ကို ကျွန်တော်အရင်သုံးတာပါ” ဆိုတာတစ်ခုတည်းနဲ့ အပြည့်အဝကာကွယ်မှုရနိုင်မယ်လို့ မယူဆသင့်ပါဘူး။

ကိုယ်အသုံးပြုနေတဲ့ Brand Name သို့မဟုတ် Logo ကို တခြားသူက အရင်လျှောက်ထားမှတ်ပုံတင်သွားပါက လုပ်ငန်းဆက်လက်လုပ်ကိုင်ရာမှာ အငြင်းပွားမှုတွေ၊ အမည်ပြောင်းလဲရမှုတွေ၊ ကြော်ငြာနဲ့ ထုပ်ပိုးမှုများ ပြန်လည်ပြင်ဆင်ရမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် လုပ်ငန်းစတင်ချိန်ကတည်းက

✅ ဆင်တူတဲ့ Trademark ရှိ/မရှိ ကြိုတင်စစ်ဆေးခြင်း
✅ မှန်ကန်တဲ့ Class နဲ့ ကုန်ပစ္စည်း/ဝန်ဆောင်မှုစာရင်း ရွေးချယ်ခြင်း
✅ Trademark Application တင်သွင်းခြင်း
✅ ကိုယ်ပိုင်ဒီဇိုင်း၊ စာချုပ်နဲ့ လုပ်ငန်းဆိုင်ရာအထောက်အထားများကို စနစ်တကျ ထိန်းသိမ်းထားခြင်း

တို့ကို ကြိုတင်ဆောင်ရွက်ထားသင့်ပါတယ်။

Brand တစ်ခုကို ဖန်တီးဖို့ အချိန်ကြာနိုင်ပေမယ့် ကာကွယ်ဖို့ နောက်ကျသွားရင် ဆုံးရှုံးမှုက ပိုမိုများပြားနိုင်ပါတယ်။

Trademark၊ Copyright၊ Industrial Design နဲ့ အခြား
Intellectual Property ဆိုင်ရာ ကိစ္စရပ်များအတွက်

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

⚖️ Shaya Legal Solutions
ဥပဒေနဲ့အညီ မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ ဝန်ဆောင်မှုပေးရန် အသင့်ရှိပါတယ်။








စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်စွာ တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် တိုးတက်အောင် ဆောင်ရွက်ခြင်းတို့အတွက် MBA ဘွ...
23/07/2026

စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်စွာ တည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် တိုးတက်အောင် ဆောင်ရွက်ခြင်းတို့အတွက် MBA ဘွဲ့တစ်ခု မဖြစ်မနေ လိုအပ်ပါသလား?

Josh Kaufman ရေးသားထားသော “The Personal MBA Master the Art of Business” စာအုပ်တွင် စီးပွားရေးလုပ်ငန်းများ မည်သို့လည်ပတ်သည်၊ ဖောက်သည်များ မည်သို့ဆုံးဖြတ်ကြသည်နှင့် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန် မည်သည့်အချက်များကို အာရုံစိုက်သင့်သည်တို့ကို လက်တွေ့ကျကျ ရှင်းလင်းဖော်ပြထားပါသည်။

ဥပဒေပိုင်းဆိုင်ရာတွေဘဲ တင်ပေးရင် ငြီးငွေ့သွားမှာစိုးလို့ မင်မင်ဖတ်ဖြစ်တဲ့ထဲက စာရေးဆရာ Josh Kaufman ရေးသားထားတဲ့ The Personal MBA ဆိုတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ 📖📚ဗဟုသုတရဖွယ်စာအုပ်လေး အကြောင်းကိုလည်း တင်ဆက်ပေးချင်ပါတယ် 🥰❤️

၁။ လုပ်ငန်းတိုင်းတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်း ၅ ချက်

The Five Parts of Every Business

မည်သည့်လုပ်ငန်းအမျိုးအစားမဆို ရေရှည်အောင်မြင်စွာ ရပ်တည်နိုင်ရန် အောက်ပါအချက် ၅ ချက်ကို အချိတ်အဆက်မပြတ် ဆောင်ရွက်ရပါမည်။

1️⃣ Value Creation — တန်ဖိုးဖန်တီးခြင်း

ဖောက်သည်များ အမှန်တကယ်လိုအပ်နေသော ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်သည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု ဖန်တီးခြင်း ဖြစ်ပါသည်။

ထုတ်ကုန်တစ်ခု၏ ဒီဇိုင်းလှပမှုတစ်ခုတည်းထက် ဖောက်သည်အတွက် မည်သည့်အသုံးဝင်မှုနှင့် အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သနည်းဆိုသည့် အချက်က ပိုမိုအရေးကြီးပါသည်။

2️⃣ Marketing — ဈေးကွက်ဖော်ဆောင်ခြင်း

မိမိ၏ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို လိုအပ်နိုင်သော သင့်လျော်သည့် ဖောက်သည်များ၏ အာရုံစိုက်မှု ရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

Marketing သည် ရောင်းချခြင်းသက်သက်မဟုတ်ဘဲ ဖောက်သည်များအတွင်း စိတ်ဝင်စားမှု၊ ယုံကြည်မှုနှင့် ဝယ်လိုအားတို့ကို ဖန်တီးပေးသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။

3️⃣ Sales — ရောင်းချခြင်း

ထုတ်ကုန်ကို စိတ်ဝင်စားနေသူတစ်ဦးအား ငွေပေးချေဝယ်ယူမည့် အမှန်တကယ်ဖောက်သည်တစ်ဦးအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါသည်။

ရောင်းချခြင်းတွင် ဖောက်သည်၏လိုအပ်ချက်ကို နားလည်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ တန်ဖိုးကို ထိရောက်စွာရှင်းပြခြင်းနှင့် မှန်ကန်သည့် ကမ်းလှမ်းချက်ပေးခြင်းတို့ ပါဝင်ပါသည်။

4️⃣ Value Delivery — တန်ဖိုးပေးအပ်ခြင်း

ရောင်းချစဉ်က ပေးထားသော ကတိအတိုင်း ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို အရည်အသွေးပြည့်မီစွာ ပေးအပ်ခြင်း ဖြစ်ပါသည်။

အချိန်မီပို့ဆောင်မှု၊ အရည်အသွေးထိန်းသိမ်းမှု၊ ရောင်းချပြီးနောက်ဝန်ဆောင်မှုနှင့် ဖောက်သည်စိတ်ကျေနပ်မှုတို့သည် လုပ်ငန်း၏နာမည်ကောင်းနှင့် ရေရှည်ဝင်ငွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါသည်။

5️⃣ Finance — ငွေကြေးစီမံခန့်ခွဲမှု

လုပ်ငန်း၏ ဝင်ငွေ၊ ကုန်ကျစရိတ်၊ အမြတ်အစွန်း၊ ကြွေးမြီနှင့် ငွေသားစီးဆင်းမှုတို့ကို စနစ်တကျ စီမံထိန်းချုပ်ခြင်း ဖြစ်ပါသည်။

ရောင်းအားကောင်းခြင်းသည် အမြတ်ရှိခြင်းနှင့် အမြဲတမ်း တူညီမနေပါ။ ငွေသားစီးဆင်းမှုကို မထိန်းချုပ်နိုင်ပါက အမြတ်ပြနေသော လုပ်ငန်းတစ်ခုတောင် ငွေကြေးအခက်အခဲ ကြုံတွေ့နိုင်ပါသည်။

၂။ အရေးကြီးသော စီးပွားရေး Mental Models များ

⚙️ The Iron Law of the Market

ဈေးကွက်၏ သံမဏိဥပဒေ

လူများအနေဖြင့် အမှန်တကယ် မလိုအပ်သော သို့မဟုတ် ဝယ်ယူလိုစိတ်မရှိသော ထုတ်ကုန်တစ်ခုကို မည်မျှပင် အရည်အသွေးကောင်းအောင် ပြုလုပ်ထားစေကာမူ စီးပွားရေးအရ အောင်မြင်ရန် ခက်ခဲပါသည်။

ထို့ကြောင့် ထုတ်ကုန်တစ်ခု ဖန်တီးခြင်းမပြုမီ ဈေးကွက်လိုအပ်ချက်ရှိမရှိ၊ ဖောက်သည်များ မည်သည့်ပြဿနာများ ကြုံတွေ့နေရသည်နှင့် ငွေပေးချေဝယ်ယူလိုစိတ် ရှိမရှိတို့ကို ဦးစွာလေ့လာသင့်ပါသည်။

💎 Perceived Value

ဖောက်သည်ခံစားသိရှိသော တန်ဖိုး

ကုန်ပစ္စည်းတစ်ခု၏ ရောင်းဈေးကို ထုတ်လုပ်မှုကုန်ကျစရိတ်တစ်ခုတည်းက မဆုံးဖြတ်ပါ။

ဖောက်သည်က ထိုပစ္စည်းကို မည်မျှအသုံးဝင်သည်၊ ယုံကြည်စိတ်ချရသည်၊ အဆင်ပြေသည်၊ ထူးခြားသည် သို့မဟုတ် မိမိ၏လိုအပ်ချက်ကို မည်မျှကောင်းမွန်စွာ ဖြေရှင်းပေးနိုင်သည်ဟု ခံစားမိသည့်အပေါ် တန်ဖိုးသတ်မှတ်မှု များစွာမူတည်ပါသည်။

🔄 Opportunity Cost

အခွင့်အလမ်းစရိတ်

ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည့်အခါ လက်လွှတ်လိုက်ရသော အကောင်းဆုံးအခြားရွေးချယ်စရာ၏ တန်ဖိုးကို အခွင့်အလမ်းစရိတ်ဟု ခေါ်ပါသည်။

ဥပမာအားဖြင့် လုပ်ငန်းတစ်ခုတွင် ငွေကြေး၊ အချိန်နှင့် လူအင်အားကို စီမံကိန်းတစ်ခုအတွက် အသုံးပြုလိုက်ခြင်းကြောင့် အခြားပိုမိုအကျိုးရှိနိုင်သည့် စီမံကိန်းကို လက်လွှတ်ရနိုင်ပါသည်။

🚫 Sunk Cost

ပြန်လည်မရရှိနိုင်သော ကုန်ကျစရိတ်

အတိတ်တွင် အသုံးပြုပြီးသွားသော၊ ပြန်လည်ရယူ၍ မရနိုင်တော့သော အချိန်၊ ငွေကြေး သို့မဟုတ် အားထုတ်မှုတို့ကို Sunk Cost ဟု ခေါ်ပါသည်။

အတိတ်တွင် ငွေကြေးအမြောက်အမြား သုံးစွဲထားပြီးဖြစ်သောကြောင့် မအောင်မြင်နိုင်တော့သည့် စီမံကိန်းတစ်ခုကို ဆက်လက်လုပ်ဆောင်နေခြင်းသည် ပိုမိုဆုံးရှုံးမှု ဖြစ်စေနိုင်ပါသည်။

အနာဂတ်ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ယခင်ကုန်ကျစရိတ်ထက် လက်ရှိအခြေအနေ၊ အနာဂတ်အကျိုးအမြတ်နှင့် အန္တရာယ်တို့ကို အခြေခံသင့်ပါသည်။

💡 လက်တွေ့အသုံးချနိုင်သော သင်ခန်းစာများ

လုပ်ငန်းတစ်ခု စတင်ရန် စိတ်ကူးကောင်းတစ်ခုသာ မလုံလောက်ပါ။ ဈေးကွက်လိုအပ်ချက်၊ ဖောက်သည်ပြဿနာနှင့် ဝယ်ယူနိုင်စွမ်းတို့ကို စမ်းသပ်လေ့လာရပါမည်။

ရောင်းအားတိုးရန် ကြော်ငြာများများပြုလုပ်ခြင်းတစ်ခုတည်းထက် ဖောက်သည်မြင်တွေ့သည့် တန်ဖိုးကို မြှင့်တင်ရန် ပိုမိုအရေးကြီးပါသည်။

လုပ်ငန်း၏ ကဏ္ဍတစ်ခုတည်းကိုသာ တိုးတက်အောင် ပြုလုပ်၍ မရပါ။ Value Creation၊ Marketing၊ Sales၊ Value Delivery နှင့် Finance တို့ အားလုံး ဟန်ချက်ညီစွာ လည်ပတ်ရပါမည်။

မအောင်မြင်တော့သည့် စီမံကိန်းတစ်ခုကို အတိတ်တွင် အသုံးပြုထားသော ငွေကြေးကြောင့်သာ ဆက်လက်ဆွဲထားခြင်းထက် ရပ်တန့်သင့်သည့်အချိန်ကို သိရှိခြင်းကလည်း အရေးကြီးသော စီးပွားရေးကျွမ်းကျင်မှုတစ်ရပ် ဖြစ်ပါသည်။

🏛️ Shaya Legal Solutions

စီးပွားရေးလုပ်ငန်းစတင်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ စာချုပ်စာတမ်းများ၊ ကုန်အမှတ်တံဆိပ်နှင့် အခြားဥပဒေဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်မေးမြန်းတိုင်ပင်နိုင်ပါသည်။

📍 လိပ်စာ
အမှတ် (၂၄၄/၂၄၅)၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်။

📞 ဆက်သွယ်ရန်ဖုန်းနံပါတ်များ
၀၉ ၂၅၀ ၇၆၃ ၄၁၆
၀၉ ၇၆၇ ၀၆၈ ၅၀၃

💬
Shaya Legal Solutions Page Chat Box မှတစ်ဆင့်လည်း အသေးစိတ် မေးမြန်းတိုင်ပင်နိုင်ပါသည်ရှင့်။ 🥰

Snow Garden Housing အတွင်းရှိ အသစ်စက်စက် ၄ ထပ် RC လုံးချင်းအိမ် (Roof Top Garden ပါဝင်) ကို အမြန်ရောင်းမည်။ဒီလို အရည်အသွ...
22/07/2026

Snow Garden Housing အတွင်းရှိ အသစ်စက်စက် ၄ ထပ် RC လုံးချင်းအိမ် (Roof Top Garden ပါဝင်) ကို အမြန်ရောင်းမည်။

ဒီလို အရည်အသွေးမြင့် အိမ်မျိုး၊ BCC အပြီးအစီး၊ ဂရံမြေ အမျိုးအစားနဲ့ ဈေးကွက်မှာ မကြာခဏ မရနိုင်ပါ။

🏡 Location – Snow Garden Housing, သင်္ဃန်းကျွန်းမြို့နယ်

📐 မြေအကျယ် – 23 × 71 ပေ

🏗 အဆောက်အဦအကျယ် – 19’ × 54’

✅ ၄ ထပ် RC လုံးချင်းအိမ်

✅ ဂရန်မြေ

✅ BCC ကျပြီး

✅ လူမနေရသေး (Brand New)

✨ အိမ်အတွင်း ဖွဲ့စည်းပုံ

🛏 Master Bedrooms – ၅ ခန်း

🛋 Living Rooms – ၂ ခန်း

🍽 Dining Room – ၁ ခန်း

📦 Store Room – ၁ ခန်း

🛌 Single Bedroom – ၁ ခန်း

🚻 Modern ဘိုထိုင်အိမ်သာများ

🌿 အလွှာတိုင်းတွင် ဝရံတာ (Balcony) ပါဝင်

🌟 Premium Features

✔️ အိမ်တစ်လုံးလုံး ပါကေးခင်းထား

✔️ Air Conditioner (၆ လုံး) တပ်ဆင်ပြီး

✔️ Inverter System တပ်ဆင်ထား

✔️ 3-Phase Power ရရှိပြီး

✔️ အဝီစိရေတွင်း ပါဝင်

✔️ ဂျိုးဖြူရေမီတာ တပ်ဆင်ထား

✔️ 1000 Litres Water Tank (၂ လုံး) တပ်ဆင်ထား

✔️ အလင်းရောင်ကောင်း၊ လေဝင်လေထွက်ကောင်းသော Modern Design

✔️ အရည်အသွေးမြင့် Finishings နှင့် Premium Living Environment

💰 ရောင်းဈေး

၂၆,၀၀၀ သိန်း (ညှိနှိုင်းနိုင်)

⏳ အမြန်ရောင်းမည်

Snow Garden Housing ထဲက BCC ကျပြီး၊ လူမနေရသေးတဲ့ Luxury House တွေက ဈေးကွက်မှာ အလွန်ရှားပါးတာကြောင့် စိတ်ဝင်စားပါက အမြန်ဆုံး ဆက်သွယ်ပြီး ချိန်းဆိုလိုက်ပါ။

ဒီနေ့ကြည့်… သဘောကျရင် ဒီနေ့ပဲ ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးပါ။

🤝 အကျိုးတူမိတ်ဆွေများလည်း Welcome ပါ။ အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်နိုင်ပါတယ်။

📞 ဆက်သွယ်ရန်

☎ Phone : 09250763416 (viber), 09767068503

📩 Messenger မှလည်း အချိန်မရွေး စုံစမ်းနိုင်ပါသည်။

ျပြီး #ဂရန်မြေ #အိမ်ခြံမြေရောင်း

17/06/2026

ကုမ္ပဏီ (Company) ဆိုတာ တကယ်တော့ ဘာလဲ? 🏢🤔

လုပ်ငန်းရှင်တော်တော်များများ ကြားဖူးနေပေမဲ့ အပေါ်ယံပဲ သိကြတဲ့ 'ကုမ္ပဏီ' ရဲ့ တကယ့်ဥပဒေကြောင်းအရ အနှစ်သာရနဲ့ ထူးခြားချက်တွေကို ဒီဗီဒီယိုထဲမှာ လိုရင်းတိုရှင်း ရှင်းပြပေးထားပါတယ်ရှင်။

✔️ ပိုင်ရှင်နဲ့ ကုမ္ပဏီကို သီးခြားခွဲခြားတာ (Separate Legal Entity)
✔️ ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကာကွယ်ပေးတဲ့ (Limited Liability)

ဒီအချက်တွေက သင့်စီးပွားရေးကို ရေရှည်မှာ ဘယ်လိုအကာအကွယ်ပေးလဲဆိုတာ အခုပဲ ဗီဒီယိုလေးကို ကြည့်လိုက်ရအောင်နော်။ 🎬👇

ဆက်သွယ်လိုပါက
☎️𝟎𝟗𝟐𝟓𝟎𝟕𝟔𝟑𝟒𝟏𝟔
☎️𝟎𝟗𝟕𝟔𝟕𝟎𝟔𝟖𝟓𝟎𝟑
တို့ကနေဆက်သွယ်လို့ရသလို 💬𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 💬ကနေလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်🥰🥰

🏘️အမှတ် 𝟐𝟒𝟒/𝟐𝟒𝟓၊ ချယ်ရီလမ်း၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့မှာ တည်ရှိပါတယ်

#မြန်မာ့စီးပွားရေး #ဥပဒေရေးရာ

28/05/2026

အပိုင်း(၃)
—————————-
Final Advice

📌 စီးပွားရေးစလုပ်တော့မယ်ဆိုရင်
လုပ်ငန်းလိုင်စင်ပဲယူမလား? 🤔
ဒါမှမဟုတ် ကုမ္ပဏီထောင်သင့်လား? 🏢

Business License နဲ့ Company Registration ရဲ့
ကွာခြားချက်၊ အားသာချက်/အားနည်းချက်တွေကို
အပိုင်း (၃) ပိုင်း ခွဲပြီး တင်ဆက်ပေးပါမယ်ရှင့် အလွယ်ဆုံးနည်းလမ်းနဲ့ ရှင်းပြထားပါတယ် 👩‍⚖️✨

💬 ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာပိုသင့်လဲ comment မှာပြောခဲ့ပါ👇






စိန်ခေါ်မှုတွေကြားထဲက အခွင့်အလမ်းကို ဘယ်လိုရှာမလဲ? 💡 ဥပဒေပိုင်းဆိုင်ရာတွေဘဲ တင်ပေးရင် ငြီးငွေ့သွားမှာစိုးလို့ မင်မင်ဖတ်ဖ...
23/05/2026

စိန်ခေါ်မှုတွေကြားထဲက အခွင့်အလမ်းကို ဘယ်လိုရှာမလဲ? 💡

ဥပဒေပိုင်းဆိုင်ရာတွေဘဲ တင်ပေးရင် ငြီးငွေ့သွားမှာစိုးလို့ မင်မင်ဖတ်ဖြစ်တဲ့ထဲက စာရေးဆရာ Ryan Holiday ရေးသားထားတဲ့ The Obstacle is the way ဆိုတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ 📖📚ဗဟုသုတရဖွယ်စာအုပ်လေး အကြောင်းကိုလည်း တင်ဆက်ပေးချင်ပါတယ် 🥰❤️

ဘဝမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ ကိုယ်မမျှော်လင့်ထားတဲ့ အတားအဆီးတွေ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီအခါမှာ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ရမလား၊ ဒါမှမဟုတ် ရှေ့ဆက်ဖို့ နည်းလမ်းရှာမလား?

ရောမခေတ်က စတိုးဝါဒ (Stoicism) ဒဿနကို အခြေခံပြီး ရေးသားထားတဲ့ Ryan Holiday ရဲ့The Obstacle Is the Way (အခက်အခဲသည်သာ လမ်းစ)ဆိုတဲ့ စာအုပ်က အကျပ်အတည်းတွေကို အောင်မြင်မှုခြေလှမ်းတွေအဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာ မဏ္ဍိုင်ကြီး (၃) ခုနဲ့ လမ်းညွှန်ပေးထားပါတယ်။ ⚖️✨

👁️ ၁။ Perception (အမြင် သို့မဟုတ် ရှုထောင့်ကို ထိန်းချုပ်ခြင်း)

ပြဿနာတစ်ခု ကြုံလာတဲ့အခါ အဲဒီအရာက ကိုယ့်ကို ဒုက္ခပေးတာထက်၊ အဲဒီအပေါ် ကိုယ့်ရဲ့ "စိတ်အမြင်" က ဘယ်လိုရှိလဲဆိုတာက ပိုအရေးကြီးပါတယ်။

ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ပါ။ စိတ်ခံစားချက် (ဒေါသ၊ ထိတ်လန့်မှု) ကို အရင်ဖယ်ပြီး အခြေအနေကို အရှိကိုအရှိအတိုင်း အေးအေးဆေးဆေး သုံးသပ်ပါ။

ကိုယ် "ထိန်းချုပ်နိုင်တဲ့အရာ" (ကိုယ့်ရဲ့ အတွေးနဲ့ တုံ့ပြန်မှု) ကိုပဲ အာရုံစိုက်ပြီး ကိုယ် "မထိန်းချုပ်နိုင်တဲ့အရာ" (အခြေအနေ၊ အခြားသူများ၏ လုပ်ရပ်) အတွက် အချိန်အကုန်မခံပါနဲ့။

🏃‍♂️ ၂။ Action (မှန်ကန်တဲ့ လက်တွေ့လုပ်ဆောင်ချက်)
မှန်ကန်တဲ့ အမြင်ရှိရုံနဲ့ မလုံလောက်ပါဘူး။ ဇွဲရှိရှိနဲ့ စနစ်တကျ ချက်ချင်း လက်တွေ့လုပ်ဆောင်ဖို့ လိုပါတယ်။

ကြီးမားတဲ့ ပြဿနာကြီးတစ်ခုလုံးကို တစ်ပြိုင်နက် ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ ဒီနေ့၊ ဒီအချိန်မှာ ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲ ခြေလှမ်းလေးတွေကို တစ်ဆင့်ချင်းစီ ဖြိုဖျက်သွားရပါမယ်။

အခက်အခဲတွေဟာ ဘာက အလုပ်မဖြစ်ဘူးလဲဆိုတာကို ပြပေးတဲ့ တန်ဖိုးရှိတဲ့ Feedback တွေသာ ဖြစ်ပါတယ်။

⚓ ၃။ Will (အတွင်းစိတ် ကြံ့ခိုင်မှု)

အချို့သော အခက်အခဲတွေ (ဥပမာ- ရာသီဥတု၊ စီးပွားပျက်ကပ်၊ ကံကြမ္မာ အလှည့်အပြောင်း) ကတော့ ကျွန်တော်တို့ ဘယ်လိုပဲ အားထုတ်ထုတ် ပြောင်းလဲလို့ မရပါဘူး။

ပြောင်းလဲလို့မရတဲ့ အခြေအနေတွေကို ငြင်းဆန်မနေဘဲ လက်ခံလိုက်ပါ။ ပြီးရင် ထိုအခြေအနေထဲကနေ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲဆိုတာကိုပဲ စိတ်ပိုင်းဖြတ်ပါ။

လုပ်ဆောင်ချက်ကို ပိတ်ဆို့ထားတဲ့ အရာကပဲ လုပ်ဆောင်ချက်ကို ရှေ့တိုးစေတယ်။ လမ်းမှာပိတ်နေတဲ့ အတားအဆီးဟာ နောက်ဆုံးတော့ လမ်းကြောင်းအသစ် ဖြစ်လာတာပါပဲ။

ဥပဒေအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း

အမှုအခင်းတစ်ခု၊ ပြဿနာတစ်ခု ကြုံလာရတဲ့အခါ ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ (Obstacles) ဆိုတာ ရှိစမြဲပါ။ ဒါပေမဲ့ ထိုစိန်ခေါ်မှုတွေကို သေချာလေ့လာပြီး ဓမ္မဓိဋ္ဌာန်ကျကျ တုံ့ပြန်နိုင်မယ်ဆိုရင် အဲဒီအခက်အခဲကပဲ သင့်အတွက် အကောင်းဆုံး လမ်းစ (The Way) ဖြစ်လာနိုင်ပါတယ်။

ဒီနေ့ကစပြီး ကြုံလာရသမျှ အခက်အခဲတိုင်းကို "ငါ့ကို ဒုက္ခပေးမယ့်အရာ" လို့ မမြင်ဘဲ "ငါ့ကို ပိုရင့်ကျက် သန်မာစေမယ့် လမ်းစ" အဖြစ် ပြောင်းလဲရှုမြင်ကြည့်လိုက်ကြရအောင်နော်။ 👋

23/05/2026

အပိုင်း (၂)
————————————————
ဘယ်အချိန်မှာ ကုမ္ပဏီထောင့်သင့်သလဲ ?
ကုမ္ပဏီထောင်ပြီးရင် လိုက်နာရမယ့်အချက်များ

Business License နဲ့ Company Registration ရဲ့
ကွာခြားချက်၊ အားသာချက်/အားနည်းချက်တွေကို
အပိုင်း (၃) ပိုင်း ခွဲပြီး တင်ဆက်ပေးပါမယ်ရှင့် အလွယ်ဆုံးနည်းလမ်းနဲ့ ရှင်းပြထားပါတယ် 👩‍⚖️✨

လုပ်ငန်းမစခင် သိထားသင့်တဲ့ Legal Tips တွေပါနော် 📚

💬 ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာပိုသင့်လဲ comment မှာပြောခဲ့ပါ👇






17/05/2026

📌 စီးပွားရေးစလုပ်တော့မယ်ဆိုရင်
လုပ်ငန်းလိုင်စင်ပဲယူမလား? 🤔
ဒါမှမဟုတ် ကုမ္ပဏီထောင်သင့်လား? 🏢

Business License နဲ့ Company Registration ရဲ့
ကွာခြားချက်၊ အားသာချက်/အားနည်းချက်တွေကို
အပိုင်း (၃) ပိုင်း ခွဲပြီး တင်ဆက်ပေးပါမယ်ရှင့် အလွယ်ဆုံးနည်းလမ်းနဲ့ ရှင်းပြထားပါတယ် 👩‍⚖️✨

လုပ်ငန်းမစခင် သိထားသင့်တဲ့ Legal Tips တွေပါနော် 📚

💬 ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာပိုသင့်လဲ comment မှာပြောခဲ့ပါ👇






Address

No. 244/245, Cherry Street, Palae Myotint (2), Mingalardon Township
Yangon
11021

Telephone

+959250763416

Website

Alerts

Be the first to know and let us send you an email when Shaya Legal Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shaya Legal Solutions:

Shortcuts

Share

Category