Family Lawyer - Legal consult

Family Lawyer - Legal consult Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Lawyer - Legal consult, Legal Service, Yangon.

26/07/2023

ဂရန်မြေ၊ ပါမစ်မြေ၊ စလစ်မြေကွက်များအကြောင်းသိကောင်းစရာ

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦးရောက်လာပြီး –

“ပါမစ်မြေကို အရောင်းအဝယ်လုပ်ရင် အရပ်စာချုပ်နဲ့ ချုပ်ဆိုလို့ရပါသလား။ မြေအမည်ပြောင်းလို့ရပါသလားဟု မေးမြန်းဆွေးနွေးပါသည်။

“ပါမစ်မြေက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ အရပ်စာချုပ် သဘောမျိုး မြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုလက်ရောက်ရယူပြီး သက်ဆိုင်ရာ မြေယာဌာနမှာ မြေငှားဂရန်လျှောက် ထားရမှာဖြစ်ပါတယ်”

“စလစ်မြေဆိုတာက ရောင်းဝယ်လို့ရပါသလား၊ ဘယ်လိုမြေ အမျိုးအစားပါလဲ”

“စလစ်မြေဆိုတာကလည်း အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါပဲ”

“မြို့သစ်ဆောက်တဲ့ သဘောပေါ့”

“ဒီလိုလဲပြောလို့ရပါတယ်။ ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ် လှိုင် သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်”

“မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်ဆိုပါတော့”

စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်”

“စာရွက်စာတမ်းအတုတွေဖြစ်နိုင်လို့လား”

“ဟုတ်ပါတယ်။ အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါ မယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်”

“အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်”

“ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ စျေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်”

“ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့ ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ”

“ရှင်းရမယ်ဆိုရင်တော့ ပထမဆုံး စလစ်မြေဆိုတာကို စတင်ပြီး ဆွေးနွေးရမယ်ထင်တယ်”

“ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအဖြစ် ပြောပြပါဦး”

စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်”

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

“နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်”

ပါမစ်မြေ

“ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်’

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်”

“အချို့က ဝယ်ခွန်ဆောင်ရမှာစိုးလို့ မြေအမည်ပေါက်သူထံက ကိုယ် စားလှယ်လွှဲစာယူထားတာမျိုးရှိတယ်လို့ သိရတယ် ဆရာ”

“မှန်ပါတယ်။ ဒါက ရေတိုဖြေရှင်းနည်းဖြစ်တယ်။ ကိုယ်စားလှယ်လွှဲစာပေးအပ်ထားတဲ့ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။ ဝယ်ရောင်းသမားကလွဲပြီး အမှန် တကယ်နေထိုင်မည့် သူဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုကာ မြေအမည်ပေါက်ပြောင်း လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်”

“ကျွန်တော်ဝယ်ဖို့ကြည့်ထားတဲ့ မြေကွက်က စလစ်စာရွက်ပဲရှိလို့ ဝယ်သင့်မဝယ်သင့် စဉ်းစားနေတာပါ ဆရာ”

“စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါ”လို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်

26/07/2023
26/07/2023
26/07/2023

ဒီကနေ့ လယ်မြေပဲဝယ်ဝယ်၊ လယ်ယာမြေပဲ ဝယ်ဝယ် အဆင့် (၁၀) ဆင့်လိုအပ်ကြောင်းဖော်ပြပေးပါမယ်။
ဆရာ – ဥယျာဉ်ခြံမြေ တစ်ကွက်ဝယ်တာ အဆင့် (၁၀)ဆင့်တောင် လိုသလား? ကျွန်တော့်ဘကြီးတွေ ဝယ်ကြရောင်းကြတာတော့ အရပ်စာချုပ် တစ်စောင်ပါပဲ ဆရာရယ်။
ကျွန်တော်ကတော့ ယုံချင်လည်းယုံ၊ မယုံလည်းပုံပြင်မှတ်ကြပါ၊ ကျွန်တော်ကတော့ (၁၀)ဆင့်ကို စနစ်တကျ သင်မှာပါ၊ ခင်ဗျားတို့က “ဟုတ်ပါပြီဗျာ” လို့ (၁၀)ခါပြောဖို့သာ ပြင်ထားပါ။
အဆင့် (၁) – ပုံစံ(၇) မြေစာရင်းရုံးမှာ အရင်စစ်
ဥပမာ – ဦးဖြူဆိုတဲ့သူ ပိုင်တဲ့ ဥယျာဉ်ခြံမြေတစ်ကွက်ကို ရောင်းချင်တယ်၊ ပုံစံ(၇)လည်းပြတယ်၊ မိတ္တူလည်း ပေးလိုက်သေးတယ်၊ လယ်ယာမြေ ၅ ဒသမ ၅ ဧကတဲ့၊ ရှင်းလိုက်တာဆိုပြီး ဝယ်ခဲ့တယ်။ စရန်ပေးပြီး သုံးရက်လောက်ကြာမှ မြေစာရင်းရုံးမှာ မေးစမ်းကြည့်တော့ –
ဦးဖြူအမည်ပေါက်တော့ မှန်ပါတယ်၊ ဦးဖြူဆုံးသွားတာကြောင့် သားကြီး ကိုနီက သူပိုင်တယ်ဆိုပြီး လိုက်ရောင်းနေတာ၊ သားအငယ်နဲ့ သမီးတို.က မြေစာရင်းရုံးမှာ ကန့်ကွက်ထားကြတယ်တဲ့ဗျာ။ ပြီးတော့အကျယ်အဝန်းကလည်း ၅ ဒသမ ၅ ဧကမဟုတ်ဘူး၊ ၅ ဒသမ ဝ ဧကတဲ့ ဒီမြေကွက်က နည်းနည်းရှုပ်နေပါတယ်ဗျာလို့ သိလိုက်ရတယ်။
ကဲ – စရန်ကလည်း တန်ဖိုးရဲ့ လေးပုံတစ်ပုံလောက် ချလိုက်ပြီးပြီးတဲ့၊ ဘယ်လိုလုပ်ကြမလဲဗျာ။
ကျွန်တော် ပြောသလို “ပုံစံ(၇) မြေစာရင်းရုံးမှာ အရင်စစ်” ဆိုတာလေးကို မလုပ်ခဲ့ရင် ပြဿနာဖြစ်လာမှ ရှင်းရတာခက်ပါတယ်။ ခင်ဗျားတို့ထက်နည်းနည်းစောတဲ့ သင်တန်းသားတစ်ယောက်လည်း တစ်ပုံစံတည်း မှားခဲ့ဖူးပြီး၊ သိန်း ၄၅၀ကို “တရားမ” ကြောင်းက ပြန်တောင်းနေရတာရှိခဲ့ပါတယ်၊ နာမည်တော့ မပြောတော့ပါဘူး။
မြေစာရင်းရုံးက OK (သို့) Clear (သို့) ဝယ်လို့ရပါတယ်ဆိုတဲ့အဖြေကို ပုံစံစာရွက်နဲ့ ပြန်ဖြေမှာလေဗျာ။ ဒီလောက်စနစ်ကောင်းတွေရှိနေတဲ့အချိန်မှာ ဘာကြောင့် “အမှား” ကို ရအောင် ယူကြမှာတုန်း “ပုံစံ(၇) မြေစာရင်းရုံးမှာ အရင်စစ်” ပေါ့ဗျာ။
အဆင့် (၂) – အော်ပုံစံ (၇)မြင်မှ စရန်ချ
စရန်ချမည့်နေ့လည်း ရောက်ရော၊ ပုံစံ(၇)(လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်) က ဓာတ်ပုံမိတ္တူ (Photo Stat) ပဲပြပြီး စရန်လက်ခံရင် ငွေမချေပါနဲ့။ မူရင်းပုံစံ(၇)၊ (အော်ပုံစံ) ကို မမြင်ရဘူးဆိုရင် အဲဒီမူရင်းပုံစံ(၇)ကို ပေါင်းထားတာလည်းဖြစ်နိုင်သလို၊ ရောင်းထားတာလည်း ဖြစ်နိုင်ပါတယ်ဗျာ (အခု – ပိုင်ရှင်တွေဆိုတာက၊ ရွာမှာနေကြတာမဟုတ်ဘူးနော်၊ အရောင်းအဝယ်လုပ်ခါနီးမှ “ပရာဒို” ကြီးနဲ့ မြေကွက်ရှိရာ အရပ်ကို ရောက်လာတာ၊ မြို့ကြီးပေါ်မှာ နေကြတာ များပါတယ်ဗျာ။
အဆင့် (၃) – ရပ်/ကျေးဥက္ကဋ္ဌကို အသိပေးပါတော့
အဲဒီလို အစစအဆင်ပြေလို့ ဥယျာဉ်ခြံမြေအတွက် စရန်ချပြီးပြီဆိုရင် ရပ်/ကျေးဥက္ကဋ္ဌကို အသိပေးပါတော့(အဝင်အထွက် လုပ်ပါတော့)။ ရပ်/ကျေးဥက္ကဋ္ဌဆီကနေ သတင်းတွေအများကြီး ရနိုင်ပါတယ်။ “ဆရာ ရပ်/ကျေးဥက္ကဌကို စရန်ပေးပြီးမှ အသိပေးတာထက် စောစောက မေးပြီး ဝယ်ကြပြုကြရင် မကောင်းပါလားဆရာရယ်” လို့ သင်တန်းသားတစ်ဦးက ပြောလာပါတယ်။
ခင်ဗျားပြောတာ ဟုတ်သင့်သလောက်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ “ခင်ဗျားမိန်းကလေးတစ်ယောက်ကိုတကယ်ကြိုက်ပြီဆိုရင် သူ့မိဘညီအစ်ကို မောင်နှမတွေအားလုံးကို အသိပေးပြီးမှ ချစ်ခွင့်ပန်မှာလား။ ရည်းစားစကားပြော၊ ကြိုက်ကြပြေလည်ကြပြီးမှ မိဘနဲ့ အသိုင်းအဝိုင်းတွေကို အသိပေးသင့်တယ်လေ။မဟုတ်လို့တော့ “လွဲပြန်ပြီ တစ်ခါ” ပဲပေါ့။
ကျွန်တော်က လက်တွေ့မို့ သင်နေတာပါ။ တကယ်လို့များ သက်ဆိုင်ရာ လူကြီးကို အသိပေးပြီးမှ မြေဝယ်တယ်ဆိုရင် အဲဒီလူကြီးရဲ့သမက်က “မြေပွဲစား”၊ သားက “မြေဝယ်ရောင်း”၊ ညီဝမ်းကွဲတို့က ပွဲစားတို့ရဲ့သတင်းပေး၊ အိုဗျာ အစုံအစုံ ဖြစ်နိုင်စရာရှိလို့ “ဒီတစ်ဆင့်ကိုတော့ စွန်စားရပါတယ်၊ မဟုတ်ရင် ခင်ဗျားကို “အခြားမြေကွက်” က ပိုကောင်းတယ်လို့ အဖျက်တွေ ပေါ်လာမှာပါ။ (ကိုယ်တွေ့ပါ ခင်ဗျာ)
ရပ်/ကျေးဥက္ကဋ္ဌ ဆိုတာက ရှေ့ဆက်ကြရမယ့် အဆင့်ဆင့်တွေမှာ ပတ်သက်ရဦးမှာမို့ ချန်ထားလို့မရပါဘူးခင်ဗျာ။ အဆင့်(၃) ရောက်ရင် အသိသာ ပေးလိုက်ပါတော့။ ခင်ဗျားတို့ လယ်ယာမြေကို “အခြားနည်းသုံးခွင့်” လျှောက်ကြမယ်ဆိုရင် ရပ်ကျေးဥက္ကဋ္ဌက စပြီး ထောက်ခံမှရမယ်ဆိုတာကိုလည်း သတိရှိကြပါ။
အဆင့် (၄) – မြေစာရင်းပုံစံ (၁၀၅)
စရန်က ပေးပြီးပြီလို့ ငွေပြေပေးဖို့လည်း လိုပါတယ်။ ငွေပြေမပေးခင်မှာ မူလ “လယ်ယာမြေ” ပိုင်ရှင်
“ရောင်းသူ” က မြေစာရင်းပုံစံ(၁၀၅)ကို မြို့နယ်မြေစာရင်းဦးစီးဌာနကနေ အဆင်သင့် တောင်းထားပြီး ဖြစ်နေရပါမယ်။
ပုံစံ(၁၀၅)ဆိုတိုင်း မပြီးပါဘူးနော်။ အဲဒီ(၁၀၅)ပုံစံရဲ့ ရေးကူးပေးသည့် အကြောင်းအရာဆိုတဲ့ အကွက်မှာ “အရောင်းအဝယ် ပြုလုပ်ရန်အတွက်သာ”ဆိုတဲ့ မှတ်ချက် ပါရပါမယ်။ ဒါမှသာ မြို့နယ်မြေစာရင်းရုံးမှာ အရောင်းအဝယ်စာချုပ် ရေးသားချုပ်ဆိုလို့ ရမှာပါ၊ အဲဒါ လျှို့ဝှက်ချက်ပါပဲ၊ အခြားသောကိစ္စ၊ အခြားသောအကြောင်းအရာတွေနဲ့ ထုတ်ယူထားတဲ့ မြေစာရင်းပုံစံ (၁၀၅) ကို အရောင်းအဝယ်ချုပ်ဆိုတဲ့နေရာမှာ သုံးလို့မရပါဘူးခင်ဗျာ။
သေချာမသိရင်(၂)ခါ(၃)ခါပြန်ပြီး အလုပ်ရှုပ်ကြရပါတယ်၊ ကျွန်တော် ဒီကနေ့ သင်ထားတဲ့မှတ်စုကို ကိုင်ပြီး တစ်ချက်ချင်းသာ ရွှေ့သွားကြပါ။ အားလုံးဟာ လွယ်ပါတယ်၊ ပျော်စရာကြီးပါ။
တကယ်တော့ မြေစာရင်းပုံစံ (၁၀၅) အကြောင်းပြောပြရင်း သူ့ရဲ့အစ်ကိုတော် မြေစာရင်းပုံစံ (၁၀၆) ဆိုတာလည်း ရှိသေးတယ်။ ပုံစံ(၁၀၆)ဆိုတာက “လယ်ယာမြေ” ရဲ့ မြေရာဇဝင် ဖြစ်ပါတယ်။ ကျွန်တော် သိသလောက်တော့ ပုံစံ(၁၀၆) ကို အသုံးပြုကြတာ နည်းပါတယ်။ (ဒါပေမဲ့ သိထားရုံတော့ ပြောရမှာပါ။) ပုံစံ(၁၀၆) ကို “မြေရာဇဝင် (သို့မဟုတ်) ဦးပိုင်တစ်ခု၏ရာဇဝင်” လို့ ခေါ်ပါတယ်။
အဆင့် (၅) – အထူးကိုယ်စားလှယ် လွှဲစာ
ငွေကျေ/ငွေပြေပေးချေတဲ့နေ့မှာ ဒုတိယ အရေးတကြီးရရှိဖို့ကတော့ မူလအမည်ပေါက်သူက လွှဲအပ်ပေးမယ့် SP ပါပဲ။ အထူးကိုယ်စားလှယ်လွှဲစာလို့ ခေါ်ပါတယ်။ ဒါပေမဲ့ SP လို့ ပိုပြီးသိကြပါတယ်။
သင်တန်းသားတစ်ယောက်က ဖြည့်ပြီး မေးလာပြန်ပါတယ်။ SP က ဘာလုပ်ဖို့တုန်းဆရာရဲ့ တဲ့။ ဘာလုပ်ဖို့တုန်းလို့တော့ မပြောပါနဲ့ဗျာ။ နယ်ဘက်မှာ “လယ်ယာမြေ” ရောင်းချတဲ့သူတွေရဲ့အများစုက ရောင်းရငွေ၊ ငွေပြေငွေကျေရရင် မြို့ပေါ်တက်သွားကြ၊ တိုက်ခန်းငှားနေ ကားဝယ်စီးကြတာ များပါတယ်ဗျာ။
မြို့နယ်မြေစာရင်းရုံးမှာ တကယ်စာချုပ်ချုပ်ကြတယ်ဆိုတဲ့ နေ့မှာ လယ်ပိုင်ရှင်ကို ဘယ်လိုက်ရှာရမှန်းမသိလို့ အခက်ကြုံကြတဲ့သူတွေ အများကြီးပါဗျာ၊ အဲဒီအချိန်ကျတော့ လက်မှတ်လာထိုးပေးရမယ့် မူရင်းအမည်ပေါက်မြေပိုင်ရှင်က ဟိုကိစ္စ၊ ဒီကိစ္စအမျိုးမျိုး အကြောင်းပြကြပါလေရောဗျာ။
ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ – ၅၅ မှာတော့ မူလမြေပိုင်ရှင်မှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာ ဟိုရှောင် ၊ ဒီရှောင် လုပ်တတ်ကြတယ်။ ငွေ ၄သိန်း ၊ ၅သိန်း ထပ်တောင်းတတ်ကြတယ်။
ဒါကြောင့် ငွေပြေမချေခင်မှာ ရောင်းချတဲ့ မူလမြေပိုင်ရှင်က လက်မှတ်ရေးထိုးပေးထားတဲ့ SP ကိုလည်းသက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးမှာ မှတ်ပုံတင်ပြီးသား ဖြစ်နေရပါမယ်။
အဆင့် (၆) – ပုံစံ (၇) နဲ့ဆက်စပ်သည့် မူရင်းစာရွက်စာတမ်းများ
ငွေပြေငွေကျေပေးချေတဲ့နေမှာ ဝယ်သူ ရယူရမယ့် အရေးကြီးတစ်ခုကတော့ ပုံစံ(၇)မူရင်းနှင့် အခြား အဆက်အစပ်ရှိတဲ့မူရင်း စာရွက်တွေဖြစ်ပါတယ်။
တချို့ “လယ်ယာမြေ” တွေက ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ရှေ့တစ်ဆင့်မှာ ပိုင်ဆိုင်သူဖြစ်လာရတဲ့ အကြောင်းရင်းတွေက မတူကြပါဘူး။ အချို့တွေမှာက တရားရုံးအနိုင်ဒီဂရီ၊ တချို့တွေမှာက သူများထံက ဝယ်ယူထားခဲ့တဲ့ဆက်စပ်စာချုပ်၊ အချို့မြေတွေမှာတော့ ကျမ်းကျိန်လွှာကြောင့် ပိုင်ရှင်အမည်ပေါက် ဖြစ်လာကြတာက စလို့ပေါ့ဗျာ။ ဆက်စပ်မှုတွေမှာ အမျိုးမျိုးရှိတတ်ပါတယ်၊ တစ်မျိုးမျိုးရှိခဲ့ရင် အဲဒီဆက်စပ်မှုတွေရဲ့ မူရင်းစာရွက်စာတမ်းတွေကိုလည်း ငွေပြေချေတဲ့နေ့မှာ တစ်ခါတည်း တစ်ပါတည်းတောင်းယူရမှာ ဖြစ်ပါတယ်။
(ငွေပြေချေတဲ့နေ့မှာ တောင်းမထားခဲ့ရင် နောင် ဘယ်တော့မှ တောင်းလို့ရတော့မှာ မဟုတ်ပါဘူး)
အဆင့် (၇) – “လယ်ယာမြေ” ကွက်ကိုလည်း လက်ရောက် ရယူပါ
တချို့လယ်ယာမြေ ဝယ်ယူသူတွေက ငွေပြေချေတဲ့အချိန်မှာ ကျန်တာတွေ အကုန်စနစ်ကျပြီး မြေကွက်ကို စနစ်တကျ လက်ရောက်ရယူဖို့ မေ့နေတတ်ကြပါတယ်၊ (၁၀)ရက်ကြာမှ သွားကြည့်တတ်ကြတယ်။
တကယ်လို့ ကျူးကျော်တဲတစ်လုံး အခိုင်အမာ ရှိနေပြီတဲ့ဗျာ၊ ဘယ်လိုလုပ်ကြမလဲ။ ရိုက်ပုတ်ပြီး နှင်ထုတ်မှာလား၊ ရိုက်မှုက သက်သက်ဖြစ်မှာပါ။ မီးရှို့မှာလား၊ ဆွဲဖျက်မှာလား (ကိုယ့်မှာ လုပ်ပိုင်ခွင့်မရှိပါဘူးဗျာ)
ဒီတော့ ငွေပြေချေတဲ့နေ့မှာ မူလပိုင်ရှင်က “ဒါကတော့ နောင်ကြီးတို့ကို လွှဲပေးရမယ့်မြေပါဗျာ” ဆိုပြီး မြေကွက်ရဲ့ ဟိုဘက်အစွန်း၊ ဒီဘက်အစွန်း၊ ကိုယ်တတ်သလောက်၊ မှတ်သလောက်၊ လက်လှမ်းမီသလောက်၊ စစ်ဆေးမေးမြန်းပြီး ပေးတဲ့သူက ပေးလို့၊ လက်ခံတဲ့သူကလည်း လက်ခံလို့ လုပ်ကြရပါတယ် (လက်ရောက်ရယူတယ်လို့ ခေါ်ပါတယ်)
တကယ်လို့ ဒီလိုလက်ရောက်ရယူရမှာကို အားနာလို့၊ အကြောင်းကြောင်းကြောင့် မလုပ်မိခဲ့ကြရင်နောက်နောင်မှသိရတဲ့ ကိစ္စတွေကို ဖြေရှင်းရတာမလွယ်ပါဘူးဗျာ။ ဒီတော့ ငွေပြေငွေကျေချေတဲ့နေ့မှာ အဆင့်(၄)ဖြစ်တဲ့ ၁၀၅၊ အဆင့်(၅)ဖြစ်တဲ့ SP၊ အဆင့်(၆)ဖြစ်တဲ့ ပုံစံမူရင်း၊ အဆင့်(၇)ဖြစ်တဲ့ လယ်ယာကွက်တို့(၄)မျိုးကို လက်ရောက်ရယူဖို့ မမေ့ကြပါနဲ့၊ နောင်မှဆိုတဲ့စကားကို မသုံးကြပါနဲ့ဗျာ။
အဆင့် (၈) – တန်ဖိုးလျော့ချုပ်တဲ့ စာချုပ်က တစ်စောင်
ပြောတော့သာ “လယ်ယာမြေ” ဝယ်တာ။ တစ်ဧကတန်ဖိုးက သိန်းရာကျော်တယ်၊ ဆယ်ဧကကို သိန်းထောင်ကျော်တယ်၊ တန်ဖိုးရဲ့ ၅% က တံဆိပ်ခေါင်းခွန် ကပ်မှသာ မြို့နယ်မြေစာရင်းမှာ စာချုပ်ချုပ်ရမှာမို့ နည်းနည်းတော့ သက်သာချင်ကြတာပေါ့။
ဒီတော့ တကယ်ဝယ်တဲ့တန်ဖိုးထက် နည်းတဲ့တန်ဖိုးနဲ့ “လျော့ချုပ်တဲ့စာချုပ်” တစ်စောင်လုပ်ကြရပါတယ်။ ဆရာ စာချုပ်ကို အရောင်း/အဝယ် တန်ဖိုးလျော့ချုပ်ကြရင် အပြစ်ရှိတယ်မဟုတ်လားဆရာ။
ရှိတာပေါ့ဗျာ။ အပြစ်ပေးမယ်သာဆိုရင် စာချုပ်စာတမ်း အတုပြုလုပ်မှု( ပြစ်မှု-၁၉၃) ရယ်၊ မြေဝယ်ယူရာမှာ မမှန်မကန် ပြုလုပ်တဲ့အတွက် “မရွှေ့၊ လွှဲပြောင်းကန့်သတ်-၁၃” အရရယ်၊ စွဲချက်တွေအများကြီးရှိနိုင်ပါတယ်။
ဒါပေမဲ့လည်း လိမ်မှန်းသိလျက်နဲ့ ခွင့်လွှတ်ထားတာ “တန်ဖိုးလျော့စာချုပ်” တစ်ခုပဲ ရှိတယ်လို့ ပြောလို့ရပါတယ်၊ ဒါကလည်း ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ / ရာဖြတ်ရှိနေလို့ ဒီအဖွဲ့ကို ကျော်ပြီး လိမ်လို့မရမှန်း သိလို့နေမှာပါ။ တန်ဖိုးလျော့ချုပ်ပြီး ရာဖြတ်တင်လို့ ပြဿနာဖြစ်တယ်ဆိုတာ ကျွန်တော်တော့ တစ်ခါမှမကြားဖူးပါဘူး။ ဒါပေမဲ့ ရာဖြတ်က ဆုံးဖြတ်ခဲ့တဲ့ တန်ဖိုးနဲ့သာ တံဆိပ်ခေါင်းခွန်/အမြတ်တော်ခွန်တို့ဆောင်ထားကြရင် ပြီးတာပါပဲ။
ဒါတွေ ထားပါဦးတော့။ အဲဒီလျော့ချုပ်တဲ့ စာချုပ်ကလည်း မလုပ်လို့မရပါဘူးခင်ဗျာ၊ သက်ဆိုင်ရာ ရာဖြတ်က စံနှုန်းတွေနဲ့ ပြန်ပြင်ပေးမှာပါ။
အဆင့် (၉) – တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေး
မြို့နယ်မြေစာရင်းဦးစီးဌာနမှာ စာချုပ်ကြီး ချုပ်ဆိုဖို့၊ အခွန်တော်တံဆိပ်ခေါင်းတွေ ဝယ်ရပါ့မယ်၊ “ရာဖြတ်”က ကန့်သတ်ပေးလိုက်တဲ့ တန်ဖိုးနှင့်သာ ဝယ်ယူဖို့ မြို့နယ်မြေစာရင်းက စီစဉ်ပေးမှာပါ။ အဲဒီရာဖြတ်က ဖြတ်ပေးတဲ့မြေတန်ဖိုးရဲ့ ဝ.၂ % နဲ့တွက်ပြီး “စာချုပ်စာတမ်း မှတ်ပုံတင်ကြေး”ရယ်လို့လည်း ပေးဆောင်ရပါသေးတယ်၊ ဒီတန်ဖိုးကိုတော့ တံဆိပ်ခေါင်း (သို့မဟုတ်) ဖြတ်ပိုင်းစာရွက်နဲ့ ပေးသွင်းကြရပါတယ်။
အဲဒီလို အခွန်တော်တံဆိပ်ခေါင်းတွေနဲ့ မှတ်ပုံတင်ကြေးတွေ ပေးဆောင်ပြီးမှ မြို့နယ်မြေစာရင်းဦးစီးဌာနမှာ “လယ်ယာမြေ” အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ရတော့မှာပါ။ “SP” သာ ယူမထားခဲ့ရင် လက်မှတ်ရေးထိုးဖို့ အမည်ပေါက်မြေပိုင်ရှင် လိုအပ်သွားနိုင်ပါတယ်။
အဆင့် (၁၀) – အမည်ပြောင်းလို့ ရပါပြီ
ရှေ့မှာ ဆရာပြောတဲ့ အဆင့်(၉)ဆင့်ပြီးသွားမှသာ မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ဝယ်သူရဲ့နာမည်ပေါက် လျှောက်လို့ ရပါတယ်။
ပထမဆုံး “လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရန်အတွက်” ပုံစံ(၁၀၅)ကို ဝယ်သူနာမည်နဲ့ ထုတ်ယူရပါတယ်။ ပုံစံ(၁၀၅)ရပြီးမှ ပုံစံ(၇)မှာ နာမည်သစ်၊ ပိုင်ရှင်သစ်နဲ့ ပြန်ပြီး လျှောက်ထား ထုတ်ယူရပါတယ်၊ ရှေ့က အဆင့်ဆင့်ပြည့်စုံခဲ့ရင် အမည်ပြောင်းတဲ့ကိစ္စက မြို့နယ်မြေစာရင်းရုံးမှာတင် ပြီးပါတယ်၊
ဒါပေမဲ့ ဆရာပြောခဲ့သလို ဒီကိစ္စမှာ ရပ်/ကျေးဥက္ကဋ္ဌ လက်မှတ်ကတော့ လိုလာပြန်ပါပြီ။
(ဆရာကြီး ဦးကြည်စိုး IC (အိမ်ဘုရင်)
ကူးယူဖော်ပြပါသည််။

to owner

26/07/2023

လွန်ခဲ့သောနှစ်ရက်က မိတ်ဆွေတစ်ဦးမှမြောက်ဒဂုံမှာ မြေနှင့်အိမ်၀ယ်လိုကြောင်း၊ဈေးနှုန်းနှစ်ဘက် ညှိနှိုင်းပြီးပြီမို့စာရွက်စာတမ်းလိုက်စစ်ဆေးပြီး၊
စရံေပးစာချုပ်ချုပ်ပေးပါရန်အလုပ်အပ်သဖြင့်၊သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

အကျိုးဆောင်မှ ကျွန်တော့်မိတ်ဆွေအားဂရန်အမည်ပေါက်မှရောင်းမည်ဖြစ်ကြောင်းပြောပါတယ်။

ကျွန်တော်နှင့်ကျွန်တော့မိတ်ဆွေတို့အတူ အိမ်ခြံမြေအကျိုးဆောင်၏ရုံးခန်းသို့သွားရောက်ခဲ့ကြပါတယ်။

အကျိုးဆောင်ရဲ့ရုံးခန်းသို့ရောက်သောအခါမြေကွက်ပိုင်ရှင်ဆိုသူနှင့်မိတ်ဆက်ပေးပါတယ်။
ကျွန်တော်မှထိုသူအားစာရွက်မူရင်းများပြသပေးရန်ပြောသောအခါ၊ပိုင်ရှင်ထံတွင်လိုက်ကြည့်နိုင်ကြောင်း
ယခုမိတ္တူသာရှိကြောင်း
အရောင်းအ၀ယ်အတွက် စရန်ချပြီးပါက မူရင်းစာရွက်စာတမ်းအားလိုက်ပြပါမည်ဟုပြောပါတယ်။

ကျွန်တော်မှ ဒါဆိုရင်ခင်ဗျားကပိုင်ရှင်မဟုတ်ဘူးပေါ့လို့မေးတော့၊
အဆိုပါရောင်းသူမှ သူက၀ယ်ထားပြီး တဆင့်ပြန်ရောင်းခြင်းဖြစ်ကြောင်းပြောပါတယ်။

ဒါဆိုခင်ဗျား၀ယ်ထားတဲ့စာချုပ်ပြဆိုတော့ မပြဘူးလို့ပြောပါတယ်။

ဒါဆိုခင်ဗျားမှာပိုင်ရှင်ကပေးထားတဲ့ကိုယ်စားလှယ်လွှဲစာရှိလားလို့မေးတော့လည်းမရှိဘူးလို့ပြောပါတယ်။

ရောင်းသူက ပိုင်ရှင်လည်းမဟုတ်၊
ပိုင်ရှင်ထံကကိုယ်စားလှယ်လွှဲစာရထားသူလည်းမဟုတ်၊ပိုင်ရှင်ထံမှ၀ယ်ယူရန်စရံပေးစာချုပ်ချုပ်ဆိုထားသူလည်းမဟုတ်ပေ ။၎င်းမြေနှင့်ပတ်သက်‌ပြီး ပိုင်ဆိုင်သည့်အထောက်အထားတခုမှမပြသနိုင်ပေ

ထို့ကြောင့်ကျွန်တော့မိတ်ဆွေအား မ၀ယ်ရန်ပြောသောအခါ၊
ထိုရောင်းချသူမှ သူ့ကိုယုံကြည်နိုင်ပါကြောင်းပြောပါတယ်။
အကျိုးဆောင်မှလည်းသူအာမခံကြောင်း၊
သူအကျိုးဆောင်လုပ်လာတာကြာပြီဖြစ်ကြောင်း၊
လမ်းဘေးပွဲစားမဟုတ်‌‌ေကြာင်း
ရုံးခန်းနှင့်အခိုင်အမာဆောင်ရွက်နေသူဖြစ်ကြောင်း
ပြဿနာအရှုပ်အရှင်းဖြစ်လာပါက
အကျိုးဆောင်မှ မိမိတာ၀န်ယူဖြေရှင်းပေးပါမည်ဟု
အာမခံ‌ ​​​ပြောကြားပါသည်။

ကျွန်တော်တို့ရှေနေများအ‌‌ေနဖြင့်စာရွက်စာတမ်းခိုင်မာမူ့၊နှင့်
အလုပ်အပ်နှံသူရဲ့အကျိုးစီးပွားမထိခိုက်စေရန်သာဆောင်ရွက်ပေးပါတယ်။

ထို့ကြောင့်မ၀ယ်ပေးပဲပြန်ခဲ့ပါတယ်။
ထိုဖြစ်စဉ်မျိုးနှင့်အလားတူကိစ္စများအခုတလော

မကြာခဏကြုံ‌နေရပါသဖြင့်မိတ်ဆွေများသတိထားနိုင်ရန်တင်ပြခြင်းသာဖြစ်ပါတယ်။

မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေသောအိမ်ခြံမြေအကျိုးဆောင်များ ၊အများအပြားရှိပါတယ်။
၎င်းတို့ကိုမဆိုလိုပါ။

ကျွန်တော်ခန့်မှန်းမိသည်မှာ
ကျွန်တော်တို့ကစရံပေးစာချုပ်ချုပ်မှ ကျွန်တော်တို့စရံပေးသောငွေဖြင့်ပိုင်ရှင်ထံ
စာချုပ်သွားချုပ်ပြီး၊ပိုသောအမြတ်ငွေကိုထုတ်ယူသွားမည့်ပုံဖြစ်ပါတယ်။
အိမ်ကိုင်အကျိုးဆောင်မှဈေးတင်ရောင်းခြင်းပုံစံတမျိုးသာဖြစ်ပြီး
တာ၀န်ယူမှု့ တာ၀န်ခံမှုမရှိသော အရောင်းအ၀ယ်သာဖြစ်ပါသည်။
ပြဿနာတစ်စုံတရာပေါ်ပေါက်ပါက ၀ယ်ယူသူသာလျှင်နစ်နာမည့် အရောင်းအ၀ယ်ဖြစ်ပါသည်။

ထို့ကြောင့် မိတ်ဆွေများအမှားကင်းစွာဖြင့်၀ယ်ယူနိုင်ကြပါစေ

‌လေးစားစွာဖြင့်

26/07/2023

အားလုံးပဲ မင်္ဂလာပါ

24/07/2023

အားလုံးပဲ မင်္ဂလာရှိသော ညချမ်းလေးပါ

Thanks

24/07/2023

အားလုံးပဲ မင်္ဂလာရှိသော ညချမ်းလေးပါ
ကျွန်တော် ကြိုးစားထားတာလေး အားပေးသွားပါဦး
Thanks

23/07/2023

# ဝန်ထမ်းသည် အကြောင်းကံမလှ၍ တရားစွဲဆိုခြင်းခံရသော မှုခင်းတွင် ထောင်ဒဏ်ချမှတ်ခြင်းခံရပါက အလုပ်မှ ပြုတ်ပါသလားဆိုသော မေးခွန်းနှင့်ပတ်သက်၍ #
နိုင်ငံ့ဝန်ထမ်းဟူ၍ တာဝန်ပေးအပ်ခန့်အပ်ခြင်းခံရပါက နိုင်ငံ့ဝန်ထမ်းအားလုံးသည် တည်ဆဲ ဥပဒေများ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ နှင့် ဝန်ထမ်းကျင့်ဝတ်တို့ကို လိုက်နာကျင့်သုံးရပါသည်။
#တာဝန်ချိန်မဟုတ်သည့် အချိန်၌ ဖြစ်ပွားသော ကိစ္စ #
ဝန်ထမ်းသည် တာဝန်ချိန်နှင့်မသက်ဆိုင်သော အချိန်တွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စများအတွက် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းခံရလျှင်ဖြစ်စေ၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံရလျှင်ဖြစ်စေ၊ သက်ဆိုင်ရာတရားစွဲဆိုသည့် အဖွဲ့အစည်းက ယင်းဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးထံသို့ စာဖြင့် အကြောင်းကြားသွားမည်ဖြစ်သည်။
သက်ဆိုင်ရာတရားရုံးကလည်း -
ယင်းဝန်ထမ်းအပေါ် အပြီးသတ်အမိန့်ချမှတ်ခြင်း သို့မဟုတ် စီရင်ချက် ချမှတ်ခြင်း ဆောင်ရွက်ပြီးသော အခါတွင် စီရင်ချက်မိတ္တူတစ်စောင်ကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံသို့ ပေးပို့သွားမည် ဖြစ်သည်။
# တာဝန်ထမ်းဆောင်ချိန်တွင် ဖြစ်ပွားသောကိစ္စ #
ဝန်ထမ်းသည်တာဝန်ဝတ္တရားထမ်းဆောင်ချိန်တွင် ဖြစ်ပွားသော ဥပဒေကြောင်းအရ အရေးယူခံရနိုင်သည့် ပြစ်မှုတစ်မျိုးမျိုးကို ပြုလုပ်မှု သို့မဟုတ် တာဝန်ပျက်ကွက်မှုအတွက် ဖမ်းဆီးချုပ်နှောင်ရန်ဖြစ်လျှင် သက်ဆိုင်ရာ အဖွဲ့အစည်းသည် အဆိုပါဝန်ထမ်း၏ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံ ဖမ်းဆီးချုပ်နှောင်ခွင့်တောင်းခံပြီးခွင့်ပြုချက်ကို ရရှိမှ သာ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိသည်။
တစ်ဆက်တည်း တာဝန်ဝတ္တရား ထမ်းဆောင်ချိန်တွင် ဖြစ်ပွားသော ဥပဒေကြောင်းအရ အရေးယူခံရနိုင်သည့် ပြစ်မှု တစ်မျိုးမျိုးကို ပြုလုပ်မှု သို့မဟုတ် တာဝန်ပျက်ကွက်မှုအတွက် တရားစွဲဆိုရန်ဖြစ်လျှင် သက်ဆိုင်ရာအဖွဲ့အစည်းသည် အဆိုပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံ တရားစွဲဆိုခွင့် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှ သာ တရားစွဲဆိုရမည်ဖြစ်သည်။
# ပြစ်မှုကျူးလွန်သော ဝန်ထမ်း ကိုပြစ် ဒဏ်ချမှတ်ခြင်း #
ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိသော ဝန်ထမ်းကို ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်တစ်မျိုးမျိုးချမှတ်ရာ၌ ပြစ်မှု၏ သဘောသဘာဝနှင့် ဝန်ထမ်း၏ ပြုလုပ်မှု သို့မဟုတ် တာဝန်ပျက်ကွက်မှုတို့ကို ချင့်ချိန် ထောက်ရှုပြီး နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၃ တွင် သတ်မှတ်ထားသော-
# (၁) စာဖြင့်သတိပေးခြင်း၊
# (၂) နှစ်တိုးလစာရပ်ဆိုင်းခြင်း၊
# (၃) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊
# (၄) လစာနှုန်းအတွင်း လစာလျှော့ချခြင်း၊
# (၅) ရာထူးအဆင့် လျှော့ချခြင်း၊
# (၆) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့် ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုးအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊
# (၇) တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့် ကာလအတွက် လစာအပြည့်ခံစားခွင့်ပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊
# (၈) ရာထူးမှ ထုတ်ပယ်ခြင်း၊
# (၉) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း
အထက်ဖော်ပြပါပြစ်ဒဏ်ကိုးမျိုးအနက်မှ သင့်လျော်သည့် ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ ဖြစ်စေ ချမှတ်နိုင်သည်။
# ဝန်ထမ်းကို တရားရုံးတွင် စစ်ဆေးကြားနာသည့်ကိစ္စ နှင့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းတို့ ၏ သဘောသဘာဝ #
တရားရုံးတွင် စစ်ဆေးကြားနာခြင်းသည် စွဲဆိုထားသည့် သက်ဆိုင်ရာ ဥပဒေအရ တရားခံတွင် အပြစ်ရှိ /မရှိ စစ်ဆေးကြားနာခြင်းဖြစ်သည်။
ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းသည် အရေးယူသည့် အမှုကိစ္စနှင့်စပ်လျဉ်း၍ - ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း
သို့မဟုတ်
စည်းကမ်းဖောက်ဖျက်ခြင်း
သို့မဟုတ်
တာဝန်ပျက်ကွက်ခြင်း
သို့မဟုတ်
ဥပဒေဖောက်ဖျက်ခြင်း ရှိ /မရှိတို့ကို
စီမံခန့်ခွဲရေးရှုထောင့် မှ စုံစမ်းစစ်ဆေးခြင်းဖြစ်သည်။
# ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းခံရသည့် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူခြင်း #
(က) ဝန်ထမ်းသည် တရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက -
ကျူးလွန်သည့် ပြစ်မှုနှင့် ချမှတ်သည့် ပြစ်ဒဏ်တို့ကို ထောက်ရှု၍ ထိုဝန်ထမ်းကို စီမံခန့်ခွဲရေးဆိုင်ရာလိုအပ်ချက် အရ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ရန် သင့် မသင့် စဉ်းစားဆုံးဖြတ်ရန် အလို့ငှာ ဌာနဆိုင်ရာ အရေးယူနိုင် သည်။
တရားရုံးက တရားရှင်/ တရားသေလွှတ်လိုက်လျှင်-
(ခ) ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်းခံရသည့် အမှုကိစ္စအတွက် ပြစ်မှု မထင်ရှားသဖြင့် တရားရုံးက စွဲချက် မတင်မီ အမှုမှ တရားရှင်လွှတ်ခြင်း
သို့မဟုတ်
စွဲချက်တင်စစ်ဆေးပြီး ပြစ်မှု မထင်ရှားသဖြင့် အမှုမှ တရားသေလွှတ်ခြင်းနှင့်စပ်လျဉ်း၍
ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူဆောင်ရွက်ခြင်း မပြုတော့ပါ။
# ထောင်ဒဏ်ချမှတ်ခြင်းခံရသော ဝန်ထမ်း #

# တရားရုံးကပြစ်မှုထင်ရှားအပြစ်ပေးခြင်းခံရသော ဝန်ထမ်းနှင့်စပ်လျဉ်း၍
# ဝန်ထမ်းသည် ဥပဒေကြောင်းအရ တရားစွဲဆိုခံရပြီးနောက် ကြီးလေးသော ပြစ်ဒဏ်စီရင်ခြင်းခံရပြီးကြောင့် ဖြစ်စေ၊ ပြစ်မှုကျူးလွန်သည်မှာ အလေ့အကျင့်ကဲ့သို့ ဖြစ်နေခြင်းကြောင့် ဖြစ်စေ၊ ဝန်ထမ်းအား လက်ရှိရာထူး၌ တာဝန်ထမ်းဆောင်ခြင်းမှ ထုတ်ပယ်သည့်ပြစ်ဒဏ်ဖြစ်သော “ ရာထူးမှ ထုတ်ပယ်ခြင်း” ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရပါမည်။
သို့မဟုတ်
ဝန်ထမ်းသည် ဝန်ထမ်းအဖွဲ့အစည်း၌ ဆက်လက်ထားရှိရန် မသင့်လျော် ပါက “ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း” ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရပါမည်။
# ငွေဒဏ်လောက်သာတပ်ရိုက်ခြင်းခံရသည့် ဝန်ထမ်းများ #
အချို့သော အမှုမျိုးတွင် တရားစွဲဆိုခြင်းခံရသော ဝန်ထမ်းသည် ငွေဒဏ်လောက်သာ တပ်ရိုက်ခြင်းခံရသည့် အခါများလည်းရှိပါသည်။ ထိုအခါမျိုးတွင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့ အစည်းသည် အရေးယူခံရသော ဝန်ထမ်းကိုဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်း ပြုသင့်/ မသင့်နှင့်ပတ်သက်၍ -
အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားကြပါ သည်။ ဝန်ထမ်းသည်-
ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း
သို့မဟုတ်
ကိုယ်ကျင့်တရားပျက်ခြင်းတို့နှင့် အကျုံးဝင်သည့် အမှုမျိုး မဟုတ်ပါက ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး အလို့ငှာ ဌာနဆိုင်ရာ အရေးယူခြင်း ပြုလေ့မရှိတော့ပါ။
ဤမျှဆိုလျှင် နိုင်ငံ့ဝန်ထမ်းတို့အနေဖြင့် ကံမကောင်းအကြောင်းမလှ၍ အမှုဖြစ်ခဲ့လျှင် သိသင့် သော အကြောင်းအရာတို့ ပြည့်စုံလောက်ပြီဟု ယူဆပါသည် -
ဆရာကြီးမိုးထက် ( ၁၁.၉.၂၀၂၁)
ကိုးကား-
နိုင်ငံ့ဝန်ထမ်းဥပဒေ
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ
credit -ဆရာကြီးမိုးထက်
original uploader

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Family Lawyer - Legal consult posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category