Minn Taing Pin

Minn Taing Pin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minn Taing Pin, Lawyer & Law Firm, No. 317, Room/B/2, Second Floor, Wireless Street 3, 9 Ward, Mayangone Township, Yangon.

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ နိုင်ငံခြားသားနှင့်မြန်မာအမျိုးသမီးများ ထိမ်းမြား လက်ထပ်ကျမ်းကျိန်လွှာပြုလုပ်ရာတွင် လိုအ...
24/11/2025

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ နိုင်ငံခြားသားနှင့်မြန်မာအမျိုးသမီးများ ထိမ်းမြား လက်ထပ်ကျမ်းကျိန်လွှာပြုလုပ်ရာတွင် လိုအပ်သောအထောက်အထားများ ကိုထုတ်ပြန်ကြေညာခြင်း



20/11/2025

လူကြီးမင်းတို့လုပ်ငန်း၏ ကုန်အမှတ်တံဆိပ်များကို မှတ်ပုံတင်ခြင်း နှင့်ပတ်သတ်ပြီး Minn Taing Pin Legal Consultancy Limited မှ ကျွမ်းကျင်သော ဉပဒေပညာရှင်များမှ တိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။

https://www.facebook.com/profile.php?id=100094932372861

https://minntaingpin.mystrikingly.com

09 261 661 532, 09 793 664 151(Viber)

[email protected]

No.317, Room(B-2), Second Floor, Wireless Street (3), (9) Ward, Mayangone Township, Yangon.



ကုမ္ပဏီများအဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်အရာရှိက ထုတ်ပြန်သောအမိန့်၊ ညွှန်ကြားချက်နှင့် အသိပေး ကြေညာချက်များကို အလေးထာ...
01/09/2025

ကုမ္ပဏီများအဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်အရာရှိက ထုတ်ပြန်သောအမိန့်၊ ညွှန်ကြားချက်နှင့် အသိပေး ကြေညာချက်များကို အလေးထားလိုက်နာရန်ကြေညာ

၂၀၂၅ ခုနှစ်၊စက်တင်ဘာလ၊(၁)ရက်နေ့

The Mirror (Kyay Mone) NewspapersPage  29 (20.7.2024) Saturdayတရားဝင်ကွာရှင်းပြတ်စဲပြီးကြောင်း အများသိစေရန်ကြေညာခြင်း ကြ...
20/07/2024

The Mirror (Kyay Mone) Newspapers
Page 29 (20.7.2024) Saturday

တရားဝင်ကွာရှင်းပြတ်စဲပြီးကြောင်း အများသိစေရန်ကြေညာခြင်း
ကြေးမုံသတင်းစာ၊ စာမျက်နှာ -၂၉၊
(၂၀.၇.၂၀၂၄)(စနေနေ့)





Caution Notice in Mirror (Kyay Mone) NewspapersPage  26 (26.5.2024) Sundayကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်းက...
26/05/2024

Caution Notice in Mirror (Kyay Mone) Newspapers
Page 26 (26.5.2024) Sunday

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း
ကြေးမုံသတင်းစာ
စာမျက်နှာ -၂၆၊ (၂၆.၅.၂၀၂၄)(တနင်္ဂနွေနေ့)




Caution Notice in Mirror (Kyay Mone) NewspapersPage 29 (28.3.2024) Thursdayကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း...
28/03/2024

Caution Notice in Mirror (Kyay Mone) Newspapers
Page 29 (28.3.2024) Thursday

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း
ကြေးမုံသတင်းစာ
စာမျက်နှာ -၂၉၊ (၂၈.၃.၂၀၂၄)(ကြာသာပတေးနေ့)




စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (Copyright Law)နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ (Industrial Design Law) တို့ အား ၂၀၂...
19/10/2023

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ (Copyright Law)နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ (Industrial Design Law) တို့ အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ (၃၁) ရက်နေ့တွင် စတင်အာဏာတည်‌‌ ကြောင်းသတ်မှတ်ကြေငြာခြင်း။

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ကြေညာခြင်းအမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃) တွင် တစ်ရက် (၈နာရီ )အတွက် ၅၈၀၀ကျပ် ပြင...
07/10/2023

အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ကြေညာခြင်းအမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃) တွင် တစ်ရက် (၈နာရီ )အတွက် ၅၈၀၀ကျပ် ပြင်ဆင်သတ်မှတ်

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လ...
04/09/2023

အိမ်ခြံမြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ (Sp) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်နည်း
*******************************************

ယခု စာဖတ်သူသိချင်နေတဲ့မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီလို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြားချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့မိတ်ဆွေ ကိုဘဲစာချုပ်စာတမ်း ရုံး မှာ မှတ်ပုံတင်ထားပြီ တဲ့..အထူးကိုယ်စားလှယ် လွှဲစာ (speical power) က ၃ နှစ်ကျော်သွားရင် သုံးမရတော့ဘူးလို့လူအများ နားလည်နေကြပါတယ် ။

ဒီလိုထင်မြင်တာလည်း မှားတယ်လို့မပြောနိုင်ပါဘူး ။ ဘာကြောင့် အမှတ်မှား ကြသလဲလို့ ထင်နေကြသလဲလို့မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နဲ့မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံမထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထားပါတယ် ။ ကြှနျုပျလညျး ၃ နှစ်ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ်။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာကတော့သက်တမ်း (၅) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) (SP, GP ) ပေးထားသူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိမနေကြတော့ပါဘူး။ သေကုန်ကြပါ ပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်းသူသေရင် သုံးလို့မရတော့ဘူး ။ ပါဝါ လည်းလိုက်သေသွားတယ်လို့ပြောရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါပေးသူသေသွားကြတာကို ဖုံးကွယ် ထားကြတယ်တဲ့ ။ ကာယကံရှင် ထံက GP,SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည်မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP ,SP ပါဝါ ယူထားတက်ကြလို့ဘဲ။

ဂရန် အမည်ပေါက် ထံ က( GP,SP) ပါဝါ ယူထားရင်အခွန်ဆောင်စရာမလို၊ အမည်ပြောင်း စရာမလိုဘူးပေါ့။ မိမိဝယ်ထားတယ်ဆိုတာလည်း အခွန်ဦးစီးဌာန ကမသိဘူးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ရှောင်တာပါပဲ။ အဲဒါပေမဲ့ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့သဘော တရားရှိတယ် မဟုတ်လား။ မမျှော်လင့်ဘဲ ဂရန် အမည်ပေါက် သူကရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွားတဲ့အခါ (GP,SP ) ပါဝါ ကိုင်ထားတဲ့သူဟာမျောက်မီးခဲ ကိုင်မိသလို ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ ကဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင်လာတဲ့အခါ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့လိမ်လည် ကျမ်းကျိန်ပြီး ရန်ကုန် မြို့တော် ခန်း မမှာ အရောင်းအဝယ်စာချုပ်ရန် ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်းအဝယ်စာချုပ်ချုပ်ဖို့မြေပုံ/ မြေရာဇဝင်ထုတ်ပေးလိုက်တဲ့အခါ၊ အဲဒီမှာ ပြသာနာပေါ်တော့တာဘဲ၊ အဲဒီလူကြီးဝယ်ထားတဲ့ မြေနှင့်အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က (၅) နှစ် (၁၀) နှစ်ရှိပါပြီဆိုပြီး၊ အသိမိတ်ဆွေကဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ သေသူအမည်ပေါက်ရဲ့သားသမီးတို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့အခါ လိမ်စဉ်ကြီးပေါ်တော့တာဘဲ။ ဒီတော့မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူညှိနိုင်းဖြေရှင်းပေး ရတာတွေရှိလို့(၃) နှစ်ကျော် ပါဝါတွေလက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထားတာဖြစ်တယ်လို့သိရပါတယ် ။
နောက်ထပ်မံသိရတာကတော့ကန်ထရိုက် နဲ့မြေရှင် General Power (အထွေထွေ ကိုယ်စားလှယ် လွှဲစာ) ပေးတဲ့ကိစ္စပါပဲ။မြေရှင်နဲ့ကန်ထရိုက် တိုက်ဆောက်တဲ့အခါ သက်မှတ်ချိန်ကာလ မပြီးတာတို့၊ ကန်ထရိုက်ဘက် ကအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ဖြစ်ပေါ်လာရင် ကန်ထရိုက်တာက(GP) ကိုမြေရှင်ထံ ပြန်မပေးကြဘူး။ နှစ်အကြာကြီးကိုင်ထားတက် ကြတယ်။အဲဒီအခါမှာ မြေရှင် နဲ ကန်ထရိုက်တာ နဲ့အငြင်းအခုံဖြစ်ကြတာ မပြီးနိုင်တော့ဘူး။ သတင်းစာတွေမှာ ရှေ့နေတွေနဲ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။အဲဒီလိုကိစ္စမျိုတွေကြောင့်ပထမ SP/GP ပါဝါ တစ်နှစ်လို့သတ်မှတ်တယ်။နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ်လိုက်တယ်။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။

ဒါကြောင့်အဆွေတော် လက်ထဲမှာရှိတဲ့(SP ဖြစ်စေ ၊GP ဖြစ်စေ )(၃) နှစ်ကျော်သွားပေမယ့်မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန်အပ်ခြင်း၊ လက်ခံသူပြန်အပ်သူ နှစ်ဦးစလုံးသေခြင်း၊ စိတ်မနှံရူးသွပ်သွားခြင်း၊ လူမွဲ ဖြစ်သွားခဲ့လျှင်တော့ကိုယ်စားလှယ်ရဲ့အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်းထားပါတယ်။

#ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ...
03/09/2023

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

Crd.

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအမိန့်ကြော်ငြာစာအမှတ် ၅ဝ /၂ဝ၂၃ (၂ဝ၂၃ ခုနှစ်၊ ဇူလိုင် လ ၁၄ ရက်)အမှတ်တံဆိပ်မူပိုင်ခွင့်ဆို...
22/08/2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ၅ဝ /၂ဝ၂၃
(၂ဝ၂၃ ခုနှစ်၊ ဇူလိုင် လ ၁၄ ရက်)
အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများ

၁၉၅၅ ခုနှစ် ၊ ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေများကိုပြင်ဆင်သည့်နည်းဥပဒေများ ထုတ်ပြန်ကြောင်းကြေညာခြင်း ။ပြည်ထောင်စုတရားလွှတ်တ...
18/08/2023

၁၉၅၅ ခုနှစ် ၊ ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေများကိုပြင်ဆင်သည့်နည်းဥပဒေများ ထုတ်ပြန်ကြောင်းကြေညာခြင်း ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၇-၈-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၃၄/၂၀၂၃ ဖြင့် ရှေ့နေအဖြစ် ဝင်ခွင့်ရပြီးသူတစ်ဦးတစ်ယောက်သည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန်ပျက်ကွက်မှုအတွက် နည်းဥပဒေပြင်ဆင်ချက် ထုတ်ပြန်ထားပါသည် ။

Address

No. 317, Room/B/2, Second Floor, Wireless Street 3, 9 Ward, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959793664151

Website

Alerts

Be the first to know and let us send you an email when Minn Taing Pin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Minn Taing Pin:

Share