Myat Su Pan Legal Consultant & General Services

Myat Su Pan Legal Consultant & General Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Su Pan Legal Consultant & General Services, Legal Service, 4 Street, Yangon.

18/12/2025

အကျယ်ဝန်း 15 × 50 ဒဏ်ကြေး
ကိုယ်ပိုင်မီတာ/မော်တာ ပြင်ဆင်ပြီး
တိုက်ခန်း ရောင်းမည်။
၅လွှာ အခန်းဖွဲ့ (၁) ၊ထပ်ခိုးပါ သိန်း ၉၅၀

ပိုင်ရှင်တိုက်ရိုက် 09978820974

#မရမ်းကုန်း #အိမ်ခြံမြေ #မရမ်းကုန်းအိမ်ခြံမြေ #အိမ်ခြံမြေအရောင်းအဝယ်

ယနေ့ မျက်မှောက်ခေတ်ကာလမှာ ကုမ္ပဏီ တစ်ခု တည်ထောင်ရန် လွယ်ကူလွန်းလှပါသည်။ သို့သော် မိမိတို့ ကုမ္ပဏီအား တည်ထောင်ရုံနှင့် မရ...
13/12/2025

ယနေ့ မျက်မှောက်ခေတ်ကာလမှာ ကုမ္ပဏီ တစ်ခု တည်ထောင်ရန် လွယ်ကူလွန်းလှပါသည်။ သို့သော် မိမိတို့ ကုမ္ပဏီအား တည်ထောင်ရုံနှင့် မရတော့ဘဲ နှစ်စဉ် အခွန် ကိစ္စများ ရှင်းလင်းရန် လိုအပ်ခြင်း၊ နှစ်စဉ် ကုမ္ပဏီ သက်တမ်း တိုးရန် လိုအပ်ခြင်း ၊ သက်တမ်းတိုးရန် ၂၄နာရီကျော်လွန်းပါက ဒဏ်ကြေးများ ပေးသွင်းရပြီး ၂၇ရက် ကျော်လွန်ပါက ကုမ္ပဏီ ဆိုင်းငံ့အခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၂၈ ရက် ကျော်လွန်ပါက Stuck Off အခြေအနေသို့ ရောက်မည်ဖြစ်ပြီး တရားရုံးအမိန့်ဖြင့်သာ ပယ်ဖျက်ပေးရန် လျှောက်ထား တင်ပြနိုင်တော့မည်ဖြစ်ပါသည်။ ကုမ္ပဏီဖျက်သိမ်းလိုလျှင်လည်း ယခင်ကလို လွယ်ကူတော့မည်မဟုတ်သည့်အတွက် မိမိတို့ လုပ်ငန်းလိုအပ်ချက်အရ ကုမ္ပဏီတည်ထောင်ကြရန် အကြံပြုလိုက်ရပါသည်။

ကုမ္ပဏီ၏အခြေအနေမှာ ဆိုင်းငံ့ (Suspended) ဖြစ်နေရင် ပုံစံ - နှစ်စဉ်အစီရင်ခံစာ (Form-AR) နှင့် ပုံစံ - ဈ-၉(ဃ) (Form-I-9(D)) တို့ကို တင်ရပါမည်။
နှစ်စဉ်အစီရင်ခံစာ (Annual Return) နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ၏ Profile တွင် ဖော်ပြထားပါသည်။
အဆိုပါရက်နေ့အထိ မှတ်ပုံတင်ကြေး ၅၀,၀၀၀/- ကျပ် ပေးသွင်းတင်ပြရန် ဖြစ်ပါသည်။
နှစ်စဉ်အစီရင်ခံစာ (Annual Return) နောက်ဆုံးတင်ပြရမည့်ရက်မှ ကျော်လွန်ပြီး ၂၇ ရက်အတွင်းဖြစ်ပါက နောက်ကျကြေး (late fee) ၁၀၀,၀၀၀/- ကျပ် အပါအဝင် ၁၅၀,၀၀၀/- ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်။
နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရမည့်ရက်ထက် ၂၈ ရက် ကျော်လွန်သည်နှင့် ကုမ္ပဏီ၏ Profile တွင် ဆိုင်းငံ့ (Suspended) အခြေအနေကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
ဆိုင်းငံ့ (Suspended) စာရင်းမှ ပယ်ဖျက်ရန် ပုံစံ - ဈ-၉(ဃ) (Form-I-9(D)) တွင် Company Letter Head ဖြင့် ညွှန်ကြားရေးမှူးချုပ်သို့ လိပ်မူ၍ ပုံစံ - နှစ်စဉ်အစီရင်ခံစာ (Form - AR) လုပ်ဆောင်ပြီးကြောင်း (သို့မဟုတ်) COMPANY PROFILE ကို Screen Shot ရိုက်ပြီး Upload File တွဲရမည်ဖြစ်ပါသည်။
ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ရန် မှတ်ပုံတင်ကြေး ၁၀၀,၀၀၀/- ကျပ် ပေးသွင်းရမည် ဖြစ်ပါ သည်။
ပုံစံ - နှစ်စဉ်အစီရင်ခံစာ (Form - AR)အတွက် ၅၀,၀၀၀/-ကျပ် + နောက်ကျကြေး (Late Fee) အတွက် ၁၀၀,၀၀၀/-ကျပ်နှင့် + ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ခြင်းအတွက် ၁၀၀,၀၀၀/-ကျပ် အပါအဝင် စုစုပေါင်း ၂၅၀,၀၀၀/-ကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။ ငွေပေးသွင်းရာ တွင် မူလစာမျက်နှာ (HOME) အောက်ရှိ ငွေဖြည့်ရန် (Fund Account) ၌ ၂၅၀,၀၀၀/- ကျပ်ကို ပေါင်းသွင်းပါက ပိုမိုလွယ်ကူမည်ဖြစ်ပါသည်။

ဆက်သွယ်ဆောင်ရွက်လိုပါက
Myat Su Pan Legal
☎️ 09 978 820 974
🏠 No 751, 3 St, 1 Ward, Yangon Region.

9.5.2025 ကန့်ကွက်နိုင်ပါကြောင်း
09/05/2025

9.5.2025 ကန့်ကွက်နိုင်ပါကြောင်း

မိမိတို့ရဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ရန် အရေးကြီးပါသလား။ 🏛️ကုန်အမှတ်တံဆိပ်ဆိုတာ လုပ်ငန်းတိုင်းရဲ့အရေးအကြီးဆုံး ပြယုဂ်တစ...
09/03/2025

မိမိတို့ရဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ရန် အရေးကြီးပါသလား။

🏛️ကုန်အမှတ်တံဆိပ်ဆိုတာ လုပ်ငန်းတိုင်းရဲ့
အရေးအကြီးဆုံး ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်နှင့်လုပ်ငန်းအမှတ်တံဆိပ်များကို မသမာသူတို့ရဲ့ဆင်တူယိုးမှားတုပ ပြုလုပ်ခြင်း၊ တုပ ထုတ်လုပ်ခြင်း၊ တုပ ဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့ ကိုယ်ကျိုးစီးပွားထိခိုက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း၊ရေးသားခြင်း စသည့်အကြောင်းအရာများမှ ကာကွယ်နိုင်ရန်အတွက် လူကြီးမင်းတို့ရဲ့ အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားရှိရန် လိုအပ်ပါတယ်။

🏛️ မိမိတို့ကိုယ်ပိုင်ဉာဏဖြင့် ဖန်တီး ရေးဆွဲထားသောကုန်ပစ္စည်းရဲ့အမှတ်တံဆိပ်ကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ရန် ဆောင်ရွက်သင့်ပါတယ်။ ထိုမှသာ မိမိတို့ထုတ်ကုန်ကို အခြား မည်သူတစ်ဦးတစ်ယောက်မျှ အတုအပ ပြုလုပ်ခြင်း၊ ဆင်တူယိုးမှားသော်လည်းကောင်း ( သို့မဟုတ် ) အပြည့်အ၀သော်လည်းကောင်း ယူဆောင်အသုံးပြုခြင်း၊ အငြင်းပွါးစရာ တစ်စုံတစ်ရာဖြစ်ပေါ်လာသည့်အခါ ဥပဒေကြောင်းအရ အပြည့်အဝအကာအကွယ်ရရှိနိုင်မှာဖြစ်ပါတယ်။

🏛️ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ ဥပဒေသစ်၊ပုဒ်မ ( ၉၃ ) အရ ကုန်အမှတ်တံဆိပ်များအနေ​​ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်မူပိုင်ခွင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်က ပြဌာန်းသတ်မှတ်လိုက်သည့်အတွက် မိမိတို့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် (၂)မျိုး (၂)စားဖြင့် မှတ်ပုံတင်နိုင်မည်ဖြစ်ပါတယ်။

🏛️လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်း၊ ကုမ္ပဏီလုပ်ငန်းရဲ့ ကုန်အမှတ်တံဆိပ်၊ အမည်/ အမှတ်အသားများကို အမြန်ဆုံး ယုံကြည် စိတ်ချစွာအပ်နှံဆောင်ရွက်လိုပါက ကျွန်တော်များ Myat Su Pan Legal Consultant & General Services ထံ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်ခင်ဗျာ။

🏛️အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်🏛️

Address - No (751), (3) Street, (1) Ward,
Mayangone Township.
☎️ 09 978 820 974
☎️ 09 250 170 765
Viber +959 978 820 974

9.3.2025 မြန်မာ့အလင်း စာ ၃၀
09/03/2025

9.3.2025
မြန်မာ့အလင်း စာ ၃၀

နှစ်အလိုက် စာချုပ်တံဆိပ်ခေါင်းများ   ပဲနိ နှင့် ကျပ် ရှေ့ပိုင်းလို့မှတ်    ၇၄ ဆိုရှယ်၊  ၈၉ ပြည်ထောင်      ၁၁ သမ္မတ ကိုဆေ...
08/03/2025

နှစ်အလိုက် စာချုပ်တံဆိပ်ခေါင်းများ

ပဲနိ နှင့် ကျပ် ရှေ့ပိုင်းလို့မှတ်
၇၄ ဆိုရှယ်၊ ၈၉ ပြည်ထောင်
၁၁ သမ္မတ ကိုဆောင်။

ပဲနိ၊ကျပ်ဟာ ကိုလိုနီခေတ်(လွတ်လပ်ရေးမရမီရှေ့ပိုင်း)ကာလက အသုံးပြုခဲ့သောစာချုပ်မျိုးဖြစ်ပါတယ်
၁၉၄၈မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ဦးနု ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီခေတ်၊အဲဒီ့ခေတ်မှာ ပဲနိ၊ကျပ် တံဆိပ်ခေါင်းပဲသုံးပါတယ်

​နောက်ပိုင်း ၁၉၅၉ အိမ်စောင့်အစိုးရလက်ထက်ခေတ်မှာလဲ(ပဲနိ၊ကျပ်)တံဆိပ်ခေါင်းပဲအသုံးပြုကြပါတယ်။
၁၉၆၂ တော်လှန်ရေးကောင်စီခေတ်လဲ(ပဲနိ၊ကျပ်)စာချုပ်ပါပဲဖြစ်ပါတယ်

၁၉၇၄ မဆလခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ရောက်မှ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဆိုတဲ့ တံဆိပ်ခေါင်းကိုစတင်အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်

၁၉၈၈မှာအရေးခင်း​ ပေါ်ပေါက်လာတယ်။စစ်အစိုးရအုပ်ချုပ် ခဲ့ပါတယ်
၁၉၈၉မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တံဆိပ်ခေါင်း ထွက်​လာခဲ့ပါတယ်
နောက်ပိုင်းစာချုပ်ကတော့ ၂၀၁၁ခုနှစ် သမ္မတကြီးဦးသိန်းစိန်လက်ထက်ကပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါသော တံဆိပ်ခေါင်းစာချုပ်ပါ
ယခင်စာချုပ်များသည် ခုနှစ်အလိုက် အသုံးပြုကာ ယနေ့အချိန်ထိအသုံးဝင်ပါတယ်
ဦးသိန်းစိန် သမ္မတလုပ်သည့်အချိန်မှစ၍ ယနေ့ထိဆို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါရှိသော
တံဆပ်ခေါင်းများဖြစ်ကြောင်းမျှဝေပေးခြင်းဖြစ်ပါတယ်
အိမ်ခြံမြေကွက်ဝယ်ယူသူများ အလိမ်မခံရစေဖို့အတွက်ရည်ရွယ်ပါသည်။

တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့်
အခွန်တံဆိပ်ခေါင်းခွန်(စာချုပ်)နှုန်းထားများအနှစ်ချုပ်

(၁) ကတိစာချုပ် သဘောတူကတိစာချုပ် ၃၀၀ ကျပ်
(၂) ကွာရှင်းစာချုပ် ၂၅၀ ကျပ်
(၃) ကိတ္တိမမွေးစား စာချုပ် ၁၅၀ ကျပ်
(၄) ကိုယ်စားလှယ်လွှဲစာ
(က) အထွေထွေကိုယ်စားလှယ်လွှဲစာ (ငါးဦး) ၁၀၀၀ ကျပ်
(ခ) အထွေထွေကိုယ်စားလှယ်လွှဲစာ (ငါးဦးထက်ပိုလျှင်) ၂၅၀၀ ကျပ်
(ဂ) အထူးကိုယ်စားလှယ်လွဲစာ ၃၀၀ ကျပ်
(ဃ) အထူးကိုယ်စားလှယ်လွဲစာ ငါးဦးအထိဆိုလျှင် ၁၀၀၀ ကျပ်
(င) အထူးကိုယ်စားလှယ်လွဲစာ ငါးဦးထက်ပိုလျှင် ၂၅၀၀ ကျပ်
(စ) တရားရုံးအမှု လိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွဲစာ ၁၀၀ ကျပ်
(၅) ကျမ်းကျိန်လွှာ ၁၅၀ ကျပ်
(၆) ကုန်အမှတ်တံဆိပ် ၁၅၀ ကျပ်
(၇) ကြေညာစာတမ်း ၁၅၀ ကျပ်
(၈) ခံဝန်ချုပ် (အာမခံသည့်ငွေ သို့မဟုတ် တန်ဖိုးပေါ်တွင် ၁ % )
(၉) စာချုပ်စာတမ်းမူရင်းခွဲ (မူရင်းစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း / မူရင်းစာချုပ်အား မိတ္ထူ ကူးလျှင် ၁၀၀ ကျပ်)
(၁၀) စွန့်လွှတ်စာချုပ် (စွန်လွှတ်သည့်တန်ဖိုး ခံဝန်ချုပ်တွင်ဖော်ပြထားသည့်အတိုင်း 1.5%)(အခြား အနေအထားတွင် ၂၅၀၀ ကျပ်)
(၁၁) စာချုပ်စာတမ်းမိတ္ထူကူးခြင်း (မူရင်းမရှိလျှင် ၂၅၀ ကျပ်)
(၁၂) ပေးကမ်းစာချုပ်
(၁) ရွေ့ပြောင်းနိုင်သောပစ္စည်း ၃၀၀ ကျပ်
(၂) မရွှေ့ပြောင်းနိုင်သောပစ္စည်း တန်ဖိုးအပေါ် 1.5%
(၁၃) ပစ္စည်းခွဲဝေစာချုပ် ဝေစုတန်ဖိုး အပေါ် 1.5%
(၁၄) မိသားစုစီမံမှုစာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး တစ်သိန်းခွဲကျပ်)
(၁၅) ယုံမှတ်အပ်နှံသည့်စာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၆) လှုဒါန်းစာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၇) လက်ထပ်စာချုပ် ၂၅၀ ကျပ်
(၁၈) အဌားစာချုပ် ဌားရမ်းသည့်တန်ဖိုးအပေါ် 0.3% မှ 1.5%
(၁၉) အပေါင်စာချုပ် သုံးလကျော်သည်ဆိုလျှင် တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) စဉ် ၁၃(က) အရ ပေးဆောင်ရပါမည် ။
သုံးလ အထိဆိုလျှင် ၄င်းဇယား၏ တစ်ဝက် ။
(၂၀) အာမခံစာချုပ် ငွေတစ်ထောင်ကျပ်ထပ်မပိုလျှင် 1.5% ၊အခြားကိစ္စများနှင့် ဆိုလျှင် ၂၅၀၀ ကျပ်
(၂၁) အမှားပြင်စာချုပ် ၁၅၀ ကျပ်
(၂၂) အစုစပ်စာချုပ် မတည်ရင်းနှီးငွေ ငါးသိန်းကျပ်ထက်မပိုလျှင် ၃၀၀ကျပ် ၊ တန်ဖိုးငါးသိန်းထက်ပိုလျှင် ၃၀၀ကျပ် နှင့်အတူ ပိုနေသည့်ငွေပမာဏအပေါ် 1% ပေါင်းပြီး ပေးရပါမည် )
(၂၃) အစုစပ်ဖျက်သိမ်းခြင်း ၂၀၀၀ ကျပ်
(၂၄) အရောင်းအဝယ်ကတိစာချုပ်
(က) မရွှေ့ပြောင်းနိုင်သောပစ္စည်း မူလတန်ဖိုးအပေါ် 5% ( နယ်မြို့များတွင် 3%)
(ခ) ရွှေပြောင်းနိုင်သော ပစ္စည်း ၆၀၀ ကျပ်
(၂၅) အလုပ်သင် ၁၅၀ ကျပ်
(၂၆) ရှေ့နေအလုပ်သင် ၁၅၀၀ ကျပ်
(၂၇) တရားလွှတ်တော်ရှေ့နေစာရင်းတင်သွင်းခြင်း ၃၀၀၀၀ကျပ်
(၂၈)သင်းဖွဲ့စည်းမျဉ်း မတည်ရင်းနှီးငွေ သိန်းတစ်ထောင်ထက်မပိုလျှင် ငါးသောင်းကျပ် သိန်းတစ်ထောင်ထက်ပိုလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။
(၂၉) ကုမ္ပဏီ သင်းဖွဲ့စည်းမျဉ်း (company Act Law ပုဒ်မ (၁၇) အရ သင်းဖွဲ့စည်းမျဉ်းပူးတွဲထားလျှင် တစ်သောင်းခွဲကျပ် ပူးတွဲမထားလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။ (Non Profit အဖွဲ့အစည်းများအတွက်ဆိုလျှင် အခွန်ကင်းလွတ်ခွင့်ရပါမည် )
(၃၀) နိုင်ငံခြားမှ ကိုယ်စားလှယ်လွဲစာ မြန်မာနိုင်ငံရောက်သည့်အချိန်မှ လေးလအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မတင်လျှင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ပေးရမှာဖြစ်ပါတယ် ။
နံပတ်(၃၀) နှင့်ပတ်သက်၍ အမှားပြင်ဆင်ချက်၊
Stamp act အရ တံဆိပ်ခေါင်း မကပ်လျှင်သက်သေခံ မတင်သွင်း နိုင်ပါဘူး၊ နိုင်ငံခြားမှာ ချုပ်ဆိုသည့် စာချုပ်များသည် လက်တွေ့မှာစာချုပ် ချုပ်ဆိုစဉ် တံဆိပ်ခေါင်ဝယ်ယူရန် မဖြစ်နိုင်ပါ၊ အဆိုပါစာချုပ်ကို မြန်မာပြည်ကို ရောက်ရှိပြီး ၃ လအတွင်း တံဆိပ်ခေါင်းကပ် နိုင်ပါသည် Stamp act ကိုဖတ်ပါ။ ထို့နောက် အဆိုပါ စာချုပ်သည် မြန်မာပြည်ကို ရောက်ရှိပြီး ၄ လအတွင်း မှတ်ပုံတင်သွင်း နိုင်ပါသည် registiration act ကို ဖတ်ပါ။ နိုင်ငံခြားမှ လွှဲအပ်သော ကိုယ်စားလှယ် လွှဲစာများသည် မြန်မာပြည်တွင် ထပ်မံ၍ မှတ်ပုံတင်ရန် မလိူပါ သက်ဆိုင်ရာ နိုင်ငံတွင် legalize လုပ်ရန်သာ လိုပါသည်။
(၃၁) Bill of Lading (BL) စာချုပ် ၁၅၀ ကျပ်

ရုံးခွန်(နှိပ်)တံဆိပ်ခေါင်းခွန်နှုန်းထားများ အနှစ်ချုပ်

📸 ကျူးကျော်သူအား နှင်ထုတ်စေလိုမှု တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
📸 ကုန်ဖိုးငွေရလိုမှု / ချေးငွေရလိုမှု / ငွေရလိုမှု တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
📸 စာချုပ်စာတမ်းပြင်ဆင်ပေးစေလိုမှု တောင်းခံသည့် တန်ဖိုး ပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
📸 စာချုပ်စာတမ်းပယ်ဖျက်ပေးစေလိုမှု စာချုပ်တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
(အကျိုးဆက်သက်သာခွင့်အား ခံစားနိုင်သည်)
📸 စာချုပ်စာတမ်းလက်ရောက်ရလိုမှု စာချုပ်တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
(အကျိုးဆက်သက်သာခွင့်အား ခံစားနိုင်သည်)
📸 စာရင်းရှင်းပေးစေလိုမှု ဆိုလွှာတန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
📸 ကွာရှင်း ပြတ်စဲပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
📸 မွေးစားခြင်းပယ်ဖျက်ပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
📸 မွက်ဟကြေငြာပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
📸 ကွာရှင်း ပစ္စည်းခွဲ စေလိုမှု တရားလိုရသင့်သည့် တန်ဖိုး 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
မယားခေါ်လိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
📸 အခွင့်အမိန်ရ နေထိုင်သူအား နှင်လိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
(ပုံသေရုံးခွန်များသည့် ရုံးခွန်ဥပဒေ ဇယား (၂) အပိုဒ် -၁၇ (၆) အရ သတ်မှတ်ပါသည် ။
📸 အမွေပုံစီမံခန့်ခွဲပေးစေလိုမှု တရားလိုတောင်းဆိုသည့်သက်သာခွင့်အပေါ် တန်ဖိုး 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
(ရုံးခွန်ဥပဒေ ဇယား (၁) အပိုဒ် -၁ အရ သတ်မှတ်ပါသည် )
📸 အမွေဆက်ခံပိုင်ခွင့်လက်မှတ် ရမယ့် ငွေ 5%(ဘဏ်ဥပဒေအရ အခွန်ကင်းလွတ်ခွင့် အား ဘဏ်မှ တောင်းခံ လျှင် အခွန်ကင်းလွတ်ခွင့်ရရှိနိုင်သည်)

📸 တရားမအယူခံတက်မည်ဆိုလျှင်မူလရုံးတွင် ထမ်းဆောင်ခဲ့သည့်အခွန် နှုန်းထားတိုင်း ရုံးခွန်ထမ်းဆောင်ရပါမည် ။
တရားမပြင်ဆင်မှု တက်မည်ဆိုလျှင် မူလအမှုတန်ဖိုး သိန်းတစ်ရာအောက်ဆိုလျှင် ရုံးခွန် တစ်သောင်း ကျပ် တစ်ရာနှင့်အထက် ရုံးခွန် နှစ်သောင်းကျပ်အား ထမ်းဆောင်ရပါမည် ။
မြို့နယ်အဆင့်သို လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း ငါးဆယ်ကျပ်အား ထမ်းဆောင်ရပါမည် ။
ခရိုင်အဆင့်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၊ ဒေသ သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း တစ်ရာကျပ်အား ထမ်းဆောင်ရပါမည် ။
တိုင်း/ ပြည်နယ်/ ကောင်စီ အဆင့် သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း နှစ်ရာကျပ်အား ထမ်းဆောင်ရပါမည်။
ဗဟိုအဆင့် နှင့် ညွန်ကြားမှုဦးစီးဌာနအဆင့် သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း သုံးရာကျပ်အား ထမ်းဆောင်ရပါမည် ။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း ငါးရာကျပ်အား ထမ်းဆောင်ရပါမည် ။
📸 တားဝရမ်း ထုတ်ပေးခြင်း၊ ဝရမ်းခွာပေးရန်လျှောက်ထားခြင်း ၊
မြို့နယ် ၅၀ ကျပ်
ခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၀၀ ကျပ်
တိုင်း၊ ပြည်နယ်၊ကောင်စီ၊ ၂၀၀ ကျပ်
ဗဟို၊ညွန်ကြားမှုဦးစီးဌာန ၃၀၀ ကျပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၅၀၀ ကျပ်

ဆင့်စာခများ၊တရားရုံးသို့လျှောက်လွှာများ၊တရားမှုများစွဲဆိုရာတွင်ရုံးခွန်မလုံလောက်သော(နှိပ်) တံဆိပ်ခေါင်းများတွင်(ကပ်)၍ရုံးခွန်ထမ်းဆောင်အသုံးပြုကြပါသည်။

မူရင်းရေးသားသူအား ပေးပါသည်။

(ရုံးခွန်ပြင်ဆင်ချက် )……………………………………((၁.၄.၂၀၂၅ )ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်)ဇယား ၁၊ အမှတ်စဉ် ၁……………………………………1) သိန်...
19/02/2025

(ရုံးခွန်ပြင်ဆင်ချက် )
……………………………………

((၁.၄.၂၀၂၅ )ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်)

ဇယား ၁၊ အမှတ်စဉ် ၁
……………………………………

1) သိန်း ၁၀၀၀ အထိ (၀.၅% - တန်ဖိုးအလျောက် /
အများဆုံး ၅ သိန်း)

2) သိန်း ၁၀၀၀ အထက်မှ သိန်း ၁၀၀၀၀ အထိ
(၁၀ သိန်း /ပုံသေ)

3) သိန်း ၁၀၀၀၀ အထက်မှ သိန်း ၃၀၀၀၀ အထိ (၁၅ သိန်း/ပုံသေ)

4) သိန်း ၃၀၀၀၀ အထက် (သိန်း ၃၀/ပုံသေ)

………………………………………………………………………

ဇယား ၁၊ အမှတ်စဉ် ၁၁
…………………………………

1)သေတမ်းစာအတည်ပြုလက်မှတ်/ အမွေထိန်းစာ

အများဆုံးရုံးခွန် ( သိန်း ၃၀ )

……………………………………………………………………….

ဇယား ၁၊ အမှတ်စဉ် ၁၂
……………………………………

အမွေဆက်ခံခွင့်လက်မှတ်

အများဆုံးရုံးခွန် ( သိန်း ၃၀ )

၁၅.၂.၂၀၂၅မြန်မာ့အလင်း စာ၂၂
15/02/2025

၁၅.၂.၂၀၂၅
မြန်မာ့အလင်း စာ၂၂

ပါမစ်မြေများ ရောင်းခွန်၊ ဝယ်ခွန် ထမ်းဆောင်ရပါတော့မည်။
14/02/2025

ပါမစ်မြေများ ရောင်းခွန်၊ ဝယ်ခွန် ထမ်းဆောင်ရပါတော့မည်။

07/02/2025

လက်ထပ်ထိမ်းမြားမှု တရားဝင်ဖို့ ဘယ်လိုအချက်တွေ လိုအပ်ပါသလဲ

လက်ထပ်ထိမ်းမြားမယ်ဆိုရင်
(က) အသက်အရွယ်ကန့်သတ်ချက်
(ခ) နှစ်ဦးနှစ်ဖက်ရဲ့ လွတ်လပ်တဲ့ သဘောတူညီချက်
(ဂ) လက်ထပ်မယ့်သူများ ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးဆိုင်ရာ သတ်မှတ်ချက်
ဆိုတဲ့ အချက်သုံးချက်ကို သက်ဆိုင်ရာ လွှမ်းမိုးမှုရှိတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်မှသာ တရားဝင်လက်ပထပ်မှု မြောက်ပါတယ်။

အသက်အရွယ်သတ်မှတ်ချက် (ကန့်သတ်ချက်) ဆိုသည်မှာ
---------------------------

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ယောကျ်ားတွေအတွက် လက်ထပ်ရမယ့် အရွယ်ကို သတ်မှတ်ထားတာ မရှိပါဘူး။ ယောက်ျားတယောက်ဟာ ကျန်းမာရေးနဲ့ ပြည့်စုံရင် ဘယ်အသက်အရွယ်မှာဖြစ်ဖြစ် လက်ထပ်ထိမ်းမြားလို့ရပါတယ်။ (မောင်သိန်းမောင် ပါ ၃ နှင့် မစော ၆ ရန်ကုန် ၃၄ဝ)

မိန်းကလေးအတွက်ကတော့ မုဆိုးမ ဒါမှမဟုတ် တခုလပ်၊ တလင်ကွာ မဟုတ်ဘူးဆိုရင် အသက် (၂ဝ) ပြည့်ရပါမယ်။ ကာယကံရှင် အမျိုးသမီးဟာ အိမ်ထောင်မကျဘူးသူဖြစ်ပြီး အသက် (၂ဝ) မပြည့်ဘူးဆိုရင် မိဘ (ဒါမှမဟုတ်) အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ရမှသာ လက်ထပ်ခွင့်ရှိပါတယ်။
(မအေးစိန် နှင့် မောင်လှမင်း ၃ ရန်ကုန် ၄၅၅ (F.B))

မှတ်သားဖို့တချက်ကတော့ -
အသက် (၂ဝ) မပြည့်သေးတဲ့ မိန်းကလေးဟာ မိဘသဘောတူညီမှုအရ လက်ထပ်နိုင်တယ် ဆိုပေမယ့် မိန်းကလေးရဲ့အသက်ဟာ (၁၄) နှစ်အောက်ဖြစ်ရင်တော့ လက်ထပ်တဲ့ယောက်ျားနဲ့ သဘောတူခွင့်ပြုတဲ့ မိဘတို့ပါ ရာဇဝတ်ပြစ်ဒဏ် ထိုက်ပါတယ်။
(ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် မောင်ပြူပါ ၂၊ ၁၉၆၅ မတစ စာ - ၄၈၆)

ခရစ်ယာန်တွေအတွက်ကတော့ လက်ထပ်မယ့် အမျိုးသားဟာ အသက် (၁၆) နှစ်အထက် ဖြစ်ရမယ်။ အမျိုးသမီးဟာ အသက် (၁၃) နှစ်အထက် ဖြစ်ရမယ်။ အမျိုးသမီးအနေနဲ့ အသက် (၁၈) နှစ် မပြည့်သေးဘူးဆိုရင် ဖခင်ရဲ့ သဘောတူညီချက် ပါရှိရပါမယ်။ ဖခင်သေဆုံးပြီး ဖြစ်တယ်ဆိုရင်၊ အုပ်ထိန်းသူရဲ့ သဘောတူညီချက် ပါရှိရပါမယ်။ အုပ်ထိန်းသူ မရှိဘူးဆိုရင် မိခင်ရဲ့ သဘောတူညီချက် ပါရှိရပါမယ်။
(1872 Christian Marriage Act, Section 60 (1))

အစ္စလာမ်ဘာသာဝင်မှာကတော့ လက်ထပ်မယ့်သူနှစ်ဦးစလုံးဟာ အရွယ်ရောက်သူတွေ ဖြစ်ကြရမယ်လို့ ဆိုတယ်။ အရွယ်ရောက်သူတွေလို့ ဆိုတာကလည်း လူပျိုဖော်ဝင်၊ အပျိုဖော်ဝင်တာကို ဆိုလိုတယ်။ လူပျိုဖော်၊ အပျိုဖော်ဝင်တယ်ဆိုတာ သက်သေမပြနိုင်ဘူးဆိုရင်တော့ အစ္စလာမ်ဘာသာအရ အသက် (၁၅) နှစ်ပြည့်ရင် အရွယ်ရောက်တယ်လို့ သတ်မှတ်ထားတယ်။

ဟိန္ဒူဘာသာဝင်တွေအတွက်က ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေမှာ သတို့သားရဲ့ အသက်ကိုရော၊ သတို့သမီးရဲ့ အသက်ကိုပါ သတ်မှတ်ထားတာ မရှိပါဘူး။

လွတ်လပ်တဲ့သဘောတူညီချက်... ဆိုတာမှာ
---------------------------------

ဗုဒ္ဓဘာသာဝင်တွေမှာကတော့ အကြင်လင်မယားအဖြစ် အိမ်ထောင်ပြုကြတဲ့အခါ နှစ်ဦးစလုံးးက လွတ်လပ်တဲ့ဆန္ဒသဘောထား ပေးရပါတယ်။ (မအေးမယ် ပါ ၂ နှင့် မကြည်ကြည် ပါ ၂၊ ၁၉၄၈ မတစ၊ ၆၂၅)

ဗုဒ္ဓဘာသာမှာ ကာယကံရှင်ယောက်ျားနဲ့ မိန်းကလေးတို့ဟာ ပစ္စုပ္ပန်ကာလမှာ အကြင်လင်မယားအဖြစ် ပေါင်းသင်းဖို့ ရည်ရွယ်ချက်နဲ့ လွတ်လပ်စွာပေးတဲ့ အပြန်အလှန် သဘောတူညီမှု (Mutual Consent) ကပဲ ပဓာနအကျဆုံးဖြစ်တယ်။ လက်ထပ်ပွဲအခမ်းအနား လုပ်တာကလည်း ကာယကံရှင်တွေရဲ့ သဘောတူညီမှုကို ပေါ်လွင်ထင်ရှားစေဖို့ သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ထုတ်တာပဲဖြစ်တယ်။ ဥပဒေအရကတော့ မလိုအပ်ဘူး။ နောက်တချက်က လက်ထပ်တဲ့မိန်းကလေးမှာ တရားဝင်မပြတ်စဲသေးတဲ့ ယောက်ျားမရှိဖိုးလည်း လိုသေးတယ်။

ခရစ်ယာန်ဘာသာဝင်တွေမှာ သတို့သမီးဟာ အသက် (၁၈) နှစ် မပြည့်သေးဘူးဆိုရင် ဖခင် ဒါမှမဟုတ် ဖခင် သေဆုံးပြီးဖြစ်တယ်ဆိုရင် အုပ်ထိန်းသူက ဒါမှမဟုတ် အုပ်ထိန်းသူမရှိရင် မိခင်က သဘောတူညီချက်ပေးဖို့ လိုအပ်တယ်။

အစ္စလာမ်ဘာသာဝင်တွေမှာကတော့ ထိမ်းမြားတာ တရားဝင်စေဖို့ ကာယကံရှင်ရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒနဲ့ပေးတဲ့ သဘောတူညီချက်ဟာ မပါမဖြစ် လိုအပ်တယ်။
(ဘင်ဒူ နှင့် ဘတ်ဂ်လီ၊ ၂ အိုင်စီ၊ ၈၁၄) လွတ်လပ်တဲ့ သဘောတူညီချက် မပါတဲ့ ထိမ်းမြားမှုဟာ တရားမဝင်ပါဘူး။ (Verma, 75, 94-95; Dr. Tahr Mahmood, 47)

ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေမှာက လက်ထပ်ထိမ်းမြားမှုဟာ နှစ်ဖက်မိဘများက ထိမ်းမြားပေးစားခြင်း ဖြစ်ပါတယ်။ ထိမ်းမြားဖို့ ကာယကံရှင်များကိုယ်စား သဘောတူညီချက် ပေးနိုင်သူတွေက ဖင်ရဲ့ ဖခင် (အဘိုး)၊ အကိုကြီး၊ ဖခင်ဘက်မှ အရင်းအချာအမျိုးနဲ့ မိခင်တို့က အစီအစဉ်အတိုင်း သဘောတူညီမှု ပေးနိုင်ပါတယ်။ ထိမ်းမြားလက်ထပ်ကြတဲ့ သားသမီးတွေမှာ အရွယ်မရောက်သေးသူတွေ ဖြစ်ကြရင် အရွယ်မရောက်သေးသူ သားသမီးများကိုယ်စား သက်ဆိုင်တဲ့ မိဘများက ပြုလုပ်ပေးတဲ့ ထိမ်းမြားလက်ထပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထိမ်းမြားလက်ထပ်မှုဟာ အတင်းအကျပ် လက်ထပ်ပေးမယ်၊ ခြိမ်းခြောက်ခဲ့မယ်ဆိုရင်တော့ တရားမဝင်ပါဘူး။ (Mulla’s Section 427(2))

ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးဆိုင်ရာသတ်မှတ်ချက်... ဆိုတာမှာ

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ လက်ထပ်မဲ့သူ နှစ်ဦးစလုံးဟာ ဗုဒ္ဓဘာသာ ဖြစ်ရပါမယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ တခြားဘာသာဝင်တွေကို ဗုဒ္ဓဘာသာဝင်တယောက်က လက်မထပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး။

ခရစ်ယာန်ဘာသာဝင်တို့ လက်ထပ်တဲ့အခါ ခရစ်ယာန်ဘာသာဝင်တယောက်ဟာ ဘယ်ဘာသာဝင်နဲ့မဆို လက်ထပ်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းရဲ့ မှတ်ပုံတင်အရာရှိရှေ့မှာ “နည်းလမ်းတကျ” လက်ထပ်ရပါတယ်။

အစ္စလာမ်ဘာသာဝင်တွေမှာကတော့ အစ္စလာမ်ဘာသာဝင်ချင်း လက်ထပ်မှသာ တရားဝင်ပါတယ်။ ဒါပေမဲ့ စွန်နီဥပဒေအရဆိုရင်တော့ မွတ်စလင်အမျိုးသားတဦးဟာ ခရစ်ယာန် ဒါမှမဟုတ် ဂျုးအမျိုးသမီးတဦးနဲ့တော့ လက်ထပ်ထိမ်းမြားနိုင်ပါတယ်။ အစ္စလာမ်အမျိုးသမီးတဦး အနေနဲ့ကတော့ ခရစ်ယာန်အမျိုးသား၊ ဒါမှမဟုတ် ဂျူးအမျိုးသားနဲ့ ထိမ်းမြားလက်ထပ်တာ မပြုလုပ်နိုင်ပါဘူး။ ဒါပေမဲ့ လက်ထပ်ခဲ့မယ်ဆိုရင်လည်း ပျက်ပြယ်တဲ့ ထိမ်းမြားလက်ထပ်မှုတော့ မဟုတ်ပါဘူး။ နည်းလမ်းမကျတဲ့ ထိမ်းမြားမှုပဲ ဖြစ်ပါတယ်။ ဘာသာခြားနဲ့ လက်ထပ်မယ်ဆိုရင် ဘာသာခြားက အစ္စလာမ်ဘာသာကို ကူးပြောင်းကိုးကွယ်မှ အစ္စလာမ်တရားဥပဒေအရ “တရားဝင် လက်ထပ်ထိမ်းမြား” နိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ယောက်ျားနဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေ လက်ထပ်တဲ့အခါမှာတော့ အစ္စလာမ်ဘာသာမှာ ဘယ်လိုပဲပြောထားထား “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိန်းမြားမှု နှင့် အမွေဆက်ခံမှု အက်ဥပဒေ” အရသာ ဆုံးဖြတ်မှာ ဖြစ်ပါတယ။ အဲဒီဥပဒေအရဆိုရင် အစ္စလာမ်ဘာသာဝင်ယောကျာ်းနဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့ဟာ အဲဒီဥပဒေအရ လက်ထပ်ခြင်းဖြစ်တယ်လို့ မှတ်ယူခံရရင် သူတို့ရဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တို့နဲ့ ပတ်သက်လို့ သူတို့ရဲ့ မိသားစုဝင်အားလုံးဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေချည်း ဖြစ်ဘိသကဲ့သို့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ရမှာ ဖြစ်တယ်။
(ဦးအီဗရာဟင် (ခ) ဦးထွန်းကြည် ပါ (၄) နှင့် ဒေါ်ထွေး (ခ) ဒေါ်ဟဝါဘီ ပါ (၉) ၂ဝဝ၁ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ - ၄၄၂

ဟိန္ဒူဘာသာဝင်တွေမှာ ဇာတ်တွေကွဲပြားမှုရှိတယ်။ အဓိကအနေနဲ့
(၁) ဗြဟ္မဏပုဏ္ဏားမျိုး
(၂) ခတ္တိယ - စစ်သူကြီးမျိုး
(၃) ဝေဿ - ကုန်သည်မျိုး
(၄) သုဒ္ဒ - အစေခံမျိုး
ဆိုပြီးတော့ ဇာတ်ကြီး (၄) မျိုးရှိတယ်။ ဇာတ်မတူသူ ဟိန္ဒူဘာသာဝင်တွေ တဦးနဲ့တဦး လက်ထပ်ခြင်းမပြုနိုင်ပါဘူး။ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရဆိုရင် ဟိန္ဒူတဦးဟာ တခြားဟိန္ဒူမဟုတ်သူတဦးကို တရားဝင်လက်ထပ်တာ မပြုနိုင်ပါဘူး။ (မောင်မန်း နှင့် ဒိုရာမိုး ၃ အယ်ဘီအာ ၂၄၄) ဒါပေမယ့် ဘယ်ဇာတ်မျိုးပဲဖြစ်ဖြစ် ဟိန္ဒူဘာသာဝင်တယောက်နဲ့ ဗုဒ္ဓဘာသာဝင် မြန်မာတဦးတို့ဟာ “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ” အရ လက်ထပ်ထိမ်းမြားနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသား၊ နိုင်ငံခြားသားတွေဟာ ဘာသာကိုးကွယ်မှုနဲ့ပတ်သက်လို့ အငြင်းပွား ဖြစ်ပွားလာရင်တော့ သူ့ရဲ့နောက်ကြောင်းရာဇဝင်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ပတ်ဝန်းကျင် စသည်တို့ကို စဉ်းစားသုံးသပ်ပြီးမှ်သာ သူဟာ ဘယ်ဘာသာကို သက်ဝင်ယုံကြည်သလဲဆိုတာ စဉ်းစားဆုံးဖြတ်ပေးရပါတယ်။
(ဒေါ်ရဟီမာ ပါ ၃ နှင့် ဒေါ်သီီ ၁၉၇၅ မတစ ၇၉)

ဘယ်လိုနည်းလမ်းတွေနဲ့ လက်ထပ်ထိမ်းမြားရသလဲ

မြန်မာနိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုး (ဗုဒ္ဓဘာသာဝင်) တွေဆိုရင်တော့ ဘယ်သူ့ခြိမ်းခြောက်၊ နှိပ်စက်၊ သွေးဆောင်တာမပါဘဲ ကိုယ့်ရင်ထဲမှာရှိတဲ့ လွတ်လပ်တဲ့ဆန္ဒသဘောထား၊ ကျမ်းကျိန်လွှာနဲ့ တရားရုံးမှာ လက်ထပ်စာချုပ်ချုပ်ဆိုပြီး လက်ထပ်နိုင်တယ်။ ဒါမှမဟုတ် မင်္ဂလာအခမ်းအနား ပြုလုပ်ပြီးတော့လည်း လက်ထပ်နိုင်ပါတယ်။ ဒီလိုမျိုး လက်ထပ်ထိမ်းမြားတာ မလုပ်ခဲ့ဘူးဆိုရင်တော့ ပတ်ဝန်းကျင်က လင်မယားရယ်လို့ အသိအမှတ်ပြုရင်လည်း တရားဝင် လင်မယားအရာ မြောက်ပါတယ်။

ခရစ်ယာန်ဘာသာဝင်ဆိုရင်တော့ ခရစ်ယာန်ဘုရားကျောင်းမှာ လက်ထပ်မယ့်သူနှစ်ဦးက ဘုန်းတော်ကြီး ဒါမှမဟုတ် လိုင်စင်ရလူပုဂ္ဂိုလ်ရှေ့မှာ ခရစ်ယာန်ဘာသာ ဓလေ့အရ ထုတ်ဖော်ပြောကြားပြီး လက်မှတ်ရေးထိုး လက်ထပ်ရမယ်။ အသိသက်သေ (၂) ဦးလည်းပါရမှာဖြစ်တယ်။ (The Christian Marriage Act (33))

အစ္စလာမ်ဘာသာဝင်တွေမှာကတော့ လက်ထပ်ထိမ်းမြားတဲ့အခါမှာ မင်္ဂလာအခမ်းအနား မလိုဘူး။ ထိမ်းမြားလက်ထပ်လိုတဲ့အကြောင်း ကမ်းလှမ်းချက်နဲ့ သဘောတူညီ လက်ခံချက်တို့တော့ ရှိရမယ်။ ကမ်းလှမ်းတာနဲ့ လက်ခံတာတွေကို အခမ်းအနား တခုတည်း လူစုလူဝေးတခုတည်းမှာ ပြုလုပ်ရပါမယ်။ နောက်ပြီးတော့ အစ္စလာမ်အမျိုးသား သက်သေ (၂) ဦးလည်း ပါရပါမယ်။ ဒါမှမဟုတ် သက်သေကတော့ အစ္စလာမ်အမျိုးသား (၁) ဦးနဲ့၊ အစ္စလာမ်အမျိုးသမီး (၂) သက်သေအဖြစ် ဆောင်ရွက်နိုင်ပါတယ်။ သက်သေအဖြစ်တော့ အမျိုးသမီး (၂) ဦး ဆောင်ရွက်လို့ မရပါဘူး။

အစ္စလာမ်ဘာသာဝင်တွေ တရားဝင်လက်ထပ်ထိမ်းမြားတဲ့အခါ မဟာရ်ရွှေဟာ လက်ထပ်ထိမ်းမြားခြင်းရဲ့ တစိတ်တပိုင်းအဖြစ် ပါရပါတယ်။ အဲဒါကြောင့် အစ္စလာမ်ဘာသာဝင်တွေမှာ တရားဝင်လက်ထပ်ထိမ်းမြားတာ ဖြစ်ဖို့ရာ လင်ဖြစ်သူက မယားဖြစ်သူကို မဟာရ်ရွှေ ပေးအပ်ရမယ်။ မဟာရ်ရွှေ အမျိုးအစားကတော့ (၂) မျိုး ရှိပါတယ်။ (၁) ကတော့ လက်ငင်းမဟာရ်နဲ့ (၂) ကတော့ တကယ်လို့ လက်ငင်းမဟာရ်ကို ပေးပါမယ်လို့ ခင်ပွန်းက ကတိပြုပြီးမှ ပေးဖို့ပျက်ကွက်ရင် ဇနီးက ပေါင်းသင်းစပ်ယှက်ဖို့ ငြင်းဆိုနိုင်ပါတယ်။ ခင်ပွန်းက လက်ငင်းမဟာရ်ကို ပေးရင်တော့ ပြန်လည်ပေါင်းသင်းရမှာ ဖြစ်ပါတယ်။ ဆိုင်းငံ့မဟာရ်ကိုတော့ လက်ထပ်ထိမ်းမြားတာကို ဖျက်သိမ်းတဲ့အခါမှာ လင်၊ ဒါမှမဟုတ် မယားဆုံးတဲ့အခါ ဒါမှမဟုတ် လင်မယား ကွာရှင်းတဲ့အခါမှာ ပေးရပါတယ်။

ကုရ်အာကျမ်း (၄း၃) မှာ အမျိုးသားတဦးက ဇနီးမယားတဦးတည်းယူဖို့ ပြဋ္ဌာန်းပေးထားပါတယ်။ တကယ်လို့ ဇနီးတဦးထက် ပိုယူမယ်ဆိုရင်လည်း ဇနီးတွေကြားမှာ ဘယ်သူ့ဘက်မှ ဘက်မလိုက်ဘဲ အညီအမျှ ဆက်ခံကျွေးမွေး စောင့်ရှောက်နိုင်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေက တရားဝင်မယား (၄) ယောက်အထိ ယူခွင့်ရှိတယ်။ ဒါကြောင့် (၅) ယောက်မြောက် မယားယူရင်တော့ လက်ထပ်ထိမ်းမြားမှုဟာ တရားဝင်လက်ထပ်ထိမ်းမြားမှု မဖြစ်ပေမယ့် နည်းလမ်းမကျတဲ့ လက်ထပ်ထိန်းမြားမှုတော့ ဖြစ်သွားပါတယ်။ အဲဒီထိမ်းမြားလက်ထပ်မှုဟာ ပျက်ပြယ်တာတော့ မရှိပါဘူး။

နည်းလမ်းမကျတဲ့ လက်ထပ်ထိမ်းမြားမှု ဆိုတာက -
(၁) အသိသက်သေတွေရှေ့မှာ လက်ထပ်ထိမ်းမြားတာကို မပြုလုပ်ခဲ့ဘူးဆိုရင်
(၂) လက်မထပ်ခင် (ဒါမှမဟုတ်) လက်ထပ်ပြီးနောက်ပိုင်း အချိန်အထိ အုပ်ထိန်းသူရဲ့ သဘောတူညီမှုမရှိဘဲ လက်ထပ်ခဲ့မယ်ဆိုရင်
(၃) လက်ရှိမယား (၄) ယောက်မြောက်အပြင် နောက်ထပ်မယား ထပ်ယူမယ်ဆိုရင်
(၄) အီဒတ်စောင့်ထိန်းနေသူနဲ့ ထိမ်းမြားမယ်ဆိုရင်
(၅) ရုပ်တုကိုးကွယ်သူနဲ့ လက်ထပ်ထိမ်းမြားမယ်ဆိုရင်
(၆) သွေးနီးသူနဲ့ လက်ထပ်ထိမ်းမြားမယ်ဆိုတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
(ဥပမာ - ညီအမအရင်း (၂) ဦးကို တပြိုင်တည်း ယူခွင့်မရှိပါဘူး)

ဟိန္ဒူဘာသာဝင်တွေမှာကတော့ ဟိန္ဒူဓလေ့ထုံးတမ်းတွေအရ လက်ထပ်ထိမ်းမြားရာမှာ တရားဝင်ဖြစ်ဖို့အတွက် ဘာသာရေးအခမ်းအနားကတော့ မပါမဖြစ် ပါရပါမယ်။

ထိမ်းမြားလကက်ထပ်တဲ့အခါ မင်္ဂလာအခမ်းအနားဟာ အင်္ဂါရပ် (၃) ရပ်နဲ့ ပြည့်စုံရမယ်။ အဲ့ဒါတွေကတော့ -
(၁) သတို့သားဘက်နဲ့ သတို့သမီးဘက်တို့ဟာ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ တဖက်က တဖက်ကို လက်ဆောင်ပစ္စည်းများ ပေးအပ်မယ် ပြီးတော့ လက်ခံမယ်။
(၂) ဝေဒကျမ်းများအရ မန္တန်တွေ ရွတ်ဖတ်ပြီး သစ်မွှေး၊ သရက်ကိုင်းခြောက်၊ ထောပတ်တို့နဲ့ ပျိုးထားတဲ့ မြင့်မြတ်တဲ့ မီးပုံးငယ်ရှေ့ (Sacred Fire)၊ ဝိဝါဟပူဇော်ပွဲ (Vevah Homapuja) ပြုလုပ်ရမယ်။
(၃) သတို့သားနဲ့ သတို့သမီးတို့ဟာ တဦးပေါ်တဦး ရာသက်ပန်သစ္စာရှိစွာနဲ့ ပေါင်းသင်းမယ်ဆိုတာကို မီးပုံရှေ့မှာ ကျိန်ဆိုရပြီးတဲ့နောက် ခြေလှမ်း (၇) လှမ်းကို လှမ်းရပါမယ်။ သတ္တမမြောက် ခြောက်လှမ်းကို လှမ်းတဲ့အချိန်ကစပြီး တရားဝင်လင်မယားမြောက်ပြီ ဖြစ်ပါတယ်။ (ပေါင်းသင်းစပ်ယှက်မှု ရှိဖို့မလိုအပ်ပါဘူး)
------------------------------------
ရည်ညွှန်း -
Myanmar Law Hand Book
U Kyaw Myint Law Fan
-----------------------------------------

Address

4 Street
Yangon

Telephone

+959978820974

Website

Alerts

Be the first to know and let us send you an email when Myat Su Pan Legal Consultant & General Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category