TatnaywonProperty.com

TatnaywonProperty.com Growing Public Real Estate Platform of Myanmar, where Investors, Owners and Real Estate Service Providers are in Alliance

    #အကျိုးတူရ #တောင်ဥက္ကလာပမြို့နယ် (14/1)ရပ်ကွက်  သံသုမာလမ်းမကြီးအနီး ၂ထပ်BN လုံးချင်း အရောင်း💸စျေးနှုန်း  = သိန်း 650...
19/10/2024

#အကျိုးတူရ
#တောင်ဥက္ကလာပမြို့နယ် (14/1)ရပ်ကွက် သံသုမာလမ်းမကြီးအနီး ၂ထပ်BN လုံးချင်း အရောင်း

💸စျေးနှုန်း = သိန်း 6500 (ညှိနှိုင်း)

♦️ပေအကျယ် = (34×60) ပေ

♦️ပိုင်ဆိုင်မှု = ဂရမ်အမည်ပေါက်

♦️လမ်းမကြီးနဲ့နီးတဲ့အတွက် ဝင်ရထွက်ရလွယ်ကူစေပါတယ်ရှင်

♦️ကိုယ့်ခြံကိုယ်ဝန်းနဲ့ လုံခြုံစေတဲ့ ခံစားမှုကိုရစေပြီး အသင့်တက်နေရုံလေးဖြစ်ပါတယ်

♦️ပတ်ဝန်းကျင်သန့်၊ ရပ်ကွက်သန့် ဖြစ်တာမို့ နေထိုင်ဖို့ရာ အဆင်ပြေစေပါတယ်ရှင်

🔔အရောင်း = ရောင်းချသူအိမ်ရှင်မှ ရောင်းရငွေ၏တန်ဖိုး 2% အားအပြည့်အဝ ပေးဆောင်ရပါမည် ။

❗️မှတ်ချက်-အချိန်ကာလပေါ်မူတည်၍ဈေးအနည်းငယ် အပြောင်းအလဲရှိနိုင်သည်။

𝗗𝗮𝘁𝗮 ထဲတွင်မပါသောဒဂုံလေးမြို့နယ်/
မြို့နယ်စုံ/မြေ/ 𝗰𝗼𝗻𝗱𝗼 /လုံးခြင်းအငှါး/
အရောင်းများ

လုံးခြင်းအရောင်းများစွာနှင့်
တခြားမြို့နယ်များမှမြေအရောင်း/အ၀ယ်/အငှါးများစွာရှိပါသည်
လူကြီးမင်းတို့သုံးမယ့်ငွေပေါ်မူတည်ပီးပြပေးနိုင်ပါသည်

ဖုန်းဖြင့်ဆက်သွယ်စုံစမ်းပါကလည်း မေးသမျှကို သေချာစွာဖြေကြား ပြီး သိလိုသမျှကို ဖော်ရွေစွာဖြင့် ရှင်းပြပေးနေပါပြီ

𝙏𝙖𝙩 𝙉𝙖𝙮 𝙒𝙤𝙣 𝙍𝙚𝙖𝙡 𝙀𝙨𝙩𝙖𝙩𝙚 𝘾𝙤𝙢𝙥𝙖𝙣𝙮
𝗣𝗵::09789774334/09426456495/09789289893/09789224154/09942895424

တက်နေဝန်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီလီမိတက်
ရုံးလိပ်စာ -အမှတ် (𝟭𝟵𝟲) ၊ (𝟯𝟱)ရပ်ကွက် ၊ ပင်လုံလမ်းမကြီးပေါ် ၊ ၊ မြောက်ဒဂုံ ကျောင်းလမ်းမှတ်တိုင်ရှေ့ ။

ရုံးခွဲလိပ်စာ- အမှတ် (𝟮𝟮𝟬) ၊ (𝟱)ရပ်ကွက် ၊ပါရမီလမ်းမကြီးပေါ် ၊ တောင်ဥက္ကလာပ ပင်းယမှတ်တိုင်ရှေ့ ။

#မြောက်ဒဂုံလုံးချင်းအိမ်

#‌တောင်ဥက္ကလာအိမ်ခြံမြေ

   #အကျိုးတူရ 💸စျေးနှုန်း  = သိန်း 1700 (ညှိနှိုင်း) #တောင်ဥက္ကလာပမြို့နယ် (15)ရပ်ကွက်  သံသုမာလမ်းမကြီးအနီးရှိ တတိယတိုက်...
19/10/2024

#အကျိုးတူရ
💸စျေးနှုန်း = သိန်း 1700 (ညှိနှိုင်း)

#တောင်ဥက္ကလာပမြို့နယ် (15)ရပ်ကွက် သံသုမာလမ်းမကြီးအနီးရှိ တတိယတိုက်ခန်း အရောင်း

▫️ပေအကျယ် = (18×55) ပေ

▫️BCC ကျပြီး

▫️လမ်းမကြီးနဲ့ နီးတာဖြစ်လို့ အသွားအလာလည်း အဆင်ပြေစေပါတယ်

▫️တိုက်သက်တမ်း (7)နှစ်သက်တမ်းရှိ ၊ Master-1 ခန်း၊ Single-1 ခန်း ပါပါတယ်။

▫️ပတ်ဝန်းကျင်သန့်၊ ရပ်ကွက်သန့် ဖြစ်တာမို့ နေထိုင်ဖို့ရာ အဆင်ပြေစေပါတယ်ရှင်

🔔အရောင်း = ရောင်းချသူအိမ်ရှင်မှ ရောင်းရငွေ၏တန်ဖိုး 2% အားအပြည့်အဝ ပေးဆောင်ရပါမည် ။

❗️မှတ်ချက်-အချိန်ကာလပေါ်မူတည်၍ဈေးအနည်းငယ် အပြောင်းအလဲရှိနိုင်သည်။

𝗗𝗮𝘁𝗮 ထဲတွင်မပါသောဒဂုံလေးမြို့နယ်/
မြို့နယ်စုံ/မြေ/ 𝗰𝗼𝗻𝗱𝗼 /လုံးခြင်းအငှါး/
အရောင်းများ

လုံးခြင်းအရောင်းများစွာနှင့်
တခြားမြို့နယ်များမှမြေအရောင်း/အ၀ယ်/အငှါးများစွာရှိပါသည်
လူကြီးမင်းတို့သုံးမယ့်ငွေပေါ်မူတည်ပီးပြပေးနိုင်ပါသည်

ဖုန်းဖြင့်ဆက်သွယ်စုံစမ်းပါကလည်း မေးသမျှကို သေချာစွာဖြေကြား ပြီး သိလိုသမျှကို ဖော်ရွေစွာဖြင့် ရှင်းပြပေးနေပါပြီ

𝙏𝙖𝙩 𝙉𝙖𝙮 𝙒𝙤𝙣 𝙍𝙚𝙖𝙡 𝙀𝙨𝙩𝙖𝙩𝙚 𝘾𝙤𝙢𝙥𝙖𝙣𝙮
𝗣𝗵::09789774334/09426456495/09789289893/09789224154/09942895424

တက်နေဝန်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီလီမိတက်
ရုံးလိပ်စာ -အမှတ် (𝟭𝟵𝟲) ၊ (𝟯𝟱)ရပ်ကွက် ၊ ပင်လုံလမ်းမကြီးပေါ် ၊ ၊ မြောက်ဒဂုံ ကျောင်းလမ်းမှတ်တိုင်ရှေ့ ။

ရုံးခွဲလိပ်စာ- အမှတ် (𝟮𝟮𝟬) ၊ (𝟱)ရပ်ကွက် ၊ပါရမီလမ်းမကြီးပေါ် ၊ တောင်ဥက္ကလာပ ပင်းယမှတ်တိုင်ရှေ့ ။

#မြောက်ဒဂုံလုံးချင်းအိမ်

#‌တောင်ဥက္ကလာအိမ်ခြံမြေ

ဒီတစ်ခေါက်တော့ မဝယ်သင့်တဲ့မြေကွက် တိုက်ခန်း အိမ်ခြံမြေများအား ဖော်ပြပေးလိုက်ပါတယ်။ အောက်ဖော်ပြပါ ကိစ္စရပ်များ ပေါ်ပေါက်န...
23/09/2023

ဒီတစ်ခေါက်တော့ မဝယ်သင့်တဲ့မြေကွက် တိုက်ခန်း အိမ်ခြံမြေများအား ဖော်ပြပေးလိုက်ပါတယ်။

အောက်ဖော်ပြပါ ကိစ္စရပ်များ ပေါ်ပေါက်နေသော
မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဝယ်ယူရန် မသင့်ပါ။

(၁) တရားရုံး၌ အမှုရင်ဆိုင်နေရသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လုံးဝယ်ယူရန် မစဉ်းစားသင့်ပါ။ အကြောင်းမှာ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းလွှဲပြောင်းခြင်းကို ခွင့်မပြုပါ။ တစ်နည်းအားဖြင့် ဆိုရလျှင် အမူ အတောအတွင်း အမှုနှင့်သက်ဆိုင်နေသောပစ္စည်းကို လွှဲပြောင်းခြင်းသည် ဥပဒေနှင့် မညီညွတ်၍ ထိုသို့လွှဲ ပြောင်းခြင်း၊ ရယူခြင်းတို့မှာ ဥပဒေအရ ကနေဦးကပင် ပျက်ပြယ်သည်ဟုဆိုနိုင်ပါသည်။ ပစ္စည်းကိုကြိုက်လွန်း ၍ဖြစ်စေ၊ စျေးချိုလွန်း၍ဖြစ်စေ၊ ရောင်းချသူက အပြောအဆိုကောင်း၍ ဖြစ်စေ၊ တရားရုံးရောက်ပစ္စည်းကို အမှု အတောအတွင်း လွှဲပြောင်းရယူခြင်းကို စာရေးသူက ကြုံတွေ့ဘူးပါသည်။ ရောင်းချသူသည် တရားရုံး အဆင့် ဆင့်တွင် အနိုင်ရရှိခဲ့ပါက ဝယ်သူအနေဖြင့် နစ်နာမည် မဟုတ်သော်လည်း ရောင်းချသူ အမှုရှုံးနိမ့်သွားပါက ဝယ်ယူသူမှာ အလွန်အမင်း နစ်နာသွားမည်ဖြစ်ပါသည်။ ရောင်းချသူအပေါ် တရားတစ်ထုံးစွဲ၍ ငွေပြန်တောင်း ရမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။ ရောင်းချသူသည် မူလရုံးတွင် အမှုအနိုင်ရရှိစေဦးတော့၊ အထက်အယူခံတရားရုံး အဆင့်ဆင့်တွင် အမှုရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သဖြင့် အမြင့်ဆုံး တရားရုံးတွင် အမှုမပြီး ပြတ်သေးသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို လုံးဝ၀ယ်ယူရန် မစဉ်းစားသင့်ပါကြောင်း အတွေ့ အကြုံအရ တိုက်တွန်းလိုက်ရပါသည်။

(၂) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ပိုင်ဆိုင်မှုတွင် အရွယ်မရောက်သေးသူက လုံးဝပိုင်ဆိုင်လျှင် သော်လည်း ကောင်း၊ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားလျှင် သော်လည်းကောင်း၊ ယင်းပစ္စည်းကို ရောင်းချလာပါက တရား ရုံး၏ ခွင့်ပြုချက်မရရှိဘဲ အရွယ်မရောက်သူထံမှ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ဝယ်ယူပါက Guardian and Ward Act အရ တရားဝင်မည်မဟုတ်ပါ။ ဥပမာ- ဦးလေးနှင့်အဒေါ်နှင့် တူမတစ်ဦးတို့၏ အမည်ပေါက် မရွှေ့ မပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းချပါက ဦးလေးနှင့်အဒေါ်တို့သည် တရားရုံး၏ ခွင့်ပြုချက်မရရှိဘဲ အရွယ် မရောက်သေးသူ၏ ဝေစုကို ထည့်၍ရောင်းချပါက Guardian and Ward Act အရ အရွယ်မရောက်သေးသူ၏ အခွင့်အရေးကို အကာအကွယ်ပေးထားသဖြင့် စီရင်ပိုင်ခွင့်ရှိသော တရားရုံး၏ သီးခြားခွင့်ပြုမိန့် မရရှိဘဲ အရွယ်မရောက်သေးသူ၏ ဝေစုကို ရောင်းချခွင့်မရှိကြောင်း ဝယ်သူတို့ အနေဖြင့် အထူးသတိပြုသင့်သော ကိစ္စဖြစ်ပါသည်။

(၃) ရောင်းချဘက်မှ အမွေဆိုင်များအနေဖြင့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းချခြင်း ဖြစ်ပါက အမွေဆိုင် မစုံလင်ပါက ရောင်းချမှုသည် တရားဝင်မည် မဟုတ်ပါ။ အချို့ကိစ္စရပ်တွင် အမွေဆိုင်တစ်ဦးဦးသည် နိုင်ငံခြား သို့အပြီးအပိုင်ထွက်ခွာသွားသည့်ကိစ္စ သို့မဟုတ် သေဆုံးသွားသည့်ကိစ္စရပ်များ ရှိတတ်ပါသည်။ ထိုအခြေအ နေမျိုးတွင် အချို့အမွေဆိုင်တို့က နိုင်ငံခြားသို့အပြီးအပိုင် ထွက်ခွာသွားသည့်ကိစ္စ သို့မဟုတ် သေဆုံးသွားသည့် ကိစ္စရပ်များ ရှိတတ်ပါသည်။ ထိုအခြေအနေမျိုးတွင် အချို့အမွေဆိုင်တို့က နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာ သွားသော အမွေဆိုင်ကို ချန်လှပ်ထားတတ်ပါက သို့မဟုတ် သေဆုံးသူ အမွေဆိုင်၏ ဇနီးနှင့် သားသမီးတို့ကို အမွေဝေစု ခွဲဝေမပေးချင်၍ တမင် ထိန်ချန်ထားတတ်သည်ကို ဝယ်သူဘက်မှသတိထား၍ လေ့လာစုံစမ်းရမည့် အချက်ဖြစ်ပါသည်။ ဝယ်သူဘက်မှ ပေါ့ပေါ့ဆဆ စုံစမ်းမပြုဘဲ အလွယ်တကူ ငွေသိန်းပေါင်းများစွာ ပေးချေပြီး ဝယ်ယူပြီးနောက်တွင် အထက်ဖော်ပြပါအမွေဆိုင် ထိန်ချန်ခဲ့သည့် ကိစ္စရပ်များ ပေါ်ပေါက် လာပါက တရားရုံး တွင်သော်လည်းကောင်း၊ အုပ်ချုပ်မှုအာဏာပိုင်ထံတွင်သော်လည်းကောင်း၊ ဖြေရှင်းရမည့် ကိစ္စရပ်များ ပေါ် ပေါက်လာပါက ဝယ်သူသည် စိတ်ဆင်းရဲမှုနှင့်အမှန်ပင် ကြုံတွေ့ရနိုင်ပါကြောင်း အတွေ့အကြုံအရ တင်ပြလိုက်ရပါသည်။

(၄) မြန်မ့ာဓလေ့ထုံးတမ်းဥပဒေအရ လင်၏အမွေရပစ္စည်းအပေါ်တွင် မယားတစ်ယောက်သာ ရှိပါက လင်၏ အထက်ပါ သို့မဟုတ် အမွေရပစ္စည်းအပေါ်တွင်မယားက ၁/၃ ကို ဥပဒေနှင့်အညီ ပိုင်ဆိုင်ပါသည်။ ( vested right ) တဖန် လင်၏ ၂/၃ အပေါ်တွင် ဒုတိယ၊ တတိယ မယားများ အနေဖြင့်သတ်မှတ်သည့် အချိုးများအရ သက်ဆိုင်ခွင့်ရှိပါသည်။ သို့ဖြစ်ရကား မယားတစ်ဦးထက် ပိုမိုရှိသော လင်ယောကျာ်း၏ အမည်ပေါက်ပစ္စည်း ကိုဝယ်ယူရာတွင် အထူးသတိပြု၍ ဆောင်ရွက်ရန်လိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ပြီး အရှုပ်အရှင်း မပေါ်ပေါက်နိုင်သည်ဟု သေချာရေရာမှ ဝယ်သူအနေဖြင့် ယင်းမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဝယ်ယူရန် ဖြစ်ပါသည်။ ရောင်းချသူ လင်ယောကျာ်းနှင့် စာချုပ်ချုပ်ဆိုရမည်မှာ မှန်သော်လည်း၊ မယားအားလုံး သဘောတူ ညီ အထောက်အထားများ ရရှိပြီးမှသာ အရောင်းအဝယ်ကို ဝယ်သူဘက်မှ ဆောင်ရွက်သင့်ပါသည်။ စာချုပ်စာ တမ်း မှတ်ပုံတင်ကိစ္စတွင် နားလည်တတ် ကျွမ်းသောရှေ့နေရှေ့ရပ်နှင့် တိ်ုင်ပင်ခြင်း၊ ငှားရမ်းခြင်း ပြုလုပ်သင့်ပါ သည်။ သိန်းပေါင်းမြောက်များစွာဖြင့် ဝယ်ယူရာတွင် ကန့်ကွက်သူရှိ မရှိ သတင်းစာကြော်ငြာ ( Public notice ) ကုန်ကျမှာကို တွန့်တိုခြင်းနှင့် ရှေ့နေများမငှားဘဲ လျှောက်လွှာစာရေးနှင့်သာ စာချုပ်ချုပ်ဆိုခြင်းတို့ကို မပြုသင့် ကြောင်း တင်ပြလိုက်ရပါသည်။

(၅) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းပိုင်ရှင်သည် ငွေအလွန်လိုအပ်နေသဖြင့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း ပေါင် နှံ၍ ငွေချေးသည့်ကိစ္စကို အပေါင်ခံသူသည် လူလည်လုပ်ပြီး အရောင်းစာချုပ် အဖြစ် လက်မှတ်ရေးထိုးစေခြင်း၊ အထူးကိုယ်စားလှယ်စာ ရယူထားခြင်း၊ ချေးငွေပြန်မဆပ်နိုင်၍ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း လက်ရောက်ရလို မှုစွဲဆိုသည့် ကိစ္စလည်းကြုံတွေ့ဘူးပါသည်။ အပေါင်ခံသူသည် ပစ္စည်းလက်ရောက် မရရှိခဲ့သည့်အတွက် အရောင်းဟန်ဆောင်စာချုပ်အပေါ် အခြေတည်၍ တရားစွဲဆိုပါက အမှုရှုံးနိမ့်မည်မှာ သေချာလှပါသည်။

(၆) ရောင်းသူနှင့် ဝယ်သူတို့မှာ လူကြီးလူကောင်းများဖြစ်ပါက မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ရောင်းဝယ် သည့်ကိစ္စမှာ ချောချောမောမော ပြီးမြောက်ကြမည်ဖြစ်ပါသည်။ အကယ်၍ ရောင်းသူမှာ လူတစ်ဦးထက်မက ထံမှ စရန်ယူပြီး ရောင်းချခြင်းမျိုးလည်း တွေ့ကြုံဘူးပါသည်။သို့ဖြစ်ရကား မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းချသူသည် အမှန်တကယ် ရိုးသားမှန်ကန်စွာ ရောင်းချခြင်းဟုတ်မဟုတ် စုံစမ်းလေ့လာပြီး မှန်ကန်မှုရှိမှ ဝယ်ယူသင့်ပါသည်။ အကြောင်းမှာ ရောင်းသူသည်လောင်းကစားသမားဖြစ်ပါက လူတစ်ဦးထက်မကထံမှစရန် ရယူထားသည့်ကိစ္စမျိုး ရှိတတ်ကြောင်း ဝယ်သူဘက်မှသတိပြုသင့်သောအချက်တစ်ရပ် ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

( ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း ၊ ငှားရမ်းခြင်း ဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၃၁၊၃၂၊၃၃)

👉    တိုက်ခန်း ဝယ်ရင် မိုးတွင်းကိုဝယ်.....မိုးတွင်းဆိုရင် နံရံရေစိမ့်တာ သိနိုင်တယ်..👉   အပေါ်ဆုံးထပ်ကို ဝယ်ရင် မျက်နှာကျ...
19/09/2023

👉 တိုက်ခန်း ဝယ်ရင် မိုးတွင်းကိုဝယ်.....
မိုးတွင်းဆိုရင် နံရံရေစိမ့်တာ သိနိုင်တယ်..
👉 အပေါ်ဆုံးထပ်ကို ဝယ်ရင် မျက်နှာကျက်ကနေ ရေယို မယို စစ်ရမယ် ၊ မိုးတွင်းတော့ သိသာပေမယ့် နွေဆိုမသိနိုင်ဘူး၊
👉 ဘေးလှေခါးလား၊ အလယ်လှေခါးနဲ့နှစ်ခန်းတွဲ ရင်ခွဲလားကြည့် ရမယ်....နှစ်ခန်းတွဲ ရင်ခွဲတိုက်တွေရဲ့အပေါ်ဆုံးအလွှာမှာ အလယ်မြင်းမိုကို အုတ်စီထားသလား....ဒါမှမဟုတ် သံဇကာ ကာထားသလာကြည့်ရမယ်......နို့မိုဆို တစ်ဘက်ခန်းနဲ့ တဘက်ခန်းမျက် နှာကျက်ကနေ ကူးနိုင်တာမို့ လုံခြုံမှုမရှိနိုင်ဘူး။
👉 နောက်ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။
👉 နောက်ဖေးအရေးပေါ် လှေကားကတော့ အာစီ တွေချည်းပါပဲ ၊ ဒါပေမဲ့လက် ရန်းတွေက စတီးလား ဟော်လိုလား ကြည့်ရမယ်....စတီးဆို မဆွေးဘူး ဟော်လိုဆိုရင် သံချေးကိုက် ပြီးဆွေးမယ်....
နောက်ဖေး အဝတ်လှမ်းတဲ့ အခါအရေးပေါ် လှေကားက မဖြစ်မနေဆင်းရတဲ့အခါ လက်ရန်း ဆွေးနေရင် အန္တရာယ် ရှိ တယ်။
👉 မြေညီစက်ခန်းက ရေလှောင်ကန် ရေလုံမလုံလည်း စုံစမ်းရမယ် ရေမလုံလို့တော့လုံးဝမဝယ်နဲ့ ၊တစ်ချို့စေတနာပါတဲ့ ကန်ထရိုက်တွေက မြေအောက်ရေလှောင်ကန်ကို ကြွေပြားပါကပ်ပေးတာ ၊ ရေကန်ဆိုတာပုံမှန် ရေလှယ်ဆေးကြောရတော့ ကြွေပြားကပ်တာ ကောင်းပါ တယ်။ နောက်ရေလှောင်ကန်အဖုံးအနားကွပ်က ၆လက်မလောက်မြင့်ထားရတယ်၊
👉 ရေမော်တာရေစုပ်ပိုက်က ရေထွက်ပေါက်ကို ၂လက်မပိုက် ၆လက်မလောက် စွပ်ပြီးမဆလာနဲ့ပိတ် ထားရတယ် ၊ ရေကန်ရေပြည့်လို့ ရေလျှံရင် ရေကန် အဖုံးစလပ်က မကောင်းတဲ့ရေတွေ ကန်ထဲမကျ တော့ဘူး၊ အပြင်ဘက်ကိုလည်း ရေဆင်းကောင်းအောင် လျှောစောက်လုပ်မလုပ် ကြည့်ရတယ်။
👉 လူနေပြီးသားတိုက်ကို ဝယ်တဲ့အခါ တိုက်ဆောက်လုပ်တဲ့ ရာဇဝင်ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ရပါတယ်။
👉 ဘေးဝဲယာ ၊ ရှေ့နောက်စောင်းမစောင်း မျက်မြင်နဲ့ခန့်မှန်းပေါ့ ၊ နောက်မြေညီ တိုင်(Column)အရွယ်အစားကိုကြည့် ၊ တစ် ချို့၅ထပ် ၆ထပ်တိုက်တွေ မြေညီတိုင်ကစ9"×12"အရွယ် တွေလုပ်ထားတာ ၊ နံရံတွေ အက်ကွဲမှုရှိမရှိ မျက်မြင်နဲ့လဲလေ့လာလို့ရပါ တယ် ။
👉 ၆ထပ်တိုက်တစ်လုံးတွေ့ဖူးတယ် အုတ်စီပြီးရှေ့ကိုငိုက်သွားလို့ အပေါ် ဆုံး ပါရာပတ်ကနေ ကြိုးဆွဲ ပြီးပလာစတာ လုပ်လိုက်တာတစ်တိုက်လုံးစကွဲယားကျ ဖြစ်သွားတယ် အတွင်းကော်လာတွေပါလိုက် ချောပြစ်ရတာပေါ့ ၊
👉 နောက်တိုက်တစ်လုံးကျတော့ အရှေ့နောက် Level တိုက်တာ ၉"လောက်ကွာနေလို့ ညီအောင် ပြန်ခင်းတာတွေ့တယ် အဲဒီတော့ တိုက်ကဝန်ပိုတွေများလာတာပေါ့ ။
👉 ကွန်ဒိုမဟုတ်ပဲ ရိုးရိုးဖေါင်ဒေးရှင်းတိုက်တွေ ဝယ်ရင် သေချာနားလည်တဲ့ သူနဲ့ဝယ်မှ ၊ မင်္ဂလာ တောင်ညွန့်ထဲမှာ တိုက်တစ်လုံးမြေထဲကြွံဝင်သွားတာ မြေညီတစ်ထပ်လုံး မြေထဲရောက်သွားတယ်။ အခု ကန်ထရိုက်တိုက်တွေ ဆောက်နေတာအင်ဂျင်နီယာ မပါဘူး၊ အင်ဂျင်နီယာဆိုတာ လက်မှတ်ထိုးရုံပဲ ၊ ပန်းရံ လက်သမားတွေကပဲ ဦးစီးနေတာ ၊ သံချောင်းရယ် ကျောက်ရယ် သဲရယ် ဘိလပ်မြေရယ် တွေ့ရင် အာစီ ဖြစ်တာပဲဆိုတဲ့ အသိစွဲနေကြတာ ။
👉 ၆လွှာအပေါ် ဆုံးထပ်ကို သိန်း၂၀၀လောက်ပေးဝယ်ရတာ ၊ သိန်း၂၀၀ဆိုတာ ပလုံသွားရင် ပြန်ရှာလို့မလွယ်တဲ့ ခေတ်ကြီးမှာ တိုက်ခန်းဝယ်မယ်ဆို သေသေချာချာ စဉ်းစားပေါ့။ ပြီးစလွယ်ဆောက်တဲ့ ကန်ထရိုက်တွေအနေနဲ့ မကျေနပ်လည်းမတတ်နိုင် ဘူး ၊ အမြတ်ကို အဓိကမထားပဲ လူပေါင်းများစွာရဲ့ဘဝ ၊ အသက်တွေ ၊ ချွေးနည်းစာတွေကို မသမာတဲ့နည်းနဲ့မဖျက်စီးပါနဲ့ မရယူပါနဲ့၊ ဆရာဝန်မှားရင် အသက်တစ်ချောင်းပဲ ဆုံးရှုံးမယ် ကန်ထရိုက် ပြီးစလွယ်လုပ်ရင်အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ဆုံးရှုံးမယ်။
👉 အင်ဂျင်နီယာ အစားကန်ထရိုက်လို့ ဘာဖြစ် လို့ပြောရတာလည်းဆိုတော့ အင်ဂျင်နီယာ တာဝန် ယူရတဲ့တိုက်က ကွန်ဒိုကလွဲရင် မရှိသလောက်ပဲမို့လို့ပါ။

Crd: yuzanarland

ဂရန်မြေ၊ ပါမစ်မြေ၊ စလစ်မြေကွက်များအကြောင်းသိကောင်းစရာ-စလစ်မြေ         စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း...
07/08/2023

ဂရန်မြေ၊ ပါမစ်မြေ၊ စလစ်မြေကွက်များအကြောင်းသိကောင်းစရာ-

စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါလို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

Credit to: org writter

"တိုက်ခန်း၀ယ်ခြင်းနှင့် အခွန်အကောက်ဥပဒေ"''တိုက်ခန်းဝယ်ရင် ဝယ်ခွန် ထမ်းဆောင်ရတယ်ဆိုတာ ဟုတ်ပါ သလား''ဟု မိတ်ဆွေတစ်ဦးက ဆွေးန...
22/07/2023

"တိုက်ခန်း၀ယ်ခြင်းနှင့် အခွန်အကောက်ဥပဒေ"

''တိုက်ခန်းဝယ်ရင် ဝယ်ခွန် ထမ်းဆောင်ရတယ်ဆိုတာ
ဟုတ်ပါ သလား''ဟု မိတ်ဆွေတစ်ဦးက
ဆွေးနွေးလာပါသည်။

''ဘယ်က ကြားသိလာတာ လဲ'' စာရေးသူက မေးခွန်းပြန်
ထုတ်မိလိုက်သည်။

''ကျွန်တော့်ရဲ့ တူတစ်ယောက်ဆီက သိခဲ့တာပါ''

''ကွန်ဒိုတိုက်ခန်း ဝယ်တာလား''

''မဟုတ်ပါဘူး၊ ရိုးရိုးတိုက်ခန်းပါ။
သူက ရောက်လာတော့ အပျောက်စနစ်နဲ့
တိုက်ခန်း ရောင်းတာဝယ်တာ နားမလည် ဘူး၊
သူတို့ဆီမှာတော့ တိုက်ခန်းတွေ မရှိတော့ မြေနဲ့အိမ်ပဲ
အရောင်း အဝယ်ရှိကြတာလေ။ သူ့အသိတစ် ယောက်က နောက်နှစ်ကျရင် အခွန် ၃၀ ရာခိုင်နှုန်း ဆောင်ရမယ် ပြောတယ်ဆိုပြီး သေချာအောင်စုံစမ်းပေးပါဆိုလို့''

'' *** လက်ရှိအခြေအနေမှာတော့
တိုက်ခန်း အရောင်းအဝယ် တွေမှာ အခွန်ငွေကို
မဖြစ်မနေ ဆောင်ရတဲ့ အခြေအနေ
မရှိသေး ပါဘူး *** ''

''မဖြစ်မနေပေးဆောင်ရမယ် ဆိုတာက''

''ဒီလိုပါ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေစတဲ့ အိမ်နဲ့ မြေကို
ဝယ်မယ် ဆိုရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ
အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုမှ
တရားဝင်ပိုင်ဆိုင် ခွင့်ရမှာဖြစ်တယ်။
အဲဒီလို ဥပေဒ နဲ့အညီ
တရားဝင်မှတ်ပုံတင် စာ ချုပ် ချုပ်မယ် ဆိုရင်တော့
- ပထမဦးဆုံး ရန်ကုန်မြို့တော် စည်ပင် သာယာရေး
ကော်မတီ မြေယာ ဌာနမွာ ဝယ်ယူမယ့် မြေကွက် ရဲ့
မြေပုံ၊ မြေ ရာဇဝင်ကို ကူးယူ လျှောက်ထားရယူ
ရပါတယ်။
- ပြီး ရင် အခွန်ဦးစီးဌာနမှာ မြေနှင့် အိမ်ရဲ့ တန်ဖိုးဖြတ်
သတ်မှတ်ချက် ကို တင်ရတယ်။
- အိမ်မြေတန်ဖိုး သတ်မှတ်တဲ့ အပေါ်မှာ ဝယ်ယူက
ဝင်ငွေရလမ်းမဖော်ပြနိုင်ရင်၊ ဝင် ငွေ အပေါ် ဝင်ငွေခွန်
နှုန်းထား ၃၀ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်တယ်။

- အဲဒီနှုန်း ထားနဲ့ အခွန်သွင်းပြီးမှ မှတ်ပုံတင် အရောင်းအဝယ်
စာချုပ် ချုပ်ဆိုပေးတဲ့အတွက် အဲဒီလို အိမ်မြေဝယ်ပြီး
မှတ်ပုံတင်စာချုပ် ချုပ်ဆို လို့ တရားဝင်အမည်ပေါက်
ဆောင် ရွက်မယ်ဆိုရင် ဝယ်ခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
အဲဒီလို အခြေအနေမျိုးကို မျဖစ္မေန ပေးဆောင်
ရတယ်လို့ ဆိုပါတယ်။

''ဆရာ ပြောသလိုဆိုရင် တိုက်ခန်းအရောင်းအဝယ်ပေါ်မှာ
တော့ အခွန်မကောက်သေးဘူးလို့ ဆိုလိုတာပေါ့''

''အခွန်အကောက် ဥပေဒ အရေတာ့ နိုင်ငံသားမည်သူမဆို
အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ လွှဲပြောင်းရယူခြင်း
ပြုတဲ့အခါ အသုံးပြုတဲ့ ဝင်ငွေဟာ ဝင်ငွေရလမ်း မဖော်ပြနိုင်ရင် အ​စော က ပြောခဲ့သလို ဝယ်ခွန်နှုန်းထားအတိုင်း
အခွန်ပေးဆောင်ရမှာဖြစ်တယ်''

''ဥပေဒအရေတာ့ ပေးဆောင်ရမယ့် တာဝန်ရှိနေပြီပေါ့''

''ဟုတ်ပါတယ်။ ဒါပေမယ့် မဖြစ်မနေ ဆောင်ရမယ်လို့ တော့
တင်းကြပ်ထားတဲ့၊ တစ်နည်း ပြောရရင် ချုပ်ကိုင်ထားတဲ့
အခြေအနေမရှိသေးဘူးလို့ပဲ ပြောရမှာ ပဲ''

''အရင်ခေတ်စနစ်တွေတုန်း ကလည်း ဒီလိုပဲလား''

''ခင်ဗျားက ကတ်သီးကတ်သပ် မေးတော့ဖြေရမှာပေါ့၊
ယခင် ဆိုရှယ်လစ်ခေတ် အုပ်ချုပ်ရေးဖြစ်တဲ့ ပြည်သူကောင်စီ အဆင့်ဆင့် အုပ်ချုပ်စဉ်က တိုက်ခန်းအရောင်း အဝယ်တွေမှာ အခွန်စည်းကြပ်တာ ရှိခဲ့တယ်။ အစောကပြောသလို မဖြစ် မနေ ဆောင်ရွက်ရတဲ့ အခြေအနေမျိုးနဲ့ ကောက်ခံခဲ့တယ်''

''ဗဟုသုတအဖြစ် ပြောပြပါဦး ဆရာ''

''တိုက်ခန်းဝယ်လို့ အိမ် ထောင်စုစာရင်းပြောင်းရွှေ့မယ်ဆိုရင်
ထိုခေတ်စနစ်ကာလက သတ်မှတ် တဲ့ အခွန်အကောက်
ဥပဒေနှုန်းထားနဲ့အညီ ဝင်ငွေရ လမ်း မဖော်ပြနိုင်တဲ့
ဝယ်ငွေအ ပေါ် ဝယ်ခွန်အဖြစ်ကောက်ခံခဲ့တယ်။
အဲဒီလို ဝယ်ခွန်ဆိုပါတော့ အခွန်ဆောင်ပြီးမှ ဝယ်လိုက်တဲ့
တိုက်ခန်းမှာ တရားဝင် အိမ် ထောင်စုစာရင်း ဆောင်ရွက်
ပေးပါ တယ်။ အဲဒီလိုမဟုတ်ရင်တော့ ဧည့်စာရင်းနဲ့ပဲ
နေထိုင်ရမှာဖြစ် တယ်''

''ဝယ်ရောင်းသမားတွေက''

''ဟုတ်တယ်၊ ဝယ်ရောင်း သမားတွေကတော့ အခွန်ဘယ်
ဆောင်မလဲ၊ အမှန်တကယ်နေ မယ့် သူတွေကတော့
တရားဝင် နေ ထိုင်ပိုင်ဆိုင်ခွင့်အတွက်
အခွန် ဆောင်ကြတာပေါ့''

''တိုက်ခန်းအဝယ်ထပ်နေတဲ့ ကိစ္စတွေ မရှိနိုင်ဘူးပေါ့နော်''

''ဟုတ်တယ်၊ အဲဒီလို ကိစ္စတွေတော့ မရှိသလောက်ပဲ
ဆိုပါတော့၊ အခုလက်ရှိကာလမှာပဲ ကြိုပွိုင့် စနစ်နဲ့ တိုက်ခန်း
အရောင်း အဝယ် တွေ နည်းသွားတယ်''

''ဟုတ်တယ် ဆရာ၊ ငွေအ ရင်းအနှီးစိုက်ထုတ်ပြီး ဆုံးရှုံးသွား
တာတွေက မနည်းဘူးဆရာ''

''အဲဒီမွာ အပေါင်ခံတဲ့ကိစ္စ တွေကလည်း ရှိတတ်ကြတယ်လေ။
အပေါင်ကို တိုက်ခန်း အ ရောင်းအဝယ် စာချုပ် ချုပ်ဆိုရယူ ပြီး
အမှန်တကယ်ဝယ်သူက နစ် နာခဲ့တာတွေလည်းရှိတယ်''

''ဘယ်လိုနည်းနဲ့ ကာကွယ်နိုင်သလဲ''

''အမှန်တကယ်တိုက်ခန်း ဝယ်သူတွေအနေနဲ့ မဆုံးရှုံးအောင်
ကာကွယ်တဲ့နည်းကတော့ ဝယ်ခွန် ဆောင်ထားဖို့ပဲ ဖြစ်တယ်''

''ကြိုပွိုင့်ဝယ်ထားရင်လည်း အခွန်ဆောင်လို့ရပါသလား''

''ရတာပေါ့၊ တိုက်ခန်းတန်ဖိုး အပေါ် တန်ဖိုးဖြတ်ပြီး သတ်မှတ်
နှုန်းထားနဲ့အညီ အခွန်ပေးဆောင် လို့ရပါတယ်။ အဲဒီလို
အခွန် ဆောင်ထားရင်တော့ အဲဒီတိုက် ခန်းပိုင်ရှင်ဟာ တရားဝင်
မိမိအမည်ပေါက်ရပြီးသွားတဲ့ သေဘာ ဖြစ်တယ်။ မည်သူကမှ
ကန့်ကွက် လို့မရဘူးပေါ့''

''တရားရုံးတွေမှာ အမှုဆိုင်ရင်လည်း အခွန်ဆောင်ထားတဲ့
သူက ပိုင်တာပေါ့နော်''

''မှန်တာပေါ့၊ ဒါကြောင့် တိုက်ခန်းဝယ်ရာမှာလည်း
မိမိအမည်ပေါက်ပိုင်ရှင်အဖြစ် တရားဝင် ဖြစ်ဖို့ကတော့
ပေးဆောင်ရမယ့် အခွန်၊ ဝယ္ခြန္ကို ပေးဆောင်တာဟာ
အကောင်းဆုံးပဲ သူငယ်ချင်း'' ဟု ရှင်းပြလိုက်မိပါသည်။

မူရင်းပို့စ်ပိုင်ရှင်

အိမ်၊ ခြံ၊ မြေ ရောင်းချသူများ လိုက်နာရန် တာဝန်(၉) ချက်အိမ်၊ ခြံ၊ မြေ ရောင်းချသူများ လိုက်နာရန် တာဝန်(၉) ချက်အရောင်းစာရေး...
18/07/2023

အိမ်၊ ခြံ၊ မြေ ရောင်းချသူများ လိုက်နာရန် တာဝန်(၉) ချက်

အိမ်၊ ခြံ၊ မြေ ရောင်းချသူများ လိုက်နာရန် တာဝန်(၉) ချက်
အရောင်းစာရေးများအတွက် ကျင့်ဝတ်ဆိုသည်မှာ ဝယ်ယူသုံးစွဲသူ(သို့မဟုတ်) customer များနှင့်ထိတွေ့ ဆက်ဆံရသော အခါတွင် ဂရုတစိုက် ပြုမှုဆောင်ရွက်သင့်သော အရည်အသွေးကို ဆိုလိုခြင်းဖြစ်ပါသည်။တခါတရံတွင် ရောင်းသူများဘက်မှ အမျိုးမျိုးသော ဖိအားများကြောင့်
အရောင်းစာရေးများအနေဖြင့် လိုက်နာရမည့် ကျင့်ဝတ်တာဝန်များကိုလွဲချော် သွားတတ်ပါသည်။ ထိုကဲ့သို့ လွဲချော်ခြင်းမဖြစ်ရအောင် ရောင်းချသူများဘက်မှ လိုက်နာရမည့် တာဝန်(၉) ချက်ကို တင်ပြအပ်ပါသည်။

၁။ မိမိရောင်းချမည့် အိမ်မြေယာများ အရှုပ်အရှင်းကင်းရှင်းရပါမည်။
အဆိုပါ အိမ်မြေကို ပိုင်ဆိုင်သူဖြစ်ပြီး ရောင်းချပိုင်ခွင့်ရှိရသူလည်းဖြစ်ရပါမည်။

၂။ မိမိရောင်းချမည့် အိမ်၊ ခြံ၊ မြေ တွင် ချို့ယွင်းချက် ရှိ/မရှိ ကို ပြောပြရမည်။

၃။ ရောင်းချမည့်အိမ်မြေနဲ့ သက်ဆိုင်တဲ့ မူရင်းစာရွက်စာတမ်းများ စုံလင်စွာ ပြသနိုင်ရမည်။

၄။ ရောင်းချမည့်အိမ်မြေနဲ့ ပတ်သက်၍ သေချာစွာ နားလည်နေရမည်ဖြစ်ပြီး သိလိုသမျှ မေးမြန်းလာပါကလည်း သေချာစွာ ပြောပြ ပေးနိုင်ရမည်။

၅။ စရံရယူထားစဉ်တွင်လည်း အဆိုပါ အိမ်မြေကို ကောင်းစွာစောင့်ရှောက်ပေးရမည်။

၆။ အရောင်းအ၀ယ်ပြီးဆုံးချိန်မှာ ပစ္စည်းအကုန်လွှဲပေးရမည်။

၇။ ငွေအပြည့်မချေသေးသော်လည်း လွှဲပေးနိုင် မည်ဖြစ်ပြီး ကျန်ငွေပေါ်တွင် အတိုးတောင်းပိုင်ခွင့်ရှိသည်။

၈။ ရောင်းသူအနေဖြင့် လွှဲပြောင်းသည့်နေ့အထိ အခွန်အခများ ဆောင်ပေးရမည်။

၉။ ဝယ်သူသည် (၂) ဦး / (၃) ဦးစပ်ဝယ်သည်ဆိုပါက ငွေအများဆုံးပေးချေသူသို့ စာရွက်စာတမ်းများအပ်နှံ ရမည်ဖြစ်ပါသည်။

မူရင်းပို့စ်ပိုင်ရှင်

ရွာမြေဝယ်ထားမိလျှင် ခိုင်အောင် ဘာလုပ်ထားရမလဲကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြား၍ တိုင်းတာ ပုံထ...
12/07/2023

ရွာမြေဝယ်ထားမိလျှင် ခိုင်အောင် ဘာလုပ်ထားရမလဲ

ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြား၍ တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။
ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလည်း ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ်လောက်ကိုသာ မြေပုံရေးဆွဲထားကြလို့ပါ။
ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ, မြေရာဇဝင်, ကွင်းအမှတ်, အကွက်အမှတ်, မြေအကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး၊ ပိုင်ဆိုင်မှုခိုင်မာဖို့ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။
ဂရန်ချထားပေးဖို့ကလည်း အဲဒီလို မြေပုံနဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇဝင် မှတ်တမ်း (၁-က) မထားပါဘူး၊ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ)လည်း မရှိပါဘူး။
မြေစာရင်းလက်စွဲဥပဒေ အပိုဒ် (၆၇၁)မှာ “အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။
အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုးလုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတစ်ခုပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ”ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာမြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှုမှတ်တမ်းရရှိရန် မည်သို့ လုပ်ထားသင့်သလဲဆိုပါက ဆောင်ရွက်နိုင်သည့် အချက် (၂)ချက်ရှိနေတာ တွေ့ရပါတယ်။
ပထမအချက်က-
ကျေးရွာဂရန်ရရှိရေးဖြစ်ပါတယ်၊ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများအတွက်သာဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာဂရန်ပေးသည့် စီမံချက်ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန်တစ်ခုကို ရရှိနိုင်ပါတယ်။
ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊စီမံချက် မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံစာရင်းတွေ အသေးစိတ် တိုင်းတာတွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။
ဒုတိယအချက်က –
လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ်ရယူခြင်းဖြစ်ပါတယ်။ ဒါကလည်း လယ်ယာမြေ မဟုတ်ဘူး၊ အခြားနည်း သုံးနေတဲ့မြေ, အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။
၁၉၅၃-လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အဝန်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်းယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှုလုပ်ငန်း မဟုတ်ဘဲ အိမ်ရာအဆောက်အဦ, စက်ရုံအဖြစ် လက်ရှိထား အသုံးပြုနေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားရယူခြင်းဖြစ်ပါတယ်။
ယခု (၂၀၁၂)လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)ပါ၊ [ ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ဘာသာရေးအဆောက်အဦနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံး မပြုသောမြေများ မပါဝင် ] ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက်လက်မှတ်ကို 3 A လို့သုံးရမှာ ဖြစ်ပါတယ်။
သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက်ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မူရင်းပို့စ်ပိုင်ရှင်

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေမျ...
28/06/2023

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်​လျှောက်မှာ တွေ့မြင်ရပါတယ်။
တကယ်တော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရတဲ့ မြေဖြစ်ဖို့ဆိုတာ အ ဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်လို့ အပြောလွယ်သလောက် အလုပ်ခက်ပါ တယ်။ အငိုလွယ်လို့ အရှိုက်ခက်ပါတယ်။ ယနေ့အချိန်အခါမှာ ေတာေရာမြို့ ပါမကျန် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြတာကို စာဖတ်သူများလည်း တွေ့မြင်ရမှာပါ။
မသိမဖြစ် ပုံစံ(၇)နဲ့ မြေစာရင်းပုံစံ (၁၀၅)
ဒီတော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရဖို့အတွက် အဆင့်ဆင့် ကျော်ဖြတ်ရပုံလေးတွေကို သိထားရင် ကောင်းတာပေါ့။ အိမ်ခြံမြေ အရောင်းအဝယ်နဲ့ မကင်းနိုင်တဲ့ သူတို့အတွက်လည်း လေ့လာထားသင့်ပါတယ်။
လယ် ယာမြေအကြောင်း ပြောပြီဆိုတာနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရယ်၊ သက်သေခံ မြေပုံလို့ခေါ်တဲ့ မြေစာရင်းပုံစံ(၁၀၅)ရယ် လယ်ယာေမြမ ဆိုစိုက်ပျိုးမှုအပ အခြားနည်း အသုံးပြုရန် လျှောက်ထားချက် ပုံစံ-၃၀(က)နဲ့ ပုံစံ(၁၅) ခွင့်ပြုမိန့် ရရှိနိုင်ပုံတို့ကို ပြောပြလိုပါတယ်။

ပုံစံ (၇)နဲ့ တွဲလျက်သာ သက်သေခံ မြေပုံလည်းပါ၊ မြေ(၅)မျိုး ရှိနေတာ
ပုံစံ(၇)ဆိုတာ "လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်" ကို ဆိုလိုတာပါ။ အဲ့ဒီ ပုံစံ(၇)နဲ့ တွဲလျက် မြေစာရင်း ပုံစံ(၁၀၅) လို့ ခေါ်တဲ့ မြေပုံ၊ မြေရာဇဝင်လည်း ပါရမယ်။ အဲ့ဒီစာရွက်က "အဖြူရောင်" ပါ။ အခြားကိစ္စအတွက် ထုတ်ယူသုံးစွဲ လို့ မရပါဘူး။ ပုံစံ(၇) ထုတ်ပေးတဲ့ မြေကွက်တွေကတော့.....
(က) လက်ရှိ အသုံးပြုခွင့် ရရှိထားတဲ့ လယ်ယာမြေ
(ခ)လွှဲပြောင်းလက်ခံတဲ့ သူတွေ၊ အမွေဆက်ခံတဲ့ သူတွေအတွက် ထုတ်ပေး ထားတဲ့ လယ်ယာမြေ
(ဂ) မြေလွတ်မြေလပ်မြေရိုင်းကနေ ပြောင်းလဲ သတ်မှတ်ပေးလိုက်တဲ့ လယ် ယာမြေ
(ဃ)ပြန်လည် သိမ်းယူထားတဲ့ လယ်ယာမြေ နှင့်
(င)အသစ် ဖော်ထုတ်လိုက်တဲ့ လယ်ယာမြေ ဆိုပြီး (၅)မျိုး ရှိပါတယ်။

အဲ့ဒီ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေနဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အ စည်း တို့ကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထုတ်ပေးပါတယ်။

လယ်ယာမြေ ဥပဒေပုဒ်မ ၉(ခ)အရ ခံစားခွင့်
လယ်ယာမြေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားတဲ့ စည်းကမ်းချက် များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ထိုသို့ပြဌာန်းထားခဲ့ပေမဲ့ အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန့်ပေးခြင်း မရှိသေးတဲ့အတွက် အစပိုင်းမှာ ဆောင်ရွက်ခွင့်၊ အကျိုးခံစားခွင့်မရှိခဲ့ဘူး။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆.၅.၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ (၃/၂၀၁၉)နှင့် (၄/၂၀၁၉)တို့ဖြင့် လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေ တန်ဖိုးသတ်မှတ်ခြင်း၊ တံဆိပ်ခေါင်းခွန်ပေးဆောင်စေခြင်း၊ တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည် ပြောင်းလဲခြင်းလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ်။ ထို့ကြောင့် ယခုအခါ လယ်ယာမြေနဲ့ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်မှုစာရွက်စာတမ်း ခိုင်ခိုင်မာမာဖြင့်အရောင်းအဝယ်ပြုလုပ်လို့ရပြီဖြစ်ပါတယ်။

ပုံစံ(၁၀၅) ဆိုတာ အဖြူရောင် စာရွက်ပေါ်က မြေပုံပါ
ပုံစံ(၁၀၅)ဆိုတာ "သက်သေခံ မြေပုံ" ကို ပြောတာပါ။ ပိုင်ဆိုင်မှုအတွက် အထောက်အထား မဟုတ်ဘူး။
မြေစာရင်း ပုံစံ(၁၀၅)လို့ လည်း ခေါ်ကြ တယ်။ (အဖြူရောင်ကွာတိုဆိုဒ် စာရွက်ပေါ်မှာ မြေပုံ ရေးဆွဲပြထားတာပါ။) ပုံစံ(၇)နဲ့ ပူးတွဲထားတာ ဖြစ်တယ် နောက်တစ်ကြိမ်ထုတ်သုံးလို့ မရတဲ့ (Death Certificate) ဖြစ်ပါတယ်။
အပြာရောင်ပုံစံ (၁၀၅) မြေပုံကတော့ အထောက်အထား တစ်ခုအတွက်ပါ
နောက်ထပ် မြေစာရင်းပုံစံ (၁၀၅) လို့ ဆိုတဲ့ သက်သေခံ မြေပုံစံမျိုးလည်း ရှိသေးတယ်။ (အပြာရောင် စာရွက် ကာရှည်ဆိုဒ်) ပုံစံပေါ့။
"ဝမ်းနော့ဖိုက်" လို့ အင်္ဂလိပ်လိုလည်း ခေါ်ကြတယ်။ ကိစ္စတစ်ခု (ဥပမာ.. ဘဏ်ငွေ ချေးရန်) အတွက် လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြရတဲ့ စာရွက် တစ်မျိုးဖြစ်ပါတယ်။ အချို့ကလည်း ဒါကိုပဲ ပိုင်ဆိုင်မှု အထောက်အထား ထင်ပြီး သိမ်းဆည်းခံထားတတ်ကြတယ်။
ပုံစံ ၃၀(က) ဆိုတာကျပြန်တော့ လယ်မြေကို စိုက်ပျိုးမှုမှအပ၊ အခြားနည်း အ သုံးပြုရန် လျှောက်ထားချက်ပါ။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရန် အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရတဲ့ လုပ်ငန်း စာတွဲ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် မဟုတ်ပါ။
ခွင့်ပြုမိန့်ဆိုတာ ပုံစံ(၁၅) ကို ပြောတာပါ
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်မြေကို အခြားနည်း အသုံးပြုဖို့ ခွင့်ြ ပုတဲ့ အသုံးပြုခွင့်လက်မှတ်က ပုံစံ(၁၅) ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်လွှာ မှာ ပုံစံ(၁၄) နဲ့ မြေစာရင်းပုံစံ (၁၀၅) အပါအဝင် အခြးအထောက်အကူပြု စာရွက်စာတမ်းတွေ ပြည့်စုံတဲ့ လုပ်ငန်းစာတွဲ ပုံစံ-၃၀(က)နဲ့ လျှောက်ထားရ မယ်။ အဲ့ဒီလျှောက်ထားချက်အတိုင်း အရေးယူ ဆောင်ရွက်ပေးမှသာ ပုံစံ (၁၅) ခွင့်ပြုမိန့် ရရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပုံစံ(၁၄) လျှောက်ထားပြီးကြောင်း လျှောက်လွှာပြသပြီး ပုံစံ-၃၀ (က) လုပ်ငန်းစာတွဲ(အမှုတွဲ) ဓါတ်ပုံမိတ္တူ ပြသပေးလိုက်တာနဲ့ လယ်ယာမြေ ကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ရပြီလို့ မထင်လိုကကြပါနဲ့ ပုံစံ(၁၅) ပြ မှသာ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ်ဆိုတာ သတိပေးလိုက်ပါရစေ။
ပုံစံ (၁၅) ခွင့်ပြုမိန့်ဆိုတာ လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ကို ပြောတာ။ လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေဆိုတာလည်း ရှိသေး တယ်။ ဥပမာ...ယာမြေ/ဥယျာဉ်ခြံမြေဈ စနိမြေ၊ ကိုင်း၊ ကျွန်းမြေတို့ကို အခြား နည်း အသုံးပြုခွင့်ရအောင် လျှောက်ထားဆောင်ရွက်လို့ ရပါတယ်။
အဲ့ဒီလို လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေတွေကို အခြားနည်းဖြင့် အ သုံးပြုရန် ထုတ်ပေးတဲ့ လက်မှတ်ကိုတော့ ပုံစံ-၁၅(ခ) လို့ ခေါ်ပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပေးပါတယ်။
အခုလို အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဝယ်ရောင်း အ ကျိုးေ ဆာင်ပွဲစားများအနေနဲ့ လယ်ယာမြေတွေကို လူနေထိုင်ခွင့် ရဖို့ လျှောက် ထားရယူတဲ့ နည်း ပုံစံ၁၅(က) "လယ်ယာမြေများအား အခြားနည်း အသုံးပြု ခွင့်ပြုမိန့်" နဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပေးတဲ့ ပုံစံ-၁၅(ခ) တို့ အကြောင်း နားလည်သွားပြီဆိုတော့ လယ်ယာမြေတွေ ဝယ်ရင်း ခွဲခြမ်း စိတ်ဖြာဆုံးဖြတ်ချက် ချနိုင်ပါပြီ။

မူရင်းပိုစ့်ပိုင်ရှင်

“အကွက်ရိုက် ရောင်းနေသည့် တန်ဖိုးနည်းမြေကွက်ကို ဝယ်လိုသူများ သိထားသင့်သော သတိပြုရန်အချက်များနှင့် လတ်တလော သတင်းများ”(ကူးယ...
22/06/2023

“အကွက်ရိုက် ရောင်းနေသည့် တန်ဖိုးနည်း
မြေကွက်ကို ဝယ်လိုသူများ သိထားသင့်သော သတိပြုရန်အချက်များနှင့် လတ်တလော
သတင်းများ”(ကူးယူဖော်ပြပါသည်)

၁။ "အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ
အထူး သတိပြုစရာတွေ"

လယ်မြေတွေကို အကွက်ရိုက်ပြီး တချို့
ရောင်းချနေသည်ကိုတွေ့ရှိရပါသည်။စျေးအရမ်း
ပေါတယ်ဆိုပြီး မိတ်ဆွေများ မ၀ယ်မိစေဖို့
အောက်ပါအချက်များကို ဗဟုသုတ အနေဖြင့်
အလိမ်မခံရအောင် တင်ပြပေးလိုက်ပါသည် ။

၁။ ပုံစံ ၁၀၅ ဆိုတာ
- တည်နေရာ ဖော်ပြရန်၊
- မြေအမျိုးအစား ဖော်ပြရန်၊
- အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊
- မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာ ညွန်းဆိုရန်၊ စသည်တို့အတွက်
ဖြစ်သည်။

ပုံစံ ၁၀၅ ကို ယာ၊ ဥယျာဉ်၊ တောင်ယာ ၊
လန (၃၉ ) ၊ ၃ (ခ) ၊ ယခု ၃၀ (ခ) အတွက်
ထုတ်ပေးသောစာရွက်စာတမ်းများတွင်တွေ့
နိုင်ပါသည်။

၂။ လယ်မြေဖြစ်စေ၊ယာမြေဖြစ်စေ၊သက်ဆိုင်ရာ
ဌာနမှ ပယ်ဖျက်ခြင်း မပြုသေးသ၍ စိုက်ပျိုးရန်
မှလွဲ၍ အခြားနည်းလမ်းဖြင့်အသုံးပြုခွင့် လုံးဝ
မရှိပါ။

၃။ လယ်မြေဖြစ်စေ၊ ယာမြေဖြစ်စေ အခြား
နည်းလမ်းဖြင့် အသုံးပြုလိုပါက (ဥပမာ -
အိမ်ဆောက်ရန်၊ ငါးကန်တူးရန်၊ အုတ်စက်
တည်ရန် စသည်ဖြင့်)သီးခြားလျှောက်ထား
ပြီးမှ အသုံးပြုနိုင်မည်။

၄။ လယ်ယာမြေ ဖြစ်ပါက ယခင် ဥပဒေ အရ နိုင်ငံပိုင်သာဖြစ်ပြီး ယခု ဥပဒေများအရ ပိုင်ဆိုင်ခွင့်သာ ရရှိနိုင်မည်။

၅။ တရားဝင် အစိုးရ၏ မြို့သစ် တိုးချဲ့စီမံကိန်း မှလွဲ၍ လယ်မြေ၊ ယာမြေကို လူနေအိမ်ခြေ အဖြစ်အကွက်ရိုက်ရောင်းချခြင်းသည် တရားမဝင်ပါ။

မဖြစ်သေးခင်တော့ အေးဆေးပါ။ ဥပဒေ ကြောင်းအရအတိအကျ ဆောင်ရွက်လာပါက ဝယ်ယူသူများ မိမိတို့ရဲ့ ချွေးနည်းစာများသာ
ဆုံးရှုံး မှာဖြစ်ပါသည်။

အကွက်ရိုက်ရောင်းတဲ့မြေကို ဝယ်လိုသူများ
အတွက် သတိပြုစရာ သတင်း)ယ

၂။ "မြို့စွန်များတွင် အကွက်ချ ရောင်းနေသည့် တန်ဖိုးနည်း မြေကွက်များ သတိထားသင့်ဟုဆို"

ပုံစံ(၁၀၅)ကျပြီဟုဆိုကာမြို့စွန်များတွင် အကွက်ချ ရောင်း ချနေသည့် ကျပ်သိန်း ၂၀ ခန့် ပေါက်စျေးရှိ တန်ဖိုးနည်းမြေ ကွက်များကို ခိုင်မာမှုမရှိဘဲ မဝယ်ယူသင့်ကြောင်း
အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

မြို့စွန်ဧရိယာများတွင် မြို့သစ်စီမံကိန်း ဧရိယာ
အတွင်း ပါဝင်နိုင်မည်ဟု ယူဆပြီး လိုက်လံ
ဝယ်ယူနေသူများအား အိမ်ခြံမြေ အကျိုးဆောင်
များက သတိပေး နေခြင်းဖြစ်သည်။

ပုံစံ(၁၀၅) ဆိုသည်မှာ ပိုင်ဆိုင်မှု အာမခံချက်
အတွက် မဟုတ်ဘဲ တည်နေရာ၊မြေအမျိုးအစား၊
ဂရန်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်သာ ဖြစ်ပြီး မြေစာရင်းဌာနက ထုတ်ပေးထားသည့် တစ်နှစ်သာ
အကျုံးဝင်သော ထောက်ခံချက်တစ်ခု ဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

အစိုးရ၏တရားဝင်စီမံကိန်း မလာမချင်း
ယင်းနေရာများတွင် အကွက်ရိုက်၍ လူနေ
အိမ်ခြေအဖြစ် ရောင်းချခြင်းမှာ တရားမဝင်
ကြောင်း ၎င်းက ဆိုသည်။

အများစုမှာ လယ်မြေများ တွင် အကွက်ချ
ရောင်းချနေခြင်းဖြစ်ပြီး ဒေသခံမြေအရောင်း
အဝယ်သမားများ၊ လယ်သမားများကအဓိက
ရောင်းချနေကြကာသွားရောက်ဝယ်ယူမည်ဆိုပါက ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေး
သင့်ကြောင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ဆိုသည်။

‘‘ဘာမှမဖြစ်ဘူးဆိုပြီး ဝယ်ရင်တော့ ရတယ်။
ဖြစ်လာလို့ ဥပဒေအကြောင်းအရ ရှင်းရင်တော့ မလွယ်ဘူး’’ ဟု သီရိစံအိမ်ခြံမြေ အကျိုးဆောင်
လုပ်ငန်းရှင်ဦးမြင့်ဝေက ပြောသည်။

(မိုးညို)

လယ်ယာမြေပေါ်တွင်အခြားနည်းအသုံးပြုသူများအတွက် သတိပြုစရာ သတင်း

၃။ "လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မဲ့
အခြားလုပ်ငန်းလုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိဟုဆို"

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေ
များပေါ်တွင် စိုက်ပျိုးရေး မဆောင်ရွက်သည့်
အပြင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုသူ
၂၅၂ဦးထံမှ ဒဏ်ကြေး ကျပ်သိန်း ခုနစ်ထောင်
ကျော် လက်ရှိအစိုးရသက်တမ်းအတွင်း ရရှိကြောင်းမန္တလေးတိုင်းဒေသကြီးလယ်ယာမြေ
စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဒဏ်ကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ
အဖြစ်ထားရှိပြီး လယ်ယာမြေဥပဒေအရ အရေးယူရာတွင်
လုပ်ငန်းရှင် ၂၅၂ ဦးထံမှ ဧက ၆၂၉ ကျော်အတွက်
ဒဏ်ကြေး ကျပ်သိန်းခုနစ်ထောင်ကျော်ရရှိခြင်းဖြစ်ကြောင်း
၄င်းက ဆိုသည်။

လယ်ယာမြေများပေါ်တွင် အဆောက်အဦဆောက်ခြင်း၊
လမ်းဖောက်ထားခြင်းနှင့် အခြားလုပ်ငန်းများ
လုပ်ကိုင်နေမှုများကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က စိစစ်ချက်
အရ အရေးယူထားခြင်းဖြစ်ကြောင်း ၄င်းက
ရှင်းပြသည်။

လယ်ယာမြေများပေါ်တွင် အခြားလုပ်ငန်း
လုပ်ကိုင်လိုပါက အသုံးပြုခွင့်လျှောက်ထားရန် လိုအပ်ပြီး ယာမြေဖြစ်ပါက တိုင်းဒေသကြီး
အစိုးရက ခွင့်ပြုချက်ပေးနိုင်ပြီးလယ်မြေဖြစ်ပါက လယ်ယာမြေလျှောက်ထားရကြောင်း အဆိုပါ
ဌာနထံမှသိရသည်။

လယ်ယာမြေများပေါ်တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေနှင့် ဥပဒေနှင့်အညီ
ဒဏ်ကြေး တစ်ဧကလျှင် ဒဏ်ငွေကျပ် ၁ဝသိန်း
ပေးဆောင်ကာ လယ်ယာမြေ အခြားနည်း
အသုံးပြုခွင့်ချထားပေးမှုရှိသော်လည်း
ကြန့်ကြာမှုများ ရှိနေကြောင်း မန္တလေးတိုင်း
ဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ
က ဆိုသည်။

လယ်ယာမြေများပေါ်တွင် လူနေရန်အတွက် အကွက်ရိုက်ရောင်းချနေမှုများ ရှိနေသည့်
အပြင် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ လယ်ယာမြေ
များပေါ်တွင် နေအိမ်များဆောက်လုပ်ကာ
ကျေးရွာများချဲ့ထွင်လာသဖြင့် စိုက်ပျိုးမြေများ
ဆုံးရှုံးလျက်ရှိကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။

လယ်ယာမြေများပေါ်တွင်အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင်စက်သုံးဆီအရောင်း
ဆိုင်များ၊ ဟိုတယ်များဆောင်ရွက်ရန်
လျှောက်ထားမှုရှိကြောင်းမန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း
ဦးစီးဌာနထံမှ သိရသည်။

မူရင်းပိုစ့်

credit:property journal / 7day daily
& The Voice Weekly

“အိမ်ခြံမြေ လမ်းဆုံ page မှ ကူးယူဖော်ပြပါသည်။

Address

220 Parami Road, South Okkalapa
Yangon
11091

Alerts

Be the first to know and let us send you an email when TatnaywonProperty.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TatnaywonProperty.com:

Share

Category