Contract Lawyer / စာချုပ်ရှေ့နေ

Contract Lawyer / စာချုပ်ရှေ့နေ မြေယာနှင့် စာချုပ်စာတမ်းအမျိုးမျိုးဝန်ဆောင်မှု

18/02/2023
ကန့်ကွက်နိုင်ပါကြောင်း=================U Zaw Maung MaungContract Lawyer09971788878
19/09/2022

ကန့်ကွက်နိုင်ပါကြောင်း
=================

U Zaw Maung Maung
Contract Lawyer
09971788878

ဆရာကြီးဦးမြ စာအုပ်တွေခုလိုမျိုး အတွဲလိုက် ဝယ်ရမယ်လို့ အိမ်မက်တောင် မမက်ဖူးခဲ့ဘူး။..ခုတော့ မိတ်ဆွေတယောက်ရဲ့ ကူညီပံ့ပိုးမ...
09/09/2022

ဆရာကြီးဦးမြ စာအုပ်တွေ
ခုလိုမျိုး အတွဲလိုက် ဝယ်ရမယ်လို့ အိမ်မက်တောင် မမက်ဖူးခဲ့ဘူး။..
ခုတော့ မိတ်ဆွေတယောက်ရဲ့
ကူညီပံ့ပိုးမှုကြောင့် အဖိုးတန်လွန်းလှတဲ့ ဆရာကြီးရဲ့ စာအုပ်တွေ ရရှိခဲ့ပါပြီ။
ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်
🙏🙏🙏

U Zaw Maung Maung
Contract Lawyer / စာချုပ်ရှေ့နေ

ကန့်ကွက်နိုင်ပါကြောင်း=================Contract LawyerU Zaw Maung Maung09971788878
30/08/2022

ကန့်ကွက်နိုင်ပါကြောင်း
=================
Contract Lawyer

U Zaw Maung Maung
09971788878

ကန့်ကွက်နိုင်ပါကြောင်းကြေညာခြင်း===========================ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံသူအားလုံးကို ကျေးဇူးများစွာ တင်...
20/08/2022

ကန့်ကွက်နိုင်ပါကြောင်းကြေညာခြင်း
===========================
ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံသူအားလုံးကို ကျေးဇူးများစွာ တင်ပါတယ်ခင်ဗျာ။..
"သတင်းစာမှာ ကြေညာတာအပြင် ဆရာ့ Page မှာလည်း တင်ပေးပါလား၊ ပိုပြီးစိတ်ချရတာပေါ့၊ ခုက လူတ်ိုင်းသတင်းစာဖတ်တာ မဟုတ်ဘူးဆိုတော့လေ"
လုပ်ငန်းအပ်နှံသူ၏ တောင်းဆိုချက်အရ
အများသိစေရန် တင်ပေးလိုက်ပါတယ်။..
အားလုံးကို လေးစားလျှက်

Contract Lawyer/ စာချုပ်ရှေ့နေ

U Zaw Maung Maung
09 9717 88878

666B, Innwa 19(A) Street, 6 Ward, South Okkalapa Township, Yangon.

04/08/2022

အိမ်ခြံမြေ အရောင်းအဝယ် ပြဿနာများ (၃)
=================================
ဒီရက်ထဲ စိတ်မကောင်းစရာ သတင်းတွေနဲ့ ကိုယ်တိုင် အခက်အခဲရှိနေလို့ စာလည်း မရေးဖြစ်ဘဲ တွေးငေးနေမိခဲ့တယ်....

တစ်ရက်မှာ...
မိတ်ဆွေလည်းဖြစ်၊ ညီအရွယ်လည်း ဖြစ်နေတဲ့ ညီတယောက်က ဖုန်းဆက်လာတယ်...

"အကို ကျွန်တော် ဘဏ်ချိတ်နဲ့ တိုက်ခန်း ဝယ်မလို့ ဒီနေ့ စရန် (၃၅) သိန်း ပေးပြီး စာချုပ်ခဲ့တယ်၊ ဒါပေမယ့် မြေရှင်က ဂရန်ကို ဘဏ်မှာအပ်ထားတယ် ပြောလို့၊ အဲဒါ စိတ်ထဲမှာ တခုခုများ ဖြစ်မလားဆိုပြီး မတင်မကျဖြစ်နေတာနဲ့ အကို့ကို ဖုန်းဆက်မေးကြည့်တာ၊ ဘယ်လိုဖြစ်လာနိုင်လည်း သိချင်လို့"

"ဘဏ်မှာ အပ်တယ်ဆိုတာက အကြမ်းဖျဥ်း ၂ မျိုးရှိတယ်၊ တမျိုးက Saving အနေနဲ့ထားတာ။ များသောအားဖြင့် အမွေဆိုင်တွေ ထားကြတာ များတယ်၊ အချင်းချင်း မသိလိုက်ခင် ရောင်းစားမှာစိုးရိမ်လို့၊ နောက်တခုက အာမခံအနေနဲ့ ပေးထားတာမျိုး၊ ဥပမာ ဘဏ်ကနေ ချေးငွေယူထားတာမျိုးပေါ့၊ သူက ဘယ်လိုမျိုး အပ်ထားတယ် ပြောလဲ"

"အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူး အကို၊ သူတို့ ပြောတာတော့ ၃၊ ၄ ရက်နေရင် ဘဏ်ကနေ ယူပြီး ပြပေးမယ်ပြောတာပဲ၊ ကျွန်တော်က စိတ်ထဲလေးနေလို့၊ Error ဖြစ်သွားမှာစိုးတယ်၊ ပိုက်ဆံကလည်း ပေးပြီးသားဖြစ်သွားပြီဆိုတော့"

"ဒါနဲ့... ညီ စရန်ပေး၊ စာချုပ်တာ ရှေ့နေ မခေါ်သွားဘူးလား"

"ခေါ်သွားတယ် အကို၊ အကိုနဲ့လည်း သိတဲ့ ဆရာကြီး.............ကို ခေါ်သွားတာ၊ သူပဲ စာချုပ် ချုပ်ပေးတာပါ။ ဘဏ်ဘက်က ရှေ့နေကတော့ နောက်ရက်ကျမှ စာရွက်စာတမ်းစစ်ဖို့လာမှာ"

"ဘဏ်ရှေ့နေကတော့ ထားပါ၊ သူကလည်း သူ့အလုပ် သူလုပ်မှာပါ၊ ညီ ခေါ်သွားတဲ့ ဆရာကြီး..........က ဂရန်မပြနိုင်တဲ့ကိစ္စကို မမေးဘူးလား/မပြောဘူးလား၊ ဂရန်မပြနိုင်သေးရင် စရန်မပေးခဲ့သင့်ဘူးလေ၊ ကိုယ်က ဘဏ်ချိတ်နဲ့ ဝယ်မှာဆိုတော့ စာရွက်စာတမ်း အထောက်အထားပြည့်စုံပြီး စိတ်ချရမှ စရန်ပေး၊ စာချုပ် ချုပ်သင့်တာပေါ့၊ ခုလက်ရှိ ခေတ်ကာလက ငွေရှာရ လွယ်တာမဟုတ်ဘူး၊ စာရွက်စာတမ်းမစုံလို့ Error ဖြစ်ပြီး၊ ဘဏ်ချိတ်နဲ့ ဝယ်မရတော့ဘူးဆိုရင် ဘယ်လို လုပ်ကြမလဲ။ စရန်လက်ခံထားသူက အေးအေးဆေးဆေးပြန်ပေးရင်လည်း ကောင်းသား၊ သူကလည်း ငွေတွေ သုံးထားမိလို့ ပြန်မပေးနိုင်သေးဘူးဆိုရင်တော့ စောင့်ပေတော့။ ကိုယ့်ငွေ ကိုယ် ပြန်ရဖို့ကလည်း ကြန့်ကြာဦးမယ်။ ဒီငွေပမာဏနဲ့ အမှုအခင်း ဆင်ဖိုးထက် ချွန်းဖိုး ပိုကုန်မယ်။ အစကတည်းက စရန် ပေးသင့်၊ မပေးသင့်ကို စဥ်းစားရမှာ၊ ကိုယ်က မစဥ်းစားနိုင်ရင်တောင် ရှေ့နေက တားသင့်တာ တားပေး၊ ပြောသင့်တာ ပြောပေးရမှာလေ..... ဆက်မပြောတော့ဘူးကွာ ပြစ်မှားမိမှာစိုးလို့"

"အဲဒါဆို ကျွန်တော် ဘယ်လို ဆက်လုပ်ရမလဲ အကို.. စိတ်ပူလို့"

"ဘယ်လိုမှ မလုပ်နဲ့ ဘုရားရှိခိုးပြီးသာ ဆုတောင်းနေ..😂😂😂... "

"မနောက်ပါနဲ့ဗျာ... မရှိမဲ့ ရှိမဲ့လေးနဲ့ ကြိုးစားထားရတာ"

"အေးပါကွာ... ခုလောလောဆယ်တော့ ဘာမှ ပြောလို့ မရသေးဘူး... ညီ့စိတ်ထဲမှာ အဆင်ပြေမယ်လို့လည်း မျှော်လင့်ထား၊ အဆိုးတွေ ဖြစ်လာနိုင်တယ်လို့လည်းတွေးထားပေါ့၊ ဘာလို့လည်း အစမှ မကောင်းခဲ့တာ၊ အခြေအနေ စောင့်ကြည့်ရတော့မှာပေါ့"....

ဘဏ်ချိတ်/Home Loan နဲ့ အိမ်ခြံမြေ
ဝယ်မည့်သူတွေအနေနဲ့ မိမိတို့ ဝယ်ယူမည့် ပစ္စည်းရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားတွေကို ပြည့်ပြည့်စုံစုံ ရှိ၊ မရှိဆိုတာကို သေချာစိစစ်ပြီးမှ စရန်ပေး၊ စာချုပ် ချုပ်ဆိုကြပါလို့ တိုက်တွန်းလိုက်ပါတယ်.....
အားလုံးကို လေးစားလျှက်..

Contract Lawyer (စာချုပ်ရှေ့နေ)
ဦးဇော်မောင်မောင်
စာချုပ်စာတမ်းဝန်ဆောင်မှုနှင့်
ဥပဒေအကြံပေး
09 9717 88878
666B, Innwa 19A Street, 6 Ward,
South Okkalapa Township, Yangon.

06/07/2022

စာချုပ်စာတမ်းနှင့် ဥပဒေရေးရာ အကြံပေးခြင်းလုပ်ငန်းအပြင်..
👉 အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပါ
ထပ်မံ ဆောင်ရွက်လုပ်ကိုင်နေပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့်
အိမ်ခြံမြေလုပ်ငန်းများကိုလည်း
စတင်အပ်နှံလို့ရပါပြီ။
..
အိမ်ခြံမြေ ဝယ်ယူလိုသူများအနေဖြင့်
👉 ၁။ မိမိတို့ လိုချင်သည့် နေရာ/အလွှာ
👉 ၂။ မိမိတို့ လိုချင်သည့် အကျယ်အဝန်း
👉 ၃။ မိမိတို့ သုံးနိုင်မည့် ငွေပမာဏ
👉 ၄။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်
တို့ကို C box သို့ ပေးပို့ထားနိုင်ပါတယ်။..
ရောင်းချင်သူများအနေဖြင့်
👉 ၁။ မိမိတို့ ပစ္စည်း၏ တည်နေရာ/အလွှာ
(လိပ်စာ အတိအကျ ပေးရပါမည်)
👉 ၂။ မိမိတို့ ပိုင်ဆိုင်ထားသည့် အနေအထား။
(ဝယ်ယူပိုင်ဆိုင်ထားခြင်း၊ အမွေရထားခြင်း..စသည့်)
👉 ၃။ မိမိတို့ ရောင်းချလိုသည့် စျေးနှုန်း
👉 ၄။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို
C box မှတဆင့် ပေးပို့ထားနိုင်တယ်။
ကျွန်ုတို့မှ လူကြီးမင်းတို့ အိမ်အရောက် အချက်အလက်များကို လာရောက် ကောက်ခံပေးပါမည်။..
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ.....
My Family Real Estate Agent ..
Contract Lawyer(စာချုပ်ရှေ့နေ)

အိမ်ခြံမြေ အရောင်းအဝယ် ပြဿနာများ (၂)================================="ဆရာ.. ကျွန်တော် တောင်ဥက္ကလာ၊ စီမံကိန်းထဲမှာ မြေကွက...
05/07/2022

အိမ်ခြံမြေ အရောင်းအဝယ် ပြဿနာများ (၂)
=================================
"ဆရာ.. ကျွန်တော် တောင်ဥက္ကလာ၊ စီမံကိန်းထဲမှာ မြေကွက်လေး တကွက် ဝယ်ဖို့အတွက် စာရွက်စာတမ်းလေး လိုက်ပါစစ်ဆေးပေးဖို့နဲ့ ၊
ဆရာစစ်ဆေးပေးလို့ အဆင်ပြေတယ်ဆိုရင် စရံပေးစာချုပ်ပါ တပါတည်း ချုပ်ဆိုမှာပါ ဆရာ၊ အဲဒါ ဆရာ ဘယ်အချိန်လောက် အဆင်ပြေနိုင်မလဲ သိချင်လို့ပါ"

"စရံပေးတာက နောက်မှ အေးဆေးလုပ်ပါ။ အရင်ဆုံး စာရွက်စာတမ်းတွေ စစ်ဆေး၊ အဆင်ပြေတယ် ကြိုက်တယ်ဆိုရင် နောက်တရက်မှ စရံပေးစာချုပ် ချုပ်ပါ။ ဘာလို့လည်းဆိုတော့ အဲဒီ့ဘက်မြေကွက်တွေမှာ မူလပိုင်ရှင်တွေ မရှိတာက များတယ်။ အရပ်ကတိစာချုပ် တွေပဲ ကိုင်ထားတတ်ကြတယ်ဗျ၊ အဲဒါကြောင့် မြေဝယ်မယ်ဆိုရင် မလောပါနဲ့ သေချာ ဂရုစိုက်ပြီး အချိန်ပေးရတယ်.... ခုလာမယ့် ---------- နေ့ ----------- နာရီ၊-------------နေရာက စောင့်ပေးပါ၊ ကျွန်တော် လာခဲ့ပေးပါ့မယ်"....
စာရွက်စာတမ်းများ စစ်ဆေးရန် ရောက်ရှိသည့်အချိန်၌ -

"ပိုင်ရှင်က ဘယ်သူလဲဗျ၊ အစ်မက ပိုင်ရှင်လား"

"မဟုတ်ဘူးရှင့်.. ဒါက အဖေနဲ့ အမေ ပိုင်တာပါ၊ အဖေကတော့ မရှိတော့ပါဘူး၊ ခု အမေကလည်း ခရီးသွားနေလို့ သဘက်ခါလောက်မှ ပြန်ရောက်မယ် ဆရာ၊ စာရွက်စာတမ်းတွေ ဂရန်တွေတော့ ရှိပါတယ် ဆရာ၊ စစ်ဆေးကြည့်လို့ရပါတယ်"

"အဲဒါလည်း အဆင်ပြေတာပဲလေ၊ စာရွက်စာတမ်းတွေ အရင် ကြည့်ကြတာပေါ့".
ရောင်းသူ (@)၏ သမီးဖြစ်သူက စာရွက်စာတမ်းတွေ အထပ်လိုက် ယူလာသည်။
စစ်ဆေးကြည့်သည့်အခါ.
၁။ ပေ ၂၀ ပေ ၆၀ ဂရန်မူရင်း ( အဆိုပါ ဂရန်၌ အမည်ပေါက်သူမှာ A,B,C,D (၄)ဦး အမည်ဖြင့် ဂရန်ထွက်ထားသည်။
၂။ ဂရန်အမည်ပေါက် (၄)ဦးအနက်မှ B နှင့် E တို့ ချုပ်ဆိုထားသော အရောင်းအဝယ်အရပ်ကတိစာချုပ်တစ်စောင်၊
၃။ E နှင့် F တို့၏ အရောင်းအဝယ်အရပ်ကတိစာချုပ်တစ်စောင်၊
၄။ F နှင့် G ၏ အရောင်းအဝယ်အရပ်ကတိစာချုပ်တစ်စောင်၊
၅။ G ကွယ်လွန်သွားသည့်အတွက် G ၏ ခင်ပွန်းဖြစ်သူ G1နှင့် ယခုရောင်းသူ @ တို့ ချုပ်ဆိုသော အရောင်းအဝယ်စာချုပ်တစ်စောင်။
စာရွက်စာတမ်း ၅ မျိုး စစ်ဆေးတွေ့ရှိရသည်။
ဂရန်အမည်ပေါက် (၄)ဦး၌ B တဦးထဲနှင့်သာ အရောင်းအဝယ်စာချုပ်ရှိသည်။
ကျန်တဲ့ A, C, D တို့မပါ။..

"A, C, D တို့က သူတို့ပူးတွဲပိုင်တာကို Bထံသို့ စွန့်လွှတ်ပေးကြောင်း စာချုပ်ကော ရှိလားဗျ၊ A,C,D ရဲ့ အမည်က တောက်လျှောက်ပျောက်နေလို့"

"ဟုတ်ရဲ့လား ဆရာ၊ ဆရာ ပြောမှ သိတယ်။ အမေနဲ့ ကျွန်မတို့က ဂရန်ကို အမည်ပေါက် တယောက်ထဲ ထင်နေတာ၊ သေချာတောင် မကြည့်မိဘူး၊ ကျွန်မတို့က ဒီလိုပဲ အဆင့်ဆင့် ဝယ်ခဲ့တာ"

"ဂရန်မှာ အမည်ပေါက်က နှစ်ယောက်ရှိရင် နှစ်ယောက်၊ သုံးယောက်ရှိရင် သုံးယောက် သဘောတူ လက်မှတ်ထိုးဖို့ လိုတယ်ဗျ၊ တယောက်တည်းက ရောင်းခဲ့ပြီး ကျန်တဲ့သူတွေက ကန့်ကွက်ရင် အကုန်ရှုပ်ထွေးကုန်ရောဗျ... အဲဒီ့ A,C,D တို့ရော ရှိသေးလား"

"မသိဘူး ဆရာ၊ မရှိလောက်တော့ဘူးလို့ ထင်တာပဲ၊ ပထမဆုံး ရောင်းခဲ့သူလည်း မရှိတော့ဘူးဆိုတော့လေ"

"ပြဿနာက မဖြစ်ရင်သာ ဘာမှ မဖြစ်တာဗျ၊ A,C,D တို့ မရှိရင်တောင် သူတို့အမွေခံသားသမီးတွေရှိခဲ့ရင်လည်း ရှုပ်ထွေးလာနိုင်တာပဲ၊ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူး၊ ဖြစ်လာခဲ့ရင် အတော်လေး ရှင်းယူရမှာ၊
ခု ဝယ်မယ့်သူက သူ့အမည်ပေါက် လုပ်မယ်ဆိုရင်လည်း အလုပ်တွေ တအားများမှာ... "

"အဲဒီ့တော့ ဆရာ ကျွန်တော် ဝယ်လို့ကော အဆင်ပြေပါ့မလား"

"ဝယ်လို့ အဆင်ပြေပါ့မလားဆိုတော့ ညီက ကြိုက်လို့ ဝယ်ချင်တယ်ဆိုရင် ညီနဲ့ ခု ရောင်းမယ့်သူတို့ သေချာ ညှိနှိုင်းဖို့ လိုတယ်။ ငွေချေမည်ဆိုရင်လည်း ဘယ်အဆင့်မှာ ဘယ်လောက်ချေမယ်ဆိုတာမျိုး အတိအကျလေးလုပ်ဖို့ လိူအပ်တယ်။ နောက်တခုက ဒီလိုမြေမျိုးကို ဝယ်ပြီးရင် ညီ့ အမည်ပေါက် ရဖို့ဆိုတာက လုပ်ငန်းစဥ်တွေ အတော်များများကို ဖြတ်သန်းရမယ်၊ ကုန်ကျစရိတ်တွေရှိတယ် အနည်းဆုံး ၃၀ နဲ့ ၅၀ ကြားလောက် ဖြစ်သွားနိုင်တယ်။ ဒါက ညီ စဥ်းစားလို့ရအောင်နဲ့ ဒီဘက် အစ်မတို့လည်း သိအောင် တခါတည်း ပြောပြတာပါ။ အစ်မတို့ဘက်က ကိုယ်တိုင် အမည်ပေါက်ရအောင်လုပ်မယ်ဆိုလည်း အဲ့လောက် ကုန်မှာပဲ၊ တဦးနဲ့ တဦး သေချာလေး ညှိနှိုင်းသင့်တယ်"......
၁။ လူကြီးအတော်များများက မြေဝယ်ပြီးရင် ငါ့ ပိုက်ဆံနဲ့ ဝယ်ထားတာ ငါ ပိုင်တယ်ဆိုတဲ့ အတွေးပဲ တွေးကြတာ များပါတယ်။ အမည်ပေါက်ထားမယ်ဆိုတဲ့ အတွေး တွေးတဲ့သူက အတော်ရှားတယ်။ ပြဿနာ တစ်စုံတစ်ရာဖြစ်လာခဲ့ရင် ရှင်းပေတော့ပဲ...

၂။ အရင်တုန်းကရော ခုခေတ်လူရော အများစုက အိမ်ခြံမြေ ဝယ်ရင် ဂရန်ကြည့်မယ် (မစစ်ဆေးဘူး)၊ စာချုပ်အဆက်ဆက်မှန် မမှန်(အရပ်ကတိစာချုပ်ရဲ့ နေ့စွဲနဲ့ လူအမည်တွေ) သူတို့ကိုယ်တိုင်ကြည့်ပြီးတာနဲ့ အသင့်သုံးစာချုပ်နဲ့ ချုပ်လိုက်ကြတာများတယ်။

ဥပဒေကြောင်းအရ ဘယ်လို အကာအကွယ်ယူသင့်တယ်ဆိုတာကို ထည့်မတွက်တော့ဘူး၊
အိမ်ခြံမြေ ဝယ်ဖို့ပဲ ငွေကြေးတတ်နိုင်တာလေ၊ ရှေ့နေတယောက်ယောက်နဲ့ စာချုပ်စာတမ်းစစ်ဆေးဖို့၊ ပြင်ဆင်ဖို့အတွက် ရှေ့နေခ ပေးဖို့ မတတ်နိုင်ကြဘူး ......
အားလုံးကို လေးစားလျှက်

Contract Lawyer (စာချုပ်ရှေ့နေ)
U Zaw Maung Maung
09 9717 88878
666B, Inwa 19A Street, South Okkalapa Township, Yangon...

photo crd

အိမ်ခြံမြေ အရောင်းအဝယ် ပြဿနာများ (၁)=================================မိတ်ဆွေတယောက်က မဒဂုံမှာ မြေကွက်ဝယ်တာအတွက် စာချုပ်ကိ...
27/06/2022

အိမ်ခြံမြေ အရောင်းအဝယ် ပြဿနာများ (၁)
=================================
မိတ်ဆွေတယောက်က မဒဂုံမှာ မြေကွက်ဝယ်တာအတွက် စာချုပ်ကိစ္စ ဆောင်ရွက်ပေးခဲ့စဥ် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးပါရစေ......
ပထမအကြိမ် စရံပေးစာချုပ် ချုပ်ဆိုစဥ်..
ရောင်းသူနဲ့ တွေ့ဆုံချိန် ရောင်းသူအား.

"အစ်မတို့က ဂရန်အမည်ပေါက်လားခင်ဗျ"

"အမည်ပေါက်တော့ မဟုတ်ပါဘူး SP တော့ရှိပါတယ်။"

"သြော်.. အဲဒါဆိုရင်လည်း အဆင်ပြေပါတယ်၊ အစ်မ အမည်နဲ့ SP ယူထားတာဆိုရင်လည်း ရောင်းသူနေရာမှာ....... "

"..အဲလိုလည်း မဟုတ်ဘူးရှင့်...ကျွန်မက အမည်ပေါက်ဆီက ဝယ်ထားတာ၊ ပြီးတော့ ကျွန်မ ညီမအမည်နဲ့ SP ယူထားတာ"

"....အဲဒါဆိုရင် SP ယူထားတဲ့ အစ်မ ညီမကော မပါဘူးလား"

"သူက မလိုဘူးလေ..ကျွန်မငွေနဲ့ ဝယ်ထားတာ ကျွန်မလက်မှတ်ထိုးလို့မရဘူးလား"

ရောင်းသူဘက်မှ ရှေ့နေကလည်း -
"ဟုတ်တယ်လေ ဆရာ..သူက သူ့ငွေနဲ့ ဝယ်ထားတာလေ၊ ပြီးတော့ SP စာရွက်စာတမ်းတွေလည်း ပါပါတယ်။ စစ်ကြည့်လို့ရပါတယ်၊ နောက်ပြီး ခုလက်ရှိအချိန်မှာ ညီအစ်မချင်းက သိပ်ပြီး အဆင်မပြေကြတော့... "

"ဥပဒေသမားတယောက်အနေနဲ့ ဆရာမ ဒီစကားကို မပြောသင့်ဘူးလို့ ထင်ပါတယ်။
A အမည်ပေါက်မြေကွက်ကို B ရဲ့ ငွေနဲ့ A ထံက ဝယ်ပြီး၊ C အမည်နဲ့ SP ယူထားတဲ့ မြေကွက်ကို ရောင်းတဲ့အချိန်မှာ B ဆိုတဲ့လူရဲ့ လုပ်ပိုင်ခွင့်က ရှိမနေဘူး။ SP ရထားတဲ့ C သာလျှင် ရောင်းသူနေရာမှာ လက်မှတ်ထိုးလို့ရပါလိမ့်မယ်။...
အဲဒီ့တော့ အစ်မတို့ ခုအရောင်းအဝယ်ကို အဆင်ပြေစေချင်တယ်ဆိုရင် SP ရထားတဲ့ အစ်မရဲ့ ညီမကိုသာ ခေါ်ပေးပါ"

SP ရထားတဲ့ ရောင်းသူ ညီမကို တစ်နာရီလောက် စောင့်ဆိုင်းပြီးမှ ချုပ်ဆိုခဲ့ရသည်။ လက်မှတ်ထိုးပြီးတာနဲ့ ညီမဖြစ်သူလည်း ပြန်ထွက်သွားပါတယ်။..
ဒုတိယအကြိမ်/အရစ် ငွေပေးချေသည့်အချိန် မတိုင်ခင် တရက်ကြိုတင် ညှိနှိုင်းစဥ် -

" မနက်ဖြန် ကျွန်တော်တို့ဘက်က ဒုတိယအရစ် လာပေးချေပါမယ်၊ အဲဒီ့တော့ အစ်မ ညီမကိုလည်း ကြိုပြီး ခေါ်ပေးထားပါ အစ်မ"

"သူ့တော့ မခေါ်ချင်တော့ဘူး၊ သူနဲ့ စကား မပြောချင်လို့"

"အဲလိုတော့ မရဘူး အစ်မ၊ အစ်မရဲ့ ညီမ ပထမစရံပေးစာချုပ်မှာလည်းလက်မှတ်ထိုးထားတာပဲ၊ ခု ဒုတိယအရစ်လည်း သူ့ကို ခေါ်ထားမှ အဆင်ပြေမှာပေါ့"

ရောင်းသူ၏ ရှေ့နေမှလည်း " ဟိုလေ.. ဆရာ၊ သူတို့ ညီမချင်းက ဘယ်လိုမှကို အဆင်မပြေလို့၊ ဆရာတို့ မနက်ဖြန် ချုပ်မယ့်စာချုပ်မှာ နာမည်ပါ ပြောင်းပေးပါလား"

စိတ်ထဲမှာတော့ တအားအော်ဟောက်လိုက်ချင်တာပဲ၊
ရောင်းသူဘက်က Family ပြဿနာကို ဥပဒေပဋိညာဥ်သဘောအရ လုပ်လို့ မရဘူးဆိုတာမျိုးကို ကိုယ်က မရှင်းပြခင်ကတည်းက သူ့ဘက်က ရှေ့နေက အရင်ဆုံး ရှင်းပြထားသင့်တာပါ။
ရောင်းသူ စိတ်ကြိုက် လိုက်ပြောနေရမှာမှ မဟုတ်တာ။ စိတ်ကို အတော်လျော့ပြီးမှ -

" ဒီလို လုပ်ဗျာ၊ နှစ်ဦးနှစ်ဘက် ပိုပြီး အဆင်ပြေပြေ ဖြေရှင်းလို့ရအောင်ရယ်၊ အစ်မတို့ အရောင်းအဝယ်လည်း မပြတ်ရအောင်၊ တကယ်လို့ ပြတ်ခဲ့ရင် လျော်ရမှာတွေလည်းရှိတော့ အစ်မတို့ အားလုံးကို ကျွန်တော် အဆင်ပြေစေချင်တယ်၊ ခု အစ်မဝယ်ထားတဲ့ မြေကွက်ရဲ့ မူလအမည်ပေါက် ပိုင်ရှင်ရှိသေးလား အစ်မ၊ အစ်မတို့နဲ့ရော အဆက်အသွယ်ရှိလား"

"ရှိတယ် ရှင့်.. ခု ခေါ်ပေးလို့ရတယ်"

"ရပါတယ်.. ခေါ်လည်း ရတယ်၊ မခေါ်လည်း ရပါတယ်။ တခုပဲ အရောင်းအဝယ် ပြီးမြောက်တဲ့အထိတော့ အစ်မ ညီမက လိုက်ပါ ဆောင်ရွက်ဖို့ မလုပ်ပေးနိုင်ဘူးဆိုရင် အမည်ပေါက်က သူ့ကို ပေးထားတဲ့ SP ပြန်ရုပ်သိမ်းပြီး၊ ကျွန်တော့် မိတ်ဆွေ ဝယ်သူဘက်ကို SP ပြန်လွှဲပေးဖို့တော့ လိုပါတယ်၊ အဲဒါဆိုရင်တော့ အရောင်းအဝယ်က အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားလိမ့်မယ်၊ SP ရုပ်သိမ်းတာနဲ့ နောက်တဦးကို SP ပေးတာက တရက်တည်း သွားလုပ်လို့ရတော့ အဆင်ပြေပါလိမ့်မယ်၊ အဲဒီ့နေ့ကျမှပဲ ကျွန်တော်တို့ ဒုတိယအရစ် လာပေးချေပါ့မယ်။"

ရောင်းသူရှေ့နေမှ ထပ်ပြီး ဝင်ပြောသေးတယ်
"သူ့ ညီမရဲ့ SP ကို မရုပ်သိမ်းဘဲ ဆရာတို့ဘက်ကို SP ပေးရင်ကော ရမလားတဲ့"
😡😡
What...... k!!!!!! (စိတ်ထဲမှ ပြောမိပါတယ် ကန်တော့ပါရဲ့)........
ခုတော့ အားလုံး ပြေပြေလည်လည်နဲ့ ပြီးဆုံးအောင်မြင်သွားပါပြီ။ .
၁။ ကိုယ်က ငွေဘယ်လောက်ပဲ အကုန်ကျခံပြီး ဝယ်ဝယ် ပါဝါ ယူတဲ့အခါ ကိုယ်နဲ့ အဆင်ပြေမယ့် သူ၊ ကိုယ် ယုံကြည်ရတဲ့သူရဲ့ အမည်နဲ့သာ ယူထားပါ။

၂။ ရှေ့နေတွေ အနေနဲ့လည်း ကိုယ့်ကို အလုပ်အပ်သူရဲ့ စိတ်သဘောနောက်ကိုပဲ ကောက်ကောက်ပါအောင် မလိုက်ကြပါနဲ့၊ ဥပဒေကြောင်းအရ အကျိုးအကြောင်းသင့် သေချာ ရှင်းပြတတ်ဖို့လိုပါတယ်။..
အားလုံးကို ကျေးဇူးတင်ပါတယ်..
လေးစားချစ်ခင်လျှက်
Contract Lawyer
U Zaw Maung Maung
09 9717 88878..
photo crd

 #လယ်မြေခွဲစိပ်_အကွက်ရိုက်ရောင်းချခြင်းမြို့ပြလူနေမှုစနစ်ရဲ့ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ နေထိုင်ရေးအခက်အခဲကို ဦး...
04/05/2022

#လယ်မြေခွဲစိပ်_အကွက်ရိုက်ရောင်းချခြင်း
မြို့ပြလူနေမှုစနစ်ရဲ့ အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ နေထိုင်ရေးအခက်အခဲကို ဦးတည်ချက်ထားပြီး၊ တချို့ပုဂ္ဂိုလ်များသည် လယ်မြေများကို ခွဲစိပ်အကွက်ရိုက် ရောင်းချခြင်းများ ပြုလုပ်လာကြပါတယ်..😠😠😠

အဆိုပါ အကွက်ရိုက် မြေကွက်များကို သိန်း ၂၀၊ ၃၀၊ ၄၀ စသည်ဖြင့် တန်ဖိုးနည်းတဲ့ မြေကွက်များ ဝယ်ယူထားသင့်ကြောင်း၊ အရစ်ကျစနစ်ဖြင့်လည်း ရနိုင်ကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် နေထိုင်ရေးအခက်အခဲ ဖြစ်နေတဲ့သူတွေကို ဦးတည်ပြီး ရောင်းချနေကြပါတယ်..😠😠😠

တချို့တွေလည်း မိမိတို့ရဲ့ ကျောတခင်းစာ ပိုင်ဆိုင်မှုလေးအတွက် မရှိမဲ့ရှိမဲ့ စုဆောင်းထားတဲ့ ငွေနဲ့ဖြစ်ဖြစ်၊ ရင်းနှီးသူတွေထံက ချေးငွေအတိုးနဲ့ရတဲ့ ငွေနဲ့ဖြစ်ဖြစ် ပြေးဝယ်ချင်နေကြပါတယ်...
တချို့တွေလည်း ဝယ်ပြီးလောက်ပြီထင်ပါတယ်...😢😢😢

ရောင်းတဲ့သူတွေလည်း တော်တော်လေး လူရည်လည်လာပြီ...
ပုံစံ ၇ မြေလို့ ပြောရင် လယ်မြေလို့ သိထားတဲ့သူတွေ
များလာတဲ့အတွက်
ပုံစံ ၁၀၅ ရပြီး မြေလို့ ပြောရောင်းလာကြတယ်...😡😡😡

ကျောတခင်းအတွက် စွန့်စားပြီး ဝယ်ယူကြမယ့်သူတွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ အခြေခံ အချက်လေးတွေကို ဂရုစိုက်ပြီးမှ စွန့်စားကြပါလို့ တိုက်တွန်းလိုက်ပါတယ်...

၁။ လယ်မြေဆိုတာက လယ်ယာမြေလုပ်ပိုင်ခွင့်ပေးထားတဲ့ မြေပါ။ ခွဲစိတ်အကွက်ရောင်းလို့မရပါဘူး။ အကွက်ရိုက်ရောင်းသူထံမှ မဝယ်သင့်ပါဘူး။🙅🙅🙅

၂။ ၁၀၅ ဆိုတာက မြေပုံမြေရာဇဝင်ရေးကူးထားတဲ့စာရွက်ကို ပြောတာပါ။ ပိုင်ဆိုင်ကြောင်း ပြောတာ မဟုတ်ပါဘူး...၁၀၅ ရေးကူးရခြင်းရဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်။ မြေတိုင်းတာချင်လို့ ရေးကူးတာ။ နယ်နိမိတ်သတ်မှတ်ဖို့ ရေးကူးတာ။... စတဲ့ လျှောက်ထားမှု အမျိုးမျိုးအတွက် ထုတ်ပေးတဲ့အရာကို ၁၀၅ လို့ ခေါ်တာပါ။ ၁၀၅ ရတယ်ဆိုတိုင်း မဝယ်သင့်ပါဘူး။ ၁၀၅ ရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေ ကျန်ရှိပါသေးတယ်..ဘာအတွက်ရတဲ့ ၁၀၅ လည်းဆိုတာကို သိထားရမယ်။

၃။ လယ (၃၀) လို့ပဲခေါ်ခေါ် လန (၃၀) လို့ပဲ ခေါ်ခေါ်. .အရင်ကတော့ လန (၃၉)လို့ တော်တော်များများ သိထားကြတယ်။ လန သို့မဟုတ် လယ (၃၀) ရပြီးတဲ့ မြေဆိုရင် ဝယ်လို့ရပါတယ်။ သူက အခြားနည်းသုံးစွဲခွင့်ရထားတဲ့မြေပါ။ လယ်မြေမဟုတ်တော့ပါဘူး..ခိုင်မာမှုရှိပါတယ်......
ဒါပေမယ့် သေချာစစ်ဆေးဖို့လည်း လိုအပ်ပါသေးတယ်....
သို့မဟုတ် ဟု ခေါ်ဆိုသော မြေကို #ဝယ်ယူသင့်ပါသလား

လယ ၃၀ လို့ပဲ ခေါ်ခေါ်၊ လန ၃၀ လို့ပဲခေါ်ခေါ်...
အဲဒါက #လယ်ယာမြေဥပဒေပုဒ်မ_၃၀ ကို ပြောတာပါ...
ပုဒ်မ ၃၀ အရ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်ပြုထားတယ်လို့..မှတ်ယူလို့ရပါတယ်...
အခြားနည်းအသုံးပြုခွင့်ရထားတဲ့ မြေဆိုလျှင် ဝယ်ယူလို့ရပါတယ်...
ခိုင်မာမှုရှိတယ်လို့ ယေဘုယျ ယူဆလို့ရတယ်...🙂🙂🙂

ဒါပေမယ့် #အခြားနည်းရထားတယ်ဆိုတိုင်းတော့_ဝယ်ယူလို့မရပါဘူး...😮😮😮

သူ့မှာ ကန့်သတ်ချက်ရှိတယ်...အဲဒါကို သိထားဖို့ လိုအပ်တယ်..
၁။ ဘာအတွက် ချပေးထားတဲ့ အခြားနည်းသုံးစွဲခွင့်လည်းဆိုတာ သိထားရမယ်...
၂။ အခြားနည်းသုံးစွဲခွင့် ပေးအပ်ထားတာ ဘယ်လောက်ကြာပြီလဲဆိုတဲ့အချက်က ပိုပြီးအရေးကြီးတယ်......
အခြားနည်းသုံးစွဲခွင့်ပေးအပ်ထားသည့်နေ့ရက်မှ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိဘူးဆိုရင်...
#ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က_အဆိုပါအခြားနည်း_သုံးစွဲခွင့်အားပယ်ဖျက်နိုင်ကြောင်း ဥပဒေမှာ ပြဌာန်းထားပါတယ်...

အဲဒါကြောင့် အခြားနည်းရထားတဲ့မြေကို ဝယ်ယူမည်ဆိုရင်လည်း သေချာစွာ စစ်ဆေးသင့်ပါတယ်......
#ကျွန်တော်ရေးသားတင်ပြထားတဲ့ဥပဒေဆိုင်ရာစာစုတွေသည်_အများပြည်သူ_နားလည်လွယ်အောင်_ရေးသားထားခြင်းဖြစ်ပါတယ် မည်သူမဆို လွတ်လပ်စွာ_Share_လို့ရပါတယ်...

ူးယူပြီး_အခြားအကောင့်တစ်ခုခုတွင်ဖြစ်စေ_Wesite_တစ်ခုခုတွင်ဖြစ်စေ_ပြန်လည်_ကူးယူဖော်ပြခြင်းကို #ခွင့်မပြုပါ။..
လူအချင်းချင်း လိမ်လည်ခြင်းမှ ကင်းဝေးကြပါစေ...🙏🙏🙏
Contract_Lawyer
(၂၂. ၁၁. ၂၀၂၀)ရက်နေ့တွင်Personal Account ၌ရေးသားခဲ့သည့် ပို့စ်မှ ပြန်လည်ကူးယူဖော်ပြသည်။)...

ငွေသား+Banking ဖြင့် ငွေပေးချေခြင်း============================လက်ရှိ အခြေအနေအရ ဘဏ်တွေမှာ ဖြစ်ပေါ်နေတဲ့၊ ဖြစ်နေဆဲ အခြေအန...
03/05/2022

ငွေသား+Banking ဖြင့် ငွေပေးချေခြင်း
============================
လက်ရှိ အခြေအနေအရ ဘဏ်တွေမှာ ဖြစ်ပေါ်နေတဲ့၊ ဖြစ်နေဆဲ အခြေအနေတွေပေါ်မူတည်ပြီး ရောင်းသူ ပုဂ္ဂိုလ်များက ၎င်းတို့ပစ္စည်း ရောင်းချရာတွင် ငွေသားဖြင့်သာ ပေးချေမှု ပြုလုပ်ချင်တာကို မြင်တွေ့ကြားသိရပါတယ်။..
ဘယ်သူမဆို မိမိရောင်းချတဲ့ပစ္စည်းအတွက် ငွေသားပေးချေမှုကိုသာ ပြုလုပ်စေချင်တာက သဘာဝကျပါတယ်။..
လက်ရှိ ထုတ်ပြန်ထားချင်အရ သိန်း ၂၀၀ အထက် ငွေပေးချေမှုကို Banking နဲ့သာ ပေးချေဖို့ဆိုတာကို သတိပြုကြစေချင်ပါတယ်။...အချိန်ကာလတခုအထိ ဒီအခြေအနေကို ကြိုးစားဖြတ်သန်းကြရမှာပါ။..
မိမိရောင်းလိုက်တဲ့ပစ္စည်းအတွက် ရရှိမယ့် ပမာဏပေါ်မူတည်ပြီး မိမိက အခြားသူတဦးထံမှ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတခုခုကို ပြန်လည် ဝယ်ယူတဲ့အခါ ငွေဖြူပြရာတွင် ပြဿနာက စတင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ ဝင်ငွေရလမ်းကို ပြဖို့အတွက် မိမိပစ္စည်းကို ရောင်းချခြင်းမှ ရရှိကြောင်း ပြောရမှာ မလွဲပါ။ ထိုအခါ အဆိုပါပစ္စည်း ရောင်းချခြင်းကို မည်သို့ဆောင်ရွက်ခဲ့ကြောင်း၊ Banking စနစ်ပါဝင်ခြင်း ရှိ၊ မရှိ စတဲ့ မေးခွန်းပေါင်းများစွာ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။..
ထို့ကြောင့် ရောင်းခြင်း ဝယ်ခြင်း ပြုလုပ်တဲ့အခါ Banking စနစ်ကို ပစ္စည်းတန်ဖိုး၏ တဝက်ခန့် ပါဝင်အောင် ဆောင်ရွက်သင့်ပါတယ်။ သိန်း ၂၀၀ အထက် Banking လုပ်ရမယ်လို့ ထုတ်ပြန်ထားတာ တဝက်နဲ့ အဆင်ပြေပါ့မလားဆိုတဲ့ မေးခွန်းအတွက် အဖြေရှိပါတယ်။ post အနေနဲ့ ရေးတင်လို့ အဆင်မပြေတဲ့အတွက် သည်းခံပေးပါ။..
အရောင်းအဝယ်မှာ Banking စနစ်နဲ့ ငွေပေးချေမှုကို တတ်နိုင်သလောက်ပါဝင်အောင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ကြပါ။..
ရောင်းဝယ်ခြင်းများ အဆင်ပြေကြပါစေ.....
လွတ်လပ်စွာ ရောင်းဝယ်ခြင်းပြုလုပ်ဖို့အတွက် ကျွန်တော်တို့ အချိန်တခု စောင့်ရပါလိမ့်မယ်။
အားလုံးကို ကျေးဇူးတင် လေးစားလျှက်...
🙏🙏🙏
👉 Contract Lawyer
👉 U Zaw Maung Maung
☎ 09 9717 888 78
🏡 No. 666B, Inwa 19 Street, 6 Ward, South Okkalapa Township, Yangon.

01/05/2022

စာချုပ်စာတမ်းဝန်ဆောင်ခနှုန်းထား
===========================
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ကြတဲ့ မိတ်ဆွေများ မေးမြန်းလာသည့် စာချုပ်စာတမ်းဝန်ဆောင်ခ နှုန်းထားများကို အသိပေး ဖော်ပြလိုက်ပါတယ်.....
👉 Package (A)
စရန်ပေး+ငွေကြေ+သတင်းစာကြော်ငြာ
= 700,000/-
(ရှေ့နေ၊ စာစီ၊ ခရီးစရိတ်နှင့် ကြော်ငြာဆိုဒ် ၂လက်မ ၃ ကော်လံ။ အားလုံးအပြီးအစီးပါ)..
👉 Package (B)
စရန်ပေး+ငွေကြေ = 500,000/-
သတင်းစာကြော်ငြာ= 200,000/-
(စာစီ၊ ခရီးစရိတ်နှင့် ရှေ့နေ)
(ကြော်ငြာဆိုဒ် အရွယ်အစားပေါ်မူတည်၍ ကျသင့်ငွေကို လုပ်ငန်းအပ်နှံသူမှ ပေးဆောင်ရပါမည်။ ချလံပေးပါမည်။ သတင်းစာတိုက်သို့ ပေးဆောင်ရသည့် ကြော်ငြာခကျသင့်ငွေသည် အနည်းဆုံး ၆ သောင်း၊ ၉ ကိုးသောင်းမှ တစ်သိန်းအထက်ထိရှိပါသည်။)..
👉 Package (C)
ငွေကြေစာချုပ် = 300,000/-
(ရှေ့နေ၊ စာစီ၊ ခရီးစရိတ်)..
👉 Package (D)
သတင်းစာကြော်ငြာ
ရှေ့နေ၊ စာစီ၊ ခရီးစရိတ် = 150,000/-
(ကြေးမုံသတင်းစာတိုက်ပေးသွင်းရမည့် ကျသင့်ငွေကို လုပ်ငန်းအပ်နှံသူမှ ပေးဆောင်ရပါမည်။
သတင်းစာတိုက်သို့ ပေးဆောင်ရသည့် ကြော်ငြာခကျသင့်ငွေသည် တစ်သိန်းအထက်ထိရှိပါသည်)
(နယ်မြို့များအတွက်လည်း စျေးနှုန်းညှိနှိုင်း၍ ဆောင်ရွက်ပေးပါသည်။)
အားလုံးကို ကျေးဇူးတင်ပါတယ်...
🙏🙏🙏

Contract Lawyer..
🏠 No.657, Inwa 19A st, 6 Ward, South Okkalapa Township, Yangon.

☎ 09 9717 88878, 09780953389

Address

Yangon
11091

Telephone

+959971788878

Website

Alerts

Be the first to know and let us send you an email when Contract Lawyer / စာချုပ်ရှေ့နေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Contract Lawyer / စာချုပ်ရှေ့နေ:

Share

Category