Nyunt ဥပဒေရေးရာ ဆွေးနွေးမှု

  • Home
  • Myanmar
  • Yangon
  • Nyunt ဥပဒေရေးရာ ဆွေးနွေးမှု

Nyunt ဥပဒေရေးရာ ဆွေးနွေးမှု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyunt ဥပဒေရေးရာ ဆွေးနွေးမှု, Legal Service, Yangon.

လူတိုင်းအတွက် ယုံကြည်စိတ်ချစွာ ဆွေးနွေးနိုင်သော ဥပဒေရေးရာ ဝန်ဆောင်မှုများ ပေးပါသည်။
📌 Civil / Criminal
📌 အမှုများအားအကြံပေးဆွေးနွေးခြင်း
📌 ဥပဒေ​လမ်းညွှန်ခြင်း
အသေးစိတ် သိရှိလိုပါက Message ပို့ပြီး Consultation စနစ်ဖြင့် ဆက်သွယ်နိုင်ပါသည်။

15/08/2026
19/07/2026

⚖️ ရဲစခန်းက ခေါ်တိုင်း
အပြစ်ရှိတာ မဟုတ်ပါဘူး။

📌 ဘာကြောင့် ခေါ်တာလဲ မေးပါ။
📌 စာရွက်စာတမ်းတွေ ယူသွားပါ။
📌 မသေချာရင် ဥပဒေအကြံဉာဏ် ရယူပါ။

14/07/2026

အိမ်ထောင်ရေးမှာ...
"သည်းခံပါ" ဆိုတာထက်
"အခွင့်အရေးကို သိပါ" ဆိုတာက ပိုအရေးကြီးတယ်။
⚖️

14/07/2026

⚖️ မင်္ဂလာပါရှင် ⚖️

ဥပဒေ၊ မိသားစု၊ အိမ်ထောင်ရေးနှင့် ကွာရှင်းရေးဆိုင်ရာ ကိစ္စများကို နားလည်လွယ်အောင် ဗဟုသုတအနေနဲ့သာ မျှဝေပေးနေခြင်းဖြစ်ပါသည်။

အမှုအခြေအနေတစ်ခုချင်းစီသည် မတူညီသဖြင့်
သက်ဆိုင်ရာ စာရွက်စာတမ်းနှင့် အခြေအနေအမှန်ပေါ်မူတည်၍သာ သေချာစွာ ဆန်းစစ်နိုင်ပါသည်။

📌 ယခု page တွင် မေးမြန်းထားသော မေးခွန်းများကို ဆရာမမှ အချိန်အလိုက် စနစ်တကျ ဖြေကြားပေးသွားပါမည်။

05/07/2026

"အိမ်ထောင်တစ်ခု ပြိုကွဲသွားသည့် အမှုတစ်ခု"
====================================

လင်မယားအိမ်ထောင်ရေးအမှုတစ်ခုတွင် အမျိုးသမီးတစ်ဦးမှ တိုင်ပင်လာခဲ့သည်။

သူမ၏ ခင်ပွန်းသည် အိမ်မှ ထွက်ခွာသွားသည်မှာ လအနည်းငယ်ကြာမြင့်နေပြီး ပြန်လည်ဆက်သွယ်မှုမရှိသည့် အခြေအနေဖြစ်သည်။

မင်္ဂလာဆောင်ဓာတ်ပုံများရှိနေသော်လည်း လက်တွေ့ဘဝတွင် အတူမနေတော့သည့် အခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် နေထိုင်မှုအခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။

အိမ်ထောင်ရေးဥပဒေအရ အတူနေထိုင်မှုရပ်တန့်ခြင်း၊ တာဝန်မယူခြင်း၊ စွန့်ပစ်ထားခြင်းများသည် အခြေအနေပေါ်မူတည်၍ ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်သည့် အကြောင်းအရာများ ဖြစ်နိုင်ပါသည်။

သို့ဖြစ်၍ မိမိ၏ အခြေအနေနှင့် ကိုက်ညီသော ဥပဒေဆိုင်ရာ နည်းလမ်းများကို စနစ်တကျ စိစစ်ရန် လိုအပ်ပါသည်။

အလားတူ အိမ်ထောင်ရေးအခက်အခဲများရှိပါက ဆရာမ၏ Messenger မှတဆင့် မေးမြန်းဆွေးနွေးနိုင်ပါသည်။

Daw Hay Mar
#ဒေါ်ဟေမာတရားလွှတ်တော်ရှေ့နေ
09 798 052 964 / 09 267 211 563

14/06/2026

⚖️"လက်မှတ်တစ်ချက် မထိုးခဲ့လို့..."
=============================

"ဆရာမ... ကျွန်မ ယုံကြည်လို့ ငွေပေးခဲ့တာပါ"

သူမရဲ့ အသံက တုန်နေတယ်။

ငွေကို လက်နဲ့ပေးခဲ့တယ်။ သက်သေလည်း မယူခဲ့ဘူး။ စာချုပ်လည်း မချုပ်ခဲ့ဘူး။
"သူက ကိုယ့်လူပဲလေ" ဆိုတဲ့ ယုံကြည်မှုတစ်ခုနဲ့ အားလုံးကို လျစ်လျူရှုခဲ့တယ်။

လအနည်းငယ်ကြာတော့...
ဖုန်းမကိုင်တော့ဘူး။ Messenger မှာလည်း Block လုပ်ထားတယ်။

အဲဒီအချိန်မှ သူမ နောင်တရသွားတယ်။
ယုံကြည်မှုဟာ အရေးကြီးပါတယ်။
ဒါပေမယ့် ဥပဒေကတော့ ယုံကြည်မှုထက် အထောက်အထားကို ပိုတန်ဖိုးထားပါတယ်။

(ဤဇာတ်လမ်းသည် ဆရာမထံ တိုင်ပင်ဆွေးနွေးခဲ့ကြသော ဖြစ်ရပ်များကို အခြေခံ၍ ကိုယ်ရေးအချက်အလက်များ ပြောင်းလဲကာ ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။)

📌 အလားတူ ဥပဒေဆိုင်ရာ အခက်အခဲများရှိပါက ဆရာမထံ Messenger မှတဆင့် မေးမြန်းနိုင်
ပါသည်။ ⚖️

🌹🌹🌹🌹🌹🌹🌹🌹🌹
Daw Hay Mar
#ဒေါ်ဟေမာတရားလွှတ်တော်ရှေ့နေ
09 798 052 964 / 09 267 211 563

Address

Yangon

Telephone

+959267211563

Website

Alerts

Be the first to know and let us send you an email when Nyunt ဥပဒေရေးရာ ဆွေးနွေးမှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category