Passport QR Service

Passport QR Service hello

15/01/2025

" အရာရာဟာ ဧည့်သည်ပါ "

●တစ်ယောက်ယောက်က ထားခဲ့ရင်
ဝမ်းမနည်းပါနဲ့
သင်လျှောက်မယ့်လမ်းကို
သူမလိုက်ချင်လို့လည်း ဖြစ်နိုင်သလို
သူသွားမယ့်လမ်းမှာ
သင့်ကိုမခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်

●ဘယ်ခရီးကိုမှ
အစအဆုံးတူတူသွားရမယ်လို့
ဘယ်သူကမှ သတ်မှတ်မထားသလို....
ဘယ်သူလိုက်လိုက် မလိုက်လိုက်
သင်ကတော့သွားနေရဦးမှာ ဖြစ်ပါတယ်

သင်ပါပါ မပါပါ
သူလည်းဆက်လျှောက်နေမှာ ဖြစ်ပါတယ်

●ငယ်ငယ်ကတော့ တွေးခဲ့ဖူးတယ်
အဖေနဲ့အမြဲနေမယ်
အမေနဲ့ပဲတူတူနေမယ်
ဒီသူငယ်ချင်းတွေနဲ့ ဘယ်တော့မှမခွဲဘူး
ငါ့ချစ်သူနဲ့ငါ တသက်လုံးတူတူနေမှာ...
စတဲ့ အတွေးတွေ တွေးခဲ့ဖူးတယ်...

●တကယ်တော့
ကျွန်တော်တို့က
ကံဆုံလို့ သံသရာရထားပေါ်မှာ
ခဏလာတွေ့တာကို
ဘဝတစ်ခုလုံးစာလို့ ထင်ခဲ့ကြတာပါ

●ကိုယ်အရင်ဆင်းရတဲ့အခါ
သူတို့ကိုပါဆင်းခဲ့ဖို့ ခေါ်ပေမယ့်လည်း
သူတို့မလိုက်နိုင်ကြသလို....
သူတို့အရင်ဆင်းသွားတဲ့အလှည့်မှာလည်း
ကိုယ်လိုက်မသွားနိုင်ခဲ့ဘူး

●သေချာတာကတော့
သူတို့လည်း မသေမချင်း သူတို့ရွေးထားတဲ့လမ်းကို လျှောက်နေရတာဖြစ်ပြီး
ကိုယ်ကလည်း
ကိုယ့်လမ်းကိုယ်လျှောက်ရင်း
သူတို့နဲ့လမ်းမှာ မသေခင်ခဏတွေ့တာဖြစ်ပါတယ်

●တွေ့တဲ့အချိန် ခဏလေးမှာ
ချစ်ကြ သံယောဇဉ်တွေတွယ်ကြ
မုန်းကြ ဆဲကြ ဆိုကြနဲ့
အချိန်စေ့ရင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ရမှာ
ဖြစ်ပါတယ်

●ခဏခဏ လူသစ်တွေနဲ့ ထပ်တွေ့ရပြီး
ခဏခဏ ခွဲရပြန်တယ်
ခဏခဏပျော်ရွှင်ရပြီး
နောက်တော့ ခဏခဏ ငိုရင်းခွဲရပြန်တယ်
ခဏခဏ လွမ်းမိကြသလို
တခါတလေလည်း နာကျည်းတက်ကြပြန်တယ်

●ဒါ့ကြောင့်
သင့်ဘဝထဲကို လူသစ်တွေဝင်လာရင်
သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပါ
ကြိုတွေးထားပါ

ကိုယ်ထားခဲ့ရမယ့်အချိန်ကို ပြင်ဆင်ထားပြီး
သူတို့ထားခဲ့ရင်လည်း
ကိုယ်ဘယ်လိုရှင်သန်ပြီး
ကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ

သူတို့လာနေတုန်းကို
ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင်ကြိုးစားပါ

သူတို့မရှိရင်လည်း သင်နေတက်အောင် ပြင်ဆင်ထားပါ

အပြုံးတွေတောင် ခဏပဲခံရင်
အမုန်းတွေကို အကြာကြီးမွေးမထားပါနဲ့
အလွမ်းတွေကို အရသာမခံချင်ပါနဲ့
အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့

တွေ့တွေ့ချင်းတောင် ဝမ်းသာအားရနှုတ်ဆက်ကြရင်
ပြန်ချိန်ရောက်ရင်လည်း
ဖက်တွယ်မထားပဲ
လမ်းခွဲတက်အောင်ကြိုးစားပါ

●ဟုတ်ကဲ့
ကျွန်တော်တို့ဘဝနဲ့
ကျွန်တော်တို့နှလုံးသားတွေထဲမှာ.....

အကြာကြီးရှိမနေမှာသေချာတဲ့သူတွေနဲ့

အကြာကြီးဖြစ်နေမှာ မဟုတ်တဲ့
ကိစ္စတွေကိုထည့်ပြီး သော့ခပ်မထားပါနဲ့

ခဏလာပြီး ခဏနေပြန်ထွက်သွားမယ့်
ဘယ်သူ့ကိုမဆို
အတင်းအကြပ် ဆုပ်ကိုင်မထားပါနဲ့
မသွားပါနဲ့လို့ မတားပါနဲ့...

ဝင်လာပါစေ...

ပြန်သွားချင်သွားပါစေ....

လာနေတုန်းလေးမှာ ပြုံးနေပြီး
ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ပြုံးထားပါ

မိတ်ဆွေ
သင့်ခံစားမှုတွေကို
သော့ခပ်မထားပါနဲ့...

နှလုံးသားတံခါးကို
အသာလေးသာစေ့ထားလိုက်ပါ...

..

 #ကတိတည်ပါစေ✍📚📚📚📚📚📚📚1သောင်းမှာ ကတိတည်ရင် နောင်အခါ 1သိန်းလိုလဲ မင်း မခက်ခဲဘူး1သိန်းမှာ မင်း ကတိတည်ရင် နောင်အခါ 10 သိန်းလိ...
04/10/2023

#ကတိတည်ပါစေ✍
📚📚📚📚📚📚📚

1သောင်းမှာ
ကတိတည်ရင်
နောင်အခါ 1သိန်းလိုလဲ
မင်း မခက်ခဲဘူး

1သိန်းမှာ
မင်း ကတိတည်ရင်
နောင်အခါ 10 သိန်းလိုလဲ
မင်းမခက်ခဲနိုင်တော့ဘူး

စီးပွာရေး လုပ်ဖို့
မင်းမှာ ငွေမရှိရင်နေပါစေ

ကတိနဲ့ယုံကြည်မှု့တခုပဲ
မင်းပတ်ဝန်းကျင်မှာ
တည်ဆောက်ထား

ဘာလုပ်လုပ်
မင်းကြီးပွားတိုးတက်
အောင်မြင်တော့မှာပါ ❤️

ဘာအလုပ်ပဲလုပ်လုပ်ပါ
အလုပ်လုပ်ရာဝယ် ကတိတည်ဖို့ဟာ
အဓိကလိုရင်းဖြစ်တယ်.👍

လိုအပ်တာနဲ့ လိုချင်တာကိုခွဲခြားပါ 👏〰〰〰〰〰〰〰〰〰〰〰လိုအပ်တာနဲ့ လိုချင်တာကို ခွဲပါရှင့် ...တခုခုဝယ်တော့မယ် ၊သုံးတော့မယ်ဆိုတိုင...
04/10/2023

လိုအပ်တာနဲ့ လိုချင်တာကိုခွဲခြားပါ 👏
〰〰〰〰〰〰〰〰〰〰〰

လိုအပ်တာနဲ့ လိုချင်တာကို ခွဲပါရှင့် ...
တခုခုဝယ်တော့မယ် ၊သုံးတော့မယ်ဆိုတိုင်း
ဒါလိုအပ်တာလား ?
ဒါမှမဟုတ် လိုချင်တာလား ? ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါနော့် ...🤔

တကယ်လိုအပ်တယ်ဆိုမှသာဝယ်ပါရှင့် ။
ဥပမာ..စာအုပ်တစ်အုပ်က ၃ထောင်ပေးရတယ်။📚
အဲ့ဒီစာအုပ်ကိုပဲ အဖုံးကို ခန့်ခန့်ညားညား
ပြောင်းလိုက်ပြီး ၅ထောင်နဲ့ ရောင်းတယ်။
အထဲကစာက တူတူပဲရယ်...

ဒါပေမယ့် ကျမတို့ကို တန်တယ်ဆိုတဲ့
ခံစားချက်ကိုရတယ်။ဒီတော့ဝယ်တယ်လေ ...
သေချာစဉ်းစားကြည့်ပါရှင့်...

အဲ့လိုအဖုံးလေးပြောင်းလိုက်တာကျမတို့
ဘာရသွားလဲ။ပညာတွေလဲတိုးပြီးရမသွားဘူး...
ဒီစာက ဒီစာပဲ။ဒါပေမဲ့ အဲ့လိုခန့်ခန့်ညားညားနဲ့
စာအုပ်ကို လိုချင်တဲ့အတွက်
ပိုက်ဆံ ပိုပေးလိုက်ရတယ်လေ...💰

စာအုပ်တင်မကဘူးရှင်...
တခြားပစ္စည်းတော်တော်များများကိုလည်း
သတိထားကြည့်ကြည့်ပါရှင့်...

ပစ္စည်းရဲ့ တကယ့်အသုံး ၀င်မှုထက်
အဲ့လို ဆွဲဆောင်မှုတွေနောက်ကိုလိုက်မိပြီး
ပိုက်ဆံတွေ ပိုသုံးနေမိကြတယ်ရယ်...💸

ရေသန့်ဗူးလေးအေးနေရင် Cool ဆိုတဲ့
စာသားလေးက ရေသန့်ဗူးခွံမှာပေါ်လာတယ်...
ကျမတို့အတွက်ဘာထူးသွားလဲ ?
အေးလား ?/မအေးလား ?
လက်နဲ့စမ်းလိုက်လည်း သိနေတာပဲရယ် ...

ဒါပေမဲ့ အဲ့လိုပေါ်တာကို သဘောကျတယ်...
ဒီတော့ ပိုက်ဆံပိုပေးတယ်...
တန်တယ်လို့လည်းထင်တယ်...
အဲ့ဒါကို မားကတ်တင်းမှာတော့
Emotional Value လို့ခေါ်တယ်...

ပစ္စည်းရဲ့ အသုံးဝင်မှုအပြင် လူတွေရဲ့
စိတ်ခံစားချက်ကိုပါ ကောင်းမွန်စေတဲ့
တန်ဖိုးတွေထပ်ပေါင်း ထည့်ထားခြင်းလို့
နားလည်နိုင်ပါတယ်ရှင့်...

ဒီတော့ သူတို့တွေဟာ Customer ကို
သူတို့ပစ္စည်းတွေ လိုချင်လာအောင်
အပြိုင်အဆိုင်လုပ်နေကြတယ်...

ရှပ်ရှင်တွေထဲမှာ အိမ်လှလှလေးတွေပါတယ်။
ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေက
အမိုက်စားဖုန်းတွေ သုံးပြကြတယ်...

တက်ကြွပျော်ရွှင်လန်းဆန်းပြီး
ဘာပူပင်သောကမှမရှိတဲ့ ဘ၀မျိုးတွေ
ပြထားကြတယ်ရှင့်...

မင်းသား တိုင်းကချောသလို၊
မင်းသမီးတိုင်းကလှနေကြတယ်။
ဒီလိုမီဒီယာတွေကနေတစ်ဆင့် ကျမတို့ကို
အမျိုးမျိုးသော ဆွဲဆောင်မှုတွေ လုပ်နေတယ်...

ရလဒ်အနေနဲ့ ကျမတို့မှာလည်း
မဆုံးနိုင်တဲ့လိုအင်ဆန္ဒတွေနဲ့
မောဟိုက်နေရရောရှင်...😌

ဒါကြောင့်ဘ၀မှာ ပျော်ရွှင်ချင်တယ်ဆို
ရေသန့်ဗူးတစ်ဗူးဝယ်တဲ့အခါ
ရေသန့်သောက်ဖို့ ၀ယ်တာမျိုးပဲ
ဖြစ်အောင်ကြိုးစားဖို့လိုတယ်ရှင့်...

လိုချင်တာနဲ့ လိုအပ်တာကို
ခွဲခြားနိုင်တဲ့ တစ်နေ့..
သင်အဆင်ပြေလာလိမ့်မယ်ရှင့်...✅

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
ခွဲခြားနိုင်တဲ့တစ်နေ့
သင်စိတ်ချမ်းသာလာပါလိမ့်နော့်...🙂

ကျမတို့ လူသားတွေပဲမို့ ၁၀၀%တောင့်ခံ
နိုင်ဖို့တော့မလွယ်ဘူးပေါ့ရှင်...
သို့သော်လည်း ဒီလိုဆွဲဆောင်မှုတွေကို
တောင့်ခံနိုင်လေလေ ဘဝကို
ပိုမို ပျော်ရွှင်ရလေလေပါပဲ ..😊

ပျော်ရွှင်နိုင်ပါစေ ,💖

🖊
📑 26 - Sep - 2023 ✍✍

☘ အလုပ်မရှိရင် စာဖတ်ပါ၊စာဖတ်လို့ ပိုက်ဆံ မရပေမယ့်ပိုက်ဆံရှာဖို့ အတွေးအခေါ်တွေ ရပါလိမ့်မယ်။☘ ၁ဝ နှစ်စာ အတွေ့အကြုံကိုကြိုရ...
03/10/2023

☘ အလုပ်မရှိရင် စာဖတ်ပါ၊
စာဖတ်လို့ ပိုက်ဆံ မရပေမယ့်
ပိုက်ဆံရှာဖို့ အတွေးအခေါ်တွေ ရပါလိမ့်မယ်။

☘ ၁ဝ နှစ်စာ အတွေ့အကြုံကို
ကြိုရချင်ရင် အတွေးအခေါ် ရှိတဲ့
လူကြီးစကား နားထောင်ပါ။

☘ ဘဝမှာ အောင်မြင်ချင်ရင် ရှုံးနိမ့်
ခဲ့ဖူးသူဆီက သင်ယူ လေ့လာပါ။

☘ တစ်သက်လုံး လိပ်ပြာလုံချင်ရင်
ကိုယ်ကျင့်တရားကို လုံခြုံစွာ
ထိန်းနိုင်အောင် ကြိုးစားပါ။

☘ အသိပညာ အတတ်ပညာကို
ပြည့်စုံ ရင့်ကျက်စေချင်ရင်
လက်တွေ့ လုပ်ဆောင်ပါ။

☘ ကြီးမားတဲ့ နောင်တဆိုတာ
မရှိစေချင်ရင် ရွှေထက် တန်ဖိုးကြီးသော
အချိန်ကို လေးစားပါ။

☘ ဘဝတစ်လုံး ပျော်ရွှင်ချင်ရင်
ဘယ်အရာကိုမှ သံယောဇဉ်
သိပ်မထားပါနဲ့။

☘ ပူလောင်မှုတွေ အရမ်းများလွန်း
နေရင် ကိုယ့်အတ္တနဲ့ မာနတွေ
လျော့ချပါ။

☘ အကောင်းဆုံး ဆိုတာတွေကို
ပိုင်ဆိုင်ချင်ရင် အကောင်းဆုံး
ဆိုတာတွေနဲ့ ထိုက်တန်အောင်
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

☘ အထီးကျန်မှုတွေ ပပျောက်ပြီး
ဗဟုသုတ ပွားချင်ရင် စာဖတ်ပါ။

Credit:
Cop
#ဘဝလှဖို့စာဖတ်ကြစို့
#လူငယ်များအတွက်ဗဟုသုတစာပေများ
Fa Min Thar Lay
# လေးစားစွာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်
စာပေချစ်သူများ
ဗဟုသုတ စာပေများ
စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်စာပေများ
#Ńÿò

ငါတို့နိုင်ငံမှာတစ်ကယ်ရှိခဲ့တယ်ပိုက်ဆံအကြွေ ဆယ်ပြား၊ တစ်မတ်နဲ့အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ စားလို့ရတဲ့ခေတ်ကို မှီခဲ့ဘူ...
03/10/2023

ငါတို့နိုင်ငံမှာတစ်ကယ်ရှိခဲ့တယ်

ပိုက်ဆံအကြွေ ဆယ်ပြား၊ တစ်မတ်နဲ့
အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ
စားလို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်...

လက်ဘက်ရည်တစ်ခွက်၊ခေါက်ဆွဲ
ကြော်တစ်ပွဲဆိုတာ နေမကောင်းတဲ့
အခါမှစားရတဲ့ အလွန်အရသာရှိတဲ့
အစားအစာဖြစ်တဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်.

အယုတ် အလတ် အမြတ်မရွေး ကျွေး
တဲ့စတုဒိသာကို ဘာရောဂါမှမကြောက်
ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင်
စားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်...

မိုးရာသီ မိုးရေထဲမှာ ...ဘယ်ကားအန္တ
ရာယ်မှမရှိဘဲ ရပ်ကွက်ထဲကလမ်းပေါ်
မှာလွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့
ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်....

ဘာအကြောင်းကြောင့် နေမကောင်း
ဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို ကွမ်းရွက်
ပြုတ်ရည်နဲ့သောက်ရုံနဲ့ ပျောက်တဲ့
ခေတ်ကိုမှီခဲ့ဘူးတယ်...

ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင်
လူတိုင်းမစီးနိုင်အခြေအနေမှာ သူငယ်ချင်း
တွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်း
လျှောက်ရင်း ကျောင်းကားစီးရင်း ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကို
မှီခဲ့ဘူးတယ်...

(ခုခေတ်ကအာ့လိုမျိုးဆို သေသွားမယ်
ရှင်သွားမယ် မသေမရှင်ဖြစ်သွားမယ်
ဆိုတဲ့ခေတ်)

နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်
ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်း
မျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကို
မှီခဲ့ဘူးတယ်....

တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲ
ရှိတဲ့အမျိုးအိမ်ကTVကို ဆွေမျိုးတစ်သိုက်
စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်..

တမြို့လုံးမှ ဂြိုလ်တုစလောင်းတစ်လုံးတည်းရှိလို့ ကမ္ဘာ့ဖလားဘောလုံးပွဲကို စုပေါင်းကြည့်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်

ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး
မိုးအလင်းကြည့်ပြီး (အိပ်ပြီးမနက်မိုးစင်
စင်လင်းမှထပြန်လည်း ဘာအကြောင်း
ကြီးငယ်မှမဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်..

သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်
တဲ့ခင်မင်ခြင်းတွေနဲ့ မောင်နှမရင်းပမာ
ဆက်ဆံခြင်းရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်..

ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား
ငယ်သူကိုသနားရမယ်ဆိုတဲ့ မြတ်နိုး
စရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့
ခေတ်ကိုမှီခဲ့ဘူးတယ်...

ပြန်တွေးလိုက်ရင် အရာရာဟာ
လွမ်းစရာကြီးပါပဲ...

ခေတ်ကြီးနဲ့ ငါနဲ့ အမွဲပြိုင်နေကြတယ်😎

စိတ်လျှော့တော်မူကြပါ အရှင်ဘုရားတို့
02/10/2023

စိတ်လျှော့တော်မူကြပါ အရှင်ဘုရားတို့

လောကမှာဘယ်တော့မှကျေးဇူးမတင်တတ်တဲ့လူတန်းစားဆိုတာရှိတယ်။ကိုယ်က ကိုယ့်မှာရှိတဲ့ငါးထောင် အကုန်ပေးခဲ့တယ်။ဒါပေမယ့်...သူဌေးတစ်ယ...
02/10/2023

လောကမှာ
ဘယ်တော့မှကျေးဇူးမတင်တတ်တဲ့
လူတန်းစားဆိုတာရှိတယ်။

ကိုယ်က ကိုယ့်မှာရှိတဲ့
ငါးထောင် အကုန်ပေးခဲ့တယ်။
ဒါပေမယ့်...
သူဌေးတစ်ယောက်
တစ်သောင်း ပေးတာကို
ကျေးဇူးတင်မဆုံးဘူး အဲ့လိုလူတန်းစား...

ကိုယ်ပေးခဲ့တဲ့ ငါးထောင်ဟာ
နောက်နေ့အတွက်
သုံးစရာမရှိတော့တာတောင်
ရှိတာအကုန်ပေးခဲ့ပေမယ့်...
သူဌေးပေးခဲ့တဲ့ တစ်သောင်းဟာ
လက်ဖက်ရည်ဖိုးသာသာပဲရှိတာ သူမသိခဲ့ဘူး
သိလည်း သိပ်မခံစားတတ်တဲ့လူစားမျိုး...

ကိုယ်ပေးခဲ့တဲ့ အချိန်ဟာ
မအားမလပ်တဲ့ကြားက
အပြေးအလွှားသွားရတာဖြစ်ပြီး...
သူများတွေပေးတဲ့အချိန်ဟာ
သူတို့အလုပ်ချိန်တွေ သင်တန်းတွေ
မိသားစုကိစ္စတွေအားလုံးပြီးမှ
ပေးကြတာဖြစ်တယ်။

ဒါပေမယ့် ပိုအချိန်ပေးတဲ့သူကိုသာ
ကျေးဇူးတင်ကြတယ်။
အခက်အခဲတွေကြားက လာရတဲ့သူကို
အသိအမှတ်မပြုကြဘူး ...

ဒီလိုပါပဲ...
လူတချို့မှာ တစ်စုံတစ်ယောက်ကို
ဘာလုပ်လုပ်သိပ်ကျေးဇူးတင်
သိပ်ချီးမွမ်းကြပြီး...
နောက်လူတစ်ယောက်ကိုတော့
ဘာလုပ်လုပ်ကျေးဇူးတင်လေ့မရှိ
စာရင်းထဲ သိပ်ထည့်လေ့မရှိတဲ့စရိုက်မျိုးတွေ
ရှိတတ်ကြပါတယ်...

ပေးဆပ်ထားတဲ့ပမာဏကိုသာ
ဆုံးဖြတ်ကြပြီး...
အားစိုက်ရတဲ့ပမာဏကိုတော့
သိပ်မမြင်ကြပါဘူး ထည့်တွက်လေ့မရှိပါဘူး။

ကိုယ့်ရှေ့မှာ ကိုယ့်ကိုနှိမ်ချင်တာနဲ့
ကိုယ့်ထက်ပိုအဆင်ပြေသူတွေ
ရာထူးပိုကြီးသူတွေ
နာမည်ပိုကြီးသူတွေအကြောင်း
ရေပက်မဝင်ပြောဆိုကြပြီး
သူတို့အဖို့ ကိုယ်မရှိလည်းရတယ်
ကိုယ်မပါလည်းဖြစ်တယ်ဆိုတဲ့သဘောတွေကို
ပါးနပ်စွာပြကြပါတယ်။

"ဟုတ်ကဲ့...မိတ်ဆွေ"
သင့်တန်ဖိုးဟာ
နည်းသည်ဖြစ်စေ များသည်ဖြစ်စေ
အဲဒီတန်ဖိုးကို အသိအမှတ်မပြုတဲ့
အသိုင်းအဝိုင်းတစ်ခု
သင့်မှာရှိနေပြီဆိုရင်တော့....

အရင်လိုပေါပေါပဲပဲ
ကူညီနေတာတွေ
အားအားယားယား
အချိန်ပေးနေတာတွေ
နှစ်နှစ်ကာကာ
ခင်မင်နေတာတွေကိုလျှော့လိုက်ပါ ။

ဘာလုပ်မလဲ ...
ကိုယ်ရှိနေခြင်းကိုတန်ဖိုးမထား
ကိုယ့်လုပ်အားတွေကို မလေးစား
ကိုယ့်အချိန်တွေကို
အသိအမှတ်မပြုတဲ့သူတွေကို
စိတ်ထဲထည့်ပြီး ခင်မင်နေရတာ
မိတ်ဆွေရင်းလို့သက်မှတ်ပြီး
ပေါင်းသင်းနေရတာ...

ရှိနေတဲ့ကိုယ့်ရဲ့တန်ဖိုးကိုထပ်မချပါနဲ့...

ကိုယ်မရှိလည်း အဆင်ပြေတယ်ဆိုတဲ့
အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ...
ကိုယ့်ကိုမလိုဘူးဆိုတဲ့ ပတ်ဝန်းကျင်ကို
ကျောခိုင်းခဲ့ပါ...
ကိုယ်မရှိမှ ကိုယ့်တန်ဖိုးသိမယ့်
မိတ်ဆွေတွေကို လက်တွဲဖြုတ်ခဲ့ပါ...

ဘဝမှာနေရမယ့်အချိန်
အရမ်းနည်းတာမို့ သင့်ကိုလိုအပ်တဲ့
သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့
သင်ရှိနေဖို့လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာ
သင်ရှိနေသင့်တာပေါ့...

'အမေကျော်ဒွေးတော်လွမ်း'တတ်တဲ့
မိတ်ဆွေတွေ
'ငါးစိမ်းမြင် ငါးကင်ပစ်'တတ်တဲ့
သူငယ်ချင်းတွေ
သူတို့တွေကို မျက်နှာလုပ်ပြီးနေရမယ့်အစား

"သင့်ကိုတန်ဖိုးထားလေးစားတဲ့
အသိုင်းအဝိုင်းမှာပဲ ရှင်သန်သင့်တယ်"...

ဒါ့ကြောင့် အခုပဲ သူတို့ကိုထားခဲ့လိုက်ပါ ...

Crd.

အင်း...ကြိုစားဦးမှပဲ
02/10/2023

အင်း...ကြိုစားဦးမှပဲ

စကားလက်ဆောင်
02/10/2023

စကားလက်ဆောင်

ဘာတေလာပြောနာယဲ
02/10/2023

ဘာတေလာပြောနာယဲ

ဥာဏ်စမ်းမေးမယ်😁ဥတော့သုံးလုံးပေါက်တော့ဆယ့်နှစ်ကောင်ပျံတော့သုံးရာ့ခြောက်ဆယ်ငါးအဲ့တာဘာလည်းသိလား🤔🤔
02/10/2023

ဥာဏ်စမ်းမေးမယ်😁
ဥတော့သုံးလုံး
ပေါက်တော့ဆယ့်နှစ်ကောင်
ပျံတော့သုံးရာ့ခြောက်ဆယ်ငါး
အဲ့တာဘာလည်းသိလား🤔🤔

Address

Yangon

Telephone

+959687438838

Website

Alerts

Be the first to know and let us send you an email when Passport QR Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Passport QR Service:

Share