My Backpack Diaries

My Backpack Diaries Finding myself beyond the skies, where quiet days unfold in Vietnam … ⛰️🍃🌳

🌟 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐓𝐡𝐞 𝐄𝐧𝐝𝐥𝐞𝐬𝐬 𝐖𝐨𝐧𝐝𝐞𝐫𝐢𝐧𝐠𝐬: 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫𝐢𝐧𝐠, 𝐂𝐫𝐞𝐚𝐭𝐢𝐧𝐠, 𝐈𝐧𝐬𝐩𝐢𝐫𝐢𝐧𝐠 🌟

This is a space where learning meets inspiration, where every post is designed to empower and guide you in your personal, academic, and professional growth—while also adding a touch of creativity and fun!

🇻🇳 Vietnam has a way of making life feel lighter. Slow mornings, kind people, salty air, and simple joys by the sea, and...
25/01/2026

🇻🇳 Vietnam has a way of making life feel lighter. Slow mornings, kind people, salty air, and simple joys by the sea, and a lifestyle I truly admire 🌊

𝐀 𝐁𝐮𝐝𝐠𝐞𝐭 𝐓𝐫𝐢𝐩 𝐭𝐨 𝐕𝐢𝐞𝐭𝐧𝐚𝐦 🇻🇳ဗီယက်နမ်ကိုဈေးသက်သက်သာသာနဲ့ သွားလည်ကြမယ် ကုန်ကျစားရိတ်ဘယ်လောက်ကျမလဲ?🇻🇳 ဗီယက်နမ်နိုင်ငံဟာ လှပသ...
22/01/2026

𝐀 𝐁𝐮𝐝𝐠𝐞𝐭 𝐓𝐫𝐢𝐩 𝐭𝐨 𝐕𝐢𝐞𝐭𝐧𝐚𝐦 🇻🇳

ဗီယက်နမ်ကိုဈေးသက်သက်သာသာနဲ့ သွားလည်ကြမယ် ကုန်ကျစားရိတ်ဘယ်လောက်ကျမလဲ?

🇻🇳 ဗီယက်နမ်နိုင်ငံဟာ လှပသော ရှုခင်းများ၊ စားသောက်ကောင်းသော အစားအစာများ၊ သမိုင်းဝင်နေရာများနှင့် စျေးနှုန်းသက်သာမှုတို့ကြောင့် ခရီးသွားတွေအကြိုက် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်ကို သွားလည်ဖို့ ဘယ်လောက်ကုန်ကျလဲဆိုတာ ခရီးစဉ် သွားမဲ့အချိန်၊ ကောင်းကောင်းနေမလား နဲ့ ဘာတွေလုပ်မလဲဆိုတဲ့ပေါ် မူတည်ပါတယ်။ ဒီမှာတော့ ခရီးသွားစရိတ်ကို အကြမ်းဖျင်း တွက်ပြပေးထားပါတယ်။

🇲🇲 မြန်မာကနေ ဗီယက်နမ်ကို သွားလည်မယ်ဆိုရင် မြန်မာတွေအတွက် ရက် ၃၀ visa ကင်းလွှတ်ခွင့်ရပါတယ်။

🛩️ Myanamr Airways International (MAI) နဲ့ ရန်ကုန်ကနေ ဟိုချီမင်း၊ ဟနွိုင်း၊ ဒါနန်းမြို့တွေကို တိုက်ရိုက်လေယာဉ်စိုက်ပါတယ်။ တစ်ခုရှိတာကတော့ ည Flight ပဲရှိတာများလို့ ဗီယက်နမ်ကို ည ၈ နာရီ ၉ နာရီလောက်မှ ရောက်တတ်ပါတယ်။ အဲ့တော့ သွားမယ်ဆို တစ်ညတော့ ပိုအိပ်ရတာမျိုးဖြစ်တတ်ပါတယ်။

စိတ်တော့ မပူပါနဲ့ မြန်မာနိုင်ငံမဟုတ်လို့ ညဘက်ကို ၁ နာရီလောက်ထိ မြို့ထဲမှာ Walking Street ပတ်ပြီးမုန့်စား Chill လို့ရပါတယ်နောိ အပြန်လေယာဉ်ကလည်း ည Flight ပဲမို့လို့ နေ့လည်လောက်ထိကို လည်ပတ်ချိန်ရပါတယ်။

💺 လေယာဉ်လက်မှတ် (𝐅𝐥𝐢𝐠𝐡𝐭 𝐓𝐢𝐜𝐤𝐞𝐭𝐬)
✈︎ ဗီယက်နမ်ကို မြန်မာနိုင်ငံမှ သွားမယ်ဆိုရင် လေယာဉ်လက်မှတ်စျေးနှုန်းက ရိုးရိုး (Economy Class) မှာဆို အနည်းဆုံး ၁၀ သိန်းကနေ ၁၂ သိန်းဝန်းကျင်ထိ ရှိပါတယ်။ ၂ ပတ်လောက် ကြိုဝယ်မယ်ဆို ၁၀ သိန်းလောက်နဲ့ရနိုင်ပါတယ်။
✈︎ လေယာဉ်လတ်မှတ်ကိုတော့ KBZ Pay ထဲက Flymya ကနေ တဆင့်ဝယ်နိုင်သလို့ MAI ရုံးကို တိုက်ရိုက်ဖုန်းဆက်ပြီး မှာမယ်ဆို ဈေးပိုသက်သာပါတယ်။ Flymya website ကနေ မှာမယ်ဆိုရင်တော့ လေယာဉ်လတ်မှတ်ကို တစ်ရက်ကြိုပြီး Booking ယူထားလို့ရပါတယ်။ နောက်နေ့ဈေးပြောင်းသွားတောင် ကိုယ်ငွေချေတော့မယ်ဆို Booking ဈေးအတိုင်းပဲ ဖြတ်ပေးရတာပါ။

🏩 နေထိုင်စရိတ် (𝐀𝐜𝐜𝐨𝐦𝐦𝐨𝐝𝐚𝐭𝐢𝐨𝐧)
ဗီယက်နမ်မှာ စျေးသက်သာတဲ့ဟိုတယ်တွေကနေ ဇိမ်ခံဟိုတယ်တွေအထိ ရွေးချယ်စရာများပါတယ်။
☞︎ စျေးသက်သာဟိုတယ် (Budget Hostel/Hotel) – တစ်ညလျှင် မြန်မာငွေ ၅ သောင်းဝန်းကျင်နဲ့ သန့်ပြီး အဆင်ပြေတာရနိုင်ပါတယ်။
☞︎ အလတ်စားဟိုတယ် (Mid-range Hotel) – တစ်ညကို ၈၀,၀၀၀ ကျပ်ကနေ ၁ သိန်းခွဲဝန်းကျင်သုံးတာနဲ့ မြို့ထဲလိုနေရာမှာ အဆင်ပြေတဲ့ ဟိုတယ်မျိုးရနိုင်ပါတယ်။
☞︎ ဇိမ်ခံဟိုတယ် (Luxury Hotel/Resort) – တစ်ညကို ၂ သိန်းကျပ်နဲ့ အထက်သုံးပါက Luxury Hotel မျိုးကို ရနိုင်ပါတယ်။

🍽️ အစားအသောက် (𝐅𝐨𝐨𝐝 & 𝐃𝐫𝐢𝐧𝐤𝐬)
ဗီယက်နမ်အစားအစာတွေက စျေးသက်သာပြီး အရသာရှိပါတယ်။
🍺 ဘီယာ (Bia Hơi – Local Beer) – တစ်ပုလင်း ၂,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်
🍲 ဖာ် (Phở – Noodle Soup) – ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်
🌭 ဘန်မီ (Bánh mì – Vietnamese Sandwich) – ၃,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်
🍝 စားသောက်ဆိုင်များ (Restaurant Meals) – ၁၅,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်

တစ်နေ့ကို မြန်မာငွေ ၃ သောင်းလောက်သုံးမယ်ဆို မနက်စာ နေ့လည်စာ ညစာလောက်တဲ့အပြင် ၃ နပ်လုံး ကြံရည်ပါ သောက်လို့ရတယ်နော်။ admin ကတော့ Vietnam ကြံရည်အရမ်းကြိုက်တာ မြန်မာမှာလို နည်းနည်းလေး မဟုတ်ဘူး မြန်မာငွေ ၁၇၀၀ လောက်နဲ့ ဘူးအကြီးကြီးရတာ။ အရမ်းလည်း သောက်လို့ကောင်း 🤗

𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧
🚕 Grab/Be (Taxi/Bike) – Taxi ငှားမယ်ဆို အနီးအဝေးပေါ်မူတည်ပြီး ၁၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်ကျပါတယ်
🛵 မော်တော်ဆိုင်ကယ်ငှားခြင်း (Motorbike Rental) – ဆိုက်ကယ်စီးတတ်တယ်ဆို တစ်နေ့ကို ၂၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်နဲ့ ဆိုက်ကယ်ငှားလို့ရပါတယ်
🚌 ဘတ်စ်ကား (Public Bus) – ၂,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ပဲ ရှိပါတယ်

အခြားစရိတ်များ (𝐎𝐭𝐡𝐞𝐫 𝐄𝐱𝐩𝐞𝐧𝐬𝐞𝐬)
📲 SIM Card (Mobile Data) – ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အတွင်း လေဆိပ်မှာတင်ဝယ်လို့ရပါတယ်။ အပြင်မှာဝယ်မယ်ဆို Communication ခက်နိုင်လို့ပါ။ လည်လည်ဝယ်ဝယ်ရှိတယ်ဆိုရင်တော့ အပြင်မှာ ဝယ်တာပိုသက်သာပါတယ်။
🎁 အမှတ်တရပစ္စည်းများ (Souvenirs) – ဗီယက်နမ် အမှတ်တရ အင်္ကျီ ဦးထုတ်နဲ့ တခြားအမှတ်တရပစ္စည်းလေးတွေက ၁၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်အတွင်းရှိကြပါတယ်။

👫🏻 နှစ်ယောက်သွားမယ်ဆို ဟိုတယ်နဲ့ Transportations ခတွေကို မျှခံလို့ရတာဖြစ်လို့ လည်ပတ်စားရိတ်မပါ ၃ ညအိပ် ၃ ရက် ခရီးစဉ်အတွက် ခန့်မှန်းခြေ စုစုပေါင်းခရီးစရိတ်လေးကို ၂ ယောက်သွားတဲ့အခါ တစ်ယောက်ချင်းဆီဘယ်လောက်ကုန်ကျနိုင်မလဲဆိုတာကို တွက်ပြထားပါတယ်

➜ 𝐅𝐥𝐢𝐠𝐡𝐭 𝐭𝐢𝐜𝐤𝐞𝐭 - 1,050,000 Ks per pax
➜ 𝐇𝐨𝐭𝐞𝐥 - 80,000ks/Night x 3 - 240,000 ks/2 pax - 120,000 per pax
➜ 𝐌𝐞𝐚𝐥 - 250k VND x 3 - 750k - 130,000 ks per pax
➜ 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧𝐬 -
𝐌𝐨𝐭𝐨𝐫 𝐛𝐢𝐤𝐞 - 200k x 3 - 600k - 100,000ks/2 - 50,000ks per pax
𝐓𝐚𝐱𝐢 - 1.5 millions - 255,000ks/2 - 127,500 ks per pax
➜ 𝐒𝐢𝐦 & 𝐒𝐨𝐮𝐯𝐞𝐧𝐢𝐫𝐬 - 1million - 170,000 ks per pax
➜ 𝐎𝐭𝐡𝐞𝐫𝐬 - 1millions - 170,000 ks per pax (activities or unexpected cost)

𝐄𝐬𝐭𝐢𝐦𝐚𝐭𝐞𝐝 𝐓𝐨𝐭𝐚𝐥 𝐂𝐨𝐬𝐭 -
💲Transportations မပါ ၁၆ သိန်း,
💲ဆိုင်ကယ်ငှားမယ်ဆို ၁၇ သိန်း,
💲Taxi နဲ့ဆို ၁၈ သိန်းဝန်းကျင်လောက်ဆို

ဗီယက်နမ်ကို ၃ ညအိပ် ၃ ရက် ခရီးသွားလို့ရပါပြီနော်

ဒါက 𝐂𝐢𝐭𝐲 𝐬𝐢𝐠𝐡𝐭𝐬𝐞𝐞𝐢𝐧𝐠 လောက်ကိုပဲ အခြေခံပြီး တွက်ထားတာပါ ကိုယ့်သွားမဲ့နေရာ ကိုယ်လုပ်မဲ့ activities ပေါ်မူတည်ပြီးတော့ ပိုကုန်ကျနိုင်ပါတယ်‼️

🛳️ ဥပမာ - Halong Bay ကို သွားလည်မယ် Cruise ပါစီးမယ်ဆို ၂ ယောက် ၂ ညအိပ် ၃ ရက်ကို 180USD လောက်က စပြီး ကိုယ်စီးချင်တဲ့ Cruise ကို ရွေးနိုင်ပါတယ်။ အဲ့တော့ ၂ ယောက်သွားမယ်ဆို တစ်ယောက်ကို မြန်မာငွေ ၅ သိန်းနီးပါးလောက် ထပ်ကုန်မှာပေါ့နော်။ ၁ ညအိပ် ၂ ရက်ဆိုရင်တော့ ဈေးပိုသက်သာပါမယ် 🌊

အကြံပြုချက်
✅ ခရီးစဉ်ကို ၁ လလောက် ကြိုတင်စီစဉ်ပါ – လေယာဉ်လက်မှတ်နှင့် ဟိုတယ်တွေကို လျှော့စျေးနဲ့ရနိုင်ပါတယ်။
✅ Local ဆိုင်တွေ ဈေးတွေကို လည်ပတ်ပါ – စျေးနှုန်းသက်သာစွာ ဝယ်ယူစားနိုင်ပါတယ်။
✅ Grab App ကိုသုံးပါ – လက်တားစီးရင် Scam မိနိုင်ပြီး Communication ခက်လို့ Grab က စျေးသက်သာပြီး စိတ်ချရပါတယ်။

ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ဖို့ ဆုတောင်းပေးပါတယ် ✈️ 🇻🇳

နောက်ရက်ကိုတော့ ဘန်ကောက်ဘတ်ဂျက်ခရီးစဉ်ကုန်ကျစရိတ်လေးကို တင်ပေးသွားပါမယ်နော် 🇹🇭

ခုနောက်ပိုင်း နိုင်ငံတကာခရီးသွားတွေ မျက်စိကျလာတဲ့ Vietnam မှာ သွားလည်သင့်တဲ့ မြို့နဲ့ နေရာတွေ 🇻🇳Vietnam နိုင်ငံဟာ စိတ်ဝင...
21/01/2026

ခုနောက်ပိုင်း နိုင်ငံတကာခရီးသွားတွေ မျက်စိကျလာတဲ့ Vietnam မှာ သွားလည်သင့်တဲ့ မြို့နဲ့ နေရာတွေ 🇻🇳

Vietnam နိုင်ငံဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ မြို့ကြီးတွေ၊ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ လည်ပတ်စရာတွေများတဲ့အထဲကမှ သွားရောက်လည်ပတ်သင့်တဲ့ မြို့နှင့်နေရာတချို့ကို ဖော်ပြပေးလိုက်ပါတယ် ☀️

𝟏. 𝐇𝐚𝐧𝐨𝐢 – ရှေးဟောင်းယဉ်ကျေးမှုထွန်းကားရာမြို့
Hanoi မြို့ဟာ Vietnam ရဲ့မြို့တော်ဖြစ်ပြီး ရှေးဟောင်းလက်ရာတွေ၊ စားသောက်ကောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ Old Quarter ရဲ့ကျဉ်းမြောင်းတဲ့လမ်းလေးတွေကြားက ဈေးတန်းလေးတွေကို လည်း လျှောက်လည်နိုင်ပါတယ်။ Hoan Kiem Lake ကတော့ ညနေခင်းလမ်းလျှောက်ဖို့ အကောင်းဆုံးနေရာပါ။

𝟐. 𝐇𝐚 𝐋𝐨𝐧𝐠 𝐁𝐚𝐲 – ကမ္ဘာ့အံ့ဖွယ်တစ်ခု
UNESCO World Heritage Site ဖြစ်တဲ့ Ha Long Bay ဟာ ကမ္ဘာကျော်ကျောက်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပင်လယ်အော်ကြီးဖြစ်ပါတယ်။ Cruise tour တွေ Join ပြီး ပင်လယ်ကျောက်ဆောင်တွေကြားထဲမှာ ညအိပ်တာမျိုး လုပ်နိုင်သလို၊ Sung Sot Cave လို့ခေါ်တဲ့ လှပတဲ့ဂူကြီးတွေကိုလည်း လှည့်လည် လေ့လာနိုင်ပါတယ်။

𝟑. 𝐒𝐚𝐩𝐚 – တောင်တန်းနှင့် လယ်ကွင်းများ
မြောက်ပိုင်းက Sapa မြို့ဟာ လှပတဲ့ စပါးခင်းတွေနဲ့ ကျော်ကြားပါတယ်။ Trekking လုပ်ပြီး တောင်ပေါ်ကျေးရွာတွေကို လည်ပတ်နိုင်သလို၊ Fansipan Mountain ကိုတက်ပြီး Vietnam ရဲ့အမြင့်ဆုံးအမှတ်ကို ရောက်နိုင်ပါတယ်။

𝟒. 𝐃𝐚 𝐍𝐚𝐧𝐠 – ခေတ်မီမြို့တော်နှင့် ကမ်းခြေများ
Da Nang မြို့ဟာ ခေတ်မီတိုးတက်နေတဲ့ပင်လယ်ကမ်းစပ်ဘေးတစ်လျှောက်က မြို့တစ်ခုဖြစ်ပြီး Ba Na Hills မှာ လှပတဲ့ Golden Bridge ကိုလည်း မြင်တွေ့နိုင်ပါတယ်။ My Khe Beach ကတော့ သန့်ရှင်းလှပတဲ့ ကမ်းခြေဖြစ်ပြီး အနားယူဖို့ အကောင်းဆုံးနေရာပါ။

𝟓. 𝐇𝐨𝐢 𝐀𝐧 – ရှေးဟောင်းမြို့လေးရဲ့ ချစ်စရာဓလေ့
Hoi An Ancient Town ဟာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပါတယ်။ Japanese Covered Bridge နဲ့ Lantern Festival တို့က ဒီမြို့ရဲ့အထင်ကရနေရာတွေပါ။ An Bang Beach မှာလည်း လှပတဲ့ကမ်းခြေကို ခံစားနိုင်ပါတယ်။

𝟔. 𝐇𝐨 𝐂𝐡𝐢 𝐌𝐢𝐧𝐡 𝐂𝐢𝐭𝐲 – စည်ကားတဲ့မြို့တော်
Ho Chi Minh City (Saigon) ဟာ Vietnam ရဲ့စီးပွားရေးမြို့တော်ဖြစ်ပြီး Cu Chi Tunnels နဲ့ War Remnants Museum တို့က သမိုင်းဝင်နေရာတွေပါ။ Ben Thanh Market မှာ အဝတ်အစားနဲ့ အခြား souvenirs တွေဝယ်ယူနိုင်ပါတယ်။

𝟕. 𝐏𝐡𝐮 𝐐𝐮𝐨𝐜 – ကြီးမားတဲ့ကမ်းခြေ
Phu Quoc Island ဟာ ကမ္ဘာကျော် tropical paradise တစ်ခုဖြစ်ပါတယ်။ Sao Beach ရဲ့ဖြူစင်တဲ့သဲသောင်ပြင်နဲ့ Vinpearl Safari တိရစ္ဆာန်ဥယျာဉ်ကို လည်ပတ်နိုင်ပါတယ်။

🇻🇳 ဒါလေးကတော့ သွားရောက်လည်ပတ်ချင်စရာကောင်းတဲ့ ဗီယက်နမ်ရဲ့ နာမည်ကြီးမြို့လေးတွေပါ 🛫

🇲🇲 မြန်မာတွေအများစုကတော့ ဟိုချီမင်းမြို့မှာ နေကြပါတယ်။ နေလို့ကောင်းတဲ့မြို့တွေနဲ့ မြန်မာတွေနေကြတဲ့မြို့တွေကတော့ ဟိုချီမင်း ဟနွိုင်း ဒါနန်းမြို့ပါ ။ ဟနွိုင်း နဲ့ ဒါနန်းမြိုက ဟိုချီမင်းထက် နေစားရိတ် စားစားရိတ် ပိုသက်သာပါတယ်

🍲 Vietnam ကို သွားလည်မယ်ဆိုရင်တော့ ဗီယက်နမ်ရဲ့ နာမည်ကြီး Street food (pho, banh mi)၊ နဲ့ Coffee culture (egg coffee, coconut coffee) တွေကိုလည်း Try ကြည့်ကြဖို့ မမေ့ပါနဲ့နော်

Hochiminh နဲ့ Hanoi ကို လာချင်တဲ့သူတွေအတွက်လည်း လေဆိပ်အကြိုအပို့ Hotel စတဲ့ All in one Package လေးတွေ စီစဉ်ပေးပါတယ် စိတ်ဝင်စားရင် ဆက်သွယ်ပေးပါ။ Quotation လေးပို့ပေးပါမယ် 🙌

𝐖𝐢𝐬𝐡 𝐲𝐨𝐮 𝐚𝐥𝐥 𝐚 𝐡𝐚𝐩𝐩𝐲 𝐭𝐫𝐢𝐩 𝐭𝐨 𝐕𝐢𝐞𝐭𝐧𝐚𝐦! ✈️🌏

ဟနွိုင်းမြို့ (Hanoi) ကို ရောက်ရင် သွားလည်သင့်တဲ့ နေရာများစွာရှိပါတယ်။ ဗီယက်နမ်ရဲ့ သမိုင်းဝင်၊ ယဉ်ကျေးမှုနဲ့ သဘာဝအလှတရား...
19/01/2026

ဟနွိုင်းမြို့ (Hanoi) ကို ရောက်ရင် သွားလည်သင့်တဲ့ နေရာများစွာရှိပါတယ်။ ဗီယက်နမ်ရဲ့ သမိုင်းဝင်၊ ယဉ်ကျေးမှုနဲ့ သဘာဝအလှတရားတွေကို ခံစားနိုင်မယ့် နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ် 🇻🇳

၁။ ဟိုချီမင်းရဲ့ အလောင်းတော်ပြတိုက် (Ho Chi Minh Mausoleum)
𖠁 ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် ဟိုချီမင်း ရဲ့ အလောင်းကို ဌာပနာထားတဲ့နေရာဖြစ်ပြီး နိုင်ငံ့သမိုင်းကို လေ့လာဖို့ အကောင်းဆုံးနေရာတစ်ခုပါ။
𖠁 အနီးမှာပဲ ဟိုချီမင်းနေအိမ် (Ho Chi Minh’s Stilt House) နဲ့ ဟိုချီမင်းပြတိုက် တို့ကိုလည်း လည်ပတ်နိုင်ပါတယ်။

၂။ Hoan Kiem Lake
𖠁 ဟနွိုင်းမြို့လယ်ခေါင်မှာရှိတဲ့ ရေကန်လှလှပပ တစ်ခုဖြစ်ပြီး မနက်စောစော ဒါမှမဟုတ် ညနေခင်းတွေမှာ လမ်းလျှောက်ရင်း ဒေသခံတွေရဲ့ နေထိုင်မှုပုံစံကို ကြည့်ရှုနိုင်ပါတယ်။
𖠁 ကန်အလယ်က Ngoc Son Temple ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

၃။ Hanoi Old Quarter
𖠁 ၃၆ လမ်း လို့လည်းလူသိများတဲ့ ဒီနေရာမှာ လမ်းတစ်ခုချင်းစီမှာ အထည်အလိပ်၊ လက်မှုပစ္စည်း၊ အစားအသောက်စတဲ့ လုပ်ငန်းတွေ ရှိပါတယ်။
𖠁 ညနေပိုင်းမှာ Bia Hoi လို့ခေါ်တဲ့ ဒေသခံဘီယာတွေသောက်ပြီး လူမှုရေးလုပ်တဲ့နေရာအဖြစ် လူကြိုက်များပါတယ်။

၄။ Vietnam National Museum of History
𖠁 ဗီယက်နမ်ရဲ့ ရှေးဟောင်းယဉ်ကျေးမှု၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးတိုက်ပွဲတွေအကြောင်း ပြသထားတဲ့ ပြတိုက်ကြီးဖြစ်ပါတယ်။

၅။ ဟနွိုင်းကက်သလစ်ဘုရားကျောင်း (St. Joseph’s Cathedral)
𖠁 ပြင်သစ်ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ ဂိုဏ်းချုပ်ဘုရားကျောင်းဖြစ်ပြီး ဥရောပတိုက်က ဗိသုကာလက်ရာကို ခံစားနိုင်မယ့်နေရာပါ။

၆။ Train Street
𖠁 ရထားလမ်းဘေးက အိမ်ငယ်လေးတွေကြားမှာ ရထားဖြတ်သန်းသွားတဲ့ ထူးခြားတဲ့နေရာဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့ ကောင်းပါတယ်။

၇။ Temple of Literature – (Van Mieu Quoc Tu Giam)
𖠁 ၁၁ ရာစုက တည်ဆောက်ခဲ့တဲ့ ဗီယက်နမ်ရဲ့ ပထမဆုံးတက္ကသိုလ်ဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒနဲ့ ပညာရေးသမိုင်းကို လေ့လာနိုင်ပါတယ်။

၈။ ဟနွိုင်းရဲ့ ဒေသအစားအစာများ
𖠁 Pho (ဖာ်) – ဗီယက်နမ်ရိုးရာဟင်းလျာ
𖠁 Bun Cha (ဘန်ချာ) – ဝက်သားကင်နဲ့ ဆနွင်းမှုန့်ခတ်ထားတဲ့ ခေါက်ဆွဲ
𖠁 Banh Mi (ဘန်းမီ) – အသီးအရွက် ဝက်ခေါက်တွေကို အသားအနှစ်သုတ်ထားတဲ့ ပြင်သစ်ပေါင်မုန့်ကြမ်းကို နှစ်ခုကြားညှပ်ပြီးစားလေ့ရှိတဲ့ ဗီယက်နမ်အစားအစာ
𖠁 Egg Coffee (Ca Phe Trung) – ကြက်ဥအနှစ်နဲ့ လုပ်ထားတဲ့ ဟနွိုင်းရဲ့ထူးခြားတဲ့ကော်ဖီ

၉။ သွားရောက်လည်ပတ်နိုင်တဲ့ အနီးအနား ခရီးစဉ်များ
🌊 ဟားလောင်းပင်လယ်အော် (Halong Bay) – ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကျောက်ဆောင်တွေနဲ့ လှပတဲ့ ပင်လယ်အော် (ဟနွိုင်းကနေ ၃-၄ နာရီကြာ)
🛶 နင်ဘင်ကျေးရွာ (Ninh Binh) – "ခြောက်သွေ့တဲ့ ဟားလောင်းပင်လယ်အော်" လို့တင်စားခေါ်ဝေါ်တဲ့ သဘာဝအလှတရားများ

🛵 ဟနွိုင်းမှာ ဆိုင်ကယ်ငှားပြီး လည်ပတ်တာ ဒါမှမဟုတ် ခြေကျင်လျှောက်ပြီး လည်ပတ်တာက အကောင်းဆုံးဖြစ်ပါတယ်။

ဗီယက်နမ်ခရီးစဉ်အတွက် ပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေနဲ့ အဆင်ပြေကြပါစေ! ✈️🇻🇳

🌍 နိုင်ငံခြားခရီးစဉ် အတွေ့အကြုံမရှိသေးတဲ့သူတွေအတွက် လေယာဉ်စီးတဲ့ခါ တွေ့ကြုံရမှာလေးတွေနဲ့ လေယာဉ်လတ်မှတ်မှာ လေယာဉ်နံပါတ် က...
17/01/2026

🌍 နိုင်ငံခြားခရီးစဉ် အတွေ့အကြုံမရှိသေးတဲ့သူတွေအတွက် လေယာဉ်စီးတဲ့ခါ တွေ့ကြုံရမှာလေးတွေနဲ့ လေယာဉ်လတ်မှတ်မှာ လေယာဉ်နံပါတ် ကိုယ့်ရဲ့ထိုင်ခုံနံပါတ် သွားစောင့်ရမဲ့ဂိတ်နဲ့ လေယာဉ်ပေါ်တက်ရမဲ့အချိန်ကို ဘယ်လိုကြည့်ရမလဲဆိုတာလေးရယ်

🛫 ရန်ကုန် Immigration မှာ ဖောင်ဖြည့်ပြီးပေးခဲ့ရမဲ့ Departure Card နဲ့ ပြန်အဝင်လေယာဉ်ပေါ်မှာ ဖြည့်ရမဲ့ Arrival Card တွေမှာ ဘာတွေ ဖြည့်ပေးရမလဲဆိုတာ မသိသေးတဲ့သူတွေ အတွက် Share ပေးလိုက်ပါတယ်နော်

‼️ ဘော့ပင်တစ်ချောင်းကို လွယ်လွယ်ကူကူထုတ်လို့ရမဲ့နေရာမှာ ကြိုဆောင်သွားပါ ‼️

✅ Check-in ဝင်ရန် အတွက်
လေဆိပ်ဝင်တာနဲ့ ခုလို ပြထားတဲ့ Departure board မှာ ကိုယ့်ရဲ့လေကြောင်းလိုင်းနဲ့ သွားမဲ့နိုင်ငံရဲ့မြို့နာမည် ပြထားတာကိုရှာပါ ဘေးက Check-in ရဲ့အောက်မှာ ကိုယ် Check-in ဝင်ရမဲ့ နံပါတ်ကိုပြထားပါတယ် Check-in ဝင်လို့ရပြီဆိုရင် Check-in ဆိုတာမျိုးလေး ပေါ်နေပါလိမ့်မယ်

ဥပမာ - Check-in မှာ D 07-09 ပြထားတယ်ဆို
✈︎ A to F ရေးထားတဲ့ တိုင်တွေ တွေ့ရပါလိမ့်မယ်
✈︎ အဲ့မှာ D ကိုရှာပြီး D လိုင်းထဲသွားပါ
✈︎ အဲ့က Display Screen တွေမှာ ကိုယ့်လေယာဉ်နဲ့ သွားမဲ့နိုင်ငံရေး ထားတာတွေရင် ဝင်တန်းဆီပါ
✈︎ Check-in counter မှာ ကိုယ့်ရဲ့ Passport နဲ့ လေယာဉ်လတ်မှတ်ကိုပြပါ Languages တွေအပ်ပါ Hand-carry အိတ်ကိုတော့ ကိုယ်နဲ့ ပြန်ယူလာရပါမယ်
✈︎ လေယာဉ်ပြတင်းပေါက်ဘေးထိုင်ချင်ရင် Window seat ပေးပါလို့ပြောတောင်းပါ မဟုတ်ရင် ကျတဲ့ခုံထိုင်ရပါတယ်
✈︎ Check-in counter က ကိုယ့်ကို အောက်ပါ လေယာဉ်လတ်မှတ်ဖြတ်ပိုင်းလေးပေးပါလိမ့်မယ် ပျောက်လို့မရပါဘူးနော်
✈︎ MAI check-in counter မှာဆိုရင်တော့ Departure card ကို သူတို့ ဘောင်ပေါ်လေးမှာတင်ထားလေ့ရှိပါတယ် သူတို့က တစ်ခါတစ်လေမပေးတတ်လို့ ကိုယ့်ပါကိုယ် အဲ့ကနေ တစ်ရွက်ယူလာရပါမယ်
✈︎ ယူဖို့မေ့လာရင်လည်း အပေါ်က Immigration အဝင်မှာ ဖြည့်လို့ရတဲ့နေရာလေးရှိတယ် အဲ့ပေါ်မှာ စာရွက်လေးတွေ တင်ထားတတ်ပါတယ် အဲ့ကနေ ယူဖြည့်လို့လည်းရပါတယ်

✅ လေယာဉ်လတ်မှတ်မှာ လိုအပ်တဲ့ Info ကြည့်ရန်
✈︎ Departure card ကို ဖြည့်ဖို့အတွက် ကိုယ်ရဲ့ လေယာဉ်နံပါတ်ကို ကြည့်ပါ
✈︎ လေယာဉ်ပေါ်တက်ရမဲ့အချိန် Boarding time ကို ကြည့်ပါ အဲ့အချိန်အမှီ Immigration ဖြတ်ပြီး ဂိတ်မှာ စောင့်နေရပါမယ်
✈︎ ကိုယ်စောင့်ရမဲ့ ဂိတ်ကိုတော့ Boarding time ဘေးက Gate အောက်က နံပါတ်လေးကို ကြည့်ပြီး ရှာနိုင်ပါတယ်
✈︎ လေယာဉ်ခုံနံပါတ်လေးကို ကြည့်ပြီး မှတ်ထားပါ

✅ Departure Card ဖြည့်ရန်
✈︎ ပြီးရင်တော့ Departure Card လေးကို အထက်ပါအတိုင်းဖြည့်ပေးပါ
✈︎ Family Name, First Name, Middle Name မှာ အဆင်ပြေသလို ကိုယ့်နာမည်ထည့်ပါ Admin ဆို နာမည် ၃ လုံးကို တစ်ကွက်စီမှာ ဖြည့်ပေးလိုက်တယ်
✈︎ Passport အတွက် လိုအပ်တဲ့အချက်အလက်တွေကို Passport မှာကြည့်ပြီး ဖြည့်ပါ

✅ Immigration ဖြတ်ပြီး လေယာဉ်ထွက်မဲ့ဂိတ်ရှာရန်
✈︎ Immigration ဖြတ်ဖို့တွက် စက်လှေကားကနေ တက်သွားရင် အရင်ဆုံး ဝင်ပေါက်မှာ အလည်အပတ်ဆို အသွားအပြန် လေယာဉ်လတ်မှတ်, Hotel booking, Show money စစ်ပါလိမ့်မယ် အလုပ် ကျောင်းနဲ့ဆို လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြရပါမယ်
✈︎ ပြီးရင်တော့ Immigration မှာ ကိုယ့်ရဲ့ Passport ကြားထဲ လေယာဉ်လတ်မှတ်နဲ့ Departure Card လေးညှပ်ပြီး ပေးလိုက်ပါ
✈︎ Immigration Officer ဆီက Passport ပြန်ရတာနဲ့ ရှေ့ကိုဆက်လျှောက်ဝင်သွားရင် Custom ဂိတ်တစ်ခုကို ဖြတ်ရပါမယ်
✈︎ အဲ့မှာ တစ်ခါကိုယ့်ရဲ့ အိတ်တွေ ဖုန်းတွေအကုန် စက်ထဲဖြတ်စစ်ရပါမယ် အနွေးထည် Shoe ဖိနပ်ဝတ်ထားရင် အကုန်ချွတ်ပြီး စက်ထဲဖြတ်ဖို့ထည့်ပေးရပါမယ် Hand-carry ထဲမှာ စည်သွပ်ဘူးနဲ့ 100ml ထက်ကျော်တဲ့ အရည်ပါတာတွေဆို ထားခဲ့ရပါတယ်
✈︎ အဲ့ဒါပြီးရင် စက်လှေကားနဲ့ အပေါ်တက်သွားပါ အပေါ်ရောက်ရင် ညာဘက်ကွေ့ပြီး တည့်တည့်ဆက်သွားရင် စက်လှေကားနောက်တစ်ခုတွေ့ပါလိမ့်မယ် အဲ့ဒါနဲ့အောက်ကို ဆင်းပါ
✈︎ အောက်မှာ ကိုယ့်ရဲ့လေယာဉ်နံပါတ် နဲ့ လေယာဉ်စိုက်မဲ့နိုင်ငံရဲ့ မြို့ကိုပြထားတဲ့ Display မှာ ဂိတ်နံပါတ်ကြည့်လို့လည်းရပါတယ်
✈︎ ပြီးရင် အပေါ်မှာ ဂိတ်နံပါတ်တွေနဲ့ ညွှန်ပြထားပါတယ် အဲ့အတိုင်းလိုက်ရှာပြီး သွားပါ Gate 8,9 က ပျောက်နေတတ်ပါတယ် Gate 7 ထဲဝင်ပြီး မှန်ကာထားတဲ့ဘေးလမ်းထဲဝင်သွားလိုက်ပါ တွေ့ရပါလိမ့်မယ်

✅ လေယာဉ်ပေါ်တက်ရန်
✈︎ လေယာဉ်ပေါ်တက်ရတော့မယ်ဆို အရင်ဆုံး Business Class ကို စခေါ်ပါတယ် ပြီးရင် Economy ပါ ကိုယ်က Business Class ဝယ်ထားတာမဟုတ်ရင် ပြီးတာနဲ့ ကိုယ်ဝင်ရမဲ့ အလှည့်ပါ
✈︎ လေယာဉ်ပေါ်ရောက်ရင် ကိုယ့်ရဲ့ခုံနံပါတ်ကို လေယာဉ်မယ်တွေကို ပြပြီး လိုက်ပို့ခိုင်းလို့ရသလို လေယာဉ်ခုံတွေရဲ့ အပေါ် ပစ္စည်းတင်ရမဲ့ နေရာအောက်နားလေးမှာ လေယာဉ်နံပါတ်လေးတွေရေးပေးထားပါတယ် အဲ့မှာကြည့်ပြီး ဝင်ထိုင်ပါ
✈︎ ပြီးရင်တော့ ကိုယ့်ရဲ့တကိုယ်ရည်စာအိတ်တွေကို ကိုယ့်ခြေထောက်ရှေ့က ခုံအောက်ကို ထည့်ပါ
✈︎ ထိုင်ခုံခါးပတ် ပတ်ပါ ဖုန်းကို Airplane mode ပြောင်းပါ စက်ပိတ်ရန်မလိုပါ

✅ Arrival Card ဖြည့်ရန်
ဒါလေးကတော့ ကိုယ့်နိုင်ငံကို ပြန်လာတဲ့အခါ လေယာဉ်ပေါ်မှာ ဖြည့်ရတဲ့ Card လေးပါ ဘောပင်တစ်ချောင်း ဆောင်ထားပါ
✈︎ ပုံပါအတိုင်းဖြည့်ပါ Visa Number နဲ့ Cross (X) ပြထားတာတွေ ဖြည့်စရာမလိုပါ လေယာဉ်ပေါ်မှာတည်းက ကြိုဖြည့်ထားပါ
✈︎ Immigration ဖြတ်တဲ့အခါ အဲ့စာရွက်လေးညှပ်ပေးလိုက်ပါ
✈︎ ပြီးရင် ကိုယ့်ရဲ့အိတ်တွေရွေးဖို့အတွက် ကိုယ့်လေယာဉ်နံပါတ်နဲ့ Display ပြထားတာကို လိုက်ရှာပါ
✈︎ Luggage ကို စောင့်ရွေးပြီး Custom ဖြတ်ပါ
✈︎ Custom ဖြတ်တဲ့အခါ Hand-carry ကိုပဲ စက်ထဲထည့်ဖြတ်ပါတယ် ကျန်တာကမလိုပါ

ဒီလောက်ဆို ပထမဆုံး နိုင်ငံခြား ခရီးစဉ်မှာ အခက်အခဲမရှိပဲ သွားနိုင်လောက်ပြီလို့ ထင်ပါတယ်နော်

သက်ဆိုင်ရာပုံလေးတွေ တစ်ခုချင်းစီအောက်မှာလည်း ရေးပေးထားပါတယ် ပုံနဲ့ စာတွဲကြည့်နိုင်ပါတယ်နော်

သိချင်တာ မေးချင်တာလေးတွေ ရှိရင်လည်း အောက်က Comment မှာ ရေးသွားပေးနော် ပြန်ဖြေပေးပါမယ်

အားလုံးပဲ ပျော်ရွှင်ရတဲ့ ခရီးစဉ်လေးတွေ ဖြစ်ပါစေ

Bon voyage!! ✈️

⚠️ ပြန်လည်ကူးယူ ဖော်ပြခြင်းခွင့်မပြုပါ Post ကို Share နိုင်ပါတယ် ‼️‼️

𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 ကိုယ်တိုင် ဘယ်လိုလျှောက်ကြမလဲ?🇻🇳 𝐕𝐢𝐞𝐭𝐧𝐚𝐦 နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် ရက် ၃၀ 𝐕𝐢𝐬𝐚 ကင်းလွှတ်ခွင့်ပေးပ...
15/01/2026

𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 ကိုယ်တိုင် ဘယ်လိုလျှောက်ကြမလဲ?

🇻🇳 𝐕𝐢𝐞𝐭𝐧𝐚𝐦 နိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် ရက် ၃၀ 𝐕𝐢𝐬𝐚 ကင်းလွှတ်ခွင့်ပေးပါတယ်။ ရက် ၃၀ နဲ့အထက် ခရီးသွားဖို့ လိုလာပြီဆိုရင်တော့ 𝐄-𝐕𝐢𝐬𝐚 (𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 𝐕𝐢𝐬𝐚) ကို တရားဝင် 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 𝐖𝐞𝐛𝐬𝐢𝐭𝐞 ကနေ အလွယ်တကူလျှောက်ထားနိုင်ပါတယ်။

🛂 𝐄-𝐕𝐢𝐬𝐚 က ရက် 90 (၃ လ) အထိ နေထိုင်ခွင့်ပေးပြီး 𝐒𝐢𝐧𝐠𝐥𝐞 𝐄𝐧𝐭𝐫𝐲 (တစ်ကြိမ်သာ ဝင်ခွင့်) သို့မဟုတ် 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐄𝐧𝐭𝐫𝐲 (အကြိမ်ကြိမ်ဝင်ခွင့်) ကို ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။

Vietnam E-Visa ကို ကိုယ်တိုင်လျှောက်ထားချင်တဲ့သူတွေအတွက် Step-by-Step လျှောက်ထားနည်းနဲ့ အရေးကြီးသောအချက်များကို ရှင်းပြပေးမှာဖြစ်ပါတယ်။

စာအရှည်ကြီး ဖတ်ရမှာပျင်းရင် အောက်က ပုံနဲ့ စာတွဲထားတာလေးကို ကြည့်နိုင်ပါတယ်✌️

☑️ 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬
𝟏. 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 – သက်တမ်း ၆ လ ကျန်ရှိသော passport
𝟐. 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭-𝐒𝐢𝐳𝐞 𝐏𝐡𝐨𝐭𝐨 – နောက်ခံအဖြူ၊ မျက်နှာအပြည့်ပါသော Passport ပုံ (4x6 cm, JPEG/PNG)
𝟑. 𝐂𝐫𝐞𝐝𝐢𝐭/𝐕𝐢𝐬𝐚 𝐂𝐚𝐫𝐝 – E-Visa Fee ပေးချေရန် (Visa, Mastercard, JCB)
𝟒. 𝐄𝐧𝐭𝐫𝐲 & 𝐄𝐱𝐢𝐭 𝐃𝐚𝐭𝐞𝐬 – Vietnam ဝင်မည့်ရက်နှင့် ထွက်မည့်ရက်

☑️ 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐄-𝐕𝐢𝐬𝐚 လျှောက်နည်း (𝐒𝐭𝐞𝐩-𝐛𝐲-𝐒𝐭𝐞𝐩 𝐆𝐮𝐢𝐝𝐞)
1️⃣ Vietnam E-Visa Website ကိုဝင်ပါ (Check the link in Comment section)
2️⃣ "Apply Now" ကိုနှိပ်ပါ
➜ Nationality (နိုင်ငံသား) → Myanmar ရွေးပါ
➜ Entry Purpose (ခရီးသွားရခြင်းရည်ရွယ်ချက်) → Tourism/Business
3️⃣ Passport နှင့် ဓာတ်ပုံ Upload လုပ်ပါ
➤ Passport Bio Page (Scan/ဓာတ်ပုံရိုက်)
➤ Passport Photo (4x6 cm, နောက်ခံအဖြူ)
4️⃣ Personal Information မှာ ကိုယ်ရေးအချက်အလက်ဖြည့်ပါ
5️⃣ Requested Information မှာ Single-entry or Multiple-entry နဲ့ ကိုယ်ရဲ့ Arrival & Departure Dates (Vietnam ဝင်မဲ့ ထွက်မဲ့ရက်)ကို ရက် ၉၀ တွက်ပြီး ထည့်ပါ
6️⃣ Passport Information မှာ Passport number, Place/Date of issue, Ordinary Passport, Expiry Date ဖြည့်ပါ
7️⃣ Contact Information မှာ ကိုယ်အမြဲနေတဲ့လိပ်စာ၊ ဆက်သွယ်ရမဲ့လိပ်စာ နဲ့ ဖုန်းနံပါတ်အပြင် Emergency contact person တစ်ယောက်ရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဘယ်လိုတော်စပ်လဲဆိုတာကို ဖြည့်ပေးရပါမယ်
8️⃣ Occupation က ဖြည့်စရာမလိုပါ
9️⃣ Information About the Trip မှာ Purpose of entry ကို Tourist/Businessman ရွေးပေးပြီး ဘယ်လောက်ကြာ်ကြာနေမယ်ဆိုတာရယ် ဗီယက်နမ်ဝင်မဲ့ရက်ရယ် ဗီယက်နမ်ဖုန်းနံပါတ်၊ ဗီယက်နမ်လိပ်စာ အတိအကျနဲ့ ဘယ်လမ်းကြောင်းကဝင်မလဲဆိုတာ Entry Port မှာ
✈︎ Airport (e.g., Hanoi, Ho Chi Minh, Da Nang)
✈︎ Land Border (e.g., Lao Bao, Moc Bai)
✈︎ Seaport (သင်္ဘောဆိပ်ကမ်း) ရွေးပေးရပါမယ်
🔟 ရှေ့မှာ ဗီယက်နမ်ကို တစ်နှစ်အတွင်း အဝင်အထွက်လုပ်ထားတာရှိရင် ဝင်ခဲ့တဲ့ရက်စွဲနဲ့ ဘာအတွက်လဲဆိုတာ ထည့်ပေးရပါမယ်။ မရှိရင် ထည့်စရာမလိုပါ။

✅ Next ကိုနှိပ်၍ Application ကိုစစ်ဆေးပြီး Submit လုပ်ပါ
✅ ဖောင်အားလုံးဖြည့်ပြီးရင် Submit နှိပ်ပါ
✅ ပေါ်လာတဲ့ Application Code ကို သိမ်းထားပြီး Confirm နှိပ်ပါ (Status စစ်ရန်လိုအပ်မည်)

✅ ငွေပေးချေပါ
Credit/Debit Card (Visa, Mastercard, Amex, JCB) ဖြင့်ပေးချေပါ
➤ Single Entry - 25 USD
➤ Multiple Entry - 50 USD

✅ ပြီးရင်တော့ E-Visa Approval ကို စောင့်ရုံပါ (3-5 Working Days)

ကြာချိန်က ၃ ရက်ကနေ ၅ ရက်ပါ ကိုယ့်ရဲ့ Info မှားတာ ပုံက ဝါးတာ နဲ့ ရုပ်မတူနေတာမျိုးဆို အချိန်က ၅ ရက်ထက်လည်း ပိုကြာကောင်း ကြာနိုင်ပါတယ်။ ဖြစ်ခဲပါတယ်။ ပုံမှန်တော့ ၃ ရက် ၄ ရက်နဲ့ ရတတ်ပါတယ်။

✅ Approved ဖြစ်ရင် PDF E-Visa ကို Email ပို့ပေးပါတယ်
✅ Print ထုတ်ယူပြီး Vietnam ရောက်ရင် Immigration ကိုပြရပါမယ်
❎ ရန်ကုန်ဘက်မှာ လုံးဝထုတ်ပြစရာမလိုပါ

☑️ 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐍𝐨𝐭𝐞𝐬
➤ E-Visa သက်တမ်း ➜ 90 Days (3လ)
➤ Entry Type ➜ Single/Multiple Entry (ရွေးချယ်နိုင်)
➤ Processing Time ➜ 3-5 Working Days (အမြန်ဆုံး 24-48 နာရီ)
➤ E-Visa Fee ➜ USD 25, USD 50 (Non-refundable)
➤ Validity ➜ သတ်မှတ်ထားသော Entry Date မှစ၍ ဗီယက်နမ်ကို ဝင်နိုင်ပါတယ်

☑️ 𝐂𝐡𝐞𝐜𝐤 𝐄-𝐕𝐢𝐬𝐚 𝐒𝐭𝐚𝐭𝐮𝐬 (Vietnam E-Visa စစ်ဆေးနည်း)
1. Comment မှာ ကြည့်ရမဲ့ Link ပေးထားပါတယ်
2. Application Code, Email, Birthday ဖြည့်ပါ
3. Search နှိပ်ပြီး Status ကိုကြည့်ပါ

⚠️ ကိုယ်က Visa သက်တမ်းတိုးနေချင်တယ်ဆိုရင်တော့ ကိုယ်နေတဲ့မြို့နဲ့ နီးမဲ့ Border ကနေ Lao, Cambodia ကို အဝင် အထွက်လုပ်ပြီး E-visa ထက်လျှောက်လို့ရပါတယ်

ဒီမှာတော့ နေ့ချင်းရမဲ့ E-Visa ကို လျှောက်ရမှာဖြစ်လို့ ကိုယ်တိုင်လျှောက်လို့မရပါဘူး‼️

ဒီလောက်ဆို Vietnam E-Visa ကို ကိုယ်တိုင် လျှောက်ထားဖို့ အဆင်ပြေပြီထင်ပါတယ်။ တခြားမေးချင်တာလေးတွေရှိရင်လည်း Comment မှာမေးနိုင်ပါတယ် 💕

𝐖𝐢𝐬𝐡 𝐲𝐨𝐮 𝐚𝐥𝐥 𝐚 𝐡𝐚𝐩𝐩𝐲 𝐭𝐫𝐢𝐩 𝐭𝐨 𝐯𝐢𝐞𝐭𝐧𝐚𝐦! ✈️

15/01/2026

Mì Xá Xíu Noodle 🍲

One of my favorite dishes in Vietnam 🇻🇳

ဗီယက်နမ်မှာက ထမင်းထက် ခေါက်ဆွဲကို အရည်နဲ့ စားတာမျိုးကို ပိုစားကြတယ်

ဗီယက်နမ်ရဲ့ ရိုးရာအစားစာဖြစ်တဲ့ နာမည်ကြီး Phở ကတော့ မြန်မာပါးစပ်နဲ့ အရမ်းကြီး အဆင်မပြေလှဘူး သူရဲ့ ခေါက်ဆွဲက ကွေ့တီယိုခေါက်ဆွဲလို့ ဖြစ်နေတော့ စားရတာ အရည်နဲ့ အဖက်သက်သက်လို ခံစားရတယ် အရသာကလည်း ပေါ့တယ် Admin ကိုယ်တိုင်က အငံ အစပ်ကြိုက်ပြီး အသီးအရွက်မစားတာလည်း ပါတော့ ပိုဆိုးတယ် ဗီယက်နမ်မှာက ဘာစားစားအရွက်က ပါကို ပါတာ

Mì Xá Xíu ကတော့ မြန်မာပါးစပ်နဲ့ အကိုက်ဆုံးလို့ပြောရမဲ့ ဗီယက်နမ်-တရုတ်ရိုးရာခေါက်ဆွဲလေးပါ။ ကင်ထားတဲ့ ဝက်သားပြားလေးတွေရယ် မုန့်ညင်းရွက်လေးတွေရယ် ဝက်ခေါက်ကြော်လေးရယ်နဲ့ ခေါက်ဆွဲသားက ကြက်ဥခေါက်ဆွဲသားသုံးတာဖြစ်လို့ အရမ်းနူးညံ့ပြီး အကုန် အစပ်အဟပ်တည့်နေရော 🇻🇳

ဝက်သာပြားကင်ပါတဲ့အတွက် Mì Xá Xíu လို့ခေါ်တာပါ အဲ့လို Mì Xá Xíu ရတဲ့ဆိုင်တွေမှာက ဝက်သားကင်နဲ့မဟုတ်ပဲ တခြား ဖက်ထုတ်၊ ဝက်အူစုံသဲစုံ၊ ဘဲပေါင်၊ ပင်လယ်စာအကုန်ရပေမဲ့ ဝက်သားပြားကင်နဲ့ ကအလိုက်ဆုံးပါ ကျန်တာတွေက နည်းနည်းအီတယ် 🥓

အရသာကတော့ အကုန်အတူတူပဲ အရမ်းလည်း မပေါ့ အရမ်းလည်း မချိုပဲ အနေတော်လေးကို ငရုတ်သီးအနှစ်လေးပါ တချို့ဆိုင်တွေက ချပေးတတ်တော့ အဲ့အနှစ်ရယ် ပဲငံပြာရည်လေးရယ် ထည့်စားလိုက်ရင် အရမ်းကောင်း တစ်ခါတစ်လေ ထမင်းချက်ရမှာ ပျင်းတဲ့နေ့တွေဆို မနက်စာရော နေ့လည်စားရော Mì Xá Xíu နဲ့ ပြီးသွားရော 🍜

တစ်ခါတစ်လေတော့ ဖက်ထုတ်တစ်ဝက် ဝက်သာပြာကင်တစ်ဝက်နဲ့ စားလေ့ရှိတယ်။ သူ့နာမည်အခေါ်လေးတော့ မေ့နေတယ်။ အဲ့လိုစားတာလည်း ကောင်းတယ် 🥟

ကဲ ဗီယက်နမ်ရောက်လို့ ဘာစားရမှန်းမသိရင် Mì Xá Xíu လေးလည်း စားကြည့်ကြနော် Video ထဲက Admin Mì Xá Xíu စားနေကြ ဆိုင်လေးပါ 💕

15/01/2026

🇻🇳 Vietnamese Dish: Bánh Xèo Đặc Biệt (Special Vietnamese Pancake)

🌮 ဗီယက်နမ် ရေမုန့် / လမ်းသူရဲမုန့်

မြန်မာ အခေါ်တော့ ရေမုန့် လမ်းသူရဲမုန့်လို့ခေါ်ကြတာ မြန်မာမှာတော့ သိတဲ့အတိုင်း ပဲ ကြက်ဥလောက်နဲ့ ပဲ အငန်စားကြတာ 😁

ဒီမှာက ပင်လယ်စာနဲ့ကို ဗီယက်နမ်ငွေ 16,000 VND မြန်မာငွေနဲ့တွက်ရင် ၂၀၀၀ ဝန်းကျင်ကို ပုဇွန် ကင်းမွန် အသားကျိတ်ထားတာရယ် ပဲပင်ပေါက်အရွက်လေးတွေနဲ့ သူတို့ကတော့ အပေါ့စားတာ အရသာ အဲ့လောက်မရှိပေမဲ့ အချဉ်ရည်နဲ့ ငပိရည် ချပေးတယ် ဆန်ပြားနဲ့ အရွက်တွေ ချပေးတယ် ဆန်ပြားထဲ ထည့်လိပ်ပြီး အချည်ရည် ငပိရည်နဲ့ တို့စားရတာ

သူတို့ ငပိက ပုဇွန်ငပိဆိုပေမဲ့ အနံ့အရမ်းပြင်းလို့ ငပိကြိုက်လှပါရဲ့ဆိုတဲ့ Admin တောင် အနံ့မခံနိုင်ဘူး 🥹 ငါးငပိအနံ့နဲ့ တူတယ်

Admin တို့ကတော့ ပါဆယ်ထုတ်သွားပြီး အိမ်မှာ အရသာမှုန့်ထည့် ငရုတ်ကောင်းမှုန့်ဖြူးပြီး မြန်မာမှု့ပြုစားလိုက်တာ ပင်လယ်စာလေးနဲ့ဆိုတော့ အရမ်းစားကောင်း 🤭

ပုံလေးတွေ Comment မှာ တင်ပေးထားတယ် 💕

🇪🇺 Europe မှာ ​ကျောင်းတက်ချင်တဲ့သူ​တွေအတွက် EU က​ပေးတဲ့ 𝐄𝐫𝐚𝐬𝐦𝐮𝐬 𝐌𝐮𝐧𝐝𝐮𝐬 𝐉𝐨𝐢𝐧𝐭 𝐌𝐚𝐬𝐭𝐞𝐫𝐬 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အကြောင်း ဝေမျှပေးချင်ပါ...
10/11/2024

🇪🇺 Europe မှာ ​ကျောင်းတက်ချင်တဲ့သူ​တွေအတွက် EU က​ပေးတဲ့ 𝐄𝐫𝐚𝐬𝐦𝐮𝐬 𝐌𝐮𝐧𝐝𝐮𝐬 𝐉𝐨𝐢𝐧𝐭 𝐌𝐚𝐬𝐭𝐞𝐫𝐬 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 အကြောင်း ဝေမျှပေးချင်ပါတယ်
🎓 ဒီ ပညာသင်ဆုကို ဥရောပမှာ ပညာသင်ကြားချင်တဲ့ ကမ္ဘာအရပ်ရပ်က ကျောင်းသား၊ကျောင်းသူတွေ လျှောက်ထားလို့ရပြီး အတော်ဆုံး ကျောင်းသား၊ကျောင်းသူတွေကို နှစ်စဥ်နှစ်တိုင်း ပညာတော်သင်ကြေးစရိတ်ငြိမ်း အပြည့်အဝအကုန် ချီးမြှင့် ပေးတယ်။
🏆 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐊𝐞𝐲 𝐈𝐧𝐟𝐨
Host Countries: 𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧 𝐔𝐧𝐢𝐨𝐧 𝐂𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬
Host Universities: 𝐕𝐚𝐫𝐢𝐨𝐮𝐬 𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐢𝐞𝐬 𝐚𝐧𝐝 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐢𝐨𝐧𝐬
Degrees Offered: 𝐌𝐚𝐬𝐭𝐞𝐫’𝐬 𝐃𝐞𝐠𝐫𝐞𝐞𝐬
𝐅𝐢𝐞𝐥𝐝𝐬 𝐨𝐟 𝐒𝐭𝐮𝐝𝐲: ⁉️
➤ Various fields including Science, Engineering, Social Sciences, and Humanities
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬: ⁉️
➤ Bachelor’s degree or equivalent from a recognized institution
𝐄𝐥𝐢𝐠𝐢𝐛𝐥𝐞 𝐂𝐫𝐢𝐭𝐞𝐫𝐢𝐚: ⁉️
➤ Open to students from around the world
➤ Academic excellence and language proficiency
𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬: ⁉️
➤ Completed application form
➤ Proof of academic qualifications
➤ Statement of purpose
➤ Letters of recommendation
➤ Proof of English proficiency (if applicable)
➤ CV/Resume
𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐁𝐞𝐧𝐞𝐟𝐢𝐭𝐬: ⁉️
➤ Tuition fees waiver
➤ Living expenses stipend
➤ Travel costs
➤ Insurance coverage
𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞𝐬:
➤ Varies by specific program; generally between 𝐎𝐜𝐭𝐨𝐛𝐞𝐫 and 𝐉𝐚𝐧𝐮𝐚𝐫𝐲 for the following academic year
ပုံမှန် အောက်တိုဘာလလောက်မှာ Application စခေါ်တတ်လေ့ရှိတာကြောင့် ပြင်ဆင်ထားတော့နော်
အသေးစိတ်ကို အောက်က official website link မှာ ဝင်ရောက်ကြည့်လို့ရပါတယ်
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐖𝐞𝐛𝐬𝐢𝐭𝐞: [Erasmus Mundus Joint Masters Scholarships](https://erasmus-plus.ec.europa.eu/.../erasmus-mundus...)
May all of you succeed in achieving your study dreams in your dream country with scholarships!
𝐁𝐞𝐬𝐭 𝐨𝐟 𝐥𝐮𝐜𝐤 𝐨𝐧 𝐲𝐨𝐮𝐫 𝐚𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐣𝐨𝐮𝐫𝐧𝐞𝐲! 🌟

Address

Yangon

Telephone

+959400741626

Website

Alerts

Be the first to know and let us send you an email when My Backpack Diaries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Backpack Diaries:

Share