Hnin Yu Jasmine Legal Services

Hnin Yu Jasmine  Legal Services Legal Services

ပါမစ်  #အတု ရဲ့ အင်္ဂါရပ်လေးတွေဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။အခုလက်ရှိ ပါမစ်တွေကတော့ ဝယ်လိုက် အမြတ်နည်းနည်းရရင် ပြန်ရောင်း...
18/08/2025

ပါမစ် #အတု ရဲ့ အင်္ဂါရပ်လေးတွေ
ဗဟုသုတ အဖြစ် ရေးသားပေးပါမယ်။

အခုလက်ရှိ ပါမစ်တွေကတော့ ဝယ်လိုက် အမြတ်နည်းနည်းရရင် ပြန်ရောင်းလိုက်နဲ့ သူ့ဘာသူတော့လည်ပတ်နေတာပါဘဲ။
အခြားမြေအမျိုးအစားတွေထက်လဲ အရောင်းသွက်တဲ့ မြေအမျိုးအစားတစ်ခုဖြစ်နေပါတယ်။
အဲ့တော့ အရောင်းသွက်တဲ့ မြေတစ်ခုဖြစ်တဲ့ပါမစ်မြေကို အဝယ်မမှားအောင် သိထားစေချင်ပါတယ်။

အတု ကိုအကြမ်းအားဖြင့် (၃) မျိုး ရှိပါမယ်။

နံပတ် (၁)အနေနဲ့ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း စာရွက်အတုရိုက်၊ တံဆိပ်အတုထု၊ လက်မှတ်အတုထိုး ထားတဲ့ ပါမစ်မျိုးဖြစ်ပါတယ်။

နံပတ်(၂)အနေနဲ့ကတော့ မြို့နယ်မြေနဲ့အခွန်ဌာနခွဲမှာ စာရင်းမဝင်သေးရင် ခေတ်အခေါ် အင်ထရီ မဝင်သေးရင် လက်ထဲမှာ ပါမစ္က (၂ )ခုရှိတတ်တယ်လို့ဆိုပါတယ်။ ဒီအခါမြာ တစ်စောင်က မသမာသူလက်ထဲရောက်သွားခဲ့ရင် နှစ်ခါရောင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်အင်ထရီ ဝင်/မဝင် အေသအခ်ာ စစ်ကြခြင်းဖြစ်ပါတယ်။

နံပတ်(၃)အမျိုးအစားကတော့ မိတ္တူကူး ၊ Scan ဖတ်ခြင်းပါ။ အိီလကထြရောနဈ စက်ပစွည်းတွေ
ခေတ်မှီတိုးတက်လာတဲ့အတွက် မူရင်းနဲ့မခြား မိတ္တူပွားတဲ့သဘောပါ။ ဒါပေမဲ့ထူးခြားတာက မူရင်းစာရွက်နဲ့ မတူတဲ့အချက်ပါ။ စာရွက်သားမတူသလို မင်ကျမင်န လည်းမတူပါဘူး။ ဒါပေမဲ့ အမွတ္တမဲ့ဆို မခွဲနိုင်ပါဘူး။

မကြာခဏလည်း ရောင်းမှားဝယ်မှား ဖြစ်ကြပါတယ်။ တစ်ခါတစ်လေလည်း မြေကွက်ရှင်တစ်ဦးဦးကို မိတ္တူပေးပြီး ရောင်းပေးဖို့အပ်ထားရာက
သူလည်းရောင်း၊ ကိုယ်လည်းရောင်း ဆုံတတ်လို့မိတ္တူနဲ့စပ်တဲ့သူကို အတုရောင်းတယ်လို့လည်း မှားတတ်ကြပါတယ်။

မှားတတ်တာတွေကတော့ အများကြီးရှိပါတယ်။
သို့သော် ယခုဖော်ပြသော အကြောင်းအရာ အပေါ်မှာ ရောင်းမှားဝယ်မှား မဖြစ်ကြစေရန်
သိထားစေလိုပါသည်။

Crd - မူရင်းရေးသားသူအား လေးစားစွာဖြင့် ပြန်လည်ကူးယူဖော်ပြပါသည်

10/08/2025
အွန်လိုင်းမှရွှေရောင်းသူများ ငွေစုစာအုပ်၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများ မပြုလ...
10/08/2025

အွန်လိုင်းမှရွှေရောင်းသူများ ငွေစုစာအုပ်၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများ မပြုလုပ်ရန် သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များနှင့် Online ဖြင့်ရွှေရောင်းဝယ်သူများအားလုံးအနေဖြင့် ငွေစုစာအုပ်၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများမပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များ၊ ရွှေဆိုင်များနှင့် Online မှတဆင့် ရွှေရောင်းဝယ်သူများအားလုံး ရွှေဆိုင်နှင့်ပတ်သက်သည့်လိုင်စင်များကို မဖြစ်မနေလျှောက်ထားရန် ထပ်မံသတိပေးထားသည်။

ထို့ပြင်သက်ဆိုင်ရာဌာနများမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားသည်။

Credit

■ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းနှင့် VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းအပါအဝ...
31/07/2025

■ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းနှင့် VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းအပါအဝင် ဆိုက်ဘာနယ်ပယ်နှင့်ပတ်သက်၍ အရေးယူရန်အချက်များထည့်သွင်းပြဌာန်းထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေ စတင်အာဏာတည်​ကြောင်း ​ကြေညာ။

ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းနှင့် VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းအပါအဝင် ဆိုက်ဘာနယ်ပယ်နှင့်ပတ်သက်၍ အရေးယူရန်အချက်များထည့်သွင်းပြဌာန်းထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေအား ယ​နေ့(ဇူလိုင် ၃၀ ရက်)မှစ၍စတင် အာဏာတည်​ကြောင်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီက အမိန့်​ကြော်ငြာစာ အမှတ်(၁၁၃/၂၀၂၅) ဖြင့် ထုတ်ပြန်သည်။

ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဥ​ပ​ဒေအာဏာတည်ကြောယင်း​ကို ယင်းဥပ​ဒေ ပုဒ်မ ၂ အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဆိုက်ဘာဥပဒေအရ ပြည်တွင်းတွင်ဖြစ်စေ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ်တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများကို ကျူးလွန်လျှင် စီရင်ခွင့်ရှိကြောင်း သိရသည်။

ထို့ပြင်ဆိုက်ဘာဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်အား ပြည်ပရောက် မြန်မာနိုင်ငံသားက ကျူးလွန်လျှင်လည်း ဆိုက်ဘာဥပဒေအရအရေးယူမည်ဖြစ်ကြောင်းသိရသည်။

ထို့အတူ ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံများနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်၊ အီလက်ထရောနစ် နည်းပညာများအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆိုက်ဘာမှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်၊ ဆိုက်ဘာအရင်းအမြစ်ကို အခြေခံသော ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်စေရန် ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်းသိရသည်။

မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ VPN ကို ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ပါက အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

ထို့အတူ မည်သူမဆို ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းပြုလုပ်ပါကအနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သောပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းနှစ်ရာ အောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်။

အလားတူ မည်သူမဆို အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော သတင်းအချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ အခြားသူ၏ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်းကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းလည်း ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဆိုက်ဘာဥပဒေအရ မည်သူမဆို အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ အီလက် ထရောနစ် သတင်းအချက်အလက်အား ခွင့်ပြုချက်မရှိဘဲ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ထိခိုက်စေခြင်း၊ ဥပဒေနှင့်မညီဘဲ ပေးပို့ခြင်း၊ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ဖော်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် ကြိုးပမ်းအားထုတ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မည်သူမဆို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ ဆောင်ရွက်လျှင် အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မည်သူမဆို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်သက်တမ်းတိုးခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း အသုံးပြုသူဦးရေ တစ်သိန်းနှင့်အထက်ရှိသော ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်းတစ်ထောင်အောက် မလျော့သော ငွေဒဏ်ချမှတ် ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်သည်။

မည်သူမဆို ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံတင်သက်တမ်း တိုးခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်းငါးရာအောက် မလျော့သော ငွေဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း ဥပဒေတွင်ပါရှိသည်။

မည်သူမဆို ကွန်ပျူတာ ပရိုဂရမ်များနှင့်ပတ်သက်၍ ဆိုက်ဘာအလွဲ အသုံးပြုခြင်းတစ်မျိုးမျိုးကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေလည်းကောင်း၊ အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေအရမည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကို ပျက်စီးစေနိုင်သော လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း သို့မဟုတ် မောလ်ဝဲရ် (Malware) ထည့်သွင်းခြင်း သို့မဟုတ် ဝင်ရောက်စေခြင်း၊ ဆိုက်ဘာအရင်းအမြစ်အား ရယူပိုင်ခွင့်ရှိသူကို ယင်းစနစ်အတွင်းသို့ ဝင်ရောက် နိုင်ခြင်း မရှိစေရန် ပြုလုပ်ခြင်း၊ ဆိုက်ဘာအရင်းအမြစ်အတွင်းရှိ သတင်း အချက်အလက်ကို ဖျက်ဆီးခြင်း၊ ဖယ်ထုတ်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ယင်း၏ အသုံးဝင်မှုကို ယုတ်လျော့စေခြင်း သို့မဟုတ် အကျိုးသက်ရောက်မှုကို ထိခိုက်စေခြင်း၊ ကွန်ပျူတာရှိ ပင်ရင်းကုဒ်သင်္ကေတ (Source Code) များကို ပျက်စီးစေရန် ရည်ရွယ်၍ ခိုးယူခြင်း၊ အသုံးပြုခွင့် မရအောင် ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းလဲခြင်း၊ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ လိမ်လည်လှည့်ဖြားခြင်း၊အခြားသူကို ထိခိုက်နစ်နာစေရန် သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ထားသော အချက်အလက်ကို ဖြန့်ဝေခြင်း၊ ကွန်ရက်အား အသုံးပြု၍ မလိုလားအပ်သော သို့မဟုတ် တောင်းဆိုထားခြင်း မရှိသော စာတိုပေးပို့ခြင်း၊ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် အချက်အလက် ပေးပို့ခြင်းစသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှအများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

Credit

မြို့အစွန်ကျတဲ့ အိမ်ခြံမြေဈေးကွက်ဟာအရောင်းအဝယ်ပိုပြီး ဖြစ်လာနိုင်ပါတယ်။-အကြောင်းကတော့မြို့အတွင်းမှာရှိနေတဲ့ မြေကွက်ဈေးနှ...
24/06/2025

မြို့အစွန်ကျတဲ့ အိမ်ခြံမြေဈေးကွက်ဟာ
အရောင်းအဝယ်ပိုပြီး ဖြစ်လာနိုင်ပါတယ်။
-
အကြောင်းကတော့
မြို့အတွင်းမှာရှိနေတဲ့ မြေကွက်ဈေးနှုန်းတွေ
မြင့်တက်လာခြင်းကြောင့်
မြို့အစွန်က မြေအချို့ အရင်ကထက်
အရောင်းအဝယ်သွက်လာနိုင်ပါတယ်။
-
ဝယ်သူအများစုကလည်း
မိမိတို့နိုင်တဲ့ ငွေကြေးကို ချိန်ဆလုပ်ကိုင်ကြရတာ
ဖြစ်တဲ့အတွက်-မြို့အလယ်က မြေဈေးကို မနိုင်တော့
အစွန်က မြေကို နိုင်ရာ ဝယ်ကြရတော့တာပါပဲ။
ငွေနိုင်တဲ့သူကတော့-မြို့အလယ်ကမြေကို ဝယ်မှာပါပဲ။
-
ဝယ်ချင်တာ-နေချင်တာကတော့
နီးနီး နားနား နေချင်-ဝယ်ချင်သော်လည်း
လက်ထဲမှာ ရှိတဲ့ငွေနှင့် နိုင်တဲ့နေရာမှာ
ဝယ်ထားကြရတာလည်း ဖြစ်နိုင်ပါတယ်။
-
လက်ထဲမှာ ကြာကြာ ကိုင်ထားတဲ့ ငွေကြေးဟာလည်း
အချိန်ကြာလေ တန်ဖိုးကျလေမို့ ကြာကြာ ကိုင်မထားရဲကြဘူး။
ငွေကိုဆက်ကိုင်ထားပြန်ရင်လည်း ကြာရင် မြေဆိုတာ
ဆီမီးခွက်တောင် ဝယ်လို့ ရမှာ မဟုတ်တော့ဘူး။
ဒါကြောင့်
အစွန်အဖျားမြေတွေဟာ
ခုက,စ နောက်ပိုင်း ပိုပြီး အရောင်း
အဝယ်သွက်လာနိုင်ပါတယ်။
-
ငလျင်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ လူအများစုဟာ
တစ်ထပ်အိမ်အတွက် မြေ ကိုပိုပြီး စိတ်ဝင််စားလာကြတယ်..။
-
တချို့ကတော့
မြို့ အလယ်မှာရှိတဲ့ တိုက်ခန်းကို စိတ်ဝင်စားမှု
နည်းလာတဲ့အတွက်ကြောင့်လည်း
တစ်ဝန်း တစ်ခြံကို ပိုပြီး စိတ်ဝင်စားကြတယ်ထင်ပါတယ်။
-
မြို့အစွန်မြေဈေးနှုန်းများဟာ မြို့တွင်းဈေးနှုန်းထက်
သက်သာနေတာဖြစ်ပြီး ခုအချိန်ဟာ ဈေးသင့်နေသေးတယ်....
မဆိုးသေးဘူးပြောရမှာပါပဲ။
-
နေထိုင်ရန် လူသားတွေ
ပေါက်ဖွားလာခြင်းနှင့် ထပ်ချဲ့စရာ မြေနေရာ မရှိခြင်းဟာ
မြို့အစွန်က မြေတွေကို ပိုမို ဝယ်ယူလာကြခြင်းဖြစ်ပါတယ်။
လူဦးရေ တိုးပွားလာတာဖြစ်ပြီး-မြေနေရာ မတိုးပွားဘဲ
နေထိုင်ရန် နယ်မြေချဲ့ထွင်လာကြတဲ့ အတွက်....
မြို့အစွန်မြေဟာ အရောင်းအဝယ် ဖြစ်လာပါတယ်။
-
မြို့ပြလူနေမှု တိုးပွားလာခြင်းအတွက်
မြေဈေးသက်သာ နိုင်တဲ့ အစွန် အဖျား-
ဆင်ခြေဖုံးနေရာတွေမှာ ယခင်ကထက် သိသိသာသာ
အရောင်း အဝယ် ဖြစ်လာနိုင်ပါတယ်။
-
ဒါကြောင့် ငွေပိုရှိရင်
မြို့အစွန်မှာ ကြိုတင် ဝယ်ယူသင့်ပါတယ်။

နိုင်ငံခြားမှာ အလုပ်သွားလုပ်တုန်းက ခင်ခဲ့တဲ့ညီမလေးတစ်ယောက်က အမေ့အတွက် ဒုတိယမြောက်တိုက်ခန်းလေး ထပ်ဝယ်ပေးချင်တယ်ဆိုလို့ စာ...
02/06/2025

နိုင်ငံခြားမှာ အလုပ်သွားလုပ်တုန်းက ခင်ခဲ့တဲ့ညီမလေးတစ်ယောက်က အမေ့အတွက် ဒုတိယမြောက်တိုက်ခန်းလေး ထပ်ဝယ်ပေးချင်တယ်ဆိုလို့ စာချုပ်သွားချုပ်ပေးကြတယ် 📝📝

#အင်းစိန်မြို့နယ် #အင်းစိန်
#ကြို့ကုန်း
#တိုက်ခန်း
#စာချုပ်
#အရောင်းအဝယ်

အဆောက်အအုံသစ်တွင် လူနေထိုင်ခွင့်ရအောင် ဘယ်လိုဆောင်ရွက်မလဲ နှင့် လူနေထိုင်ခွင့် BCC မကျသေးတဲ့ တိုက်ခန်းမှာ နေထိုင်ရင် ပြသ...
14/11/2024

အဆောက်အအုံသစ်တွင် လူနေထိုင်ခွင့်ရအောင် ဘယ်လိုဆောင်ရွက်မလဲ နှင့် လူနေထိုင်ခွင့် BCC မကျသေးတဲ့ တိုက်ခန်းမှာ နေထိုင်ရင် ပြသနာဖြစ်နိုင်သလား

ဥပဒေအရ တားမြစ်ချက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားတဲ့ နည်းဥပဒေမှာ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာဖြင့် တင်ပြလျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ကော်မတီမှ အဆောက်အအုံပြီးစီးကြောင်း တင်ပြချက်ကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) အား သက်ဆိုင်ရာ အဆောက်အအုံကို စစ်ဆေး၍ ရက်ပေါင်း ၃ဝ အတွင်း တင်ပြရန်ညွှန်ကြားရပါမည်။

ကော်မတီမှ အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်၍ ဆောက်လုပ်ခြင်း ပြီးစီးကြောင်း စိစစ်တွေ့ရှိပါက အဆိုပါ အဆောက်အအုံတွင် လူနေထိုင်ခွင့် လက်မှတ် BCC ကို ထုတ်ပေးမည် ဖြစ်သည်။

အကယ်၍ သတ်မှတ်ပုံစံနှင့် ကိုက်ညီခြင်းမရှိသည့် အဆောက်အအုံများဖြစ်ပါက ပြန်လည်ပြင်ဆင် ဆောက်လုပ်ရန် ညွှန်ကြားပြီး သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောက်လုပ်ပြီးကြောင်း စိစစ်ရရှိမှသာ လူနေထိုင်ခွင့်ကို ခွင့်ပြုပေးမည်ဖြစ်ပါသည်။

ယင်းအချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံ နှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ပုဒ်မ ၆၁ (င) တွင် မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင် ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင် ဖြစ်စေ၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် လူနေထိုင်ခွင့် လက်မှတ် မရရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ခွင့် ရှိမည် မဟုတ်ပါ။

ပြစ်ဒဏ်ပိုင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ (၆၈) မှာ မည်သူမဆို ဤဥပဒေပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ်ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

အကယ်၍ ဥပဒေပုဒ်မ ၆၈ အရ ပြစ်ဒဏ်ချခံရသူသည် အဆိုပါ ဥပဒေပြဋ္ဌာန်းချက်ကို ဆက်လက် ဖောက်ဖျက်ကျူးလွန်နေလျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက် ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်း ပြုသည့်နေ့မှစ၍ နေ့အသီးသီးတွင် တစ်နေ့လျှင် အနည်းဆုံး ငွေဒဏ်ကျပ် တစ်သောင်းမှ အများဆုံး ငွေဒဏ်ကျပ် ငါးသောင်းအထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် လူနေထိုင်ခွင့်မရရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ကြောင်း သိရှိပါက ဥပဒနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ခံရမည် ဖြစ်သည်။

ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် BCC မရသေးဘဲ မြေရှင်အပါအဝင် တိုက်ခန်းဝယ်သူများသည် အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ခြင်းများရှိနေပေသည်။စည်ပင်သာယာမှ အရေးယူသည်ဟု မတွေ့ရပေ။

သို့သော် ဘေးပတ်ဝန်းကျင် အိမ်နီးပါးချင်း အပါအဝင် တိုင်တန်းသူရှိလျှင်တော့ စည်ပင်မှ အရေးယူသည်ဟု သိရပါသည်။

လူနေထိုင်ခွင့် BCC မည်သို့ လျှောက်ထားမည်နည်း

လူနေထိုင်ခွင့် BCC ရရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လုပ်ငန်းပြီးစီးကြောင်း တင်ပြလျှောက်ထားရာတွင် အောက်ပါအချက်အလက်များ ပူးတွဲ ပါရှိရန် လိုအပ်ပေသည်။သက်ဆိုင်ရာ မီးသတ်ဌာန၊ ရေသန့်ဌာန၊ လျှပ်စစ်ဌာန၊ အခွန်ဦးစီးဌာနတို့၏ ထောက်ခံချက်ပါရှိရမည် ဖြစ်ပါသည်။

ယခုအခါ လျှပ်စစ်ဌာနမှ တိုက်ခန်းအလိုက် မီတာတစ်လုံးစီ တပ်ဆင်နိုင်ရေးအတွက် လူနေထိုင်ခွင့် လက်မှတ်ရရှိပြီးမှသာ ခွင့်ပြုပေးသည်များ ရှိလာသဖြင့် တိုက်ခန်းဝယ်သူများ ဝင်ရောက်နေထိုင်ရန် အခက်အခဲရှိလာပြီ ဖြစ်သည်။

အခွန်ဦးစီးဌာနတွင် ပေးဆောင်ရမည့် အခွန်သတ်မှတ်ချက်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

အဆောက်အအုံ ဆောက်လုပ်ခြင်း၊ တည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန် အလို့ငှာ တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ထံ အောက်ပါ အထောက်အထားတင်ပြလျှောက်ထားရပါသည်။

(က) ဆောက်လုပ်ခွင့် အမိန့် (မူရင်း + မိတ္တူ)

(ခ) ဆောက်လုပ်မှုပုံစံ B.Q (မူရင်း + မိတ္တူ)

(ဂ) အဆောက်အအုံအတိုင်းအတာနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှု စာရင်း

(ဃ) အဆောက်အအုံဓာတ်ပုံ (ရှေ့၊ ဘယ်၊ ညာ) တစ်စုံ

(င) လျှောက်ထားသူ၊ မြေရှင်၏ မှတ်ပုံတင် အိမ်ထောင်စု စာရင်း (မူရင်း + မိတ္တူ)

(စ) ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်စာရသူကဖြစ်စေ လျှောက်ထားနိုင်သည်ဟု သတ်မှတ်ထားပါသည်။

ထို့ပြင် အဆိုပါ အထောက်အထားများသည် ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့သို့ အမှန်အကန် တင်ပြခြင်းဖြစ်ပြီး လိမ်လည်တင်ပြကြောင်း စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို ခံယူမည်ဟု ကိုယ်တိုင်ဝန်ခံလက်မှတ်ထိုး ရမည်ဖြစ်သည်။

ကြန့်ကြာရသည့် အခြေအနေများ

အချို့တိုက်ခန်းများမှာ ကန်ထရိုက်တာများ အနေဖြင့် ရင်းနှီးငွေပြတ်သွားသဖြင့် အဆောက်အအုံအတွင်းပိုင်းကိုမွမ်းမံနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းသွားသည့် အခြေအနေများ ရှိတတ်သည်။

ထို့ပြင် သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ အခွန်စည်းကြပ်မည့်ငွေများ မပေးသွင်းနိုင်သေး၍ ရပ်ဆိုင်းသွားသည်လည်း ရှိပေသည်။

မည်သို့ပင်ဖြစ်စေ နည်းဥပဒေ အပိုဒ် (၂၅) တွင် မြို့တော် စည်ပင်သာယာရေးကော်မတီသည် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေသော အဆောက်အအုံတစ်ခုနှင့် စပ်လျဉ်း၍ ငါးနှစ်အတွင်းပြီးစီးအောင် ဆောင်လုပ်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဆောက်လုပ်ခွင့်ရသူအား ခေါ်ယူညှိနှိုင်း၍ ပြီးစီးအောင်ဆောက်လုပ်ရန် ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် ဥပဒေအရဆိုလျှင် လူနေထိုင်ခွင့် BCC မကျပါက သက်ဆိုင်ရာ တိုက်ခန်းအဆောက်အအုံတွင် ဝင်ရောက်နေထိုင်ခွင့်မရှိပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

Credit- မူရင်းရေးသားသူ ဆရာထီယု (ဥပဒေအတိုင်ပင်ခံ)

 #ကြေးမုံသတင်းစာပါ  #ကြေညာချက်များ စုစည်းမှု
14/11/2024

#ကြေးမုံသတင်းစာပါ #ကြေညာချက်များ စုစည်းမှု

 #ကြေးမုံသတင်းစာ #ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း  #ဒဂုံဆိပ်ကမ်း
16/07/2024

#ကြေးမုံသတင်းစာ
#ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း
#ဒဂုံဆိပ်ကမ်း

အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကို ဗဟုသုတအဖြစ် တင်ပြချင်ပါတယ်။တလောက အိမ်နဲ့ခြံလေး အဝယ်လိုက်ကြည့်ရင်း ကြိုက်တဲ့အိမ်လ...
27/06/2024

အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကို ဗဟုသုတအဖြစ် တင်ပြချင်ပါတယ်။

တလောက အိမ်နဲ့ခြံလေး အဝယ်လိုက်ကြည့်ရင်း
ကြိုက်တဲ့အိမ်လေးတွေ့တာနဲ့ ဈေးစကားပြောကြတယ်။

အိမ်က တထပ်ခွဲတိုက် မြေကတော့ ပေ ၃ဝ၊ ၆၅ပေဗျ။
သူတို့ခေါ်တာက သိန်း ၃၂ဝဝ။
ဈေးဆစ်ရင်းနဲ့ သိန်း ၃ဝဝဝ နဲ့ဈေးတည့်တယ်။
စရံ သိန်း ၇ဝဝ ချတယ် စရံပေးစာချုပ်ချုပ်တယ်၊

အပြီးချေမယ့်ရက်ကိုတော့ သူတို့လဲအိမ်ရှာရအုံးမှာမို့ တစ်လခွါ ချိန်းတယ် ။ကျနော်ကလဲ ရပါတယ်ပေါ့။
အဲ့လိုနဲ့နေလာရင်း အပြီးချေရမယ့်ရက် နီးလာလို့
ဖုန်းဆက်တော့လဲ အေးအေးဆေးဆေးပဲ။
သူတို့ပစ္စည်းတွေပြောင်းပြီးပြီ ။အဆင်သင့်ပဲလို့ ပဲပြောတယ်။

ငွေချေရမယ့်နေ့ ရောက်လို့ အဲ့အိမ်ကိုသွားတော့
အပြင်ကနေ တံခါးကို သော့ခတ်ထားတယ်။
ပတ်ဝန်းကျင်မေးကြည့်တော့ ပစ္စည်းတွေဘာတွေ
ပြောင်းတာလဲ မတွေ့ဘူးလို့ ပြောကြတယ်။
တစ်ခုခုတော့ မှားနေပြီလေ။

အဲ့ဒါနဲ့ ဖုန်းဆက်ကြည့်လိုက်တော့
ယောက်ျားဖုန်းက မကိုင်ဘူး။
သူ့မိန်းမဖုန်းကိုဆက်တော့ သူ့အမေက
အသဲအသန်ဖြစ်နေလို့ ဆေးရုံရောက်နေတယ်
တရက် နှစ်ရက်လောက် စောင့်ပေးပါလို့ပြောတယ်။

ကျနော်က ရတယ် ဆေးရုံလိုက်လာပြီး
အဲ့မှာပဲ စာချုပ်ချုပ်မယ် ။ငွေချေဖို့က
တယောက်ဘဏ်ကို ခဏလိုက်လာခဲ့လို့ ပြောတာလဲမရဘူး။

အဲ့တော့ ကျနော်က စရံပေးစာချုပ်ချုပ်တုန်းက
သက်​သေ လက်မှတ်ထိုးပေးခဲ့တဲ့ ရာအိမ်မှူးဆီသွားပြီး အကျိုးအကြောင်းပြောပြတော့။

ရာအိမ်မှူးက "သူ့အမေက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကဆုံးသွားပြီလေ" လို့ပြောတော့ သူတို့မရိုးသားဘူးဆိုတာ ပိုသိသွားတယ်ဗျ။

ရာအိမ်မှူးကို အကူအညီတောင်းပြီး
အုပ်ချုပ်ရေးမှူးရုံးကို သွားပြီး အုပ်ကြီးကို
အကျိုးအကြောင်းပြောပြတယ်။

အုပ်ကြီးရှေ့မှာပဲ ခုနက အမျိုးသမီးကိုဖုန်းဆက်ပြတယ်။
သူပြောတဲ့စကားတွေကိုလဲ record ယူထားလိုက်တယ်ဗျ။
အုပ်ချုပ်ရေးမှူးကလဲ အကြောင်းအရာကို ရုံးမှတ်တမ်းမှာ ရေးပေးပါတယ်။
အဲ့နေ့တော့ ဒီအတိုင်းပဲ ပြန်လာခဲ့ရတယ်။

နောက်ရက်တွေ ဖုန်းဆက်တော့ မကိုင်ဘူး။
အိမ်ကို သွားကြည့်တော့လဲ တံခါးပိတ်ထားတယ်
ပြန်မလာဘူး။

၃ ရက်မြောက်နေ့ကျတော့

အဲ့အမျိုးသမီးဖုန်းကို ဆက်တော့ ဖုန်းကိုင်တယ်။
လေသံမာမာနဲ့"ဘာကိစ္စလဲ "လို့မေးတယ်။
"အိမ်အရောင်းအဝယ် ငွေအပြီးချေဖို့ကိစ္စပါ"လို့ပြောတော့

"စာချုပ်ပြန်ကြည့်လိုက်လေ အပြီးချေရမယ့်ရက်
လာမချေလို့ စရံဆုံးပြီလေ စာချုပ်နဲ့ပဲ စကားပြောမယ်" လို့ပြောပြီး ဖုန်းချသွားတယ်။

အဲ့တော့ ကျနော်က အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အကျိုးအကြောင်းပြောပြတော့ သူတို့လင်မယားကို ရုံးကိုခေါ်လိုက်တယ်။
ရုံးရောက်လာတော့လဲ ကျနော့်ဘက်က ပျက်ကွက်တာမို့
စရံဆုံးပြီ ဆိုတာကိုပဲပြောနေတယ်။

အဲ့တော့ အုပ်ချုပ်ရေးမှူးက အဲ့ရက်က ငွေအကြေချေ အိမ်လက်ရောက်ယူဖို့ ကျနော်လာတယ်။
သူတို့မရှိလို့ ရာအိမ်မှူးကို အကြောင်းကြားတယ်။
ရုံးကို အကြောင်းကြားတယ်။

ဖုန်းဆက်တုန်းက record လုပ်ထားတာတွေကို
ပြန်ဖွင့်ပြပြီး ရုံးမှာ အဲ့နေ့က ရေးထားတဲ့
ရုံးမှတ်တမ်းကို သူတို့ကိုပြလိုက်တယ်။

ပြီးတော့မှ ဝယ်သူဘက်မှာ ပျက်ကွက်တာမရှိဘူး။
အဲ့တော့ ရောင်းချင်ရင်ရောင်း မရောင်းချင်ရင်
စရံငွေ ၂ ဆသိန်း ၁၄ဝဝ ပြန်ပေးရမှာပဲ။

တရားတဘောင်ဖြစ်လို့ ရုံးက သက်​သေခေါ်ရင်လဲ
မှန်ကန်တဲ့ဘက်ကပဲ ထွက်ဆိုရမှာပဲ ဆိုတာပြောမှ လင်မယား၂ယောက်လုံး ငြိမ်သွားတယ်။

အုပ်ကြီးက ဘယ်လိုလုပ်မယ်စဉ်းစားလဲ မေးတော့မှ
သူတို့ရောင်းပါ့မယ် တလလောက် အချိန်စောင့်ပေးပါလို့ ထပ်ပြောတော့ ကျနော်က တလ မစောင့်နိုင်ဘူးဆိုတာဝင်ပြောတယ်။

နောက်ဆုံးမှာ ၁ဝ ရက်စောင့်ဖို့ သဘောတူပြီးတော့
အချက်အလက်အကြောင်းအရာ တွေရေးပြီး
စာချုပ်ထပ်ချုပ်တယ်။

သတ်မှတ်တဲ့ ၁ဝ ရက်ပြည့်တဲ့နေ့မှာတော့ ငွေအပြီးချေ အိမ်လက်ရောက်ရတယ်ဗျ။

ဒီဖြစ်စဉ်လေးမှာ အပြီးချေတဲ့ရက် သူတို့မရှိတာနဲ့ သူတို့ပြောစကားကို နားယောင်ပြီး ရပ်ကွက်အကြီးအကဲတွေကို သတင်းမပို့ထားဘူးဆို စရံဆုံးမှာနော်။

အဲ့တော့ အခုလိုအဖြစ်အပျက်မျိုး ကြုံလာတဲ့အခါ
ကိုယ့်ဘက်က ပျက်ကွက်တာမဟုတ်ပါဘူးဆိုတာ
ခိုင်ခိုင်မာမာ သက်သေထူထားဖို့ အင်မတန်မှ အရေးကြီးတယ်၊

ကိုယ့်ဘက်က တချက်လေး လစ်ဟင်းသွားတာနဲ့ ကိုယ့်ပိုက်ဆံကို လူလိမ်တွေက အသာလေးကောက်စားသွားမယ် ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။

Credit Mega Home

 #ကြေးမုံသတင်းစာပါအသိပေးကြေညာချက်များ
03/06/2024

#ကြေးမုံသတင်းစာပါအသိပေးကြေညာချက်များ

မြို့နယ်တရားရုံး၏ တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ ဝတ်စားဆင်ယင်မှု ပြင်ဆင်သတ်မှတ် ခြင်းကိစ္စ...(၃၁.၅.၂...
03/06/2024

မြို့နယ်တရားရုံး၏ တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ ဝတ်စားဆင်ယင်မှု ပြင်ဆင်သတ်မှတ် ခြင်းကိစ္စ...(၃၁.၅.၂၀၂၄)

Address

No. 5, Chan Thar Street, Taunglonepyan Quarter, Minglataungnyunt Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959400006199

Website

Alerts

Be the first to know and let us send you an email when Hnin Yu Jasmine Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hnin Yu Jasmine Legal Services:

Share

Category