Mya Satt Yaung

Mya Satt Yaung 🏡 အိမ်ခြံမြေ​ ရောင်း၊ဝယ်၊ငှား ကိစ္စအဝဝတို့ကို မြစက်ရောင် (လှိုင်သာယာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း) နှင့်အတူ လက်တွဲလိုက်ပါ 🏡

📞 09 76333 5120 📞

📍 For Rent  Padauk Garden Villa 🏡လှိုင်သာယာမြို့နယ် ၊ Padauk Garden အိမ်ရာအတွင်းရှိ ပြင်ဆင်ပြီး Villa တစ်လုံးနဲ့မိတ်ဆက်ပ...
09/08/2026

📍 For Rent
Padauk Garden Villa

🏡လှိုင်သာယာမြို့နယ် ၊ Padauk Garden အိမ်ရာအတွင်းရှိ ပြင်ဆင်ပြီး Villa တစ်လုံးနဲ့မိတ်ဆက်ပေးပါရစေရှင်

✅အသေးစိတ်အချက်အလက်များ
အကျယ်အဝန်း - 40*60
အဆောက်အဦး - 2 ထပ် RC ( ပြင်ဆင်ပြီး)
အခန်းဖွဲ့စည်းပုံ - 1 Master Bedroom
2 Single room
1 Maid room
ဈေးနှုန်း - 45 သိန်း (ညှိနှိုင်း)

📞အသေးစိတ်သိရှိလိုပါက 09763335120 သို့မဟုတ် Mya Satt Yaung page messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

09/08/2026

🏡 “အိမ်လိုက်ပြတယ်… ဈေးလည်းဆစ်ပေးတယ်… ဒါနဲ့ပဲ အကျိုးဆောင်ကောင်းဖြစ်ပြီလား?”
❌ မဟုတ်သေးပါဘူး။
အိမ်ခြံမြေတစ်ခု ဝယ်ယူတာက ပစ္စည်းတစ်ခု ဝယ်သလို မဟုတ်ပါဘူး။
💰 ငွေကြေးအများကြီး ရင်းနှီးရသလို
📄 စာရွက်စာတမ်း အမှားအယွင်းတစ်ခုကြောင့်လည်း ငွေကြေးဆုံးရှုံးမှုကြီး ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင်
⚠️ စာရွက်စာတမ်းတွေ မှန်ကန်ရဲ့လား?
⚠️ အပေါင်ခံထားတာ ရှိလား?
⚠️ အမွေဆိုင်ပြဿနာတွေ ရှိနိုင်လား?
⚠️ ပိုင်ဆိုင်မှုအခြေအနေက ရှင်းလင်းရဲ့လား?
⚠️ နောက်ပိုင်းမှာ အမှုအခင်းပြဿနာ ဖြစ်လာနိုင်လား?
ဒီအချက်တွေကို သေချာစစ်ဆေးပေးနိုင်တဲ့ အကျိုးဆောင် ဖြစ်ဖို့လိုပါတယ်။
🔎 တကယ့် Professional အကျိုးဆောင်ဆိုတာ
အိမ်လိုက်ပြပေးရုံ၊ ဈေးဆစ်ပေးရုံနဲ့ မပြီးပါဘူး။
မြေအမျိုးအစား၊ ပိုင်ဆိုင်မှုနဲ့ စာရွက်စာတမ်းအခြေအနေတွေကို စနစ်တကျ စစ်ဆေးပေးနိုင်ရမယ်။
ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ရမယ်။
ပြီးတော့ လက်ရှိဝယ်ယူမှုတင်မကဘဲ အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက်ပါ အကျိုးရှိမယ့် အကြံဉာဏ်တွေ ပေးနိုင်ရပါမယ်။
❤️ အရောင်းဖြစ်ဖို့ထက်… သင့်အတွက် အကျိုးအမြတ်အများဆုံးနဲ့ လုံခြုံစိတ်ချရဖို့ကို ဦးစားပေးတဲ့ အကျိုးဆောင်ကို ရွေးချယ်ပါ။
အိမ်ခြံမြေဝယ်ယူဖို့ စိတ်ကူးရှိနေပြီလား? 🏡
မဝယ်ခင် မေးပါ။ မဆုံးဖြတ်ခင် တိုင်ပင်ပါ။
📩 အိမ်ခြံမြေနဲ့ပတ်သက်ပြီး စိတ်ချလက်ချ တိုင်ပင်ချင်တယ်ဆိုရင်
မြစက်ရောင်ရဲ့ CB မှာဖြစ်စေ၊ ဖုန်းနံပါတ်ကနေဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
🏡 မြစက်ရောင် အိမ်တစ်လုံးရောင်းပေးရုံမဟုတ်ဘဲ၊ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကိုပါ ကာကွယ်ပေးမယ့် အကျိုးဆောင်။
'' သင်၏အကျိုးဆောင်မြစက်ရောင် ''
အိမ်ခြံမြေဗဟုသုတ #အိမ်ခြံမြေအကြံပေး

🏡 လှိုင်သာယာမြို့နယ်၊ (၁) ရပ်ကွက်ရှိ နေရာကောင်း 1 RC အိမ်နှင့် မြေကွက် အမြန်ရောင်းမည် ✨📍 အချက်အချာကျတဲ့နေရာမှာရှိပြီး နေ...
07/08/2026

🏡 လှိုင်သာယာမြို့နယ်၊ (၁) ရပ်ကွက်ရှိ နေရာကောင်း 1 RC အိမ်နှင့် မြေကွက် အမြန်ရောင်းမည် ✨

📍 အချက်အချာကျတဲ့နေရာမှာရှိပြီး နေထိုင်ရန်လည်းကောင်း၊ စီးပွားရေးလုပ်ရန်လည်း သင့်တော်တဲ့ ထောင့်ကွက် လေးပါ။

📌 အိမ်ခြံမြေအချက်အလက်
✅ မြေအကျယ် – 20' × 60'
✅ 1 RC အိမ်
✅ ဂရန်မူရင်း
✅ ထောင့်ကွက်
✅ လက်ရှိဆိုင်ဖွင့်ထားပြီး ဝင်ငွေရရှိနိုင်
💰 ဈေးနှုန်း – 5,700 သိန်း (ညှိနှိုင်း)

အခွင့်အရေးကောင်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးထားတာဖြစ်လို့ စိတ်ဝင်စားသူများ အမြန်ဆုံးဆက်သွယ်စုံစမ်းနိုင်ပါတယ်။

📞 အသေးစိတ်သိရှိလိုပါက 09763335120 သို့မဟုတ် Mya Satt Yaung page messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏡လှိုင်သာယာမြို့နယ်၊ တောင်ငူလမ်းမပေါ်ရှိ လစဉ်ဝင်ငွေရှိသော အဆောင်အရောင်း📍 Location – လှိုင်သာယာ၊ တောင်ငူလမ်းအကျယ်အဝန်း – ...
07/08/2026

🏡လှိုင်သာယာမြို့နယ်၊ တောင်ငူလမ်းမပေါ်ရှိ လစဉ်ဝင်ငွေရှိသော အဆောင်အရောင်း
📍 Location – လှိုင်သာယာ၊ တောင်ငူလမ်း
အကျယ်အဝန်း – 22’ x 60’
အဆောက်အဦး – 3 ထပ်အဆောင်
လစဉ်ဝင်ငွေ – 25 သိန်းခန့်
စာရွက်စာတမ်း – ဂရန်မူရင်း
ဈေးနှုန်း - 12,000 ( ညှိနှိုင်း)

-လူစည်ကားရာနေရာဖြစ်ပြီး ready income ရတဲ့အဆောင်ဖြစ်တာကြောင့် investment လုပ်ရန်အတွက်အထူးသင့်တော်တဲ့နေရာလေးဖြစ်ပါတယ်ရှင်။

📞 အသေးစိတ်သိရှိလိုပါက 09763335120 သို့မဟုတ် Mya Satt Yaung page messenger မှတစ်ဆင့်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

‎ #အိမ်ခြံမြေ #လှိုင်သာယာမြို့နယ်

🏡 "ခဏပဲ နေမှာပါ..." ဆိုတဲ့ စကားတစ်ခွန်းက ကိုယ့်ပိုင်ဆိုင်မှုအတွက် နောင်တစ်ချိန်မှာ ပြဿနာဖြစ်လာနိုင်ပါတယ်။"ဆွေမျိုးပဲ..."...
06/08/2026

🏡 "ခဏပဲ နေမှာပါ..." ဆိုတဲ့ စကားတစ်ခွန်းက ကိုယ့်ပိုင်ဆိုင်မှုအတွက် နောင်တစ်ချိန်မှာ ပြဿနာဖြစ်လာနိုင်ပါတယ်။

"ဆွေမျိုးပဲ..."
"သူငယ်ချင်းအရင်းကြီးမို့ ကူညီပေးတာ..."
"စာချုပ်မလိုပါဘူး... ယုံကြည်စိတ်ချရတဲ့လူပါ..."

ဒီလို စိတ်ရင်းကောင်းနဲ့ မိမိပိုင်ဆိုင်တဲ့ ခြံ၀င်းထဲ (သို့) မြေကွက်ပေါ်မှာ နေထိုင်ခွင့်ပေးလိုက်တာဟာ လူမှုရေးအရ မွန်မြတ်တဲ့လုပ်ရပ်တစ်ခု ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အိမ်ခြံမြေဆိုတာ ယုံကြည်မှုဆိုတဲ့ အလွှာပါးလျလျလေး တစ်ခုတည်းနဲ့ ကာကွယ်လို့မရတဲ့ ပိုင်ဆိုင်မှု ဖြစ်နေတဲ့အတွက် စာချုပ်မရှိ၊ အထောက်အထားမရှိဘဲ လူနေထိုင်ခွင့်ပေးထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဘယ်သူက ဘယ်လိုအခွင့်အရေးနဲ့ နေထိုင်နေတာလဲဆိုတဲ့ အချက်တွေ မရှင်းလင်းတော့ဘဲ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ ဖြစ်လာနိုင်ပါတယ်။

❓ ဘာတွေ ဖြစ်လာနိုင်လဲ?

📌 နေထိုင်ခွင့်ပေးထားတာလား၊ ငှားရမ်းထားတာလားဆိုတာ သက်သေပြဖို့ ခက်ခဲနိုင်ပါတယ်။

📌 ပြန်လည်ဖယ်ရှားစေချင်တဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် နားလည်မှု ကွဲလွဲကုန်တာကြောင့် ဥပဒေရေးရာ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

📌 ငွေပေးငွေယူ ရှိခဲ့ရင်တောင် စာချုပ်၊ ဘောက်ချာ၊ လက်ခံပြေစာတွေ လက်ဆုပ်လက်ကိုင်မရှိရင် သက်သေထူဖို့ ခက်ခဲပါလိမ့်မယ်။

✅ ဒါကြောင့် ဘာတွေလုပ်ထားသင့်လဲ?

✔️ အခမဲ့ နေထိုင်ခွင့်ပေးတာဖြစ်ရင်တောင် သဘောတူညီချက်ကို စာရွက်စာတမ်းနဲ့ အသိသက်သေတွေနဲ့ ရေးသားထားပါ။

✔️ ငှားရမ်းပေးမယ်ဆိုရင် ငှားရမ်းစာချုပ်ကို စနစ်တကျ ချုပ်ဆိုပြီး ငွေပေးငွေယူ အထောက်အထားတွေကို သေချာသိမ်းဆည်းထားပါ။

✔️ နေထိုင်ခွင့်စတင်တဲ့ရက်၊ သက်တမ်း၊ ပြန်လည်ထွက်ခွာရမယ့် အခြေအနေတွေကို ရှင်းလင်းစွာ ပြောပြထားပါ။

✔️ ဆွေမျိုးအရင်း၊ သူငယ်ချင်းအရင်းဖြစ်နေရင်တောင် စာချုပ်လုပ်ထားတာဟာ မယုံကြည်လို့ မဟုတ်ဘဲ နှစ်ဖက်စလုံးရဲ့ အခွင့်အရေးကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

"ယုံကြည်မှု" ထားရှိတာက ဆက်ဆံရေးတစ်ခုအတွက် အရေးပါကောင်းပါနိုင်ပေမယ့် "စာချုပ်" ကတော့ ပိုင်ဆိုင်မှုကို ပိုပြီး ခိုင်ခိုင်မာမာ ကာကွယ်ပေးနိုင်ပါတယ်။

အိမ်ခြံမြေနဲ့ ပတ်သက်လာရင် နှုတ်ကတိထက် စာရွက်စာတမ်းက ပိုပြီး အရေးကြီးပါတယ်နော်။






🏡 လှိုင်သာယာ ၊ FMI အိမ်ရာအတွင်းရှိ အိမ်အရောင်းတစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေရှင်☘️Finger Lake အနီးမှာတည်ရှိပြီး View ကောင်း ...
06/08/2026

🏡 လှိုင်သာယာ ၊ FMI အိမ်ရာအတွင်းရှိ အိမ်အရောင်းတစ်လုံးနဲ့ မိတ်ဆက်ပေးပါရစေရှင်

☘️Finger Lake အနီးမှာတည်ရှိပြီး View ကောင်း ၊ လေကောင်းလေသန့်ရရှိတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်ရှင်

📍 FMI City , Hlaing Thar Yar.
✅ အကျယ်အဝန်း - 125*100
✅ 2 RC (Fully Furnished)
✅ 4 Master bedroom, 1 Common bedroom
✅ စာရွက်စာတမ်း - ဂရန်အမည်ပေါက်
✅ ဈေးနှုန်း - 85,000 Ls ( ညှိနှိုင်း )

✨ ဆိတ်ငြိမ်တဲ့ အိမ်ရာတစ်ခုဖြစ်တဲ့အပြင် ဘုရားစေတီ၊ ဆေးခန်း၊ City Mart ၊ Market Point စတဲ့ဈေးဝယ်နေရာတွေ ၊ International School များ ၊စားသောက်ဆိုင်များ၊ အလှပြင်ဆိုင်များ အစုံရှိသောနေရာတစ်ခုဖြစ်လို့ မိသားစုအတွက် ကျန်းမရေး၊စီးပွားရေး၊ပညာရေးအတွက်လိုလေ‌သေးမရှိတဲ့‌ နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်။

📞 အသေးစိတ်သိရှိလိုပါက 09763335120 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

🏡 "အကျိုးဆောင်ဆိုတာ အိမ်လိုက်ပြတာတင် မဟုတ်ပါဘူး။"တကယ့် အရည်အချင်းပြည့်ဝတဲ့ အိမ်ခြံမြေအကျိုးဆောင် တစ်ယောက်ဆိုတာ... အိမ်ပြ...
04/08/2026

🏡 "အကျိုးဆောင်ဆိုတာ အိမ်လိုက်ပြတာတင် မဟုတ်ပါဘူး။"

တကယ့် အရည်အချင်းပြည့်ဝတဲ့ အိမ်ခြံမြေအကျိုးဆောင် တစ်ယောက်ဆိုတာ... အိမ်ပြပေးရုံ၊ ဈေးညှိပေးရုံနဲ့ မပြီးဘဲ ဝယ်သူနဲ့ ရောင်းသူ နှစ်ဦးနှစ်ဖက်စလုံးအတွက် အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးတဲ့ အကြံပေးပညာရှင်ဆိုလည်း မမှားပါဘူး။

အိမ်ခြံမြေ အရောင်းအဝယ်တစ်ခုရဲ့နောက်ကွယ်မှာ ခိုအောင်းနေနိုင်တဲ့အန္တရာယ်တွေ အများကြီးရှိတာကြောင့် အကျိုးဆောင်ကောင်းတစ်ယောက်က အောက်ပါအချက်အလက်တွေကို စနစ်တကျ စစ်ဆေးပေးရပါတယ်။

✅ မြေကွက်တည်နေရာ မြို့နယ်၊ ရပ်ကွက်၊ မြေတိုင်းရပ်ကွက်နဲ့ မြေကွက်အမှတ် မှန်ကန်မှု
✅ ရောင်းသူရဲ့ မှတ်ပုံတင်၊ နေရပ်လိပ်စာနဲ့ အမည်အချက်အလက်ကိုက်ညီမှု
✅ ရောင်းချသူရဲ့ လက်ရှိနေထိုင်ရာနဲ့ ပိုင်ဆိုင်မှုအခြေအနေကို အတည်ပြုနိုင်မှု
✅ မြေအမျိုးအစား "ဂရန်မြေလား၊ ပါမစ်မြေလား၊ စလစ်မြေလား" ဆိုတာကို ခွဲခြားနားလည်မှု
✅ အငြင်းပွားမှု၊ အပေါင်တင်ထားမှု၊ တရားရုံးအမှုတွဲရှိမှုစတဲ့ အရှုပ်အရှင်းကင်း/မကင်း စစ်ဆေးပေးနိုင်မှု
✅ အမွေဆက်ခံထားတဲ့မြေဖြစ်ပါက အမွေဆက်ခံသူအားလုံးရဲ့ သဘောတူညီမှုရှိ/မရှိ စစ်ဆေးမှု
✅ ကိုယ်စားလှယ်လွှဲစာနဲ့ ရောင်းချတာဖြစ်ပါက တရားဝင်မှုသက်တမ်းနှင့် အာဏာအကန့်အသတ် စစ်ဆေးမှု
✅ မြေကွက်ပေါ်မှာ အဆောက်အဦးရှိ/မရှိ၊ တရားမဝင်ကျူးကျော်မှုရှိ/မရှိ စစ်ဆေးမှု

ဒါ့အပြင် အရည်အချင်းပြည့်၀တဲ့ အကျိုးဆောင်တွေက အရောင်းအ၀ယ်ဖြစ်သွားတဲ့နေရာနဲ့ပက်သက်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ရေ/မီးရရှိမှု၊ မြေတန်ဖိုးတက်နိုင်မှုစတဲ့ ရင်းနှီးမြှုပ်နှံမှုအမြင်နဲ့ အကြံကောင်းတွေ ထပ်ဆောင်းပေးနိုင်ပါသေးတယ်။

"အိမ်ခြံမြေ အရောင်းအဝယ်ဆိုတာ ငွေကြေးတန်ဖိုးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်"

ဒါကြောင့် "ထိုးရောင်းပေးနိုင်တဲ့သူ" ထက် "သေချာစစ်ဆေးပေးတဲ့ အကျိုးဆောင်" ကို ရွေးချယ်ဖို့က ပိုအရေးကြီးပါတယ်။

💬 အိမ်ခြံမြေနဲ့ပတ်သက်ပြီး သိလိုတာ၊ တိုင်ပင်လိုတာရှိရင် Comment (သို့) Messenger ကနေ ကျွန်မတို့မြစက်ရောင်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင်။

သင့်၏အကျိုးဆောင် မြစက်ရောင် 💚✨




🏡 လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်၊ ၃ ထိပ်မှတ်တိုင်အနီးရှိ နေရာကောင်း နှစ်ထပ်အိမ်အရောင်း ✨📍 တည်နေရာ – လှိုင်သာယာမြို့နယ်၊ ၃...
01/08/2026

🏡 လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်၊ ၃ ထိပ်မှတ်တိုင်အနီးရှိ နေရာကောင်း နှစ်ထပ်အိမ်အရောင်း ✨

📍 တည်နေရာ – လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်၊ ၃ ထိပ်မှတ်တိုင်အနီး
📐 အကျယ်အဝန်း – 20' × 60'
🏠 နှစ်ထပ်အဆောက်အဦး
📄 ဂရန်မူရင်း
💰 ဈေးနှုန်း – 4,500 သိန်း (ညှိနှိုင်း)

📞 အသေးစိတ်သိရှိလိုပါက 09 763335120 သို့မဟုတ် Mya Satt Yaung page messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏡✨ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာရှိ လုံးချင်းအိမ်အရောင်း ✨🏡တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ မိသားစုနဲ့ အဆင်ပြေပြေ နေ...
01/08/2026

🏡✨ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာရှိ လုံးချင်းအိမ်အရောင်း ✨🏡

တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ မိသားစုနဲ့ အဆင်ပြေပြေ နေထိုင်ချင်သူများ၊ ရေရှည် Investment အဖြစ် ဝယ်ယူထားချင်သူများအတွက် အထူးသင့်တော်သော လုံးချင်းအိမ်ကောင်းတစ်လုံး ဖြစ်ပါတယ်ရှင်။

📍 နဝဒေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်
✅ မြေအကျယ် – 70' × 80' (ထောင့်ကွက်)
✅ အဆောက်အဦ – 2 RC
✅ ဂရန်အမည်ပေါက်
✅ အိပ်ခန်း (6) ခန်း
✅ ရေချိုးခန်း (6) ခန်း
✅ ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်ပါသည်။

💰 ဈေးနှုန်း – 25,000 သိန်း (ညှိနှိုင်း)

အိမ်အကျယ်၊ ခြံအကျယ်နှင့် တည်နေရာကောင်းကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးဖြစ်လို့ လက်မလွတ်သင့်တဲ့ အရောင်းလေးပါရှင်။

📞 အသေးစိတ်သိရှိလိုပါက 09 76333 5120 သို့မဟုတ် Mya Satt Yaung page messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🏢 တိုက်ခန်းဝယ်တာ အဆောက်အအုံတစ်ခုလုံးကို ပိုင်တာ မဟုတ်ပါဘူးဥပမာ...🟩 အဆောက်အအုံကို ထောက်ပံ့ထားတဲ့ နံရံ (Load-bearing Wall)...
30/07/2026

🏢 တိုက်ခန်းဝယ်တာ အဆောက်အအုံတစ်ခုလုံးကို ပိုင်တာ မဟုတ်ပါဘူး

ဥပမာ...
🟩 အဆောက်အအုံကို ထောက်ပံ့ထားတဲ့ နံရံ (Load-bearing Wall) ကို ဖြိုဖျက်ခြင်း
🟩 အဆောက်အအုံရဲ့ အထောက်အပံ့တိုင် (Beam)၊ ကြမ်းခင်းဖွဲ့စည်းပုံ (Floor Structure) တွေကို ပြုပြင်ပြောင်းလဲခြင်း
🟩 ပိုင်ရှင်တွေ/စီမံခန့်ခွဲပိုင်ခွင့်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အကြီးစား ပြင်ဆင်မွမ်းမံမှု (Renovation) ပြုလုပ်ခြင်း

ဒီလိုလုပ်ဆောင်မှုတွေက ဥပဒေနဲ့လည်း မကိုက်ညီနိုင်သလို အဆောက်အအုံရဲ့ လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

📌 ဒါဆို ကိုယ့်ပိုင်ဆိုင်မှုကို ဘယ်လိုကာကွယ်မလဲ?

✅ မိမိဝယ်ယူမယ့် တိုက်ခန်းရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို သေချာစစ်ဆေးပါ။
✅ တိုက်ခန်းစီမံခန့်ခွဲမှုစည်းမျဉ်းနဲ့ ပြင်ဆင်မွမ်းမံမှုစည်းကမ်းတွေကို ကြိုတင်လေ့လာထားပါ။
✅ ဖြစ်လာနိုင်တဲ့ မီးလောင်မှု၊ ငလျင်ဒဏ်စတဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် တိုက်ခန်းပိုင်ဆိုင်မှုအာမခံ ကြိုတင်ပြင်ဆင်ထားပါ။

သို့ပေမယ့် အာမခံကုမ္ပဏီတိုင်းရဲ့ သတ်မှတ်ချက်တွေ မတူညီနိုင်သလို၊ အဆောက်အအုံတည်နေရာနဲ့ အန္တရာယ်ဖြစ်နိုင်ခြေပေါ် မူတည်ပြီး အာမခံလက်ခံမှုလည်း ကွာခြားနိုင်ပါတယ်နော်။

🏡 တိုက်ခန်းဝယ်ယူခြင်းဆိုတာ ငွေကြေးရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုပါ။

ဒါကြောင့် ဝယ်ယူမီ ဥပဒေဆိုင်ရာအချက်အလက်၊ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲမှုစည်းမျဉ်းတွေနဲ့ မိမိပိုင်ဆိုင်မှုကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို နားလည်ထားခြင်းက ရေရှည်အတွက် အကောင်းဆုံးအာမခံတစ်ခု ဖြစ်ပါတယ်။




Address

PSH-77/B , Padauk Garden Estate
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959425302944

Website

Alerts

Be the first to know and let us send you an email when Mya Satt Yaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category