24/09/2026
🏠 အိမ်ခြံမြေဝယ်ယူခြင်းမှာ ဈေးနှုန်းထက် “ပိုင်ဆိုင်မှုခိုင်မာခြင်း” က ပိုအရေးကြီးပါတယ်။
မြေ၊ အိမ်၊ တိုက်ခန်းတစ်ခု ဝယ်ယူခြင်းဟာ လူတစ်ယောက်ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေကြေးကို ရင်းနှီးမြှုပ်နှံရတဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် ဝယ်ယူပြီးနောက်မှ
ပိုင်ဆိုင်မှုအထောက်အထား မခိုင်မာခြင်း၊ ရောင်းသူမှာ တရားဝင်ရောင်းချပိုင်ခွင့်မရှိခြင်း၊ အပေါင်/အာမခံနှင့် အငြင်းပွားမှုများ ရှိနေခြင်း၊ လွှဲပြောင်းမှတ်ပုံတင်နိုင်ခြင်းမရှိခြင်း သို့မဟုတ် အခြားဥပဒေဆိုင်ရာ ပြဿနာများကြောင့် ပိုင်ဆိုင်မှုဆုံးရှုံးခြင်း၊ ဖယ်ရှားခံရခြင်းနှင့် အမှုအခင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် အိမ်ခြံမြေဝယ်ယူရာမှာ ကျွမ်းကျင်မှုရှိပြီး ကျင့်ဝတ်သိက္ခာကို လေးစားလိုက်နာသော ရှေ့နေတစ်ဦးဖြင့် Legal Due Diligence ပြုလုပ်ခြင်း ဟာ မလိုအပ်တဲ့ ကုန်ကျစရိတ်တစ်ခု မဟုတ်ပါဘူး။
ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို မပြုလုပ်မီ Legal Risk ကို ကြိုတင်သိရှိပြီး ကာကွယ်ခြင်း ဖြစ်ပါတယ်။
⚖️ ဝယ်ပြီးမှ ပြဿနာဖြစ်လာခဲ့ရင်လည်း ဥပဒေနည်းလမ်းများ ရှိနိုင်ပါတယ်။
ရောင်းသူ၏ ပြောဆိုချက်၊ စာချုပ်ပါအချက်အလက်နှင့် အမှန်တကယ်ပိုင်ဆိုင်မှုအခြေအနေတို့ မကိုက်ညီခြင်းကြောင့် ဝယ်ယူသူ နစ်နာဆုံးရှုံးခဲ့ပါက အမှု၏ အချက်အလက်၊ စာချုပ်နှင့် သက်သေအထောက်အထားများအပေါ်မူတည်၍ ပေးချေထားသောငွေ ပြန်လည်တောင်းခံခြင်း၊
ရောင်းသူအပေါ် ဥပဒေအရ အရေးယူခြင်းနှင့် သက်ဆိုင်ရာ နစ်နာကြေးတောင်းဆိုခြင်း စသည့် ကုစားခွင့်များ ရှိနိုင်ပါတယ်။
အရေးကြီးတာက ပြဿနာမဖြစ်ခင် ကာကွယ်ခြင်း ဖြစ်ပြီး၊ ပြဿနာဖြစ်လာခဲ့ရင်လည်း မိမိရဲ့ ဥပဒေအရ ရပိုင်ခွင့်ကို မှန်ကန်စွာ သိရှိပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
Law of Nature Law Firm သည် အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်များအတွက် Legal Due Diligence၊ Contract Review နှင့် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများတွင် အမှုအခြေအနေတစ်ရပ်ချင်းအလိုက် အမှုလိုက်ပါခြင်း ဥပဒေဆိုင်ရာ အကြံပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
“A secure property begins with a sound legal foundation.”
⚖️ Law of Nature Legal Consultation Company
Legal Insight • Risk Prevention • Professional Integrity