Law For All

Law For All Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Law For All, Lawyer & Law Firm, Yangon.

24/08/2026

မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌဌာန်းထားတယ်။
အဲ့ဒီ ဥပဒေမှာပါတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်........
(၁) စာချုပ်ချုပ်ရမယ်။
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။(
၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။
ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊
- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊
အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌဌာန်းထားတယ်။
ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် -
* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊
ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။ ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြ တယ်။မသက်ဆိုင်သူများကို အိမ်မြေက နှင်ထုတ်လို့ရတယ်။ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။
“အရပ်ကတိစာချုပ်နှင့် ဝယ်ယူခြင်း”===================
အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟာ အပြည့်အဝဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။
အကြောင်းက -(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။(၂) တံဆိပ်ခေါင်းခွန် ထမ်းဆောင်မထားဘူး။(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာမှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။(၅) မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး။ဒီလိုအရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို -
တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း” PART PERFORMANCE လို့ခေါ်တယ်။အပြည့်အဝဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။ကိုယ်ကအခြားသူ ကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။
ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှု ဆိုလာရင်တော့ -သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း)အဖြစ် ခုခံကာကွယ်နိုင်တယ်။ကိုယ့်ကို နင်ထုတ်လို့မရဘူး။ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။(PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌဌာန်းချက်ကို တင်ပြရတာပါ။

23/08/2026

"ဦးတိုက်လျှောက်ထားမှု"တွင် တရားလိုအား
ရာကျင့်(၂၀၀)အရ စစ်ဆေးရာ၌ ရှေ့နေကမေးရမှာလား/တရားသူကြီးကမေးရမှာလား•••?
•~•~•~•~•~•~•~•N.W!!!!!!!!!!!!!!!!!!!!!!!!!

~~~ ပြစ်မှုဆိုင်ရာအမှုများ စစ်ဆေးကြားနာရာတွင် မူလတရားရုံးသည် မည်သူ့ကိုမဆို တရားလိုဘက်မှလိုက်ပါဆောင်ရွက်ခွင့်ပြုနိုင်ကြောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ.၁၉၅(၁)တွင်ပြဌာန်းထားသည်။ ထိုသို့ တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ခွင့်ရသူသည် အမှုကို ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေဆောင်ရွက်ခွင့်ရှိကြောင်းကိုလည်း ရာကျင့်.၄၉၅(၃)တွင်ပြဌာန်းထားသည်ကိုဖတ်ရှုနိုင်ပါသည်။
~~~သိုသော် ဦးတိုက်လျှောက်ထားသူတရားလိုအား ရှေ့နေကမေးရမှာလား၊ တရားသူကြီးကမေးရမှာလားဆိုသည့်ကိစ္စကို ဥပဒေစာပေများပြုစုရေးသာကြသူတို၏ စာအုပ်များကို လက်လှမ်းမီသရွေ့ရှာဖွေဖတ်ရှုသော်လည်းရှာမတွေ့ပါ။
~~~ ဆရာကြီးမြ၏ (သောင်းပြောင်း.အတွဲ.၆၊.စာ.၁၅၁)တွင်•••
"ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရဆိုလျှင် တရားသူကြီးက အမှုကိုစစ်ဆေးစီရင်ပါသည်။ သက်သေခံဥပဒေပုဒ်မ.၁၃၈တွင် ပြဌာန်းထားသည့်အတိုင်း သက်သေကို ဆိုင်ရာဥပဒေဝန်ထမ်း၊အမှုသည်၊ရှေ့နေတို့ကအလှည့်ကျမေးမြန်းစစ်ဆေးကြပါသည်။ ရုံးကလိုအပ်လျှင် မေးမြန်းနိုင်ပါသည်။အားလုံးကိုခြုံပြောသောအခါ သက်သေကို တရားသူကြီကစစ်ဆေးသည်ဟု ဖြေဆိုပါသည်။ ကျင့်ထုံးပုဒ်မ.၂၀၀အရ တိုင်တန်းသူကို တရားသူကြီးကမေးမြန်းရန်ဖြစ်ပါသည်။အဓိကစစ်မေးချက်၊ပြန်လှန်စစ်မေးခြင်း၊ပြန်လည်စစ်မေးခြင်းစသည်ဖြင့် အဆင်ခွဲခြားစစ်ဆေးရန် အကြောင်းမပေါ်ပေါက်သဖြင့် သက်သေများစစ်ဆေးခြင်းနှင့် ကွဲပြားခြားနားပါသည်။ထိုသို့ဆိုလျှင် တရားသူကြီးက ဦးဆောင်မေးမြန်းရန်ဖြစ်ပါလိမ့်မည်။ဖြည့်စွက်သင့်သောကိစ္စရှိသည်ဟုယူဆပါလျှင် ဖြည့်စွက်မေးမြန်းပေးရန် တရားသူကြီးထံ တင်ပြနိုင်ပါသည်။
ကျင့်ထုံးပုဒ်မ. ၂၀၀အရ စစ်မေးခြင်း၏ရည် ရွယ်ချက်မှာ စွပ်စွဲခံရသူအား ပြစ်မှုကြောင်းအရ အရေးယူရန် အကြောင်းရှိမရှိ တီးခေါက်ကြည့်ခြင်းဖြစ်သည်။ရှေ့နေက တရားလိုကိုစစ်ဆေးပါက လိုရာသို့ကြောင်း၍ ဆွဲ၍ စစ်ဆေးပေလိမ့်မည်။ ဇောင်းပေး၍ စစ်ဆေးပေလိမ့်မည်။"ဟု လမ်းညွှန်ရေးသားထားပါကြောင်းခင်ဗျား•••။

# # #ဥပဒေအသိပညာများကြွယ်ဝကြပါစေ။

•••••••••••••••••••••

23/08/2026

အိမ်ခြံမြေဝယ်ယူတဲ့အခါ ဝယ်ခွန် / ရောင်းခွန် ကို တွက်တတ်ဖို့လိုမယ်နော် !

ဝယ်ခွန်

ဝယ်ခွန် ဆောင်တဲ့အခါ

🌸၁ ကျပ်မှ သိန်း ၃၀၀၀ အထိ ဆိုပါက
ဝင်ငွေခွန် -၃%

🌸သိန်း ၃၀၀၁ မှ သိန်း ၆၀၀၀ ထိဆိုပါက
ဝင်ငွေခွန် - ၅%

🌸သိန်း ၆၀၀၁ မှ သိန်း ၁၀၀၀၀ အထိ ဆိုပါက ဝင်ငွေခွန် - ၁၀%

🌸သိန်း ၁၀၀၀၁ မှ သိန်း ၃၀၀၀၁ အထိ ဆိုပါက ဝင်ငွေခွန် -၁၅%

🌸သိန်း ၃၀၀၀၁ နှင့်အထက်ဆိုပါက
ဝင်ငွေခွန် - ၃၀ %
အသီးသီးဆောင်ရမှာဖြစ်ပါတယ်။

📌ဥပမာ- ရာဖြတ်စျေး က သိန်း ၃၀၀၀ ဖြတ်
တယ်ဆိုလျှင် သိန်း ၃၀၀၀*၃% =သိန်း ၉၀ ကို ဝင်ငွေခွန် ဆောင်ရမှာဖြစ်ပါတယ်။📌

🌸ဝင်ငွေခွန် အပြင် ဘာထပ်ရှိမလဲ ဆိုရင်
တံဆိပ်ခေါင်း ခွန် ထပ်ရှိပါမယ်။ အဲ့ဒါက ပုံသေ ၄% ဆောင်ရပါမည်။

🌸ရန်ကင်းစာချုပ်စာတမ်းရုံးမှာ စာချုပ်ကြီးချုပ်တဲ့အခါ မှတ်ပုံတင်ကြေး ထပ်မံ ဆောင်ရ
ပါမည်။
အဲ့ဒါကတော့ ၀.၅ % ပါ ။

📌📌အပေါ်မှာ တွက်ပြသလို သိန်း ၃၀၀၀ ဆောင်ရမယ်ဆိုပါက total - 7.5 % ဝယ်သူဘက်မှ ဆောင်ရမှာဖြစ်ပါတယ်။
ဒါဆိုရင် အခွန်အားလုံး -၂၂၅ သိန်း ကျသင့်မည်ဖြစ်ပါတယ်။ 📌📌

🌸အဲ့ဒါတွေကတော့ ဝယ်သူ ဘက်မှ ဆောင်ရမည့် ဝယ်ခွန် အသိီးသီးဖြစ်ပါတယ်။

#ရောင်းခွန် 💰💰

ရောင်းခွန် (သို့) အမြတ်တော်ခွန်📌📌

ရောင်းခွန်ကတော့ အမြဲ ၁၀% ပါ။✔️
ကိုယ် မြေကွက်ဝယ်ပြီး
အခွန်ဆောင်စဉ်တုန်းက သိန်း ( ၁၀၀၀ )၊
ပြန်ရောင်းတဲ့အခါ သိန်း (၁၂၀၀ )ဆိုလျှင် ကိုယ်မြတ်သည့် သိန်း (၂၀၀) အပေါ်မှာ ၁၀% ဆောင်ရပါမည်။
သိန်း ၂၀၀*၁၀% =သိန်း ၂၀ ပါ ။

အဆင်ပြေကြပါစေရှင်။ ♥️

🔷ဆောက်လုပ်ခွင့်ပြုမိန့်မရှိဘဲဆောက်နေတဲ့တိုက်တွေကို ဆက်လက်ဆောက်လုပ်ခွင့်မပြုဘဲ /ဆက်လက်ဆောက်လုပ်မယ်ဆိုရင် ဘယ်လိုအရေးယူမယ် ...
23/08/2026

🔷ဆောက်လုပ်ခွင့်ပြုမိန့်မရှိဘဲ
ဆောက်နေတဲ့တိုက်တွေကို ဆက်လက်ဆောက်လုပ်ခွင့်မပြုဘဲ /ဆက်လက်ဆောက်လုပ်မယ်ဆိုရင် ဘယ်လိုအရေးယူမယ် ဆိုတဲ့ ကိစွရပ်တွေကို ကြားသိပြီးလောက်ပါပြီ

🔷အဲ့လိုတိုက်တွေကို ကြိုပွိုင့် ဝယ်ထားမိသူတွေအပါအဝင် မြေရှင်ပါ အနည်းနဲ့အများ အခက်အခဲဖြစ်သွားကြမှာပါ။

🔷တကယ်တော့ ဆောက်လုပ်ခွင့်ပြုမိန့် မကျသေးဘဲ ဒဏ်ကြေးနဲ့ဆောက်လုပ်တဲ့တိုက်တွေဟာတရားဝင် မှု မရှိတာ အများစုသိကြပါတယ်။
🔷
သိကြပေမဲ့ ကိုယ်ငွေမှီမဲ့ နေရာမျိုး၊ ဥပဒေကိုသိ၍သော်လည်းကောင်း၊ မလေ့လာမိ၍သော်လည်းကောင်း ဝယ်မိထားကြသူတွေ ရှိကြပါလိမ့်မယ်။

🔷လတ်တလောမှာ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ဆောက်လုပ်ခွင့်မကျသေးဘဲ ဆောက်နေတဲ့တိုက်တွေကိုတော့ စည်ပင်က သတိပေးတားမြစ်စာ ကပ်နေကြပါတယ်။

🔷ပြစ်မှုနဲ့ပြစ်ဒဏ်များကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ပါ။

Credit

05/05/2026

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။
===================

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတယ်ဆိုတဲ့အကြောင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပေါ့ ။ အဲ့ဒီမှာ ပုဒ်မ ( ၁၆ ) ဆိုလို့ရှိရင် အောက်ပါ စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီမှတ်ပုံတင်ရမည်ဆိုရင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အပိုင်ပေးတဲ့စာချုပ်၊ အရောင်းအဝယ်လုပ်တဲ့စာချုပ်၊ ကြော်ငြာတဲ့စာချုပ် စသည် အားဖြင့်ပေါ့ ။ နောက်ကတ္တိမမွေးစားတဲ့စာချုပ် စသည်အားဖြင့် အဲ့ဒီစာချုပ်တွေအားလုံးကို မှတ်ပုံတင်ရမယ်လို့ ( က ) နေ( ဆ ) အထိ ပြဋ္ဌာန်းထားပါတယ်။

နောက်တစ်ချက်က အဲ့ဒီဥပဒေပုဒ်မ ( ၁၇ ) မှာပဲ စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်ပါတယ်။ မတင်ပဲလည်း နေနိုင်တယ်ဆိုတဲ့ စာချုပ်မျိုးပေါ့ ။ အဲ့ဒါတွေက ဘယ်လိုစာချုပ်မျိုးလဲဆိုတော့ တန်ဖိုးငွေ ကျပ် တစ်သိန်းအောက် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ရောင်းချတဲ့စာချုပ်တွေဟာ မှတ်ပုံတင်ရုံးမှာ တင်နိုင်ပါ တယ်။ မတင်ဘဲလည်း နေနိုင်ပါတယ်။ နောက် အပေါင်တန်ဖိုးငွေ ကျပ်တစ်သိန်းအောက်မှာရှိတဲ့ ပေါင်နှံတဲ့ စာချုပ်စာတမ်းတွေဆိုရင်လည်း မှတ်ပုံမတင်ဘဲ နေနိုင်ပါတယ်။

နောက်တစ်ခါ မရွှေ့ပြောင်းနိင်တဲ့ပစ္စည်းတွေကို တစ်နှစ်ပဲငှားရမ်းတယ်ဆိုရင် မှတ်ပုံမတင်ပဲနေနိုင်ပါတယ်။ သေတမ်းစာတွေကို မှတ်ပုံမတင်ပဲ နေနိုင်ပါတယ်၊ နောက်တစ်ခါ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွေကို လည်း မှတ်ပုံမတင်ပဲနေလို့ရပါတယ်။တင်လိုကလဲတင်နိုင်တယ်။ တရားရုံးက ချမှတ်တဲ့ ဒီဂရီတွေ၊ အမိန့်တွေ အနုညာတခုံလူကြီးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မှတ်ပုံတင်တင်လိုက တင်နိုင်ပါတယ်။ မတင်ဘဲ လည်း နေနိုင်ပါတယ်ဆိုပြီးတော့ပေါ့။ ပုဒ်မခွဲ ( က ) နေ ( ည ) အထိ အချက် ( ၁၀ ) ချက်ပြဋ္ဌာန်းထားတာရှိပါတယ်။

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ဖို့ကတော့ အခုကတော့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန။ မြို့နယ်တွေမှာတော့အဲ့ဒီအတိုင်းပဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို တာဝန်ပေးထားပါ တယ်။ ဥပမာ- ရန်ကုန်တိုင်းဆိုရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး ဆိုတာရှိပါတယ်။ အဲ့ဒီရုံးမှာ သွားပြီးတော့တင်ရမှာပါ။ နယ်တွေမှာကတော့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်း အင်းဦးစီးဌာနတွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအဖြစ် တာဝန်ပေးထားတာရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာမြို့နယ်တွေက လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှာ သွားပြီးတော့ မှတ်ပုံတင်နိုင် ပါတယ် ။

Dvblawlab

(Zawgyi)

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။
===================

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတယ်ဆိုတဲ့အကြောင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပေါ့ ။ အဲ့ဒီမှာ ပုဒ်မ ( ၁၆ ) ဆိုလို့ရှိရင် အောက်ပါ စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီမှတ်ပုံတင်ရမည်ဆိုရင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အပိုင်ပေးတဲ့စာချုပ်၊ အရောင်းအဝယ်လုပ်တဲ့စာချုပ်၊ ကြော်ငြာတဲ့စာချုပ် စသည် အားဖြင့်ပေါ့ ။ နောက်ကတ္တိမမွေးစားတဲ့စာချုပ် စသည်အားဖြင့် အဲ့ဒီစာချုပ်တွေအားလုံးကို မှတ်ပုံတင်ရမယ်လို့ ( က ) နေ( ဆ ) အထိ ပြဋ္ဌာန်းထားပါတယ်။

နောက်တစ်ချက်က အဲ့ဒီဥပဒေပုဒ်မ ( ၁၇ ) မှာပဲ စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်ပါတယ်။ မတင်ပဲလည်း နေနိုင်တယ်ဆိုတဲ့ စာချုပ်မျိုးပေါ့ ။ အဲ့ဒါတွေက ဘယ်လိုစာချုပ်မျိုးလဲဆိုတော့ တန်ဖိုးငွေ ကျပ် တစ်သိန်းအောက် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ရောင်းချတဲ့စာချုပ်တွေဟာ မှတ်ပုံတင်ရုံးမှာ တင်နိုင်ပါ တယ်။ မတင်ဘဲလည်း နေနိုင်ပါတယ်။ နောက် အပေါင်တန်ဖိုးငွေ ကျပ်တစ်သိန်းအောက်မှာရှိတဲ့ ပေါင်နှံတဲ့ စာချုပ်စာတမ်းတွေဆိုရင်လည်း မှတ်ပုံမတင်ဘဲ နေနိုင်ပါတယ်။

နောက်တစ်ခါ မရွှေ့ပြောင်းနိင်တဲ့ပစ္စည်းတွေကို တစ်နှစ်ပဲငှားရမ်းတယ်ဆိုရင် မှတ်ပုံမတင်ပဲနေနိုင်ပါတယ်။ သေတမ်းစာတွေကို မှတ်ပုံမတင်ပဲ နေနိုင်ပါတယ်၊ နောက်တစ်ခါ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွေကို လည်း မှတ်ပုံမတင်ပဲနေလို့ရပါတယ်။တင်လိုကလဲတင်နိုင်တယ်။ တရားရုံးက ချမှတ်တဲ့ ဒီဂရီတွေ၊ အမိန့်တွေ အနုညာတခုံလူကြီးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မှတ်ပုံတင်တင်လိုက တင်နိုင်ပါတယ်။ မတင်ဘဲ လည်း နေနိုင်ပါတယ်ဆိုပြီးတော့ပေါ့။ ပုဒ်မခွဲ ( က ) နေ ( ည ) အထိ အချက် ( ၁၀ ) ချက်ပြဋ္ဌာန်းထားတာရှိပါတယ်။

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ဖို့ကတော့ အခုကတော့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန။ မြို့နယ်တွေမှာတော့အဲ့ဒီအတိုင်းပဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို တာဝန်ပေးထားပါ တယ်။ ဥပမာ- ရန်ကုန်တိုင်းဆိုရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး ဆိုတာရှိပါတယ်။ အဲ့ဒီရုံးမှာ သွားပြီးတော့တင်ရမှာပါ။ နယ်တွေမှာကတော့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်း အင်းဦးစီးဌာနတွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအဖြစ် တာဝန်ပေးထားတာရှိ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာမြို့နယ်တွေက လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှာ သွားပြီးတော့ မှတ်ပုံတင်နိုင် ပါတယ် ။

30/04/2026

တရားလိုမလာသဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၁၇ နည်း ၃ အရပလပ်သည့်အမိန်အပေါ် အယူခံတက်ရမည်လား၊ပြင်တင်တက်ရမည်လား။
အမှုစစ်ဆေးကြားနာရန်ချိန်းဆိုတဲ့နေ့မှာတရားလိုမလာလို့တရားမကျင့်ထုံးဥပဒေ အမိန့်၁၇
နည်း၃ အရပလပ်ခြင်းခံရရင် အယူခံတက်ရ မှာ
လား၊ပြင်ဆင်မှုတက်ရ မှာလားဆိုတာခွဲခွဲခြားခြား
သိထားဘို့လိုပါလိမ့်မယ်။
အယူခံတက်ရောက်ရမှာဖြစ်ပါတယ်။အယူခံ
တက်ရောက်ရမှာလို့တော့အကြမ်းဖျဥ်းသိထားကြ
မှာပါ။သို့သော်လည်း ဘယ်အရ အယူခံတက်ရမှာ
လည်းဆိုတာတိတိကျကျသိထားမှဖြစ်မှာဖြစ်ပါတယ်။ကိုယ်ရေးကြုံတော့သက်လုံကောင်းမှဆိုတာ
လိုကိုယ်တစ်ကယ်ကြုံတွေ့လာတဲ့အခါတိတိကျကျ
သိထားမှသာဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဆိုင်ရက် (စ်)အဗ္ဗဒူ(လ်)ကဖား နှင့် အဗ္ဗဒူမဂျစ်
မာဂျီမဟာမက်ဂျာရာပါ ၈ ၁၉၆၄ခုနှစ် မ တ စ
စာ ၄၇၄ စီရင်ထုံးမှာ အမှုကိုပလပ်သည်မှာတရားမကျင့်ထုံးဥပဒေ အမိန့် ၁၇ နည်း ၃ အရ ဖြစ်ရကား
အယူခံတရားလိုလာရောက်ရန်ပျက်ကွက်သည့်အတွက် ပလပ်ခြင်မဟုတ်ချေ။ယင်းပလပ်သည့်အမိန့်မှာအမှုကိုအပြီးအပြတ်ဆုံးဖြတ်သည့်အမိန့်မျိုး
ဖြစ်သဖြင့်အမိန့်ဒီကရီတစ်ရပ်ဖြစ်သည်ဟုယူဆရပေမည်ထို့ကြောင့်အယူခံတရားလိုသည်တရားမ
ကျင့်ထုံးဥပဒေ ပုဒ်မ ၉၆ အရအယူခံပိုင်ခွင့်ရှိပေ
သည်လို့ထုံးဖွဲ့ထားပါတယ်။

Crd

06/04/2026

မီးလောင်မှုကြောင့် အိမ်ခြေအများအပြားဆုံးရှုံးရတဲ့ ကိစ္စမျိုးမှာ ဘယ်လို အရေးယူပါသလဲ ။ မီးလောင်မြေ နေရာကို အစိုးရက ပိုင်ဆိုင်သွားတယ်ဆိုတာ ဟုတ်ပါသလား ။ မီးလောင်ခံရတဲ့သူတွေ မူလမြေအတိုင်းအတာ အတိုင်းပြန်ရ မရဆိုတာကို ဗဟုသုတအနေနဲ့ သိပါရစေ ။
=======================

အရင်တုန်းက ရပ်ကွက်တွေမီးလောင်တယ်။ ရပ်ကွက်တွေ မီးလောင်တယ်ဆိုတာ များသောအားဖြင့် အချို့က အခွန်ဆောင်တဲ့ ကျူးကျော်မြေဆိုတာရှိတယ်။ တစ်ချို့ကျတော့ ကျူးကျော်မြေ သပ်သပ်ရှိတယ်။ အဲ့ဒီ အပေါ်မှာဆောက်ထားတဲ့ အဆောက်အဦတွေ၊ အိမ်တွေ မီးလောင်ပြီးဆိုလို့ရှိရင်တော့ ဒါဟာ နိုင်ငံတော်က ပြန်သိမ်းတာပဲ ။ အကွက်ပြန်ချတာပေါ့ ။ စနစ်တကျ အကွက်ချတယ်၊ မူလနေရာရချင်မှရမယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ကိုယ်နေတဲ့မြေကြီးက ကိုယ်တရားဝင်မပိုင်ခဲ့ဘူးကိုး။ တစ်ကယ်လို့ ကိုယ်နေတဲ့မြေကြီး က ဂရန်ကျ ထားတယ်၊ဂရမ်ရှိတဲ့မြေပေါ်မှာနေတယ်။ ဘိုးဘွားပိုင်မြေ၊ ကိုယ်က ဒီအပေါ်မှာ တရားဝင်နေတယ်ဆိုရင် မီးလောင်ကျွမ်းလည်း ကိုယ့်နေရာ ကိုယ် ပြန်ရမှာပဲ ။ ကိုယ်အတိုင်းအတာနဲ့ကိုယ်ပြန်ရတယ် ။ စောစောကလို ပျံကျသဘောမျိုး၊ ကျူးကျော်ပြီးနေရင်တော့ ပြန်ရဖို့ကတော့ ခက်ခဲတယ် ။ အဲ့ဒီလိုဘဲ ဖြေရပါမယ်။

#မီးလောင်မြေ

06/04/2026

ကျွန်မတို့မိသားစုမှာ ညီအကိုမောင်နှမ ၃ ယောက်ရှိပါတယ် ။ အဖေကမရှိတော့ပါ ။ အမေက ၇၇ နှစ် ရှိပြီး ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသနေရတာကြာပါပြီ ။ ကျွန်မကထောင်အိမ်ထောင်နဲ့ဖြစ်လို့ အမေ့ကိုခေါ်ပြီး ပြုစုစောင့်ရှောက်ထားပါတယ် ။ ငွေကြေးအဆင်မပြေလို့ အမေက သူပိုင်တဲ့ အိမ်နဲ့ခြံကို ရောင်းချင်ပေမယ့် အဲဒီ မှာနေတဲ့ အကိုအကြီးဆုံးမိသားစုက ဖယ်မပေးပါဘူး ။ ဘယ်လိုလုပ်ရမလဲဆိုတာကို သိလိုပါတယ် ။
======================

ဥပဒေအရတော့ အမေအနေနဲ့ ရောင်းခွင့်ရှိပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်သေရင် မယားရတယ် ဆို တာ ရှိပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း သားအကြီး၊ သူက သြရသဆိုတော့ အမွေဆက်ခံခွင့်ရှိတယ်။ အိမ်ကလွတ်လွတ်ကင်းကင်း တခြားနေရာမှာဆိုရင်တော့ ကိစ္စမရှိပါဘူး။ အမေက စာချုပ် ချုပ်ပြီးရောင်း လိုက် ရင် ရပါတယ်။ နောက်အားလုံးကို ခွဲပေးလိုက်လို့ရတယ်။ အဲ့တော့ သူတို့မှာ ပြဿနာရှိနေတာက လူမူရေး နဲ့ ဥပဒေ ပြဿနာရောထွေးနေတယ်။ ဒီတော့ အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး လုပ်ကြရပါမယ်။

နောက်တစ်ခုက ၃ ယောက်မှာ ကျန်တဲ့သမီး ၂ ယောက်က ဒီအိမ်မှာ တက်နေလိုက်။ ဥပဒေကို တည်ဆောက် မယ် ဆိုရင်ပေါ့၊ သူတို့လည်း နေခွင့်ရှိတယ်လေ။ ပေါင်းနေကြပြီးတော့မှ ညီညီညွတ်ညွတ်ဖြစ်လာရင် ရောင်းကြ မယ်ဆိုပြီး၊ ရောင်းပြီတော့မှ ပြန်ခွဲမှရပါမယ်။ တရားစွဲခွင့် နှစ်ယောက်စလုံးမှာရှိတယ်၊ အစ်ကိုကြီးမှာလည်း ရှိ တယ်၊ သြရသရဲ့အခွင့်အရေးရှိပါတယ်။ အဲဒီတော့ ဥပဒေနဲ့ လူမူရေး ရောထွေးနေတော့ ညီညီညွတ်ညွတ်နဲ့ တစ်ဖက်နဲ့တစ်ဖက်ညှိနိုင်းပြီးတော့ ကျန်တဲ့သမီးနှစ်ယောက်က တက်နေလိုက်၊ နောက် ၃ ယောက်အတူတူ ခွဲကြမယ်ဆိုရင်လည်း ပြန်ခွဲလိုက်ပေါ့။ အဲလိုပဲ အကြံပေးချင်ပါတယ်။

#အမွေဆက်ခံရေး

06/04/2026

မြေကိစ္စများအတွက် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ က
ဘာလို့အရေးကြီးတာလဲ?

မြေနဲ့ပတ်သက်လို့ ရောင်းဝယ် လွှဲပြောင်း ပေးကမ်း ပြုလုပ်ကြရာမှာ စာချုပ် စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၂၁ အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်း ရောင်းဝယ်/ ပေးကမ်း/ စွန့်လွှတ် စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆို လျှင် "မြေပုံ/မြေရာဇဝင်" မပါရှိခဲ့လျှင် လက်ခံချုပ်ဆိုခြင်း မပြုရလို့ ပါရှိပါတယ်။

"မြေပုံ မြေရာဇဝင်"ဆိုတာက အများ သိတဲ့ ပုံစံ ၁၀၅၊ ၁၀၆ ဖြစ်ပြီး နှစ်စဉ်အမြဲ "ပြောင်းလဲ အတည်ပြုရေးဆွဲ နေရတဲ့ "မြေစာရင်း/ မြို့တော်စည်ပင်/ အိုး အိမ်"ဌာနတို့ရဲ့ ဌာနရှိမှတ်တမ်း စားရင်းများအရ မူရင်းအပေါ်မှာ ကောက်နုတ် ရေးဆွဲပေးထားသော မိတ္တူ ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်လို့ မှန်ကန်မှု ရှိ/မရှိဆိုတာကို ဒီဌာန တွေကသာ တိုက်ဆိုင်စစ်ဆေး အတည်ပြုပေးနိုင် ပါတယ်။ ဒါကြောင့် ပုံစံ ၁၀၅၊ ၁၀၆ ဟာ စစ်မှန်မှုအတွက် အရေးပါလာရပါတယ်။

ဌာနက ထုတ်ပေးတဲ့ ပုံစံ ၁၀၅ သည်မြေပုံ / ပုံစံ ၁၀၆ သည်မြေရာဇဝင်၊ ဒီနှစ်ရွက်ပေါင်းကို မြေပုံ/မြေရာဇဝင်လို့ ခေါ်ပါတယ်။ မြို့နယ် မြေစာရင်း/မြို့တော်စည်/အိုးအိမ် ဌာနတို့က ထုတ်ပေးတဲ့ မြေပုံကလေးပါတဲ့ မြေပုံကို ပုံစံ ၁၀၅၊ မြေရာဇဝင်ပါတဲ့စာရွက်ကို မြေရာဇဝင် ပုံစံ ၁၀၆ လို့ခေါ်ပြီး ၂ ရွက်ပေါင်းလိုက်တော့ မြေပုံ/မြေရာဇဝင် ဖြစ်သွားပါတယ်။

ပုံစံ ၁၀၅၊ ၁၀၆ ကို အရောင်းဝယ်စာချုပ် မှတ်ပုံတင်ပြုလုပ်ရာမှာ အသုံးပြုရုံတင် မဟုတ်ပါဘူး၊ အိမ် အသစ် ဆောက််ရင်/ အကြီးစားပြင်ရင်/ အဝီစိတွင်းတူးရင်/ မြေကွက်ခွဲရင်/ ခြံစည်းရိုးခတ်ချင်ရင်/ မှတ်တမ်းအဖြစ် သိမ်းထားချင်ရင်/ လယ် ယာမြေ လုပ်ပိုင်ခွင့်လျောက်ရင်/ ရောင်းချရင်/ အခြားသော မြေယာ ကိစ္စရပ်တွေမှာ အသုံးပြုရပါတယ်။ ပုံစံ ၁၀၅၊ ၁၀၆ ရှိနေရုံနဲ့ မြေပိုင်တာတော့ မဟုတ်ပါဘူး။ မြေနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကို မှန်မှန်ကန်ကန် သိနိုင်အောင် အသုံးပြုတာပါ။

ပုံစံ ၁၀၅၊ ၁၀၆ လိုချင်ရင် မြို့နယ် မြေစာရင်း/ မြို့တော်စည်ပင်/ အိုးအိမ် ဌာနများမှာ လျှောက်ထား ရယူနိုင် ပါတယ်။ ဌာန သုံးခုဖြစ်နေရတာက မြေနေရာအပေါ်မူတည်ပြီး စီမံတဲ့ ဌာန ကွဲသွားလို့ ဖြစ်ပါတယ်။ မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်းမှာ နေရင် "မြို့တော်စည်ပင်"၊ အိုးအိမ်ဌာန စီမံခန့်ခွဲတဲ့ မြေမှာဆိုရင် "အိုးအိမ်ဌာန"၊ ကျန်မြို့များမှာဆိုရင် "မြေစာရင်း/လယ်စီအင်း" ဌာနများမှာ ပုံစံ ၁၀၅၊ ၁၀၆ ကို လျှောက် ထားရယူနိုင်ပါတယ်။
credit original uploader

Address

Yangon
11041

Website

Alerts

Be the first to know and let us send you an email when Law For All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share