02/09/2023
ဥပဒေဘွဲ့ရမဟုတ်တဲ့သူများ ရှေ့နေဖြစ်ချင်ပါက
တက်ရောက်ရမည့် ဥပဒေပညာ ဒီပလိုမာဘွဲ့
(PGDL)အကြောင်းအသေးစိတ်ရေးသားဖော်ပြလိုက်ပါတယ်
PGDLဆိုတာဘာလဲ။
PGDLဆိုတာ Post Graduate Diploma in Law
(ဥပဒေပညာ ဘွဲ့လွန် ဒီပလိုမာ)ဖြစ်ပါတယ်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၌၂၀၁၂ခုနှစ်တွင်
စတင်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။
မေး- ဘယ်သူတွေ တက်ရောက်သင့်တာလဲ?
ဖြေ- ရှေ့နေအဖြစ် အသက်မွေးလိုသူတွေ၊ဥပဒေ
ပညာကို တက္ကသိုလ်မှာ တက်ချင်ပေမယ့် အခြားဘွဲ့သင်ယူခဲ့ရသူတွေ တက်ရောက်သင့်ပါတယ်။
မေး- သင်တန်းကအောင်မြင်ရင် ရှေ့နေလိုင်စင်ရမှာလား?
ဖြေ- PGDL အောင်မြင်သူဟာ ဘွဲ့လက်မှတ်မှာ Post Graduate Diploma In Law Course is recognized as equivalent to Registered Lawyer Course, as this qualification is certified by Ministry of Education လို့ဆိုထားတဲ့အတွက် PGDL အောင်မြင်ပြီးတဲ့နောက် သတ်မှတ်ထားတဲ့ အလုပ်သင်ရှေ့နေ ကာလပြီးဆုံးတဲ့ အခါ ရှေ့နေလိုင်စင် ရမှာဖြစ်ပါတယ်။ချိန်ဘာဆင်းရပါတယ်။
မေး- လျှောက်ထားသူရဲ့ အရည်အချင်းတွေကရော ဘာတွေလိုမလဲ?
ဖြေ- ဥပဒေဘွဲ့မှအပ မည်သည့်တက္ကသိုလ်မှဖြစ်စေ ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရပါမယ်။ Online Course ဖြစ်တဲ့အတွက် မိမိ နေထိုင်ရာဒေသမှာ အင်တာနက်ကွန်ယက်ရှိရပါမယ်။ စာမေးပွဲဖြေတဲ့အခါမှာကွန်ပျူတာအသုံးပြုရ မှာဖြစ်လို့ ကွန်ပျူတာ ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူဖြစ်ရပါမယ်။
မေး-အသက်ကန့်သက်ချက်ရှိလား
ဖြေ-အသက်ကန့်သက်ချက်မရှိပါဘူး။
မေး- လျှောက်ထားတဲ့အခါ ဘယ်လိုလျှောက်ရမလဲ?
ဖြေ- အင်တာနက်ကွန်ယက်မှတစ်ဆင့် website လိပ်စာ ဖြစ်တဲ့ http://www.yudeonline.edu.mm မှ တစ်ဆင့် လျှောက်ထားရပါမယ်။
မေး- ဘာအချက်အလက်တွေ လိုအပ်လဲ?
ဖြေ-
၁။ အမည်
၂။ မှတ်ပုံတင်နံပါတ်
၃။ ဓာတ်ပုံ passport ပုံ soft copy
၄။ မွေးနေ့သက္ကရာဇ်
၅။ အလုပ်အကိုင်၊ လိပ်စာ၊ လုပ်သက်အတွေ့အကြုံ
၆။ Email လိပ်စာ၊ဖုန်းနံပါတ်
၇။ အဖအမည်၊ မှတ်ပုံတင်နံပါတ်၊အလုပ်အကိုင်၊နေရပ်လိပ်စာ
၈။ အမိအမည်၊ မှတ်ပုံတင်နံပါတ်၊အလုပ်အကိုင်၊နေရပ်လိပ်စာ
၉။ ဘွဲ့အမည်၊ မေဂျာ၊အထူးပြု၊ဘွဲ့လက်မှတ်မိတ္တူ
မေး- စာမေးပွဲကို ရန်ကုန်မှာ သွားဖြေရမှာလား?
ဖြေ- ဝင်ခွင့်ရ ကျောင်းသားကို email ကနေ အကြောင်းကြားမှာဖြစ်ပြီး ကိုယ်တိုင်ဖြစ်စေ လူစားဖြင့် ဖြစ်စေ ကျောင်းအပ်နိုင်ပြီး ၅ လ semester တစ်ခုအတွက် Face to Face ၂ကြိမ်နဲ့ စာမေးပွဲ ဖြေဖို့ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ရန်ကုန်မြို့ သထုံလမ်းမှာရှိတဲ့ အဝေးသင်တက္ကသိုလ်ကို သွားရောက်ရမှာဖြစ်ပါတယ်။
မေး- Face to Face ကဘာလဲ?
ဖြေ- သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး လူတွေ့ ရှင်းလင်းသင်ပြတာဖြစ်ပါတယ်။ Face to Face တစ်ကြိမ်ကို ၂ရက် ပြုလုပ်ပေးပါတယ်။
သင်ကြားတဲ့ဘာသာရပ်များအနေနဲ့ ပထမပညာသင်ကာလမှာ ဘာသာရပ် (၅) ခုရှိပါတယ်။
၁။ Law 6101 _ Criminal Law and Criminal Procedure Code
၂။ Law 6102 _ Family Law
၃။ Law 6103 _ Contract and Tort
၄။ Law 6104 _ Business Law and Labour Law
၅။ Law 6105 _ Land Law and Revenue Law
ပထမ ပညာသင်ကာလရဲ့ ဘာသာရပ် ၅ ခုကို တစ်ခုလျှင် စာစဉ် အဖြေတစ်ခု တင်ရပြီး၊ တစ်နာရီအတွင်း မေးခွန်း ၆၀ အပြီးဖြေရတဲ့ ကျူတိုရီရယ် တစ်ခု ဖြေရပါတယ်။ ကြားထဲမှာ face to face နှစ်ကြိမ် သင်ယူရပါတယ်။
ပြီးလျှင် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ သွားရောက်ကာ ကွက်လပ်ဖြည့် ၂၀၊ အမှန်ရွေး ၄၀၊ မှားမှန်ရွေး ၄၀ ၊မေးခွန်းတို ၁၀၊ စုစုပေါင်း မေးခွန်း ၁၁၀ ကို ၃ နာရီအတွင်း ဖြေဆိုရပါတယ်။
ဘာသာရပ်တစ်ခုလျှင် ၆၀ မှတ်ရရင် အောင်တယ်ဆိုပါတယ်။ (ဘွဲ့လွန်အောင်မှတ်တွေက ၆၅ ပါ။ ဖြေဆိုသူတွေသိတာက ၆၀ ပါ။ moderation လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆိုပါတယ် လို့ post မှာသုံးထားတာပါ။)
ဒုတိယပညာသင်ကာလအတွက်တော့
၁။ Law 6106 _ Civil Procedure Code
၂။ Law 6107 _ The Evidence Act
၃။ Law 6108 _ Constitutional Law and Administrative Law
၄။ Law 6109 _ International Law
တို့သင်ကြားရပါတယ်။
ဖြေဆိုပုံအောင်မြင်ပုံက ပထမပညာသင်ကာလအတိုင်းဖြစ်ပါတယ်။
ပြီးတော့ဒုတိယပညာသင်ကာလမှာ ဘွဲ့ယူစာတမ်းတစ်ခုတင်သွင်းပြီး အဆိုပါစာတမ်းအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့သွားရောက်ကာ လူတွေ့စစ်ဆေးမှုခံယူရပါတယ်။
အားလုံးကို english ဘာသာရပ်အသုံးပြု၊ ဆက်သွယ်ရေးကွန်ရက်ကြားခံထားသင်ကြားသင်ယူဖြေဆိုရတာပါ။
မေး- သင်တန်းသား ဘယ်လောက်လက်ခံမှာလဲ?
ဖြေ- Batch 13 မှစတင်ပြီး သင်တန်းသား ၁၀၀ လက်ခံသင်ကြားပေးပါတယ်။ယခင်က သင်တန်းသား ၅၀ သာလက်ခံပါတယ်။
မေး-အခုတက်ချင်လို့တက်လို့ရနိုင်မလား
ဖြေ-👇
Crd - မူရင်း