Maha Vertex Legal & Accounting Firm

Maha Vertex Legal & Accounting Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maha Vertex Legal & Accounting Firm, Lawyer & Law Firm, Taw Win Center, Room 015/016, B1 Floor, 45 Pyay Road, Yangon.

သင့်လုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ "Brand နာမည်နဲ့ Logo" ကို သူများဦးမသွားအောင် ကာကွယ်ထားပြီးပြီလား? လုပ်ငန်းတစ်ခု စတင်...
29/05/2026

သင့်လုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ "Brand နာမည်နဲ့ Logo" ကို သူများဦးမသွားအောင် ကာကွယ်ထားပြီးပြီလား?

လုပ်ငန်းတစ်ခု စတင်တဲ့အခါ Marketing တွေအများကြီးလုပ်၊ ကြော်ငြာစရိတ်တွေ အများကြီးသုံးပြီး ကိုယ့်ရဲ့ Brand လေးကို လူသိများအောင်၊ ဖောက်သည်တွေ ယုံကြည်လာအောင် အချိန်ယူ တည်ဆောက်ကြရပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တော်တော်များများဟာ အရမ်းအရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်တဲ့ "ကုန်အမှတ်တံဆိပ် (Trademark) မှတ်ပုံတင်ခြင်း" ကိုတော့ မေ့လျော့နေတတ်ကြပါတယ်....

ကိုယ့်ရဲ့ Brand နာမည်နဲ့ Logo ကို တရားဝင် မှတ်ပုံမတင်ထားဘူးဆိုရင် အချိန်မရွေး အရှုပ်အရှင်းတွေနဲ့ရင်ဆိုင်လာရနိုင်ပါတယ်

အရင်တင်သူက ပိုင်ဆိုင်ခွင့်ရခြင်း
မြန်မာနိုင်ငံရဲ့ ကုန်အမှတ်တံဆိပ် ဥပဒေသစ်အရ "ကိုယ်က အရင်စသုံးခဲ့တာပဲ၊ လူသိများနေတာပဲ" ဆိုတဲ့ အကြောင်းပြချက်နဲ့ အကာအကွယ်ရယူလို့ မရတော့ပါဘူး။ ကိုယ်က အရင်သုံးခဲ့ပေမယ့် မှတ်ပုံမတင်ထားရင်၊ နောက်မှလာတဲ့သူ (သို့မဟုတ်) ပြိုင်ဘက်တစ်ဦးဦးက ကိုယ့်ထက်အရင် ဥပဒေအရ သွားရောက်မှတ်ပုံတင်လိုက်တာနဲ့ သူကသာ အဆိုပါ Brand ကို တရားဝင် ပိုင်ဆိုင်ခွင့် ရသွားမှာ ဖြစ်ပါတယ်...

ဆင်တူယိုးမှား အတုအပများထွက်လာခြင်း
ကိုယ့် Brand လေး နာမည်ရပြီး ဈေးကွက်ထဲ နေရာတစ်ခုရလာတဲ့အခါ၊ အခြားသူတွေက နာမည်ဆင်တူ၊ Logo ဆင်တူတွေနဲ့ အတုအပ ထုတ်လုပ်လာတတ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ဘက်က တရားဝင် မှတ်ပုံတင်ထားတာ မရှိဘူးဆိုရင် သူတို့ကို ဥပဒေအရ တားဆီးပိတ်ပင်ဖို့ အလွန်ခက်ခဲသွားပြီး၊ ကိုယ့်ရဲ့ ဖောက်သည်တွေနဲ့ ဝင်ငွေတွေပါ ဆုံးရှုံးရပါတော့တယ်

ငွေကြေးဖြင့် ခြိမ်းခြောက်ခံရခြင်း
အချို့သောသူများဟာ ဈေးကွက်ထဲက နာမည်ကြီးလာတဲ့၊ ဒါပေမယ့် မှတ်ပုံမတင်ရသေးတဲ့ Brand တွေကို လိုက်လံစောင့်ကြည့်ပြီး သူတို့နာမည်နဲ့ ကြိုတင် မှတ်ပုံတင်ထားတတ်ပါတယ်။ ပြီးမှ မူလပိုင်ရှင်ဖြစ်တဲ့ သင့်ဆီကို ဆက်သွယ်ပြီး အဆိုပါ Brand နာမည်ကို ဆက်သုံးချင်ရင် ငွေကြေးအမြောက်အမြားပေးဖို့ ခြိမ်းခြောက်တောင်းခံတတ်ကြပါတယ်...

လုပ်ငန်း၏ တန်ဖိုးရှိသော ပိုင်ဆိုင်မှု
ရေရှည်မှာ နာမည်ကြီးလာတဲ့ Brand တစ်ခုဟာ ငွေကြေးအရ တန်ဖိုးဖြတ်လို့ရတဲ့ ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာပါတယ်။ နောင်တစ်ချိန် လုပ်ငန်းကို ရောင်းချချင်တဲ့အခါပဲဖြစ်ဖြစ်၊ အခြားသူတွေကို Franchise ပေးချင်တဲ့အခါပဲဖြစ်ဖြစ် တရားဝင် မှတ်ပုံတင်ထားတဲ့ Brand (Registered Trademark) ကသာ အသိအမှတ်ပြု ခိုင်မာတဲ့ တန်ဖိုးတစ်ခု ဖြစ်ပါတယ်..

ဒါကြောင့် ကိုယ့်ရဲ့ ချွေးနှဲစာတွေ၊ အချိန်တွေ အများကြီးရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ထားတဲ့ လုပ်ငန်းနာမည်လေးကို သူများလက်ထဲ အလွယ်တကူ မပါသွားစေဖို့ အခုပဲ တရားဝင် မှတ်ပုံတင်ထားဖို့ အကြံပြုချင်ပါတယ်

သင့်လုပ်ငန်း၏ ကုန်အမှတ်တံဆိပ် (Brand & Logo) များကို ဥပဒေနှင့်အညီ မှန်ကန်စွာ မှတ်ပုံတင်နိုင်ရန် MAHA VERTEX သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်

📞 ဖုန်း - +95 99 44 990 430
📧 အီးမေးလ် - [email protected]
📍 လိပ်စာ - တော်၀င်စင်တာ၊ အခန်းအမှတ် ဘီ ၁၅ - ၁၆၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ပါတနာတွေနဲ့ ပေါင်းပြီး လုပ်ငန်းစတော့မယ်ဆိုရင် Shareholder Agreement ရှိပြီလား? သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး...
26/05/2026

ပါတနာတွေနဲ့ ပေါင်းပြီး လုပ်ငန်းစတော့မယ်ဆိုရင် Shareholder Agreement ရှိပြီလား?

သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့အခါ အစပိုင်းမှာတော့ အားလုံးက စိတ်တူကိုယ်တူနဲ့ အရမ်းကို တက်ကြွနေတတ်ကြပါတယ်...
ဒါပေမယ့် လုပ်ငန်းလေး နည်းနည်းကြီးထွားလာတဲ့အခါ (သို့မဟုတ်) အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ ငွေကြေးနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုတွေကနေတစ်ဆင့် မိတ်ဆွေတွေကြားမှာပါ ပြဿနာတွေ ကြီးကြီးမားမား ဖြစ်လာတတ်ပါတယ်

ဒီလိုအခြေအနေမျိုးတွေကို ကြိုတင်ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လုပ်ငန်းစတင်ကတည်းက ခိုင်မာတဲ့ "အစုရှယ်ယာရှင်များ သဘောတူစာချုပ် (Shareholders' Agreement - SHA)" ကို စနစ်တကျ ချုပ်ဆိုထားခြင်းပါပဲ

Shareholders' Agreement မှာ ဘာတွေ အဓိကပါဝင်သင့်လဲ?

၁။ ဆုံးဖြတ်ချက်ချမှတ်ခြင်း (Decision Making)
လုပ်ငန်းရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်မလဲဆိုတာက အရေးကြီးပါတယ်။ အစုရှယ်ယာ ၅၁% ရှိသူကချည်း ဆုံးဖြတ်ခွင့်ရှိတာလား၊ ဒါမှမဟုတ် အရေးကြီးတဲ့ ကိစ္စရပ်တွေ (ဥပမာ - ချေးငွေရယူခြင်း၊ လုပ်ငန်းချဲ့ထွင်ခြင်း) အတွက် ရှယ်ယာရှင်အားလုံးရဲ့ ၇၅% သဘောတူညီချက် လိုအပ်သလား ဆိုတာကို တိတိကျကျ ရေးဆွဲထားဖို့ လိုပါတယ်

၂။ အမြတ်ဝေစု ခွဲဝေခြင်း (Dividend Policy)
အမြတ်ငွေတွေကို ဘယ်အချိန်မှာ၊ ဘယ်လိုရာခိုင်နှုန်းနဲ့ ခွဲဝေမလဲ။ ရလာတဲ့ အမြတ်တွေအားလုံးကို ခွဲယူမှာလား (သို့မဟုတ်) လုပ်ငန်းချဲ့ထွင်ဖို့အတွက် အမြတ်ရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို ကုမ္ပဏီမှာ ပြန်လည်မြှုပ်နှံ (Reinvest) မလဲဆိုတာကို ကြိုတင်သဘောတူညီထားရပါမယ်

၃။ လုပ်ငန်းတွင် ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် လစာ (Sweat Equity & Salary)
ရှယ်ယာရှင်အချို့က ငွေပဲထည့်ပြီး အချို့က လုပ်ငန်းမှာ ကိုယ်တိုင်အချိန်ပေး ဝင်ရောက်လုပ်ကိုင်တဲ့အခါ၊ ဝင်လုပ်တဲ့သူကို လစာ (Salary) ဘယ်လောက်ပေးမလဲဆိုတာ သေချာသတ်မှတ်ထားဖို့ လိုပါတယ်။ ဒါမှသာ "ငါက ပိုပင်ပန်းတယ်၊ သူက ငွေထည့်ရုံနဲ့ အချောင်လာစားတယ်" ဆိုတဲ့ ခံစားချက်မျိုးတွေ ကင်းဝေးမှာပါ

၄။ ရှယ်ယာများ လွှဲပြောင်းရောင်းချခြင်း (Transfer of Shares)
ရှယ်ယာရှင်တစ်ယောက်က သူ့ရဲ့ရှယ်ယာတွေကို ရောင်းချင်တဲ့အခါ အခြားပြင်ပလူကို အလွယ်တကူ ရောင်းချခွင့်ပြုမှာလား။ ဒါမှမဟုတ် ကျန်ရှိနေတဲ့ လက်ရှိရှယ်ယာရှင်တွေကိုသာ ဦးစွာဝယ်ယူခွင့် (Right of First Refusal) ပေးရမလား ဆိုတာတွေဟာ ကုမ္ပဏီထဲကို လူစိမ်းတွေ ဝင်မလာအောင် ကာကွယ်ပေးနိုင်တဲ့ အရေးကြီးအချက် ဖြစ်ပါတယ်

၅။ ထွက်ပေါက်ဗျူဟာ (Exit Strategy)
ရှယ်ယာရှင်တစ်ဦးဦး သေဆုံးသွားလျှင်ဖြစ်စေ၊ လုပ်ငန်းကနေ နုတ်ထွက်ချင်လျှင်ဖြစ်စေ သူ့ရဲ့ရှယ်ယာတွေကို ကုမ္ပဏီက ဘယ်လိုတန်ဖိုးဖြတ် (Valuation) ပြီး ပြန်ဝယ်ယူမလဲဆိုတာကို ကြိုတင်ရေးဆွဲထားခြင်းက အနာဂတ်ပြဿနာတွေကို အများကြီး လျှော့ချပေးနိုင်ပါတယ်

ရှေ့နေတွေရဲ့ အခန်းကဏ္ဍ

အင်တာနက်ကနေ ရတဲ့ SHA Template တွေဟာ သင့်ကုမ္ပဏီရဲ့ ကိုယ်ပိုင်သဘာဝနဲ့ အတိအကျ ကိုက်ညီမှုမရှိနိုင်ပါဘူး... သင့်လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ၊ ရှယ်ယာရှင်တွေရဲ့ လိုအပ်ချက်တွေကို သေချာနားလည်ပြီး စိတ်ကြိုက်ရေးဆွဲပေးမယ့် (Customized) စာချုပ်မျိုးကသာ သင့်လုပ်ငန်းကို အမှန်တကယ် အကာအကွယ်ပေးနိုင်မှာပါ ...

သင့်ကုမ္ပဏီအတွက် ခိုင်မာတဲ့ Shareholders' Agreement တစ်ခု ရေးဆွဲလိုပါက (သို့မဟုတ်) လက်ရှိစာချုပ်တွေကို ပြန်လည်သုံးသပ်လိုပါက MAHA VERTEX သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်

📞 ဖုန်း - +95 99 44 990 430
📧 အီးမေးလ် - [email protected]
📍 လိပ်စာ - တော်၀င်စင်တာ၊ အခန်းအမှတ် ဘီ ၁၅ - ၁၆၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
(ရုံးခန်းသို့ ကိုယ်တိုင်လာရောက် ဆွေးနွေးလိုပါက အချိန်ကြိုတင် Booking ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်။)

စာချုပ်တစ်ခုရဲ့ အားနည်းချက်ကြောင့် သင့်လုပ်ငန်း ဘယ်လောက်အထိ နစ်နာသွားနိုင်လဲ? စီးပွားရေးလောကမှာ ယုံကြည်မှုက အရေးကြီးပေမယ...
25/05/2026

စာချုပ်တစ်ခုရဲ့ အားနည်းချက်ကြောင့် သင့်လုပ်ငန်း ဘယ်လောက်အထိ နစ်နာသွားနိုင်လဲ?

စီးပွားရေးလောကမှာ ယုံကြည်မှုက အရေးကြီးပေမယ့်၊ အဲဒီယုံကြည်မှုကို ခိုင်မာအောင် ထိန်းသိမ်းပေးတာကတော့ "တိကျသေချာတဲ့ စာချုပ်စာတမ်း (Solid Contracts)" တွေပဲ ဖြစ်ပါတယ်

လုပ်ငန်းရှင်တော်တော်များများဟာ အလုပ်တွေ အဆင်ပြေနေချိန်မှာ စာချုပ်ကို သိပ်အလေးမထားတတ်ကြပါဘူး... ဒါပေမယ့် တကယ်တမ်း သဘောထားကွဲလွဲမှုတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါမှ ဥပဒေအရ အကာအကွယ်မရဘဲ စာချုပ်ရဲ့ အရေးပါမှုကို နက်နက်ရှိုင်းရှိုင်း ခံစားရတတ်ပါတယ် ...

- ဘာကြောင့် စာချုပ်စာတမ်းတွေကနေတစ်ဆင့် ပြဿနာတွေ ဖြစ်လာရတာလဲ?

- ဒီလိုပြဿနာတွေကနေ သင့်လုပ်ငန်းကို ဘယ်လို ကာကွယ်မလဲ?

စာချုပ်ဆိုတာ ပြဿနာဖြစ်လာမှ တရားစွဲဖို့သက်သက် မဟုတ်ပါဘူး။ ပြဿနာတွေ မဖြစ်လာအောင် ကြိုတင်ကာကွယ်ပြီး၊ မိတ်ဆွေပါတနာတွေကြား ယုံကြည်မှုကို ရေရှည်တည်ဆောက်ပေးတဲ့ အကောင်းဆုံး ပြင်ဆင်မှုတစ်ခု ဖြစ်ပါတယ်

သင့်လုပ်ငန်းအတွက် ခိုင်မာသော ဥပဒေနှင့် စာရင်းအင်းဆိုင်ရာ အကြံဉာဏ်များ ရယူရန်နှင့် စိတ်ချရသော စာချုပ်စာတမ်းများ ရေးဆွဲရန် MAHA VERTEX သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

📞 ဖုန်း - +95 99 44 990 430
📧 အီးမေးလ် - [email protected]
📍 လိပ်စာ - တော်၀င်စင်တာ၊ အခန်းအမှတ် ဘီ ၁၅ - ၁၆၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ထိုင်းနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်း ၈ မျိုးတွင် နိုင်ငံခြားသားများ ခွင့်ပြုချက်မလိုဘဲ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်...
15/05/2026

ထိုင်းနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်း ၈ မျိုးတွင် နိုင်ငံခြားသားများ ခွင့်ပြုချက်မလိုဘဲ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်ရရှိတော့မည်

ထိုင်းအစိုးရအဖွဲ့ သည် နိုင်ငံခြားသားများ စီးပွားရေးလုပ်ကိုင်မှုဆိုင်ရာဥပဒေ (Alien Business Act) ကို ပြင်ဆင်ရန် မူအားဖြင့် သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်

ဤဥပဒေပြင်ဆင်ချက်အရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အောက်ပါ ဝန်ဆောင်မှုလုပ်ငန်း ၈ မျိုးကို လုပ်ကိုင်ရာတွင် အာဏာပိုင်များထံမှ အထူးခွင့်ပြုချက် တောင်းခံနေရန် မလိုအပ်တော့ဘဲ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပါတယ်

ကန့်သတ်ချက် ဖြေလျှော့ပေးမည့် လုပ်ငန်း (၈) မျိုးမှာ -
• ဆက်သွယ်ရေးလုပ်ငန်း
• ဘဏ္ဍာရေး စီမံခန့်ခွဲမှုလုပ်ငန်း
• လုပ်ငန်းတွင်း စီမံခန့်ခွဲမှုလုပ်ငန်း
• ပြည်တွင်း အကြွေးခံဝန်/အာမခံပေးသည့်လုပ်ငန်း
• ရေနံတူးဖော်ရေးလုပ်ငန်း
• ငွေချေးလုပ်ငန်း
• ပွဲစား၊ အရောင်းအဝယ် နှင့် အကြံပေးလုပ်ငန်းများ (Derivatives Act ဥပဒေတွင် အကျုံးမဝင်သော ရန်ပုံငွေစီမံခန့်ခွဲမှု အပါအဝင်)
• နေရာငှားရမ်းသည့်လုပ်ငန်း

ယခုလို ဘာကြောင့် ဖြေလျှော့ပေးရသလဲ?
ထိုင်းအစိုးရအဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn က "လက်ရှိအချိန်တွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံခြားသား ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း အပြည့်အဝရှိနေပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် အစိုးရအဖွဲ့က သဘောတူညီခဲ့ခြင်းဖြစ်သည်" ဟု ရှင်းလင်းပြောကြားခဲ့ပါတယ်

ဥပဒေသာမက သင့်လုပ်ငန်းရဲ့ ဝင်ငွေစီးဆင်းမှု (Business Transactions) ကိုပါ အမှန်တကယ်နားလည်တဲ့ ရှေ့နေမျိုး သင့်ဆီမှာ ရှိပြီလား?
စီးပွားရေးသဘာဝကို သေချာနားလည်ပြီး သင့်လုပ်ငန်းနဲ့ အတိအကျကိုက်ညီမယ့် ဥပဒေအကာအကွယ်တွေ ရယူဖို့ MAHA VERTEX ထံ ယခုပဲ ဆက်သွယ်လိုက်ပါ

+95 99 44 990 430 သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
အီးမေးလ် - [email protected]
လိပ်စာ - တော်၀င်စင်တာ၊ အခန်းအမှတ် ဘီ ၁၅ - ၁၆၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

**ပုံတစ်ခုခြင်းစီမှာ လုပ်ငန်းအမျိုးအစား detail နဲ့ လုပ်ငန်းဥပမာလေးတွေပါထည့်ပေးထားပါသည်*

စာရင်းကိုင် (Accountant) နဲ့ ငွေကိုင် (Cashier) တာဝန်တွေကို ဘာကြောင့် တစ်ယောက်တည်းကို ပူးတွဲမပေးသင့်တာလဲ? 🤔လုပ်ငန်းစတင်ခ...
13/05/2026

စာရင်းကိုင် (Accountant) နဲ့ ငွေကိုင် (Cashier) တာဝန်တွေကို ဘာကြောင့် တစ်ယောက်တည်းကို ပူးတွဲမပေးသင့်တာလဲ? 🤔

လုပ်ငန်းစတင်ခါစ ဒါမှမဟုတ် ဝန်ထမ်းအင်အား သိပ်မများသေးတဲ့ လုပ်ငန်းလေးတွေမှာ လစာစရိတ် သက်သာစေဖို့အတွက် ငွေလက်ခံ/ငွေထုတ်ပေးတဲ့ တာဝန် (Cashier) နဲ့ စာရင်းသွင်းတဲ့တာဝန် (Accountant) ကို လူတစ်ယောက်တည်းကိုပဲ ပူးတွဲတာဝန်ပေးတတ်ကြပါတယ်

တကယ်တော့ ဒါဟာ လုပ်ငန်းစီမံခန့်ခွဲမှုစံနှုန်း Company တစ်ခုရဲ့ Governance အရဆိုရင် အင်မတန် အန္တရာယ်များတဲ့ အလေ့အထတစ်ခုပါ.... ငွေကြေးစီမံခန့်ခွဲမှုမှာ မဖြစ်မနေထားရှိရမယ့် ရွှေစည်းမျဉ်းကတော့ "Segregation of Duties (တာဝန်တွေကို သီးခြားခွဲခြားထားခြင်း)" ပဲဖြစ်ပါတယ်...

အလွယ်ဆုံး မှတ်ထားရမယ်ဆိုရင်တော့ "စာရင်းမှတ်သူက ငွေကို မကိုင်ရ၊ ငွေကိုင်သူက စာရင်းကို မမှတ်ရ" ဆိုတဲ့ မူဝါဒလေးပါပဲ...

ဘာလို့လဲဆိုတော့ လူတစ်ယောက်တည်းက ငွေလည်းကိုင်၊ စာရင်းလည်းသွင်းခွင့် ရှိနေမယ်ဆိုရင် ငွေကြေးလွဲမှားပျောက်ဆုံးမှုတွေကို အလွယ်တကူ ဖုံးကွယ်ထားနိုင်ပြီး အောက်ပါ ငွေကြေးလိမ်လည်မှုပုံစံတွေကို ကျူးလွန်ဖို့ လွယ်ကူသွားလို့ပါ ...

၁။ စာရင်းမသွင်းဘဲ ငွေကြိုယူခြင်း (Cash Skimming)
ဖောက်သည်ဆီက အရောင်းဖိုးငွေကို လက်ခံရရှိပေမယ့်၊ အဲဒီငွေကို ကုမ္ပဏီစာရင်း (System/Ledger) ထဲ လုံးဝမသွင်းဘဲ ဖယ်ထုတ်ထားလိုက်တာမျိုးပါ။ ကိုယ်တိုင်က စာရင်းကိုင်ဖြစ်နေတော့ ဒီအရောင်းအဝယ်ဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို စာရင်းထဲမှာ အလွယ်တကူ ဖျောက်ပစ်လို့ရသွားပါတယ်...

၂။ အကြွေးတွေကို လှည့်ပတ်ဖုံးကွယ်ခြင်း
ဒါကတော့ ရှာဖွေဖော်ထုတ်ဖို့ တော်တော်လေးခက်ခဲတဲ့ ပုံစံပါ...
ဥပမာ - ဖောက်သည် (က) ဆီက အကြွေးဆပ်ငွေ ရလာချိန်မှာ စာရင်းမသွင်းဘဲ ယူသုံးလိုက်ပါတယ်...
နောက်ရက်မှာ ဖောက်သည် (ခ) ဆီက ငွေထပ်ရလာတဲ့အခါ အဲဒီငွေကို (ခ) ရဲ့ စာရင်းမှာမသွင်းဘဲ၊ အရင်ယူသုံးထားတဲ့ (က) ရဲ့ စာရင်းမှာ သွားပိတ်ပေးလိုက်တာမျိုးပါ... ငွေကိုင်နဲ့ စာရင်းကိုင် တစ်ယောက်တည်း ဖြစ်နေရင် ဒီလိုမျိုး ငွေတွေကို တစ်ခုပြီးတစ်ခု လှည့်ပတ်ဖုံးကွယ်ပြီး ကာလရှည်ကြာ လုပ်ဆောင်သွားနိုင်ပါတယ်...

၃။ ဘောင်ချာတု၊ အသုံးစရိတ်တုများ ဖန်တီးခြင်း
ငွေထုတ်ပေးခွင့်လည်းရှိ၊ စာရင်းသွင်းခွင့်လည်း ရှိနေတဲ့အခါ တကယ်မရှိတဲ့ အသုံးစရိတ်တွေ (ဥပမာ - ရုံးသုံးပစ္စည်းဝယ်တာ၊ ကားဆီဖိုး၊ ပြုပြင်စရိတ် စတာတွေ) ကို ဘောင်ချာတုတွေ ဖန်တီးပြီး စာရင်းပြ ငွေထုတ်ယူတာမျိုး ဖြစ်ပါတယ်...

၄။ စာရင်းများကို ပြန်ဖျက်သိမ်းခြင်း
အရောင်းအဝယ်ဖြစ်စဉ်မှာ ဖောက်သည်ကို ငွေလက်ခံပြေစာ (Receipt) ထုတ်ပေးလိုက်ပြီး ငွေကို လက်ခံရယူလိုက်ပါတယ်။ ဒါပေမယ့် ဖောက်သည် ပြန်ထွက်သွားတဲ့အခါ System ထဲက အဲဒီအရောင်းဘောင်ချာကို "Void (ပယ်ဖျက်သည်)" သို့မဟုတ် "Customer Return (ပစ္စည်းပြန်အမ်းသည်)" ဆိုပြီး အကြောင်းပြချက်ပြောင်း စာရင်းဖျက်ကာ ငွေကို ဖယ်ထုတ်ယူလိုက်တာမျိုးပါ...

ဒါဆို ဒီလိုပြဿနာမျိုးတွေ မဖြစ်လာအောင် ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ? 🛡️

✅ Maker & Checker စနစ်ကို ကျင့်သုံးပါ
ငွေလက်ခံ/ထုတ်ပေးသူ (Maker) က သီးသန့်ဖြစ်ရမှာဖြစ်ပြီး၊ အဲဒီ ငွေပေးချေမှု မှန်/မမှန်ကို စာရင်းသွင်း စစ်ဆေးမယ့်သူ (Checker / Accountant) က သီးခြားလူတစ်ဦး ဖြစ်ရပါမယ်...

✅ SOP များ တိကျစွာ ချမှတ်ပါ
ငွေကြေးစီးဆင်းမှု အဆင့်ဆင့်အတွက် တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်း (Standard Operating Procedures - SOP) တွေ ရေးဆွဲထားပါ

✅ ရုတ်တရက် စစ်ဆေးခြင်း
- စာရင်းရှိငွေနဲ့ လက်ကျန်ငွေ ကိုက်ညီမှု ရှိ/မရှိကို ကြိုတင်အသိမပေးဘဲ ပုံမှန် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ပေးပါ

ကိုယ့်လုပ်ငန်းမှာရော ဒီလိုငွေကြေးယိုပေါက်လေးတွေ ရှိနေနိုင်မလား
ပိုပြီးခိုင်မာတဲ့ ငွေကြေးစီမံခန့်ခွဲမှု SOP တွေ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ MAHA VERTEX ရဲ့ ကျွမ်းကျင်တဲ့ စာရင်းကိုင်နဲ့ စာရင်းပညာကိုနားလည်တဲ့ဥပဒေအကြံပေးအဖွဲ့ဆီကို နွေးထွေးစွာ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

ဖုန်း - +95 99 44 990 430
အီးမေးလ် - [email protected]
လိပ်စာ - တော်၀င်စင်တာ၊ အခန်းအမှတ် ဘီ ၁၅ - ၁၆၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

သင့်လုပ်ငန်းရဲ့ဝင်ငွေစီးဆင်းမှု Business Transactions ကို အမှန်တကယ်နားလည်တဲ့ Corporate Lawyer မျိုး သင့်ကုမ္ပဏီမှာရှိပြီ...
13/05/2026

သင့်လုပ်ငန်းရဲ့ဝင်ငွေစီးဆင်းမှု Business Transactions ကို အမှန်တကယ်နားလည်တဲ့ Corporate Lawyer မျိုး သင့်ကုမ္ပဏီမှာရှိပြီလား?

စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ နေ့စဉ်လည်ပတ်မှု Operations နဲ့ Value Chain နဲ့ ငွေကြေးစီးဆင်းမှု အဆင့်ဆင့်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတဲ့ ရှေ့နေတွေ ရေးဆွဲပေးတဲ့ စာချုပ်တွေဟာ လက်တွေ့မှာ အသုံးဝင်ပြီး လုပ်ငန်းတိုးတက်မှုကို များစွာ အထောက်အကူပြုစေပါတယ်

လုပ်ငန်းတိုင်းမှာ ကိုယ့်လုပ်ငန်းရဲ့ သီးသန့်သဘာဝ၊ ဝင်ငွေရမယ့် ပုံစံတွေနဲ့ အတိအကျ ကိုက်ညီအောင် စိတ်ကြိုက်ရေးဆွဲထားတဲ့ Customized Contractတွေ ရှိထားဖို့ လိုအပ်ပါတယ်... ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ ဖြစ်လာနိုင်တဲ့ အမှားအယွင်းတွေနဲ့ ဆုံးရှုံးမှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကိုယ့်ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်တွေနဲ့ အံဝင်ခွင်ကျဖြစ်မယ့် SOP Standard Operating Procedures တွေ ဖန်တီးပေးနိုင်တဲ့ ဥပဒေအကြံပေးမျိုး ရှိထားဖို့လည်း အရေးကြီးပါတယ်...

ဒီလိုလိုအပ်ချက်တွေအတွက် MAHA VERTEX က ဥပဒေအကြံပေးတွေ၊ ရှေ့နေတွေဟာ သင့်လုပ်ငန်းရဲ့ စီးပွားရေးသဘာဝကို သေချာနားလည်အောင် အရင်ဆုံး လေ့လာပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်...

✅ သင့်လုပ်ငန်းရဲ့ Business Nature နဲ့ ငွေပေးချေမှုပုံစံတွေကို အရင်ဆုံး အသေးစိတ် လေ့လာပါတယ်

✅ Client တွေ၊ Supplier တွေနဲ့ ချုပ်ဆိုမယ့် စာချုပ်တွေကို အရှုံးမရှိစေဖို့ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီအောင် စိတ်ကြိုက် Customize သေချာရေးဆွဲပေးပါတယ်

✅ ကုမ္ပဏီတွင်း လုပ်ငန်းလည်ပတ်မှုတွေအတွက် ခိုင်မာတဲ့ SOP တွေကို ဥပဒေဘောင်အတွင်းကနေ စနစ်တကျ တည်ဆောက်ပေးပါတယ်

သင့်လုပ်ငန်းလည်ပတ်မှု ယန္တရားတစ်ခုလုံးကို သေချာနားလည်ပြီး အကျိုးအမြတ်ကို အပြည့်အဝကာကွယ်ပေးနိုင်မယ့် "Business-Minded Corporate Lawyers" တွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်

စီးပွားရေးနားလည်တဲ့ ဥပဒေအကြံပေးတွေနဲ့အတူ သင့်ကုမ္ပဏီကို A Fortress of Trust တစ်ခုအဖြစ် တည်ဆောက်ဖို့ MAHA VERTEX ကို ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်

ဖုန်း - +95 99 44 990 430
အီးမေးလ် - [email protected]
လိပ်စာ - တော်၀င်စင်တာ၊ အခန်းအမှတ် ဘီ ၁၅ - ၁၆၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

စီးပွားရေးလောကမှာ ယုံကြည်မှုတစ်ခုတည်းနဲ့ အလုပ်လုပ်လို့ မရသလို၊ စာရင်းအင်းမှားယွင်းမှုတွေကြောင့်လည်း အရှုံးမပေါ်သင့်ပါဘူး...
08/05/2026

စီးပွားရေးလောကမှာ ယုံကြည်မှုတစ်ခုတည်းနဲ့ အလုပ်လုပ်လို့ မရသလို၊ စာရင်းအင်းမှားယွင်းမှုတွေကြောင့်လည်း အရှုံးမပေါ်သင့်ပါဘူး!

လုပ်ငန်းတစ်ခု စတင်ဖို့ ပြင်ဆင်နေပါသလား?
ရှယ်ယာရှင်တွေအကြား ပြဿနာတက်ခြင်း၊ ဝန်ထမ်းတွေက ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ဖောက်ဖျက်ခြင်း၊ Client တွေနဲ့ အငြင်းပွားခြင်းတွေ မဖြစ်ရအောင် ဥပဒေနဲ့အညီ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်သလို၊ လက်ရှိလုပ်ငန်းရဲ့ စာရင်းအင်းနဲ့ အခွန်ကိစ္စတွေအတွက်လည်း ခေါင်းခဲနေစရာ မလိုတော့ပါဘူး။

လုပ်ငန်းရှင်တွေအနေနဲ့ မိမိရဲ့ စီးပွားရေး တိုးတက်မှုကိုပဲ အာရုံစိုက်ပါ။ ရှုပ်ထွေးလှတဲ့ ဥပဒေရေးရာ၊ စာချုပ်စာတမ်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို MAHA VERTEX Legal & Accounting Firm ထံ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ

ကျွန်ုပ်တို့ထံတွင် သင့်လုပ်ငန်းအတွက် အသက်သွေးကြောဖြစ်မည့် ဝန်ဆောင်မှုများကို One-stop Service ရယူနိုင်ပါပြီ -
✅ ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်ရာ လိုင်စင်များ လျှောက်ထားပေးခြင်း

✅ လစဉ် စာရင်းရေးဆွဲခြင်း၊ စာရင်းစစ်ခြင်းနှင့် အခွန်ကြေညာလွှာ တင်သွင်းပေးခြင်း

📝 အစုစပ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ (Partnership & Commercial Contracts) ရေးဆွဲပေးခြင်း

📝 ဝန်ထမ်းခန့်ထားရေးနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းရေး စာချုပ်များ (Employment & NDAs) ရေးဆွဲပေးခြင်း

⚖️ တရားဝင် နို့တစ်စာများ ပေးပို့ခြင်း၊ စီးပွားရေးဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် အမှုအခင်းများ ဖြေရှင်းခြင်း၊ ဥပဒေရေးရာ အကြံပေးခြင်း

လုပ်ငန်းရှင်တို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့အညီ ဟာကွက်မရှိ အတိအကျ အကာအကွယ်ပေးမည့်အပြင်၊ နိုင်ငံတကာစံနှုန်းမီ လုံခြုံရေး၊ လျှို့ဝှက်ချက်ထိန်းသိမ်းမှု အပြည့်အဝဖြင့် ဆောင်ရွက်ပေးနေပါသည်။

မိမိလုပ်ငန်းနဲ့ ကိုက်ညီမယ့် ဥပဒေရေးရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်တွေကို အခမဲ့ ကနဦး ဆွေးနွေးတိုင်ပင်ဖို့ ယခုပဲ ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ...

📞 ဖုန်း - +95 99 44 990 430
📧 အီးမေးလ် - [email protected]
📍 လိပ်စာ - တော်၀င်စင်တာ၊ အခန်းအမှတ် ဘီ ၁၅ - ၁၆၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

MAHA VERTEX Legal & Accounting Firm မှ စီးပွားရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော HR နှင့် အလုပ်ခန့်ထားမှုဆိုင်ရာ စာခ...
07/05/2026

MAHA VERTEX Legal & Accounting Firm မှ စီးပွားရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော HR နှင့် အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်စာတမ်းပုံစံ (Templates) များကို အောက်ပါ Link တွင် အခမဲ့ ဝင်ရောက်ရယူနိုင်ပါပြီ -

Download ရယူရန် Link: https://bit.ly/3OPhTnR

အသိပေးချက် -
အကယ်၍ လင့်ခ် (Link) ဝင်၍မရခြင်း (သို့မဟုတ်) အကောင့်ဝင် (Login) လုပ်ရန် အခက်အခဲရှိပါက လူကြီးမင်း၏ အီးမေးလ် (Email) ကို Comment တွင် ချန်ထားခဲ့ပေးပါ Google Drive မှတစ်ဆင့် တိုက်ရိုက် ပြန်လည် Share ပေးသွားပါမည်။

လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များနှင့်အညီ စိတ်ကြိုက် ပြင်ဆင်အသုံးပြုနိုင်ပါသည်။ မိမိလုပ်ငန်းအတွက် ပိုမိုတိကျခိုင်မာသော သီးသန့် စာချုပ်စာတမ်းများ (Customized Contracts) ရေးဆွဲလိုပါက MAHA VERTEX သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

ဖုန်းနံပါတ်: +95 99 44 990 430
အီးမေးလ်: [email protected]

လုပ်ငန်းရှင်များအတွက် ရရန်ရှိ ကြွေးမြီများ တောင်းခံခြင်း (Debt Recovery) နှင့် ချက်လက်မှတ် (Cheque) ပြဿနာများကို ဥပဒေနှင...
03/05/2026

လုပ်ငန်းရှင်များအတွက် ရရန်ရှိ ကြွေးမြီများ တောင်းခံခြင်း (Debt Recovery) နှင့် ချက်လက်မှတ် (Cheque) ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်း

စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် ကုန်ပစ္စည်းများကို အကြွေးစနစ်ဖြင့် ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးပြီးမှ ငွေပေးချေစေခြင်းများ ပြုလုပ်ရာ၌ ရရန်ရှိသော ငွေကြေးများကို အချိန်မီ ပြန်လည်မရရှိခြင်းသည် လုပ်ငန်း၏ ဘဏ္ဍာရေး စီးဆင်းမှုကို ကြီးမားစွာ ထိခိုက်စေပါသည်။ ထို့အပြင် ငွေပေးချေရာတွင် အသုံးပြုသော ချက်လက်မှတ် (Cheque) များတွင် ငွေမလုံလောက်ဘဲ (Bounced Cheque / Dishonoured Cheque) ဖြစ်ပေါ်မှုများသည်လည်း မကြာခဏ ကြုံတွေ့ရတတ်သော ဥပဒေရေးရာ ပြဿနာများ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ဤကဲ့သို့သော ငွေကြေးဆိုင်ရာ အငြင်းပွားမှုများကို အောက်ပါအတိုင်း ဥပဒေနှင့်အညီ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်နိုင်ပါသည်-
ဥပဒေအရ သတိပေးစာ ပေးပို့ခြင်း (Sending a Legal Notice)
ကြွေးမြီပေးဆပ်ရန် ပျက်ကွက်နေသူ သို့မဟုတ် ငွေမလုံလောက်သော ချက်လက်မှတ် ထုတ်ပေးသူထံသို့ သတ်မှတ်ရက်အတွင်း ငွေပေးချေရန် ရှေ့နေမှတစ်ဆင့် ဥပဒေအရ သတိပေးစာ (Demand Notice) ကို တရားဝင် ပေးပို့တောင်းခံခြင်း ဖြစ်ပါသည်။ များသောအားဖြင့် ဤအဆင့်တွင်ပင် ပြေလည်မှုရရှိတတ်ပါသည်။

တရားမကြောင်းအရ တရားစွဲဆိုခြင်း (Civil Lawsuit for Recovery of Money)
သတိပေးစာ ပေးပို့သော်လည်း ပေးဆပ်ရန် ပျက်ကွက်နေဆဲဖြစ်ပါက၊ ရရန်ရှိသော ငွေကြေးနှင့်တကွ နစ်နာကြေးများကိုပါ တောင်းခံနိုင်ရန် သက်ဆိုင်ရာ တရားရုံးတွင် တရားမကြောင်းအရ ငွေရလိုမှုဖြင့် တရားစွဲဆိုနိုင်ပါသည်။ ဤနေရာတွင် ခိုင်လုံသော စာချုပ်စာတမ်းများ၊ ဘောက်ချာများနှင့် အထောက်အထားများ ရှိရန် အထူးလိုအပ်ပါသည်။

ပြစ်မှုကြောင်းအရ အရေးယူခြင်း (Criminal Action)
ချက်လက်မှတ် ထုတ်ပေးသူသည် လိမ်လည်လိုသော ရည်ရွယ်ချက် (Fraudulent Intent) ဖြင့် ဘဏ်စာရင်းတွင် ငွေမရှိမှန်းသိလျက်နှင့် ချက်လက်မှတ်ကို တမင်ထုတ်ပေးခြင်းဖြစ်ကြောင်း ခိုင်လုံစွာ သက်သေပြနိုင်ပါက ရာဇသတ်ကြီးဥပဒေအရ လိမ်လည်မှုဖြင့် ပြစ်မှုကြောင်းအရပါ အရေးယူနိုင်ပါသည်။

လုပ်ငန်းရှင်များအနေဖြင့် ကြွေးမြီများ တောင်းခံရာတွင် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း သို့မဟုတ် လူမှုကွန်ရက်ပေါ်တွင် အသရေဖျက်ခြင်းများ ပြုလုပ်ပါက မိမိဘက်မှ ပြန်လည်၍ ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ဥပဒေဘောင်အတွင်းမှသာ မှန်ကန်စွာ ဖြေရှင်းရန် အကြံပြုအပ်ပါသည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ကြွေးမြီများ ပြန်လည်တောင်းခံခြင်းဆိုင်ရာ ဥပဒေအရ သတိပေးစာများ ပေးပို့ခြင်း၊ တရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးခြင်းနှင့် ခိုင်လုံသော စီးပွားရေးစာချုပ်စာတမ်းများ ရေးဆွဲခြင်းတို့အတွက် MAHA VERTEX Legal & Accounting Firm သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်တိုင်ပင်နိုင်ပါသည်။

Maha Vertex Legal & Accounting Firm
Ph - 09944990430
Email - [email protected]

' '

လုပ်ငန်းရှင်များ အထူးသတိပြုသင့်သော လုပ်ငန်းတွင်း ပြစ်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ မှုခင်းများ (Corporate & Financial Cri...
02/05/2026

လုပ်ငန်းရှင်များ အထူးသတိပြုသင့်သော လုပ်ငန်းတွင်း ပြစ်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ မှုခင်းများ (Corporate & Financial Crimes)

စီးပွားရေးလုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြင်ပပြိုင်ဘက်များ၏ အန္တရာယ်သာမက လုပ်ငန်းတွင်းမှ ပေါ်ပေါက်လာနိုင်သော ငွေကြေးဆိုင်ရာ ပြစ်မှုများနှင့် အချက်အလက် ပေါက်ကြားမှု အန္တရာယ်များကိုပါ အထူးဂရုပြုရန် လိုအပ်ပါသည်။

အောက်ပါ ပြစ်မှုများသည် ကုမ္ပဏီကို ရုတ်တရက် ပြိုလဲသွားစေနိုင်သည့်အထိ ဆိုးရွားသော သက်ရောက်မှုများ ရှိနိုင်ပါသည်-

စီးပွားရေး လျှို့ဝှက်ချက်နှင့် သတင်းအချက်အလက်များ ခိုးယူခံရခြင်း (Theft of Trade Secrets & Confidential Data)
ကုမ္ပဏီ၏ ဝန်ထမ်းများ သို့မဟုတ် အစုရှယ်ယာရှင်အချို့မှ ကုမ္ပဏီ၏ ဖောက်သည်စာရင်းများ (Client Lists)၊ ဈေးကွက်ဗျူဟာများ၊ ဈေးနှုန်းသတ်မှတ်ချက်များနှင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ရယူ၍ ပြိုင်ဘက်ကုမ္ပဏီများထံ ရောင်းချခြင်း သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်းခွဲ ထူထောင်ရာတွင် အသုံးပြုခြင်း။

ဒါရိုက်တာများမှ ကုမ္ပဏီပိုင်ဆိုင်မှုကို အလွဲသုံးစားပြုခြင်း (Corporate Embezzlement)
ကုမ္ပဏီ၏ ဘဏ္ဍာငွေများကို မိမိ၏ ကိုယ်ပိုင်ဘဏ်စာရင်းသို့ လွှဲပြောင်းသုံးစွဲခြင်း၊ ကုမ္ပဏီပိုင် ပစ္စည်းများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခြင်း။ ဤလုပ်ရပ်များသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပါ ဒါရိုက်တာများ၏ တာဝန်ဝတ္တရား (Directors' Duties) ကို တိုက်ရိုက် ချိုးဖောက်ခြင်း ဖြစ်ပါသည်။

အခွန်ရှောင်လွှဲခြင်းနှင့် ဘဏ္ဍာရေးစာရင်း လိမ်လည်မှု (Tax Evasion & Financial Statement Fraud)
ဝင်ငွေများကို တမင်လျှော့ပေါ့ပြခြင်း သို့မဟုတ် တကယ့်လက်တွေ့တွင် မရှိသော ကုန်ကျစရိတ်များကို ဖန်တီး၍ အခွန်ရှောင်လွှဲခြင်း။ ၎င်းသည် နိုင်ငံတော်အား နစ်နာစေသော ပြစ်မှုဖြစ်ပြီး၊ စစ်ဆေးတွေ့ရှိပါက ပြင်းထန်သော ဒဏ်ကြေးများနှင့် တရားစွဲဆိုမှုများကို ခံရနိုင်ပါသည်။

ဤကဲ့သို့သော လုပ်ငန်းတွင်း ပြစ်မှုများကို ကာကွယ်ရန်-
၁။ ဝန်ထမ်းများ၊ စီးပွားဖက်များနှင့် အချက်အလက်များ မပေါက်ကြားစေရေး သဘောတူစာချုပ် (Non-Disclosure Agreement - NDA) နှင့် ပြိုင်ဘက်လုပ်ငန်းတွင် မလုပ်ကိုင်ရန် သဘောတူစာချုပ် (Non-Compete Agreement - NCA) များကို စနစ်တကျ ချုပ်ဆိုထားရပါမည်။

၂။ ကုမ္ပဏီ၏ ငွေစာရင်းများကို ပွင့်လင်းမြင်သာမှုရှိစေရန် ပြင်ပစာရင်းစစ် (External Auditor) များဖြင့် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ရပါမည်။

၃။ ကုမ္ပဏီတွင်း ငွေကြေးစီးဆင်းမှု ထိန်းချုပ်ရေးစနစ် (Internal Financial Controls) ကို တင်းကျပ်စွာ ချမှတ်ထားရပါမည်။

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ လုံခြုံမှုရှိစေရန်အတွက် လိုအပ်သော NDA စာချုပ်များ ရေးဆွဲခြင်း၊ ဒါရိုက်တာများ၏ ဥပဒေရေးရာ တာဝန်ဝတ္တရားများအတွက် အကြံပေးခြင်းနှင့် တိကျမှန်ကန်သော စာရင်းစစ်၊ စာရင်းကိုင် ဝန်ဆောင်မှုများ လိုအပ်ပါက MAHA VERTEX Legal & Accounting Firm သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်တိုင်ပင်နိုင်ပါသည်။

Maha Vertex Legal & Accounting Firm
Ph - 09944990430
Email - [email protected]

Address

Taw Win Center, Room 015/016, B1 Floor, 45 Pyay Road
Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30

Alerts

Be the first to know and let us send you an email when Maha Vertex Legal & Accounting Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share