Mahar- မဟာ Notary၊ လက်ထပ်၊ ကျမ်းကျိန်နှင့် ဥပဒေဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Mahar- မဟာ Notary၊ လက်ထပ်၊ ကျမ်းကျိန်နှင့် ဥပဒေဝန်ဆောင်မှု

Mahar- မဟာ Notary၊ လက်ထပ်၊ ကျမ်းကျိန်နှင့် ဥပဒေဝန်ဆောင်မှု မင်္ဂလာပါ MAHAR-မဟာ နိုတြီ၊ လက်ထပ် ၊ ကျမ်းကျိန်နှင့် ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းမှကြိုဆိုပါတယ်။

မင်္ဂလာပါ MAHAR-မဟာ နိုတြီ၊ လက်ထပ် ၊ ကျမ်းကျိန်နှင့် ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းမှကြိုဆိုပါတယ်ရှင့်။ လူကြီးမင်းတို့၏ အရေးက...
27/05/2024

မင်္ဂလာပါ MAHAR-မဟာ နိုတြီ၊ လက်ထပ် ၊ ကျမ်းကျိန်နှင့် ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းမှကြိုဆိုပါတယ်ရှင့်။

လူကြီးမင်းတို့၏ အရေးကြီးစာရွက်စာတမ်းများကို အချိန်ကုန် လူပင်ပန်း စရာ မလိုအပ်ပဲ
အဆင်ပြေစွာလိုအပ်သည်များ ဆောင်ရွက်နိုင်
ရန် မဟာ မှ ကူညီဆောင်ရွက်ပေးနေပါပြီရှင့်။
လူကြီးမင်းတို့၏ အရေးကြီးစာရွက်စာတမ်းများဖြစ်သော

- ကိုဗစ် vaccine လက်မှတ်
- မှတ်ပုံတင်
- ပက်စ်ပို့
- အိမ်ထောင်စုစာရင်း
- ရဲစခန်း ထောက်ခံစာ
- ရပ်ကွက်ထောက်ခံစာ
- မွေးစာရင်း
- သေစာရင်း
- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
- ဘွဲ့လက်မှတ်အမျိုးမျိုး
- အမှတ်စာရင်း
- ကုမ္ပဏီ စာရွက်စာတမ်းများ
- လက်ထပ် စာချုပ် များ
- ကျမ်းကျိန် နှင့် အခြားသော စာရွက်စာတမ်းများ အား ယုံကြည်စိတ်ချစွာဖြင့် နိုတြီ ပြန်ဝန်ဆောင်မှုက်ို ရယူနိုင်ပါတယ်။

ထို့အပြင်ကျမ်းကျိန်လွှာအမျိုးမျိုး ၊ တရားရုံးတတ် လက်မှတ်ရေးထိုးဝန်ဆောင်မှု၊
နိုင်ငံခြားသားလက်ထပ် နှင့် အခြားသော GP/ SP ဝန်ဆောင်မှု များလည်း ရရှိနိုင်မည် ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက
Phone: 09680999420၊ 09794604711
Address: No.75, 54th Street, Botahtaung Township. Yangon
တို့တွင် လာရောက်ဆွေးနွေးနိုင်ပါသည်။







#နိုတြီ

27/05/2024

သင့်လုပ်ငန်း၏ စာရင်းကိစ္စများအတွက်ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတစ်ခုကိုရှာနေပါသလား။

ကုမ္ပဏီတစ်ခု၊ စီးပွါးရေးလုပ်ငန်းတခုအတွက်အရေးကြီးတဲ့ အခွန်ထမ်းမှတ်ပုံတင်ခြင်း၊အခွန်စာရင်းရေးဆွဲခြင်းကိစ္စများ၊
အခွန်ဆောင်ခြင်း၊ ကြေငြာလွှာတင်သွင်းခြင်းများ အတွက် MAHAR မှ အစအဆုံးတာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

လူကြီးမင်းတို့ရဲ့လုပ်ငန်းမှာ ​ငွေစာရင်းမှတ်တမ်းများအတွက် Bookkeeping ဆောင်ရွက်ရန်၊ Financial Report ​တွေ၊ Audit Report၊ အစရှိတဲ့ နှစ်စဥ်အခွန်စာရင်းတင်ပြဖို့ report ​တွေကို စည်းစနစ်တကျ ရေးဆွဲရန် အတွက်ဖြစ်စေ၊ ကုမ္ပဏီ၏ နှစ်စဉ် အခွန်ကြော်ငြာလွှာတင်သွင်းရန်၊ အခွန်ကင်းရှင်းကြောင်းလက်မှတ်ရယူရန် အစရှိတာတွေအတွက် one stop service အနေနှင့် SRN Legal မှ ဝန်ဆောင်မှုပေးနေပါသည်။

Tax Set Up မှစတင်၍ E-filling လုပ်ငန်းစဉ်အထိတစ်နေရာထဲတွင် ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။

၁။ Bookkeeping

၂။ Preparation of Financial Report

၃။ Audited Financial Report

၄။ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်များ တွက်ချက်ပေးခြင်းနှင့် အခွန်စာရင်းရှင်းလင်း ပေးဆောင်ပေးခြင်း။

၅။ ကုမ္ပဏီ ဝင်ငွေခွန် များ တွက်ချက်ပေးခြင်း။

၆။ အခွန်စာရင်းရှင်းလင်းပေးခြင်း (Tax Clearance) အပြင်

အခြား Accounting and Finance , Banking, Taxation Services များအားလုံးကို တစ်နေရာထဲတွင် ဥပဒေနှင့်အညီကူညီဆောင်ရွက်ပေးနေသည်ဖြစ်ပါသည်။

MAHAR မှ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များ၊ Lawyer များနှင့်အတူ လူကြီးမင်းတို့အခက်အခဲဖြစ်နေတဲ့ ဥပဒေဆိုင်ရာကိစ္စရပ်များနှင့် အခြားသော ဥပဒေပိုင်းဆိုင်ရာစီးပွားရေးပြဿနာများကိုကူညီဖြေရှင်းပေးနိုင်ပါတယ်။

MAHAR
+95 9983349043






clearance

မင်္ဂလာပါ MAHAR-မဟာ နိုတြီ၊ လက်ထပ် ၊ ကျမ်းကျိန်နှင့် ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းမှကြိုဆိုပါတယ်ရှင့်။ တရားရုံးတက်လက်မှတ်ထို...
07/02/2024

မင်္ဂလာပါ MAHAR-မဟာ နိုတြီ၊ လက်ထပ် ၊ ကျမ်းကျိန်နှင့် ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းမှကြိုဆိုပါတယ်ရှင့်။

တရားရုံးတက်လက်မှတ်ထိုးတဲ့ သတို့သား ၊ သတို့သမီး နှင့်သက်သေတွေအနေနှင့်ဘာတွေပြင်ဆင်ဖို့လိုမလဲ ။

၁။သတို့သား ၊ သတို့သမီး အနေဖြင့် အသက်ပြည့်ပြီးသူ ဖြစ်ရပါမယ်၊ ဗုဒ္ဓဘာသာ ဖြစ်ရပါမည်။ ။ အမျိုးသမီးက အသက်၂၀ပြည့်ရပါမယ်။

၂။ သက်သေ ၂ ဦးမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူများဖြစ်ရပါမည်။ ဒီနေရာမှာ မိဘ ဆွေမျိုး မဟုတ်လည်း ရပါသလားဆို ရပါတယ်ရှင့်။

၃။ မှတ်ပုံတင်တွေ လိုအပ်ပါတယ်။

၄။ လက်ထပ်စာချုပ် ကို ၃၀၀ ကျပ်တန် တံဆိပ်ခေါင်း ကပ်ထားရပါမည်။

ဒါတွေအပြင် အသေးစိတ်လိုအပ်ချက်များနှင့် အတူ တရားရုံးတတ်လက်မှတ်ထိုးမဲ့မင်္ဂလာမောင်နှံများအတွက်လည်း လက်ထပ်စာချူပ်က အစ ပြင်ဆင်ပေးထားတာမို့တစ်နေရာထဲမှာ အဆင်ပြေစေဖို့ ကျွန်မ တို့ မဟာမှ အပြည့်အဝတာဝန်ယူပေးပါတယ်။

အသေးစိတ်သိရှိလိုပါက
Phone: 09680999420၊ 09794604711
Address: No.75, 54th Street, Botahtaung Township. Yangon
တို့တွင် လာရောက်ဆွေးနွေးနိုင်ပါသည်။







#နိုတြီ

#နိုတြီ

#နိုတြီ

#အွန်လိုင်းနိုတြီ

❗️April 1 2023 နဲ့ နောက်ပိုင်း မှာစထောင်ခဲ့တဲ့Company တွေအနေနဲ့ ၂လအတွင်း Annual Return တင်ပြရာမှာ ညွှန်ကြားချက်ပါအချက်အလ...
25/01/2024

❗️April 1 2023 နဲ့ နောက်ပိုင်း မှာစထောင်ခဲ့တဲ့Company တွေအနေနဲ့ ၂လအတွင်း Annual Return တင်ပြရာမှာ ညွှန်ကြားချက်ပါအချက်အလက်တွေကို ပူးတွဲတင်ပြမှသာ နှစ်စဉ်အစီရင်ခံစာဆက်လက်ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်

👉

23/01/2024

ရာဇဝတ်မှုများတွင်တရားစွဲဆိုခြင်းလုပ်ငန်းအဆင့်ဆင့်

၁။ 👨‍✈️ ရဲစခန်း၌ အမှုဖွင့် ဆောင်ရွက်ခြင်း

(ရဲအရေးပိုင်သော အမှုများတွင် ရဲစခန်း၌ အမှုဖွင့်၍ တိုင်ကြားနိုင်ပါတယ်။ ရဲစခန်းမှ အမှုနံပါတ်ပေး၍ တိုင်ချက်ကိုလက်ခံရပါတယ်။)

၂။ 🕵️‍♀️ ရဲအရာရှိမှ စုံစမ်းစစ်ဆေးခြင်း

(အမှုနံပါတ် နဲ့ အမှုအမျိုးအစားပေါ်မူတည်၍ လိုအပ်သည့် စစ်ဆေးမှုများကို စတင်ဆောင်ရွက်ရပါတယ်၊ တရားလိုအားစစ်ဆေးခြင်း၊သက်သေပစ္စည်းများ အားရှာဖွေခြင်းသိမ်းဆည်းခြင်း၊ တရားခံဖြစ်သူအား ရှာဖွေဖမ်းဆီးခြင်းစတာတွေကို ဆောင်ရွက်ခြင်းတို့ပါဝင်ပါတယ်)

၃။ 👩‍⚖️ စွပ်စွဲခံရသူအား ဖမ်းဆီးခြင်း အာမခံပေးခြင်း (သို့) ချုပ်မိန့်ရယူခြင်း

(အချို့အမှုများသည် ရဲထံတွင် အာမခံရယူနိုင်ပြီး၊ အာမခံမပေးနိုင်သောအမှုများကို တရားရုံးတွင် ချုပ်မိန့်တောင်းရပါတယ်။ အမှုစစ်ဆေးစဉ်ဆဲကာလတွင် ချုပ်ထားနိုင်ရန် တောင်းခြင်းဖြစ်ပါတယ်)

၄။ 👩‍🎓သက်ဆိုင်ရာဥပဒေရုံး၌ တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဥာဏ်ရယူခြင်း

(ဒီအဆင့်ကတော့ ရဲက စစ်ဆေးထားတာတွေ ဥပဒေ နှင့်ညီမညီ၊ စွဲဆိုရန် လုံလောက်ခြင်း ရှိ/မရှိစတာတွေကို စိစစ်ပေးရပါတယ်။ ဒီအဆင့်ဟာ လည်း အမှုတစ်ခုအတွက် အရေးကြီးတဲ့ အဆင့်ထဲမှာလည်းပါပါတယ်။)

၅။👨‍✈️👩‍⚖️ အမှုစစ်ရဲအရာရှိက ဥပဒေရုံးမှတဆင့် သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲ တင်ပို့ခြင်း

(ဥပဒေအရာရှိက စစ်ဆေးပြီးလျှင်တော့ တရားစွဲဆိုဖို့ တရားရုံးသို့ တင်ပို့ရတာပဲဖြစ်ပါတယ်)

၆။👩‍⚖️တရားရုံးက အာမခံပေးခြင်း (သို့) ချုပ်မိန့်ရယူခြင်း

(တရားရုံးက တင်လာတဲ့ အမှုဟာ အာမခံပေးနိုင်ခြင်းရှိ/မရှိ ဆင်ခြင်သုံးသပ်ပြီး အာမခံ လျှောက်ထား လုပ်ထုံးလုပ်နည်းနဲ့အညီအာမခံပေးရပါတယ် စွပ်စွဲခံရသူဟာ အချုပ်လွတ်ဖြင့် အမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာမခံပေးခွင့်မရှိလျှင်တော့ ချုပ်မိန့် ပေးရပါတယ်။ စွပ်စွဲခံရသူဟာ အချုပ်သားအဖြစ်နဲ့ အမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ ထောင်ကျသွားတာမဟုတ်ပါဘူး။ အာမခံမရတဲ့ အမှုဖြစ်လို့ အချုပ်နဲ့ ရင်ဆိုင်ရခြင်းဖြစ်ပါတယ်။)

၇။👥 တရားလို နှင့် တရားလိုပြသက်သေများကို စစ်ဆေးခြင်း

(ရာဇဝတ်မှုခင်းများတွင် စွပ်စွဲသူ တရားလိုလုပ်သူကို စတင်၍ စစ်ဆေးပါတယ် စွပ်စွဲသူ မှ ရုံးရှေ့ရှိ စွပ်စွဲခံရသူ အပြစ်ကျူးလွန်ကျောင်း ထင်ရှားအောင်သက်သေပြရပါတယ်)

၈။👨‍⚖️ စွဲချက်တင်ခြင်း (သို့မဟုတ်) စွဲချက်မတင်ဘဲ တရားရှင်လွှတ်ခြင်း

(ဤအဆင့် တွင်တရားလိုလုပ်သူ၏ စွပ်စွဲချက်များသည် ခိုင်မာမှုမရှိလျှင် သက်သေခိုင်မာခြင်းမရှိလျှင် မပြည့်စုံလျှင် တရားရှင်လွှတ်နိုင်ပါတယ်။ စွပ်စွဲချက်များ ခိုင်မာလျှင် သက်သေပြည့်စုံလျှင် တော့ စွဲချက်တင်ပါတယ်။ စွဲချက်တင်တယ်ဆိုတာကာတော့ စွပ်စွဲခံရသူအနေဖြင့် မိမိကိုစွပ်စွဲထားတဲ့အမှုကို အပြစ်ရှိ/မရှိ ရှင်းလင်းရမယ်လို့ ဆိုလိုတာပါ။ အကယ်၍ အပြစ်ရှီကြောင်း ဝန်ခံလျှင် အမှုကို ဆက်လက်မစစ်ဆေးတော့ဘဲ၊ ထိုက်သင့်သောကို တရားရုံးမှ ချမှတ်ပေးမှာဖြစ်ပါတယ်။ အပြစ်မရှိဘူးဟု ဆိုလျှင်တော့ အပြစ်မရှိကြောင်းသက်သေပြနိုင်ရန်အတွက် အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။)

၉။👥တရားခံ နှင့် တရားခံပြ
သက်သေများကိုစစ်ဆေးခြင်း

(တရားခံမှ မိမိတွင် အပြစ်မရှိကြောင်း စွပ်စွဲထားသူ တရားလို၏ စွပ်စွဲချက်များကို ခုခံခြေပခြင်း၊ သက်သေပြရခြင်းပဲဖြစ်ပါတယ်။)

၁၀။⚖️ ပြစ်ဒဏ်ချမှတ်ခြင်း (သို့) တရားသေလွှတ်ခြင်း

(နှစ်ဖက် လျှောက်လဲချက် ၊ ထွက်ကိုဆိုချက်များကို တရားသူကြီးမှ သုံးသပ်ပြီး တရားဥပဒေနှင့် အညီ ဆင်ခြင်သုံးသပ်ပြီး အမှုကိုစီရင်ဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။)

အားလုံးတရားဥပဒ အကာအကွယ်ကိုရရှိနိုင်ကြပါစေ။
ပုံ။ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လက်ကမ်းစာစောင်။

မင်္ဂလာပါ MAHAR-မဟာ နိုတြီ၊ လက်ထပ် ၊ ကျမ်းကျိန်နှင့် ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းမှကြိုဆိုပါတယ်ရှင့်။ လူကြီးမင်းတို့၏ အရေးက...
20/01/2024

မင်္ဂလာပါ MAHAR-မဟာ နိုတြီ၊ လက်ထပ် ၊ ကျမ်းကျိန်နှင့် ဥပဒေ ဝန်ဆောင်မှု လုပ်ငန်းမှကြိုဆိုပါတယ်ရှင့်။

လူကြီးမင်းတို့၏ အရေးကြီးစာရွက်စာတမ်းများကို အချိန်ကုန် လူပင်ပန်း စရာ မလိုအပ်ပဲ
အဆင်ပြေစွာလိုအပ်သည်များ ဆောင်ရွက်နိုင်
ရန် မဟာ မှ ကူညီဆောင်ရွက်ပေးနေပါပြီရှင့်။
လူကြီးမင်းတို့၏ အရေးကြီးစာရွက်စာတမ်းများဖြစ်သော

- ကိုဗစ် vaccine လက်မှတ်
- မှတ်ပုံတင်
- ပက်စ်ပို့
- အိမ်ထောင်စုစာရင်း
- ရဲစခန်း ထောက်ခံစာ
- ရပ်ကွက်ထောက်ခံစာ
- မွေးစာရင်း
- သေစာရင်း
- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
- ဘွဲ့လက်မှတ်အမျိုးမျိုး
- အမှတ်စာရင်း
- ကုမ္ပဏီ စာရွက်စာတမ်းများ
- လက်ထပ် စာချုပ် များ
- ကျမ်းကျိန် နှင့် အခြားသော စာရွက်စာတမ်းများ အား ယုံကြည်စိတ်ချစွာဖြင့် နိုတြီ ပြန်ဝန်ဆောင်မှုက်ို ရယူနိုင်ပါတယ်။

ထို့အပြင်ကျမ်းကျိန်လွှာအမျိုးမျိုး ၊ တရားရုံးတတ် လက်မှတ်ရေးထိုးဝန်ဆောင်မှု၊
နိုင်ငံခြားသားလက်ထပ် နှင့် အခြားသော GP/ SP ဝန်ဆောင်မှု များလည်း ရရှိနိုင်မည် ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက
Phone: 09680999420၊ 09794604711
Address: No.75, 54th Street, Botahtaung Township. Yangon
တို့တွင် လာရောက်ဆွေးနွေးနိုင်ပါသည်။







#နိုတြီ

ချစ်ရတဲ့ မင်္ဂလာမောင်နှံများ တရားရုံးတွင် တရားဝင် လက်ထပ်ထိမ်းမြားလိုလျှင် ခုဖော်ပြပေးထားတဲ့ အချက်အလက်လေးတွေလိုအပ်ပါတယ်နေ...
19/01/2024

ချစ်ရတဲ့ မင်္ဂလာမောင်နှံများ တရားရုံးတွင် တရားဝင် လက်ထပ်ထိမ်းမြားလိုလျှင်
ခုဖော်ပြပေးထားတဲ့ အချက်အလက်လေးတွေလိုအပ်ပါတယ်နော်။

မဟာ မှ လက်ထပ်စာချုပ်အပါအဝင်၊ အပြီးအစီး Package လေးအနေနှင့် ၂ သိန်းကျပ်သာကျသင့်မည်ဖြစ်ပါသည်။

၁။ လက်ထပ်ထိမ်းမြားလိုသူ ကာယကံရှင်နှစ်ဦးစလုံး
ဗုဒ္ဓဘာသာဝင် ဖြစ်ရပါမယ်။

၂။ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးရန် သက်သေနှစ်ဦး လိုအပ်ပါတယ်။

၃။ ထိုအသိသက်သေနှစ်ဦးသည်လည်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ယူဆောင်လာရပါမယ်။

ဒါတွေအပြင် အသေးစိတ်လိုအပ်ချက်များနှင့် အတူ တရားရုံးတတ်လက်မှတ်ထိုးမဲ့မင်္ဂလာမောင်နှံများအတွက်လည်း လက်ထပ်စာချူပ်က အစ ပြင်ဆင်ပေးထားတာမို့တစ်နေရာထဲမှာ အဆင်ပြေစေဖို့ ကျွန်မ တို့ မှ အပြည့်အဝတာဝန်ယူပေးပါတယ်။

အသေးစိတ်သိရှိလိုပါက
Phone:၊ 09680999420 , 09794604711
ဆိုင်လိပ်စာ: အမှတ် ၇၅၊၅၄ လမ်း အောက်ဘလောက်၊ ဗိုလ်တထောင် မြို့နယ်
တို့တွင် လာရောက်ဆွေးနွေးနိုင်ပါသည်။

19/01/2024

အိမ်ခြံမြေအဆောက်အအုံကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင် ရန်အတွက် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ပထမဆုံးသွားရောက်၍ ကာလ တန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရန် ဆောင်ရွက်ရပါမည်။
ထိုအခါတင်ပြရမည့် စာရွက်စာတမ်းများမှာ-
(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း နေထိုင်သူများဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူ။
(၂) အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပါက သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက တစ်နှစ်အတွင်းထုတ်ပေးထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူကိုလည်း ကောင်းပူးတွဲတင်ပြရမည်။ (၃) အကယ်၍ မိမိဝယ်ယူသည့် မြေဂရန်ပေါက်သူ ကွယ်လွန်သွားပါက အမွေဆက်ခံ ထိုက်သူများ၏ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် မူရင်း/ မိတ္တူ တို့ကို တင်ပြရန် (လိုအပ်ပါက အမွေဆက်ခံခွင့်လက်မှတ် တင်ပြနိုင်ရပါမည်)
(၄) မူလအမည်ပေါက်ပိုင်ဆိုင်သူကိုယ်စား ကိုယ်စားလှယ်လွှဲစာ SP / GP မူရင်း/ မိတ္တူ။
(၅) ဝယ်ယူထားသည့် မြေ (သို့မဟုတ်) မြေနှင့်အဆောက်အဦအတွက် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)
(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ၊
အရောင်းအဝယ်ကတိစာချုပ် မူရင်း/မိတ္တူ (ဥပဒေနှင့် ညီညွှတ်ရန်မှာ လျှောက်ထားတဲ့ရက် မတိုင်မီ ရက်ပေါင်း(၃၀)အတွင်း ချုပ်ဆိုထားတဲ့ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်ဖြစ်ရန် လိုအပ်ပါသည်။ ပိုင်ရှင်နှင့် အဆင်ပြေပါက စာချုပ်ကို ရက်စွဲပြောင်း၍ ပြန်ချုပ်တင်ပြရပါမည်။) ဂရန်အမည်ပေါက်ကွယ်လွန်သွားသည့်အတွက် အထက်အပိုဒ်(၃) တွင် ဖော်ပြထားသည့် “အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်” ချုပ်ဆိုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန (သို့မဟုတ်) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့တွင် မြေပုံရေးကူးရန် အရင် လျှောက်ထားရပါဦးမည်။
တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများမှာ -
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊
(ခ) မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်ကုန်မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်တမ်းကုန်မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်) မိတ္တူ၊
(ဃ) ကွယ်လွန်သူ၏ သေစာရင်း၊ သချိုင်းလက်မှတ်နှင့် သေစာရင်းတင်ပြနိုင်ခြင်းမရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ သေဆုံး ကြောင်းထောက်ခံချက်မိတ္တူ၊ အမွေဆက်ခံခွင့်ရှိသူက တရားရုံးတွင်ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာမူရင်း၊
(င) အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်မူရင်း၊
(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက အမည်ပေါက်စာချုပ် (သို့မဟုတ်) မှတ်ပုံတင်ထားသောစာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးမှ ချမှတ် ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ၊၊
(ဆ) ၁၉၈ရခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေ ဆိုင်ရာ စိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ တို့ဖြစ်ပါသည်။
ထို့ကြောင့် ဂရန်အမည်ပေါက် ကွယ်လွန်၍ ၎င်းကိုယ်စားလျှောက်ထားခြင်းဖြစ်၍ အထက် အပိုဒ်(ဃ)နှင့် (င) တို့တွင် ဖော်ပြထားသော ကွယ်လွန်သူ၏ သေစာရင်းအစရှိသည်တို့ကို တင်ပြနိုင် ခြင်းမရှိပါက သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ အမွေဆက်ခံခွင့်ရှိသူဆိုပါက တရားရုံး ကျမ်းကျိန်လွှာမူရင်း/ မိတ္တူ။ အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင် မူရင်း တို့ကို ရှေးဦးစွာဆောင်ရွက်ထားရပါမည်။
ထိုကြောင့် လုပ်ငန်းစဉ်ကို ပြန်လည်ပြောပြရပါလျှင် ကွယ်လွန်သူ၏ သေစာရင်းအထောက် အထားနှင့် အမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်ဆိုချက်၊ အဆိုပါ အမွေဆက်ခံခွင့်ရှိသူ ဦး/ ဒေါ်ကို သိရှိသူ လူပုဂ္ဂိုလ်နှစ်ဦးက သိရှိကြောင်း၊ မှန်ကန်ပါကြောင်း တရားရုံးတွင် ကျမ်းကျိန်ချက်ကို တစ်ခုစီပြုလုပ်ရန်လိုအပ်ပါသည်။
အဆိုပါအချက်များနှင့်ပြည့်စုံပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်ရပါမည်။
ထိုသို့ဆိုလျှင် ယခုစာစုတွင် ပထမဆုံးဖော်ပြထားသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် အဆင့်ကို ပြန်လည်သွားရောက်နိုင်ပြီ ဖြစ်ပါ သည်။ ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီးပါက နှစ်အလိုက်ပြဌာန်းထားသော ပြည်ထောင်စု၏အခွန် အကောက်ဥပဒေအရ သတ်မှတ်ထားသော အခွန်အခများကို ပေးဆောင်ရန် လိုအပ်ပါသည်။
Credit

မဟာ  မှ လက်ထပ်စာချုပ်အပါအဝင်၊ အပြီးအစီး Package လေးအနေနှင့် “၁ သိန်းခွဲ”ကျပ်သာကျသင့်မည်ဖြစ်ပါသည်။ ရွေးချယ်စရာစာချုပ်ဒီဇိ...
11/01/2024

မဟာ မှ လက်ထပ်စာချုပ်အပါအဝင်၊ အပြီးအစီး Package လေးအနေနှင့်

“၁ သိန်းခွဲ”
ကျပ်သာကျသင့်မည်ဖြစ်ပါသည်။ ရွေးချယ်စရာစာချုပ်ဒီဇိုင်းပေါင်း ရာကျော်ထားပေးထားတာမို့စိတ်ကျေနပ်မှာတော့ ၁၀၀% ပဲနော် 🥰

ချစ်ရတဲ့ မင်္ဂလာမောင်နှံများ တရားရုံးတွင် တရားဝင် လက်ထပ်ထိမ်းမြားလိုလျှင်
ခုဖော်ပြပေးထားတဲ့ အချက်အလက်လေးတွေလိုအပ်ပါတယ်နော်။

၁။ လက်ထပ်ထိမ်းမြားလိုသူ ကာယကံရှင်နှစ်ဦးစလုံး
ဗုဒ္ဓဘာသာဝင် ဖြစ်ရပါမယ်။

၂။ နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးရန် သက်သေနှစ်ဦး လိုအပ်ပါတယ်။

၃။ ထိုအသိသက်သေနှစ်ဦးသည်လည်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ယူဆောင်လာရပါမယ်။

ဒါတွေအပြင် အသေးစိတ်လိုအပ်ချက်များနှင့် အတူ တရားရုံးတတ်လက်မှတ်ထိုးမဲ့မင်္ဂလာမောင်နှံများအတွက်လည်း လက်ထပ်စာချူပ်က အစ ပြင်ဆင်ပေးထားတာမို့တစ်နေရာထဲမှာ အဆင်ပြေစေဖို့ ကျွန်မ တို့ မဟာ မှ အပြည့်အဝတာဝန်ယူပေးပါတယ်။

အသေးစိတ်သိရှိလိုပါက
Phone:၊ 09794604711 , 09680999420
အမှတ် ၇၅၊၅၄ လမ်း အောက်ဘလောက်၊ ဗိုလ်တထောင် မြို့နယ်
တို့တွင် လာရောက်ဆွေးနွေးနိုင်ပါသည်။

02/11/2023

#နိုင်ငံခြားငွေလွှဲပြောင်းရာတွင်စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တစ်ဦးချင်းပုဂ္ဂိုလ်များက နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်အကောက်များအပြေအကြေပေးဆောင်ခြင်း၊ အခွန်စာရင်းရှင်းလင်းခြင်းတို့ ဆောင်ရွက်ပြီး/မပြီး စိစစ်ရမည့်လုပ်ငန်းစဉ် (SOP) ပြင်ဆင်ချက်

https://www.ird.gov.mm/sites/default/files/Revised_SOP.pdf

23/10/2023

မိမိတို့လုပ်ငန်းသည် လုပ်ငန်းလိုင်စင်လျောက်ထားရန်လိုအပ်ပါသလား ၊ ဘာကြောင့်လိုအပ်ပါသလဲ ။

🔷လူကြီးမင်းတို့ အနေဖြင့် လုပ်ငန်း ဆောင်ရွက်နေသော်လည်း လိုင်စင်လျောက်ထားခြင်းမရှိသေးပဲ ဖြစ်နေပါသလား။

🔷မိိမိတို့လုပ်ငန်းက လိုင်စင်လျောက်ဖို့ကောလိုအပ်ရဲ့လား။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရစည်ပင်မှ လုပ်ငန်းလိုင်စင် ထုတ်ပေးသော လုပ်ငန်းအမျိုးအစားပေါင်း “၁၆၂ “မျိုးရှိသည်ဖြစ်ပါသည်။

ထိုကဲ့သို့သော လုပ်ငန်းများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိပဲ ကော်မတီက ခွင့်ပြုချက်လိုင်စင်ထုတ်ပေးနိုင်သော လုပ်ငန်းတစ်ရပ်ရပ်အား လိုင်စင်မရှိပဲ ဆောင်ရွက်ခွင့်မရှိပါ။

မိမိတို့လုပ်ငန်းက အောက်ပါ လုပ်ငန်းတစ်ရပ်ရပ်ထဲတွင် ပါဝင်သည်ဆိုပါက စည်ပင်လိုင်စင်လျောက်ထားရန် လိုအပ်သည် ဖြစ်ပါသည်။

1 Internet ဆိုင်ရာလုပ်ငန်း
2 ကင်မရာနှင့် စပ်ဆက်ပစ္စည်းရောင်း၀ယ်/ပြုပြင်ရေးလုပ်ငန်း
3 ကတ္တားပြုပြင်/ရောင်း၀ယ်ရေးလုပ်ငန်း
4 ကတ္ထူစက္ကူလုပ်ငန်း
5 ကတ်ဆက်၊ရေဒီယို၊တီဗွီ၊ဗွီဒီယို ပြုပြင်လုပ်ငန်း
6 ကလေးကစားစရာပစ္စည်းရောင်းလုပ်ငန်း
7 ကားဆေးမှုတ်
8 ကားပစ္စည်းအရောင်း
9 ကားရေဆေးဆီထိုးနှင့်စက်ပေါ်လစ်တိုက်လုပ်ငန်း
10 ကားအရောင်းပြခန်း*
11 ကားအလှဆင်လုပ်ငန်း
12 ကိတ်မုန့်နှင့်အအေးမျိုးစုံထုတ်လုပ်ဖြန့်ဖြူးခြင်း
13 ကိုယ်ကာယအထောက်အကူပြုပစ္စည်းနှင့် ကျန်းမာရေးသုံးပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း
14 ကိုယ်ကာယအလှသင်တန်း
15 ကိုယ်ပိုင်ကျောင်း(မူကြို/မူလတန်း/အလယ်တန်း/အထက်တန်း)
16 ကုန်ပစ္စည်းသယ်ယူ/ပို့ဆောင်ဖြန့်ဖြူးရေးလုပ်ငန်း
17 ကုန်မာနှင့် အိမ်ဆောက်ပစ္စည်းရောင်း
18 ကုန်မျိုးစုံနှင့်အထွေထွေရောင်းလုပ်ငန်း
19 ကော်/ပလပ်စတစ်ပစ္စည်းရောင်း
20 ကော်စေ့နှင့် ပလပ်စတစ်ပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း
21 ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
22 ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း
23 ကျောက်မျက်ရတနာဆိုင်ရာ ထုတ်လုပ်/ရောင်း၀ယ်ရေးလုပ်ငန်း
24 ကျွမ်းကျင်မှုအတတ်ပညာဆိုင်ရာသင်တန်း
25 ကြေးပစ္စည်းထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း
26 ကြော်ငြာလုပ်ငန်းများ
27 ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းရောင်း၀ယ်/ပြုပြင်ခြင်းလုပ်ငန်း
28 ကွမ်း/ကွမ်းသီးနှင့် ဆက်စပ်ပစ္စည်းရောင်း၀ယ်ရေးလုပ်ငန်း
29 ခန်းဆီးလိုက်ကာလုပ်ငန်း
30 ခန်းမငှားရမ်းခြင်းနှင့်အထွေထွေပစ္စည်းငှားရမ်းအလှဆင်ခြင်း လုပ်ငန်း
31 ခရီးသွားလက်မှတ်နှင့် ၀န်ဆောင်မှုလုပ်ငန်း
32 ခေါင်ရည်နှင့်အရက်ထုတ်လုပ်ခြင်း၊ထုတ်ပိုးခြင်းလုပ်ငန်း
33 ဂတ်(စ်)ဓါတ်ငွေ့ရောင်းဝယ်ရေးလုပ်ငန်း
34 ဂတ်(စ်)မီးဖိုနှင့်အပိုပစ္စည်းရောင်း/၀ယ်ရေးလုပ်ငန်း
35 ဂေါက်ပစ္စည်းအရောင်းဆိုင်
36 စက္ကူဖြတ်လုပ်ငန်း
37 စက္ကူနှင့်စာရေးကိရိယာထုတ်လုပ်ရောင်း၀ယ်ရေးလုပ်ငန်း
38 စက်/ယာဉ် ငှားရမ်းခြင်းလုပ်ငန်း
39 စက်ကိရိယာနှင့်အပိုပစ္စည်းပြုပြင်/ရောင်း၀ယ်ရေးလုပ်ငန်း
40 စက်ချုပ် / ဇာထိုး/ပန်းထိုးလုပ်ငန်း
41 စက်ဘီးနှင့်အပိုပစ္စည်းပြုပြင်/ထုတ်လုပ်ရောင်းခြင်းလုပ်ငန်း
42 စက်မှုလက်မှုလုပ်ငန်း
43 စက်ရုံ/အလုပ်ရုံလုပ်ငန်းများ(MIC)
44 စက်ရုံ/အလုပ်ရုံလုပ်ငန်းများ(MIC)မဟုတ်
45 စတစ်ကာနှင့်တံဆိပ်ရိုက်လုပ်ငန်း
46 စတိုးဆိုင်
47 စတီး၊မှန်နှင့်အလူမီနီယမ်၊သံပန်းသံတံခါးပြုလုပ် တပ်ဆင်ရောင်းချခြင်း
48 စာပေဖြန့်ချီရေးနှင့် ပုံနှိပ်လုပ်ငန်း
49 စာရေးကရိယာဆိုင်
50 စားသောက်ကုန်ကြမ်းထုတ်လုပ်ဖြန့်ချီခြင်း
51 စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ
52 စိုက်ပျိုးရေးသုံပစ္စည်းထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း
53 ဆန်/ဆီရောင်းဝယ်ရေး
54 ဆံပင်ညှပ်နှင့် မျက်နှာအလှပြုပြင်ခြင်းလုပ်ငန်း
55 ဆံပင်ညှပ်ပစ္စည်းနှင့်အလှကုန်ပစ္စည်းရောင်း
56 ဆိုင်ကယ်နှင့်ဆိုင်ကယ်အပိုပစ္စည်းရောင်း
57 ဆိုင်းဘုတ်လုပ်ငန်း
58 ဆေးခန်း
59 ဆေးဆိုင်
60 ဆေးဆိုးပန်းရိုက်လုပ်ငန်း
61 ဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း
62 ဆေးရုံလုပ်ငန်း*
63 ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ
64 တံဆိပ်အမျိုးမျိုးပြုလုပ်ရောင်းချခြင်းလုပ်ငန်း
65 တယ်လီဖုန်းနှင့်ဆက်စပ်ပစ္စည်းပြုပြင်ရောင်း၀ယ်ရေးလုပ်ငန်း
66 တာယာရောင်း
67 တိရစ္ဆာန်ဆေးကုလုပ်ငန်း
68 တိရစ္ဆာန်နှင့်တိရစ္ဆာန်အသုံးအဆောင်ပစ္စည်း ရောင်း၀ယ်ရေးလုပ်ငန်း
69 တိရိစ္ဆာန်အစားအစာ ထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း
70 တိုင်းရင်းဆေးကုလုပ်ငန်း
71 တိုင်းရင်းဆေးထုတ်လုပ်ခြင်းလုပ်ငန်း
72 တိုင်းရင်းဆေးရောင်းလုပ်ငန်း
73 တီဗွီနှင့် ဆက်စပ်ပစ္စည်း ကတ်ဆက်၊ဗွီဒီယို အခွေရောင်း/ငှားရမ်းခြင်း
74 ထင်း၊မီးသွေး၊သစ်တိုသစ်စရောင်း၀ယ်ရေးလုပ်ငန်း
75 ထီရောင်းချခြင်းလုပ်ငန်း
76 ဓာတ်ပုံဆိုင်
77 ဓါး၊ ကတ်ကြေးသွေးလုပ်ငန်း
78 ဓါတ်ခွဲခန်းနှင့် ဓါတုဗေဒဆက်စပ်ပစ္စည်းလုပ်ငန်း
79 ဓါတ်ငွေ့ထုတ်လုပ်ခြင်းလုပ်ငန်း
80 ဓါတ်ငွေ့နှင့်စက်သုံးဆီထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း*
81 ဓါတ်ပုံ/ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများ
82 နည်းပညာဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ
83 နာရီနှင့်ဆက်စပ်ပစ္စည်းပြုပြင်/ရောင်း၀ယ်ရေးလုပ်ငန်း
84 နိဗ္ဗာန်ကုန်နှင့် သင်္ကန်းပရိက္ခရာအသုံးအဆောင်ပစ္စည်းရောင်း
85 ပစ္စည်းစုပုံလုပ်ငန်း
86 ပစ္စည်းသိုလှောင်လုပ်ငန်း
87 ပစ္စည်းအဟောင်းပြုပြင်ရောင်း၀ယ်ရေးလုပ်ငန်း
88 ပန်းချီ၊ပန်းပုလုပ်ငန်း
89 ပန်းထိမ်လုပ်ငန်း
90 ပရဆေးကုန်ကြမ်းသိုလှောင်ရုံလုပ်ငန်း
91 ပရိဘောဂထုတ်လုပ်/ရောင်းချလုပ်ငန်း
92 ပလပ်စတစ်ပိုက်/အိတ်ရောင်း
93 ပလပ်စတစ် Recycle လုပ်ငန်း
94 ပိုက်နှင့်ပိုက်ဆက်ပစ္စည်းရောင်း
95 ပုံနှိပ်စက်ပစ္စည်း
96 ပဲမျိုးစုံရောင်း
97 ဖက်ရှင်ဒီဇိုင်းလုပ်ငန်းများ
98 ဖန်စီပစ္စည်းရောင်း
99 ဖယောင်းပုဆိုး/ကော်ဇောရောင်းချခြင်းလုပ်ငန်း
100 ဖိနပ်ထုတ်လုပ်/ရောင်းချခြင်း
101 ဖုန်းဆင်းကဒ်နှင့်ငွေဖြည့်ကဒ်ထုတ်လုပ်/ဖြန့်ဖြူးခြင်း
102 ဗောပစ္စည်းအမျိုးမျိုးပြုလုပ်ရောင်းချခြင်းလုပ်ငန်း
103 ဘတ္ထရီနှင့် ဆက်စပ်ပစ္စည်းရောင်း၀ယ်/ပြုပြင်ခြင်း
104 ဘာသာရပ်ဆိုင်ရာသင်တန်းကျောင်း
105 ဘာသာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းရောင်း
106 မိတ္တူ/ကွန်ပျူတာ/စာစီစာရိုက်၊ဗွီနိုင်း၊ဂရပ်ဖစ်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်း
107 မိသားစုအပန်းဖြေ၀န်ဆောင်မှုလုပ်ငန်း
108 မုန့် မျိုးစုံလုပ်ငန်း/မုန့်မျိုးစုံထုတ်ပိုးခြင်း/ထုတ်လုပ်ခြင်း
109 မျက်စိဆေးကုခန်း
110 မျက်မှန်ရောင်း
111 မျက်မမြင်အကြောပြင်
112 မှန်အလူမီနီယမ်ဆိုင်နှင့်အထွေထွေပစ္စည်းဖြန့်ချီရောင်း
113 ယာဉ်နှင့် အပိုပစ္စည်းထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း
114 ယာဉ်သိုလှောင်ခြင်းလုပ်ငန်း
115 ယာဉ်အထွေထွေပစ္စည်းရောင်း
116 ယာဉ်အထွေထွေပြုပြင်လုပ်ငန်း
117 ရုပ်မြင်သံကြားဆိုင်ရာ၀န်ဆောင်မှုလုပ်ငန်း
118 ရေခဲချောင်းဖြန့်ချီ
119 ရေထွက်ပစ္စည်းရောင်း၀ယ်ရေးလုပ်ငန်း
120 ရေပိုက်နှင့်ဆက်စပ်ပစ္စည်းပြုပြင်/ရောင်း၀ယ်
121 ရေမြုပ်၊မွေယာ၊ပရိဘောဂ၊ဆိုဖာ
122 ရေသန့်/ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း
123 ရေသန့်ဆိုင်ရာစက်ပစ္စည်းအရောင်းဆိုင်
124 ရော်ဘာနှင့် ဆက်စပ်ပစ္စည်းများ/ထုတ်လုပ်ရောင်းချခြင်း
125 ရွှေ / ငွေ /ပလက်တီနမ်ရောင်း/၀ယ်ရေးလုပ်ငန်း
126 လူသုံးကုန်အထွေထွေပစ္စည်းထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း
127 လေအေးပေးစက်ရောင်း၀ယ်/ပြုပြင်ခြင်းလုပ်ငန်း
128 လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်/ပြုပြင်ခြင်းလုပ်ငန်း
129 လျှပ်စစ်နှင့်ပတ်သက်သောပစ္စည်းရောင်း
130 ဝါဂွမ်း၊ ချည်မျှင်နှင့် အထည်ဆိုင်ရာလုပ်ငန်းများ
131 သင်္ဘောကျင်းနှင့်လွန်းတင်လုပ်ငန်း
132 သစ်ခွဲစိတ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်း
133 သစ်အချောထည်ထုတ်လုပ်/ရောင်းချခြင်းလုပ်ငန်း(MIC)
134 သံဖြတ်နှင့်သံဂဟေလုပ်ငန်း
135 သားရေနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်/ရောင်းချခြင်း
136 သွားနှင့်ခံတွင်းဆေးခန်း
137 အကြောအဆစ်ကြွက်သားကုဆေးခန်း
138 အစားအသောက်ထုတ်လုပ်ခြင်း
139 အထည်ချုပ် (MIC မဟုတ်)
140 အထည်ချုပ်(MIC)*
141 အထည်ဆိုင်
142 အထည်နှင့်ပတ်သက်သည့်အခြားလုပ်ငန်း
143 အထွေထွေအကျိုးဆောင်နှင့် ၀န်ဆောင်မှုလုပ်ငန်း
144 အနုပညာလုပ်ငန်းနှင့်တူရိယာပစ္စည်းပြုပြင်/ရောင်းလုပ်ငန်း
145 အပန်းဖြေအိမ်တွင်းကစားနည်းခန်းမ*(ကလေးကစားကွင်း)
146 အပ်ချုပ်စက်နှင့်အပိုပစ္စည်းရောင်း
147 အဖွဲ့လိုက်ဉာဏ်ရည်သုံးပဟေဠိဖြေရှင်းခြင်းဝန်ဆောင်မှုလုပ်ငန်း
148 အမှုန့်ကြိတ်နှင့်သန့်စင်မှုလုပ်ငန်း
149 အရက်/စီးကရက်၊ဆေးလိပ်နှင့်ဆက်စပ်ပစ္စည်း ထုတ်လုပ်/ရောင်းချခြင်း
150 အလှကုန်ပစ္စည်းရောင်း/ဖြန့်ချီလုပ်ငန်း
151 အလှဆင်လုပ်ငန်းများ
152 အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းရောင်းချခြင်း/သန့်စင်ခြင်း
153 အသင့်ဖျော်ကွန်ကရစ်လုပ်ငန်း
154 အအေးခန်းစက်ရုံ(MIC)*
155 အားကစားကွင်းလုပ်ငန်း
156 အားကစားဆိုင်ရာလုပ်ငန်းများ
157 အားကစားပစ္စည်းရောင်း၀ယ်ရေးလုပ်ငန်း
158 အိတ်ချုပ်လုပ်ငန်း
159 အိတ်ရောင်းလုပ်ငန်း
160 အိမ်ဆောက်ပစ္စည်းရောင်းချခြင်းလုပ်ငန်း
161 အိမ်အသုံးအဆောင်နှင့်အလှဆင်ပစ္စည်း ထုတ်လုပ်/ရောင်းချလုပ်ငန်း
162 အီလက်ထရောနစ်ပစ္စည်းရောင်းဝယ်ရေး

19/10/2023

၂၀၂၃-၂၀၂၄ ခုနှစ် အခွန်ဆောင်မည့်သူများအတွက်
**********************************************
ကျွန်မတို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။
ဒါကြောင့် ကျွန်မ ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ် တင်ပုံ တင်နည်းလေးကို တစ်ဆင့် ပြန်လည်‌ဝေမျှပြောပြပေးပါ့မယ်

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်း ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။

ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။
ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

#ထပ်တိုးတာလေးပါ 🌟

တံဆိပ်ခေါင်းရဖို့ ရောင်းသူက 10% အခွန်ဆောင်ထားမှတံဆိပ်ခေါင်းရမယ်

အိမ်ရှင်10% မဆောင်ပေးရင်တံဆိပ်ခေါင်းမရပါ ဝယ်ယူထဲကတစ်ခါထဲ ညှိရပါမယ်

#တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်


📲ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ရုံးတည်နေရာလိပ်စာနှင့် ဖုန်းနံပါတ်များစာရင်း📲
================================

၁။ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး (၁၆၃/၁၆၇)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၅၄၃

၂။ အင်းစိန်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၈)၊ မင်းကြီးလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၀၂၆၃

၃။ လမ်းမတော်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ် (၆၂၅)၊မဟာဗန္ဓုလလမ်း၊(၅)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇

၄။ တောင်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အခန်း(၁၀၁/၁၀၂)၊ပထမထပ်၊သီရိရတနာအိမ်ရာ၊ဝေဇယန္တာလမ်းနှင့်ရတနာလမ်းထောင့်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၈၅၆၀၄၈၈

၅ ။ ဂုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၃)၊အခန်း(၅)၊ဦးဝိစာရအိမ်ရာ၊မြို့မကျောင်းလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၉၃၁၇

၆။ သာကေတမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၆၄၄

၇။ ကျောက်တန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရွှေညောင်ပင်လမ်း၊စံချိန်မီရပ်ကွက်၊ကျောက်တန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၅၀၆၄

၈။ သုံးခွမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၃၂၊လေးကျွန်းမာန်အောင်ဘုရားလမ်း၊(၆)ရပ်ကွက်၊သုံးခွမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၄၀၄၁၆

၉။ ခရမ်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အောင်မေတ္တာလမ်း၊(၃)ရပ်ကွက်၊ခရမ်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၃၀၀၂၂

၁၀ ။ လှိုင်သာယာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁)၊ရုံးရှေ့၊(၈)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၄၅၀၃၅

၁၁ ။ ပန်းပဲတန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၆၈/၁၈၈)၊(၂၇)လမ်း၊(၅)ရပ်ကွက်၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၇၀၈၇၉

၁၂ ။ တာမွေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂)၊အိုးစု(၃)လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၄၁၆၄

၁၃ ။ အလုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး တိုက်(၁)၊ဒုတိယထပ်၊အခန်းအမှတ်(၁၄/၁၅)၊အလုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၂၁၇၄၆

၁၄ ။ စမ်းချောင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၇၄)၊ဒုတိယထပ်၊ကျွန်းတောလမ်း၊ကျွန်းတောအလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၀၀၆၁၅

၁၅ ။ တွံတေးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဘုရင့်နောင်တပ်လမ်း၊ရွှေဆံတော်ရပ်ကွက်၊တွံတေးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၄၅-၅၀၀၁၁

၁၆ ။ သန်လျင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၇)၊ကျိုက်ခေါက်ဘုရားလမ်း၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၆-၂၁၀၃၆

၁၇ ။ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး မင်းလမ်း၊မြို့မရပ်ကွက်၊လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၉၀၂၆

၁၈ ။ ဒေါပုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉၅)၊မင်းနန္ဒာလမ်းမ၊မြို့သစ်ရပ်ကွက်၊ဒေါပုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၁၉၀၅၃၀

၁၉ ။ လသာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၉၉)/ဒုတိယထပ်၊အနော်ရထာလမ်းနှင့် ၁၉ လမ်းထောင့်၊(၄)ရပ်ကွက်၊လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၂၃၄၆

၂၀ ။ သင်္ဃန်းကျွန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး
(၂/၀၀၁/၀၀၂/၀၀၃/၁၀၁)၊ဝေဇယန္တာအိမ်ရာ၊ဝေဇယန္တာလမ်း၊ဇ/တောင်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် ၀၁-၈၅၆၀၈၁၇

၂၁ ။ ရန်ကင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး စုပေါင်းရုံးဝင်း၊ရန်ကင်းလမ်း(၂)ရပ်ကွက်၊ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၅၆၇၅၂

၂၂ ။ မင်္ဂလာတောင်ညွန့်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၄၃)/ဒုထပ်(ဝဲ+ယာ)၊ကျီတော်လမ်း၊ကျီတော်ရပ်ကွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၀၄၂

၂၃ ။ မင်္ဂလာဒုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ShortHouse၊(၈)ခန်းတွဲအိမ်ရာ၊ခရေပင်ရိပ်မွန်၊ချစ်တီးကုန်းရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၃၅၂၄၄

၂၄ ။ ဆိပ်ကမ်း/ဆိပ်ကြီးခနောင်တိုမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၈)၊အခန်း(၂၀၁)၊ဒုတိယထပ်၊(၃၉)လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၈၃၁၆

၂၅ ။ ဒလမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၇၆)၊ဗိုလ်တထောင်ဘုရားလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊အလယ်ဘလောက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၀၁၉၃၁

၂၆ ။ ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၄/၅/၁၂)၊ပြည်ရိပ်မွန်အိမ်ယာ၊(၆)ရပ်ကွက်၊ ကမာရွက်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၃၆၄၄၀

၂၇ ။ လှိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၃)/အေးရိပ်မွန်လမ်း၊(၄)ရပ်ကွက်၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၂၂၃၇

၂၈ ။ မရမ်းကုန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်-၉/၁၁၊ဗိုလ်ချုပ်လမ်း၊(၁)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၈၁၈၆၂

၂၉ ။ ကြည့်မြင်တိုင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၀)၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၃၁၇၂၉၂

၃၀ ။ တိုက်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ဆေးရုံလမ်း၊ဗောဓိကုန်းရပ်ကွက်၊တိုက်ကြီးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၅၅-၂၀၁၁၅

၃၁ ။ မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရုံးပေါက်လမ်း၊တပ်ကြီးကုန်းကျေးရွာ၊မှော်ဘီမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၂၀၀၅၃

၃၂ ။ ထန်းတပင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသောကလမ်း၊(၂)ရပ်ကွက်၊ထန်းတပင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၉၂၁၂

၃၃ ။ ရွှေပြည်သာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ၁၄/၁၆(က)၊မဲခေါင်လမ်း၊(၆)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၆၁၁၀၆၇

၃၄ ။ ကျောက်တံတားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၀၀/၂၀၈)၊(၃၅)လမ်း၊အထက်ဘလောက်၊(၃)ရပ်ကွက်၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၄၆၁၁

၃၅ ။ ပုဇွန်တောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၈၁/၈၅)၊တိုက်(၁၁)၊အနော်ရထာလမ်း၊ (၂)ရပ်ကွက်၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၉၀၄၇၂

၃၆ ။ ဗိုလ်တထောင်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၈၀/၈၂)၊ဘိုကလေးစျေးလမ်း၊(၈)ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၅၆၉၉၇

၃၇ ။ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၂၉)၊ကမ္ဘာအေးဘုရားလမ်းနှင့် ဗဟန်း(၃)လမ်းထောင့်၊ မြို့မရပ်ကွက်၊ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၃၈၀၉၁၀

၃၈ ။ မြောက်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၁၅၄)၊မဏ္ဏိုင်လမ်း၊(ဂ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၉၆၉၉၄၀၆

၃၉ ။ ကွမ်းခြံကုန်း/ကော့မှူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်( ၃၆)၊ဗဟိုလမ်း၊စျေးပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်း၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၆၅၃၁၆

၄၀ ။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၈/၁၅)၊စုပေါင်းရုံလမ်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၅၈၀၆၂၆

၄၁ ။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အမှတ်(၉၆+၁၁၁)၊ပြည်ထောင်စုလမ်း၊(၆၄)ရပ်ကွက်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၄၈၀၁၈

#တဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်

Address

No. 75, Second Floor, 54th Street, Botathaung Township
Yangon

Telephone

+959680999420

Website

Alerts

Be the first to know and let us send you an email when Mahar- မဟာ Notary၊ လက်ထပ်၊ ကျမ်းကျိန်နှင့် ဥပဒေဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar- မဟာ Notary၊ လက်ထပ်၊ ကျမ်းကျိန်နှင့် ဥပဒေဝန်ဆောင်မှု:

Share