08/09/2026
အိမ် / ခြံ / မြေ ဝင်ငွေခွန် ဆောင်ပြီး
စာချုပ်ချုပ်မယ်ဆိုရင်
======
အိမ် / ခြံ / မြေ ဝင်ငွေခွန် ဆောင်ပြီး စာချုပ်ကြီးချုပ်မယ်ဆိုရင် အခုနည်းလမ်းအတိုင်း လုပ်ဆောင်ရပါမယ်။
ကျွမ်းကျင်သော အိမ်ခြံမြေရှေ့နေနဲ့ မှသာ အဆင်ပြေနိုင်ပါတယ်။
၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း
တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း
၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်းတံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း
၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀ %) ၄၀၀ သိန်း
တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀
သိန်း
၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅ %) ၃၀၀၀ သိန်း
တံဆိပ်ခေါင်းခွန် (၄ %) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း
အဆောက်အဦးပါရင်
➖➖➖➖➖➖➖➖
ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်
ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်
Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000
သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်
သစ်သားအိမ် 1 Sqft 10000 ကျပ်
ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000
➖➖➖➖➖➖➖➖➖
အရောင်းသမားက အမြတ်တော်ခွန် (၁၀ %) ဆောင်ရမယ်။ ဝယ်ယူစဉ်က ရာဖြတ်တန်ဖိုး သိန်းပေါင်း ၁၀,၀၀၀ နဲ့ စာချုပ်ပြီး ပြန်ရောင်းတော့ သိန်းပေါင်း ၁၅,၀၀၀ ရရင် အမြတ်ငွေ ၅ ထောင်ပေါ် (၁၀ %) ဆောင်ရပါမယ်။
➖➖➖➖➖➖➖➖
အိမ် ခြံ မြေ ရာဖြတ်တင်မယ်ဆို အောက်ပါအတိုင်း လုပ်ဆောင်ရန်
ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း နှင့် မှတ်ပုံတင်မူရင်း (မိတ္တူ တစ်စုံ)
(၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)
(၁) နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ ဝယ်အတွက် မြေပုံမြေရာဇဝင် (၁၀၅/၁၀၆) မူရင်း
အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ
ရှေ့ / ဘယ် / ညာ မြေကွက်ဓာတ်ပုံ (၁) စုံစီ
ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက် (အရပ်အရောင်းအဝယ်စာချုပ်)
တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။
=======
အထက်ပါ အချက်များဖြင့် ကာလတန်ဖိုးသတ်မှတ် စီစစ်ရေးအဖွဲသို့ တင်ပြ လျှောက်ထားရမှာ ဖြစ်ပါတယ်။
“ငွေဖြူ” ရှိရင် အခွန် သက်သာပါမယ်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို “ငွေဖြူ” လို့ ခေါ်ပါတယ်။
ငွေဖြူနဲ့ အခွန်ဆောင်ရင် အချိန်အနည်းငယ် ပိုကြာနိုင်ပါတယ်။ ငွေဖြူ မရှိရင် အထက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း ဆောင်ရပါမယ်။
=========
ဘဏ္ဍာနှစ်တစ်နှစ်အတွင်း မြို့နယ်တစ်ခုတည်းမှာ နှစ်ကွက်စာကို တစ်ချိန်တည်း ရာဖြတ်လျှင် ၊ အိမ်ထောင်စုသန်းခေါင်စာရင်း တစ်ခုတည်းမှ ရာဖြတ်တင်လျှင်သော်လည်းကောင်း ရာဖြတ်တန်ဖိုဲးပေါ် (၃၀%) ဖြင့် ဆောင်ရပါမယ်။
ဝယ်ခွန်ဆောင်ပြီးလျှင် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ (၄ %) တံဆိပ်ခေါင်း ကပ်ရပါမယ်။ တံဆိပ်ခေါင်း ဝယ်ရပါမယ်။ ရောင်းခွန်ဆောင်ပြီးမှ တံဆိပ်ခေါင်း ဝယ်လို့ရပါမယ်။
တရားဝင် အရောင်းအဝယ်စာချုပ်အတွက် ရောင်းသူနှင့် ဝယ်ယူသူတို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ် …မှတ်ပုံတင်ကြေး (၀.၅%) ပေးဆောင်ရပါမယ်။
စာချုပ်စာတမ်းရုံးမှာ စာချုပ်ပြီး နောက် ရက်အနည်းငယ်ကြာရင် စာရွက်စာတမ်း အပြည့်အစုံနဲ့ မြို့တော်စည်ပင်ရုံးမှာ နာမည်ပြောင်း လျှောက်ထားနိုင်ပါတယ်။
မူရင်းတင်သူအား credit ပေးပါသည်
➖➖➖➖➖➖➖➖➖
Crd/