21/02/2024
#စစ်မှုထမ်းဖို့_ဘယ်သူတွေကိုဦးစားပေးခေါ်မလဲ
#သိချင်နေကြသူတွေအတွက်ပါ
ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် အစောဆုံး အပတ်စဉ်(၁)မှာ
ဘယ်သူတွေ ဦးစားပေး လက်ခံမှာလဲ????
- ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်ပါမည်။
- ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ ဗဟိုမှ ရပ်ကျေးအဆင့်ထိ အဆင့်ဆင့်ဖွဲ့ပါမည်။
- တိုင်းနဲ့ ပြည့်နယ် မှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက စာရင်းကောက်ယူပါမည်။
အစောဆုံး အပတ်စဉ်(၁)မှာ ဘယ်သူတွေ ဦးစားပေး လက်ခံမှာလဲ??
အပတ်စဉ် ၁ မှ အပတ်စဉ် ၃ အထိအား တပ်မတော်မိသားစုဝင်များနှင့် တပ်မတော် ချစ်မြတ်နိုးသူများ, မိမိစိတ်ဆန္ဒဖြင့် အရင်ဦးဆုံး တာဝန်ထမ်းလိုသူ, မိမိစိတ်ဆန္ဒဖြင့် အမည်စာရင်း အရင်ဆုံးလာပေးသူများကိုသာ စီစစ်ရေးအဖွဲ့များက သေချာစီစစ်ပြီးမှ ဦးစားပေး လက်ခံသွားမည်ဟု သိရပါတယ်..
အပတ်စဉ် ၁မှ အပတ်စဉ် ၃ အထိ အမျိုးသားများကိုသာ ဦးစားပေး ခေါ်ယူ လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး မိမိစိတ်ဆန္ဒဖြင့် ဝင်ရောက််တာဝန်ထမ်းဆောင်မည့် အမျိုးသမီးများကိုတော့ အနည်းဆုံး အင်အားကိုသာ ခေါ်ယူ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
အပတ်စဉ် ၄ ရောက်မှ အမျိုးသား. အမျိုးသမီး ကို အချိုးကျ ခေါ်ယူလေ့ကျင့် တာဝန်ပေးသွားပါမယ်။
အပတ်စဉ် ၁ စစ်သင်တန်းကို ၂၀၂၄ ဇွန်လ တွင် စတင်တက်ရောက်ရမည်ဖြစ်ပြီး ၂၀၂၄ ဒီဇင်ဘာလတွင် ပြီးဆုံးမှာလို့ သိရပါတယ်။
သင်တန်းပြီးစီးပါက မိမိတို့ ရပ်ရွာ ဒေသရှိ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့, တပ်ရင်းများတွင်သာ တာဝန် ထမ်းဆောင်ရမယ်။ တသ လစာနဲ့ ရိက္ခာ ရရှိခံစားရပါမည်။ ပညာအရည်အချင်းအလိုက် လစာထပ်ရပါမယ်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ နှစ်အတွင်း အပတ်စဉ် ၁ကို လူဦးရေ ၃သောင်းသာ ကန့်သတ် လက်ခံမှာဖြစ်ပါတယ်။
၂၀၂၄ နှစ် နောက်ပိုင်း အပတ်စဉ် ၂ မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၅ သောင်းကျော်ကို အင်အား အကန့်အသတ်, အပတ်စဉ် အကန့်အသတ် ,နှစ်အကန့်အသတ်ဖြင့်သာ ခေါ်ယူ လေ့ကျင့် တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရပါတယ်။
၄လပ်ိုင်းလောက် စတင်ခေါ်ယူမည်လို့သတင်းကြားရပါတယ်။
ဘီဘီစီမြန်မာနှင့် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့မေးမြန်းချက်၊မှကောက်နုတ်ဖော်ပြပါသည်။
#ဥပဒေရေးရာ