12/07/2025
စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ရန်အတွက် ဥပဒေရေးရာ အကြံပြုချက်များ
စီးပွားရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်ပြီဆိုပါက မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ၊ ဒဏ်ကြေး၊ပြစ်ဒဏ် နှင့် ကန့်သတ်ချက်တွေကို ရှောင်ရှားနိုင်ဖို့ရန်အတွက် ဥပဒေရေးရာကိစ္စရပ်တွေကို သေချာစီမံဖို့ အရေးကြီးပါတယ်။ အောက်ဖော်ပြပါအချက်များသည် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ရန်အတွက် သိထားသင့်သည့် အခြေခံ ဥပဒေအချက်အလက်များဖြစ်ပါတယ်-
(၁) ဥပဒေအရ တရားဝင်လုပ်ငန်းဖြစ်ဖို့ သက်ဆိုင်ရာ ရင်းနှီးမြုပ်နှံမူနှင့် ကုမ္ပဏီညွှန်ကြားမှု ဦးစီးဌာန (DICA) မှာ ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို ပြုလုပ်ပါ။
(၂) ကုမ္ပဏီမှတ်ပုံတင်ခြင်း ပြုလုပ်ပြီးပါက လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သည့် စည်ပင်လုပ်ငန်းလိုင်စင် ပြုလုပ်ပါ။ လိုအပ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်၊ ပါမစ်နှင့် လိုင်စင်များကို လျှောက်ထားရယူပါ။
(၃) အခွန်ထမ်း မှတ်ပုံတင်ပြုလုပ်ပြီး ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အကောက်ခွန်၊ အစရှိသည့် အခွန် စတာတွေကို အခွန်ဥပဒေနှင့်အညီထမ်းဆောင်ပါ။
(၄) မူပိုင်ခွင့် နှင့် မိမိတို့၏ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမှတ်တံဆိပ်တို့ကို မှတ်ပုံတင်ထားပါ။
(၅) လုပ်ငန်းဘဏ်အကောင့်ဖွင့်၍ ငွေလွှဲငွေသွင်း မှတ်တမ်းများ စနစ်တကျထားပါ။
(၆) အလုပ်သမားဥပဒေနှင့်အညီဝန်ထမ်းခန့်အပ်ခြင်း၊ ဝန်ထမ်းစည်းကမ်းများစနစ်တကျ ပြုစုခြင်းများကို ပြုလုပ်ပါ။
(၇) MOU, NDA, Service Agreement, Purchasing Agreement အစရှိသည့် စီးပွားရေး လုပ်ငန်းနှင့် ပတ်သတ်သော စာချုပ်စာတမ်းများ၊ ဝန်ထမ်းခန့်အပ်မူ သဘောတူစာချုပ်များကို လုပ်ငန်းသဘောတရားများအပေါ် မူတည်ပြီး ဥပဒေနှင့်အညီ စနစ်တကျ ရေးဆွဲခြင်း ပြုလုပ်ပါ။
မိမိတို့၏စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ဖို့အတွက် ဥပဒေနှင့်အညီ စနစ်တကျ စီမံခန့်ခွဲခြင်းက အရေးကြီးဆုံးသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းစတင်ပြီဆို လိုအပ်ပါက သက်ဆိုင်ရာလုပ်ငန်းနှင့် ဥပဒေရေးအရ ကျွမ်းကျင်သော ရှေ့နေရှေ့ရပ်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သင့်ပါကြောင်း AKH Law Firm မှ အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျ။
AKH Law Firm၏ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းနှင့် ဥပဒေအရ ကျွမ်းကျင်မူရှိသော ရှေ့နေရှေ့ရပ်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက-
ဆက်သွယ်ရန်
📲 Phone: 09254012649, 09979848011
📩 Email: [email protected]
🏢 Address: No (97), First Floor, (39) Street, Lower Block, Kyaukdata Township, Yangon.