Wutt Yi - Lawyer

Wutt Yi - Lawyer စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုပေးခြင်းနှင့် ဥပဒေရေးရာဝန်ဆောင်မှုများ
📲 09449448797
စုံစမ်းသလိုက ရုံးချိန်းအတွင်း ( 10:00 AM 4:00 PM)အတွင်းဆက်သွယ်နိုင်သည်။

21/08/2026
2018 ချိန်ဘာတုန်းက သောင်းဂဏန်းဘဲ ရှိတဲ့ စာအုပ်က အခု တစ်အုပ်ကို တစ်သိန်းနှစ်သောင်း ဖြစ်သွားပါပီ။🌾🌾🌾💦💦💦💦 #ရှေ့နေမလေး   #စာ...
16/08/2026

2018 ချိန်ဘာတုန်းက သောင်းဂဏန်းဘဲ ရှိတဲ့ စာအုပ်က အခု တစ်အုပ်ကို တစ်သိန်းနှစ်သောင်း ဖြစ်သွားပါပီ။
🌾🌾🌾💦💦💦💦
#ရှေ့နေမလေး
#စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုခြင်းနှင့်အမှုလိုက်ပါဆောင်ရွက်ခြင်း

14/08/2026

⚖️ ရှေ့နေတစ်ယောက်ရဲ့ အားထုတ်ဆောင်ရွက်မှု ⚖️
=======================================

ရှေ့နေတစ်ဦး၏ လုပ်ငန်းတာဝန်များတွင် မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုသည် မရှိမဖြစ်လိုအပ်သော အရည်အချင်းတစ်ခု ဖြစ်ပါသည်။ ထိုသို့သော ကြိုးပမ်းမှုကို အဓိကအားဖြင့် အချက်အချို့ဖြင့် ခွဲခြားသတ်မှတ်နိုင်ပါသည်။

၁။ အမှုကိစ္စတစ်ခုချင်းစီအပေါ် နက်ရှိုင်းစွာ လေ့လာဆန်းစစ်ခြင်း
ရှေ့နေတစ်ဦးသည် တရားဥပဒေကြောင်းအရ ခိုင်လုံသော အထောက်အထားများ၊ စီရင်ထုံးများနှင့် ဥပဒေပုဒ်မများကို အသေးစိတ်ရှာဖွေရပါသည်။ အချက်အလက်များကို အချိန်ပေး၍ စနစ်တကျ လေ့လာခြင်းသည် အောင်မြင်မှုအတွက် ပထမခြေလှမ်းပင် ဖြစ်ပါသည်။

၂။ စိတ်ရှည်သည်းခံမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု
ဥပဒေရေးရာ လုပ်ငန်းစဉ်များသည် ရှည်လျားပြီး စိန်ခေါ်မှုများစွာရှိတတ်ပါသည်။ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် မိမိ၏ ရည်မှန်းချက် ပျောက်ဆုံးမသွားစေရန် ထိန်းချုပ်နိုင်ခြင်းနှင့် အရှုံးမပေးဘဲ ဆက်လက်ကြိုးစားခြင်းသည် အရေးကြီးဆုံးသော အရည်အချင်းတစ်ခု ဖြစ်ပါသည်။

၃။ ကျွမ်းကျင်မှုနှင့် တာဝန်ယူမှု
မိမိ၏ အမှုသည်များအပေါ် တာဝန်ကျေပွန်ရန်နှင့် တရားဥပဒေ၏ စံနှုန်းများကို ထိန်းသိမ်းရန်အတွက် အမြဲတစေ ပြင်ဆင်နေရပါသည်။ အမှားအယွင်းမရှိစေရန် တိကျသေချာစွာ စဉ်းစားတွေးခေါ်ခြင်းသည် ရှေ့နေတစ်ယောက်၏ မဆုတ်မနစ်သော ကြိုးပမ်းမှုပင် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ရှေ့နေတစ်ယောက်၏ ကြိုးပမ်းမှုဆိုသည်မှာ အမှုအောင်မြင်ရေးအတွက်သာမက တရားမျှတမှုအတွက်ပါ တစိုက်မတ်မတ် အားထုတ်ခြင်းဖြစ်ပါသည်။ မိတ်ဆွေရှေ့နေကြီးများအနေဖြင့်လည်း မိမိတို့၏ အတွေ့အကြုံများထဲမှ အခြားလိုအပ်မည့် အချက်များကို ထပ်မံဖြည့်စွက် အကြံပြုပေးပါဦးခင်ဗျာ။

ဤစာစုအား ပြန်လည်မျှဝေမည်ဆိုပါက Credit ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာချုပ်ရုံးကအပြန် ကော်ဖီဆိုင်မှာ အမှုသည်နဲ့ ဆွေးနွေးရင်းပြစ်မှုအတွက် တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးဖို့ တစ်ခါတည်း စရန်ခ...
14/08/2026

စာချုပ်ရုံးကအပြန် ကော်ဖီဆိုင်မှာ အမှုသည်နဲ့ ဆွေးနွေးရင်း
ပြစ်မှုအတွက် တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးဖို့ တစ်ခါတည်း စရန်ချသွားသော client ။😍🌾💦
စိတ်ထားကောင်း စေတနာကောင်းတော့ လူကောင်းတွေနဲ့ဘဲ ကြုံခဲ့ရတဲ့အတွက် ကံတရားကို ကျေးဇူးတင်ပါတယ်။
အမြဲကြိုးစားနေတဲ့ ချစ်တဲ့

#စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုခြင်းနှင့်အမှုလိုက်ပါဆောက်ရွက်ခြင်း

မြေကွက်အပြီးအပိုင်အရောင်းအဝယ်စာချုပ် အား မှတ်ပုံတင်စာချုပ်ချုပ်ရန် ရောက်ရှိ နံနက်ကနေ ညနေအထိ စောင့်ခဲ့ရတဲ့ ဒီနေ့ အရောင်းရ...
14/08/2026

မြေကွက်အပြီးအပိုင်အရောင်းအဝယ်စာချုပ် အား မှတ်ပုံတင်စာချုပ်ချုပ်ရန် ရောက်ရှိ နံနက်ကနေ ညနေအထိ စောင့်ခဲ့ရတဲ့ ဒီနေ့ အရောင်းရော အဝယ်ရော စိတ်ရှည်စွာစောင့်ပေးခဲ့လို့ ကျေးဇူးတင်ရပါတယ်ရှင်
အဝယ်မမ လက်ဆောင်ပေးတာ နောက်နေ့မှတင်ပါတော့မယ် ရှင်။

#ရှေ့နေမလေး #စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုခြင်းနှင့်အမှုလိုက်ပါဆောင်ရွက်ခြင်း

11/08/2026

လူတိုင်းသိထားသင့်တဲ့ ဥပဒေဗဟုသုတ - တရားရုံးက သမ္မန်စာရပြီး ရုံးမလာရင် ဘာဖြစ်မလဲ? ⚖️💡
တရားရုံးကနေ "သမ္မန်စာ" (ရုံးချိန်းဆင့်ခေါ်စာ) ပို့လိုက်လို့ လက်ခံရရှိထားပေမဲ့ "ဂရုမစိုက်ဘဲ ထိုင်နေရင် ဘာမှမဖြစ်ပါဘူး" လို့ ထင်နေရင်တော့ အယူအဆ မှားယွင်းနေပါပြီ။
တရားမကျင့်ထုံးဥပဒေ အမိန့် ၉၊ နည်း ၆ (၁)(က) မှာ ဒီလိုပြဋ္ဌာန်းထားပါတယ်။
📌 တရားမကျင့်ထူံဥပဒေအရ -
တရားပြိုင်ထံ သမ္မန်စာ ကောင်းစွာ ပေးအပ်ပြီးဖြစ်ကြောင်း ထင်ရှားလျက် တရားပြိုင် ရုံးသို့ လာရောက်ရန် ပျက်ကွက်ပါက တရားရုံးသည် အမှုကို တစ်ဖက်သတ် စစ်ဆေးကြားနာရန် (Ex-parte) မိန့်ဆိုနိုင်သည်။
📌 အများနားလည်အောင် အလွယ်ပြောရရင် -
တရားရုံးက ဆင့်ခေါ်စာ ပို့တာကို စနစ်တကျ လက်ခံရရှိပြီးပြီဆိုရင် သတ်မှတ်ထားတဲ့ ရုံးချိန်းရက်မှာ တရားပြိုင်ဘက်က ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေနဲ့ဖြစ်စေ ရုံးရှေ့ လာရောက်ရပါမယ်။
အကြောင်းမဲ့ ပျက်ကွက်ခဲ့ရင် တရားရုံးက တရားပြိုင်ကို ထပ်မစောင့်တော့ဘဲ "တရားလိုပြောတာကိုပဲ တစ်ဖက်သတ် ကြားနာစစ်ဆေးပြီး အမှု ဆက်စစ်တော့မယ်" ဆိုပြီး အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
⚠️ ဒါကြောင့် ဘာတွေ သတိထားရမလဲ?
၁။ ချေပခွင့် ဆုံးရှုံးမယ်: ကိုယ့်ဘက်က မှန်နေရင်ပင်ဖြစ်ပါစေ ရုံးမလာရင် မိမိဘက်မှ ချေပထွက်ဆိုခွင့် နစ်နာသွားပါလိမ့်မယ်။
၂။ တစ်ဖက်သတ် အနိုင်ဒီကရီ ကျသွားနိုင်တယ်: တရားလိုဘက်က တင်ပြချက်တွေကိုပဲ စစ်ဆေးတော့မှာ ဖြစ်တဲ့အတွက် အမှုရှုံးသွားနိုင်ခြေ အလွန်များပါတယ်။
💡 အကြံပြုချက်-
တရားရုံးက သမ္မန်စာ သို့မဟုတ် အကြောင်းကြားစာ ရရှိလာရင် ပေါ့ဆမနေဘဲ သတ်မှတ်ထားတဲ့ ရုံးချိန်းရက်မှာ မပျက်မကွက် သွားရောက်တာ (သို့မဟုတ်) ကျွမ်းကျင်သူ ရှေ့နေများနှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံး ဖြစ်ပါတယ်။


#ဥပဒေဗဟုသုတ #တရားမကျင့်ထုံးဥပဒေ #သမ္မန်စာ #ဥပဒေရေးရာ

ဖုန်းစဆက်ကတည်းက နားမလည်တာ‌ေမးမြန်းတယ် ‌‌ေသသေချာ‌ဆွေးနွေးပေးဖြစ်တယ် Client က မန္တလေးက ရွာမြေဝယ်ယူခြင်းနဲ့ပတ်သက်ပြီး သေချာ...
11/08/2026

ဖုန်းစဆက်ကတည်းက နားမလည်တာ‌ေမးမြန်းတယ် ‌‌ေသသေချာ‌ဆွေးနွေးပေးဖြစ်တယ် Client က မန္တလေးက ရွာမြေဝယ်ယူခြင်းနဲ့ပတ်သက်ပြီး သေချာဆွေးနွေးပေးခဲ့တော့ ဆရာမ ဆွေးနွေးခဘယ်လိုယူသလဲတဲ့ ဆိုပီးမေးတော့
အိမ်ခြံမြေစာချုပ်စာတမ်းဆို ဆွေးျနွးခ သုံးသောင်း
အမှုကိစ္စဆိုရင် ငါးသောင်းပါလို့ ပြောတော့
ဆရာမကို ဆွေးနွေးခ လွဲပေးပါရစေတဲ့ဆိုပြီး
kpay number ပို့ခိုင်းတယ်
ဆွေးနွေးခ လွဲပေးတယ် ဒီလိုclient တွေကြောင့် အလုပ်လုပ်ရတာ ပိုပျော်ပါတယ်။

အိမ်ခြံ‌ေမြစာချုပ်စာတမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်ဆိုရင် သို့ ဆက်သွယ်နိုင်ပါတယ်။
#စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုခြင်းနှင့်အမှုလိုက်ပါဆောင်ရွက်ခြင်း

11/08/2026

#သတင်းစာထဲကြော်ငြာထည့်ရုံနဲ့တကယ်ဘဲအမွေပြတ်စွန့်လွတ်ရာ #ရောက်ပါသလား??
သတိပြုရန် အချက်
မြေးများ အမွေမပြတ်ပါ - သွာနုတ္တရ အဖြစ် အမွေပြတ်သွားသော်လည်း အဆိုပါ သားသမီးမှ မွေးဖွားသော "မြေးရင်းများ" ထံသို့ အမွေ ဆက်ခံခွင့် ရောက်ရှိသွားပါသည်။

မွေးစားသားသမီး - မွေးစားသားသမီး ဖြစ်ပါက မြေးများပါ အမွေပြတ်သွားမည် ဖြစ်ပါသည်။

အိမ်ထောင်စုဇယားထဲက ပယ်ဖျက်ရုံ၊ သတင်းစာထဲ ကြော်ငြာရုံနဲ့ အမွေမပြတ်နိုင်ကြောင်း လူသိနည်းနေသေးသည့်အတွက် SHARE လုပ်ပေးခြင်းဖြင့် ပညာဒါန ပြုလုပ်နိုင်ပါတယ်နော်။

မိသားစု၊ အိမ်ခြံမြေနှင့် စာချုပ်စာတမ်းဆိုင်ရာ ဥပဒေကြောင်းအရ လိုအပ်ချက်များအတွက် သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

#မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ #အမွေဆက်ခံခြင်း #သွာနုတ္တရသားသမီး #ဥပဒေဗဟုသုတ

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Wutt Yi - Lawyer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share