KO HTET General Employment Services

KO HTET General Employment Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KO HTET General Employment Services, Passport and visa service, Yangon.

နှစ်ဆန်းတစ်ရက်နေ့ အကြောင်း သိကောင်းစရာများ💦💦💦********************************************နှစ်ဆန်းတစ်ရက်နေ့သည်  မြန်မာလူမ...
17/04/2023

နှစ်ဆန်းတစ်ရက်နေ့ အကြောင်း သိကောင်းစရာများ💦💦💦
********************************************
နှစ်ဆန်းတစ်ရက်နေ့သည် မြန်မာလူမျိုးများအတွက် အထွတ်အမြတ်ထားရာ နေ့တစ်နေ့ ဖြစ်ပါသည်။ သက္ကရာဇ်တစ်ခု၏ အစအဦးရက်တွင် ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာလည်း မြတ်နိုးဖွယ်ရာ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သည်။

နှစ်ဆန်းတစ်ရက်💦💦💦
မြန်မာပြက္ခဒိန်အရ မြန်မာနှစ်၏ ပထမဆုံးလမှာ တန်ခူးလ ဖြစ်သော်လည်း နှစ်ဆန်းတစ်ရက်နေ့မှာ တန်ခူးလဆန်း(၁)ရက်နေ့ မဟုတ်ပေ။ သူရိယနေမင်းကြီး မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန်သည် တန်ခူးလအတွင်း ဖြစ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ကဆုန်လအတွင်း ကျရောက်နိုင်လေသည်။ သို့ဖြစ်၍ တန်ခူးလ၊ သို့မဟုတ် ကဆုန်လ၏ နှစ်ဆန်းတစ်ရက်နေ့ မတိုင်မီ ရက်များကို နှောင်းတန်ခူး သို့မဟုတ် နှောင်းကဆုန်ဟု ခေါ်ဆိုကြသည်။ ဝေါဟာရ ပြက္ခဒိန်အရ တန်ခူး၊ ကဆုန်လများသို့ ရောက်ရှိသည့်တိုင် နှစ်မကူးသေးဘဲ နှစ်ဆန်းတစ်ရက် နေ့တွင်မှ နှစ်သစ်ကို စတင်ပါသည်။

ရှေးမြန်မာမင်းများ လက်ထက်💦💦💦
ရှေးမြန်မာမင်းများ လက်ထက်ကပင် နှစ်ဆန်းတစ်ရက်နေ့ကို အလေးအမြတ်ပြုကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေမြို့တော် ဓာတ်တံခါးလေးရပ်မှ အမြောက်သံပေးရမြဲဖြစ်သည်။ ယင်းနေ့တွင် ရတနာသုံးပါးနှင့်တကွ သမ္မာဒေဝနတ် အပေါင်းတို့အား ရှေးအစဉ်အလာအတိုင်း လှူဒါန်းပူဇော်မြဲ လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြသည်။ ယင်းနေ့တွင် အတာပွဲတော်ကိုလည်း ဆင်ယင်ကျင်းပလေ့ ရှိခဲ့ကြသည်။

သမိုင်းဝင် နှစ်ဆန်းတစ်ရက်နေ့💦💦💦
မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ် (၁၈၇၁ ခုနှစ်)က နှစ်ဆန်းတစ်ရက်နေ့မှာ သမိုင်းဝင် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မင်းတုန်းမင်းသည် ယင်းနေ့တွင် ပဉ္စမသင်္ဂါယနာတင် အခမ်းအနားကို စတင်ကျင်းပ ခဲ့သောကြောင့် ဖြစ်ပါသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် “သက္ကရာဇ် (၁၂၃၃)ခုနှစ် ဒာတန်ခူးလပြည့်ကျော် တစ်ဆယ့်တစ်ရက် (၁၅ ဧပြီ ၁၈၇၁) နှစ်ဆန်းတစ်ရက် စနေနေ့ ကောင်းမြတ်သော မင်္ဂလာအခါတော်၌ အမြောက်သံကြားစေပြီးမှ ဆဒ္ဒန်ဆင်မင်းသခင်အသျှင် ဘဝရှင်မင်းတရားကြီးဘုရား၊ အရှင်နန်းမတော် မိဖုရားခေါင်ကြီး ဘုရားနှင့်တကွ မင်းညီမင်းသား မှူးတော်မတ်တော် အပေါင်းတို့ဖြင့် ခြံရံလျက် ထွက်တော်မူ၍ ရွှေနန်းပြာသာဒ်တော်ဦး မြေနန်းတော်တွင် အခမ်းအနား ကြီးကျယ်စွာ စီမံခင်းကျင်းပြီးလျှင် သာသနာပြု သုဓမ္မဆရာတော်၊ တံဆိပ်ရမရ ဆရာတော် သံဃာတော်တို့ကို လျှောက်ထားတောင်းပန်၍ ပဉ္စမသင်္ဂါယနာတင် မင်္ဂလာသဘင် ဆင်ယင်တော်မူသည်” ဟူ၍ ဖော်ပြပါရှိပါသည်။

ငါးလွှတ်ပွဲ💦💦💦
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုက နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနအလှူပွဲများ စုပေါင်းကျင်းပလေ့ရှိကြရာ ထင်ရှားသော ပွဲတစ်ပွဲမှာ ငါးလွှတ်ပွဲ ဖြစ်ပါသည်။ ရန်ကုန်မြို့ ဘောက်ထော်ရပ် ကန်ဘဲ့ရွာ တောင်ပိုင်းတွင် မစ္ဆသမူဟအဘယဒါန အသင်းခေါ် ငါးလွှတ်ပွဲကျင်းပရန် အသင်းတစ်သင်းပင် ဖွဲ့စည်းထားခဲ့သည်။ ယင်းအသင်းကို ၁၉၂၆ ခုနှစ်ကပင် ဖွဲ့စည်းခဲ့သည်။ ၁၃၀၀ ပြည့်နှစ်ဆန်း တစ်ရက်နေ့ကဆိုလျှင် ၁၃ ကြိမ်မြောက် ငါးလွှတ်ပွဲအဖြစ် လှည်းများဖြင့် ကခုန်တီးမှုတ်ကြလျက် အင်းလျားကန်သို့ သွားရောက်ကာ ငါးလွှတ်ပွဲ ကျင်းပခဲ့ကြကြောင်း (၂၃-၄-၁၉၃၈) ရက်စွဲပါ သူရိယသတင်းစာတွင် သတင်းဖော်ပြ ပါရှိပါသည်။

ဘေးမဲ့လွှတ်ပွဲများ💦💦💦
နှစ်ဆန်းတစ်ရက်နေ့တွင် ငါးလွှတ်ပွဲကို သာမက အခြားတိရစ္ဆာန်များအား ဘေးမဲ့ပေးလှူပွဲ များကိုလည်း မြို့ရွာအနှံ့တွင် ကျင်းပလေ့ ရှိကြသည်။ မြို့ရွာအများတွင် ဇီဝိတဒါန ကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားကြပြီး ယင်းအဖွဲ့များမှ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ပွဲ ကျင်းပကြသည်။ ၁၉၃၈ ခုနှစ်က သထုံမြို့၌ ယင်းသို့ဘေးမဲ့လွှတ်ပွဲ ကျင်းပခဲ့ပုံနှင့် ပတ်သက်၍ “ဘေးမဲ့ဇီဝိတဒါန ကယ်ဆယ်ရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် ကျွဲ နွားဆိတ်ဝက် ကြက်ငှက်သားငါး တိရစ္ဆာန်များ လွှတ်ပွဲကို နှစ်ဆန်း ၁ ရက်နေ့က မော်တော်ကားနှင့်တကွ လှည်းပေါင်းများစွာဖြင့် တင်ဆောင်ကာ အတီးအမှုတ် အကအခုန် အမျိုးမျိုးတို့ဖြင့် လှည့်လည်ကျင်းပကြောင်း။ ထိုလှည့်လည်ရာတွင် ရှေးဆုံးတွင် သံဃာတော် အရှင်မြတ်များက မော်တော်ဘတ်စ်ကားကြီးတွင် လိုက်ပါကာ ပရိတ်ကမ္မဝါများ ရွတ်ကြားသွားကြောင်း” စသည်ဖြင့် သူရိယသတင်းစာ၌ ရေးသားထားသည်ကို တွေ့ရှိရသည်။

ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း💦💦💦
နှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့်လည်း ကုသိုလ်ယူကြသည်။ မိမိတို့နေထိုင်ရာ နယ်မြေဒေသအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်ကြခြင်းမှာ ရှေးအစဉ်အလာ တစ်ရပ်ဖြစ်ပါသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလ ဆောက်တည်သူများ၊ စေတီရင်ပြင်တော်တွင် တံမြက်လှည်း သန့်ရှင်းရေး လုပ်ခြင်းဖြင့် ကုသိုလ်ယူကြသူများကို တွေ့မြင်နိုင်ကြသည်။
နှစ်ဆန်းတစ်ရက်နေ့တွင် ရပ်ကွက်ကျေးရွာတွင်းနေ လူငယ်များက သက်ကြီးရွယ်အိုများအား ဦးခေါင်းဆေး လျှော်ပေးခြင်းဖြင့် ကုသိုလ်ယူကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ ပါမလာစေရန် အထိမ်းအမှတ်ဖြင့် ဦးခေါင်းဆေး လျှော်ခြင်းပြုကြပါသည်။ ဦးခေါင်းတွင်တင် ရှိနေသော အညစ်အကြေးများအား မြန်မာ့ရိုးရာ တရော်ကင်ပွန်းတို့ဖြင့် ဆေးကြောပေးကြခြင်း ဖြစ်သည်။
--------------------------------------------------------------------------------
အားလုံးပဲ မြန်မာ့နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာ ကြပါစေ။



crd-

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ Update ဖြစ်ပါတယ်💯💯
04/03/2023

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ Update ဖြစ်ပါတယ်💯💯

ယနေ့စတင်ဖွင်လှစ်ပြီဖြစ်သော Passport ရုံးတွင်ဖြည့်ရမည့်ဖောင်ပုံစံOnline booking တင်ရန်နည်းစနစ်သစ်။
24/02/2023

ယနေ့စတင်ဖွင်လှစ်ပြီဖြစ်သော Passport ရုံးတွင်
ဖြည့်ရမည့်ဖောင်ပုံစံ
Online booking တင်ရန်နည်းစနစ်သစ်။

- Passport ရုံး ပုံမှန်လိုပြန်ဖွင့်ဖို့ အနည်းဆုံး တစ်နှစ်ဝန်းကျင်ကြာနိုင်သေး- Passport တစ်အုပ် 7.5 lkhs ထက်နည်းဖို့မရှိ-...
21/02/2023

- Passport ရုံး ပုံမှန်လိုပြန်ဖွင့်ဖို့ အနည်းဆုံး တစ်နှစ်ဝန်းကျင်ကြာနိုင်သေး

- Passport တစ်အုပ် 7.5 lkhs ထက်နည်းဖို့မရှိ

- PJ To PV ပြောင်းခနှုန်းထား 5 Lkhs အထက်ဖြစ်လာနိုင်

- Feb အတွင်းပြန်ဖွင့်မည်ဆိုလျှင်တောင် Company Demand, Medical issue,Buddha Gaya ကိစ္စများမှလွဲ၍ အခြားသော အလုပ်လုပ်ကိုင်၊ အလည်အပတ်ထွက်လိုသူ များအတွက် ဖွင့်ဉီးမည်မဟုတ်

- Passport ရုံးပြန်ဖွင့်မည်ဟူသော ကောလဟာလများကို အခြေခံ၍ အလိမ်မခံကြရပါစေနှင့်

28/01/2023

Passport ဖွင့်ရက်စောင့်နေကြတဲ့ အမျိုးတို့ အတွက် သတင်းကောင်း💯💯

အခုလ ၁ လပိုင်းကုန်ပီး ၂ လပိုင်း ပထမ အပတ်ထဲရန်ကုန် ရုံးအပါအဝင် ရုံးအားလုံးနီးပါး ပြန်ဖွင့်ပါမယ် သတင်းကြားပါတယ်

System တော့ ပြောင်းထားပါမယ်
Bank သွင်းကို Online Banking System
ဖောင်ဖြည့်တာကို online ဖြင့်အခြား ပြောင်းလဲတာတွေလည်း ရှိပါသေးတယ်

ဖွင့်ရက် အတိအကျနဲ့ System ကို ဒီရက်ပိုင်းစာထုတ်ပီး ကြော်ငြာပါမယ်

နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်လိုသူများ အားလုံး အစစအရာရာ အဆင်ပြေကြပါစေ🙏🙏🙏

Soure-Passport Myanmar Group

26/01/2023

လိုင်စင်ရ ထိုင်းအေဂျင်စီ (၁၃၃)ခုအား ပြည်ထဲရေးဝန်ကြီးဌာနမှ
စစ်ဆေးနေစဉ် အလုပ်ခေါ်စာ(Demand)အသစ်များတင်ခွင့််မရှိ

26/01/2023

ပက်စပိုစ့်ရုံးများ
ပြန်လည် မဖွင့်သေးပါ
ပြန်လည် လျှောက်ထားခွင့်များ ပြုလုပ်နေဆဲ

26/01/2023

Black List သွင်းထားသည့်အေဂျင်စီ (၁၃၃)ခုမှအပ ကျန်အေဂျင်စီများ ပက်စပိုစ့်ပြန်လည်လျှောက်ထားခွင့်ပြုမည်

19/01/2023

အတန်တန်
သတိပေးနေတဲ့ကြားထဲ
လိမ်သွားလို့တဲ့ ဆိုတော့
ဘာမှမပြောတတ်တော့ဘူး😕

တစ်နိုင်ငံလုံးပိတ်ထားတာ သူတစ်ယောက်တည်းဖွင့်တယ်ဆိုတော့ စဉ်းစားစရာတော့ဖြစ်ကုန်ပြီ🫤
19/01/2023

တစ်နိုင်ငံလုံးပိတ်ထားတာ သူတစ်ယောက်တည်းဖွင့်တယ်ဆိုတော့ စဉ်းစားစရာတော့ဖြစ်ကုန်ပြီ🫤

ရေချိုးနေရင်း ပက်စပိုစ့်အကြောင်းတွေးမိသောအခါ😔
19/01/2023

ရေချိုးနေရင်း ပက်စပိုစ့်အကြောင်းတွေးမိသောအခါ😔

16/01/2023

MOUသမားများ
ပက်စပိုစ့် လျှောက်ထားရန်
ရပ်ဆိုင်းထားမည်ဟု
သတင်းကြားပါသည်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959777595459

Website

Alerts

Be the first to know and let us send you an email when KO HTET General Employment Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KO HTET General Employment Services:

Share