We Love Dhamma Foundation

We Love Dhamma Foundation အမှတ်- ၂၃ (ဂ)၊ စိန်ရတနာဓမ္မာစရိယ စာသင်တိုက်၊
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ပြည်လမ်း အရှေ့ရပ်ကွက်။

09774358044, 09-440036036

19/02/2026
15/02/2026

🙏🙏🙏မဂ်လာနံနက်ခင်းလေးပါ🙏🙏🙏
ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ
လိုအင်ဆန္ဒပြည့်ဝကြပါစေ ရှင့် 🙏🙏🙏

🙏🙏🙏 မေတ္တာပို့ဆုတောင်း☘️ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ …       ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ …☘...
05/02/2026

🙏🙏🙏 မေတ္တာပို့ဆုတောင်း

☘️ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ …

ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ …

☘️ကြောက်တတ်, မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ …

☘️ မြင်အပ်, မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ …

☘️ နီးနေ, ဝေးနေ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ …

☘️ ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ …

☘️ ရှည်, တို, အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ …

☘️ ကြီး, ငယ်, အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ …

☘️ ဆူ, ကြုံ , အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ …

☘️လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ …

☘️အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ …

☘️ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ …

☘️ ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ ထွန်းပါစေ …

☘️ ပို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ …

‎📝📄🙏ကူးယူပြန်လည်မျှဝေပါသည်။

credit 🙏🙏🙏🍀🍀🍀

01/02/2026

🙏🙏🙏မဂ်လာနံနက်ခင်းလေးပါ🙏🙏🙏
ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ
လိုအင်ဆန္ဒပြည့်ဝကြပါစေ ရှင့် 🙏🙏🙏

ကမ္ဘာကပ်ကျော် နှစ်တရာ ပေါ်တော်မူဘုရား

၁၃၈၇ ခု တပို့တွဲလပြည့်နေ့ (၁.၂.၂၀၂၆)နေ့ တနင်္ဂနွေနေ့ သြဝါဒပါတိမောက်အခါတော်နေ့တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့ သိ...
31/01/2026

၁၃၈၇ ခု တပို့တွဲလပြည့်နေ့
(၁.၂.၂၀၂၆)နေ့ တနင်္ဂနွေနေ့
သြဝါဒပါတိမောက်အခါတော်နေ့

တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့
သိမှတ်ဖွယ်ရာများ
***********************************
(၁)။ တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒ ပါတိမောက်အခါတော်နေ့ အဖြစ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၂)။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်ကို သုံးသပ်ကြည့်ပါလျှင်
❖အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း၊
❖အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း၊
❖အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်း ပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့ ဖြစ်ခြင်း၊
❖ဘုရားရှင်တိုင်း သြ၀ါဒ ပါတိမောက် ပြတော်မူသောနေ့ ဖြစ်ခြင်း ဤထူးခြားချက် “လေးမျိုး” ကို တွေ့ရှိရပါသည်။

(၃)။ အပါယ်ဘေးမှ ကင်းဝေးစေသော အဆုံးအမကို “သြ၀ါဒ” ဟု ခေါ်ပါသည်။ ထိုသြ၀ါဒမိန့်ကြားတော်မူခြင်းကို သြ၀ါဒပါတိမောက် ပြသည်ဟု ခေါ်ဆိုရပါသည်။

(၄)။ ပါတိမောက်သည် “သြ၀ါဒ ပါတိမောက်နှင့် အာဏာ ပါတိမောက်” ဟူ၍ နှစ်မျိုးရှိပါသည်။ သြ၀ါဒ ပါတိမောက်ကို မြတ်စွာဘုရားရှင်တို့ ကိုယ်တိုင်သာ ပြတော်မူပါသည်။ တပည့်သံဃာများ ပြခွင့် မရှိပါ။ တပည့် သံဃာများသည် “အာဏာပါတိမောက်” ကိုသာ ပြခွင့် ရှိပါသည်။

(၅)။ သက်တော်ရှည်သော မြတ်စွာဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို အသက်ထက်ဆုံး ပြတော်မူကြပါသည်။ သက်တမ်းတိုသော ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို ဝါတော် ၂၀ အတွင်း မှာသာ ပြတော်မူကြပါသည်။ လောဘ ဒေါသ စသော စရိုက်များ ထူပြောချိန်တွင် သြ၀ါဒ တည်မြဲရန် ခဲယဉ်းသောကြောင့် ဝါတော် ၂၀ ကျော်လျှင် တပည့်သံဃာတို့အား အာဏာ ပါတိမောက်ကို ပြစေရပါသည်။

(၆)။ ဘုရားရှင်တို့သည် သြ၀ါဒ ပါတိမောက်ကို
❖တပို့တွဲ လပြည့်နေ့ ကြုံကြိုက်ခြင်း၊
❖ဧဟိဘိက္ခု ရဟန်းချည်းသာ ဖြစ်ခြင်း၊
❖ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်း ဖြစ်ခြင်း၊
❖မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း၊ ဤအင်္ဂါ လေးရပ်နှင့် ပြည့်စုံမှ ပြုမြဲ ဖြစ်ပါသည်။

(၇)။ ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင်
ရှင်တထောင်၊ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန်နှင့် တပည့် ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာ သုံးပုဒ်ဖြင့် သြ၀ါဒ ပါတိမောက် ကို ပြတော်မူပါသည်။

(၈)။ သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ အနှစ်ချုပ် တရားဟု ခေါ်ပါ သည်။ သြ၀ါဒ ပါတိမောက် ဂါထာ အတိုင်း လိုက်နာ ကျင့်ကြံပါက ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီး အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ကြပါသည်။

“သြ၀ါဒ ပါတိမောက် ဂါထာတော်များမြန်မာပြန်”
(၁)။ ခန္တီကျင့်သုံး၊ အမြတ်ဆုံး၊ ရှေးထုံး လိုက်နာအပ်။
(၂)။ နိဗ္ဗာန်ဓာတ်သား၊ အမြတ်ထား၊ ဘုရားမိန့်တော်မှတ်။
(၃)။ ပဗ္ဗဇိတ၊ မှန်တုံက၊ လုံး၀မညှင်းအပ်။
(၄)။ ညှင်းဆဲပါက၊ သမဏ၊ လုံး၀ မခေါ်အပ်။

❖အကုသိုလ်ရှောင်၊ ကုသိုလ်ဆောင်၊ ဖြူအောင် စိတ်ကိုထား။
❖ဘုရားတိုင်းသာ၊ ဟောမိန့်မှာ၊ သုံးဖြာ ဤစကား။
❖ဘုရားတပည့်၊ ထားသတိ၊ ပွားဘိ ဤတရား။

(၁)။ သူ့ကို စွပ်စွဲ ၊ မပြုဘဲ ၊ နှုတ်လဲ စောင့်နိုင်စေ။
(၂)။ သူ့ကိုညှင်းဆဲ၊ မသတ်ဘဲ၊ ကိုယ်လဲ စောင့်နိုင်စေ။
(၃)။ ပါတိမောက်ထုံ၊ ဣနြေ္ဒခြုံ၊ လုံအောင် စောင့်နိုင်စေ။
(၄)။ စားသည့်အစာ၊ တိုင်းအတာ၊ မှန်စွာသိပါစေ။
(၅)။ နေသည့်အခါ၊ ဆိတ်ငြိမ်ရာ၊ မှန်စွာရှိပါစေ။
(၆)။ အဓိစိတ္တ၊ အာယောဂ ၊လုံ့လရှိကြစေ။
(၇)။ ဗုဒ္ဓဆုံးမ၊ သြ၀ါဒ ၊ လောကကျင့်နိုင်စေ။

..

22/01/2026

Address

Yangon

Telephone

+959781632658

Website

Alerts

Be the first to know and let us send you an email when We Love Dhamma Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to We Love Dhamma Foundation:

Share

ဥ ပ ဒေ စာအုပ် ၀န်ဆောင်မှု

၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း

ထုတ်ဝေသည့် ဥ ပ ဒေ စာအုပ်များ

အိမ် အ ရောက် ၀န်ဆောင်မှု ပေး နေပါပြီ။