Htoo Myat Aung Real Estate

Htoo Myat Aung Real Estate Htoo Group of Companies

📍 အနော်ရထာလမ်းမကြီးပေါ် မျက်နှာစာ ပေ ၁၂၀ ကျယ်တဲ့ စီးပွါးရေးလုပ်ရန်နေရာကောင်း မြေကွက်အရောင်းမြေဝယ်ထားရုံမဟုတ်ဘဲ ဝင်ငွေရှာ...
10/08/2026

📍 အနော်ရထာလမ်းမကြီးပေါ် မျက်နှာစာ ပေ ၁၂၀ ကျယ်တဲ့ စီးပွါးရေးလုပ်ရန်နေရာကောင်း မြေကွက်အရောင်း

မြေဝယ်ထားရုံမဟုတ်ဘဲ ဝင်ငွေရှာဖို့ အသုံးချလို့ရတဲ့ နေရာမျိုး ရှာနေတယ်ဆိုရင် ဒီအကွက်ကို ဝယ်ယူသင့်ပါတယ်။

📍 အရှေ့ဒဂုံ ၁၀ VIP၊ အနော်ရထာလမ်းမကြီးပေါ်

လမ်းမကြီးပေါ် မေးတင်တည်ရှိပြီး
မျက်နှာစာ ပေ ၁၂၀ အထိ ကျယ်တာကြောင့် စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုချင်သူတွေအတွက် အားသာချက်ကောင်းတဲ့ မြေကွက်တစ်ကွက်ပါ။

📐 မျက်နှာစာ ၁၂၀ ပေ × အနောက် ၇၉ ပေ

ဒီလို လမ်းမတန်းနဲ့ မျက်နှာစာကျယ်တဲ့နေရာဖြစ်တဲ့အတွက်
🏨 Hotel၊ တည်းခိုခန်းလုပ်ငန်းမျိုး စဉ်းစားမလား
🏭 အလုပ်ရုံ၊ လုပ်ငန်းခွင်အဖြစ် အသုံးချမလား
🏢 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက် နေရာယူထားမလား

လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး အကောင်းဆုံးအသုံးပြုနိုင်မယ့် အလားအလာများတဲ့ Location တစ်ခုပါ။

အထူးသဖြင့် လမ်းမပေါ်နေရာ၊ မျက်နှာစာ ၁၂၀ ပေကျယ်ပြီး စီးပွားရေးအတွက် အသုံးချနိုင်မယ့် မြေကွက်မျိုး ရှာနေသူတွေအတွက် ရှားရှားပါးပါး စဉ်းစားသင့်တဲ့အကွက်ပါရှင့်။

📄 ဂရမ်အမည်ပေါက်

💰 ရောင်းဈေး သိန်း ၉၀,၀၀၀
🤝 ညှိနှိုင်းနိုင်ပါတယ်

လမ်းမတန်း Property တွေကို အဓိကရှာနေတဲ့ Investor တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့
မြေတစ်ကွက်ဝယ်တာထက် ရေရှည်မှာ ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်မယ့် Location တစ်ခုကို ပိုင်ဆိုင်တာ လို့မြင်ပြီး စဉ်းစားကြည့်သင့်တဲ့ နေရာကောင်းတစ်ခုပါရှင့်။

📩 အသေးစိတ်အချက်အလက်များကို Htoo Myat Aung Real Estate Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အကျိုးတူရပါတယ်ရှင့်။

📞 09 794 778678
Viber မှလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်။

#အနော်ရထာလမ်းမ
#အရှေ့ဒဂုံ၁၀VIP
#လမ်းမတန်းများ

🏡 *မြောက်ဒဂုံမှာ မြေ ၄၀ × ၆၀ အပြည့်ပါပြီး သိန်း ၂၀,၀၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ အိမ်ကောင်းအိမ်လှလှလေးတစ်လုံး ပိုင်ဆိုင်လိုတ...
10/08/2026

🏡 *မြောက်ဒဂုံမှာ မြေ ၄၀ × ၆၀ အပြည့်ပါပြီး သိန်း ၂၀,၀၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ အိမ်ကောင်းအိမ်လှလှလေးတစ်လုံး ပိုင်ဆိုင်လိုတယ်ဆိုရင် ဒီအိမ်လေးကို လက်လွှတ်မခံသင့်ပါဘူးရှင့်*

တချို့အိမ်တွေက ဈေးကောင်းပေမယ့် အိမ်ပြန်ပြင်ရတယ်
တချို့အိမ်တွေက အိမ်လှပေမယ့် မြေကျဉ်းတယ်

ဒီအကွက်လေးကတော့
*မြေ ၄၀ × ၆၀ အပြည့်၊ ၂ ထပ်အိမ်လှလှလေးပါပြီး ဂရန်အမည်ပေါက်ဖြစ်တာကြောင့်* အိမ်ရော မြေရော တစ်ခါတည်းလိုချင်သူတွေအတွက် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင့်။

📍 **မြောက်ဒဂုံ ၃၈ ရပ်ကွက်၊ မြတ်မင်္ဂလာလမ်း၊ တပင်ရွှေထီးလမ်းမကြီးအနီး** မှာတည်ရှိပါတယ်။

ဓာတ်ပုံတွေကြည့်ရုံနဲ့တောင် ဒီအိမ်ရဲ့ပုံစံက သာမန်တိုက်ပုံစံမျိုးမဟုတ်တာ မြင်ရပါတယ်။

🏡 *Modern ၂ ထပ်အိမ်ပုံစံ*
🧱 အုတ်နံရံ Design ကို သဘာဝကျကျ ဖော်ထားတဲ့ Interior
🪟 ပြတင်းပေါက်နဲ့ မှန်တံခါးအကျယ်ကြီးတွေကြောင့် အိမ်ထဲမှာ အလင်းရောင်ကောင်းကောင်းရရှိပါတယ်
🌿 အိမ်ဘေးမှာ စိမ်းစိုတဲ့ Garden Area လေးပါရှိပါတယ်
🛋️ Living နဲ့ Dining Area ကလည်း ကျယ်ကျယ်ဝန်းဝန်း၊ လေဝင်လေထွက်ကောင်းပြီး နေရတာအေးချမ်းတဲ့ Feeling ရရှိပါတယ်
🍳 Kitchen ကလည်း Modern ပုံစံနဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားပါတယ်
🛁 Bathroom မှာ Bathtub ပါရှိပြီး အိမ်တစ်လုံးလုံးရဲ့ Design ကို တစ်သားတည်းကျအောင် ဆောက်လုပ်ထားပါတယ်ရှင့်။

📐 **မြေအကျယ် ၄၀ ပေ × ၆၀ ပေ**
🏠 **၂ ထပ်အိမ်ပါ**
📄 **ဂရန်အမည်ပေါက်**
👤 **ပိုင်ရှင်ကိုယ်တိုင် ရောင်းချခြင်း**

💰 **ရောင်းဈေး သိန်း ၂၀,၀၀၀**
🤝 **ညှိနှိုင်းနိုင်ပါတယ်**

မြောက်ဒဂုံမှာ **မြေ ၄၀ × ၆၀ လည်းလိုချင်တယ်၊ ရိုးရိုးတိုက်ပုံစံမဟုတ်ဘဲ အိမ် Design လေးလည်း လှရမယ်၊ ပတ်ဝန်းကျင်ကောင်းကောင်းမှာ မိသားစုနဲ့ အေးအေးချမ်းချမ်းနေချင်တယ်** ဆိုရင် ဒီအိမ်လေးက ကြည့်ဖြစ်အောင်ကြည့်ထားသင့်တဲ့ အိမ်တစ်လုံးပါရှင့်။

အထူးသဖြင့် **ဒီအိမ်ရဲ့တန်ဖိုးကို ဓာတ်ပုံနဲ့ပဲ ဆုံးဖြတ်မထားပါနဲ့။ နေရာနဲ့ အိမ်ကို ကိုယ်တိုင်လာကြည့်ပြီးမှ ဆုံးဖြတ်တာ ပိုတန်ပါတယ်။**

📩 အိမ်ကြည့်ချင်တာ၊ အသေးစိတ်မေးမြန်းချင်တာရှိရင် Htoo Myat Aung Real Estate Page Chat Box မှာ ဆက်သွယ်နိုင်ပါတယ်ရှင့်။

📞 **09 794 778678**
📱 Viber မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏡 **Htoo Myat Aung Real Estate**
*အိမ်ကောင်း၊ နေရာကောင်း၊ ဈေးတန်တဲ့ Property ကောင်းတွေကို အချက်အလက်မှန်မှန်နဲ့ ချိတ်ဆက်ပေးနေပါတယ်ရှင့်။*

#မြောက်ဒဂုံအိမ်ခြံမြေ #မြောက်ဒဂုံ

🏡 ‌အိမ်ကောင်းကောင်းကို ရပ်ကွက်ကောင်းကောင်းမှာ ဝယ်ယူလိုတဲ့  မိတ်ဆွေတို့အတွက် ပင်လုံလမ်းမတည့်ပေါက်၊ ပင်လုံလမ်းမအနီး 3 RC တ...
04/08/2026

🏡 ‌အိမ်ကောင်းကောင်းကို ရပ်ကွက်ကောင်းကောင်းမှာ ဝယ်ယူလိုတဲ့ မိတ်ဆွေတို့အတွက် ပင်လုံလမ်းမတည့်ပေါက်၊ ပင်လုံလမ်းမအနီး 3 RC တိုက်သစ်အရောင်း

မြောက်ဒဂုံရဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ ၃၄ ရပ်ကွက် သစ်တောမှာရှိပြီး
ပင်လုံလမ်းမကို တည့်ပေါက်တဲ့အတွက် ဝင်ထွက်သွားလာရလွယ်ကူတဲ့ နေရာကောင်းတစ်ခုပါ။

📐 မြေအကျယ် ၄၀ ပေ × ၆၀ ပေ
🏠 အသစ်ဆောက်လုပ်ထားသော 3 RC တိုက်သစ်
📄 ဂရမ်အမည်ပေါက်
💰 ရောင်းဈေး ၃၆,၀၀၀ သိန်း (ညှိနှိုင်း)

ပင်လုံလမ်းမကိုတည့်ပေါက်တဲ့အပြင် ၃၄သစ်တောမှာ တည်ရှိတဲ့အတွက်ကြောင့် မိသားစုနေထိုင်ရန်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ ရွေးချယ်သင့်တဲ့ အိမ်ကောင်းတစ်လုံးဖြစ်ပါတယ်။

တည်နေရာအသေးစိတ်နှင့် အိမ်ကြည့်ရန်
📞 09 794 778678 (Viber)

Htoo Myat Aung Real Estate
ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တိကျသော အိမ်ခြံမြေအချက်အလက်များဖြင့် ဝန်ဆောင်မှုပေးနေပါသည်။



#မြောက်ဒဂုံအိမ်အရောင်း
#ပင်လုံလမ်းမအနီး
#ပင်လုံလမ်းမတည့်ပေါက်

Happy Full Moon Day of Waso ! စီးပွါးလာဒ်လာဘများ ဆထက်တိုးပွါးကြပါစေ 🙏🙏🙏
29/07/2026

Happy Full Moon Day of Waso !
စီးပွါးလာဒ်လာဘများ ဆထက်တိုးပွါးကြပါစေ
🙏🙏🙏

📣 **အရှေ့ဒဂုံမှာ ၂၀ × ၆၀ အိမ်ကောင်းပါတာ အမြန်ဝယ်ယူလိုပါတယ်**📍တည်နေရာ   ၅၊ ၆၊ ၈၊ ၉၊ ၁၁ ရပ်ကွက်များအတွင်း📐 မြေအကျယ်   ၂၀ ×...
24/07/2026

📣 **အရှေ့ဒဂုံမှာ ၂၀ × ၆၀ အိမ်ကောင်းပါတာ အမြန်ဝယ်ယူလိုပါတယ်**

📍တည်နေရာ ၅၊ ၆၊ ၈၊ ၉၊ ၁၁ ရပ်ကွက်များအတွင်း
📐 မြေအကျယ် ၂၀ × ၆၀ ပေ
🏠 အိမ်ကောင်း
💰 ဘတ်ဂျက် သိန်း ၅,၀၀၀ မှ ၆,၀၀၀

လေးစားအပ်ပါသောပိုင်ရှင်များနှင့် အကျိုးဆောင်များ ဆက်သွယ်ပေးပါရှင့်။

Htoo Myat Aung Real Estate
ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တိကျသော အိမ်ခြံမြေအချက်အလက်များဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

📞 09 794 778678 (Viber)

#အရှေ့ဒဂုံ #အိမ်ဝယ်မည် #အိမ်ကောင်း #ပိုင်ရှင်တိုက်ရိုက် #အကျိုးဆောင်များ

💎 သူဌေးမင်းတို့ ရှာဖွေစောင့်မျှော်နေတဲ့ ရွှေပင်လုံလမ်းမ မေးတင်စစ်စစ် ပေကျယ်မြေကွက်ကြီး လာပါပြီရှင့်စီးပွားရေးလုပ်ငန်းကြီ...
20/07/2026

💎 သူဌေးမင်းတို့ ရှာဖွေစောင့်မျှော်နေတဲ့ ရွှေပင်လုံလမ်းမ မေးတင်စစ်စစ် ပေကျယ်မြေကွက်ကြီး လာပါပြီရှင့်

စီးပွားရေးလုပ်ငန်းကြီးတစ်ခု စတင်ရန်၊ လုပ်ငန်းတိုးချဲ့ရန် သို့မဟုတ် အနာဂတ်တန်ဖိုးမြင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ပိုင်ဆိုင်ထားရန် လမ်းမတန်းမေးတင် နေရာကောင်း၊ ပေကျယ်မြေကွက် ရှာဖွေနေသူများအတွက် ရှားပါးအခွင့်အရေးတစ်ခုပါရှင့်။

📍 တည်နေရာ
▪️ ရွှေပင်လုံလမ်းမမေးတင်စစ်စစ် နေရာကောင်း
▪️ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်
▪️ စီးပွားရေးလုပ်ငန်းများအတွက် မြင်သာမှုကောင်းပြီး အချက်အချာကျသောနေရာ

📐 မြေအကျယ်အဝန်း
▪️ တစ်ကွက်လျှင် ပေ ၈၀ × ၆၀
▪️ ဘေးချင်းကပ် မြေကွက် ၂ ကွက်တွဲ
📑 ပိုင်ဆိုင်မှုစာရွက်စာတမ်း
▪️ ဂရမ်အမည်ပေါက်

✨ အသုံးပြုရန်သင့်တော်သော လုပ်ငန်းများ
✅ Showroom နှင့် ကုမ္ပဏီရုံးချုပ်
✅ Warehouse နှင့် Distribution Center
✅ ဆိုင်ခန်းတွဲနှင့် စီးပွားရေးအဆောက်အအုံ
✅ Private School၊ ဆေးရုံနှင့် Clinic
✅ Apartment၊ Condo နှင့် Development Project များ
✅ ရေရှည်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု

💎 အထူးအားသာချက်များ
✅ ရွှေပင်လုံလမ်းမပေါ် မေးတင်စစ်စစ်
✅ ရှားပါးသော ပေကျယ်မြေကွက် ၂ ကွက်တွဲ
✅ လုပ်ငန်းအမျိုးအစားစုံ အသုံးချနိုင်
✅ စီးပွားရေးအရ မြင်သာမှုနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်
✅ အနာဂတ်တန်ဖိုးတိုးတက်နိုင်သော ရင်းနှီးမြှုပ်နှံမှုနေရာကောင်း

💰 ခေါ်ဈေး — တစ်ကွက်လျှင် သိန်း ၉၈,၀၀၀

အသေးစိတ်အချက်အလက်များနှင့် Site Visit ကြည့်ရှုလိုပါက
📞 Phone / Viber — 09 794 778678
📩 Page Messenger မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

#ရွှေပင်လုံ #မြေကွက်ရောင်းရန် #စီးပွားရေးမြေကွက် #အိမ်ခြံမြေရောင်းရန်

SOLD OUT! မင်္ဂလာဖြစ်သွားပါပြီ ✨ဒဂုံဆိပ်ကမ်းမြို့နယ် (၁၄၉) ရပ်ကွက်မှ မြေကွက်လေး ရောင်းထွက်သွားပါပြီ။ 🤝ယုံကြည်စိတ်ချစွာ ဝ...
15/07/2026

SOLD OUT! မင်္ဂလာဖြစ်သွားပါပြီ ✨

ဒဂုံဆိပ်ကမ်းမြို့နယ် (၁၄၉) ရပ်ကွက်မှ မြေကွက်လေး ရောင်းထွက်သွားပါပြီ။ 🤝
ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးခဲ့သော လူကြီးမင်းနှင့် စုံစမ်းမေးမြန်းခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

နောက်ထပ်ထွက်မယ့် နေရာကောင်း၊ မြေကွက်ကောင်းတွေကို လက်လွတ်မခံရအောင် Page ကို See First လုပ်ထားပေးပါဦးရှင့်။

📲 09 794 778678

🏡 **စီးပွားရေးလုပ်ငန်းအတွက် နေရာကောင်းရှာနေသူများအတွက် စျေးသက်သက်သာသာနဲ့ရမယ့် အခွင့်အရေးကောင်း**📍 **မြောက်ဒဂုံမြို့နယ်ရဲ...
13/07/2026

🏡 **စီးပွားရေးလုပ်ငန်းအတွက် နေရာကောင်းရှာနေသူများအတွက် စျေးသက်သက်သာသာနဲ့ရမယ့် အခွင့်အရေးကောင်း**

📍 **မြောက်ဒဂုံမြို့နယ်ရဲ့ လူကြိုက်အများဆုံး၃၄ ရပ်ကွက် (သစ်တော)**
📍 **ဦးဝိစာရလမ်း ကျောကပ်ရှိ 40' x 60 မြေကွက်လေး**
📍 ဂရမ်အမည်ပေါက် ကိုယ်တိုင်အရောင်း

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အချက်ချာကျတဲ့ နေရာအနေအထားကြောင့်—

✅ ဆိုင်ခန်း
✅ ရုံးခန်း
✅ သင်တန်းကျောင်း
✅ ဂိုဒေါင်နှင့် ဖြန့်ချိရေးလုပ်ငန်း
✅ အခြားစီးပွားရေးလုပ်ငန်းများ

အတွက် အသုံးချရန် အဆင်ပြေတဲ့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။

အဓိကလမ်းမကြီးများနှင့် နီးကပ်ပြီး ဝင်ထွက်သွားလာရလွယ်ကူတာကြောင့် လုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက်ရော၊ ရေရှည်ရင်းနှီးမြှုပ်နှံလိုသူတွေအတွက်ပါ စဉ်းစားသင့်တဲ့ အကွက်ဖြစ်ပါတယ်။

💰 **အရောင်းဈေး — ကျပ်သိန်း ၂၁,၀၀၀**

နေရာအနေအထား၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးအသုံးချနိုင်မှုတို့ကို ကြည့်မယ်ဆိုရင် **ဈေးနှုန်းသင့်တင့်တဲ့ အကွက်ကောင်း** တစ်ကွက်ပါ။
လမ်းဦးတိုက်အနေအထားဖြစ်ပြီး နေရာအကျယ်အဝန်းနဲ့ လက်တွေ့အသုံးချနိုင်မှုကို ဦးစားပေးရွေးချယ်သူများအတွက် အထူးသင့်တော်ပါတယ်။
အိမ်ခြံမြေဝယ်ယူခြင်းဟာ နေရာတစ်ခုဝယ်ယူတာထက်ပိုပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

📲 အသေးစိတ်စုံစမ်းရန်
**09 794 778678**

#မြောက်ဒဂုံ #အိမ်ခြံမြေရောင်းရန်

Edit - Sold Out📍 **ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၁၄၉) ရပ်ကွက်တွင် နေရာကောင်း မြေကွက်အလှလေး ရောင်းရန်ရှိသည်**လှော်ကားလမ်းမကြီးမှ...
13/07/2026

Edit - Sold Out
📍 **ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၁၄၉) ရပ်ကွက်တွင် နေရာကောင်း မြေကွက်အလှလေး ရောင်းရန်ရှိသည်**

လှော်ကားလမ်းမကြီးမှ တည့်တည့်ဆင်း၊ လမ်းမကြီးနှင့် ကျောကပ်နေရာကောင်းဖြစ်သောကြောင့် နေထိုင်ရန်အတွက်သာမက အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက်ပါ သင့်တော်သည့် မြေကွက်လေးဖြစ်ပါတယ်။

🏡 **မြေကွက်အချက်အလက်**

📌 တည်နေရာ — ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၁၄၉) ရပ်ကွက်
📌 အကွက်အမှတ် — ၅၉၁
💰 ရောင်းဈေး — ကျပ်သိန်း **၁၃၀၀** (ညှိနှိုင်း)

✨ **ဘာကြောင့် ရွေးချယ်သင့်သလဲ?**

✅ လှော်ကားလမ်းမကြီးနှင့် နီးကပ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း
✅ မြို့တွင်းဘက်သို့ဖြစ်စေ၊ စက်မှုဇုန်ဘက်သို့ဖြစ်စေ အချိန်တိုအတွင်း သွားလာနိုင်ခြင်း
✅ မြေကွက်မျက်နှာချင်းဆိုင်တွင် စည်ကားသောရွာရှိသဖြင့် လူနေထိုင်မှုနှင့် စီးပွားရေးအလားအလာကောင်းမွန်ခြင်း
✅ အချက်အချာကျသော နေရာဖြစ်သဖြင့် အနာဂတ်တွင် တန်ဖိုးမြင့်တက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုဖြစ်ခြင်း

အိမ်ခြံမြေဝယ်ယူခြင်းဆိုတာ မြေကွက်တစ်ကွက် ဝယ်ယူရုံသာမက မိသားစုအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းလည်း ဖြစ်ပါတယ်။

📌 အိမ်ခြံမြေဈေးကွက်အခြေအနေအရ ဈေးနှုန်းအပြောင်းအလဲရှိနိုင်သဖြင့် စိတ်ဝင်စားပါက အသေးစိတ်အချက်အလက်များကို အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🤝 **အကျိုးတူ လက်ခံပါတယ်။**

📞 **ဆက်သွယ်ရန် — 09 794 778678**

#ဒဂုံဆိပ်ကမ်း #၁၄၉ရပ်ကွက် #မြေကွက်ရောင်းရန် #အိမ်ခြံမြေရောင်းရန်

✨ Lucky July ✨ဝထ A က အကွက်လှလှလေးတစ်ကွက်… မင်္ဂလာဖြစ်သွားပါပြီ။ 🏡🤝မြေကွက်တစ်ကွက် အရောင်းအဝယ်ဖြစ်ဖို့ထက် ပိုအရေးကြီးတာက ရ...
07/07/2026

✨ Lucky July ✨

ဝထ A က အကွက်လှလှလေးတစ်ကွက်… မင်္ဂလာဖြစ်သွားပါပြီ။ 🏡🤝

မြေကွက်တစ်ကွက် အရောင်းအဝယ်ဖြစ်ဖို့ထက် ပိုအရေးကြီးတာက ရောင်းသူကလည်း စိတ်ကျေနပ်စွာ‌ေရာင်းချ၊ ဝယ်သူကလည်း ယုံယုံကြည်ကြည် စိတ်ချမ်းချမ်းသာသာနဲ့ ဝယ်ယူသွားနိုင်ဖို့ပါ။

ဒါဟာ Htoo Myat Aung Real Estate အမြဲ ရှေ့တမ်းတင်ကြိုးစားနေတဲ့ ဦးတည်ချက်ပါ။

ဒီတစ်ကြိမ် အရောင်းအဝယ်လေးလည်း အကျိုးဆောင်အချင်းချင်း နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပိုပြီး အဓိပ္ပာယ်ရှိခဲ့ပါတယ်။ အတူလက်တွဲလုပ်ဆောင်ပေးခဲ့တဲ့ အကျိုးဆောင်ညီအစ်ကို မောင်နှမများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ဝထ မြေကွက်အကွက်ကောင်း ရှာနေပါသလား...
ဒါမှမဟုတ် ရောင်းဖို့ စဉ်းစားနေလား...

ဈေးကွက်အခြေအနေကို သေချာသုံးသပ်ပြီး ကာလပေါက်ဈေးနဲ့အညီ အကောင်းဆုံးချိတ်ဆက်ပေးဖို့ အဆင်သင့်ရှိပါတယ်။

ဝထ မြေကွက်အရောင်း / အဝယ်များကို ဆက်လက်လက်ခံဆောင်ရွက်ပေးနေပါတယ်ရှင့်

📞 09 794 778678

Seikkan

Address

Yangon
11421

Website

Alerts

Be the first to know and let us send you an email when Htoo Myat Aung Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category