PYI YEIK THAR

Call Directions Contact the business

PYI YEIK THAR ✍️စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုခြင်းနှင့်🏡အိမ်ခြံမြေဆိုင်ရာဥပဒေအကြံပေးလုပ်ငန်း

 #ကန့်ကွက်နိုင်ကြောင်းစည်ပင်ကြော်ငြာ #အမွေဆက်ခံပိုင်ဆိုင်ကြောင်း👉25-9-2026(FRIDAY)👉ဒေါက်တာသန်းထွဋ်အောင်(ကမာရွတ်)
25/09/2026

#ကန့်ကွက်နိုင်ကြောင်းစည်ပင်ကြော်ငြာ
#အမွေဆက်ခံပိုင်ဆိုင်ကြောင်း
👉25-9-2026(FRIDAY)
👉ဒေါက်တာသန်းထွဋ်အောင်(ကမာရွတ်)

 #ကန့်ကွက်နိုင်ကြောင်းအများသိစေရန်👉17-9-2026(THURSDAY)ငမိုးရိပ်၄လမ်းသင်္ဃန်းကျွန်း
17/09/2026

#ကန့်ကွက်နိုင်ကြောင်းအများသိစေရန်
👉17-9-2026(THURSDAY)
ငမိုးရိပ်၄လမ်း
သင်္ဃန်းကျွန်း

 #ကန့်ကွက်နိုင်ကြောင်းအများသိစေရန်👉17-9-2026(THURSDAY)မြစိမ်းရောင်၁လမ်းမြစိမ်းရောင်၂လမ်းလှိုင်သာယာ
17/09/2026

#ကန့်ကွက်နိုင်ကြောင်းအများသိစေရန်
👉17-9-2026(THURSDAY)
မြစိမ်းရောင်၁လမ်း
မြစိမ်းရောင်၂လမ်း
လှိုင်သာယာ

 #ကန့်ကွက်နိုင်ကြောင်းအများသိစေရန်👉17-9-2026(THURSDAY)ကာယ၃လမ်းမင်္ဂလာဒုံ
17/09/2026

#ကန့်ကွက်နိုင်ကြောင်းအများသိစေရန်
👉17-9-2026(THURSDAY)
ကာယ၃လမ်း
မင်္ဂလာဒုံ

ရန်ကုန်မြို့တော်စည်ပင်ရုံးမှာ ရေးထားတဲ့ စာသားကို ရှေ့နေတော်တော်များများ သိထားကြပြီးသားပါ။ မြို့တော်စည်ပင်က နိုင်ငံဝန်ထမ်...
15/09/2026

ရန်ကုန်မြို့တော်စည်ပင်ရုံးမှာ ရေးထားတဲ့ စာသားကို ရှေ့နေတော်တော်များများ သိထားကြပြီးသားပါ။

မြို့တော်စည်ပင်က နိုင်ငံဝန်ထမ်းတွေက ပွဲစားနဲ့ ရှေ့နေကို ယှဥ်တွဲရေးရ လောက်အောင် အသိဥာဏ်နည်းနေကြပြီထင်ပါတယ်။ (ကိုယ့်ဘက်က ရှေ့နေတွေထဲမှာလည်း ပိုက်ဆံရပြီးရော ဆိုပြီး ပညာရှင်မဆန်ပဲ ပွဲစားသာသာလုပ်စားနေကြတဲ့ ရှေ့နေတွေက ရှိနေကြတာလည်း အမှန်ပဲ) ဒါပေမဲ့ ပညာရှင်ရှေ့နေတွေအများကြီးပါ။
- ဥပဒေအရ ဖွဲ့စည်းထားပြီး တရားလွှတ်တော်ချုပ်က လိုင်စင်ထုတ်ပေးထားသော ရှေ့နေ (Advocate/Higher Grade Pleader) ဆိုသည့် ပညာရှင်အစုအဖွဲ့ကို မသမာသော ပွဲစားအဆင့်အတန်းနှင့် တစ်တန်းတည်းထားကာ လူအများမြင်သာသောနေရာ၌ ဆိုင်းဘုတ်/စာ ကပ်ပြသခြင်းသည် ရှေ့နေများ၏ ပညာသည်ဂုဏ်သိက္ခာကို လူထုအမြင်တွင် ကျဆင်းညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ထိုသို့ထိခိုက်မည်ကို သိလျက်နှင့် ပြုမူခြင်း ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ အကြုံး ဝင်နိုင်ပါသလား

- ထိုသို့ စာဖြင့်ရေးသားကပ်ထားခြင်း (Libel) ကြောင့် ရှေ့နေများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဂုဏ်သိက္ခာနှင့် လုပ်ပိုင်ခွင့်ကို ထိခိုက်နစ်နာစေသည့်အတွက် Permanent Injunction (အမြဲတမ်းတားမြစ်မိန့်) ထုတ်ပြန်စေ၍ ဆိုင်ဘုတ်ပိုစတာကို ဖြုတ်ပစ်အောင် မလုပ်နိုင်ကြဘူးလား။

- ရှေ့နေများကောင်စီအက်ဥပဒေ (The Bar Council Act, 1926) နှင့် Legal Practitioners Act ပြဋ္ဌာန်းချက်များ
​အကြောင်းရင်း - ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၁၄ အရ တရားလွှတ်တော်ရှေ့နေတစ်ဦးသည် မိမိ၏အမှုသည်ကိုယ်စား တရားရုံးများသာမက အခွင့်အာဏာရှိသော အခြားအာဏာပိုင်များ၊ ခုံရုံးများရှေ့မှောက်တွင် ဥပဒေအရ ကိုယ်စားပြုဆောင်ရွက်ခွင့် (Right to Practise) အပြည့်အဝရှိပါသည်။ ရှေ့နေတစ်ဦးကို အကြောင်းမဲ့ ဌာနတွင်းသို့ မဝင်ရောက်ရန် ပိတ်ပင်ခြင်းသည် ဥပဒေပါ လုပ်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးရာရောက်ပါသည်။

- အစိုးရဌာနတစ်ခုအနေဖြင့် ရှေ့နေများအား ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပွဲစားနှင့်တန်းတူသတ်မှတ်ပြီး ရုံးတွင်းသို့ ဝင်ရောက်ခွင့် မတရားပိတ်ပင်ခြင်းသည် တရားဥပဒေမဲ့ ကန့်သတ်ခြင်းဖြစ်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အာဏာပိုင်မေးစာချွန်တော် (Quo Warranto) သို့မဟုတ် တာဝန်ရှိသူအား ထိုတရားမဲ့ကန့်သတ်ချက်ကို ပယ်ဖျက်ပေးရန် အာဏာပေးစာချွန်တော် (Mandamus) လျှောက်ထား၍ တရားဝင်အမိန့် ထုတ်ပြန်ခိုင်းနိုင်အောင် မလုပ်သင့်ကြဘူးလား

- နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၈ နှင့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများအရ ဝန်ထမ်းများသည် "ပြည်သူကို ဗဟိုပြု၍ ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးရန်"၊ "မိမိလုပ်ပိုင်ခွင့်ကို အလွဲသုံးစားမပြုရန်" နှင့် "မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ မတရားခွဲခြားဆက်ဆံမှု မပြုရန်" တာဝန်ရှိသည်။ ဥပဒေအရ အသိအမှတ်ပြုထားသော ရှေ့နေများကို ပွဲစားများနှင့် တန်းတူထား၍ ကန့်သတ်နှင်ထုတ်ခြင်းသည် ပြည်သူ့ဝန်ဆောင်မှုကို တမင်တကာ ငြင်းပယ်ခြင်းနှင့် ဝန်ထမ်းကျင့်ဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည် မဟုတ်ပါလား။

- ပြည်သူ့ရုံးဌာနတစ်ခုသည် ပြည်သူနှင့် ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ်များ ဥပဒေနှင့်အညီ သွားလာခွင့်ရှိသော နေရာဖြစ်သည်။ ရှေ့နေတစ်ဦးအား အဆိုပါရုံးအတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ ကာယကံမြောက် တားဆီးပါက မတရားတားဆီးမှု (ပုဒ်မ ၃၄၁) (မတရားတားဆီးပိတ်ပင်မှု - Wrongful Restraint)ကျူးလွန်ခြင်း မဟုတ်ပါလား။

- ဒီစာကပ်ထားတဲ့ အရာရှိ အရာထမ်းတွေဟာ "ရှေ့နေ" ဆိုတဲ့ စာသားပါတဲ့ အတွက် " တရားဝင် ရုံးတာဝန်အရ ဆောင်ရွက်နေခြင်း လုံးဝ မဟုတ်ပါဘူး ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ ကိုရည်ရွယ်ပြောတာဖြစ်ပါတယ်။

- ဝန်ထမ်းတစ်ဦး၏ လုပ်ရပ်သည် ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ အဖွဲ့အစည်းအရဖြစ်စေ ဥပဒေဘောင်ကို ကျော်လွန်၍ တစ်ဖက်သားကို ထိခိုက်နစ်နာစေရန် တမင်ဖန်တီးသော အပြုအမူဖြစ်ပါက ရာထူးတာဝန်ဆိုင်ရာ အကာအကွယ် (Official Immunity) ကို ခံစားခွင့်မရှိကြောင်း ဦးတင်ညွန့် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၈၀၊ မတစ၊ စာမျက်နှာ ၁၇၈)
- စွပ်စွဲခံရသော ပြစ်မှုနှင့် တရားဝင်ရုံးလုပ်ငန်းတာဝန်တို့အကြား ကျိုးကြောင်းဆီလျော်သည့် တိုက်ရိုက်ဆက်စပ်မှု (Reasonable Connection) ရှိမရှိကို စိစစ်ရမည်ဖြစ်သည်။ အကယ်၍ ပြုလုပ်သည့်အမှုသည် တရားဝင်လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်နေပြီး မသမာသောစိတ်ဖြင့် တမင်ထိခိုက်စေရန် ပြုမူခြင်းဖြစ်ပါက ၎င်းသည် တရားဝင်ရုံးတာဝန်အရ ပြုမူခြင်းမဟုတ်သဖြင့် ပုဒ်မ ၁၉၇ အကာအကွယ်ကို မရရှိနိုင်ကြောင်း ဦးစိန်မောင်ပါ (၃)ဦး နှင့် ဦးစံထွန်း (၁၉၇၉၊ မတစ၊ စာမျက်နှာ ၂၉) [1979 BLR 29]

- ဝန်ထမ်းတစ်ဦးသည် မိမိ၏ ရာထူးတာဝန်ကို အကာအကွယ်ယူ၍ မဟုတ်မမှန် ပြုမူခြင်း၊ ဥပဒေက အပ်နှင်းမထားသော အခွင့်အာဏာကို အလွဲသုံးစားလုပ်၍ တမင်တကာ နစ်နာစေခြင်း၊ ရာဇဝတ်မှုမြောက်သော အပြုအမူများ ကျူးလွန်ခြင်းတို့သည် "ရုံးလုပ်ငန်းတာဝန်အရ ဆောင်ရွက်ခြင်း (Acting in the discharge of official duty)" တွင် မပါဝင်ပါ။ ထိုကဲ့သို့သော ပြုမူချက်များအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ အရ အစိုးရ၏ ကြိုတင်ခွင့်ပြုမိန့် (Sanction) ရယူရန် မလိုဘဲ တိုက်ရိုက်တရားစွဲဆိုနိုင်ကြောင်း ရှင်းလင်းစွာ လမ်းညွှန်ဆုံးဖြတ်ထားကြောင်း ဦးဘရင် နှင့် ဦးဘသော် (၁၉၅၃၊ မတစ၊ စာမျက်နှာ ၂၄၇) [1953 BLR 247]

Sanction တောင်းစရာတောင် မလိုဘူးထင်တာပဲ ....

- ကျနော် မသိသေးတဲ့ ဥပဒေအချက်အလက်အတွေးအခေါ်အယူအဆ တွေလည်း ရှိနေနိုင်ပါတယ်။

ဒီလို အခြေအနေတွေမှာ ယေဘုယ အားဖြင့် "နစ်နာသူ" (မြိုတော်စည်ပင်ရုံးသွားပြီး လက်တွေ့ကြုံတွေ့ရသူက တရားလိုပြုလုပ်သင့်တယ်လို့ ယူဆလို့ လည်း ရပါတယ်။ ဒီလို တရားလို လုပ်ဖို့ကလည်း ရှေ့နေ တဦးတယောက်ချင်းစီအနေနဲ့က အမုန်းခံပြီး သတ္တိရှိ တဲ့သူက နည်းပါတယ် ။ ) အစိုးရဌာန တခုဖြစ်တဲ့ အတွက် တဦးချင်း တရားလိုလုပ်ဆောင်ခဲ့ရင် နောင်တချိန်မှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ခံရလာနိုင်ဖွယ်ရှိပါတယ်။

ရှေ့နေထုကြီးမှာ "ရှေ့နေများကောင်စီ" က တရားဝင် ရှိနေကြတာပါ။ ရှေ့နေများကောင်စီ အနေနဲ့ ဒီလို ရှေ့နေထု တခုလုံးနဲ့ သက်ဆိုင်တဲ့ နစ်နာမှုတွေကို ဦးဆောင်ခေါင်းရွက်လုပ်ဖို့ တာဝန် မရှိဘူးလို့ ယူဆ နေပါသလား။ အစိုးရဌာန တခုဖြစ်နေလို့ စိုးရွံ့ပြီး ဥပဒေဘောင် အပြင်ဘက်က လူမှုရေးနည်လမ်း ( အကိုကြီး ညီလေး၊ အမကြီး ညီမလေး ) နဲ့ တိုးတိုးတိတ်တိတ်များ ဆောင်ရွက် ပေးနေတာလား။ ရှေ့နေများ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို အကာအကွယ်ပေးရန် ဖွဲ့စည်းထားသည့် ရှေ့နေများကောင်စီ အနေဖြင့် ရှေ့နေများ၏ နစ်နာမှုများအတွက် ဥပဒေနဲ့အညီ တရားလိုပြုလုပ်ဆောင်ရွက်ပေးဖို့ မျှော်လင့်မိပါတယ်။

 #ရှေ့နေရှေ့ရပ်ဆိုတာဥပဒေဘွဲ့ရရှိပြီးမှနိုင်ငံတော်ကတရားဝင်ချထားပေးတဲ့ရှေ့နေလိုင်စင်များနဲ့ရုံးဌာနမသွားချင်တဲ့ကာယကံရှင်မျာ...
03/09/2026

#ရှေ့နေရှေ့ရပ်ဆိုတာ

ဥပဒေဘွဲ့ရရှိပြီးမှ

နိုင်ငံတော်ကတရားဝင်ချထားပေးတဲ့

ရှေ့နေလိုင်စင်များနဲ့

ရုံးဌာနမသွားချင်တဲ့ကာယကံရှင်များအတွက်

တရားဝင်အခွင့်ရကိုယ်စားလှယ်အဖြစ်

သက်ဆိုင်ရာရုံးဌာနအသီးသီးမှာ

လိုက်ပါဆောင်ရွက်နိုင်သူများဖြစ်ပါလျက်

ရှေ့နေရှေ့ရပ်များဝင်​ရောက်ခွင့်မပြုဆိုတာ

လုံးဝမဖြစ်သင့်တဲ့ကိစ္စရပ်ဖြစ်လို့

ရှေ့နေတစ်ယောက်ဖြစ်တဲ့ကိုယ်ကတော့

ပြင်းထန်စွာရှုံ့ချကန့်ကွက်ပါတယ်

ရှေ့နေတွေကိုစော်ကားတာလို့လည်းမြင်မိတယ်

#သက်ဆိုင်တဲ့ဌာနတာဝန်ရှိသူများသိစေရန်

#နိုင်ငံတကာမှာရှေ့နေဆိုတာအရာရောက်သလောက်
#မြန်မာပြည်ကရှေ့နေတွေကဘာတွေလဲ

 #ကန့်ကွက်နိုင်ကြောင်းအများသိစေရန်👉20-8-2026(THURSDAY)ဝေဇယန္တာလမ်းတောင်ဥက္ကလာ
21/08/2026

#ကန့်ကွက်နိုင်ကြောင်းအများသိစေရန်
👉20-8-2026(THURSDAY)
ဝေဇယန္တာလမ်း
တောင်ဥက္ကလာ

 #အများသိစေရန်👉19-8-2026(WEDNESDAY)
19/08/2026

#အများသိစေရန်
👉19-8-2026(WEDNESDAY)

 #ကန့်ကွက်နိုင်ကြောင်းအများသိစေရန်👉10-8-2026(MONDAY)WINDSOR TOWERစမ်းချောင်း
10/08/2026

#ကန့်ကွက်နိုင်ကြောင်းအများသိစေရန်
👉10-8-2026(MONDAY)
WINDSOR TOWER
စမ်းချောင်း

Address

No 507-C , Pyi Yeik Thar Street, 8-Ward, Kamayut Township
Yangon

Telephone

+9595057714

Website

Alerts

Be the first to know and let us send you an email when PYI YEIK THAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PYI YEIK THAR:

Shortcuts

Share