Myanmar Tax Knowledge Sharing

Myanmar Tax Knowledge Sharing Taxation Knowledge Sharing

Capital Gains Tax++++++++++++++++အိမ်ခြံမြေ၊ အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရေယာဉ် စသည့် အခြေပစ္စည်းများ ရောင်းချခြင်းအတွက် အ...
25/08/2026

Capital Gains Tax
++++++++++++++++

အိမ်ခြံမြေ၊ အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရေယာဉ် စသည့် အခြေပစ္စည်းများ ရောင်းချခြင်းအတွက် အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ်
ဝင်ငွေခွန်ထမ်းဆောင်ရာတွင်
သိရှိရမည့်အချက်များ

🏡🏠🏜️🚙🚗🏍️🛵🚚🚜🚌🚢⛵🛶🚤

အခြေပစ္စည်းဆိုသည်မှာ.....
မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏အခန်းများ၊ ယာဉ်နှင့် လုပ်ငန်းဆိုင်ရာ မ-တည်ပစ္စည်းများ၊
အစုရှယ်ယာနှင့် ကတိခံဝန်ချုပ်၊
ငွေချေးသက်သေခံလက်မှတ်များနှင့် အလားတူ စာချုပ်စာတမ်းများကို ဆိုလိုပါတယ်

အခြေပစ္စည်းမှမြတ်စွန်းငွေဆိုသည်မှာ....
ဘဏ္ဍာနှစ်အတွင်း အခြေပစ္စည်းတစ်ခုခုကို
ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတနည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်၍ ရရှိတဲ့
မြတ်စွန်းငွေကို ဆိုလိုပါတယ်
(အမွေဆက်ခံခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လှူဒါန်းခြင်းတို့ မပါဝင်ပါ)

အခြေပစ္စည်းရောင်းချသူ၏ အခွန်တာဝန်များ
💸💵💸💴💶💷💸💸

ဘဏ္ဍာနှစ်အတွင်း အခြေပစ္စည်း တခုခု
(သို့) တစ်ခုထက်ပို၍ရောင်းချ၊ လဲလှယ်၊
လွှဲပြောင်းခြင်းပြုလုပ်၍
ရောင်းရငွေစုစုပေါင်း တန်ဖိုးသည်
ကျပ် သိန်း ၁၀၀ ထက်ပိုမိုပြီး
မြတ်စွန်းငွေပေါ်ပေါက်ပါက
အခြေပစ္စည်းရောင်းချသည့်နေ့မှ
ရက်ပေါင်း ၃၀ အတွင်း Capital Gains Tax ပေးဆောင်ရပါမည် ဖြစ်ပြီး
ရက်ပေါင်း ၃၀ အတွင်း Capital Gains Tax Return ကြေညာလွှာကိုလည်းတင်သွင်းရပါမယ် ။

ဒဏ်တပ်ရိုက်ခြင်း
💸💶💴⚖️⚖️⚖️💵💸

သတ်မှတ်ကာလအတွင်း အခွန်ပေးသွင်းရန် ပျက်ကွက်ပါက ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀% ၊
သက်မှတ်ကာလအတွင်း ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ပါက ပေးဆောင်ရမည့်အခွန်၏ ၅% (သို့မဟုတ်) ၁ သိန်းကျပ် (များရာ)
ဒဏ်ကြေးပေးဆောင်ရပါမယ်

အခွန်ကင်းလွတ်ထိုက်သူများ
🙋🙋🙋🙋🙋🙋

အမွေပေးခြင်း၊ လှူဒါန်းခြင်း၊
မေတ္တာဖြင့် ပေးကမ်းခြင်း၊
ဘဏ္ဍာနှစ်အတွင်း ရောင်းချ၊ လဲလှယ်၊
လွှဲပြောင်းလိုက်သည့် အခြေပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးသည် ကျပ်သိန်း ၁၀၀ ထက်
ပိုမိုခြင်း မရှိပါက ( မပိုပါက)
Capital Gains Tax
ပေးဆောင်ရန် မလိုအပ်ပါ။

ထို့ပြင် ကျပ်သိန်း ၁၀၀ ထက် ပိုမိုသော်လည်း မြတ်စွန်းငွေ မရှိပါက Capital Gains Tax ပေး‌ဆောင်ရန် မလိုအပ်ပါ။

Capital Gains Tax အခွန်တွက်ရမည့် နည်းလမ်း
🧑‍💻🧑‍💻🧑‍💻🧑‍💻🧑‍💻🧑‍💻

ရောင်းချသူအနေနဲ့
မိမိဝယ်ယူစဉ်က မူလတန်ဖိုး (သို့) ရာဖြတ်ကာလတန်ဖိုးနဲ့
ရောင်းချရန်အတွက် ကုန်ကျတဲ့ စရိတ်များကို နုတ်ပြီး ကျန်တဲ့ အသားတင်အမြတ်အပေါ် ၁၀% အခွန်ပေးဆောင်ရပါမယ်

ရောင်းရငွေ စုစုပေါင်း သိန်း ၁၀၀၀
မူလတန်ဖိုး + ကုန်ကျစရိတ် သိန်း (၆၀၀)
အသားတင်အမြတ် သိန်း ၄၀၀
👉 သိန်း ၄၀၀x ၁၀% = သိန်း ၄၀ Tax

👇👇👇👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

ဒီဇယ်ဆီ HSD 500ppmLNG Gas တို့ကိုပြည်ပမှတင်သွင်းခြင်းနှင့်ကုန်သွယ်မှုဆောင်ရွက်ခြင်းအပေါ်ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်...
22/08/2026

ဒီဇယ်ဆီ HSD 500ppm
LNG Gas တို့ကို
ပြည်ပမှတင်သွင်းခြင်းနှင့်
ကုန်သွယ်မှုဆောင်ရွက်ခြင်းအပေါ်
ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့်
အထူးကုန်စည်ခွန်တို့ကို
၃၁-၇-၂၀၂၆ ထိ ကင်းလွတ်ခွင့်ပြုခြင်း
အမိန်ကြော်ငြာစာအမှတ် ၉၈/၂၀၂၆
ထုတ်ပြန်ခြင်း

👇👇👇👇👇👇👇
www.ird.gov.mm

👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

ဒီဇယ်ဆီ HSD 500ppmLN Gas တို့ကိုပြည်ပမှတင်သွင်းခြင်းကုန်သွယ်မှုဆောင်ရွက်ခြင်းအပေါ်ကောက်ခံသည့်ကုန်သွယ်လုပ်ငန်းခွန်နှင့်အထ...
22/08/2026

ဒီဇယ်ဆီ HSD 500ppm
LN Gas တို့ကို
ပြည်ပမှတင်သွင်းခြင်း
ကုန်သွယ်မှုဆောင်ရွက်ခြင်းအပေါ်
ကောက်ခံသည့်
ကုန်သွယ်လုပ်ငန်းခွန်နှင့်
အထူးကုန်စည်ခွန်တို့ ကင်းလွတ်ခွင့်
၃၀-၆-၂၀၂၆ ထိ ကင်းလွတ်ခွင့်ပြုသော
အမိန်ကြော်ငြာစာအမှတ် ၉၈/၂၀၂၆
ထုတ်ပြန်ခြင်း




👇👇👇👇👇👇👇
www.ird.gov.mm

👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

1-9-2026 ရက်နေ့ မှစပြီး အိမ်၊ ခြံ၊ မြေ ဝယ်ယူပြီး အမည်ပြောင်း‌ခြင်း ဆောင်ရွက်ပါက သိရှိထားရမည့် အချက်များ🏠🏡🏠🏕️🏘️🏡🏠🏡🏠🏡🏠1-9-...
21/08/2026

1-9-2026 ရက်နေ့ မှစပြီး
အိမ်၊ ခြံ၊ မြေ ဝယ်ယူပြီး အမည်ပြောင်း‌ခြင်း ဆောင်ရွက်ပါက သိရှိထားရမည့် အချက်များ
🏠🏡🏠🏕️🏘️🏡🏠🏡🏠🏡🏠

1-9-2026 ရက်နေ့မှစ၍
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း
ဝယ်ယူပြီး အမည်ပြောင်း ဆောင်ရွက်ပါက
ရောင်းသူရော ဝယ်သူပါ
အခွန်ဆောင်ထားတဲ့
အထောက်အထားပြည့်စုံမှသာ
မှတ်ပုံတင်စာချုပ်ချုပ်ဆိုခွင့်နဲ့
မြို့တော်စည်ပင်/ဂရန်
အမည်ပေါက် ပြောင်းလဲခွင့်
ရရှိတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အရောင်းအဝယ်
ပြုလုပ်တော့မယ်ဆိုရင်
အောက်ပါအချက်များကို ကြိုတင်သတိပြု
ဆောင်ရွက်ထားကြဖို့ တိုက်တွန်းချင်ပါတယ် -

၁။ ဝယ်ယူသူများအတွက် သိထားရန်

ဝယ်ယူသူအနေနဲ့ မိမိ၏ ဝင်ငွေခွန်စည်းကြပ်ပြီးကြောင်း အထောက်အထားများအပြင်
"ရောင်းချသူ၏ အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်" ကိုပါ ပူးတွဲတင်ပြနိုင်မှသာ အမည်ပေါက်ပြောင်းလဲ စာချုပ်ချုပ်ဆိုပေးမည် ဖြစ်သည်။

၂။ ရောင်းချသူများအတွက် သိထားရန်
(အခြေပစ္စည်းမှ မြတ်စွန်းငွေ)

တစ်နှစ်အတွင်း ရောင်းချသည့်
အခြေပစ္စည်းတန်ဖိုးစုစုပေါင်းသည်
ကျပ်သိန်း (၁၀၀) ထက်ပိုပြီး မြတ်စွန်းငွေ
ပေါ်ပေါက်ပါက အမြတ်ငွေအပေါ် ၁၀% အခွန်ကို ရောင်းချသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း
အခွန်ဆောင်ရန် တာဝန်ရှိသည်။

ကြေညာလွှာတင်သွင်းရမည့်ကာလ:

အရောင်းအဝယ်ပြုလုပ်သည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက် အ‌ခြေပစ္စည်းမှမြတ်စွန်းငွေ
ကြေညာလွှာကို တင်သွင်းရမည်။

၃။ အခွန် တွက်ချက်ပုံ

ရောင်းရငွေ ထဲမှ (မူလဝယ်ယူခဲ့သည့်တန်ဖိုး + ထပ်တိုးစရိတ် စသည့် ပြင်ဆင်/အရောင်းအဝယ် ကုန်ကျစရိတ်များ) ကို နှုတ်ပယ်ပါမည်။
ကျန်ရှိသော အသားတင် မြတ်စွန်းငွေ (Net Profit) ပေါ်တွင် ၁၀% အခွန်ပေးဆောင်ရမည် ဖြစ်သည်။

ဒါ့ကြောင့်မို့
အရောင်းအဝယ်ပြုလုပ်စဉ်
စာချုပ်မချုပ်ဆိုမီ နှစ်ဦးနှစ်ဖက်
အခွန်ဆောင်ရမည့်ကိစ္စများနှင့်
အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်
ရယူရေးကိစ္စများကို ကြိုတင်တိုင်ပင်
ညှိနှိုင်းထားသင့်ပါတယ်

#အိမ်ခြံမြေ




👇👇👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

ပြည်ပမှတင်သွင်းသည့်ဓာတ်မြေဩဇာဒီဇယ်ဆီ HSD 500ppmLN Gas တို့အပေါ် ကြိုတင်ခွန်ကောက်ခံခြင်းအား၃၁-၇-၂၀၂၆ ထိ ကင်းလွတ်ခွင့်ပြုခ...
31/07/2026

ပြည်ပမှတင်သွင်းသည့်
ဓာတ်မြေဩဇာ
ဒီဇယ်ဆီ HSD 500ppm
LN Gas တို့အပေါ်
ကြိုတင်ခွန်ကောက်ခံခြင်းအား
၃၁-၇-၂၀၂၆ ထိ ကင်းလွတ်ခွင့်ပြုခြင်း
အမိန်ကြော်ငြာစာအမှတ် ၁၃၀/၂၀၂၆
ထုတ်ပြန်ခြင်း

👇👇👇👇👇👇👇
www.ird.gov.mm

👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

ပြည်ပမှတင်သွင်းသည့်ဓာတ်မြေဩဇာဒီဇယ်ဆီ HSD 500ppmLN Gas တို့အပေါ် ကြိုတင်ခွန်ကောက်ခံခြင်းအား၃၀-၆-၂၀၂၆ ထိ ကင်းလွတ်ခွင့်ပြုခ...
29/07/2026

ပြည်ပမှတင်သွင်းသည့်
ဓာတ်မြေဩဇာ
ဒီဇယ်ဆီ HSD 500ppm
LN Gas တို့အပေါ်
ကြိုတင်ခွန်ကောက်ခံခြင်းအား
၃၀-၆-၂၀၂၆ ထိ ကင်းလွတ်ခွင့်ပြုခြင်း
အမိန်ကြော်ငြာစာအမှတ် ၁၂၅/၂၀၂၆
ထုတ်ပြန်ခြင်း

👇👇👇👇👇👇👇
www.ird.gov.mm

👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

DIESEL HSD 500ppm ကို ပြည်ပမှတင်သွင်းခြင်းနှင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းတို့အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်...
24/07/2026

DIESEL HSD 500ppm ကို ပြည်ပမှတင်သွင်းခြင်းနှင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းတို့အပေါ်
ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့်
ကုန်သွယ်လုပ်ငန်းခွန်တို့ကို ၃၁-၅-၂၀၂၆ ထိ ကင်းလွတ်ခွင့်ပြုခြင်း
အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၂၆ ထုတ်ပြန်ခြင်း

👇👇👇👇👇👇👇
www.ird.gov.mm

👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

ပြည်တွင်းအခွန်များဦးစီဌာန၏ VAVS စနစ်သို့ ဝင်ရောက်၍ မော်တော်ယာဉ်အမည်ပြောင်း ဆောင်ရွက်ရန် အခွန်ပေးဆောင်းခြင်း ဆောင်ရွက်ပုံ...
18/07/2026

ပြည်တွင်းအခွန်များဦးစီဌာန၏ VAVS စနစ်သို့
ဝင်ရောက်၍ မော်တော်ယာဉ်အမည်ပြောင်း ဆောင်ရွက်ရန် အခွန်ပေးဆောင်းခြင်း
ဆောင်ရွက်ပုံအဆင့်ဆင့်

👇👇👇👇👇👇👇👇
www.ird.gov.mm

👇👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

မော်တော်ယာဉ်တန်ဖိုးအပေါ် ကျသင့်အခွန် တွက်ချက်ပြီး Online မှတဆင့် အခွန်ပေးဆောင်ခြင်းVAVS အသုံးပြုပုံအဆင့်ဆင့်👇👇👇👇👇👇👇👇www....
17/07/2026

မော်တော်ယာဉ်တန်ဖိုးအပေါ် ကျသင့်အခွန် တွက်ချက်ပြီး Online မှတဆင့် အခွန်ပေးဆောင်ခြင်း

VAVS အသုံးပြုပုံအဆင့်ဆင့်

👇👇👇👇👇👇👇👇
www.ird.gov.mm

👇👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

2025-2026 Annual Commercial Tax Return၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာပုံစံနှင့်ကြေညာလွှာဖ...
31/05/2026

2025-2026 Annual Commercial Tax Return

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်
နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်
ကြေညာလွှာပုံစံနှင့်
ကြေညာလွှာဖြည့်သွင်းရမည့်
အထွေထွေညွှန်ကြားချက်များ

=======================

မည်သူမဆို သက်ဆိုင်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ/ ရရန်ငွေ၊ ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေ/ ရရန်ငွေ ရှိသူများ၊
ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်လက်မှတ်
ပတခ(ကသခ)-၀၁-၀၂ ရှိသူများသည်
သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာကို သက်ဆိုင်ရာ သုံးလပတ်ကုန်ဆုံပြီး ၁ လအတွင်း
နှင့် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာကို
သက်ဆိုင်ရာဘဏ္ဍာနှစ်ကုန်ဆုံးပြီး ၃ လအတွင်း အချိန်မီ တင်သွင်းရမည်ဖြစ်ပါသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ချုပ်ကုန်သွယ်
လုပ်ငန်းခွန် ကြေညာလွှာကို ၃၀-၆-၂၀၂၆
(အင်္ဂါနေ့) ရက်နေ့နောက်ဆုံး အချိန်မီ
တင်သွင်းရပါမည်။

သတ်မှတ်ကာလအတွင်း အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက/ နောက်ကျတင်သွင်းပါက
ပေးဆောင်ရမည့်အခွန်၏ ၅% (သိုမဟုတ်)
တစ်သိန်းကျပ် အနက်မှ များရာကို
ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရပါမည်။

👇👇👇👇👇👇👇
www.efiling.ird.gov.mm

👇👇👇👇👇👇👇
Myanmar Tax Knowledge Sharing

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Tax Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category