Myanmar Legal Empowerment Network

Call Directions Contact the business

Myanmar Legal Empowerment Network M-LEN is a platform dedicated to promoting legal empowerment and access to justice for all in Myanmar

16/09/2026

[English Below]
Braveheart Foundation ၏ ၂၀၂၆ ခုနှစ်၊ နှစ်လယ်ပိုင်း သတင်းစာလွှာ ထွက်ရှိလာပါပြီ။

ယခုသတင်းစာလွှာတွင် ကျွန်ုပ်တို့၏ မြေပြင်လူသားချင်းစာနာမှု တုံ့ပြန်ဆောင်ရွက်ချက်များ၊ ပါရာလီဂယ် (Paralegal) လှုပ်ရှားမှုများနှင့် ရပ်ရွာလူထု ဘေးကင်းလုံခြုံရေးဆိုင်ရာ (PSEA & AAP) ကတိကဝတ်များကို အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။

ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အားလုံးလက်လှမ်းမီစေရန်အတွက် ဤသတင်းလွှာကို မြန်မာ - အင်္ဂလိပ် (၂) ဘာသာ ဖြင့် ထုတ်ဝေထားပြီး၊ အောက်ပါလင့်ခ်မှတစ်ဆင့် PDF Version ကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။

📥 ဖတ်ရှုရန်လင့်ခ် - https://braveheartfoundation.net/newsletter/

ကျွန်ုပ်တို့၏ သတင်းစာလွှာများကို ကွာတား (Quarter) အလိုက် ပုံမှန် ထုတ်ဝေသွားမည်ဖြစ်ပါသည်။ နောက်ထပ်ထွက်ရှိလာမည့် မြေပြင်လှုပ်ရှားမှု သတင်းလွှာများကို အချိန်နှင့်တစ်ပြေးညီ လက်ခံရရှိနိုင်ရန် ကျွန်ုပ်တို့၏ Website တွင် အခုပဲ Subscribe ပြုလုပ်ထားရန် ဖိတ်ခေါ်အပ်ပါသည်။

We are pleased to share the Braveheart Foundation 2026 Mid-Year Newsletter.

Inside this edition, you can explore our comprehensive field-level humanitarian responses, impactful paralegal interventions, and our ongoing commitment to community safety and dignity.

To ensure accessibility for all, this newsletter is available in both Myanmar and English. You can easily read and download the PDF version directly from the link below.

📥 Read & Download here: https://braveheartfoundation.net/newsletter/

As our newsletters are published on a quarterly basis, we invite you to subscribe on our website. Join our mailing list today to receive future updates and stay connected with our work on the ground.

📢 MLEN အဖွဲ့ဝင်များအားလုံး မင်္ဂလာပါ...လာမယ့် နိုဝင်ဘာလမှာ တရားဝင် မိတ်ဆက်ပေးသွားဖို့ရှိနေတဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်ကေ...
16/09/2026

📢 MLEN အဖွဲ့ဝင်များအားလုံး မင်္ဂလာပါ...

လာမယ့် နိုဝင်ဘာလမှာ တရားဝင် မိတ်ဆက်ပေးသွားဖို့ရှိနေတဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတစ်ခုအကြောင်း ကြိုတင် အမြည်းလက်တို့ပါရစေ။ အဲဒါကတော့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု ကွန်ရက်ကြီးကနေ ထုတ်ဖော်ပြသတော့မယ့် GJN Academy (Grassroots Justice Network Academy) ပဲဖြစ်ပါတယ်။ 🎉

🌟 Grassroots Justice Network (GJN) ဆိုတာဘာလဲ?
GJN ဆိုတာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တရားမျှတမှုကို ကာကွယ်စောင့်ရှောက်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် ပြည်သူများကို ချိတ်ဆက်ပေးထားတဲ့ နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှ အဖွဲ့ဝင် ၂၁,၄၀၀ ကျော်ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီး ဖြစ်ပါတယ်။

GJN ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူထုအသိုင်းအဝိုင်းကိုယ်တိုင် ဥပဒေအသိပညာကို အသုံးချပြီး မိမိတို့၏ အခွင့်အရေးများကို ကာကွယ်နိုင်စေဖို့ (Legal Empowerment) ဖြစ်ပါတယ်။ မြေယာရပိုင်ခွင့်၊ အမျိုးသမီးတန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံခံရမှု၊ နိုင်ငံသားအထောက်အထားအခွင့်အရေး စသည့် တရားမျှတမှုဆိုင်ရာ ကိစ္စရပ်ပေါင်းစုံကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းနေကြပါတယ်။

💡 GJN Academy ဆိုတာ ဘာလဲ?
GJN Academy ဆိုတာ ကမ္ဘာ့ထိပ်တန်း ဥပဒေရေးရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အင်စတီကျုနှင့် သင်ယူမှုအသိုက်အဝန်း (World's leading legal empowerment institute and learning community) တစ်ခု ဖြစ်ပါတယ်။

ဒီအကယ်ဒမီဟာ ကမ္ဘာတစ်ဝှမ်းက မြေပြင်အခြေစိုက် လှုပ်ရှားတက်ကြွသူ (grassroots activists) များအတွက် ဥပဒေရေးရာ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို အလွယ်တကူ လက်လှမ်းမီနိုင်အောင် ဖန်တီးပေးထားတာပါ။

• ခိုင်မာသော သင်ရိုးညွှန်းတမ်းများ: ကမ္ဘာလုံးဆိုင်ရာ အခြေခံသင်ရိုးညွှန်းတမ်း (global core curriculum) များ၊ အထူးပြုလေ့လာသင်ယူခွင့်များနှင့် လမ်းညွှန်ချက်များ ပါဝင်ခြင်း။

• သင်ယူမှုခရီးစဉ်များ (Learning Journeys): ရေရှည် စနစ်တကျ လေ့လာနိုင်မည့် သင်ယူမှုလမ်းကြောင်းများ။

• အွန်လိုင်း/အော့ဖ်လိုင်း ပေါင်းစပ်ပုံစံ (Hybrid Model): မိမိနှင့် သင့်တော်မည့် သင်ကြားရေးပုံစံများကို အချိုးကျကျ ပေါင်းစပ်ပေးထားခြင်း။

📚 ဒီအကယ်ဒမီကနေ ဘာတွေ လေ့လာရမလဲ?
မိမိတို့ လူထုအသိုင်းအဝိုင်းအတွင်း လိုအပ်ချက်များဖြည့်ဆည်းပေးရင်း စွမ်းဆောင်ရည်များ တည်ဆောက်နိုင်ပေးနိုင်ဖို့အတွက် ဥပဒေကို ဘယ်လို ထိထိရောက်ရောက် သိရှိ၊ အသုံးချ၊ ပုံဖော်ရမလဲ (Know, Use, and Shape the law) ဆိုတာကို ဒီအကယ်ဒမီကနေ လက်တွေ့ကျကျ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ဘယ်လို အစီအစဉ်ကောင်းတွေ ပါဝင်လာမလဲဆိုတာကို အသေးစိတ် တရားဝင် မိတ်ဆက်ပေးသွားမှာဖြစ်လို့ MLEN အဖွဲ့ဝင်များအနေနဲ့ စောင့်မျှော်ပေးကြပါဦးလို့ သတင်းကောင်းပါးလိုက်ပါရစေ။

အကယ်ဒမီရဲ့ အစီအစဉ်တွေကို လက်မလွှတ်ရအောင် အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာပြီး GJN Network မှာ အခုပဲ ဝင်ရောက်ချိတ်ဆက်ထားနိုင်ပါတယ်။ 🔗

👉 ဝင်ရောက်လေ့လာရန် လင့်ခ်: https://grassrootsjusticenetwork.org/learn/

05/09/2026

--- English Version Below ---
🚨 အကူအညီတွေအတွက် ဘာနဲ့မှ အလဲအလှယ်လုပ်စရာ မလိုပါဘူး

လူသားချင်းစာနာမှု အကူအညီတိုင်းဟာ အမြဲတမ်း အခမဲ့ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို လုံးဝ (လုံးဝ) လက်မခံတဲ့အကြောင်း MLEN ရဲ့ မိခင်အဖွဲ့အစည်း Braveheart Foundation ကနေ ပြင်ဆင်ထားတဲ့ PSEA အသိပညာပေး ကာတွန်းဇာတ်လမ်းကို အားလုံးသိရှိနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အောက်ပါ မူရင်းပို့စ်မှာ ဝင်ရောက်ကြည့်ရှုပြီး အသိပညာတွေ ထပ်ဆင့်မျှဝေပေးကြပါဦး။

🚨 No Exchange for Aid

Humanitarian assistance is always free. We are sharing this important PSEA awareness animation finalized by our mother organization, the Braveheart Foundation, to highlight the zero-tolerance policy against sexual exploitation and abuse.

Please check out the original post below and help us share this crucial message! 👇

03/09/2026

--- English Version Below ---
🚨 အကူအညီတွေအတွက် ဘာနဲ့မှ အလဲအလှယ်လုပ်စရာ မလိုပါဘူး

လူသားချင်းစာနာထောက်ထားမှု အကူအညီတိုင်းဟာ အမြဲတမ်း အခမဲ့ပါ။ ဒီလို အကူအညီပေးတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ခေါင်းပုံဖြတ်တဲ့ အပြုအမူတွေကို လုံးဝ (လုံးဝ) လက်မခံပါဘူး။

ဒီအချက်တွေကို ပိုပြီး သတိပြုမိစေဖို့ Braveheart Foundation က ပြင်ဆင်ထားတဲ့ "Misconduct Behavior of PSEA" ကာတွန်းဇာတ်လမ်းသစ်ကို မနက်ဖြန် စက်တင်ဘာလ (၄) ရက်နေ့မှာ တင်ဆက်ပေးသွားပါမယ်။ အားလုံးပဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။

🚨 No Exchange for Aid

Humanitarian assistance is always free. We have a strict zero-tolerance policy against any form of sexual exploitation and abuse in aid delivery.

To raise awareness, the Braveheart Foundation has prepared a new animation video, "Misconduct Behavior of PSEA." It will be officially released tomorrow, September 4. Stay tuned!

🌸 "ပန်းကလေးများ ပွင့်တော့မည်" PSEA ပညာပေး ရုပ်ပြစာအုပ် ထွက်ရှိလာပါပြီ 🌸လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် ...
27/08/2026

🌸 "ပန်းကလေးများ ပွင့်တော့မည်" PSEA ပညာပေး ရုပ်ပြစာအုပ် ထွက်ရှိလာပါပြီ 🌸

လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် ကြုံတွေ့ရနိုင်သည့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနှင့် အလွဲသုံးစားပြုမှု (PSEA) အန္တရာယ်များကို လူတိုင်းလွယ်ကူစွာ သိရှိနားလည်နိုင်ရန်အတွက် MLEN ၏ မိခင်အဖွဲ့အစည်းဖြစ်သော Braveheart Foundation (BH) မှ ဤရုပ်ပြစာအုပ်ကို အပြီးသတ် (finalized) ဖန်တီးထုတ်ဝေလိုက်ပါသည်။

ဒီရုပ်ပြစာအုပ်လေးထဲမှာ အဓိကအနေနဲ့ အောက်ပါ PSEA အခြေခံမူတွေကို ဇာတ်လမ်းပုံစံနဲ့ ထည့်သွင်း ပညာပေးထားပါတယ် -

🔹 အကူအညီအားလုံးသည် အခမဲ့ဖြစ်သည် - မည်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက်မဆို လိင်ပိုင်းဆိုင်ရာ တောင်းဆိုမှုများကို လိုက်လျှောပေးရန် လုံးဝမလိုအပ်ပါ။

🔹 ကလေးသူငယ် ကာကွယ်ရေး - အကူညီပေးရေးဝန်ထမ်းများသည် အသက် (၁၈) နှစ်အောက် ကလေးသူငယ်များနှင့် မည်သည့် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုမျိုးကိုမျှ လုံးဝ ပြုလုပ်ခွင့်မရှိပါ။

🔹 တိုင်ကြားနိုင်ခွင့် - PSEA နှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရာ တစ်စုံတစ်ရာ တွေ့ရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ လုံခြုံစွာ တိုင်ကြားနိုင်ပါသည်။

ဒေသခံပြည်သူများအကြား အသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်ကျယ်ပြန့်စေရန်နှင့် သတင်းစကားများ တိုက်ရိုက်ရောက်ရှိစေရန် ရည်ရွယ်၍ အောက်ပါ ဘာသာစကား (၃) မျိုးဖြင့် ရွေးချယ်ဖတ်ရှုနိုင်ရန် ပြင်ဆင် ထားပါသည်။

များမကြာမီမှာလည်း PSEA Animation Video အသစ်တစ်ပုဒ် ထွက်ရှိလာတော့မှာဖြစ်လို့ ဆက်လက်စောင့်မျှော် ကြည့်ရှုပေးကြပါဦး။

လူတိုင်းအတွက် ပိုမိုလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးမြှင့်တင်နိုင်ရန် ယခုပဲ အောက်ပါ Website တွင် အခမဲ့ ဝင်ရောက်ဖတ်ရှု ဒေါင်းလုဒ်ရယူလိုက်ပါ။

https://braveheartfoundation.net/newsletter/

--- English Version Below ---

🌸 "Little Flowers About to Bloom" PSEA Comic Book is Now Available! 🌸

To ensure everyone can easily understand and prevent the risks of Sexual Exploitation and Abuse (SEA) in humanitarian assistance, this educational comic book has been officially finalized and published by MLEN's mother organization, the Braveheart Foundation (BH).

This comic book effectively highlights the following core PSEA principles through an engaging storyline:

🔹 Aid is completely free - No one should ever have to provide sexual favors in exchange for humanitarian assistance.
🔹 Child Protection - Humanitarian aid workers are strictly prohibited from engaging in any sexual activity with children under the age of 18.
🔹 Right to Report - If you suspect any cases of SEA, you have the right to safely report it to the respective organizations.

To effectively reach diverse communities and ensure our knowledge-sharing is widely accessible, the comic book is prepared in three languages:

Additionally, a new PSEA Animation video will also be released very soon, so please stay tuned!

Join us in promoting a safer environment for everyone. You can read and download the comic book for free on the website now!

https://braveheartfoundation.net/newsletter/

[မြန်မာဘာသာဖြင့်အောက်တွင်ဖတ်ရှု့နိုင်ပါတယ်]We are thrilled to announce the official launch of the LinkedIn Page for Brav...
12/08/2026

[မြန်မာဘာသာဖြင့်အောက်တွင်ဖတ်ရှု့နိုင်ပါတယ်]

We are thrilled to announce the official launch of the LinkedIn Page for Braveheart Foundation, the parent organization of our Myanmar Legal Empowerment Network (MLEN)!

You can now connect with them on LinkedIn to stay updated on their humanitarian responses, legal empowerment initiatives, community impact stories, and the latest career opportunities.

We invite all our MLEN member organizations, network partners, and anyone passionate about access to justice and building resilient communities to follow the page and join the professional network! 🤝

🔗 Connect with Braveheart Foundation here: https://www.linkedin.com/company/braveheartfoundation/

Myanmar Legal Empowerment Network (MLEN) ၏ မိခင်အဖွဲ့အစည်းဖြစ်သော Braveheart Foundation ၏ တရားဝင် LinkedIn Page ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ မျှဝေအပ်ပါတယ်။

Braveheart Foundation ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများ၊ တရားဥပဒေပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး (Legal Empowerment) လုပ်ငန်းစဉ်များ၊ လူထုအကျိုးပြု လှုပ်ရှားမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို ယခုအခါ LinkedIn ပလက်ဖောင်းမှတစ်ဆင့် ချိတ်ဆက်၍ အမြဲမပြတ် သိရှိနိုင်ပြီ ဖြစ်ပါသည်။

MLEN ကွန်ရက်အဖွဲ့ဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် တရားမျှတမှု လက်လှမ်းမီရေး၊ ကြံ့ခိုင်သော လူမှုအသိုက်အဝန်း တည်ဆောက်ရေးတို့ကို စိတ်ဝင်စားသူတိုင်း အောက်ပါလင့်ခ်မှတစ်ဆင့် သွားရောက် Follow လုပ်ပြီး ကွန်ရက်တွင် အတူတကွပါဝင်ရန် လှိုက်လှဲစွာ တိုက်တွန်း ဖိတ်ခေါ်အပ်ပါသည်။ 🤝

🔗 ဒီလင့်ခ်မှတစ်ဆင့် Follow လုပ်နိုင်ပါသည် - https://www.linkedin.com/company/braveheartfoundation/

🌎🗣မြေယာ၊ သဘာဝပတ်ဝန်းကျင်နဲ့ Climate အတွက် ဆောင်ရွက်နေကြတဲ့ ဆရာ/ဆရာမများအား  ဖိတ်ခေါ်လျက်=============================🔸ကျ...
06/08/2026

🌎🗣မြေယာ၊ သဘာဝပတ်ဝန်းကျင်နဲ့ Climate အတွက် ဆောင်ရွက်နေကြတဲ့ ဆရာ/ဆရာမများအား ဖိတ်ခေါ်လျက်
=============================
🔸ကျမတို့ Braveheart Foundation ကနေ Land, Environment and Climate ပိုင်းမှာ ဆောင်ရွက်နေကြတဲ့ NGO အဖွဲ့အစည်းတွေ၊ CSO အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မကြာခင် စစ်တမ်းကောက်ခံသွားဖို့ ရှိပါတယ်။

🔸ဒီစစ်တမ်းကတော့ မိမိတို့ရဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ လက်ရှိအခြေအနေတွေကို အဓိကထား လေ့လာသွားမယ့် research project ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

🔸ဒါကြောင့် M-LEN အဖွဲ့ဝင်တွေထဲမှာလည်း Land, Environment and Climate ပိုင်းမှာ ဆောင်ရွက်နေကြတဲ့ ဆရာ/ဆရာမတွေရှိတယ်ဆိုရင် စိတ်ပါဝင်စားပါက အောက်မှာဖော်ပြထားတဲ့ စိတ်ပါဝင်စားကြောင်း ဖော်ပြတဲ့ Google Form လေးကို ဖြည့်သွင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

👥ဒါ့အပြင် မိမိတို့ရဲ့ ကွန်ရက်အသီးသီးမှာလည်း ပြန်လည်မျှဝေပေးပြီး Land, Environment and Climate ပိုင်းမှာ ဆောင်ရွက်နေကြတဲ့ NGO၊ CSO နဲ့ အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း ပါဝင်ဖြေဆိုနိုင်ဖို့ ဖိတ်ခေါ်ပေးပါနိုင်ပါတယ်။

🔗 https://docs.google.com/forms/d/e/1FAIpQLSe9Vwb_292PVmcZ3opBsakKxmMS7mQMwYp5i8mpyLUe0i65yg/viewform?usp=publish-editor

🧡ပါဝင်ဖြေဆိုပေးတဲ့ ဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

👥 Be Part Of Our Journey ! 🧡=====================Position            :  AAP Focal Point (National) - (1) PostJob Locatio...
05/08/2026

👥 Be Part Of Our Journey ! 🧡
=====================

Position : AAP Focal Point (National) - (1) Post
Job Location : North Okkalapa Township, Yangon
Type : Full Time/ Project Base Contract
Reporting Officer : Director
Duration : 1st September, 2026 to 31st January, 2027 (5 months with possible extension)
Starting date : 1st September, 2026 /As soon as possible

Join Our Team 👥🧡===============Position             : PSEA Focal Point  - (1) PostJob Location   : North Okkalapa Townsh...
05/08/2026

Join Our Team 👥🧡
===============
Position : PSEA Focal Point - (1) Post
Job Location : North Okkalapa Township, Yangon
Type : Full Time/ Project Base Contract
Reporting Officer : Director
Duration : 1st September, 2026 to 31st January, 2027 (5 months with possible extension)
Starting date : 1st September, 2026 /As soon as possible

ချန်လှပ်ထားခဲ့လို့ မရတဲ့ အသံများလူသားချင်းစာနာမှုအကူအညီနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအရေးပေါ်အခြေအနေတွေ၊ သဘာဝဘေးအန္တရာ...
15/07/2026

ချန်လှပ်ထားခဲ့လို့ မရတဲ့ အသံများ
လူသားချင်းစာနာမှုအကူအညီနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး

အရေးပေါ်အခြေအနေတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ အထိခိုက်ဆုံးနဲ့ ကျော်လွှားရအက်ခဲဆုံး အခြေအနေတွေကို ရင်ဆိုင်ရသူတွေက ဘယ်သူတွေ ဖြစ်မယ်ဆိုတာ တွေးမိပါသလား?

ကိန်းဂဏန်းတွေအရ ဒီလိုအကျပ်အတည်း ကာလတွေမှာ မသန်စွမ်းသူတွေ (Persons with Disabilities) ဟာ သတင်းအချက်အလက် ရရှိဖို့၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့နဲ့ အခြေခံအကူအညီတွေ ရယူဖို့ အခက်အခဲဆုံးဖြစ်ပြီး ချန်လှပ်ခံရမှု အများဆုံးအုပ်စုမှာ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်တွေ (Humanitarian Action) မှာ မသန်စွမ်းသူတွေကို ထည့်သွင်းစဉ်းစားဖို့ဆိုတာ ရွေးချယ်စရာတစ်ခု မဟုတ်ဘဲ မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါတယ်။

ဒီလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် အောက်ပါ အဓိကအခြေခံမူတွေကို နားလည် လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ် -

၁။ သနားစိတ်နဲ့ ကူညီတာမဟုတ်ဘဲ ရပိုင်ခွင့်အဖြစ် ရှုမြင်ခြင်း (Rights, Not Charity)

မသန်စွမ်းသူတွေကို အကူအညီပေးတယ်ဆိုတာ သနားကရုဏာသက်လို့ ပေးကမ်းကူညီတာ (Charity) မဟုတ်ပါဘူး။ ဘေးကင်းလုံခြုံစွာ ရှင်သန်ခွင့်၊ အကူအညီတွေကို တန်းတူရယူခွင့်နဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ဆိုတာ လူသားတစ်ဦးအနေနဲ့ မွေးရာပါ ရပိုင်ခွင့်ဖြစ်တဲ့ "လူ့အခွင့်အရေး (Human Rights)" ပင် ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေအနေနဲ့ မသန်စွမ်းသူတွေကို "ကူညီကယ်တင်ရမယ့် လူနာတွေ" အဖြစ် မမြင်ဘဲ၊ ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်နိုင်စွမ်းရှိတဲ့ "အခွင့်အရေး ပိုင်ဆိုင်သူတွေ (Rights-holders)" အဖြစ် အသိအမှတ်ပြု လေးစားဖို့ လိုအပ်ပါတယ်။

၂။ တန်းတူညီမျှမှု (Equality) နဲ့ လိုအပ်ချက်အရ မျှတမှု (Equity)

လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ လူတိုင်းကို တူညီတဲ့ အထောက်အပံ့တွေ ပေးအပ်ခြင်းဟာ "တန်းတူညီမျှမှု (Equality)" ဖြစ်ပါတယ်။ ဒါပေမယ့် မြေပြင်မှာ မသန်စွမ်းသူတွေအတွက် အဟန့်အတား (Barriers) တွေ အများကြီး ရှိနေတတ်ပါတယ်။

(ဥပမာ - ကယ်ဆယ်ရေးစခန်းတစ်ခုမှာ လူတိုင်းကို အစားအသောက် တန်းတူဝေငှပေမယ့်၊ အမြင်အာရုံ မသန်စွမ်းသူ တစ်ဦးအနေနဲ့ အဲ့ဒီနေရာကို သွားရောက်ဖို့ လမ်းကြောင်း အခက်အခဲရှိနေနိုင်သလို၊ ဘီးတပ်ကုလားထိုင် အသုံးပြုသူအနေနဲ့လည်း ရေအိမ် (Toilet) အသုံးပြုဖို့ အခက်အခဲ ရှိနေနိုင်ပါတယ်။)

ဒါကြောင့် လူတိုင်း တူညီတဲ့ ရလဒ်နဲ့ အခွင့်အရေးကို အမှန်တကယ် ခံစားနိုင်ဖို့အတွက် မသန်စွမ်းသူတွေရဲ့ သီးခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ (ဥပမာ - ချဉ်းကပ်လမ်းတွေ ဖန်တီးပေးတာ၊ အလွယ်တကူ ဖတ်ရှုနိုင်တဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးပေးတာမျိုး) လိုအပ်ချက်အရ မျှတမှု (Equity) ကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

၃။ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တွေ ဖန်တီးခြင်း (Inclusion)

အစစ်အမှန် ပါဝင်ခွင့်ဆိုတာ အကူအညီတွေ ဝေငှချိန်ရောက်မှ မသန်စွမ်းသူတွေကို ထည့်သွင်းစဉ်းစားတာ မဟုတ်ပါဘူး။ စီမံကိန်း စတင်ရေးဆွဲတဲ့ အချိန်ကစလို့ သတင်းအချက်အလက် မျှဝေတာနဲ့ အကြံပြုချက်တွေ ရယူတဲ့ (CFM) လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းမှာ မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်အောင် လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်။

"ကျွန်ုပ်တို့နဲ့ မပတ်သက်ဘဲ ကျွန်ုပ်တို့အကြောင်း မဆုံးဖြတ်ပါနဲ့" (Nothing About Us Without Us) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မသန်စွမ်းသူတွေရဲ့ အသံ၊ သူတို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကို နားထောင်ပြီး လုပ်ငန်းစဉ်တွေကို ပုံဖော်တာဟာ အထိရောက်ဆုံးသော လူသားချင်းစာနာမှု အကူအညီပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တွေဟာ လူမှုအသိုင်းအဝိုင်းအတွင်းမှာရှိတဲ့ အဟန့်အတား (Barriers) တွေကို ဖယ်ရှားပေးပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်မထားခဲ့ရေး (Leave No One Behind) ကို ဦးတည်ရမှာ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို လေးစားတာနဲ့ လိုအပ်ချက်တွေကို မျှတစွာ ဖြည့်ဆည်းပေးတာဟာ ပိုမို ကြံ့ခိုင်တောင့်တင်းပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်း (Inclusive Society) ကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959252254064

Website

Alerts

Be the first to know and let us send you an email when Myanmar Legal Empowerment Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Legal Empowerment Network:

Shortcuts

Share

Category