ARMY RUM

ARMY RUM မှတ်တမ်းတင်ထားခြင်း

မိမိတို့ ရပ်တည်ရာကို ရွေးချယ်ဖို့ အချိန်တန်ပြီ********************ရုရှား ကတော့ ပြတ်သားသည်။ မြန်မာ နှင့် စစ်ရေး ပူးပေါင်း...
17/07/2022

မိမိတို့ ရပ်တည်ရာကို ရွေးချယ်ဖို့ အချိန်တန်ပြီ
********************

ရုရှား ကတော့ ပြတ်သားသည်။ မြန်မာ နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ တိုးမြှင့်သွားမည်ဟု တရားဝင် ထုတ်ဖေါ် ပြောဆိုလာသည်။ ကျန်သည့် စီးပွားရေး၊ လူမှုရေး ကဏ္ဍများအတွက် ဘာမှ ရည်ညွှန်းခြင်း မရှိ၊ စိတ်လည်း ဝင်စားပုံမရ၊ လက်နက်များ ရောင်းချဖို့သာ စိတ်ဝင်စားသည်။ ဤသည်ကို မင်းအောင်လှိုင် လိုလား ပုံမရ၊ သူ ဖြစ်စေချင်သည်မှာ ရုရှား နှင့် နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ် Bilateral Defense Agreement ပုံစံ မျိုး ဖြစ်စေချင်သည်။ သို့သော် ဆွေးနွေးဖို့ နေနေသာသာ ရုရှား ကာကွယ်ရေး ဝန်ကြီးကပင် လက်ခံတွေ့ဆုံ ခဲ့ခြင်း မရှိ၊ ရုရှား သံရုံးက ကိုယ်ရေးကိုယ်တာ ခရီးစဉ် အဖြစ် ပြောင်းလဲသုံးစွဲခဲ့ရခြင်း ဖြစ်သည်။

ရုရှားသည် တရုတ်၏ ဩဇာစက်ဝန်း သက်ရောက်ပြီးသား နိုင်ငံကို စိတ်ငြိုငြင် ခံ၍ ဝင်ရောက် ပတ်သက်လို ပုံမရ၊ ၎င်းတို့ ၏ ယူကရိန်း ကျူးကျော် စစ်အပေါ် တရုတ်၏ undiluted support ရေမရောသည့် အမာခံ ထောက်ခံမှုမျိုး ရဖို့ အရေးကြီးနေသည်။ မင်းအောင်လှိုင် လိုချင်သော ကာကွယ်ရေး စာချုပ်မျိုးက ရေရှည် မျှော်ထား၍ ရမည့် အရေးမဟုတ်၊ အကြောင်းမသင့်က နေ့လား ညလား ပတ်သက်ရမည့် အရေး ဖြစ်နေ မှန်းလည်း သိထားသည်။

ထို့အပြင် မင်းအောင်လှိုင်သည် ရုရှား ထံမှ လက်နက်များ အကြွေး ရောင်းချပေးမည့် ကတိကဝတ်မျိုးလည်း ရခဲ့ပုံ မပေါ်၊ ထို့အတွက် ရုရှားတွင် ရှိနေစဉ်အတွင်း နိုင်ငံခြားငွေ ကန့်သတ်မှု တားမြစ်ချက် အမျိုးမျိုး ဆက်တိုက် ထွက်ပေါ်လာခဲ့ရခြင်းလည်း ဖြစ်သည်။ မနေ့ကပင် နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာနှုန်း ရှိသော မြန်မာ ကုမ္ပဏီပိုင် လက်ကျန်ငွေများကို မြန်မာကျပ်ငွေ နှင့် မဖြစ်မနေ လဲလှယ်ရမည်ဟု အေးဓမြ တိုက်သည့် အမိန့် ထွက်လာခဲ့ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် တာတာစတန် ကိုယ်ပိုင် အုပ်ချုပ်ရေး ရ ဒေသ သို့ ထုံးစံအတိုင်း ဝင်ရောက်ခဲ့ပြန်သည်။ ထိုဒေသ ရှိ “သမ္မတ” က လှိုက်လှိုက်လှဲလှဲ ကြိုဆို နှုတ်ဆက်ခဲ့သည်။ သူ့ ဒေသ သည် ကောင်းသည် ဆိုးသည် ဖြစ်စေ မင်းအောင်လှိုင်ကြောင့် နိုင်ငံတကာ သတင်းစာမျက်နှာများ တွင် ပါလာပြီး လူသိများလာဦးမည်၊ တာတာစတန်သည် ရုရှား မှ ခွဲထွက်လိုသည့် သဘော ရှိနေ၍ မင်းအောင်လှိုင် နှင့် မတွေ့မီ တရက် အလို တွင် ရုစတန် မင်နစ်ကာနောဗ် အား ရုရှား သမ္မတ ပူတင်မှ သူ၏ တရားဝင် ပေးစာ တခုတွင် ရာထူး အမည် မတပ်ဘဲ ပေးပို့လာသည်။

လွန်ခဲ့သည့်နှစ်က ရုရှား၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများရှိ အကြီးအကဲများ အား “သမ္မတ” ဟု ခေါ်ဝေါ်သုံးစွဲ ခြင်းကို ပိတ်ပင်သည့် အမိန့် ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။ ဤသည်ကလည်း တခါက တာတာ များသည် ၎င်းတို့ ဒေသအား သီးခြား လွတ်လပ်သော နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ အနေအထားများ ရုရှား နှင့် တာတာ တို့အကြား ရှိနေသော်လည်း ၎င်းတို့၏ ခေါင်းဆောင်အား အနည်းဆုံး သမ္မတ တယောက်မှ ခရီးဦးကြိုပြုသည့် ပုံစံမျိုး ဝါဒ ဖြန့်နိုင်ရန် စိတ်စောနေသော မြန်မာရှိ စစ်ကောင်စီ သတင်း စာများက မူ လူဦးရေ လေးသန်းသာ ရှိသော အဆိုပါဒေသ မှ အကြီးအကဲအား “သမ္မတ” အဖြစ် မသိချင်ယောင် ဆောင်ကာ သုံးစွဲ ခေါ်ဝေါ် ဝါဒဖြန့်ခဲ့ကြသည်။

တာတာစတန် “သမ္မတ” ရုစတန် မင်နစ်ကာနောဗ် သည် သူ၏ ရုံးခန်းထဲတွင် မင်းအောင်လှိုင်အား လက်ခံ တွေ့ဆုံခဲ့ပုံ ကို သတင်းထုတ်ပြန်လာခဲ့သည်။ ထိုဓါတ်ပုံသည် မင်းအောင်လှိုင် မျှော်လင့်သလို ပုံစံမျိုး မဟုတ်ဘဲ လ္ဘက်ရည်ဆိုင်သာသာ ဖြစ်နေသည်။ ရုစတန်လာစဉ် သူ လက်ခံ တွေ့ဆုံ ခဲ့ပုံမျိုး နှင့် အကွာကြီး ကွာခြားနေ ပေသည်။ (ပုံတွင်ရှု)

နောက်ပိုင်း တွင် မင်းအောင်လှိုင်အား ညစာစားပွဲ၊ ရိုးရာ ကပွဲများ နှင့် တည့်ခင်းဧည့်ခံ ခဲ့သည်ဟု သိရသည်။ မင်းအောင်လှိုင်၏ မျက်နှာပေးသည် တိရစ္ဆာန် ရုံထဲ ရောက်နေသည့် ကလေးသူငယ်တဦး အလား ဖြစ်နေ သည်ဟု ဧရာဝတီ သတင်းဌာနက မှတ်ချက်ချထားသည်။

မည်သို့ပင် ဖြစ်စေ နိုင်ငံတွင်းတွင် မရှိမဖြစ် လိုအပ်သော စားကုန်များ၊ ဆေးဝါးများ တင်သွင်းမှုကို ပိတ်ပင် နေသည့် အချိန်တွင် မြန်မာပြည်နှင့် မိုင်ပေါင်း လေးထောင် ခန့် ကွာဝေးပြီး ဗုဒ္ဓဘာသာ မြန်မာ လူမျိုး ဟူ၍ ထောင်ဂဏန်းလောက်ပင် ရှိသော နိုင်ငံ တွင် ဒေါ်လာ သိန်းချီ အကုန်အကျ ခံကာ စေတီ သွား တည်သည့် ဆုံးဖြတ်ချက် ကို အားလုံးက အံ့အားတသင့် ဖြစ်ကြမည်ကား အမှန်ပင် ဖြစ်သည်။ ၎င်း၏ ဆရာအရင်း ဖြစ်သော သီတဂူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဦးအောင်ကိုဝင်း (ကမ္ဘောဇ) မှ ‘မ’ တည်သည်ဟု တော့ ဖေါ်ပြထားခဲ့သည်။

ခေါင်းဆောင်ကြီးသည် မည်မျှပင် ကြိုးစားစေကာမူ အရေးမပါသော နိုင်ငံလေးများက သံအမတ် ခန့်အပ်လွှာ ပေးအပ်သည်ကို လက်ခံခြင်းမျိုးက လွဲ၍ နိုင်ငံတကာတွင် လုံးဝ အသိအမှတ်ပြု မခံရ၊ ရပ်တည်ခွင့် မရ၊ အာဏာသိမ်းပြီး ၁၆ လ အတွင်း တံခါးဖွင့်ပေးသည့် နိုင်ငံဟူ၍ ရုရှား တနိုင်ငံတည်း ဖြစ်နေသည့် အရေးကိုတော့ စစ်တပ်အသိုက်အဝန်း အတွင်း ငြင်းလို့မရအောင် ထင်ရှားလာနေသည်။

မင်းအောင်လှိုင် သည် ထိုကဲ့သို့သော ခရီးစဉ်မျိုးအား “ကိုယ်ရေးကိုယ်တာ” ဟု ခေါင်းစဉ်တပ် နှစ်ပေါက် တပေါက် ရိုက်ကာ တရုတ်ပြည်သို့ ပင် သွားခွင့် ရ အောင် လုပ်၍ မရ ဖြစ်နေဆဲ ဆိုသည်ကိုလည်း မရိပ်စားမိဘဲ နေကြမည် မဟုတ်။

ထို့အတွက် စစ်ခေါင်းဆောင်များ၊ အရာရှိ အရာခံ အကြပ်တပ်သားများ အနေဖြင့် မိမိတို့ ရပ်တည်ရာ ကို ရွေးချယ်ကြဖို့ အချိန်တန်နေပြီ ဖြစ်သည်။ မိမိတို့ ၏ ခေါင်းဆောင်သည် တိုင်းပြည်နှင့် လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း ဦးဆောင်နိုင်မှုဟု ယုံကြည်နေခြင်းသည် အသိညဏ် အမျှော်အမြင် ခေါင်းပါးရား ကျမနေပေဖူးလော၊ ထိုသို့ မဟုတ်ပါက ၎င်း တို့ အဖို့ နိုင်ငံတော် သစ္စာဖေါက်မှုကြီး ဖြင့် ရင်ဆိုင်ကြရဖို့သာ ရှိပေတော့သည်။ မင်းအောင်လှိုင် အနေနှင့် တော့ ပြေးဖို့ မလိုမချင်း လက်အောက်ငယ်သားများ၏ အသက်များ သုံး၍ နေ့စဉ် လက်လီ ဝယ်ယူ ရပ်တည်သွားမည့်လူမျိုးသာ ဖြစ်သည်။

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

ဒီသတင်းတွေကို ဘယ်သူကစဖော်တာလဲ ကျွန်တော်တောင် မဖော်ခဲ့ဘူးအခုတော့ ချပြလိုက်ပါရစေ့ ပြည့်သူလူထုအပေါင်းတို့(အာဏာရူး မအလ အာဏာမ...
22/11/2021

ဒီသတင်းတွေကို ဘယ်သူကစဖော်တာလဲ
ကျွန်တော်တောင် မဖော်ခဲ့ဘူး
အခုတော့ ချပြလိုက်ပါရစေ့ ပြည့်သူလူထုအပေါင်းတို့

(အာဏာရူး မအလ အာဏာမသိမ်းခင်တောင်းဆိုချက်များ )

အာဏာမသိမ်းခင် (၁) ရက်အလိုလောက်က အမေစုရဲ့ ရေးသားထားခဲ့တဲ့သုံးသပ်ချက် စာလေးပါ၊

"ညှိနှိုင်းတယ်ဆိုတာ တဖက်နဲ့တဖက်
လိုတိုးပိုလျှော့ လုပ်ကြရတာပါ".။

"တဖက်က_ပုံသေပြောနေရင်တော့
တောင်းဆိုတာပါ"။

"မညှိဘူး မလျှော့ဘူး ပေးကိုပေးရမယ်ဆိုတဲ့သဘောပါ".။

အန်တီနဲ့ကာချုပ်က အလွတ်သဘော
တွေ့ဆုံခဲ့တာ အကြိမ်ကြိမ်ရှိပါတယ်.။

အန်တီ မှတ်ချက်ပေးဖူးပါတယ်

"သူက_ခေါင်းတော်တော်မာတယ်လို့".။

"ကာချုပ်ဘဝ ချုပ်ငြိမ်းခါနီး
သမ္မတဖြစ်ချင်တယ်လို့ နေရာတောင်းဆိုတဲ့အခါ
အန်တီတို့ဘက်ကညှိနှိုင်းပေမဲ့ မရခဲ့ပါဘူး".။

ဇန်နဝါရီလ (၂၈.၂၉.၃၀) အနီးကပ်
(၃) ရက်မှာ (၂) ဘက် ပြောခွင့်ရပုဂ္ဂိုလ်တွေ
အစည်းအဝေးလုပ်တွေ့ဆုံကြပေမယ့်
(၂) ရက်သာ လုပ်လိုက်ရပါတယ်။
သမ္မတကမဆင်းတဲ့_တောင်းဆိုမှုကြောင့်
ပွဲပျက်ခဲ့ပါတယ်.။

ပြည်ထောင်စုလွှတ်တော်ထဲမှာ ပြည်နယ်ပြည်မ
လွှတ်တော်ထဲမှာ (၂၅%) နေရာယူထားတယ်.။

စီးပွားရေးတွေ_အခွန်မဆောင်ဘူး.။
အနိမ့်ဆုံးမီတာခတောင်_မဆောင်ကြဘူး.။

ဒုသမ္မတ_ပုံသေယူထားတယ်.။
တပ်ဘတ်ဂျက်ငွေ_စစ်ခွင့်မရှိဘူး.။
တပ်တွင်းဦးရေတောင်_စစ်ခွင့်မရဘူး.။
သူတို့တပ် မဲစာရင်း စစ်ခွင့်မရဘူး.။

တနိုင်ငံလုံး ဘယ်နေရာ ဘာခိုးလုပ်လုပ်
လိုက်စုံစမ်းခွင့်မရှိဘူး.။

နောက်ကြောင်းပြန်_အရေးမယူရဘူး.။
ရာဇဝတ်မှုကျူးလွန်သူတောင်
အရပ်တရားရုံးက စစ်ခွင့်မရဘူး.။

အမှုက ဘယ်လောက်ပဲရှင်းနေပါစေ.
တရားခံက သူတို့ခိုင်းတဲ့သူဆိုရင်
ပြစ်ဒါဏ်ချလို့မရဘူး.။

အရာရာ_ဥပဒေအထက်ကနေပြီး
တစ်နိုင်ငံလုံးအုပ်ချုပ်ဖို့_နေရာလိုချင်ပြန်တယ်.။

မပေးရင်လုမယ်ဆိုတဲ့_အညံ့ဆုံးစိတ်ဓာတ်နဲ့
အနိုင်ရသူကို_ဖမ်းဆီးပြီးလုယူတယ်.။

ဒီအခြေအနေတွေကို မသိကြပဲ

အန်တီကပဲတည့်အောင်မနေသလိုလို

ပြည်ပကပညာရှင်မောင်ပိန်းတို့က

ထင်ကြေးပေးကြတယ်.။

အဖုံးပိတ်ထားတဲ့ ထမင်းအိုးထဲက ဆန်ကို
ခန့်မှန်းကြသလိုပါပဲ.။

ငစိန်မှန်းမသိ_ရွှေဘိုမှန်းမသိဘူး.။

( ပြည်သူ့အစိုးရအုပ်ချုပ်ခဲ့ရတဲ့ ၅နှစ်တာအချိန်ဆိုတာ အာဏာရှင်စစ်တပ်လက်အောက်မှာပါ )

အာဏာမသိမ်းခင် စစ်တပ်က
NLD ဆီ ၂ ခါ လာပြီး တောင်းဆိုတယ်။

ပထမတစ်ခါလာတော့
ကာချုပ်သက်တမ်း နောက်ထပ် ၅ နှစ်
သက်တမ်းတိုးပေးဖို့ အမိန့်ပေးတယ်။

ဒေါ်အောင်ဆန်းစုကြည်က
ဒီကာချုပ်နဲ့ အဆင်မပြေတော့မှန်းသိလို့
တိုးပေးဖို့ မဖြစ်နိုင်ဘူး၊

ဥပဒေအတိုင်းပဲ

မင်းအောင်လှိုင် ကာချုပ်သက်တမ်းပြည့်ရင်

ကာချုပ်အသစ်ခန့်ဖို့ သွားမယ်လို့ ပြောလိုက်တယ်။

ဒုတိယတခါ..

ဒေါ်အောင်ဆန်းစုကြည်ဆီလာတယ်။

ကာချုပ်အသစ်ခန့်ရင်
ကာချုပ်ပြုတ် မင်းအောင်လှိုင်ကို
သမ္မတရာထူးပေးဖို့ အမိန့်ပေးတယ်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတခန့်ဖို့
လူရွေးပြီးသွားပြီလို့ ပြောလွှတ်လိုက်တယ်။

ဒေါ်စုသာအာဏာမက်ရင်...

ဒေါ်စုသာ ပြည်သူကို မကြည့်ရင်...

သမ္မတက ဦးမင်းအောင်လှိုင်၊ 😤

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က

ဒေါ်အောင်ဆန်းစုကြည်၊

ကာချုပ်က စိုးဝင်း ဆိုပြီး လက်ဝါးချင်းရိုက်ပြီး
ဆက်သွားလို့ ရတယ်။

ဒါပေမယ့်

ဒါဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အပြင်၊
ပြည်သူတွေ နစ်နာနိုင်တဲ့ ရှေ့ရေးကို မြင်လို့၊
စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးမှာ ဘယ်လောက်ထိ
ဝင်ရောက် နှောင့်ယှက်နေသလဲ ဆိုတာ
ပြည်သူတွေကို သိစေချင်လို့၊
ကမ္ဘာကို သိစေချင်လို့

အမေ ဒေါ်အောင်ဆန်းစုကြည်က

အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို စွန့်ပြီး

ထောင်ထဲ ဝင်သွားတာဖြစ်တယ်။

ဒေါ်စု စစ်တပ်နဲ့ ရင်ကြားစေ့တဲ့နေရာမှာ
အကန့်အသတ်ရှိတယ် ဆိုတာကို ပြခဲ့တာပါပဲ။

ဖေဖေ့တပ်မတော်ဆိုပြီး နေရာတကာ
အလျှော့ပေးခဲ့တာ မဟုတ်ပါ။

မတရားတာကို ဆန့်ကျင်ပြီးမှန်ကန်တဲ့ လမ်းကို ရွေးသွားတာပါ။

Crd: အဖွား ဒေါ်အောင်ဆန်းစုကြည်ရဲ့မြေးလေး
San ko
21.1.2021

23/11/2020

Credit #

တောင်တန်းဒေသမို့ မလုံခြုံတာပါလို့မထင်နဲ့ ၊ ရန်ကုန်လေဆိပ်မှာလည်းပေါ်တင်ပစ်သတ်ခံရတယ်
တရားခံအကောင်လိုက်ကြီးမြင်နေလျှက်နဲ့ အစိုးရရုံးဆိုက်ရာနေပြည်တော် ပရဆေးဥယျာဥ်မှာ တရားခံကမြေလျှိုးမိုးပျံပျောက်ကွယ်သွားရတဲ့တို့နိုင်ငံ..

ငါတို့ရှိနေလို့ မင်းတို့ခေါင်းပြားအောင်အိပ်လို့ရတယ်ဆိုတဲ့စစ်လော်ဘီကောင်တွေရဲ့စကားဟာ ဒေါ်ကြူကြူလှအတွက်ပဲမှန်တယ်၊ သူပဲခေါင်းပြားအောင်အိပ်လို့ရမယ်..
အတိုင်ပင်ခံအိမ်တောင်ဓာတ်ဆီပုလင်းနဲ့အပစ်ခံရတယ်..
ရွေးကော်အိမ်လက်ပစ်ဗုံးက အစစ်ပါသေး..

သေသွားပြီဖြစ်တဲ့စာနယ်ဇင်းဖော်လံဖားကြီးကိုခေါ်တွေ့ပြီး တရားဥပဒေစိုးမိုးရေးတိုင်းပြည်တည်ငြိမ်ရေးအတွက် နိုင်ငံရေးမှာဝင်ပါနေတာဖြစ်ကြောင်း အသံကောင်းဟစ်ပြနေချိန်မှာ အမျိုးဂိဝရမ်းပြေးတစ်သိုက်က စစ်ဆေးရုံထဲမှာSelfieဆွဲနေလေရဲ့..

မဲဆွယ်ပွဲမှာ လူသတ်ပွဲတွေဖြစ်နေတယ်
ဒါပေမဲ့ အေးဆေးပဲ..

နွားတင်ကားတွေအပစ်ခံရလို့ ကားသမားတွေတစ်ဖြုတ်ဖြုတ်သေတယ်..
ဒါပေမဲ့ အေးဆေး..

လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးယောက်အဖမ်းခံရတယ်..အေးဆေးပဲ..
တိုင်းပြည်ရဲ့တရားဝင်အမတ်တစ်ယောက်လည်းပါသွားတာကိုတောင် တိုင်းပြည်လုံခြုံရေးအတွက်အဓိကတာဝန်ရှိတဲ့အပြင် အဲ့ဒီအကြောင်းပြချက်နဲ့ နိုင်ငံရေးမှာဝင်ပါပြီး လုံခြုံရေးနဲ့ပက်သက်သမျှအရာအားလုံးကိုချုပ်ကိုင်ထားတဲ့ပုဂ္ဂိုလ်က သူနဲ့ဘာမှမသက်ဆိုင်သလို တစ်ခွန်းဟဖော်တောင်မရဘူး..

အဓမ္မကိုအဟုတ်ထင်ပြီးထောက်ခံနေခဲ့ကြမှတော့တပ်ရင်းမှူးအပါအဝင် စစ်ကြောင်းလိုက် အရှင်အဖမ်းခံလည်း အေးဆေးပဲဖြစ်သွားတယ်..

ရွှေဘိုမှာအောင်မြေတောင်နင်းနေလိုက်သေး..

ငါတို့သာအမိ ငါတို့သာအဖလို့သာပြောပြီးတော့ မိဘစိတ်ထားမရှိဘဲ ကိုယ်ကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက် ရွှေသင်္ကန်းကပ်ပြနေတာတွေနဲ့အလုပ်ရှုပ်နေတော့ အဖေမဲ့သားတွေများလာရတာလည်း ဆက်စပ်နေတဲ့ ပဋိစ္စသမုဒ်ပါဒ်ပဲ..

ခဲလုံးကိုမကြည့်ပဲ ခဲပစ်ရာ ခဲဖြစ်ပေါ်စေရာကိုကြည့်ရင် ရွံစရာကောင်းတဲ့မျက်နှာကို
အရှင်းသားမြင်ရမယ်...

မုဆိုးမအုပ်ချုပ်နေလို့ အားကိုးစရာမရှိတဲ့မုဆိုးမတိုင်းပြည်ဖြစ်နေတာမဟုတ်ဘူး..
သူခိုးတစ်သိုက်လုံခြုံဖို့အတွက်ပဲ ရေးဆွဲထားတဲ့ခြေဥကသာ တက်လာသမျှအစိုးရတိုင်းကို အားကိုးရာမရှိတဲ့မုဆိုးမအစိုးရဖြစ်အောင်လုပ်နေတာ..
အခြေခံဥပဒေသာကောင်းရင် နှစ်ခုလပ်ကတက်အုပ်ချုပ်လည်း တိုင်းပြည်ကလုံခြုံတယ်..

တိုင်းပြည်ရဲ့လုံခြုံရေးအတွက်အဓိကတာဝန်ရှိသူက သူတို့တစ်သိုက်ရဲ့ကိုယ်ကျိုးစီးပွားကိုလုံခြုံစေတဲ့ စောက်သုံးမကျတဲ့အခြေခံဥပဒေကိုဖက်တွယ်ပြီး လူပိန်းကြိုက်ဘုရားတည်ရွှေသင်္ကန်းကပ်တာတွေနဲ့ဗျာများနေမှတော့
စစ်အင်အားကဆယ်သန်းရှိရင်လည်း ဘယ်သူမှခေါင်းပြားအောင်အိပ်လို့မရဘူး..

နယ်သာလန်မှာ ကြိုးစင်တက်ပြီး သူသေရမှာကိုတော့ကြောက်တဲ့ပုဂ္ဂိုလ်ဟာ သန်းငါးဆယ်ရဲ့အသက်ကိုတော့ မလုံခြုံတဲ့စနစ်ဆိုးအောက်မှာ ဖက်နဲ့ထုတ်ခိုင်းထားတယ်...

N khan aung

22/11/2020

တိုင်းပြည်နဲ့ ပြည်သူလူထု လုံခြုံရေးအတွက်
နယ်ဘက်မှာ အရေးပါဆုံး ပြည်ထဲရေးဝန်ကြီးနေရာကို
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို တာဝန်ပေးလိုက်ထဲက
စတာဝန်ယူစဉ်က အခြေအနေတွေ ထားလိုက်ပါဦး
ရွေးကောက်ပွဲ မတိုင်ခင် ဗုံးတွေခွဲတာ
တရားခံ ဘယ်သူလဲ မသိဘူး။

တိုက်ပွဲမရှိတဲ့ တောင်ကုတ်က NLD အမတ်တွေ
အကြမ်းဖက်အဖွဲ့က ရွာတွေထဲထိ ဝင်ဖမ်းတာ
မကာကွယ်ပေးနိုင်ခဲ့ဘူး။

ခုလည်း ရှမ်းပြည်နယ်က အေးချမ်းနေတဲ့နယ်မြေ
နောင်ပိန်မှာ ရွေးကောက်ခံအမတ်တစ်ဦး
နေအိမ်ထိ လက်နက်ကိုင်ပြီး လာလုပ်ကြံခံရတာ
မကာကွယ်နိုင်ခဲ့ကြပြန်ဘူး။

တပ်မတော် ရှိလို့ ပင်နီတွေ ခေါင်းပြားအောင်
အိပ်လို့ရနေတယ်ဆိုတဲ့ ဖြီးလုံးတွေလည်း
ရပ်တန်းကရပ်ကြပါတော့ ...

တပ်မတော်က ကိုယ့်တာဝန် ကိုယ်မကျေသလို
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတဲ့
ပြည်ထဲရေးဝန်ကြီးလည်း သောက်ဖြစ်မရှိဘူး။

ပိုဆိုးတာက ငြိမ်းချမ်းနေတဲ့ ဒေသတွေမှာ
လက်နက်ကိုင် အကြမ်းဖက်မှု၊ မဲရုံထဲမှာ ဗုံးကွဲမှု၊
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေအိမ်မှာ
လက်ပစ်ဗုံးတွေ့မှု၊ အမတ်တွေ အသတ်ခံရမှု၊
အမတ်တွေ အဖမ်းခံရမှုတွေမှာ တပ်မတော်က
သူတို့နဲ့မဆိုင်သလို ဘာမှမထုတ်ပြန်သလို
ပြည်ထဲရေးဝန်ကြီး ဆိုသူက သူများနိုင်ငံတွေမှာလို
ထွက်မရှင်းပဲ သူ့တာဝန်မဟုတ်သလို
ပျောက်ခြင်းမလှ ပျောက်နေတာ သိက္ခာမဲ့လွန်းတယ်

သမ္မတကြီးအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်က
ပို့ပေးလာတဲ့ သူတိုင်းကို လက်မှတ်ထိုးပြီး မခန့်ပါနဲ့တော့
ကိုယ့်တာဝန် ကိုယ်နားမလည်တဲ့
သောက်သုံးမကျတဲ့သူတွေအတွက် တိုင်းပြည်က
လစာပေးနေရတာ တိုင်းပြည်အတွက် နစ်နာလှပါတယ်

ဒီလိုလူတွေ နောက်သက်တမ်းမှာ မမြင်ပါရစေနဲ့

21/11/2020

Unicode
ဆံပင်ဖြူတာ နည်းသိရင်မခက်ပါ
သပြေသီးကိုဝိုင်ဖောက်ပြီး တနေ့တဇွန်း ၆ လသောက်ပါ ။ နောက်ထွက်လာတဲ့ဆံပင်တွေနက်လာပါလိမ့်မယ် ။ ဆံပင်နက်လာရင်နောက်မဖြူမချင်းသောက်စရာမလိုတော့ပါ။ ပျမ်းမျှ ၅ နှစ်ထိထပ်သောက်စရာမလိုပါ ။ ဆေးနည်းပေးတဲ့ ဘဘ က အသက် ၆၀ထိဆံပင်နက်တုံးပါခင်ဗျာ ။
ကိုယ်တိုင်မလုပ်ချင်ရင် ဖုန်းဆက်ပြီးမှာပါခင်ဗျာ ။
#ဆိုင်ရောင်းစျေး_တပုလင်း၁၂၀၀၀ ကျပ်
#ပို့ခ မန္တလေး အခမဲ့အိမ်ပို့ပေးပါသည်။
ရန်ကုန် ၂ ပုလင်းဆိုပို့ခမပေးရ
ပါဘူးခင်ဗျာ။(ရန်ကုန်တပုလင်းပို့ခ ၂၀၀၀ကျပ်)
အမြို့မြို့နယ်တိုင်းပို့ပေးပါတယ် ။
#ရန်ကုန်ဖြန့်ချီရေး.ဖုန်း= 09.43334777
(ရန်ကုန်အရောင်းဆိုင်မရှိပါခင်ဗျာ ။ )
#ပင်ရင်းဖြန့်ချီရေး..အဆောင် ၃၅ / ကျွဲဆည်ကန် မန္တလေး ။
ဖုန်း= 09796699222./.09796688222
ကျန်မြို့များ ကားဂိတ်မှတဆင့်ပို့ပေးပါသည်။
ဆံပင်နက်လိုလျှင်သပြေဝိုင် တနေ့ထမင်းစားဇွန်း ၁ဇွန်းသောက်ပါ။ #ဖြူတာများလျှင် ၂ ဇွန်းသောက်ပါ။
ဆံပင်နက်မှောင်သန်စွမ်းလိုလျှင် နှမ်းနက် တနေ့လဖက်ရည်ဇွန်းတဇွန်းစားပါ။
၂မျိးတွဲသုံးဆောင်လျှင်ပိုမိုအစွမ်းထက်ပါသည်။
(သပြေဝိုင်တပုလင်းဝယ်လျှင်နှမ်းနက်လက်ဆောင်တဗူးပေးပါမည်။နှမ်းနက်အပိုဝယ်ယူလိုလျှင် ၆လစာ ၁၂၀၀၀ ကျပ်။)
ဆံပင်ဖြူတာဟာမိတ်ဆွေတို့ခန္ဓာကိုယ်မှာ"ကြေး"ဓာတ်လျော့နည်းတဲ့ လက္ခဏာပါ။ကြေးဓာတ်ရအောင်ကြေးခွက်နဲ့ရေကိုတညသိပ်ထည့်ထားပြီးသောက်ရပါတယ်။ ဒီနည်းကနှစ်ပေါက်ကြာပါတယ်။ကြေးစစ်စစ်နဲ့လုပ်ထားတဲ့ခွက်ရဖို့ကထင်သလောက်မလွယ်ပါ။ကြေးနီဓာတ်ကြွယ်ဝတဲ့သဘာဝဓာတ်စာ " နတ်ပန်းသီး သပြေဝိုင် "တနေ့တဇွန်းသောက်သုံးခြင်းဖြင့်ကြေးဓာတ်အလျှင်အမြန်ဖြည့်တင်းပါ။ #ဆေးသပြေဝိုင်ကောင်းကောင်း ရဖို့သပြေပေါ်ချိန်ကိုစောင့်ပြီးလပေါင်းများစွာ ဝိုင်စိမ်ကာအချိန်ယူဖော်စပ်ရပါတယ်။ သဘာဝသစ်သီးဝိုင်ဖြစ်လို့ #ဘေးထွက်ဆိုးကျိုးမရှိပါ
#သပြေသီးဟာအလုံးသေးပြီးအစေ့ကြီးလို့အသားနည်းပါတယ်_ဝိုင်ဖောက်ရင်အခြားအသီးတွေထက်ထွက်နှုန်းအတော်နည်းပါတယ်။_ဝိုင်တပုလင်းရဖို့သပြေသီး ၇ ပုလင်းစာပမာဏလိုအပ်ပါတယ်။
ဝိုင်ဖြူ ဝိုင်နီကိုလူသိများပေမည့်ဝိုင်နက်ကိုလူသိပ်မသိပါဘူး။ကမ္ဘာမှာကိုကရှားပါးဝိုင်အမျိုးအစားပါ။ Black wine/Deep brown wine /Dark brown wineလို့ခေါ်ပါတယ်။မြန်မာငွေ ၈သောင်းနဲ့ ၁၁၀၀၀၀ကြားရောင်းကြပါတယ်။သာမန်ဝိုင်စျေးနဲ့မရပါဘူး။
#သပြေဝိုင်ကိုယ်တိုင်ဖောက်ဖို့မလွယ်ရင်အောက်ပါဖုံးကိုဆက်သွယ်ပါ။
(ပင်ရင်း) 09796699222./.09796688222
(ရန်ကုန်).0943334777
#ကြေးဓာတ်နဲ့ဆံပင်
ဆံပင်အနက်ကိုပြာချပြီး လက်ချားနဲ့ထိုးရင်ကြေးနီရပါတယ်။ဆံပင်ဖြူဆိုကြေးနီမရပါဘူး။ကျွန်တော်ဆိုလိုချင်တာက ဆံပင်နက်ဟာကြေးနီပါဝင်ပါတယ်။ ဆံပင်ဖြူတာဟာအသက်အရွယ်ကြောင့်လို့ပြောရင်ရာနှုံးပြည့်မမှန်ပါဘူး။နေ့စဉ်စားသုံးတဲ့အာဟာရမှာကြေးနီဓာတ်လျော့နည်းလို့ပါ။ကြေးနီဓာတ်ကြွယ်ဝတဲ့သဘာဝစားသောက်ကုန်တွေဖြည့်စွက်စားပေးရင်ဆံပင်နက်ပါတယ်။
(ဥပမာ သပြေဝိုင် )
မြန်မာ့တိုင်းရင်းဆေးကုထုံးတွေမှာတချို့ဆေးတွေကို ကြေးဇွန်းကြေးခွက်နဲ့ထည့်ပြီးသောက်သုံးဖို့ညွှန်ကြားတာတွေရှိပါတယ်။ကြေးက ကိုယ်ခန္ဒာတွင်းမှာ လွန်ကဲနေတဲ့ ဥဏှတေဇော(အပူ)နဲ့
အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်လို့ဆိုပါတယ်။
ကြေးခွက်နဲ့သောက်တာကြာပါတယ်။
အချိန်ကာလ ၆ လအတွင်းကြေးနီဓာတ်အမြန်ဖြည့်တင်းဖို့ကတော့ ကြေးနီဓာတ်ကြွယ်ဝတဲ့သဘာဝဓာတ်စာ "နတ်ပန်းသီးသပြေဝိုင် "တနေ့တဇွန်း "သောက်သုံးပါ။
#ဆေးဖက်ဝင်သပြေအကြောင်းတစေ့တစောင်း
===========
"သပြေသီး"
မြန်မာ့ဆေးကျမ်းများအလိုရ အထွေထွေဆေးအသုံးဝင်ပုံများ

၀မ်းတွင်းသို့ ရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများစသည်တို့၀င်ရောက်၍ ၀မ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါကသပြေသီးကို သတိရကြပါ။

(၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား (၇)ရက်မျှပြုလုပ်ပြီး(၇)ရက်ပြည့် လျှင် မန်ကျည်းဖျော်ရည်သောက်ပေးရသည်။၀မ်းတွင်းရှိ အမှုန့်၊အမွှားများ၊ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူ ပါသွားတော့သည်။

(၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ၀မ်းနုတ်ပေး၍ လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။

ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသော နည်းဖြစ်ပါ သည်။ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေး၀မ်းပြုရာက၀မ်း တွင်းသို့ ဆံပင်စများ၀င်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။
နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ
ရသော ဆေးနည်းဖြစ်သည်ဟု ဆိုပါသည်။

#သပြေသီး
၂၀၀ရခုနှစ်က အိန္ဒိယနိုင်ငံထုတ်ဆေးပညာဂျာနယ်တွင် သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။

၂၀၀၉ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှ သပြေသီးကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိ ရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်း အဖြေထွက်ရှိ ပါသည်။

ဦးရေပြားဘောက်ထခြင်း
သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထဦး ရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။

ဆီးလွန်ရောဂါနှင့်သပြေသီး
သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန် တွင် သပြေသီးမှည့်ကို စားပေးခြင်း၊သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။

သပြေစေ့
ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်းအကြီးဆုံးက သပြေသီးမှည့်၏အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက် သည်ဆိုပါသည်။

အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊
တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော များစွာသောဆေးအသုံး တို့ရှိနေပါသေးသည်။
Credit
#ရဲမျိုးသူ(ဗောဓိမြိုင်)
#ကျန်းမာရေးအတွက်ဆေးဖက်ဝင်တဲ့သပြေသီး

နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များ၏ လက်တွေ့စမ်းသပ်ချက်များအရ၊ သပြေသီးမှည့် ၁၀၀ ဂရမ် ထဲမှာ လူသားတို့ ကျမ္မာရေးကို အထောက်အကူပြုစေ၍ ချေဖျက်လွယ်သော အမျှင်ဓာတ် ဝ.၆ ဂရမ်၊ ကစီဓာတ် ၁၄ ဂရမ်၊ ခွန်အား ၆၀ ကယ်လိုရီ၊ အဆီဓာတ် ဝ.၂၃ ဂရမ်၊ ပရိုတင်း ဝ.၉၉၅ ဂရမ်၊ ရေဓာတ် ၈၄.၇၅ ဂရမ်၊ ကယ်လ်စီယမ် ၁၁.၆၅ မီလီ ဂရမ်၊ သံဓာတ် ၁.၄၁ မီလီ ဂရမ်၊ မဂ္ဂနီစီယမ် ၃၅ မီလီဂရမ်၊ နီအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ဝ.၂၄၅ မီလီဂရမ်၊ မီးစုန်း ၁၅.၆ မီလီဂရမ်၊ ပိုတက်စီယမ် ၅၅ မီလီဂရမ်၊ ရီဘိုဖလာဗင် (ခေါ်) ဗီတာမင်ဘီ(၂) ဝ.၀၀၉ မီလီဂရမ်၊ ဆိုဒီယမ် ၂၆.၂ မီလီဂရမ်၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ဝ.၀၁၉ မီလီဂရမ်၊ ဗီတာမင်ဘီ(၆) ဝ.၀၃၈ မီလီ ဂရမ် နှင့် ဗီတာမင်စီ ၁၁.၈၅ မီလီဂရမ်တို့အသီးသီး ပါရှိနေပါတယ်တဲ့။

#သပြေသီးနှင့်ကျန်းမာရေး။

(သပြေသီးမှည့်အရသာက ချိုအေး၍၊ မဆိုသလောက်ဖန်ပါတယ်)

(၁) သပြေသီးမှည့်ထဲရှိ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ နဲ့ anthocyanin ဓာတ်တို့က ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင်၊ ရင်သားကင်ဆာဝေဒနာသည်များ စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ဆက်လက်ပြန့်မပွားနိုင် အောင် သပြေသီးမှည့်တွေက ဟန့်တားပေးနိုင်ကြောင်း ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ Journal of Physiology and Pharmacology(ခေါ်)ဆေးပညာဂျာနယ်မှာ အကျယ်တဝင့် ရေးသားဖော်ပြထား ပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ University of Rhode Island(ခေါ်) ဆေးဝါးတက္ကသိုလ်မှာ သပြေသီးမှည့်တွေကို ဓာတ်ခွဲစမ်းသပ် ခဲ့ရာ၊ ရင်သားကင်ဆာဖြစ်မလာအောင် ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ အဖြေထွက်ရှိခဲ့ပါတယ်။

(၂) ၂၀၀၉ ခုနှစ် က အိန္ဒိနိုင်ငံမှာ သပြေသီး မှည့်ဖြင့် ကြွက်များကိုဆေးသုတေသနပြုခဲ့ရာ၊ သွေးထဲရှိဂလူးကို့စ်ပမာဏကို ကျစေရုံ မျှမက၊ အစာအိမ် အက်ဆစ် အထွက်များခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့အိန္ဒိယဆေးဂျာနယ်များမှာ မှတ်တမ်းတင်ဖော်ပြ ထားပါတယ်။

(၃) အစာမကျေ ရင်ပြည့်ခြင်းအတွက် သပြေသီးကို ဆားအနည်းငယ်တို့၍စားပေးပါ။

(၄) သပြေသီးမှည့်များဟာ ခန္ဓာကိုယ်အ တွက် မရှိမဖြစ်လိုအပ်နေတဲ့ အင်ဆူလင်ထုတ်ပေးနိုင်သော ပန်ကရိယကို အားကောင်းစေပါတယ်။ အဲဒီလို ပန်ကရိယကို ကျန်း မာစေနိုင်တာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့အတွက် ဆီးချိုရောဂါဝဒနာ သည်များ သပြေသီးမှည့်ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။

(၅) လိပ်ခေါင်းသွေးယိုစီးသူများအနေဖြင့် နံက် စောစော သပြေသီးမှည့်ကို ပျားရည်ဖြင့်စားပေးခြင်းဖြင့် လွန်စွာ ဆေးစွမ်းထက်စေပါတယ်။

(၆) သပြေသီးထဲရှိ အင်ဇိုင်းဓာတ်များက အသည်းကိုကျန်းမာစေပြီး၊ အသည်းကြီးခြင်းမှ လည်း ကာကွယ်ပေးပါတယ်။

(၇) ဦးရေပြားနှင့် အရေပြားယားနာမှိုစွဲခြင်းတို့အတွက် သပြေသီးသတ္တုရည်ကို ယုံကြည်စိတ်ချစွာ လိမ်းပေးပါ။

(၈) သပြေသီးရဲ့သဘာဝချိုအေးဓာတ်က လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

(၉) ဝမ်းဗိုက် အတွင်းထဲသို့ မတော်တဆ ဆံပင်/ဆံစများ နဲ့သံမှုံ/သံစများဝင်သွားတဲ့အခါ၊ သပြေသီးစားပေးခြင်းဖြင့် ၎င်းတို့ကို သူ့အလိုလို ကျေပျက်သွားစေကြောင်း မြန်မာ့ဆေးကျမ်းများမှာ ညွှန်းဆိုထားပါတယ်။

(၁၀) သပြေသီးမှည့် သတ္တုရည်ကို အဝတ်ဖြင့်စစ်၍ ပုလင်းတွင်ထည့်ပြီး ၅-ရက်ခန့် ကြာတဲ့အခါမှာ အချဉ်ပေါက်လာပါတယ်။ ၎င်းကို သပြေသီးပုန်းရည်လို့ခေါ်ပါတယ်။ ထိုသပြေ သီးပုန်းရည်ကို လေထိုးလေအောင့်၊ သရက်ရွက်ကြီးခြင်း နှင့် ကာလဝမ်း ရောဂါတို့အတွက် သောက်သုံးပေးနိုင်ပါတယ်။

(၁၁) သပြေသီးမှည့် ၅-လုံး ကို နံက်တိုင်း ၁၅-ရက်တိတိ စားပေးရင်း၊ သပြေပင်စည် အခေါက်မှုန့်တစ်ကျပ်သားကို နေ့စဉ် ရေအေးဖြင့် သောက်ပေးပါ။ အဲဒီလို အသီးရော၊ ပင်စည်အခေါက်မှုန့်တို့ကိုပါ နေ့စဉ်တွဲစာပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက် ကင်းစေနိုင်ပါတယ်။

#သပြေသီးအစေ့နှင့်ကျန်းမာရေး။

(သပြေသီးအစေ့က အတန်ငယ်ချိုဖန်သောအရသာရှိပါတယ်။ သပြေတစ်ပင်လုံး၏ ဆေးဘက် အဝင်ဆုံး အစိပ်အပိုင်းဟာ သပြေသီးအစေ့ဖြစ်ကြောင်း မြန်မာ့ဆေးကျမ်းများတွင်သာမက၊ အရှေ့တောင်အာရှဆေးကျမ်းများနှင့် နိုင်ငံတကာ သိပ္ပံဆေးသု တေသီများက အကြံပြုထားကြပါတယ်။ ဒါကြောင့် သပြေသီးစားတဲ့အခါတိုင်း အစေ့ကိုပါ ဝါးစားသင့် ပါတယ်)

(၁) ဝမ်းပျက်၊ ဝမ်းသွားခြင်း၊ မီးယပ်ဝမ်း၊ သွေးဝမ်းစတဲ့ ဝမ်းရောဂါအမျိုးမျိုးအတွက် သပြေသီးအစေ့၊ သရက်စေ့၊ ကြစုသီးတို့ကို ဆတူရောလှော်၍ အမှုန့်ကြိတ်ချေကာ တစ်နေ့ ၂-ကြိမ်သောက်ပေးပါ။

(၂) သွေးဝမ်းသွားခြင်း အတွက် သပြေသီးအစေ့ ခြောက် မှုန့်နှင့် သကြားဆတူရော၍ တစ်နေ့ ၂-ကြိမ်သောက်ပေးပါ။

(၃) အရေပြားပေါ် ရှိထိခိုက်ဒဏ်ရာများနှင့် ခွဲစိပ်နာများတော်တော် နှင့် မကျက်ပါက သပြေသီးအစေ့ကို ရေဖြင့်ကြိတ်၍လိမ်းပေးပါ။

(၄) သပြေသီးအစေ့ခြောက်ကို အမှုန့်ပြုကာ၊ ရေကျက်အေးဖြင့် နေ့စဉ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို ဒိဌပျောက်ကင်းစေ ပါတယ်။ ဒါ့ပြင် ဆီးချိုကြောင့် အာခံတွင်းခြောက် ၍ရေငတ်ခြင်း မှလည်း သက်သာလာ စေပါတယ်။

(၅) သပြေစေ့ခြောက်မှုန့် ကို တစ်နေ့ ၂-ကြိမ်ကျ ၂-ဂရမ်စီ သောက်ပေးခြင်းဖြင့် ကိုလက်စ ထရော နဲ့အဆီများကို ကျစေပါတယ်။ နိုင်ငံတကာဆေးသုတေသီများကလည်း သပြေသီးစေ့ဟာ ကိုလက်စထရော ကျစေတဲ့ အခြားပဋိဇီဝဆေးများနှင့်အပြိုင် အစွမ်းထက်မြက်လှကြောင်း အကြံပြုထားကြပါတယ်။

(၆) ဆီးလွန် ရောဂါ၊ အစာအိမ်အက်ဆစ် စိမ့် ထွက်လွန်၍ အစာအိမ်လမ်းကြောင်းပြည်တည်နာများအတွက် သပြေသီးအစေ့ ခြောက်မှုန့်ကို တရုပ်တိုင်းရင်းဆေးများမှာ အသုံးပြုလေ့ရှိပါတယ်။

သပြေပင်အရွက် နှင့် ကျန်းမာရေး။(သပြေရွက်၏ အရသာဓာတ်က အေးမြစေပါတယ်)

(၁) အပူကြောင့်ဖြစ်သော လျှာနဲ့လည်ချောင်းကွဲခြင်းတို့အတွက် အပြေရွက်နုလတ်လတ်ဆတ်ဆတ်ကို ရေနဲ့ရောကြိတ်ပြီး အာ ခံတွင်းထဲ ငုံထားပေးပါ။

(၂) မြင်းသရိုက်နာများအတွက် သပြေရွက်နုသတ္တုရည်ကို နွားနို့ရော၍့ ၇-ရက်ဆက်တိုက် သောက်သုံး ပေးပါ။

(၃) ကင်းကိုက်ခံရတဲ့အခါ၊ သပြေရွက်သတ္တုရည်လိမ်းပေးခြင်းဖြင့် ကင်းဆိပ်ကျစေပါတယ်။

(၄) မှက်-ခြင်များကိုက်ခြင်းမှ ကြိုတင်ကာကွယ်တဲ့အနေဖြင့် သပြေရွက်ကိုကျိတ်ခြေ၍ ရလာတဲ့သတ္တုရည်ကို ခြေ-လက်များမှာ လိမ်းကျံပေးပါ။

(၅) အိန္ဒိနိုင်ငံ ဆေးကျမ်းများမှာ အသည်းအားဆေးအဖြစ် သပြေရွက်ပြုတ်ရည်ကို တိုက်ကျွေးလေ့ရှိပါတယ်။

သပြေပင်စည်အခေါက် နှင့် ကျန်းမာရေး။(သပြေခေါက်အရသာက ဖန်ချိုသည့်အတွက် နှုတ်မြိန်စေ ပါတယ်)

(၁) ဆီးချိုရောဂါသည်များအတွက် ပင်စည်အတွင်းသားခေါက်ကို မီးမြှိုက်ပြာချ၍ နံက်-နေ့-ည အစာစားပြီးတိုင်း ရေဖြင့်သောက် ပါ။

(၂) သပြေခေါက်ကိုပြုတ်၍ ငုံဆေးအဖြစ်ငုံပေးခြင်းဖြင့် ခံတွင်းထဲရှိ အပူဖု-အပူနာများ ပျောက်ကင်းကာ သွားများပါခိုင်မာလာ ပါလိမ့်မယ်။

(၃) အပူလွန်၍ဖောက်ပြန်ခြင်း နှင့် မီးယပ်ဖြူဆင်းခြင်းတို့ အတွက် သပြေခေါက်ကို ၃-ခွက် ၂-ခွက်တင်ကြို၍ ထော ပတ်၊ ပျားရည်၊ သကြားရောကာ တစ်နေ့ ၂-ကြိမ် သောက်ပါ။

(၄) သပြေခေါက်ကို နွားနို့နှင့်ရောပြုတ်၍ တစ်နေ့၂-ကြိမ် သောက်ပြီးတိုင်း ထောပတ်စားပေးပါ။ သည်းခြေဖောက်ပြန်သောေ ရာဂါအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။

Credit :

#အောက်မှာရေးထားတာကကြေးနဲ့ပတ်သက်တဲ့အနောက်တိုင်းအယူအဆပါ
ဗီရိုထဲမှာ အလှ ထည့်သိမ်းထားတဲ့ ကြေးနီခွက်လေးတွေ ရှိမှာပါ။ဒါပေမဲ့ ဒီလိုကြေး၊ကြေးနီခွက်လေးတွေဟာ အလှဆင်ရုံတစ်ခုတည်းတင် အသုံးဝင်တာ မဟုတ်ပါဘူး။ဒီထက် ပိုကြီးမားတဲ့ အသုံးဝင်မှုကြီး ရှိပါသေးတယ်။

ကြေးနီခွက်တွေဟာ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအတွက် အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ကြေးနီခွက်ထဲမှာ ရေတစ်ည ထည့်သိပ်ထားပြီး မနက်မိုးလင်းသောက်တဲ့အခါ အခုဖော်ပြမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရလာနိုင်ပါသတဲ့။

ကြေးနီဟာ ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကို စုစည်းပေးသလို ကြွက်သားတစ်ရှူးတွေကိုလည်း သန်မာလာစေပါတယ်။သံဓာတ်ကို ပိုမိုရရှိလာစေပြီး လူက နေလို့ထိုင်လို့ ပိုပြီး ကောင်းလာ ပိုပြီး ပေါ့ပါးလာစေတယ်လို့ သိရပါတယ်။ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သေးလဲဆိုတာ ကြည့်လိုက်ပါဦး

အဆီတွေကျဆင်းစေ

ကြေးနီခွက်နဲ့ရေသောက်ပေးရုံနဲ့ အစာချေစနစ်ကို ကောင်းမွန်လာစေပြီး အဆီတွေကို မြန်မြန်ချေဖျက်အားကောင်းစေပါတယ်တဲ့။ပုံမှန်ထက်စာရင်ကြေးနီကြောင့် နှစ်ဆချေဖျက်အားကောင်းသွားတဲ့သဘော။

စွမ်းအင်ဖြည့်ပေးနိုင်

တစ်ခါတစ်လေ ဘာမှမလုပ်ရပဲ ပင်ပန်းနေတာတွေ၊ဟိုးနားဒီနားသွားတာနဲ့အလွယ်တကူမောနေတာတွေ ဒီလိုမျိုးတွေလည်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကြေးနီခွက်ထဲမှာတစ်ညသိပ်ထားတဲ့ရေကိုသောက်သုံးတဲ့အခါ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုပိုပြီးကောင်းမွန်လာစေကာ အသားအရည်ယားယံတာမျိုးတွေလည်းမဖြစ်စေတော့ပါဘူး။တော်ရုံတန်ရုံအရေပြားရောဂါတွေကို မြန်ဆန်စွာပျောက်ကင်းစေပါတယ်။

ကင်ဆာရောဂါဖြစ်ပွားမှုလျော့ချပေးနိုင်

ကြေးနီမှာပါဝင်တဲ့ antioxidant သတ္တိကြောင့် ကင်ဆာဖြစ်ပွားစေနိုင်တဲ့ ဆဲလ်တွေကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ဆဲလ်တွေအားကောင်းတဲ့အခါ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။

Melanin ပုံမှန်အတိုင်းလည်ပတ်စေနိုင်

Melanin ဆိုတာ အသားအရည်၊မျက်လုံး၊ဆံပင်အရောင်တွေကိုထိန်းသိမ်းပေးတဲ့ အစိတ်အပိုင်းတစ်ခုပါ။အသက်ကြီးလာတဲ့အခါ အသားအရည်တွေဖြူလျော့လာတယ်။ဆံပင်တွေဖြူလာတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ melanin လျော့နည်းနေလို့ဖြစ်ပါတယ်။Melanin နဲ့ကြေးနီဟာ နေရောင်ကြောင့်ပျက်စီးသွားတဲ့အသားအရည်နဲ့ဆံပင်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ဒီလို Melanin ဓာတ်လျော့နည်းမသွားပဲ ပုံမှန်အတိုင်းဖြစ်စေဖို့ ကြေးနီကကူညီပေးနိုင်တဲ့အတွက် ကြေးနီခွက်နဲ့ရေသောက်ခြင်းရဲ့အကျိုးကျေးဇူးက အံ့မခန်းလို့ပဲပြောရမှာပါပဲ။

အကျိတ်ရောဂါတွေကာကွယ်ပေးနိုင်

လူတော်တော်များများဟာ အကျိတ်နဲ့ပတ်သက်ပြီးရောဂါဝေဒနာခံစားရလေ့ရှိပါတယ်။ဒါက ခန္ဓာကိုယ်ထဲမှာ ကြေးနီဓာတ်နည်းပါးလို့ပါ။ဒါကြောင့်ကြေးနီခွက်နဲ့ရေသောက်ပေးမယ်ဆိုရင် thyroid hormone level ကိုညှိပေးတဲ့အတွက် အကျိတ်သက်တဲ့ရောဂါဖြစ်ပွားမှုလျော့နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

ငယ်ရွယ်နုပျိုမှုထိန်းပေး

ကြေးနီမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေလိုပဲ antioxidant တွေပါရှိပါတယ်။ဒီ antioxidant တွေကြောင့် အသားအရည်တွဲကျတာမျိုး၊အရေးအကြောင်းဖြစ်တာတွေကို ထိန်းပေးထားနိုင်ပါတယ်။သူများတွေ အရေးအကြောင်းတွေဖြစ်နေချိန် သင့်မှာတော့ နုနယ်ပျိုမျစ်တဲ့အသားအရည်ကျန်ရှိနေနိုင်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

စိတ်ကျန်းမာစေ

စိတ်ကမကျန်းမာရင် ခန္ဓာကိုယ်ကြီးကလည်း မလန်းဆန်းတော့ပါဘူးနော်။ဒါပေမဲ့ ကြေးနီကတော့ စိတ်ကိုပေါ့ပါးလန်းဆန်းစေတဲ့အပြင်စဉ်းစားတွေးခေါ်မှုအားလည်းကောင်းစေပါတယ်တဲ့။အလွယ်တကူ မေ့လျော့တာမျိုးလည်း မဖြစ်တော့ပါဘူး။

ဒါကြောင့် ကြေးနီခွက်လေးတွေထဲ ရေထည့် တစ်ညသိပ်ပြီး သောက်တဲ့ အလေ့အကျင့်လေး လုပ်ကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

(လေးစားမှုဖြင့်ခရက်ဒစ်)

ကြေးခွက်နဲ့ရေထည့်သောက်တာကြာပါတယ်။ နတ်ပန်းသီးသပြေဝိုင်သောက်တာပိုမြန်ပါတယ်။

ကျေးဇူးပြု၍
အောက်ပါလင့်ကိုနှိပ်ပြီး Like ပေးကြပါခင်ဗျာ
https://www.facebook.com/111265886942985/
Zawgyi
ဆံပင်ဖြူတာ နည်းသိရင်မခက်ပါ
သပြေသီးကိုဝိုင်ဖောက်ပြီး တနေ့တဇွန်း ၆ လသောက်ပါ ။ နောက်ထွက်လာတဲ့ဆံပင်တွေနက်လာပါလိမ့်မယ် ။ ဆံပင်နက်လာရင်နောက်မဖြူမချင်းသောက်စရာမလိုတော့ပါ။ ပျမ်းမျှ ၅ နှစ်ထိထပ်သောက်စရာမလိုပါ ။ ဆေးနည်းပေးတဲ့ ဘဘ က အသက် ၆၀ထိဆံပင်နက်တုံးပါခင်ဗျာ ။
ကိုယ်တိုင်မလုပ်ချင်ရင် ဖုန်းဆက်ပြီးမှာပါခင်ဗျာ ။
#ဆိုင်ရောင်းစျေး_တပုလင်း၁၂၀၀၀ ကျပ်
#ပို့ခ မန္တလေး အခမဲ့အိမ်ပို့ပေးပါသည်။
ရန်ကုန် ၂ ပုလင်းဆိုပို့ခမပေးရ
ပါဘူးခင်ဗျာ။(ရန်ကုန်တပုလင်းပို့ခ ၂၀၀၀ကျပ်)
အမြို့မြို့နယ်တိုင်းပို့ပေးပါတယ် ။
#ရန်ကုန်ဖြန့်ချီရေး.ဖုန်း= 09.43334777
(ရန်ကုန်အရောင်းဆိုင်မရှိပါခင်ဗျာ ။ )
#ပင်ရင်းဖြန့်ချီရေး..အဆောင် ၃၅ / ကျွဲဆည်ကန် မန္တလေး ။
ဖုန်း= 09796699222./.09796688222
ကျန်မြို့များ ကားဂိတ်မှတဆင့်ပို့ပေးပါသည်။
ဆံပင်နက်လိုလျှင်သပြေဝိုင် တနေ့ထမင်းစားဇွန်း ၁ဇွန်းသောက်ပါ။ #ဖြူတာများလျှင် ၂ ဇွန်းသောက်ပါ။
ဆံပင်နက်မှောင်သန်စွမ်းလိုလျှင် နှမ်းနက် တနေ့လဖက်ရည်ဇွန်းတဇွန်းစားပါ။
၂မျိးတွဲသုံးဆောင်လျှင်ပိုမိုအစွမ်းထက်ပါသည်။
(သပြေဝိုင်တပုလင်းဝယ်လျှင်နှမ်းနက်လက်ဆောင်တဗူးပေးပါမည်။နှမ်းနက်အပိုဝယ်ယူလိုလျှင် ၆လစာ ၁၂၀၀၀ ကျပ်။)
ဆံပင်ဖြူတာဟာမိတ်ဆွေတို့ခန္ဓာကိုယ်မှာ"ကြေး"ဓာတ်လျော့နည်းတဲ့ လက္ခဏာပါ။ကြေးဓာတ်ရအောင်ကြေးခွက်နဲ့ရေကိုတညသိပ်ထည့်ထားပြီးသောက်ရပါတယ်။ ဒီနည်းကနှစ်ပေါက်ကြာပါတယ်။ကြေးစစ်စစ်နဲ့လုပ်ထားတဲ့ခွက်ရဖို့ကထင်သလောက်မလွယ်ပါ။ကြေးနီဓာတ်ကြွယ်ဝတဲ့သဘာဝဓာတ်စာ " နတ်ပန်းသီး သပြေဝိုင် "တနေ့တဇွန်းသောက်သုံးခြင်းဖြင့်ကြေးဓာတ်အလျှင်အမြန်ဖြည့်တင်းပါ။ #ဆေးသပြေဝိုင်ကောင်းကောင်း ရဖို့သပြေပေါ်ချိန်ကိုစောင့်ပြီးလပေါင်းများစွာ ဝိုင်စိမ်ကာအချိန်ယူဖော်စပ်ရပါတယ်။ သဘာဝသစ်သီးဝိုင်ဖြစ်လို့ #ဘေးထွက်ဆိုးကျိုးမရှိပါ
#သပြေသီးဟာအလုံးသေးပြီးအစေ့ကြီးလို့အသားနည်းပါတယ်_ဝိုင်ဖောက်ရင်အခြားအသီးတွေထက်ထွက်နှုန်းအတော်နည်းပါတယ်။_ဝိုင်တပုလင်းရဖို့သပြေသီး ၇ ပုလင်းစာပမာဏလိုအပ်ပါတယ်။
ဝိုင်ဖြူ ဝိုင်နီကိုလူသိများပေမည့်ဝိုင်နက်ကိုလူသိပ်မသိပါဘူး။ကမ္ဘာမှာကိုကရှားပါးဝိုင်အမျိုးအစားပါ။ Black wine/Deep brown wine /Dark brown wineလို့ခေါ်ပါတယ်။မြန်မာငွေ ၈သောင်းနဲ့ ၁၁၀၀၀၀ကြားရောင်းကြပါတယ်။သာမန်ဝိုင်စျေးနဲ့မရပါဘူး။
#သပြေဝိုင်ကိုယ်တိုင်ဖောက်ဖို့မလွယ်ရင်အောက်ပါဖုံးကိုဆက်သွယ်ပါ။
(ပင်ရင်း) 09796699222./.09796688222
(ရန်ကုန်).0943334777
#ကြေးဓာတ်နဲ့ဆံပင်
ဆံပင်အနက်ကိုပြာချပြီး လက်ချားနဲ့ထိုးရင်ကြေးနီရပါတယ်။ဆံပင်ဖြူဆိုကြေးနီမရပါဘူး။ကျွန်တော်ဆိုလိုချင်တာက ဆံပင်နက်ဟာကြေးနီပါဝင်ပါတယ်။ ဆံပင်ဖြူတာဟာအသက်အရွယ်ကြောင့်လို့ပြောရင်ရာနှုံးပြည့်မမှန်ပါဘူး။နေ့စဉ်စားသုံးတဲ့အာဟာရမှာကြေးနီဓာတ်လျော့နည်းလို့ပါ။ကြေးနီဓာတ်ကြွယ်ဝတဲ့သဘာဝစားသောက်ကုန်တွေဖြည့်စွက်စားပေးရင်ဆံပင်နက်ပါတယ်။
(ဥပမာ သပြေဝိုင် )
မြန်မာ့တိုင်းရင်းဆေးကုထုံးတွေမှာတချို့ဆေးတွေကို ကြေးဇွန်းကြေးခွက်နဲ့ထည့်ပြီးသောက်သုံးဖို့ညွှန်ကြားတာတွေရှိပါတယ်။ကြေးက ကိုယ်ခန္ဒာတွင်းမှာ လွန်ကဲနေတဲ့ ဥဏှတေဇော(အပူ)နဲ့
အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်လို့ဆိုပါတယ်။
ကြေးခွက်နဲ့သောက်တာကြာပါတယ်။
အချိန်ကာလ ၆ လအတွင်းကြေးနီဓာတ်အမြန်ဖြည့်တင်းဖို့ကတော့ ကြေးနီဓာတ်ကြွယ်ဝတဲ့သဘာဝဓာတ်စာ "နတ်ပန်းသီးသပြေဝိုင် "တနေ့တဇွန်း "သောက်သုံးပါ။
#ဆေးဖက်ဝင်သပြေအကြောင်းတစေ့တစောင်း
===========
"သပြေသီး"
မြန်မာ့ဆေးကျမ်းများအလိုရ အထွေထွေဆေးအသုံးဝင်ပုံများ

၀မ်းတွင်းသို့ ရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများစသည်တို့၀င်ရောက်၍ ၀မ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါကသပြေသီးကို သတိရကြပါ။

(၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား (၇)ရက်မျှပြုလုပ်ပြီး(၇)ရက်ပြည့် လျှင် မန်ကျည်းဖျော်ရည်သောက်ပေးရသည်။၀မ်းတွင်းရှိ အမှုန့်၊အမွှားများ၊ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူ ပါသွားတော့သည်။

(၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ၀မ်းနုတ်ပေး၍ လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။

ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသော နည်းဖြစ်ပါ သည်။ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေး၀မ်းပြုရာက၀မ်း တွင်းသို့ ဆံပင်စများ၀င်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။
နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ
ရသော ဆေးနည်းဖြစ်သည်ဟု ဆိုပါသည်။

#သပြေသီး
၂၀၀ရခုနှစ်က အိန္ဒိယနိုင်ငံထုတ်ဆေးပညာဂျာနယ်တွင် သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။

၂၀၀၉ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှ သပြေသီးကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိ ရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်း အဖြေထွက်ရှိ ပါသည်။

ဦးရေပြားဘောက်ထခြင်း
သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထဦး ရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။

ဆီးလွန်ရောဂါနှင့်သပြေသီး
သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန် တွင် သပြေသီးမှည့်ကို စားပေးခြင်း၊သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။

သပြေစေ့
ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်းအကြီးဆုံးက သပြေသီးမှည့်၏အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက် သည်ဆိုပါသည်။

အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊
တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော များစွာသောဆေးအသုံး တို့ရှိနေပါသေးသည်။
Credit
#ရဲမျိုးသူ(ဗောဓိမြိုင်)
#ကျန်းမာရေးအတွက်ဆေးဖက်ဝင်တဲ့သပြေသီး

နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များ၏ လက်တွေ့စမ်းသပ်ချက်များအရ၊ သပြေသီးမှည့် ၁၀၀ ဂရမ် ထဲမှာ လူသားတို့ ကျမ္မာရေးကို အထောက်အကူပြုစေ၍ ချေဖျက်လွယ်သော အမျှင်ဓာတ် ဝ.၆ ဂရမ်၊ ကစီဓာတ် ၁၄ ဂရမ်၊ ခွန်အား ၆၀ ကယ်လိုရီ၊ အဆီဓာတ် ဝ.၂၃ ဂရမ်၊ ပရိုတင်း ဝ.၉၉၅ ဂရမ်၊ ရေဓာတ် ၈၄.၇၅ ဂရမ်၊ ကယ်လ်စီယမ် ၁၁.၆၅ မီလီ ဂရမ်၊ သံဓာတ် ၁.၄၁ မီလီ ဂရမ်၊ မဂ္ဂနီစီယမ် ၃၅ မီလီဂရမ်၊ နီအာစင်း (ခေါ်) ဗီတာမင်ဘီ(၃) ဝ.၂၄၅ မီလီဂရမ်၊ မီးစုန်း ၁၅.၆ မီလီဂရမ်၊ ပိုတက်စီယမ် ၅၅ မီလီဂရမ်၊ ရီဘိုဖလာဗင် (ခေါ်) ဗီတာမင်ဘီ(၂) ဝ.၀၀၉ မီလီဂရမ်၊ ဆိုဒီယမ် ၂၆.၂ မီလီဂရမ်၊ သီအာမင်(ခေါ်) ဗီတာမင်ဘီ(၁) ဝ.၀၁၉ မီလီဂရမ်၊ ဗီတာမင်ဘီ(၆) ဝ.၀၃၈ မီလီ ဂရမ် နှင့် ဗီတာမင်စီ ၁၁.၈၅ မီလီဂရမ်တို့အသီးသီး ပါရှိနေပါတယ်တဲ့။

#သပြေသီးနှင့်ကျန်းမာရေး။

(သပြေသီးမှည့်အရသာက ချိုအေး၍၊ မဆိုသလောက်ဖန်ပါတယ်)

(၁) သပြေသီးမှည့်ထဲရှိ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ နဲ့ anthocyanin ဓာတ်တို့က ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင်၊ ရင်သားကင်ဆာဝေဒနာသည်များ စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ဆက်လက်ပြန့်မပွားနိုင် အောင် သပြေသီးမှည့်တွေက ဟန့်တားပေးနိုင်ကြောင်း ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ Journal of Physiology and Pharmacology(ခေါ်)ဆေးပညာဂျာနယ်မှာ အကျယ်တဝင့် ရေးသားဖော်ပြထား ပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ University of Rhode Island(ခေါ်) ဆေးဝါးတက္ကသိုလ်မှာ သပြေသီးမှည့်တွေကို ဓာတ်ခွဲစမ်းသပ် ခဲ့ရာ၊ ရင်သားကင်ဆာဖြစ်မလာအောင် ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ အဖြေထွက်ရှိခဲ့ပါတယ်။

(၂) ၂၀၀၉ ခုနှစ် က အိန္ဒိနိုင်ငံမှာ သပြေသီး မှည့်ဖြင့် ကြွက်များကိုဆေးသုတေသနပြုခဲ့ရာ၊ သွေးထဲရှိဂလူးကို့စ်ပမာဏကို ကျစေရုံ မျှမက၊ အစာအိမ် အက်ဆစ် အထွက်များခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့အိန္ဒိယဆေးဂျာနယ်များမှာ မှတ်တမ်းတင်ဖော်ပြ ထားပါတယ်။

(၃) အစာမကျေ ရင်ပြည့်ခြင်းအတွက် သပြေသီးကို ဆားအနည်းငယ်တို့၍စားပေးပါ။

(၄) သပြေသီးမှည့်များဟာ ခန္ဓာကိုယ်အ တွက် မရှိမဖြစ်လိုအပ်နေတဲ့ အင်ဆူလင်ထုတ်ပေးနိုင်သော ပန်ကရိယကို အားကောင်းစေပါတယ်။ အဲဒီလို ပန်ကရိယကို ကျန်း မာစေနိုင်တာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့အတွက် ဆီးချိုရောဂါဝဒနာ သည်များ သပြေသီးမှည့်ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။

(၅) လိပ်ခေါင်းသွေးယိုစီးသူများအနေဖြင့် နံက် စောစော သပြေသီးမှည့်ကို ပျားရည်ဖြင့်စားပေးခြင်းဖြင့် လွန်စွာ ဆေးစွမ်းထက်စေပါတယ်။

(၆) သပြေသီးထဲရှိ အင်ဇိုင်းဓာတ်များက အသည်းကိုကျန်းမာစေပြီး၊ အသည်းကြီးခြင်းမှ လည်း ကာကွယ်ပေးပါတယ်။

(၇) ဦးရေပြားနှင့် အရေပြားယားနာမှိုစွဲခြင်းတို့အတွက် သပြေသီးသတ္တုရည်ကို ယုံကြည်စိတ်ချစွာ လိမ်းပေးပါ။

(၈) သပြေသီးရဲ့သဘာဝချိုအေးဓာတ်က လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

(၉) ဝမ်းဗိုက် အတွင်းထဲသို့ မတော်တဆ ဆံပင်/ဆံစများ နဲ့သံမှုံ/သံစများဝင်သွားတဲ့အခါ၊ သပြေသီးစားပေးခြင်းဖြင့် ၎င်းတို့ကို သူ့အလိုလို ကျေပျက်သွားစေကြောင်း မြန်မာ့ဆေးကျမ်းများမှာ ညွှန်းဆိုထားပါတယ်။

(၁၀) သပြေသီးမှည့် သတ္တုရည်ကို အဝတ်ဖြင့်စစ်၍ ပုလင်းတွင်ထည့်ပြီး ၅-ရက်ခန့် ကြာတဲ့အခါမှာ အချဉ်ပေါက်လာပါတယ်။ ၎င်းကို သပြေသီးပုန်းရည်လို့ခေါ်ပါတယ်။ ထိုသပြေ သီးပုန်းရည်ကို လေထိုးလေအောင့်၊ သရက်ရွက်ကြီးခြင်း နှင့် ကာလဝမ်း ရောဂါတို့အတွက် သောက်သုံးပေးနိုင်ပါတယ်။

(၁၁) သပြေသီးမှည့် ၅-လုံး ကို နံက်တိုင်း ၁၅-ရက်တိတိ စားပေးရင်း၊ သပြေပင်စည် အခေါက်မှုန့်တစ်ကျပ်သားကို နေ့စဉ် ရေအေးဖြင့် သောက်ပေးပါ။ အဲဒီလို အသီးရော၊ ပင်စည်အခေါက်မှုန့်တို့ကိုပါ နေ့စဉ်တွဲစာပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက် ကင်းစေနိုင်ပါတယ်။

#သပြေသီးအစေ့နှင့်ကျန်းမာရေး။

(သပြေသီးအစေ့က အတန်ငယ်ချိုဖန်သောအရသာရှိပါတယ်။ သပြေတစ်ပင်လုံး၏ ဆေးဘက် အဝင်ဆုံး အစိပ်အပိုင်းဟာ သပြေသီးအစေ့ဖြစ်ကြောင်း မြန်မာ့ဆေးကျမ်းများတွင်သာမက၊ အရှေ့တောင်အာရှဆေးကျမ်းများနှင့် နိုင်ငံတကာ သိပ္ပံဆေးသု တေသီများက အကြံပြုထားကြပါတယ်။ ဒါကြောင့် သပြေသီးစားတဲ့အခါတိုင်း အစေ့ကိုပါ ဝါးစားသင့် ပါတယ်)

(၁) ဝမ်းပျက်၊ ဝမ်းသွားခြင်း၊ မီးယပ်ဝမ်း၊ သွေးဝမ်းစတဲ့ ဝမ်းရောဂါအမျိုးမျိုးအတွက် သပြေသီးအစေ့၊ သရက်စေ့၊ ကြစုသီးတို့ကို ဆတူရောလှော်၍ အမှုန့်ကြိတ်ချေကာ တစ်နေ့ ၂-ကြိမ်သောက်ပေးပါ။

(၂) သွေးဝမ်းသွားခြင်း အတွက် သပြေသီးအစေ့ ခြောက် မှုန့်နှင့် သကြားဆတူရော၍ တစ်နေ့ ၂-ကြိမ်သောက်ပေးပါ။

(၃) အရေပြားပေါ် ရှိထိခိုက်ဒဏ်ရာများနှင့် ခွဲစိပ်နာများတော်တော် နှင့် မကျက်ပါက သပြေသီးအစေ့ကို ရေဖြင့်ကြိတ်၍လိမ်းပေးပါ။

(၄) သပြေသီးအစေ့ခြောက်ကို အမှုန့်ပြုကာ၊ ရေကျက်အေးဖြင့် နေ့စဉ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို ဒိဌပျောက်ကင်းစေ ပါတယ်။ ဒါ့ပြင် ဆီးချိုကြောင့် အာခံတွင်းခြောက် ၍ရေငတ်ခြင်း မှလည်း သက်သာလာ စေပါတယ်။

(၅) သပြေစေ့ခြောက်မှုန့် ကို တစ်နေ့ ၂-ကြိမ်ကျ ၂-ဂရမ်စီ သောက်ပေးခြင်းဖြင့် ကိုလက်စ ထရော နဲ့အဆီများကို ကျစေပါတယ်။ နိုင်ငံတကာဆေးသုတေသီများကလည်း သပြေသီးစေ့ဟာ ကိုလက်စထရော ကျစေတဲ့ အခြားပဋိဇီဝဆေးများနှင့်အပြိုင် အစွမ်းထက်မြက်လှကြောင်း အကြံပြုထားကြပါတယ်။

(၆) ဆီးလွန် ရောဂါ၊ အစာအိမ်အက်ဆစ် စိမ့် ထွက်လွန်၍ အစာအိမ်လမ်းကြောင်းပြည်တည်နာများအတွက် သပြေသီးအစေ့ ခြောက်မှုန့်ကို တရုပ်တိုင်းရင်းဆေးများမှာ အသုံးပြုလေ့ရှိပါတယ်။

သပြေပင်အရွက် နှင့် ကျန်းမာရေး။(သပြေရွက်၏ အရသာဓာတ်က အေးမြစေပါတယ်)

(၁) အပူကြောင့်ဖြစ်သော လျှာနဲ့လည်ချောင်းကွဲခြင်းတို့အတွက် အပြေရွက်နုလတ်လတ်ဆတ်ဆတ်ကို ရေနဲ့ရောကြိတ်ပြီး အာ ခံတွင်းထဲ ငုံထားပေးပါ။

(၂) မြင်းသရိုက်နာများအတွက် သပြေရွက်နုသတ္တုရည်ကို နွားနို့ရော၍့ ၇-ရက်ဆက်တိုက် သောက်သုံး ပေးပါ။

(၃) ကင်းကိုက်ခံရတဲ့အခါ၊ သပြေရွက်သတ္တုရည်လိမ်းပေးခြင်းဖြင့် ကင်းဆိပ်ကျစေပါတယ်။

(၄) မှက်-ခြင်များကိုက်ခြင်းမှ ကြိုတင်ကာကွယ်တဲ့အနေဖြင့် သပြေရွက်ကိုကျိတ်ခြေ၍ ရလာတဲ့သတ္တုရည်ကို ခြေ-လက်များမှာ လိမ်းကျံပေးပါ။

(၅) အိန္ဒိနိုင်ငံ ဆေးကျမ်းများမှာ အသည်းအားဆေးအဖြစ် သပြေရွက်ပြုတ

Product/service

Address

Upper Mandalay Street, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when ARMY RUM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category