Law Lab Burmese

Law Lab Burmese We will analyze and sharing about the promotion of Rule of Law, Access to Justice, Fair and Justice, Legal knowledge, lifestyle in Myanmar.

This is one of the legal Vlog in Myanmar which share and discuss about the collective shades of Analysis.

10/01/2021

Covid 19 ကာလမှာ ရန်ကုန်က​​နေရှားရှားပါးပါး
ထွက်လို့ရတဲ့ ခရီး​လေးတစ်ခုကို Law Lab Burmese က​နေလမ်းညွှန်ချင်ပါတယ်.. ☝

ရဲနွယ် -​ကျောက်ညှပ်-​အောင်း​လောင်း ​ငှက်ကြည့်ခရီးစဥ်ဖြစ်ပါတယ်.. 🚶‍♀️🐘🌳🦅

​နေ့ချင်းပြန်သွားလို့ရပြီး တကယ့်ကို​တော​တောင်သဘာဝ ခံစားမှုကို​ပေးစွမ်းနိုင်မှာပါ.. 🌳🕷🐘

ရန်ကုန်မန္တ​လေး အမြန်လမ်း ၈၄မိုင်က​​နေ မြို့​ချောင်းဆိုတဲ့​ဒေသက​နေ ပဲခူးရိုးမထဲကိုဝင်ရတာပါ 8️⃣4️⃣

​​၈မိုင်က View point မှာတောင်တန်း​​တွေ နဲ့ဓါတ်ပုံရိုက်💭💭
(​နေထွက်ချိန်အမီသာ​ရောက်ရင် တိမ်ပင်လယ်ပါ​တွေ့ရတတ်ပါတယ်)
ဆည်ကြီးရှိ​တဲ့​နေရာကို ​တောလမ်း​လေးထဲက​နေ မိနစ် ၂၀ ​လောက် Trekking🚶‍♂️🚶‍♀️ ​​လျှောက် ပြီးရင် ​စက်လှေ​လေးစီးပြီး ဆည်ကြီးတစ်ဝိုက်မှာ ​​ဆောင်းခိုငှက်တွေ၊ ​မျောက်​တွေကို​လေ့လာအပန်း​ဖြေလို့ရပါတယ်.. 🙈🦅

ပြီးရင် ​​တောထဲမှာ သဘာဝအ​​လျှောက် ​ဆောင်းခိုလာတဲ့အောင်း​လောင်ငှက်​တွေကို ကြည့်ရှုပြီးရင် နေ့လည်စာစားကြပါတယ်🍱..

​နေ့လည်စားစား​သောက်ပြီး ​ကျောက်ညှပ် ကို ကားနဲ့တန်းသွားကြတာ 🚘

အစက​တော့ ​​ရေ​လေး​တွေစီး​နေတဲ့ သဘာဝ​တောင်ကျ​ချောင်း​လေးအတိုင်း​ချောင်းကိုဖြတ်ပြီးလမ်း​လျှောက်ရတာ
ခဏ​နေ​တော့ ကျောက်နံရံကြားမှာ​ရေ​လေး​တွေစီး​နေတဲ့
​ကျောက်ညှပ်ကို​ရောက်ပါတယ် ⛱

လမ်း​လေးကတိုတို​လေးဓါတ်ပုံရိုက်ပြီး ရင် ပြန်ထွက်ရမယ်ထင်တာ တကယ်​တော့ လမ်းက​ မဆုံးဘူးဗျ ​..တောလမ်းတ​လျှောက် အရှည်ကြီး...
​​ဒေသခံမဟုတ်တဲ့တော်​တော်များများလမ်းဆုံးတဲ့အထိမသွားဘူးကြပါဘူး.. 📌🚫❌

ကျွန်​​တော်တို့လည်းတတ်နိုင်သ​လောက်​လေး​​လျှောက်ပြီး ​တောဆင်ရိုင်း​တွေရဲ့ ပူပူ​နွေး​နွေး ဆင်​ချေးပုံ​​တွေ ​တွေ့တာနဲ့ ​ရှေ့ဆက်မတိုးဘဲ ​ရောက်တဲ့​​နေရာမှာဘဲ စခန်းချ အပန်း​ဖြေပါတယ်.. 🐘🐘🐘🤣😅

ရန်ကုန်က​နေ မနက်၄နာရီခွဲ​လောက်စထွက်ကြပြီး
ည ၈ နာရီဝန်းကျင်​လောက်ပြန်​ရောက်ပါတယ်

သတိပြုရမှာက​တော့
သဘာဝပတ်ဝန်းကျင်စစ်စစ်ဖြစ်တာမို့ အမှိုက်​ပစ်တာတွေ၊​ကျောက်တုံးမှာစာ​တွေ​ရေးတာမျိုးကိုလုံးဝမလုပ်မိဖို့
သတိပြု​စေလိုပါတယ်.. 🚫❌

သဘာဝ​တောကြီးမို့ ​တော​​ကောင်​တွေနဲ့အခြားအန္တရာယ်​တွေ မကျ​​ရောက်​အောင် လမ်းပြ​ပေးတဲ့သူ​ရဲ့စကားကို အတိအကျလိုက်နာဖို့လိုပါမယ် ✔

အစားအ​သောက်ကယူသွားရင်ပို​ကောင်း​ပေမယ့်
​တောစပ်ကရွာ​တွေမှာ ဝယ်လို့လည်းရနိုင်ပါတယ်

သဘာဝ​တော​ကောင်​တွေရဲ့​ဂေဟစနစ်မပျက်စီး​အောင်
သွားလာသူများကဂရုပြုရမှာဖြစ်ပါတယ်.. ⚠️

ပင်ပန်းမှုဒဏ်ခံနိုင်မှ အ​မောအပန်းခံနိုင်မှ သွား​စေချင်ပါတယ်(အရမ်းပင်ပန်းတာမျိုး​တော့မဟုတ်ပါ)..

Covid 19 ကာလမှာ လူစုလူ​ဝေးအများအပြားဖြစ်လာရင်
ပြန်လည်ပိတ်စို့မှု ဖြစ်လာမလာ​တော့ မ​ပြောတတ်ပါ 😢

ခရီးစဥ်တစ်ခုလုံးကုန်ကျစရိတ်က
ပျမ်းမျှတွက်ကြည့်ရင် တစ်​ယောက်ကို ၂၅၀၀၀ က​နေ ၃၀၀၀၀ ကြားဘဲကုန်ပါတယ်.. 😱👍

လမ်းပြမယ့်သူ မပါရင် တိုင်ပတ်တတ်ပါတယ်
ကျွန်​တော်တို့က​တော့ ​အောက်က Tour နဲ့ပထမဆုံးစီစဥ်တဲ့ခရီးမှာ ပထမဆုံး ခရီးသည်များအဖြစ်သွားခဲ့ကြတာပါ..
Service လဲကောင်း တန်လဲတန်ပါတယ်
❌(ပိုက်ဆံရလို့​ကြော်ငြာ​ပေးတာမဟုတ်ပါ) ❌

https://www.facebook.com/1503013136453263/posts/3637327143021841/

Covid 19 ကာလမှာ ခရီးသွားချင်စိတ်​တွေနဲ့ မွန်းကြပ်မှု​တွေကို
​​ဖြေ​ဖျောက်လို့ရတဲ့ ​နေရာ​ကောင်းတစ်ခုဆို​တာ​တော့ အ​သေအချာပါဘဲ.. ❤


ွင်းခရီးသွား

Vienna Conventions (Myanmar + English )--------------------------------------------------သံတမန်ဆက်ဆံရေးနှင့် စပ်လျဥ်းသည်...
06/01/2021

Vienna Conventions (Myanmar + English )
--------------------------------------------------
သံတမန်ဆက်ဆံရေးနှင့် စပ်လျဥ်းသည့်ဗီယင်နာကွန်ဗင်းရှင်းနှင့်နောက်ဆက်တွဲ စာချုပ်ဖြစ်သောနိုင်ငံသားအဖြစ် ရရှိခြင်းနှင့် စပ်လျဥ်း၍ချုပ်ဆိုလိုက ချုပ်ဆိုနိုင်သည့်အပြည်ပြည်ဆိုင်ရာစာချုပ်
VIENNA CONVENTION ON DIPLOMATIC RELATIONS AND OPTIONAL PROTOCOL TO THE VIENNA CONVENTION ON DIPLOMATIC RELATIONS CONCERNING ACQUISITION OF NATIONALITY
https://www.mofa.gov.mm/wp-content/uploads/2020/08/Vienna-Convention-on-Dip-Relations-VCDR.pdf

ကောင်စစ်ဆက်ဆံရေးနှင့် စပ်လျဥ်းသည့်ဗီယင်နာကွန်ဗင်းရှင်းနှင့်နောက်ဆက်တွဲ စာချုပ်ဖြစ်သောနိုင်ငံသားအဖြစ် ရရှိခြင်းနှင့် စပ်လျဥ်း၍ချုပ်ဆိုလိုက ချုပ်ဆိုနိုင်သည့်အပြည်ပြည်ဆိုင်ရာစာချုပ်
VIENNA CONVENTION ON CONSULAR RELATIONS AND OPTIONAL PROTOCOL TO THE VIENNA CONVENTION ON CONSULAR RELATIONS CONCERNING ACQUISITION OF NATIONALITY
https://www.mofa.gov.mm/wp-content/uploads/2020/08/Vienna-Convention_Consular-Relations-_1963_Bilingual-compressed.pdf


Conventions

UNOPS မှ Intern​ခေါ်ယူ​နေပါသည်စိတ်ပါဝင်စားသူများသတ်မှတ်အရည်အချင်းများနှင့်အညီ​လျှောက်ထားနိုင်ပါသည်။
05/01/2021

UNOPS မှ Intern​ခေါ်ယူ​နေပါသည်
စိတ်ပါဝင်စားသူများသတ်မှတ်အရည်အချင်းများနှင့်အညီ​လျှောက်ထားနိုင်ပါသည်။

The challenges of today's world can be solved – with new ideas and fresh approaches. This is where you come in. Join UNOPS.

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၁၂၀ ပုဒ်မခွဲ (ဂ)အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြ...
02/01/2021

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၁၂၀ ပုဒ်မခွဲ (ဂ)အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ
ထုတ်ပြန်​သော"မွေးစားမိဘများ လိုက်နာရမည့် တာဝန်နှင့် စည်းကမ်းချက်များ သို့မဟုတ် တားမြစ်ချက်များ သတ်မှတ်ခြင်း"
အမိန့်​ကြော်ငြာစာ

ပြည်သူ့လွှတ်​တော်​​ရွေး​ကောက်ပွဲဥပ​ဒေ၊အမျိုးသားလွှတ်​တော်ရွေး​ကောက်ပွဲဥပ​ဒေ၊တိုင်း​ဒေသကြီး/ပြည်နယ် လွှတ်​တော်​​ရွေး​ကောက...
31/12/2020

ပြည်သူ့လွှတ်​တော်​​ရွေး​ကောက်ပွဲဥပ​ဒေ၊အမျိုးသားလွှတ်​တော်
ရွေး​ကောက်ပွဲဥပ​ဒေ၊တိုင်း​ဒေသကြီး/ပြည်နယ် လွှတ်​တော်​​ရွေး​ကောက်ပွဲဥပ​ဒေ အခန်း(၈)ပါပြဠာန်းချက် များအရ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်မှ အမည်စာရင်း​ပေးပို့​သော တပ်မ​တော်သားကိုယ်စားလှယ်များအား အမည်စာရင်း​ကြေညာခြင်း

ဒုတိယမြို့နယ်တရားသူကြီးJudicial officer(JO) အတွက် ​လျှောက်လွှာ​ခေါ်ယူခြင်း ကျား-၄၀၊ မ-၄၀ စုစု​ပေါင်း ရာထူး​နေရာ ၈၀ ​ခေါ်...
30/12/2020

ဒုတိယမြို့နယ်တရားသူကြီး
Judicial officer(JO) အတွက် ​လျှောက်လွှာ​ခေါ်ယူခြင်း

ကျား-၄၀၊ မ-၄၀ စုစု​ပေါင်း ရာထူး​နေရာ ၈၀ ​ခေါ်ယူခြင်းဖြစ်ပြီး
၂၀၂၁ ခုနှစ်​ဖေ​ဖော်ဝါရီလ ၅ရက်​နေ့ ​နောက်ဆုံးထား
​လျှောက်လွှာတင်သွင်းရမည်ဖြစ် သည်။


၂၇.၁၂.၂၀၂၀ရက်​နေ့ ၊နံနက် ၈နာရီမှစတင်၍ရန်ကုန်တိုင်း​ဒေသကြီး၊မန္တ​လေးတိုင်း​ဒေသကြီး၊မွန်ပြည်နယ်၊ကချင်ပြည်နယ်ရှိ မြို့နယ်အခ...
26/12/2020

၂၇.၁၂.၂၀၂၀ရက်​နေ့ ၊နံနက် ၈နာရီမှစတင်၍
ရန်ကုန်တိုင်း​ဒေသကြီး၊မန္တ​လေးတိုင်း​ဒေသကြီး၊မွန်ပြည်နယ်၊ကချင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့်ရပ်ကွက်​ကျေးရွာအချို့အားချန်လှန်၍ Stay at Home အစီအစဥ်မှ ပယ်ဖျက်​ကြောင်း​ကြေညာခြင်းနှင့် မန္တ​​​လေးတိုင်း​ဒေသကြီးရှိမြို့နယ်အချို့အား Stay at Home အမိန့်ထုတ်ပြန်ခြင်း...

ပြန်ကြားရေးဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၅/၂၀၁၆)စာအမှတ်၊ ၂-၆(၂)/ ၂၀၁၆ (၈၂၅)ဖြင့် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၉ရက်​နေ့တွင် (‘ရုပ်ရှင်န...
20/12/2020

ပြန်ကြားရေးဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၅/၂၀၁၆)
စာအမှတ်၊ ၂-၆(၂)/ ၂၀၁၆ (၈၂၅)ဖြင့် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၉ရက်​နေ့တွင် (‘ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့’ ဖွဲ့စည်းခြင်း) ဟူ​သော ​ခေါင်းစဥ်ဖြင့်ညွှန်ကြားချက်တစ်ခုထွက်ရှိခဲ့ပြီး ထိုညွှန်ကြားချက်နှင့်အတူ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူများနှင့် စည်းကမ်းချက်များ ကိုပူးတွဲပါစာဖြင့် ​ထုတ်ပြန်ခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်ဆင်ဆာအဖွဲ့က ရုပ်ရှင်ကားများစစ်ဆေးရာ၌ မှီငြမ်းပြုမည့် အခြေခံ မူများကို အောက်ပါအတိုင်း သတ်မှတ်ပါသည်-
(၁) နိုင်ငံရေး။
(၂) ဘာသာရေး။
(၃) တိုင်းရင်းသားချစ်ကြည်ရေး။
(၄) အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး။
(၅) ကိုယ်ကျင့်တရားကောင်းမွန်ရေး။
(၆) ရာဇဝတ်မှုပပျောက်ရေး။
(၇) ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိစေရေး။
(၈) ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး။
(၉) ညစ်ညမ်းမှုကင်းရှင်းရေး။
(၁၀) ကလေးသူငယ်များအရေး။

ယခုအခါနိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှုမရှိ စေရေး၊ ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး ဟူသော အချက် (၆) ချက်ဖြင့်သာ ထောက်ညွှန်အကြံပြု ဆောင်ရွက်လျက်ရှိသည်။ဟု အကယ်ဒမီ​ဒေါ်​ဆွေဇင်ထိုက်​ရေးသား​​သော"ကမ္ဘာတစ်ခွင် ရုပ်ရှင်ဆင်ဆာအသွင်အပြင်မှသည် မြန်မာ့ရုပ်ရှင်လောကသို" ဟူ​သော​ဆောင်းပါးတွင်​တွေ့ရှိရပါသည်။

အများပြည်သူသိရှိ​​လေ့လာနိုင်​စေရန် Law Lab Burmese မှ ​ဝေမျှ​ပေးလိုက်ပါတယ်..


#ဆင်ဆာ

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ (Myanmar Development Assistance Policy) အား  အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်...
14/11/2020

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ (Myanmar Development Assistance Policy) အား
အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်
၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာလမှာ ထုတ်ပြန်လိုက်ပါတယ်...

အများပြည်သူကြည့်ရှု​​လေ့လာနိုင်ရန် Law Lab Burmese မှ
​ဝေမျှ​ပေးလိုက်ပါတယ်..

Myanmar Development assistance policy (Myanmar Version) .pdf
https://drive.google.com/file/d/1_63S3jGm1hG0bIGne7XYcEmjqJ-jUXtG/view?usp=sharing

Myanmar Development assistance policy(English Version)
https://drive.google.com/file/d/1N7hISC5M7brh4Fi5mxF9K0anlbyd8m3d/view?usp=sharing

11/11/2020

ရှေ့​နေအလုပ်သင်များအတွက်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ပြည်​ထောင်စုတရားစီရင်​ရေးကြီးကြပ်​​​ရေးမှူးရုံးသို့
ဆက်သွယ်​မေးမြန်းချက်အရ ​​​ရှေ့​နေအလုပ်သင်များ အတွက်
​ရှေ့​နေအလုပ်သင်ကာလတစ်နှစ်ပြည့်​မြောက်​သော်လည်း
Covid 19 ကာကွယ်ထိန်းချုပ်​ကုသရေးကာလများအတွင်းတရားရုံးများသို့သွား​​ရောက်နိုင်ခြင်းမရှိပါက
​ရှေ့​နေအလုပ်သင်မှတ်တမ်းစာအုပ်အား
ပျက်ကွက်ခဲ့ ကာလအ​ရေအတွက် အတိုင်းတရားရုံးသို့သွား​ရောက်ခြင်းမရှိခဲ့​သောကာလများအား အစားထိုး၍ တရားရုံးသို့လအလိုက် ဖြည့်သွင်းပြီးမှသာ အထက်တန်း​ရှေ့​နေအဖြစ်စာရင်းတင်သွင်းခွင့်ပြုရန်​လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

(ဥပမာ- ၃လပိုင်း မှ ယခုအထိ Covid 19 ဖြစ်ပွား​နေသည့်ကာလတစ်​လျှောက် နှစ်လပျက်လျှင် နှစ်လထပ်မံ တိုး၍ ဆင်းပြီး တုံးယူရပါမည်။
သုံးလပျက်လျှင် သုံးလထပ်မံတိုး၍ တုံးယူရပါမည်။
၁၂လမပြည့်လျှင် တင်သွင်းခွင့်မရှိပါ။
လအလိုက် တုံးရှိ​သော်လည်း တုံးအ​ရေအတွက်နည်းပါးခြင်း(တစ်လအတွင်း​(၅/​၆)တုံး) ကို​​တော့ခြွင်းချက်အ​နေဖြင့်ခွင့်ပြု​ပေးမည်ဟုသိရပါသည်။)

Address

Yangon

Telephone

+959976041314

Website

Alerts

Be the first to know and let us send you an email when Law Lab Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Law Lab Burmese:

Share

Category