SEM - Sovereign’s Estate Management

SEM - Sovereign’s Estate Management Our goal is to provide reliable and up-to date Real Estate & Property information. Founded on 2/8/23.

နှစ်ဟောင်းဟာ ဆွေးမြေ့လို့ နုပျိုသစ် လွင်လှတဲ့ နှစ်သစ်ကူးပြောင်းချိန် အခါသမယမှာ နှစ်ဟောင်းရဲ့ စိတ်အညစ် အကြေးတွေအားလုံး သီ...
17/04/2025

နှစ်ဟောင်းဟာ ဆွေးမြေ့လို့ နုပျိုသစ် လွင်လှတဲ့ နှစ်သစ်ကူးပြောင်းချိန် အခါသမယမှာ နှစ်ဟောင်းရဲ့ စိတ်အညစ် အကြေးတွေအားလုံး သီလရေစင်နဲ့ ဆေးကြောလို့ သန့်စင်နိုင်ကြပါစေ 🙏💦။

နွေဂိမာန်အတာတန်ခူးနဲ့ အပြိုင် ပူလောင်ကြောင့်ကြနေကြရတဲ့ ပရိဒေဝသောကမီးတွေကို သင်္ကြန်အတာရေစင်နဲ့ပက်ဖျန်းလို့ ငြိမ်းအေးနိုင်ကြပါစေ 🙏💦။

မြန်ပြည်တဝှမ်းမှာ နေထိုင်ကြတဲ့ မိဘပြည်သူ တိုင်းရင်းသားမောင်နှမများအားလုံး ဒီနှစ်သစ်အခါသမယမှာ ကုသိုလ်တရားများထုံမွှမ်းပြီး သစ်လွင်စင်ကြယ်သော စိတ်၏ ချမ်းသာခြင်း၊ ကျန်းမာသွက်လက်သော ကိုယ်၏ ကျန်းမာခြင်းနဲ့ ကောင်းကျိုးလိုရာဆန္ဒ တွေပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ SEM မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 💦🙏။

💦Wishing all the people of Myanmar a healthy, happy, and splashing good time during Thingyan! May the New Year wash away troubles and bring you peace, prosperity, and good fortune. ❤🙏



ဆေးစက်ကျရာ အရုပ်ထင်ရတဲ့ ဘဝဇာတ်ခုံပေါ်မှာ ....ပန်းကလေးလို နူးညံ့ပြီး သံမဏိလိုမာကြောတဲ့ အမျိုးသမီးတွေဟာတာဝန်ကျေပွန်သော သမီ...
08/03/2025

ဆေးစက်ကျရာ အရုပ်ထင်ရတဲ့ ဘဝဇာတ်ခုံပေါ်မှာ ....ပန်းကလေးလို နူးညံ့ပြီး သံမဏိလိုမာကြောတဲ့ အမျိုးသမီးတွေဟာ

တာဝန်ကျေပွန်သော သမီးအဖြစ်
ဝတ္တရားကျေပွန်သော အိမ်သူသက်ထားအဖြစ်
ပြုစုပျိုးထောင်တတ်သော မိခင်အဖြစ်
ပုခုံးပေါ်ရောက်လာတဲ့ တာဝန်မှန်သမျှကို မငြီးမငြူ ထမ်းပိုးနိုင်စွမ်းရှိသလို၊ ကြုံ‌တွေ့ရတဲ့ လောကဓံမှန်သမျှကိုလည်း ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိကြပါတယ်။

လောကအလှ၊ ဘဝအလှကို ပိုလို့တင့်တယ်စေဖို့ ကြံ့ကြံ့ခံ၊ ရင်ဆိုင်ကျော်ဖြတ်ပြီး မယိုင်လဲသောယုံကြည်ချက်အပြည့်၊ မလျော့သော ဇွဲသတ္တိနဲ့
စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော် စွမ်းဆောင်နေကြတဲ့ အမျိုးသမီးများအားလုံး ဘဝကို လှလှပပ ဖန်တီးပုံဖော်ထုဆစ်နိုင်ကြပါစေလို့ ဒီနေ့ မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ SEM မိသားစုမှ ချီးကျူးဂုဏ်ပြုရင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

’s_Day
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့


📱 Phone- 959882746611

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

တိုင်းနိုင်ငံအနှံ့ ပျော်ရွှင်စားသုံးကြစေဖို့ ဆန်၊စပါး၊ ကောက်ပဲ၊သီးနှံ၊သစ်ဥသစ်ဖုတွေကို မြေဆီလွှာပေါ်မှာ တစ်နှစ်ပတ်လုံး ပင...
02/03/2025

တိုင်းနိုင်ငံအနှံ့ ပျော်ရွှင်စားသုံးကြစေဖို့ ဆန်၊စပါး၊ ကောက်ပဲ၊သီးနှံ၊သစ်ဥသစ်ဖုတွေကို မြေဆီလွှာပေါ်မှာ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ထွန်ယက်ပြီး စိုက်ပျိုး၊ ရိတ်သိမ်းခဲ့ကြတဲ့
ကျေးဇူးရှင် တောင်သူလယ်သမားဦးကြီးများကို ယနေ့ ၂၀၂၅ ခုနှစ်၊ မတ်လ (၂)ရက်နေ့မှာ ကျရောက်တဲ့ “တောင်သူလယ်သမားနေ့“ မှာ ဂုဏ်ပြုလိုက်ရပါတယ်။

ကျေးဇူးရှင် တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၊စီးပွားလာဘ်လာဘများတိုးပွားပြီး ထမင်းရည်ချောင်းစီး မောင်းတီးလှူဒါန်းနိုင်ကြပါစေလို့ SEM မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။

Today, on March 2nd, 2025, we, SEM, celebrate "Farmer's Day," honoring the hardworking farmers who have cultivated the golden farmland, enabling the people of Burma to lead healthy lives."

‌ #တောင်သူလယ်သမားနေ့

Phone- 959882746611

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

🤱ဒီကမ္ဘာပေါ်မှာ အနစ်နာခံရဆုံး၊ အပေးဆပ်ဆုံး ၊ အချစ်တတ်ဆုံး လူသားဟာ  ဘယ်သူလဲလို့ မေးရင် အမေတွေကိုပဲ ညွှန်းဆိုရမှာဖြစ်တယ်။ ...
13/01/2025

🤱ဒီကမ္ဘာပေါ်မှာ အနစ်နာခံရဆုံး၊ အပေးဆပ်ဆုံး ၊ အချစ်တတ်ဆုံး လူသားဟာ ဘယ်သူလဲလို့ မေးရင် အမေတွေကိုပဲ ညွှန်းဆိုရမှာဖြစ်တယ်။ လူအဖြစ်မွေးဖွားလာတဲ့ဘဝမှာ အမေ့ကျေးဇူးနဲ့ ကင်းသူ ဘယ်သူရှိပါလိမ့်မလဲ 🙏။

🤰ကိုးလလွယ် ဆယ်လဖွား၊ ဒုက္ခမျိုးစုံကိုရင်ဆိုင်ပြီး ခြွင်းချက်မရှိတဲ့အချစ်နဲ့ ပေးဆပ်ခဲ့တဲ့ ကမ္ဘာပေါ်က မေတ္တာရှင်မိခင်များအားလုံးကို SEM မိသားစုမှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါရစေ။ 🙏

🤱Happy Mother's Day to the incredible women who make our lives brighter with their enduring love and unwavering strength. 🙏


#အမေများနေ့
#ပြာသိုလပြည့်


#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

"နှစ်သစ်ဆုတောင်းလွှာ"🌅နှစ်သစ်အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး ဘေးဘယာ ကင်းကွာ ကြပါစေ🙏🏻စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊ ဥစ္စ...
01/01/2025

"နှစ်သစ်ဆုတောင်းလွှာ"

🌅နှစ်သစ်အခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး ဘေးဘယာ ကင်းကွာ ကြပါစေ🙏🏻
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊ ဥစ္စာဓန ဖြိုးကြွယ်ဝပြီး စိတ်ပျော်ရွှင်လန်းတဲ့ နှစ်သစ်ကို ပိုင်ဆိုင်ရပါစေလို့ SEM မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် 🙏🏻

We, SEM, wish you that every day of the new year is filled with happiness and success.

Happy New Year to you all!

#နှစ်သစ်အခါသမယ

#2025

📱 Phone- 959882746611

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

🎄🔔♰နာတာလူးသီချင်းသံတွေ လေထဲပျံ့လွင့်နေတဲ့ အချိန်အခါသမယမှာခရစ္စမတ်သစ်ပင်ထိပ်က တောက်ပနေတဲ့ ကြယ်ရောင်အလင်းဟာ လောကအမှောင်ကို...
25/12/2024

🎄🔔♰နာတာလူးသီချင်းသံတွေ လေထဲပျံ့လွင့်နေတဲ့ အချိန်အခါသမယမှာခရစ္စမတ်သစ်ပင်ထိပ်က တောက်ပနေတဲ့ ကြယ်ရောင်အလင်းဟာ လောကအမှောင်ကိုခွင်ပြီး အလင်းကို ယူဆောင်လာပါစေသား

🎄⛄🤶🦌ဒီဇင်ဘာ ၂၅ ရက်နေ့မှာကျရောက်တဲ့ "ဘုရားရှင်ကိုချီးမွမ်းဝမ်းမြောက်ရာ" အခါတော်နေ့မှာ ခရစ်ယာန်မိတ်ဆွေတွေ သာမက မြန်မာတစ်ပြည်လုံးအပေါ် ဘုရားသခင် ကောင်းချီပေးပါစေ၊ စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ်ရာအချိန်အခါ ပိုင်ဆိုင်ကြပါစေလို့ SEM မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

We, SEM family, wish Myanmar people to be healthy and happy for many years with their loved ones.

# Merry_Christmas
# ခရစ္စမတ်နေ့



သင်တန်းဖွင့်မလား? သူငယ်ချင်းတွေစုနေမလား? ၁ လ 1️⃣2️⃣သိန်းနဲ့ ငှားဖို့ရှိပါတယ်ရှင်။Layout 🏠 - 2RC       - ပေ 20x60🛏 - Mast...
18/11/2024

သင်တန်းဖွင့်မလား? သူငယ်ချင်းတွေစုနေမလား? ၁ လ 1️⃣2️⃣သိန်းနဲ့ ငှားဖို့ရှိပါတယ်ရှင်။

Layout

🏠 - 2RC

- ပေ 20x60

🛏 - Master bedroom 3 ခန်း

💰Price - ၁ လ 1️⃣2️⃣သိန်း

📄 Documents
♦️အရှုပ်အရှင်းကင်း/ နာမည်ပေါက်

🔰 Address
မြောက်ဒဂုံမြို့နယ်၊ 40 ရပ်ကွက်၊ ရာဇဓိရာဇ်ဒဲ့ပေါက်

📱 Phone- 09-976246885

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

🌕လတန်ဆောင်တိုင်ဟာ  “အလင်းရောင်ကို ဆောင်ယူလာတဲ့ မီးရှူးမီးတိုင်"လရာသီပုံ‌ဆောင် ခဝဲပန်းရနံ့တို့နဲ့အတူ လူနတ်ဗြဟ္မာပေါင်းစုပ...
15/11/2024

🌕လတန်ဆောင်တိုင်ဟာ
“အလင်းရောင်ကို ဆောင်ယူလာတဲ့ မီးရှူးမီးတိုင်"

လရာသီပုံ‌ဆောင် ခဝဲပန်းရနံ့တို့နဲ့အတူ လူနတ်ဗြဟ္မာပေါင်းစုပြု အတူယူခဲ့ကြတဲ့ ကုသိုလ်ဟာလည်း မွှေးထုံသင်းပျံ့လို့နေတဲ့ ကုသိုလ်ယူထိုက်ဖွယ်ရာ နေ့ထူးနေမြတ်အခါသမယမှာ ပူပင်သောကမီးတွေကင်းဝေးပြီး အေးချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေ လို့ SEM မိသားစုမှ ဆုတောင်းမေတ္တာများပို့သလိုက်ရပါတယ်။ 🙏🙏🙏

We, SEM, wish the people of Myanmar a peaceful and healthy soul of Full Moon Day of Tazaungdaing.🙏🙏



Phone- 959882746611

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

🪔 ဒီပါဆိုတာ မီးအလင်းရောင် ဖြစ်ပြီး 🪔ဝလီ ဆိုတာ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရ...
01/11/2024

🪔 ဒီပါဆိုတာ မီးအလင်းရောင် ဖြစ်ပြီး

🪔ဝလီ ဆိုတာ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဒီပါဝလီ ဆီမီးထွန်းပူဇော်ပွဲနေ့မှာ အမှောင်ခွင်းလို့ အလင်းဆောင်၊ အဆိုးအညံ့တွေပပျောက်ပြီး ကောင်းခြင်းမင်္ဂလာ၊ ကျက်သရေအဖြာဖြာနဲ့ စီးပွားလာဘ်လာဘတွေတိုးပွားကြပါစေလို့ ဟိန္ဒူဘာသာဝင် ညီအစ်ကို‌ မောင်နှမများကို SEM မိသားစုက ဆုမွန်‌ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။



#‌ဒီပါဝါလီနေ့

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့

#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

တာဝတိံသာကနေ သင်္ကဿနဂိုလ်မြို့ဆီ အပြန်ခရီးတလျှောက်မှာ ဆီးမီး‌တွေအသွယ်သွယ်၊ သာယာငြိမ့်ညောင်း ဂီတသံတွေအဖုံဖုံနဲ့ ဂုဏ်ကျက်သရ...
17/10/2024

တာဝတိံသာကနေ သင်္ကဿနဂိုလ်မြို့ဆီ အပြန်ခရီးတလျှောက်မှာ ဆီးမီး‌တွေအသွယ်သွယ်၊ သာယာငြိမ့်ညောင်း ဂီတသံတွေအဖုံဖုံနဲ့ ဂုဏ်ကျက်သရေအပေါင်းပြီးပြည့်စုံတော်မူတဲ့ မြတ်ဘုရားရှင်ကို ဦးခိုက်ပူဇော်နေကြပုံများ .... ကြည်နူးဖွယ်အတိပြီးပါဘိ....ဝမ်းမြောက်ဖွယ်အတိပြီးပါဘိ....။

ရှင်တော်မြတ်ဘုရား ဆင်းသက်ကြွမြန်းလာတဲ့အချိန်မှာ ထိန်ထိန်သာ လပြည့်ဝန်းကြီးကလည်း နောက်ခံပန်းချီကားတစ်ချပ်လို ကူညီအားဖြည့်လို့ ကောင်းကင်ဆီးမီး ၊ မြေပြင်ဆီးမီး အထူးထူးပူဇော်ရင်း ခြေတော်စုံကိုရည်မှန်းလို့ ဖဝါးတော်ဦးခိုက်ကန်တော့လိုက်ပါရစေဘုရား 🙏🏻....

ဒီလို သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ထူးနေ့မြတ်မှာ ကောင်းမှုကုသိုလ်တွေပွားများပြီး၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဉာဏ်အလင်းရောင်ဖြင့် အမှောင်များကို ပယ်‌ ဖျောက်နိုင်တဲ့ သီတင်းကျွတ်အခါသမယဖြစ်ပါ‌စေကြောင်း SEM မိသားစုမှ မေတ္တာရှေးရှူဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
Let us wish for peace and prosperity of every citizen on this Full Moon Day of Thadingyut. 🙏🙏🙏



📱 Phone- 959882746611

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

ရုံးခန်းဖွင့်မလား? အောက်ထပ်မှာဈေးဆိုင်ဖွင့်မလား? မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ကျယ်ကျယ်ဝန်းဝန်းနေချင်လား?မန္တလေးမြို့ကြီ...
10/10/2024

ရုံးခန်းဖွင့်မလား? အောက်ထပ်မှာဈေးဆိုင်ဖွင့်မလား? မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ကျယ်ကျယ်ဝန်းဝန်းနေချင်လား?

မန္တလေးမြို့ကြီးက မိန်းလမ်းလို့ လူသိများကြတဲ့ ( ၇၃ )လမ်းမကြီးပေါ်နဲ့ ၃၂ - ဘီ လမ်းထောင့်က အဆောက်အဦးကြီး အရောင်းဖွင့်ချင်ပါတယ်ရှင်

🏠 Layout

♦️Master bed ( 9 ) ခန်း
♦️ရိုးရိုးအိပ်ခန်း တစ်ခန်း
အိပ်ခန်းချည်းပဲ (၁၀) ခန်းပါ
♦️မြေညီထပ်က hall အကျယ်ကြီး တစ်ခန်း
♦️ အိမ်သာ၊ ရေချိုးခန်း စုစုပေါင်း (၁၁) ခန်း
♦️ မီးဖိုခန်းကျယ်တစ်ခန်း
♦️Roof top မှာ Bar area ပါ

🏠 Amenities

♦️Air-Con ၅ လုံးပါ

🚗 Car Parking ကျယ် ( ၆ စီးလောက်
အသာလေးရ)

♦️ရိုးရိုးမီတာနဲ့ ပါဝါမီတာပါ

- အောက်ထပ်မှာ ဆိုင်ဖွင့်မလား

- အပေါ်ထပ်မှာ ကုမ္ပဏီရုံးခန်းတွေလုပ်မလား

- မိသားစုလိုက် ကျယ်ကျယ်လွင့်လွင့်နေ
မလား

💰Price - သိန်း 43000

📄 Documents
♦️အရှုပ်အရှင်းကင်း/ နာမည်ပေါက်

🔰 Address
မန္တလေးတိုင်းဒေသကြီး/မန္တလေးမြို့/မိန်းလမ်းလို့ လူသိများကြတဲ့ ( ၇၃ )လမ်းမကြီးပေါ်နဲ့ ၃၂ - ဘီ လမ်းထောင့်)

📱 Phone- 959882746611

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့


#အိပ်ခန်းဒီဇိုင်းလှလှ
#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ #ရန်ကင်းအိမ်ခြံမြေ #မြောက်ဥက္ကလာအိမ်ခြံမြေ
#တောင်ဥက္ကလာအိမ်ခြံမြေ #မန္တလေးအိမ်ခြံမြေ #ပဲခူးအိမ်ခြံမြေ #ရွှေတောင်ကြား
-Sovereign’sEstateManagement

ငြိမ်းချမ်းရာရပ်ဝန်းလေး 🏡ဒီလိုချစ်စရာအိမ်ကလေးတွေ SEM မှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။😍🏠 #သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ...
25/09/2024

ငြိမ်းချမ်းရာရပ်ဝန်းလေး 🏡

ဒီလိုချစ်စရာအိမ်ကလေးတွေ SEM မှာ လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။😍🏠

#သင့်အိမ်ခြံမြေအမြန်ဆုံးအစွံထုတ်ဖို့SEMကိုဆက်သွယ်စို့

Phone📱- 959882746611

#မြောက်ဒဂုံအိမ်ခြံမြေ
#အိမ်ခြံမြေ
#ရန်ကုန်အိမ်ခြံမြေ
#အိမ်ခြံမြေရောင်းဝယ်ရေး
#သန်လျင်အိမ်ခြံမြေ
-Sovereign’sEstateManagement

Address

No.(1) Shwe Kainary Housing, Lay Daunt Kan Road, Thingangyun
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SEM - Sovereign’s Estate Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category