28/04/2026
နိုင်ငံခြားသားနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေသူတိုင်း သိထားသင့်တဲ့ Single Certificate အကြောင်း
💍🌍 💍🌍 💍 💍🌍 💍🌍 💍🌍 💍🌍 💍🌍 💍🌍 💍🌍 💍🌍 💍🌍
နိုင်ငံခြား သံရုံးတစ်ခုခုမှာ နိုင်ငံခြားသားတစ်ဦးနဲ့ တရားဝင်လက်ထပ်မှတ်ပုံတင်ဖို့ ပြင်ဆင်နေပြီဆိုရင် အရေးကြီးဆုံးနဲ့ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတစ်ခုကတော့ "လူပျို/အပျို လူလွတ်ကြောင်း ထောက်ခံစာ" (Single Certificate)ပဲဖြစ်ပါတယ်။ ဒါအပြင် LGBT တွေကိုလည်း ထိုင်းနိုင်ငံမှာတရားဝင်လက်ထက်ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် LGBT စုံတွဲတွေ အနေနှင့်လည်း ထိုင်းနိုင်ငံရဲ့ ဥပဒေအရ တရားတွင်လက်ထပ်မှတ်ပုံတင်တဲ့အခါမှာလည်း “လူပျို/အပျို လူလွတ်ကြောင်း ထောက်ခံစာ" (Single Certificate ) ကမဖြစ်မနေလိုအပ်မှာပဲဖြစ်ပါတယ်။
Single Certificate ကို လူတော်တော်များများက ဒါကို ရိုးရိုးလေးလို့ ထင်တတ်ကြပေမဲ့ လက်တွေ့မှာတော့ စနစ်တကျ ပြင်ဆင်မှသာ သက်ဆိုင်ရာ သံရုံးမှာလက်ထပ်မှတ်ပုံတင်ပြုလုပ်တဲ့အခါမှာ အခက်အခဲတွေ ကင်းဝေးမှာပါ ဖြစ်ပါတယ်။
Single Certificate နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၄) ချက်ကို မျှဝေပေးချင်ပါတယ် -
၁။ Single Certificate ဆိုတာ ဘာလဲ? 🤔
မိမိဟာ လက်ရှိအချိန်မှာ အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ကြောင်း၊ သို့မဟုတ် တရားဝင် ကွာရှင်းပြတ်စဲထားပြီးနောက် လက်ရှိမှာ အိမ်ထောင်မရှိသူ (လူလွတ်)ဖြစ်ကြောင်း ထောက်ခံချက်ပေးတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။
၂။ ဘာကြောင့် Single Certificate အရေးကြီးတာလဲ?
⚠️ နိုင်ငံတကာ ဥပဒေတွေအရ လူတစ်ဦးဟာ တစ်ချိန်တည်းမှာ အိမ်ထောင်နှစ်ခု မရှိစေရ (Monogamy) ဆိုတဲ့ မူဝါဒ ရှိပါတယ်။ ဒါကြောင့် မိမိလက်ထပ်မယ့်နိုင်ငံသံရုံးက မိမိဟာ လက်ရှိမှာ အိမ်ထောင်မရှိသူ ဖြစ်ကြောင်း အထောက်အထားကို မဖြစ်မနေ တောင်းဆိုလေ့ရှိပါတယ်။ အဲဒီစာရွက်မပါရင် သက်ဆိုင်ရာနိုင်ငံမှာ ဗီဇာလျှောက်ထားတဲ့အခါမှာရော၊ လက်ထပ်စာချုပ်ချုပ်ဆိုတဲ့အခါမှာပါ အဆင်မပြေနိုင်ပါဘူး။
၃။ ဘယ်လိုအဆင့်တွေ ဆောင်ရွက်ရမလဲ?
📝 Single Certificate ပြုလုပ်ဖို့အတွက် တရားရုံးကျမ်းကျိန်လွှာ ပထမဆုံး ပြုလုပ်ရပါတယ်။ ကျမ်းကျိန်လွှာ ပြုလုပ်ပြီးရင်တော့ နိုတြီ (Notary) ဘာသာပြန်ဆိုခြင်းကို ပြုလုပ်ရပြီး ၊ နိုင်ငံခြားရေးဝန်ကြီးဌာနထောက်ခံချက် (မိုဖာထောက်ခံချက်) ပြုလုပ်ခြင်းအစရှိတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။သက်ဆိုင်ရာသံရုံးရဲ့ လိုအပ်ချက်အရ လိုအပ်ပါက သံရုံး Legalization တုံးထုခြင်းကို လည်း ပြုလုပ်ရမှာဖြစ်ပါတယ်။
၄။ သတိထားရမယ့်အချက်
⏳ Single Certificate ရဲ့ သက်တမ်းဟာ များသောအားဖြင့် (၆) လ သာ ခံတတ်ပါတယ်။ ဒါကြောင့် မိမိလက်ထပ်မယ့်ရက် ဒါမှမဟုတ် ဗီဇာလျှောက်မယ့်ရက်နဲ့ အချိန်ကိုက်ဖြစ်အောင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
⚠️ သက်ဆိုင်ရာနိုင်ငံအလိုက် သံရုံးမှလက်ခံတဲ့ Single Certificate Form စာပုံစံများရှိတဲ့အတွက် Single Certificate ကို ကျွမ်းကျင်စွာ ပြုလုပ်ပေးတဲ့ ဝန်ဆောင်မူပေးတဲ့ Service Provider များကို သေချာရှာဖွေအပ်နှံ ဖို့လိုအပ်ပါတယ်။ တစ်ချို့ Client တွေ အနေနှင့် တစ်ခြားမှာ ဝန်ဆောင်မူ အပ်ပြီး သံရုံးမှာ တင်ပြတဲ့အခါ ပြည်စုံမူမရှိလို တစ်ခါ အသစ် ပြန်လုပ်ရခြင်း၊ Form စာပုံစံမှားယွင်းနေလို့ အသစ်ပြန်လုပ်ရခြင်း အစရှိတဲ့ ပြသနာတွေဖြစ်ပြီး အောင်မြင်စံမှာ အစအဆုံး ပြန်လာအပ်တဲ့ Client များလည်းရှိလာတဲ့အတွက်ကြောင့် သတိပြုမိစေရန်အတွက် အောင်မြင်စံကနေ ဖော်ပြပေးလိုက်တာပါခင်ဗျ။ အောင်မြင်စံမှာ အပ်နှံမယ်ဆိုရင် ဖော်ပြပါ စိုးရိမ်မူသောကတွေအတွက် ဘာမှခံစားစရာမလိုပဲ တာဝန်ယူမှုအပြည်နှင့် စီစဥ်ဆောင်ရွက် ပေးနေတာပဲ ဖြစ်ပါတယ်။
⚠️သံရုံးတင်ပြရမှာဖြစ်တဲ့အတွက် အချက်အလက်များ အမှားအယွင်းမရှိအောင်သေချာစီစစ်ရန်လိုအပ်သလို၊ ဥပဒေနှင့် အညီပြုလုပ်ရန်လည်းလိုအပ်ပါကြောင်း အောင်မြင်စံကနေ ရေးသားဖော်ပြပေးလိုက်ပါတယ်........ Single Certificate အတွက်လိုအပ်တဲ့ ကျမ်းကျိန်လွှာ၊ နိုတြီ၊ မိုဖာထောက်ခံချက် (MOFA Authentication), သံရုံးထောက်ခံချက် (Embassy Legalization) အစရှိတဲ့ဝန်ဆောင်မူအစအဆုံးကို အောင်မြင်စံမှာ စိတ်ချယုံကြည်စွာ ပြုလုပ်ဆောင်ရွက်လို့ရပါပီ။
လူကြီးမင်းတို့အနေနဲ့
-နိုတြီဘာသာပြန် အမျိုးမျိုး၊
-ကျမ်းကျိန်လွှာအမျိုးမျိုး၊
-မိုဖာ (MOFA) ၀န်ဆောင်မူ၊
-သံရုံး Legalization Service ၊
-Single Certificate, Marriage Certificate နှင့် အခြားဥပဒေ ၀န်ဆောင်မူများကို အချိန်ကုန်သက်သာပြီး စိတ်ချသေချာစေဖို့ အောင်မြင်စံ နိုတြီ နှင့် ဥပဒေရေးရာ၀န်ဆောင်မူ မှာယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ပါသည်။
________________________________________________________________________________
အောင်မြင်စံ နိုတြီနှင့် ဥပဒေရေးရာ ဝန်ဆောင်မှု
📍 အမှတ် (၉၇)၊ ပထမထပ်၊ (၃၉) လမ်း (အောက်ဘလောက်)၊ မဟာဗန္ဓုလမ်း နှင့် ကုန်သည်လမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
📞 09943590954 (Viber/ WhatApps), 09423000178
Email: [email protected]
#အောင်မြင်စံ