U Zin Lin Aung- Legal Service

Call Directions

U Zin Lin Aung- Legal Service Advocate, Real Estate Lawyer, Business& Coporate Lawyer

02/10/2026
22/09/2026

ဂရန်ဂတုံး အမည်ပြောင်းရမည့်နည်းလမ်းကို 👇 အသေးစိတ် ရှင်းပြထားပါတယ်

ကပ်လျှက်ရှိသည့် ပါမစ်မြေကွက်ချင်း မှားယွင်းစွာအဆောက်အဦ ဆောက်လုပ်ကြပြီး နေထိုင်ကြမှုဖြစ်ရပ်***---------------ပထမဦးစွာ C...
10/09/2026

ကပ်လျှက်ရှိသည့် ပါမစ်မြေကွက်ချင်း မှားယွင်းစွာအဆောက်အဦ ဆောက်လုပ်ကြပြီး နေထိုင်ကြမှုဖြစ်ရပ်***
---------------
ပထမဦးစွာ Congratulations to me 🎊 မိမိဆောင်ရွက်ပေးတဲ့ကိစ္စ အောင် မြင်သွားလို့ ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်ပါကြောင်း...

စာဖတ်ပရိတ်သတ် မိတ်ဆွေတစ်ဦးက ပါမစ်မြေဝယ်ယူမည်ဖြစ်ကြောင်း အကူ အညီ တောင်းခံလာပါသဖြင့် သွားရောက်၍ စာရွက် စာတမ်းများ ကြည့်ရှု့စစ် ဆေးကြည့်သည့်အခါ-

ပါမစ်စာရွက်က ၁၉၉၃ ခုနှစ်က အိုးအိမ်းထုတ်၊ မိမိတို့ ဝယ်ယူမည့်အခြမ်းအမှန်က (က)အခြမ်းဖြစ်တယ် ၊ သို့သော် ပါမစ်စာရွက်ပေါ်မှာရေးထားတဲ့ (ခ)အခြမ်း ကို (က) အဖြစ် မှင်အပြာအရောင်နဲ့ ပြန်လည် ပြင်ဆင်ထားတာကို တွေ့ရှိလိုက်ရတော့ စိတ်က နည်းနည်း ထင့်နေပြီ..

အမှန်တကယ်လည်း ရောင်းသူရဲ့ ပါမစ်အမည်ပေါက်က အဲ့လို ပြင်ထားမှ (က) အခြမ်းက ဦးနီ ဖြစ်တာ အမှန်ပါ။

ယင်းပြင်ဆင်ချက်ကို ဘယ်သူပြင်ထားလဲလို့ မေးလိုက်ရာ ယခု ရောင်းချသူကလည်း အရပ်စာချုပ်အဆက် အစပ်ဖြင့် ဝယ်ယူပြီး နေထိုင်လာတာလည်း (၁၃) နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း၊၊ ဘယ်သူ ဘယ်ဝါပြင်ဆင်ခဲ့တယ်ဆိုတာ ၎င်းမှလည်း မသိရှိကြောင်း။ ပြီးတော့ ရောင်းဈေး ကလည်း ကာလတန်ကြေးထက် အဆမတန်းလည်း နည်းနေတော့။
ဘယ်လိုပဲဖြစ်ဖြစ် ဝယ်သူကတော့ ဈေးသက်သာနေတဲ့အတွက် လက်ကမလွတ်ချင်ဘူး- (ဒင်း တို့က ငါးစားပဲမြင်တာ ငါးမျှားချိတ်မမြင်ကြတော့ဘူးလေ..)

မြေပြင် စုံစမ်းမေးမြန်းလိုက်တော့ တွေ့ရှိချက်က-
-------‐------

(က) အခြမ်း နှင့် (ခ) အခြမ်းသည် ဖခင်အမည်တူ နေသဖြင့် ညီအစ်ကို အရင်းများဖြစ်နေကြောင်း မှတ်ယူရသဖြင့်၊ မြေပြင်မှာ (က) အခြမ်း ပါမစ်ကိုင်သူ ဦးဖြူက (ခ) အခြမ်းမှာနေ၊ (ခ) အခြမ်း ပါမစ်ကိုင်သူ ဦးနီက (က) အခြမ်းမှာ နေ ထိုင်လာကြပြီး (၂) ဦးစလုံးက အရပ်စာချုပ်များဖြင့် အဆင့်အဆင့် ရောင်းလာခဲ့ကြ။

ကျနော်တစ်ဦးအထင်ကတော့
----------

ညီအစ်ကို နှစ်ယောက်က သူတို့ သဘောနဲ့ (က) အ ခြမ်း၊ (ခ) ခြမ်းကို ခြေရင်းခြမ်းက (ခ)၊ ခေါင်းရင်းခြမ်းက (က) ဆိုပြီး ခွဲလိုက်ကြပုံ ပေါ်ပါတယ်။ အခိုင် အမာ အဆောက်အဦတွေ ဆောက်လုပ်နေထိုင်ကြပြီးမှ မှားယွင်းနေထိုင်ကြမှန်သိကြလို့ ပါမစ်မှာ (ခ) ကို (က) အဖြစ် မှင်အပြာအရောင်နဲ့ ပြန်လည်ပြင်ဆင်ထားကြတယ်လို့ မှတ်ယူနိုင်။

(က) အခြမ်း (ခ) အခြမ်း သတ်မှတ်ချက်နည်းကိုတော့ အောက်ပါလင့်ကို ကြည့်ရှု့နိုင်ပါတယ်။
-------------

https://www.facebook.com/share/p/1DTHjpBm7P/

အထက်ပါအချက်အလက်များကြောင့် စရံမချခင် ဝယ်ယူမည့်မြေကွက် (က) အ ခြမ်း၊ ပါမစ်စာရွက်ကိုတော့ သက်ဆိုင်ရာဌာနကို စီစစ်ရမယ်ပြောဆိုကာ ရောင်းသူမှလည်း သဘောတူပါတယ် - သို့သော် (က) အခြမ်း၊ (ခ) အခြမ်း (၂)ခု စလုံး စစ်မှ ဂဃ နဏ အဖြေမှန် သိရမယ်ဆိုပြီး စီစစ်လိုက်ရာ...

(က) အခြမ်းသည် ဦးဖြူဖြစ်ကြောင်း၊ (ခ) အခြမ်းက ဦးနီ ဖြစ်နေကြောင်း သိရှိရ။

အနှစ်ချုပ်ပြောရရင်
-----------
ညီအစ်ကို နှစ်ယောက်က (က) အခြမ်း၊ (ခ) အခြမ်း လွဲမှားစွာနေထိုင်လာပြီး အဆင့်ဆင့် အရပ်စာချုပ်များဖြင့် ရောင်းချလာရာ ဝယ်ယူသူများကလည်း ရပ်သိ ရွာသိများက ဝယ်ယူပြီးနေထိုင်လာကြပုံဖြစ်ဟန်တူပါတယ်---- အခုမှ ပြန်ရောင်းကာမှ ဝယ်ယူသူကလည်း တတ်သိနားလည်းသူများနဲ့ ဝယ်ယူလိုက်မှ အရင်က ဇစ်မြစ်တွေ ပေါ်ကုန်ပါလေကော...။

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

08/09/2026

နည်းနည်းလေးတော့ လွဲသွားတယ်

နှစ်တို မြေငှားဂရန်အကြောင်း====================အလုပ်ကိစ္စတစ်ခုနဲ့ ချောင်းသာရောက်-အခုချိန်က မိုးရာသီဆိုတော့ ချောင်းသာမှာ ...
03/09/2026

နှစ်တို မြေငှားဂရန်အကြောင်း
====================

အလုပ်ကိစ္စတစ်ခုနဲ့ ချောင်းသာရောက်-အခုချိန်က မိုးရာသီဆိုတော့ ချောင်းသာမှာ နားအေး ပါးအေး လေးပေါ့။

- ချောင်းသာဘက်မှာ နှစ်ရှည်ဂရန်များ ရှိသလို- နှစ်တိုဂရန်တွေလည်း ရှိနေသကိုး.

နှစ်တိုဂရန်ဆိုတာ ဘာလဲ..

မြေပေါ်မှာအတော်အသင့်တောင့်တင်းခိုင်မာမှုရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာ ဏနေထိုင် အသုံးပြုနိုင်မယ့် အဆောက်အအုံ ဆောက်လုပ်ထားခြင်း (သို့မဟုတ်) ယင်းမြေကွက်ဟာ အရင်ကလိုင်စင် သို့မဟုတ် ကျူးကျော်အဆင့်သာ သတ်မှတ်ထားခဲ့ရာက အခုမှ ဂရန်စတင်ပေးဖို့ကြံရွယ်တာဖြစ်ရင် နှစ်တိုဂရန်ပဲချထားပေးရမှာဖြစ်ပါတယ်။

ခွင့်ပြုကာလ ၁၀နှစ်ကနေ ၁၅ နှစ်အတွက်ကာလတို ချထားနိုင်ပါတယ်။

ဒီအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမယ့် ဂရန် (Without power of Renewal) အမျိုးအစားဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမတော့မခံပါဘူး။

အသုံးပြုရတဲ့ ပုံစံက Land Revenue 2 / L.B Lease 1& 1(1); Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။

(အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်း ဥပဒေ ၈ နှင့် ၂၉ အရ)

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း
09 986 252 417

စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေဆိုတာ။===============================   မည်သူမဆို မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအ ကျမဖ...
30/08/2026

စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေဆိုတာ။
===============================

မည်သူမဆို မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအ ကျမဖြေရှင်းနိုင်သည့် မရွေ့မပြောင်းနိုင်သည့်ပစ္စည်း သို့မဟုတ် ငွေအပါအဝင်ဖြစ်သော ရွေ့ပြောင်းနိုင်သည့်ပစ္စည်း တစ်ရပ်ရပ်အတွက်စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခေါင်းစဥ်ဖြင့် ယင်းပစ္စည်းတန်ဖိုး သို့မဟုတ် အသုံးပြုသည့်ငွေအပေါ် အခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ယင်းစည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က အရ သက်သာခွင့်များမနုတ်မီ ၃၀ ရာခိုင်နူန်း အခွန်ကျသင့်ပါသည်။

သို့ရာတွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရသက်သာခွင့်များမနုတ်မီ နှစ်အလိုက် ပြဌာန်းထားသည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ သက်သာသော နူန်းထားဖြင့် အလွှာလိုက်အခွန်ကျသင့်မှု အောက်ပါ ဇယားအတိုင်း တွက်ချက်အခွန်ကျသင့်ပါမည်။

ယင်းစည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေနှင့် စပ်လျဥ်း၍ အသုံးပြုသည့်ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအ ကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ဝင်ငွေရလမ်း အတိအကျမတင်ပြနိုင်လျှင်တော့ ဝင်​ငွေခွန်ကျသင့်မည် ဖြစ်ပါသည်။

(ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅)

ငွေဖြူကနေ ငွေမဲ လုပ်ခွင့်မရအောင် အောက်ပါအတိုင်းလဲ ပြဌာန်းထားပါတယ်.

(မှတ်ချက်။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည်တရားမဝင်ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် လည်းကောင်း၊ ငွေကြေးခဝါတိုက်ဖျက်ခြင်းဥပဒေအရသည့် ကိစ္စရပ်နှင့် မသက်ဆိုင်စေရ။)

ဒါကြောင့် အခွန်တွေဆောင်ထားပြီး အိမ်ခြံမြေအမည်ပေါက် ပိုင်ဆိုင်ထားသော် လည်း ငွေကြေးခဝါနဲ့ ညှိစွန်းရင်တော့ ပိုင်ဆိုင်မူများအားလုံကို ပြန်လည်အရေး ယူ ဆောင်ရွက်ခံရပါမည်။

အောက်ပါလင့်တွင်လည်း ဖတ်ရူ့နိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/share/p/1EaFmF6fWS/

ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း

09 986 252 417

27/08/2026

Property Tax ဂယက်ကြောင့် ပါမစ်မြေဘက် အဝယ် ဦးတည်လာနိုင်ကြောင်း

25/08/2026

လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေပါ-

ဒီပြကွက်တွေကို ကြံ့ကြံ့ခိုင် ရင်မဆိုင်ရဲဘူးဆိုရင် Golfer
သမားတစ်​ယောက်အနေဖြင့် သမိုင်းသစ် ဘယ်လို ရေးထွင်း
နိုင် ပါမလဲ-

တိုင်းရဲ့ အိမ်မက် Hole in One- Birdie

ကျင်းနံပါတ် ၆ - Par 4 ကျင်း- ရရှိ 🥇 ⛳ 🏌

25/08/2026

ကျော မွဲး နင်း ပြား အတွက်- Property Tax
============================

၁.၉.၂၀၂၆ ရပ်နေ့မှ စပြီး အိမ်ခြံမြေအမည်ပေါက် "ပြောင်း" ဆောင်ရွက်သည့်အခါ ရောင်းသူကလည်း (ရောင်းခွန်) အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်ရမယ်-

ဝယ်သူကလည်း ကျသင့်သည့်အခွန်ဆောင်ပြီး နှစ်ဦးနှစ်ဖက် အသီးသီး အခွန်ဆောင်ပြီးကြောင်း စာရွက်တင်ပြနိုင်မှသာလျှင် သက်ဆိုင်ရာဌာနများမှ လက်ခံဆောင်ရွက်ပေးတော့ပါမည်ဖြစ်ကြောင်း သက်ဆိုင်ရာရုံးဌာနအသီးသီးမှာ ကြေ ငြာချက်ဘုတ်များ ချိတ်ဆွဲထားတာတွေ၊ အွန်းလိုင်မှာလည်း ပလူပျံနေတာတွေ မြင်တွေ့နေရပါတယ်။

ဝယ်ယူအတွက်ကတော့ ငွေရှိလို့ အိမ်ခြံမြေ ဝယ်တာဆိုတော့ ဝယ်ယူသူကျသင့်တဲ့ အခွန်ဆောင်ရ တာကတော့ မဆန်းပါဘူး။

အမြတ်ခွန်/ ရောင်းခွန်ကတော့ အခုမှမဟုတ်ပါဘူး၊ ဥပဒေမှာ အရင်ကတည်းက ပြဌာန်းထားပြီးသားမို့ သိပ်လည်း အထူးအဆန်းမဟုတ်ပါဘူး။

ပြော ချင် တာ က-

အခု ဟော့ဖြစ်နေတဲ့ Property Tax ပေါ့၊ ရောင်းသူတွေအတွက် ရောင်းခွန်ပေါ့။ အဲ့လို အခွန်တွေကို ဘယ်သူတွေဆီက များများကောက်ခံသင့်လဲဆိုတော့-

ကိုယ်တိုင် မနေဘဲ နေမယ့်သူတွေ မနေနိုင်အောင် ငွေပို ငွေလျှံဖြင့် အိမ်ခြံမြဈေး ကြီးအောင်လုပ်သူတွေ၊အောက်ဆိုဒ်ရတဲ့ ဝန်ထမ်းတွေ ၊ ကလိန်ကကျစ်လုပ်ထားတဲ့ တာဝန်ရှိ အရာရှိတွေ ၊ မသမာနည်းပြုလုပ် သူတွေ ၊ကျား ဖြန့် တွေ ၊ ဝယ်/ ရောင်း တွေ ၊ မူးယစ်ဆေးဝါးကရတဲ့သူတွေ ၊ ၊ ငွေဖြူ မရှိဘဲ ဝင်ကစားနေတဲ့ သူတွေ ဆီက များများကောက်ခံ၊ ပြီးရင် ငွေကြေးခဝါနဲ့ ပြည်သူပိုင် သိမ်းလိုက်ရင်ကော မကောင်းဘူးလားဗျာ။

ဒါဆို အိမ်ခြံမြေဈေးကွက် ထိမ်းပြီးတာလည်းဖြစ်သည့်အပြင် ငွေကြေးခဝါချမူတွေလည်း ပေါ်လာပါမယ်။ တစ်ချက်ခုတ် ၂ ချက်ပြတ်ပေါ့..

တ ကယ် လုပ် ချင် ရင် လွယ် ပါ တယ်-

စည်ပင် မြေယာဌာနရှိစာရင်းကို တစ်ချက်ခေါက်ကြည့်လိုက်ရင် ရန်ကုန်မြို့ကြီးထဲမှာ သိန်း သောင်း ချီ တန်ဖိုးရှိတဲ့ အိမ်ခြံမြေကွက်တွေ ဘယ်သူ ပိုင်ဆိုင်နေကြတာလဲ- ဒီပိုင်ဆိုင်မှုတွေကို ဘယ်လိုပိုင်ဆိုင်ပြီး ဘယ်ကရတဲ့ငွေနဲ့ ဝယ်တာလဲ-

အခုတော့ ကျော မွဲး နင်း ပြား ပြည်သူများ ခံရပါတယ်-

စားဝတ်နေရေးအတွက် အဆင်မပြေသူများအနေဖြင့် မိဘ လက်ထက်က (သို့) ယခင် အဆင်ပြေချိန်က စုဆောင်းပြီး ဝယ်ယူထားသည့် အိမ်ခြံမြေလေး အခုချိန် အဆင်မပြေတော့ ထုခွဲရောင်းချသူတွေအတွက်ကတော့ လုံးဝကို အဆင်မပြေပါဘူးကွယ်။

ကျော မွဲး နင်း ပြား ပြည်သူများ၏ ရင်တွင်းစကားများ 🔊🔊🔊

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959986252417

Website

Alerts

Be the first to know and let us send you an email when U Zin Lin Aung- Legal Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share