Doe P - ဒိုးပြီ

Doe P - ဒိုးပြီ DV, US Student Visa, Visit Visa အမျိုးမျိုးအတွက် ဝန်ဆောင်မှုများရယူနိုင်ပါပြီ

အမေရိကန်အစိုးရက မြန်မာနိုင်ငံကို Temporary Protected Status (TPS) ကို မပေးတော့ဘူးဆိုတဲ့အကြောင်း မနေ့က နိုဝင်ဘာ ၂၄ ရက်၊ တ...
25/11/2025

အမေရိကန်အစိုးရက မြန်မာနိုင်ငံကို Temporary Protected Status (TPS) ကို မပေးတော့ဘူးဆိုတဲ့အကြောင်း မနေ့က နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့မှာ အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာန (DHS) က ကြေညာခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မကြာသေးခင်က ထွက်လာတဲ့ သတင်းတွေ အပေါ်မှာ အခြေခံပြီး ဖြစ်ရပ်တစ်ခုလုံးကို နားလည်အောင် ပြောပြပေးသွားပါမယ်။

TPS ဆိုတာ ဘာလဲ။

TPS ဆိုတာ နိုင်ငံခြားသားတွေ အတွက် ယာယီအကာအကွယ်ပေးတဲ့ အမေရိကန်ရဲ့ လူဝင်မှုကန့်သတ်ရေး အစီအစဉ်တစ်ခုပါ။ နိုင်ငံရေး မတည်ငြိမ်မှု၊ စစ်ပွဲ၊ သဘာဝဘေး စတာတွေ ကြောင့် နိုင်ငံပြန်ရင် အန္တရာယ်ရှိတဲ့ နိုင်ငံတွေက လူတွေ အတွက် ယာယီ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပေးပါတယ်။ မြန်မာနိုင်ငံကို TPS ကို ၂၀၂၁ ခုနှစ် မေလမှာ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း ဘိုင်ဒန်အစိုးရ လက်ထက်မှာ နှစ်ခါ သက်တမ်တိုးခဲ့ပြီး၊ နောက်ဆုံး ၂၀၂၄ မတ်လမှာ သက်တမ်တိုးပြီး ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်အထိ ဆက်ရှိခဲ့ပါတယ်။ ဒီအစီအစဉ်က မြန်မာနိုင်ငံက လူ ၁၀,၀၀၀ နီးပါး ပါဝင်ခဲ့ပါတယ် (လက်ရှိ အကျိုးခံစားရသူ နီးပါး ၄,၀၀၀ လောက်ရှိပါတယ်)။

ဘာကြောင့် မပေးတော့တာလဲ။

၂၀၂၅ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထရမ့်အစိုးရ လက်ထက် အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံကို TPS ကို သက်တမ်ကုန်ဆုံး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဝန်ကြီး Kristi Noem က ဦးဆောင်ခဲ့တာ ဖြစ်ပြီး၊ အကြောင်းပြချက်က မြန်မာနိုင်ငငံ အခြေအနေ တိုးတက်လာတယ်လို့ ဆိုပါတယ်။ အဓိက အကြောင်းပြချက်တွေ ကတော့-

အရေးပေါ်အခြေအနေ (state of emergency) ကို အဆုံး သတ်လိုက်တာ။
နှစ်ကုန်မှာ ကျင်းပမယ့် "လွတ်လပ်ရေး ရှိတဲ့ ရွေးကောက်ပွဲ" စီစဉ်နေတာ။
တိုင်းရင်းသားစစ်ရေး အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ အောင်မြင်မှု။
ဒေသဆိုင်ရာ အုပ်ချုပ်ရေး တိုးတက်မှု၊ ပြည်သူ့ဝန်ဆောင်မှု ပိုကောင်းလာတာ။

DHS ရဲ့ ကြေညာချက်မှာ "မြန်မာ (Burma) မှာ အခြေအနေ တိုးတက်လာလို့ နိုင်ငံပြန်ရင် လုံခြုံတယ်လို့ ယူဆတယ်" လို့ ဆိုထားပါတယ်။ TPS ကို ယာယီ အကာအကွယ်အဖြစ် ပြန်လည် ပြုပြင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်အချိန်ကနေ အကျိုးသက်ရောက်မလဲ။

TPS က မြန်မာနိုင်ငံသားတွေအတွက် သက်တမ်ကုန်ဆုံး ဖြစ်မယ့် ရက်စွဲက ၂၀၂၆ ဇန်နဝါရီ ၂၆ ရက် ဖြစ်ပါတယ်။ ဒီကနေ စပြီး ယာယီ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ လူတွေ နိုင်ငံပြန်ရန် ဖိအားပေးခံရနိုင်ပါတယ်။

ဘယ်လို တုံ့ပြန်မှုတွေ ရှိနေလဲ။

ဒီဆုံးဖြတ်ချက်က အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ အမေရိကန် အစိုးရ ရဲ့ လူ့အခွင့်အရေး အစီရင်ခံစာ (သက်တမ်ကုန်ဆုံး သုံးလပဲ ရှိသေး) မှာ မြန်မာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုထားပါတယ်။ လက်ရှိ နိုင်ငံအခြေအနေ မှာ နိုင်ငံ ပြန်ရင် အန္တရာယ် ရှိနေဆဲ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ထရမ့်အစိုးရ ရဲ့ လူဝင်မှု ကန့်သတ်ရေး မူဝါဒ တစ်စိတ်တစ်ပိုင်း အနေနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ TPS နဲ့နေထိုင်သူများအနေနဲ့ ပြင်ဆင်မှုတွေပြုလုပ်ထားဖို့ လိုအပ်ပြီဖြစ်ပါတယ်။ အခုချိန်ထိ တရားဝင် ရပ်ဆိုင်းကြေညာချက် မရှိသေးပေမယ့် နောက်လအနည်းငယ်အတွင်း ထွက်လာနိုင်ခြေ ၉၀% ကျော်ရှိပါတယ်။ ဒါကြောင့် TPS ပေါ်ပဲ အားမကိုးပဲ အခု ချက်ချင်း asylum သို့မဟုတ် တခြားလမ်းကြောင်းနဲ့ တရားဝင်နေထိုင်ခွင့် အမြဲတမ်း ရအောင် လုပ်ထားတာ အကောင်းဆုံးပါပဲ။

တန်ဆောင်မုန်းလပြည့်နေ့မြိိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ကို မိမိတို့ ချစ်ခင်သူများနှင့် ကျန်းမာပျော်ရွှင်စွာဖြတ်သန်း...
04/11/2025

တန်ဆောင်မုန်းလပြည့်နေ့

မြိိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ကို မိမိတို့ ချစ်ခင်သူများနှင့် ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဒိုးပြီမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

🌕✨ Happy Thadingyut Festival! ✨🌕Wishing everyone a bright and peaceful Thadingyut filled with love, light, and happiness...
06/10/2025

🌕✨ Happy Thadingyut Festival! ✨🌕
Wishing everyone a bright and peaceful Thadingyut filled with love, light, and happiness. Let’s take this time to show gratitude and share kindness with our parents, teachers, and loved ones. 💛🕯️

🇺🇸 အမေရိကန်သမ္မတ ထရန့် ထုတ်ပြန်ချက်ဖြင့်မျှော်လင့်ချက်မဲ့သွားသော မြန်မာနိုင်ငံသားများ😔ဇွန်လ ၄ ရက်နေ့မှာ သမ္မတ Donald Tru...
05/06/2025

🇺🇸 အမေရိကန်သမ္မတ ထရန့် ထုတ်ပြန်ချက်ဖြင့်မျှော်လင့်ချက်မဲ့သွားသော မြန်မာနိုင်ငံသားများ😔

ဇွန်လ ၄ ရက်နေ့မှာ သမ္မတ Donald Trump က ✍️ “နိုင်ငံခြားသားအဝင်ကို ကန့်သတ်ခြင်းဖြင့် အမေရိကန်ရဲ့နိုင်ငံခြားအကြမ်းဖက်အန္တရယ်၊ တခြားနိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူများလုံခြုံရေးခြိမ်းခြောက်မှုများကို ကာကွယ်ရေး” 🛡️ အမိန့်စာကို ထုတ်ပြန်လိုက်ပါတယ်။

➡️ ဇွန် ၉ ရက်နေ့ (တနင်္လာနေ့) မှ စတင်သက်ရောက်မှာဖြစ်ပြီး
မြန်မာ🇲🇲အပါအဝင် Overstay Rate မြင့်တဲ့ နိုင်ငံ ၁၂ နိုင်ငံကို ပြည်ဝင်ခွင့် လုံးဝဆိုင်းငံ့ 🛑 လုပ်သွားမှာဖြစ်ပါတယ်။
နောက်ထပ် နိုင်ငံ ၇ နိုင်ငံအတွက်လည်း အကန့်အသတ်နဲ့ ဆိုင်းငံ့တာပါ။

📊 ထုတ်ပြန်ချက်အရ

• မြန်မာ B1/B2 Visa 👉 Overstay Rate – 27.07%
• Student Visas (F, M, J) 👉 Overstay Rate – 42.17%😳

🇲🇲 မြန်မာအစိုးရကလည်း Overstay လုပ်ထားတဲ့နိုင်ငံသားတွေကို ပြန်လည်လက်ခံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် ဒီလိုဆုံးဖြတ်ချက်ရလာတာဖြစ်ပါတယ်။

🎯 ထိုအမိန့်စာဟာ Diversity Visa (DV) ရရှိထားသူတွေအတွက်ပါ သက်ရောက်မှုရှိပါတယ်။ 😢

🧠 ဒိုးပြီ အမြင်အရ – ဒါဟာ သမ္မတ Trump လက်ထက်ထဲက ဆုံးဖြတ်ချက်တစ်ခုဖြစ်တာကြောင့် သူ့သက်တမ်းအတွင်း ပြန်လည်ပြင်ဆင်မယ့်အလားအလာနည်းပါတယ်။ (ကိုယ်တွေနိုင်ငံအခြေအနေအရကောပေါ့)
📆 ဇွန် ၉ မတိုင်ခင် သွားမယ့်သူတွေအတွက်တော့ ရလာမလား မရလား ၅၀/၅၀ ပါပဲ။ လေဆိပ်ကနေ ပြန်လွှတ်ခံရနိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ✈️🚫

😔 အနာဂတ်နှစ်အနည်းငယ်အတွက်တော့
မြန်မာလူငယ်တွေအတွက် “အမေရိကန်အိပ်မက်🇺🇸” ကနေ လက်လျော့ထားစရာ ဖြစ်သွားပါပြီ။

#သတင်းအရေးကြီး 📰

‼️ Important Announcement ‼️🔵 ထရန့်အစိုးရကတော့ မေလ ၂၇ ရက်နေ့ မနေ့ကပဲ Student and Exchange visitors visa အသစ်အတွက် အင်တာဗ...
28/05/2025

‼️ Important Announcement ‼️

🔵 ထရန့်အစိုးရကတော့ မေလ ၂၇ ရက်နေ့ မနေ့ကပဲ Student and Exchange visitors visa အသစ်အတွက် အင်တာဗျူးအပွိုင့်မန့်တွေချပေးနေမှုကို "ခေတ္တ" ရပ်တန့်ထားဖို့ သက်ဆိုင်ရာ ကမ္ဘာတစ်လွှားရှိ အမေရိကန်သံရုံးများကို ညွှန်ကြာားလိုက်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

🔵 လက်ရှိ အတွင်းသတင်းများအရတော့ ကျောင်းသားဗီဇာနဲ့လာမယ့် နိုင်ငံတကာ ကျောင်းသားတွေရဲ့ Social Media များကို ပိုမိုတင်းကြပ်တဲ့စစ်ဆေးမှုများပြုလုပ်ဖို့ စီစဥ်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။

🔵 လက်ရှိတော့ အင်တာဗျူးအပွီုင့်မန်ရထားတဲ့ မြန်မာကျောင်းသားများအနေနဲဲ့တော့ ယခင်ရရှိထားတဲ့ရက်ချိန်းအတိုင်း အင်တာဗျူးဖြေဆိုခွင့်ရရှိအုံးမှာ ဖြစ်ပါတယ်။

🔵 နောက်ပိုင်းမှာ မြန်မာအပါအဝင် နိုင်ငံတကာကျောင်းလာတက်ကြမယ့် ကျောင်းသားများအနေနဲ့လည်း အမေရိကန်နိုင်ငံအပေါ် အထူးသဖြင့် လက်ရှိသမ္မတ ထရန့်အုပ်ချုပ်ရေးအပေါ် ဝေဖန်မှုပြုလုပ်ထားတာမျိုးတွေကို မိမိတို့ ဆိုရှယ်မီဒီယာမှာ တက်ရေးထာမျိုးတွေ ပိုမိုရှောင်ကြဥ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

🔵 မြန်မာနိုင်ငံကနေ US မှာကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေအတွက်ကတော့ နောက်ထပ်ထုတ်ပြန်ကြေညာချက်တစ်စုံတစ်ရာမရှိမချင်း ဗီဇာအင်တာဗျူးအတွက် ရန်ကုန်အပါအဝင် Thrid Countriy တွေမှာပါ အပွိုင့်မန့်ယူလို့​ မရဖြစ်နေမှာ ဖြစ်ပါတယ်။

🔵 လူတိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို အလေးထားတဲ့ ဒီမိုကရေစီနိုင်ငံတော်ရဲ့ ထရန့်တက်လာပြီး နောက်ပိုင်း လမ်းစဥ်တွေဟာ မေးခွန်းထုတ်ချင်စရာဖြစ်လာပြီ ဖြစ်ပါတယ်။

🌕 ဒီနေ့ဟာ  ဗုဒ္ဓဘာသာဝင်များအတွက် အလေးအမြတ်ထားရာ ကဆုန်လပြည့် - ဗုဒ္ဓနေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။“ဗျာ၊ ဖွား၊ ပွင့်၊ စံ” ဟု...
11/05/2025

🌕 ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အလေးအမြတ်ထားရာ ကဆုန်လပြည့် - ဗုဒ္ဓနေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။

“ဗျာ၊ ဖွား၊ ပွင့်၊ စံ” ဟု ခေါ်ဆိုကြသည့် ကဆုန်လပြည့်နေ့မှာ

🔹 ဗျာဒိတ်ခံယူခြင်း
🔹 ဖွားမြင်တော်မူခြင်း
🔹 ဘုရားဖြစ်တော်မူခြင်း
🔹 ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ပါဝင်သည်။

ဒါ့အပြင် ကဆုန်လပြည့်နေ့မှာ -

🎋 ဗောဓိပင်အား ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ကြပါတယ်။

အမေများနေ့လည်းတစ်ဖြစ်လည်း ဖြစ်တဲ့ ကဆုန်လပြည့်နေ့လေးမှာ မြန်မာပြည်သူပြည်သားအပေါင်း အေးချမ်းသာယာပါစေကြောင်း ဒိုးပြီမှ ဆုမွန်ကောင်းလိုက်ပါတယ်။

လူတိုင်းလူတိုင်း ငြိမ်းချမ်းသာယာမှုများ ရရှိကြပါစေ။ 🙏✨

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲ

‼️ DV2026 ပေါက်ပြီးရင် ဘာဆက်လုပ်ရမလဲ မသိဖြစ်နေရင် ဒါကိုဖတ်ပါ ‼️1️⃣ DS-260 Form ဖြည့်ထားရတယ်DV Lottery ပေါက်တာဟာ ပထမအဆင့်...
06/05/2025

‼️ DV2026 ပေါက်ပြီးရင် ဘာဆက်လုပ်ရမလဲ မသိဖြစ်နေရင် ဒါကိုဖတ်ပါ ‼️

1️⃣ DS-260 Form ဖြည့်ထားရတယ်

DV Lottery ပေါက်တာဟာ ပထမအဆင့်သာဖြစ်ပြီး၊ Green Card ရဖို့အတွက် DS-260 ဆိုတဲ့ အွန်လိုင်းဖောင်ကို ဖြည့်သွင်းရပါတယ်။ ဒီဖောင်မှာ ကိုယ်ရေးအချက်အလက်တွေ၊ ပညာရေးနဲ့ အလုပ်အတွေ့အကြုံအကြောင်းတွေ ဖြည့်ရပါတယ်။ ဖြည့်ပြီးသွားတဲ့အခါမှာ Confirmation Page ကို print ထားဖို့ လိုပါတယ်။

2️⃣ ဆေးစစ်ခြင်းနဲ့ အင်တာဗျူးအတွက် ပြင်ဆင်ရပါတယ်**

အင်တာဗျူးအတွက် သံရုံးက ပေါက်တဲ့နံပါတ်စဥ်အလိုက် (Case Number) ခေါ်ဆိုပါတယ်။ မခေါ်ခင်မှာပဲ သတ်မှတ်ထားတဲ့ ဆရာဝန်ဆီမှာ ဆေးစစ်လုပ်ဖို့ လိုပါတယ်။ ရောဂါစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းတွေ လုပ်ဖို့လိုပါတယ်။

အင်တာဗျူးအတွက်တော့

* DS-260 ဖြည့်သွင်းပြီးကြောင်းအတည်ပြုစာမျက်နှာ
* မွေးသက္ကရာဇ်အထောက်အထား
* ပညာရေးနှင့်အလုပ်အတွေ့အကြုံအထောက်အထား
* အခြားလိုအပ်တဲ့ စာရွက်စာတမ်းများ

ဒီအရာတွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။

3️⃣ ဗီဇာကြေး သွင်းထားရတယ်

အင်တာဗျူး မတိုင်ခင် (သို့) မေးမြန်းချိန်မှာပဲ ဗီဇာကြေး (တစ်ဦးလျှင် $330 ဝန်းကျင်) ကို ပေးဆောင်ရပါတယ်။ Interview အောင်မြင်ပြီးသွားရင် သံရုံးက သင့်နဲ့ သင့်မိသားစုဝင်တွေရဲ့ နိုင်ငံကူးလက်မှတ်ထဲမှာ DV အမျိုးအစားအမေရိကန်ဝင်ခွင့်ဗီဇာကို ထည့်ပေးပါတယ်။ ဗီဇာရဲ့ သက်တမ်းက ၆ လဖြစ်တဲ့အတွက် ဒီသက်တမ်းကုန်ခင် အမေရိကန်ကိုရောက်ဖို့လိုပါတယ်။

4️⃣ Immigration Packet

ဗီဇာရတဲ့အခါ သံရုံးကနေ sealed envelope တစ်စောင်ပါပေးပါတယ်။ ဒါကို Immigration Packet လို့ခေါ်ပါတယ်။ အဲဒီ packet ထဲမှာ သင့် DS-260 form၊ မေးမြန်းမှုအဖြေ၊ အထောက်အထားတွေ ပါပါတယ်။ အရေးကြီးတာကတော့ ဒီ envelope ကို မဖွင့်ဘဲထားရပြီး အမေရိကန်ရောက်တဲ့အခါ Immigration Officer ကိုပေးရပါတယ်။

5️⃣ အမေရိကန်ရောက်ချိန်မှာ

အမေရိကန်ရောက်ပြီး Immigration checkpoint ကိုရောက်တဲ့အချိန်မှာ Officer က သင့် passport နဲ့ DV visa ကိုစစ်ကြည့်ပါတယ်။ ပြီးရင် Immigration Packet ကိုလက်ခံပြီး ဖွင့်ကြည့်ပါတယ်။ သူတို့စနစ်ထဲမှာ သင့်အချက်အလက်တွေကို စစ်ဆေးပြီး ဝင်ခွင့်ကိုအတည်ပြုပါတယ်။

တခါတလေ မေးမြန်းမှုနည်းနည်းလည်း ပြန်မေးတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်အစစ်အမှန်အချက်အလက်တွေနဲ့ အဆင်ပြေနေတာဆိုရင် ပြဿနာမရှိဘဲ လွယ်လွယ်ကူကူနဲ့ ပြည်ဝင်ခွင့်ရပါတယ်။

6️⃣ Green Card

ဗီဇာရပြီးအမေရိကန်မသွားခင် USCIS Immigrant Fee ($220) ကို [https://my.uscis.gov/uscis-immigrant-fee](https://my.uscis.gov/uscis-immigrant-fee) မှာ အွန်လိုင်းနဲ့ပေးဆောင်ဖို့လိုပါတယ်။ အမေရိကန်ရောက်ပြီးနောက်မှာ သင် DS-260 မှာ ဖြည့်ထားတဲ့လိပ်စာအရ USCIS က Green Card ကို မေးလ်ဖြင့်ပေးပို့ပါတယ်။ ပုံမှန်အားဖြင့် Green Card က ခန့်မှန်းခြေအနေနဲ့ ၃ ပတ်ခန့်အတွင်း ရှိပါတယ်။ အဲဒီ ငွေပေးဆောင်မှုမရှိရင် Green Card ထုတ်ပေးမှုမှာ အနည်းငယ်နောက်ကျနိုင်ပါတယ်။

သင်ဟာ ယခုနှစ်မှာ ကံထူးပြီး DV2026 ပေါက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် Doe P - ဒိုးပြီ မှာ "After DV winning" service လေးရယူနိုင်ပါတယ်။ အပေါ်ကပြောတဲ့ Processes တွေကို ကျွမ်းကျင်တဲ့ Consultants တွေက သေချာတာဝန်ယူပြီး ဆောင်ရွက်ပေးမှာ ဖြစ်လို့ သင်ရဲ့ အမေရိကန်ခရီးစဥ်ဟာ သေချာပေါက်ချောမွေ့နေမှာ ဖြစ်ဖို့ အာမခံပါတယ်။

ဒါကြောင့် DV2026 ပေါက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေရင် ဖုန်းနံပါတ် - 09951940451, 09763686197 နဲ့ Page Messenger - m.me/doepvisaservices ကို အခုပဲ Hello လိုက်တော့နော် ....










03/05/2025

Doe P - ဒိုးပြီ မှ DV 2026 တင်ပေးထားတဲ့ သူများအတွက် ပေါက်၊ မပေါက် စစစ်ပေးနေပါပြီနော်

အစဉ်လိုက်စစ်ပေးတာမို့လို့ ကျေးဇူးပြုပြီးစောင့်ဆိုင်းပေးပါနော် ကိုယ့်ဖာသာကိုယ်စစ်ကြည့်ချင်ရင်လည်း ပေ့ချ်မှာ နည်းလမ်းလေးတွေတင်ပေးထားပါတယ်။

အားလုံးကို အီးမေးလ်နဲ့ အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ ကံကောင်းကြပါစေရှင် 😍

02/05/2025

‼️ မေလ (၃) ရက်နေ့ DV2026 ဖွင့်ပြီနော် ‼️

တစ်နှစ်မှာ တစ်ကြိမ် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်လေးကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဟုတ်ပါတယ်…မေလ (၃) ရက် မြန်မာစံတော်ချိန် ည ၁၀:၃၀ အချိန်မှာ DV2026 ရဲ့ ရလဒ်တွေကို စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။ 🇺🇸✨ အမေရိကန်အိပ်မက်မက်သူများအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကိုရောက်ရှိလာတော့ပါတယ်။

Doe P - ဒိုးပြီ မှာ DV ထိုးတားတဲ့သူတွေအတွက်လည်း အလှည့်ကျ အမြန်ဆုံး တိုက်ပေးသွားမှာ ဖြစ်လို့ ဒီည စိတ်ချလက်ချအိပ်ပြီး မနက်ကျမှ သတင်းကောင်းကို နားဆင်ပါနော် 🥰

မိမိကိုယ်တိုင် စစ်ဆေးကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါအချက်များအတိုင်းလိုက်လုပ်ကြည့််လို့ရပါတယ်။

======================================

DV ပေါက်၊ မပေါက် သိရှိနိုင်ရန်အတွက် အောက်ပါအချက်အလက်များ လိုအပ်ပါသည်။

🔹 Confirmation Number – သင်၏ DV လျှောက်လွှာတင်စဉ်က ရရှိခဲ့သော ၁၆ လုံးပါ နံပါတ်ဖြစ်သည်။ ဥပမာ – 20261O0DZWY3DOV9

🔹 Last/Family Name – သင်၏ လျှောက်လွှာတွင် ထည့်သွင်းခဲ့သော နောက်ဆုံးအမည် (မိသားစုအမည်) ဖြစ်သည်။ စာလုံးပေါင်း မှန်ကန်စွာ ထည့်သွင်းရန် အရေးကြီးပါသည်။

🔹 Year of Birth – သင်၏ မွေးသက္ကရာဇ် (၄ လုံး) ဖြစ်သည်။
ဥပမာ – 1980

======================================

DV ပေါက်၊ မပေါက် စစ်ဆေးရန် လုပ်ဆောင်ရမည့်အဆင့်များ ⬇️

1️⃣ Entrant Status Check Website သို့ ဝင်ရောက်ပါ –
https://dvprogram.state.gov/ သို့မဟုတ်
https://dvprogram.state.gov/ESC/CheckStatus.aspx

2️⃣ “Continue” ခလုတ်ကို နှိပ်ပါ

3️⃣ “Enter Entrant Information” စာမျက်နှာတွင်
• Confirmation Number
• Last/Family Name
• Year of Birth
တို့ကို မှန်ကန်စွာ ထည့်သွင်းပါ

4️⃣ ဖန်သားပြင်ပေါ်တွင် ပေါ်နေသော Authentication Code ကို ရိုက်ထည့်ပါ 🔐

5️⃣ “Submit” ခလုတ်ကို နှိပ်ပါ 📨

ရလဒ်များ
✅ "You have been selected" ဆိုရင် DV-2026 ပေါက်တာဖြစ်ပြီး၊
❌ "You have not been selected" ဆိုရင် မပေါက်သေးပါဘူး။

======================================

အရေးကြီး မှတ်သားရန် ⚠️

📅 DV-2026 လျှောက်ထားသူများအတွက် ရလဒ်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ စစ်ဆေးနိုင်ပါသည်။
🌐 DV ရလဒ်စစ်ဆေးရန် တရားဝင် ဝက်ဘ်ဆိုက်မှာ အထက်ဖော်ပြထားသောလင့်ခ်တစ်ခုသာ ဖြစ်ပါသည်။
📩 အီးမေးလ် (သို့) အခြားနည်းလမ်းများဖြင့် DV ပေါက်ကြောင်းအကြောင်းကြားလာပါက လိမ်လည်သူများ ဖြစ်နိုင်ပါသည်။ သတိထားပါ။
🗃️ သင်၏ Confirmation Number ကို လုံခြုံစွာ သိမ်းဆည်းထားပါ။ ပျောက်ဆုံးသွားပါက –
https://dvprogram.state.gov/ESC/CheckConfirmation.aspx
တွင် ပြန်လည်ရယူနိုင်ပါသည်။

🎉 အားလုံးပဲ ကံကောင်းပါစေ! 🍀
DV2026 မှာ အားလုံးရဲ့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေ! 🇺🇸💙

24/04/2025

လာမယ့် မေလ (၃)ရက်နေ့မှာ DV 2026 result သိရတော့မှာဖြစ်ပါတယ် … အဲ့တာကြောင့် DV result ကို ကိုယ်တိုင်ကိုယ်ကျ စစ်ကြည့်ချင်တဲ့သူတွေ အတွက်ကို စစ်ပုံစစ်နည်းvideo လေးတင်ပေးလိုက်ပါတယ်။

Doe P-ဒိုးပြီမှာ ဝန်ဆောင်မှုယူထားတဲ့သူတွေကိုတော့ ညီမတို့ဘက်က အလှည့်ကျတိုက်စစ်ပြီး Email ကနေတစ်ဆင့်အကြောင်းကြားပေးမှာဖြစ်ပါတယ်🍀🍀

Result ထွက်ထွက်ချင်း ကိုယ်တိုင်စစ်ချင်တယ်ဆိုရင်တော့ ဒီ Video လေးကို အဆုံးထိ ကြည့်ရှူလိုက်ကြအုံးနော်

အားလုံးဘဲ DV2026 မှာ ကံကောင်းကြပြီး အမေရိကန်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်🙏🏻🙏🏻🙏🏻

အခြားသူများသိရအောင် မျှဝေပေးပါအုံးရှင်🙏🏻

Address

Thamine, Mayangone Township
Yangon
11061,11062,11063

Telephone

+959793083972

Website

Alerts

Be the first to know and let us send you an email when Doe P - ဒိုးပြီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Doe P - ဒိုးပြီ:

Share