08/09/2026
🌷 လက်ထပ်ပွားပစ္စည်းခွဲဝေခြင်းအကြောင်း🌷
ဗမာဗုဒ္ဓဘာသာ အမျိုးသားနှင့် အမျိုးသမီးတို့သည် အိမ်ထောင်ပြုလိုက်သည်နှင့် တပြိုင်နက် အခြား ဘာသာဝင်များနှင့်မတူပဲ ပစ္စည်းခန်း၌ လင်ပိုင်သည့် ပစ္စည်းတွင် မယားပိုင်ဆိုင်ခွင့် ရှိသကဲ့သို့ မယားပိုင်ဆိုင် သော ပစ္စည်း တွင်လည်း လင်ကပိုင်ဆိုင်ခွင့်ရှိသည့် အတူပိုင်ဆိုင်သူများ ဖြစ်ကြပါသည် ✅
အတူပိုင်ဆိုင်ကြသူများ ဖြစ်သောကြောင့် မည်သည့်ပစ္စည်းများသည် လင်မယားတို့နှင့် သက်ဆိုင်ပြီး မည်
သို့အကျိုးခံစားခွင့်ရှိကြောင်း ဗဟုသုတရဖွယ် ရေးသားပေးလိုက်ပါသည် 🌷
၁။ ပါရင်းပစ္စည်း
၂။ အထက်ပါပစ္စည်း
၃။ ခန်းဝင်ပစ္စည်း
၄။ သာမန်လက်ထက်ပွားပစ္စည်း
၅။ နှစ်ပါးစုံပစ္စည်း
၆။ အမွေရလက်ထက်ပွားပစ္စည်း ဟူ၍ ခွဲခြားထားသည်။
၁။ ပါရင်းပစ္စည်း ✅
ပါရင်းဆိုသည်မှာ အိမ်ထောင်မပြုမှီကတည်းက ပိုင်ဆိုင်
ခဲ့ပြီး အိမ်ထောင်ပြုရာတွင် ပါလာသည့်ပစ္စည်း ဖြစ်သည်။မြန်မာဗုဒ္ဓဘာသာနှစ်ဦးတို့သည် ထိမ်းမြား လက်ထပ်ပြီးသည်နှင့် တပြိုင်နက် တစ်ဦး၏ ပါရင်း ပစ္စည်းတွင် ကျန်တစ်ဦးက သုံးပုံတစ်ပုံ အကျိုးခံစားခွင့် ရှိပါသည်✅
ပါရင်းပစ္စည်း ပါလာသူက သုံးပုံနှစ်ပုံ ရရှိပါသည်✅
၂။ အထက်ပါပစ္စည်း ✅
အထက်ပါဆိုသည်မှာ တစ်ခုလပ် သို့မဟုတ် မုဆိုးဖို၊ မုဆိုးမ ဖြစ်သည့် အိမ်ထောင်ဖက်များ၊ အိမ်ထောင် ဟောင်းများ ဖြစ်သည့် အထက်အိမ်ထောင်၌ ပိုင်ခဲ့၍ အိမ်ထောင်သစ်ပြုရာတွင် ပါလာသည့်ပစ္စည်း ဖြစ်သည်
အထက်ပါပစ္စည်းမှာ ပါရင်းပစ္စည်း ကဲ့သို့မဟုတ် ✅
မည်သည့်အခါမှ လင်မယားနှစ်ဦးပိုင် မဖြစ်ပါ❌
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အိမ်ထောင်ကြီး များသည် တစ်ဦး၏ အထက်ပါပစ္စည်းတွင် ကျန်တစ်ဦးက အကျိုးသက်ဆိုင်ခွင့်မရှိပါ❌
သို့ရာတွင် ၎င်းတို့ နှစ်ဥိီးအနက် တစ်ဦးဦး ကွယ်လွန်သော အခါ ကျန် တစ်ဦးက ကွယ်လွန်သူ၏အမွေကို ဆက်ခံခွင့် ရှိပါသည်✅
အိမ်ထောင်ကြီးဆိုသည်မှာ လင်ရောမယားပါ အိမ်ထောင် ပြုဖူးသူကို ဆိုလိုခြင်းဖြစ်ပါသည်✅
၃။ ခန်းဝင်ပစ္စည်း ✅
ခန်းဝင်ပစ္စည်းဆိုသည်မှာ လက်ထပ်သည့်အချိန်တွင်
မိဘ၊ဘိုးဘွား၊ သားချင်း မိတ်ဆွေ သင်္ဂဟများက လင်နှင့်မယားတို့၏နှစ်ဦးအကျိုးအတွက် လက်ဖွဲ့သော သို့မဟုတ် တင်တောင်းပေးသောပစ္စည်း ဖြစ်သည် ✅
ပါရင်းပစ္စည်းကို ထိမ်းမြားစဥ်အခါ၌ ခန်းဝင်ပစ္စည်း အဖြစ်ကြေညာလျှင် ခန်းဝင်ပစ္စည်း ဖြစ်သွားသည်✅
ထိုသို့ ကြေညာသော်လည်း မရွှေ့မပြောင်း နိုင်သော ပစ္စည်းဖြစ်လျှင် မှတ်ပုံတင်ပေးရန် လိုအပ်သည်✅
ခန်းဝင်ပစ္စည်းတွင် လင်နှင့်မယားတို့ အညီအမျှ အကျိုး ခံစားခွင့် ရရှိကြသည်✅
၄။ သာမန်လက်ထက်ပွားပစ္စည်း ✅
သာမန်လက်ထက်ပွားဆိုသည်မှာ အိမ်ထောင်ပြုပြီး နောက် ဇနီးမောင်နှံ တစ်ဦးဦး၏ ကြိုးပမ်းမှုဖြင့် ဖြစ်ထွန်းရရှိသည့် ပစ္စည်းဖြစ်သည်✅
သာမန်လက်ထက်ပွားပစ္စည်းကို ခွဲဝေရာ၌ မြန်မာ့ဓလေ့ထုံးတမ်းပစ္စည်းခန်း ဥပဒေအရ ခွဲဝေရသည်✅
ပစ္စည်းခန်းဥပဒေတွင် 🌷
မည်သူသည်နိဿယ(ထောက်ပံ့သူ) ဖြစ်သည်✅
မည်သူသည် နိဿိတ(မှီခိုသူ)ဖြစ်သည် ဟူသော
အချက်အပေါ်တွင် မူတည်၍ ခွဲဝေကြရသည် ✅
နိဿယ(ထောက်ပံ့သူ) ဆိုသည်မှာ ထိုသူတစ်ဦးတည်း ၏ ကြိုးပမ်းရှာဖွေမှုဖြင့် သော်လည်းကောင်း ၊ ထိုသူ၏ ကုသိုလ်ကံဖြင့် အမွေရရှိ၍သော်လည်းကောင်း ရရှိသည့်သူကို ခေါ်ခြင်းဆိုဖြစ်သည်✅
နိဿိတ(မှိီခိုသူ) ဆိုသည်မှာ ထိုသူ၏ကုသိုလ်ကံတရား သို့မဟုတ် ကြိုးပမ်းမှုကို မှီခိုနေသည့်သူကို ခေါ်ဆိုခြင်း ဖြစ်သည်✅
သာမန်လက်ထက်ပွား ပစ္စည်းအားခွဲဝေရာ၌ အိမ်ထောင်ကြီးချင်းဖြစ်စေ၊ တစ်ဦးက အိမ်ထောင်ကြီး ဖြစ်ပြီး ကျန်တစ်ဦးက အပျို၊ လူပျိုဖြစ်လျှင် ဖြစ်စေ နှစ်ဦးပိုင်ပစ္စည်းတို့တွင် အညီအမျှရခွင့်ရှိသော်လည်း
လင်နှင့်မယားတို့သည် နိဿယနှင့် နိဿိတ အခြေနေ ဖြစ်ပါက နိဿယ(ထောက်ပံ့သူ)က သုံးပုံနှစ်ပုံ၊ နိဿိတ(မှီခိုသူ)က သုံးပုံတစ်ပုံ ရခွင့်ရှိသည်✅
၅။ နှစ်ပါးစုံပစ္စည်း ✅
နှစ်ပါးစုံဆိုသည်မှာ အိမ်ထောင်ပြုပြီးနောက် ဇနီး မောင်နှံ နှစ်ဦး အတူတူကြိုးပမ်းမှုဖြင့် ဖြစ်ထွန်းရရှိ သည့် ပစ္စည်းဖြစ်သည်။နှစ်ပါးစုံ ပစ္စည်းမှာ လင်နှင့် မယားတို့ နှစ်ဦးစလုံး ဒိုးတူဘောင်ဘက် ရှာဖွေရရှိသော ပစ္စည်းဖြစ်၍ အညီအမျှ အကျိုးခံစားခွင့် ရှိကြသည်✅
၆။ အမွေရလက်ထက်ပွားပစ္စည်း ✅
အမွေရလက်ထက်ပွားဆိုသည်မှာ အိမ်ထောင်ပြု ပြီးနောက် ဇနီးမောင်နှံ တစ်ဦးဦး အမွေဆက်ခံ ရရှိသည့်ပစ္စည်း ဖြစ်သည်✅
အမွေရလက်ထက်ပွား ပစ္စည်း၌ အမွေရသူက သုံးပုံနှစ်ပုံကျန်သူက သုံးပုံတစ်ပုံ အကျိုးခံစားခွင့်ပါသည်✅
Copy ခွင့်မပြုပါ။
Share လိုက Share နိုင်သည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှ ကိုးကားရေးသားသည်။