Ishare Vision Optical
Ishare Vision Optical Real Estate
28 /11 /2020 Covid ပိုး‌တွေ့လူနာ နှင့်သေဆုံးစာရင်း
28/11/2020
28 /11 /2020 Covid ပိုး‌တွေ့လူနာ နှင့်သေဆုံးစာရင်း
Page နဲ့တော့မဆိုင် ကြိုက်လို့ sharing လုပ်တာပါ။စီးပွားရေး သမားတိုင်း ဖတ်သင့်တယ်ကြက်နဲ့ နွား တခါက ရွာလေးတရွာမှာ ကပ်စေးနဲ...
22/08/2020
Page နဲ့တော့မဆိုင် ကြိုက်လို့ sharing လုပ်တာပါ။
စီးပွားရေး သမားတိုင်း ဖတ်သင့်တယ်
ကြက်နဲ့ နွား
တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။
သားသမီးလည်းမရှိပဲ၂ယောက်တည်း နေကြရတယ်။
တနေ့တော့ အဖိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။
" ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ ယူ" တဲ့ ။
အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။
အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။
"ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။" ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။
" နွားရောင်းမည်။ ၂၀၀၀ ကျပ်
ကြက်ရောင်းမည်။ ၂သိန်းကျပ်
မှတ်ချက်။ ။ ခွဲမရောင်းပါ" တဲ့
(ဈေးပြောင်းပြန်ကြီးမို့)
လူတွေကလည်းအထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။
ကတိမပျက်ဘူး!!!!
ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။
လူတွေကို ဈေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။
အဘွားကြီးလုပ်ပုံကိုကြည့်
၁။ ကတိမပ်က္ဘူး
၂။ အများစိတ်ဝင်စားတယ်
၃။ ဝယ်သူလည်း မနစ်နာ ဒီ၃ချက် ကိုက်ညီတယ်။
နွားတကောင် ၂သိန်းဆိုလည်း ပေါက်ဈေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။
ဆိုပါတော့
လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅၀၀ဆို အတော်လက်ရာကောင်းကောင်းရယ်။
အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။
ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက် ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။
ဆိုပါတော့
ဖုန်းတစ်လုံး ၁သိန်းခွဲ
ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နားကြပ်, ဆောင်းဘောက် ၁၅၀၀၀ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀နဲ့ရောင်း။
ဒါလည်း အဘွားကြီးနည်းပဲ။
ထပ်ကွန့်လိုက်သေး။ ယခင်ဈေး ၂သိန်း။ ယခု ...% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။
ဆိုပါတော့
ပစ္စည်းလေး ၁၀မျိုး ၁၅မျိုးလောက်ပဲရောင်းတဲ့ အွန်လိုင်းစတိုးက ၁သောင်းတန်ကို ၁၅၀၀၀ရောင်းတယ်။ ဘယ်ကမှာမှာ ပို့ခ Free ငွေကြိုလွှဲစရာမလို ဆိုတော့ကာ ပုံသေတွက်မရတဲ့ ပို့ခကို ပျမ်းမျှ ၅၀၀၀တွက်ပြီး ပိုပေါင်းထားတာ။ ပို့ခအများဆုံးကျမယ့် ကော့သောင်းက မှာမယ်။ စာတိုက်စနစ်နဲ့ပို့ရင် ပို့ခ ၃၅၀၀။ မရွေးလို့ ပြန်လာရင် Return Fee ၂ထောင်ကျော်။ ၅၀၀ရှုံးသေးတာ။ ဒါပေမယ့် နီးနီးနားနား ပို့ရရင် ကိုက်တယ်။ ကော့သောင်းလည်း ရွေးယူရင် ကိုက်သေးတယ်။
အတော်များများက ပစ္စည်း ၁၀၀၀၀+ ပို့ခ ၅၀၀၀ (ခွဲမရောင်းပါ/ ဆိုင်လာဝယ်လို့မရပါ) ဆိုတဲ့ သဘောတရားကိုမမြင်။ ကိုယ့်အရပ်ဒေသမှာ လိုက်ရှာဝယ်လို့ ဆီကုန် တာယာပါး ဖိနပ်ပေါက်မယ်။ ရှာတွေ့ချင်မှတွေ့မယ်။ ဆိုတဲ့အတွေးနဲ့ တန်တယ်ပေါ့။
ခက်တာက ပစ္စည်းဖိုးသပ်သပ် ပို့ခသပ်သပ် ခွဲရောင်းတဲ့ဆိုင်ကျတော့ ပို့ခ ၃၅၀၀ဆိုရင် အင်သွား နင်သွားတယ်။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။ (ကျနော်တို့ဆိုင်ကတော့ အဘွားကြီးနည်းကို လုပ်ငန်းထဲ ထည့်မသုံးမိလို့ ကော့သောင်း၊ ကလေး၊ စစ်တွေ၊ တာချီလိတ်တို့က ကာစတန်မာတွေ မဝယ်ကြတော့တာများပါတယ်။ သို့သော် အခြားနမယ်တခုနဲ့ အဘွားကြီးနည်းကို သုံးထားတော့ အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ စကားချပ် )
ဆိုပါတော့
သင်္ဘောကြီးတစ်စင်း ပင်လယ်ထဲမှာ ပျက်နေတာ ၃ရက်ကျော်ပြီ။ ပါလာတဲ့ အင်ဂျင်နီယာကြီးတွေ ဘယ်လိုပြင်ပြင် စက်မနိုး။ ငါးဖမ်းစက်လှေလေးတွေ့လို့ လှမ်းခေါ် အကူအညီတောင်းကြည့်တယ်။ ပေတိပေစုတ် အဖိုးကြီးတယောက် တက်လာပြီး အင်ဂျင်ကိုကြည့်တယ်။ ပြီးတော့ ဂွလေးနဲ့ ၂ချက် ၃ချက် ကျပ်လိုက်တယ်။ စက်နိုးသွားတယ်။ ကပ္ပတိန်က ပြင်ခ ဥာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ ဆိုတော့ 205$ တောင်းတယ်။ ဂွလေးကျပ်တာ အဲ့လောက်တန်လို့လား ဆိုတဲ့အထာနဲ့ ပြောတော့ ဂွကျပ်ခက 5$ ဘယ်နားကျပ်ရမယ်ဆိုတာ သိနိုင်တဲ့ပညာအတွက် 200$ တဲ့။ သိပ်ဘဝင်မကျချင်။ တကယ်ဆို မဆီမဆိုင် နော်ဇယ်တွေဖြုတ်ဆေး၊ ပလန်ချာလဲ၊ အင်ဂျင်ဝိုင်လဲ အားလုံးကျသင့်ငွေတွက်ပြီးမှ 203$ပဲယူ။ + Service Chg 2$ ဆိုရင် သိပ်သဘောကျသွားမှာ။ ဘယ်လိုပေးရပေးရ စက်ကောင်းသွားဖို့ အဓိကပဲ ဆိုပေမယ့် ဂွကျပ်တဲ့ ခေါင်းစဉ်နဲ့ 205$ ပေးရတော့ အထက်လူကြီးကို တင်ပြရင် ဘက်ဂျက်ချပေးပါ့မလား။
ဘာတဲ့
ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။
ကြွက်ခုတ်တတ်ဖို့ပဲလိုတယ် တဲ့။
ဒါပေမယ့်ဗျာ
ခုခေတ်က ကြွက်ခုတ်စေချင်လို့ မွေးကြတာမဟုတ်တော့ဘူး။ အလှမွေးကြတာဆိုတော့ အစာခွက်ထဲ ကြွက်လာလုစားရင်တောင် မုဒိတာပွားနိုင်တဲ့ ယိုးဒယားကြောင် ဖက်တီးကြီးတွေ ၃သိန်းကျော် တန်နေလေရဲ့
ရောက်တတ်ရာရာ ကျပန်းအတွေးမျှသာ
..
Kyaw
အွန်လိုင်းကနေ မျက်မှန်ရဝယ်တာလွယ်ပါတယ်။ 👀 (Unicode)📢  ဒါပေမဲ့သင့်မျက်နှာနဲ့လိုက်ဖက်တာကိုဘယ်လိုရွေးမလဲ ?💥 ကျွန်တော်တို့ on...
16/08/2020
အွန်လိုင်းကနေ မျက်မှန်ရဝယ်တာလွယ်ပါတယ်။ 👀 (Unicode)
📢 ဒါပေမဲ့သင့်မျက်နှာနဲ့လိုက်ဖက်တာကိုဘယ်လိုရွေးမလဲ ?💥
ကျွန်တော်တို့ online မှာ မရေမတွက်နိုင်သောစတိုင်တွေနဲ့ဒီဇိုင်းတွေကိုရှာဖွေနိုင်ပါတယ်။ ဒါပေမဲ့ မဝယ်ခင်ကတော့ စိတ်ထဲထင်တာ"အတော်ပါပဲ" တစ်ကယ်လည်း အိမ်ရောက်လာကော ကြီးတယ်သေးတယ် မျက်နှာနဲ့ဘယ်လိုမှမအပ်စပ်တာတွေ ဖြစ်ကုန်ရော။😫
တစ်ချို့ဆို မှန်ထည့်လို့မရတဲ့ကိုင်း တွေကို စျေးကြီးကြီးရောင်းနေတာတွေ့ကြမှာပါ ။ ဆိုင်မှာလည်း မှန်သွားထည့်ရော အဆင်မပြေတာတွေဖြစ်ကုန်ရော ။
တစ်ချို့ကလည်း ပြီးပြီးရောဆိုပြီးထည့်ပေးလိုက်ကြတယ် ။
တစိချို့ကလည်း ပါဝါစာရွက်ပို့ပေးပြီးလှမ်းမှာလိုက်တယ် ။
ကိုယ့်ပါဝါနဲ့ အဆင်ပြေလားမသိ တပ်လို့ရရင်ပြီးရောဆိုပြီးတပ်ကြတာပဲ ။
အများစုက မျက်မှန်ပက်သက်တဲ့ knowledge ရှိချင်မှလည်းရှိမယ်။
ဒါတွေကို ဆင်ခြင်ဖို့ ဒီအချက်အလက်တွေက သင့်အတွက်လိုအပ်ပါလိမ့်မယ် ။👇👇
မျက်နှာပုံနှင့်လိုက်ဖက်မှုူကိုအရင်ရွေးပါ ။👦
- သင့်ခန္ဓာကိုယ်အမျိုးအစားနှင့်မလိုက်ဖက်တဲ့အဝတ်အစားအသစ်တစ်ခုကိုသင်ဝယ်ကောင်းဝယ်လိမ့်မည်မဟုတ်ပါ။ ဒီလိုပဲ မျက်နှာပုံသဏ္ဍန် ( Face shape )ကလည်းကွဲပြားပါတယ်။
နှလုံးပုံသဏ္ဍာန် - မျက်နှာကျယ်ပြီး မေးရိုးသို့ကျဉ်းသွားတဲ့သူတွေအတွက်ကျ ထောင့်မှန်စတုဂံပုံ ( Rectangular glass)သို့မဟုတ်
စတုရန်းပုံစံမျက်မှန်ကို ရွေးချယ် စဉ်းစားသင့်ပါတယ်။
အဝိုင်းပုံသဏ္ဍာန် - သင့်ရဲ့မျက်နှာကကျယ်ပြီး အဝိုင်းပုံစံယောင်ယောင်ရှိမည် ။အဝိုင်းပုံစံ ကိုင်း သို့မဟုတ် စတုဂံမျက်မှန်ပုံစံကိုရှာဖွေသင့်ပါတယ်။
ဘဲဥပုံ - ဘဲဥပုံရှည်သောမျက်နှာကမည်သည့်ဘောင်နဲ့မဆိုလိုက်ဖက်တယ်ထင်ပေမဲ့အဝိုင်း, စတုဂံ, ဒါမှမဟုတ်ကြောင်မျက်လုံးပုံစံကို သင်ရွေးချင်သင့်ပါတယ်။
စတုရန်းမျက်နှာ - အထူးသဖြင့် jawline မေးရိုး ပတ်ပတ်လည်မှာမျက်နှာပြင်မှာအချိုးအစားနဲ့ကွဲပြားတဲ့ထောင့်တွေတောင်ရှိတယ်။ ဘဲဥပုံသို့မဟုတ် အဝိုင်းပုံစံမျက်မှန်က သင့်အတွက်အထူးကောင်းမွန်ပါတယ်။
သင်၏လက်ရှိ Frame Size ကိုရှာပါ
========================
ကိုယ်နဲ့လိုက်ဖက်တဲ့ frame size ရှာမယ်ဆိုရင် လက်ရှိမျက်မှန်တပ်နေသူဖြစ်ပါက အရိုးရှင်းဆုံးနည်းက ဘေးကိုင်းမှာရေးထားတဲ့နံပါတ်တွေကိုသာ ဖတ်ကြည့်ပါ။
ဥပမာ - 52/37/17 138
အဲ့ဒီအတိုင်းသာ ပြောပြီးမှာလိုက်ပါ ။
မှတ်ချက် . ကိုင်းပုံစံတစ်ခုနှင့်တစ်ခုမတူသဖြင့် အနည်းငယ်ကွဲလွဲချက်ရှိသည် ။
အသေးစိတ်နောက်မှပြောပါ့မယ်။ ခေါင်းရှုပ်သွားမှာဆိုးလို့ ……😁
ပထမဆုံးတပ်မယ်ဆိုပါက မျက်မှန်ကျွမ်းကျင် သို့မဟုတ် ဆရာဝန်ပြရျ်တိုင်းတာမှုူယူပါ ။
ကျွန်တော့ page မှာလည်း မေးမြန်းနိုင်ပါတယ် ။
Online Retailer ကို ရှာဖွေပါ။
====================
Online Retailer တွေက ဒီဘက်ခေတ်မှာ(အထူးသဖြင့် facebook) ပိုရျ်ပေါများ လာတာတဲ့အညီ customer ဘက်ကလည်း ရွေးချယ်ဝယ်ယူတတ်ဖို့လိုပါတယ် ။ မျက်မှန်အကြောင်း ကျွမ်းကျင်သူတွေထံဆီကနေ မှာယူခြင်းက သင့်အတွက် ပိုရျ်စိတ်ချရပါတယ် ။
သင့်အတွက်စိတ်ချရတဲ့ ဝန်ဆောင်မူှများပေးဖို့ကျွန်တော်တို့ Ishare Vision Optical မှအသင့်ဖြစ်နေပါပြီ။
Virtual Try-On ကိုသုံးပြီးမိမိကိုယ်ကိုကြည့်ပါ။
=============================
ဒါကတော့ နိုင်ငံခြားက တစ်ချို့မျက်မှန် website တွေမှာရပါတယ်။
ဒီမှာတော့မရသေးပါ။
ကိုယ့်မျက်နှာကို Scan ဖတ်ပြီးတာနဲဲ့ လိုက်ဖက်တဲ့ ကိုင်း design အစုံ တန်းပေါ်လာတာပဲ ။စိတ်ကြိုက်ရွေးဝယ်လို့ရပါတယ် ။
အားလုံးပဲအဆင်ပြေကြပါစေ ။🙏
=======================================
အြန္လိုင်းကေန မ်က္မွန်ရဝယ္တာလြယ္ပါတယ်။ 👀(Zawgyi)
📢 ဒါပေမဲ့သင့္မ်က်နွာနဲ့လိုက္ဖက္တာကိုဘယ္လိုရြေးမလဲ ?💥
ကျန်ြတ္တောို့ online မွာ မေရမတြက္နိုင်သောစတိုင်တြေနဲ့ဒီဇိုင်းတြေကိုရွာဖြေနိုင္ပါတယ်။ ဒါပေမဲ့ မဝယ္ခင္ကေတာ့ စိတ္ထဲထင္တာ"အေတ္ပာါပဲ" တစ္ကယ္လည်း အိမ်ရောက္လာကော ကြီးတယ်သေးတယ် မ်က်နွာနဲ့ဘယ္လိုမွမအပ္စပ္တာတျြေဖစ္ကုန်ရော။😫
တစ္ခို့ဆို မွန္ထည့္လို့မရတဲ့ကိုင်း တြေကို စေ်းကြီးကြီးရောင်းနေတာတြေ့ကြမွာပါ ။ ဆိုင္မွာလည်း မွန်ြသားထည့်ရော အဆင္မျေပတာတျြေဖစ္ကုန်ရော ။
တစ္ခို့ကလည်း ပြီးပြီးရောဆိုပြီးထည့်ပေးလိုက်ကြတယ် ။
တစိခို့ကလည်း ပါဝါစာရြက္ပို့ပေးပြီးလွမ်းမွာလိုက္တယ် ။
ကိုယ့္ပါဝါနဲ့ အဆင်ျေပလားမသိ တပ္လို့ရရင်ပြီးရောဆိုပြီးတပ်ကြတာပဲ ။
အမ်ားစုက မ်က္မွန္ပက်သက္တဲ့ knowledge ရွိခ်င္မွလည်းရွိမယ်။
ဒါတြေကို ဆင်ျခင္ဖို့ ဒီအခ်က်အလက်တြေက သင့်အတြက္လိုအပ္ပါလိမ့္မယ် ။👇👇
မ်က်နွာပုံနွင့္လိုက္ဖက္မှုကိုအရင်ရြေးပါ ။👦
- သင့္ခန္ဓာကိုယ်အမိုးအစားနွင့္မလိုက္ဖက္တဲ့အဝတ်အစားအသစ္တစ္ခုကိုသင်ဝယ်ကောင်းဝယ္လိမ့္မည္မဟုတ္ပါ။ ဒီလိုပဲ မ်က်နွာပုံသဏ္ဍန် ( Face shape )ကလည်းကျြဲပားပါတယ်။
နွလုံးပုံသဏ္ဍာန် - မ်က်နွာက်ယ်ပြီး မေးရိုးသို့က်ဉ်းသြားတဲ့သူတြေအတြက္က် ထောင့္မွန္စတုဂံပုံ ( Rectangular glass)သို့မဟုတ်
စတုရန်းပုံစံမ်က္မွန္ကို ရြေးခ်ယ် စဉ်းစားသင့္ပါတယ်။
အဝိုင်းပုံသဏ္ဍာန် - သင့်ရဲ့မ်က်နွာကက်ယ်ပြီး အဝိုင်းပုံစံယောင်ယောင်ရွိမည် ။အဝိုင်းပုံစံ ကိုင်း သို့မဟုတ် စတုဂံမ်က္မွန္ပုံစံကိုရွာဖြေသင့္ပါတယ်။
ဘဲဥပုံ - ဘဲဥပုံရွည်သောမ်က်နွာကမည်သည့်ဘောင္နဲ့မဆိုလိုက္ဖက္တယ္ထင်ပေမဲ့အဝိုင်း, စတုဂံ, ဒါမွမဟုတ်ကြောင္မ်က္လုံးပုံစံကို သင်ရြေးခ်င်သင့္ပါတယ်။
စတုရန်းမ်က်နွာ - အထူးသျဖင့် jawline မေးရိုး ပတ္ပတ္လည္မွာမ်က်နျွာပင္မွာအခိုးအစားနဲ့ကျြဲပားတဲ့ထောင့်တြေတာင်ရွိတယ်။ ဘဲဥပုံသို့မဟုတ် အဝိုင်းပုံစံမ်က္မွန္က သင့်အတြက်အထူးကောင်းမြန္ပါတယ်။
သင်၏လက်ရွိ Frame Size ကိုရွာပါ
========================
ကိုယ္နဲ့လိုက္ဖက္တဲ့ frame size ရွာမယ္ဆိုရင် လက်ရွိမ်က္မွန္တပ်နေသျူဖစ္ပါက အရိုးရွင်းဆုံးနည်းက ဘေးကိုင်းမွာရေးထားတဲ့နံပါတ်တြေကိုသာ ဖတ်ကြည့္ပါ။
ဥပမာ - 52/37/17 138
အဲ့ဒီအတိုင်းသာျေပာပြီးမွာလိုက္ပါ ။
မွတ္ခ်က် . ကိုင်းပုံစံတစ္ခုနွင့္တစ္ခုမတူသျဖင့် အနည်းငယ္ကြဲလြဲခ်က်ရွိသည် ။
အေသးစိတ်နောက္မျေွပာပါ့မယ်။ ခေါင်းရှုပ်ြသားမွာဆိုးလို့ ……😁
ပထမဆုံးတပ္မယ္ဆိုပါက မ်က္မွန္ကျမြ်းက်င် သို့မဟုတ် ဆရာဝန်ျပရ်္တိုင်းတာမှုယူပါ ။
ကျန်ြတော့ page မွာလည်း မေျးမန်းနိုင္ပါတယ် ။
Online Retailer ကို ရွာဖြေပါ။
====================
Online Retailer တြေက ဒီဘက်ခေတ္မွာ(အထူးသျဖင့် facebook) ပိုရ်ပေါမ်ား လာတာတဲ့အညီ customer ဘက္ကလည်း ရြေးခ်ယ်ဝယ်ယူတတ္ဖို့လိုပါတယ် ။ မ်က္မွန်ေအကြာင်း ကျမြ်းက်င်သူတြေထံဆီကေန မွာယျူခင်းက သင့်အတြက် ပိုရ်္စိတ္ခ်ရပါတယ် ။
သင့်အတြက္စိတ္ခ်ရတဲ့ ဝန်ဆောင္မွူမ်ားပေးဖို့ကျန်ြတ္တောို့ Ishare Vision Optical မွအသင့်ျဖစ်နေပါပြီ။
Virtual Try-On ကိုသုံးပြီးမိမိကိုယ္ကိုကြည့္ပါ။
=============================
ဒါကေတာ့ နိုင်ငျံခားက တစ္ခို့မ်က္မွန် website တြေမွာရပါတယ်။
ဒီမွာတော့မရေသးပါ။
ကိုယ့္မ်က်နွာကို Scan ဖတ်ပြီးတာနဲ့ လိုက္ဖက္တဲ့ ကိုင်း design အစုံ တန်းပေါ်လာတာပဲ ။စိတ်ကြိုက်ရြေးဝယ္လို့ရပါတယ် ။
အားလုံးပဲအဆင်ျေပကြပါစေ ။🙏
🔥ဒီနေ့ခေတ်မှာလူတိုင်းနီးပါးဟာ   Vision Syndrome (CVS) ရဲ့သားကောင်ဖြစ်နေပါတယ်လို့ပြောရင်မမှားဘူး။အဲ့ဒါကကွန်ပျူတာကိုမျက်စိ...
10/08/2020
🔥ဒီနေ့ခေတ်မှာလူတိုင်းနီးပါးဟာ Vision Syndrome (CVS) ရဲ့သားကောင်ဖြစ်နေပါတယ်လို့ပြောရင်မမှားဘူး။
အဲ့ဒါကကွန်ပျူတာကိုမျက်စိဒါမှမဟုတ်အချိန်ကြာမြင့်စွာအသုံးပြုတဲ့မျက်စိကိုအာရုံစိုက်တာကနေဖြစ်ပေါ်လာတာပါ။
ဒစ်ဂျစ်တယ်ဖန်သားပြင်💻📱 ပေါ်မှာကျွန်တော်တို့ အချိန်များများပေးလေ မျက်စိအတွက်ဘေးထွက်ဆိုးကျိုးများလေပါပဲ ။
ဒါ့အပြင်ဒီဂျစ်တယ်ပစ္စည်းတွေကနေထုတ်လွှတ်လိုက်တဲ့အပြာရောင်အလင်းရဲ့အကျိုးသက်ရောက်မှုကသင့်မျက်လုံးတွေအပေါ်မှာလေးနက်ပြီးရေရှည်အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။
-အချိန်ကြာကြာသုံးလာတာနဲ့အမျှ (dry eyes)မျက်ရည်ခမ်းခြောက်လာစေပါတယ်။👀
လက်တော့ပ်များ၊ တက်ဘလက်များ၊ မိုဘိုင်းဖုန်းများနှင့်ကွန်ပျူတာများပေါ်တွင်အလုပ်လုပ်ရတာ။ အချိန်ပေးနေရတာတွေက ကျွန်တော်တို့ရဲ့မျက်စိကျန်းမာရေးကိုခြိမ်းခြောက်နေတာပါပဲ။
ထို့ကြောင့်အဆင်ပြေသောအမြင်အာရုံအတွက်အပြာဖြတ်စစ်ထုတ်သည့်အဖုံးများဖြင့်မှန်ဘီလူးများ( Blue ray cut)ကိုအသုံးပြုရန်အကြံပြုပါတယ်။
အပြာရောင်ရောင်ခြည်ဖြတ်တောက်ခြင်း(blue ray cut)သည်ဘာ
ကိုဆိုလိုတာလဲ.?
====================================
: - အပြာရောင်ဖြတ်မျက်မှန်များသည်အန္တရာယ်ရှိသောအပြာရောင်အလင်းကိုထင်ဟပ်စေပြီး၎င်းကိုသင်၏မျက်မှန်မှန်ဘီလူးများမှ ဖြတ်၍ သွားခြင်းကိုတားဆီးပေးသောအထူးသုတ်ဆေးတစ်ခုပါတဲ့မှန်တစ်မျိုးပါ။
အပြာရောင်ဖြတ်(blue ray cut)မျက်မှန်အများစုတွင် anti glare coating လည်းရှိသည်။
ဈေးနှုန်းမှာလည်း ကိုယ်သုံးမယ်အနေအထား ပေါ်မူတည်ပြီး ပါဝါအလိုက်အမျိုးအစားများအလိုက် ဈေးနှူန်းကွာဟမူရှိပါတယ်။
Blue light ရဲ့ ဆိုးကျိုးတွေကဘာတွေလဲ ?
==========================
နှလုံးရောဂါနှင့်အဝလွန်ခြင်းစိတ်ကျရောဂါသည် Myopia ကိုဖြစ်ပေါ်စေနိုင်သည်။ သက်ကြီးရွယ်အိုနှင့်ဆက်စပ်သောမက်ကူလာယိုယွင်းခြင်းနှင့်နောက်ကြောင်းပြန်မလှည့်သောအမြင်အာရုံဆုံးရှုံးမှုပင်ဖြစ်သည်။ အိပ်စက်နိုင်ခြင်းကိုတစ်ဖြည်းဖြည်းလျော့ကျစေသည်။
06/08/2020
ဆရာဦးပြည့်အောင်၏
၎/၈/၁၈ ရက်နေ့ထုတ် ကြေးမှုံသတင်းစာပါ ဆောင်းပါးပါ....မျက်စိကျန်းမာရေးဗဟုသုတတိုးပွားကြပါစေ.....
မျက်မှောက်ခေတ် အတွင်းတိမ်ခွဲစိတ်ကုသခြင်း ဆိုသည်မှာ......
အတွင်းတိမ်ခွဲစိတ်ကုသခြင်းဆိုသည်မှာ ကြည်လင်မှုမရှိဘဲ အလင်းပိတ် လျှက် နောက်ကျိ နေသော မျက်စိတွင်းသဘာဝမှန်ဘီလူးကို ဖယ်ရှား၍၊ လူတို့ဖန်တီးထားသည့် မှန်ဘီလူးအသစ်ကို ထည့်သွင်း ပေးခြင်းဖြစ်ရာ ၊ပြည့်ဝသောအမြင်ကို မြန်မြန်ရသောကုသမှုဖြစ်၍ ကာယကံရှင်များ အတွက် အလွန်အကျိုးများပါသည်။
ခွဲစိတ်ကုသရာတွင်လည်း မေ့ဆေးမသုံးဘဲ ထုံးဆေးကိုသာ သုံး၍ကုသသောကြောင့်၊ မေ့ ဆေးကြောင့်ဖြစ်လေ့ ဖြစ်ထရှိသည့် ဘေးထွက်ဆိုးကျိုးများမှ ကင်းဝေးစေမည်ဖြစ်၏။ ထုံဆေးတွင် လည်း ထုံဆေးထိုးဆေးနှင့်ထုံဆေးမျက်စဉ်းနှစ်မျိုးစလုံးကိုသုံးစွဲနေကြပြီဖြစ်ရာ ထုံးဆေးမျက်စဉ်းကို သုံး၍ ခွဲစိတ်ကုသသော နည်းပညာများတွင် ကာယကံရှင်အား ပိုမိုသက်တောင့်သက်သာရှိ စေမည် ဖြစ်ပါသည်။ ထို့ပြင် ခွဲစိတ်ကုသမှုမပြုမီ ကြိုတင်စမ်းသပ်စစ်ဆေးမှုများနှင့် ခွဲစိတ် ကုသမှုခံယူပြီးနောက် စစ်ဆေးမှုများပြုရာတွင်လည်း၊ အတွင်း လူနာအဖြစ် ဆေးရုံတက်ရန်မလိုအပ်ဘဲ ပြင်ပလူနာ အဖြစ်နှင့် မိမိတို့ ပုံမှန်နေထိုင်ရာနေအိမ်မှ သက်ဆိုင်ရာ ဆေးရုံဆေးခန်းသို့ ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွား ရောက်ပြသရန် သာလိုပါသည်။
ခွဲစိတ်ကုသမှုရလာဒ်များအလွန်ကောင်းမွန်ပြီး၊အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှု အခြေအနေမြင့် မားပါ သည်။ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင်လည်း စောဒကတက်ဖွယ်ရာ ဆိုးကျိုးများ အလွန်နည်း ၏။သို့ဖြစ်ရာ အတွင်းတိမ်ရှိသူ မျက်စိဝေဒနာရှင်များအနေဖြင့် မည့်သည့်အချိန်တွင် အတွင်းတိမ်ကို ခွဲစိတ်ကုသမှုခံယူမည်၊မည်သည့်နည်းပညာကိုသုံး၍ ကုသမှုခံယူသင့်သည်၊စသည်များကိုသာ အဓိက ထားဆုံးဖြတ်ပေး ရန်လိုအပ်ပြီး၊ကုသမှုရလာဒ်ကောင်းရန်အတွက် သံသယဝင်ရန် မလိုအပ်တော့ ကြောင်း၊ဟားဗတ်တက္ကသိုလ်နှင့်တွဲဖက်ထားသော မက်ဆာချူးဆက်အထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီးတဦး(Dr. Laura Fine)က ပြောပါသည်။
ခွဲစိတ်ကုမှ မြင်ကြရ
အတွင်းတိမ်သည် အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သည့် သဘာဝဖြစ်စဉ်တခုဖြစ်ပါသည်။ အထူးသဖြင့် အသက်(၈၀)ဝန်းကျင် ပုဂ္ဂုလ်များ၏ ထက်ဝက်ခန့်တွင် အတွင်းတိမ်ရှိနေတတ်ပါသည်။ နှစ်ရှည်လများ တဖြည်းဖြည်း တရွေ့ရွေ့ပြောင်းလဲလာသော သဘောရှိပြီး၊မျက်စိတွင်းရှိ သဘာဝ မှန်ဘီလူးလေး၏ ကြည်လင် သန့်ရှင်းမှုသည်လည်း လျော့ကျလျှက် မသိမသာနောက်၍ နောက်၍လာ ရာမှ အလင်းပိတ်အဆင့်သို့ရောက်ရှိ လာလေသည်။အရောင် အသွေး မှာလည်း ကြည်ရာမှဖြူ ၊ ဖြူရာမှ ညို ၊ ညိုရာမှ ညိုညိုရင့်ရင့် စသည် ဖြင့် ရင့်၍ရင့်၍ လာမည်ဖြစ်၏။မူလအရွယ်ပမာဏထက်လည်း ပို၍ ကြီးလာ မည်ဖြစ်ပါသည်။
အမြင်အာရုံသည်လည်း မျက်စိတွင်းမှန်ဘီလူး၏ အခြေအနေပြောင်းလဲလာသည်နှင့်အမျှ ပို၍ ပို၍ မှုန်လာမည်ဖြစ်၏။ အထူးသဖြင့် အဝေးကြည့်မှုန်လာပြီး၊အတွင်းတိမ်အရင့်ဆုံးအချိန်တွင် မိမိအား နှုတ်ဆက် စကားဆိုလာသူ၏မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရသည့် အမြင်အာရုံ ဆုံးရှုံးလုနီးပါးအခြေ အနေသို့ ရောက် ရှိလာလေသည်။မျက်မှန်လို၍ မျက်စိမှုန်သူများသည် မျက်မှန်တပ်ပါက ကြည်ကြည် လင်လင်မြင်နိုင်သော်လည်း အတွင်းတိမ်ရှိ၍ မျက်စိမှုန်နေ သူမှာ မျက်မှန်တပ်သော်လည်း ကြည်ကြည် လင်လင် မြင်ရမည် မဟုတ်ချေ။ အရောင်အသွေးများကိုလည်း မခွဲခြားနိုင်တော့ဘဲ ရောထွေးလျှက် ရှိ သည့် မကွဲပြားသော အရောင်တမျိုးတည်းကိုသာ မြင်နေရတော့၏။
အတွင်းတိမ်သည် တဖြည်းဖြည်းတရွေ့ရွေ့သာ အမြင်အာရုံ ဆုံးရှုံးလာတတ်သော သဘာဝ ရှိသည်ဖြစ်ရာ ကာယကံရှင်ကိုယ်တိုင် သတိမထားမိသည်ကများပါသည်။သိသိသာသာ မျက်စိမှုန်လာ သော အခြေအနေ(မိမိအား နှုတ်ဆက်စကားဆိုလာသူကိုပင် သဲသဲကွဲ ကွဲမမြင်ရသောအခြေအနေ) ရောက်မှသာ သတိပြုမိတတ်ကြ၏။ စနစ်တကျ မျက်စိစမ်းသပ်စစ်ဆေးခြင်းဖြင့်သာ အတွင်းတိမ်ရှိ/မရှိ သိနိုင်သည်ဖြစ်ရာ၊အသက်(၄၀)မှ(၆၅)နှစ်အတွင်းရှိသူများသည် အနည်းဆုံး(၂)နှစ်တစ်ကြိမ်၊မျက်စိ အထူးကုဆရာဝန်နှင့် ပုံမှန်မျက်စိ စစ်ဆေးမှု ခံယူသင့်ပါသည်။သို့မှသာ အတွင်းတိမ်ရှိ/မရှိ သိနိုင်ရုံမျှ မက အခြားသောမျက်စိရောဂါများ(ရေတိမ်နှင့် အသက်အရွယ်ကြီးရင့်မှုေ ကြာင့်ဖြစ်သော မြင်လွှာ ချို့ယွင်းမှုရောဂါများ)ရှိ/မရှိကိုလည်း သိနိုင်မည်ဖြစ်ပါသည်။
မျက်စိအထူးကုဆရာဝန်သည် ကာယကံရှင်၏ အမြင်အာ ရုံပြတ်သားမှုရှိ/မရှိ(အမြင်စမ်းကဒ် ပြား၊လိုက်ဘောက်နှင့် ပရိုဂျက်တာ အသုံးပြု၍ စာလုံးများ၊ရုပ်ပုံသင်္ကေတများကိုဖတ်ခိုင်း၍) စစ်ဆေး ခြင်း၊လိုအပ်ပါက မျက်စိသူငယ်အိမ်ကိုကျယ်စေသော မျက်စဉ်းခပ်၍ မျက်စိတွင်းအနုကြည့်မှန်ဘီလူး (Slit Lamp)ကိုအသုံးပြု၍၊ မျက်စိ အတွင်းပိုင်းအထိ စစ်ဆေးကြည့်ရှုခြင်း၊စသည်ဖြင့် မျက်စိကျန်းမာ ရေး အခြေအနေများကို အသေးစိတ် စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။ သို့မှသာ အတွင်းတိမ်၊ရေတိမ် နှင့်အသက်ကြီး၍ဖြစ်သော မြင်လွှာ တဖြည်းဖြည်းအားနည်းလာသည့်ရောဂါများကို စောလျှင်စွာသိရှိ နိုင်မည်ဖြစ်ပေသည်။
အမြင်အာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေလျှက် အလင်းရောင်ကောင်းစွာ မဖြတ်သန်းနိုင်တော့သည့် မျက်စိတွင်း သဘာဝမှန်ဘီလူးကိုဖယ်ရှား၍ ကြည်လင်သန့်ရှင်းသည့် လူတို့ဖန်တီးပြုလုပ်ထားသော မှန်ဘီလူး အသစ်ကို အစားထိုးထည့်သွင်းပေးခြင်းသည် အတွင်းတိမ်ခွဲစတ် ကုသမှု၏ ရိုးရှင်းသော နည်း လမ်း ဖြစ်ပါသည်။အတွင်းတိမ်ခွဲစိတ် ကုသမှုကို ခံယူသင့်သောအချိန်မှာ နေ့စဉ်လှုပ်ရှားသွားလာမှုများ တွင် အခက်အခဲဖြစ်လာသည့်အချိန်ပင်ဖြစ်ကြောင်း၊ခွဲစိတ်ကုသမှု မခံယူသ၍ မျက်စိမှုန်နေမှာ ဖြစ် ကြောင်း၊ လှေကားအတက်အဆင်းနှင့် မော်တော် ကားမောင်းခြင်းကဲ့သို့သော အရေးကြီးသည့် အလုပ် များကို လည်း လုပ်နိုင်မှာမဟုတ်ကြောင်း။ မျက်စိအထူးကုဆရာဝန်တဦး(Dr.Fine, Harvard-affiliated Massachusetts General Hospital.) ကပြောပါသည်။ မျက်စိအထူးကုဆရာဝန်၏ အကြံ ပြုချက် အတိုင်းလိုက်နာ၍ အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူခြင်းမပြုဘဲ နှောင့်နှေးကြန့်ကြာနေလျှင်၊ အခြား သော(အသက်အရွယ်ကြီးရင့် မှုကြောင့်မြင်လွှာတဖြည်းဖြည်းယို ယွင်းလာသည့်ရောဂါ ကဲ့သို့ သော) မျက်စိရောဂါများကို ကုသရန် အဟန့်အတားဖြစ်နိုင်သကဲ့သို့၊ အတွင်းတိမ့်ရင့်မှု့ကြောင့်ဖြစ် သော ရေတိမ်လည်း ပေါ်ပေါက် လာနိုင်ပါသည်။
ခွဲစိတ်သမှု မည်သို့ပြု
မျက်စိအထူးကုဆရာဝန်၏ စမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ မျက်စိနှစ်ဖက်စလုံးတွင် အတွင်း တိမ်ရှိနေလျှင်လည်း စိုးရိမ်ဖွယ်ရာ မရှိချေ။မျက်စိခွဲစိတ်အထူးကုဆရာဝန်မှ ပို၍မှုန်သော ပို၍ရင့်သော စောလျှင်စွာခွဲစိတ်ကုသရန်လိုအပ်သည်ဟုယူဆသော မျက်စိတဖက်ကို ရှေးဦးစွာ ခွဲစိတ်ကုသပေး မည်ဖြစ်ပါသည်။ မျက်စိတဖက်ကောင်း စွာမြင်ရပြီးမှ ကျန်တဖက်ကိုဆက်လက်၍ ကုသပေးမည်ဖြစ်ရာ ကာယကံရှင်အတွက် သက်တောင့်သက်သာရှိစေမည်ဖြစ်ပါသည်။ မျက်စိနှစ်ဖက်စလုံး ခွဲစိတ်ကုသပြီးမှ သာ ကားမောင်းခြင်းနှင့် စာဖတ်ခြင်းကဲ့သို့ မျက်စိအားစိုက်ရသည့် အလုပ်များကို အဆင်ပြေပြေဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အတွင်းတိမ်ခွဲစိတ်ကုသမှု နည်းပညာများသည် ကမ္ဘာတဝန်း အထူးဖွံ့ဖြိုးတိုးတက်လျှက်ရှိရာ အရိုးရှင်းဆုံးဖြစ်သော ခွဲစိတ်ရာကျဉ်း ချုပ်ကြိုးမဲ့နည်းပညာ(Small Incision Sutureless Cataract Surgery)ဖြင့် ကုသလျှင်ပင် ၁၅ မီးနစ်မျှသာ ကြာမြင့်လေသည်။ အသံလွန်လှိုင်းဖြင့်အတွင်းတိမ်ကို ခြေဖျက်စုပ်ယူသောနည်းပညာ (Phacoemulsification)ဖြင့်ကုသလျှင် ထိုထက်ပို၍ လျှင်မြန်ပါသည်။ ကုသမှုရလဒ်များ အလွန်ကောင်းပြီး မျက်စိအထူးကုဆရာဝန်ကြီးများ၏ ကျွမ်းကျင်မှုပေါ်မူတည်၍ ၉၇ % မှ ၉၈ % ထိ အောင်မြင်မှုရှိပါ သည်။
သက်တောင့်သက်သာ လိုက်နာပါ
အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်းတွင် လူနာနားနေဆောင်၌ ထုံဆေးပျယ်သည့် အချိန်ထိ တစ်နာရီခန့်သာ နားနေရန်လိုအပ်ပါသည်။ မျက်စိကို ဂွမ်းစငယ်(Eye pad)နှင့် ကာဘာပြား (Eye Shield)တို့ဖြင့် မျက်စိအထူးကုဆရာဝန်က ဖုံးကာပေးထားမည်ဖြစ်ပါသည်။မိမိအိမ်တွင် အကူ တယောက်နှင့်အတူ သက်တောင့်သက်သာ နားနေနိုင်ပါသည်။အလေးအပင် မခြင်း ကိုရှောင်ရန်နှင့် မျက်စိတွင်းသို့ရေမဝင်ရန် အထူးဂရုစိုက်ရပါမည်။ ပုံမှန်လှုပ်ရှားသွားလာမှုများကိုပြု၍ရသော်လည်း၊အင် အားစိုက်ထုတ်၍ လုပ်ရသော အဆောတလျှင်လှုပ်ရှားမှုများကိုမှု ရှောင်ကြဉ်ရပါမည်။ အဓိကရည်ရွယ် ချက်မှာ မျက်စိတွင်းသို့ထည့်ထားသော မှန်ဘီလူး အသစ်အား အသားတကျရှိနေရန်နှင့် မျက်စိတွင်း သို့ ပိုးဝင်ခြင်း မရှိရန်ဖြစ်ပါသည်။မျက်စိအထူးကုဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ၍ မျက်စဉ်းများကိုစနစ်တကျ ခပ်ပေးရန်လည်း အရေးကြီးပါသည်။(ကာယကံရှင်ကိုယ်တိုင် မျက်စဉ်းမခပ်သင့်)
တီဗီကြည့်ခြင်းနှင့်စာဖတ်ခြင်းကဲ့သို့ ပေါ့ပေါ့ပါးပါးအလုပ်များကို လုပ်နိုင်သော်လည်း၊ရှောင် သည်က ပို၍ကောင်းမည်ဟု ယူဆပါသည်။ စူးရှသောနေရောင်ခြည်နှင့် တောက်ပသောအလင်းရောင် (LED မီးသီးကဲ့သို့)များကို လုံးဝရှောင်ကြဉ်ရပါမည်။မျက်စိအထူးကု ဆရာဝန် ကချိန်းဆိုသောနေ့ရက် များတွင် မပျက်မကွက်ပြသရန်လိုပါ သည်။ (များသောအားဖြင့် ခွဲစိတ်ကုသမှုပြုပြီးနောက်နေ့၊နှစ်ရက် ခြား၊ ရက်သတ္တတပတ်ခြား၊နှစ်ပတ်ခြား၊နှစ်လခြား စသည်ဖြင့်၊ကုသမှု လိုအပ်ချက်အရ ချိန်းဆိုမှုများ)
အတွင်းတိမ်ခွဲစိတ်ကုသမှု၏ အပြီးသတ်စစ်ဆေးမှုကို ခွဲစိတ် ကုသပြီးနောက်(ယေဘုယျအား ဖြင့်)နှစ်လအကြာတွင် မျက်စိအထူး ကုဆရာဝန်ကိုယ်တိုင်ပြုလုပ်ပါသည်။မျက်မှန်လိုအပ်ချက်ရှိလျှင် မျက်မှန်ပါဝါရှာဖွေ၍ မျက်မှန်တပ်ရန်ညွှန်ကြားပါသည်။ မျက်မှန် ကူရန်လိုသူများရှိသကဲ့သို့ မျက်မှန် မလိုဘဲ အဝေးကြည့်ကို ကြည်ကြည်လင်လင်မြင်ရသူများလည်းရှိပါသည်။အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူသူများသည် များသောအားဖြင့် အသက်ကြီးသူများဖြစ်ရာ စာကြည့်မျက်မှန်လိုအပ်သူက အများ စုဖြစ်ပါသည်။
အတွင်းတိမ်ရှိ၍မျက်စိမှုန်သူ သက်ကြီးရွယ်အိုများအနေဖြင့်၊ ခွဲစိတ်ကုသမှုခံယူခြင်းဖြင့် လူငယ် လူရွယ်များကဲ့သို့ ပြန်မြင်နိုင်သည့် အခွင့်အရေးကိုရနိုင်သည်ဖြစ်ရာ မျက်စိအထူးကုဆရာဝန်နှင့် စနစ် တကျစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါကြောင်းနှင့် မျက်စိအထူးကုဆရာဝန် မှ အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူရန်အကြံပြုလျှင်၊မိမိ၏ အမြင်အာရုံ တိုးတက်ကောင်းမွန်ရေးအတွက် လိုက်နာသင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။
2020 ဟာဆိုရင် အဆိုးရွားဆုံးနှစ်တစ်နှစ်ပါပဲ။ကမ္ဘာမြေငြိမ်းချမ်းပါစေ ။ 🙏
05/08/2020
2020 ဟာဆိုရင် အဆိုးရွားဆုံးနှစ်တစ်နှစ်ပါပဲ။
ကမ္ဘာမြေငြိမ်းချမ်းပါစေ ။ 🙏
   လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်း(unicode) ကျွန်တော်တို့🇲🇲   မြန်မာနိုင်ငံက မျက်မှန်တပ်ရသူတွေကြားထဲမှာ လေဆာပစ်ပြီး မျက်...
04/08/2020
လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်း(unicode)
ကျွန်တော်တို့🇲🇲 မြန်မာနိုင်ငံက မျက်မှန်တပ်ရသူတွေကြားထဲမှာ လေဆာပစ်ပြီး မျက်စိပါဝါဖျောက်တဲ့နည်းဟာ အခုနောက်ပိုင်းတော်တော်ကြီးကို ခေတ်စားလာပါတယ်။
မျက်စိပါဝါကို လေဆာနဲ့ ဖျောက်တဲ့နည်းဟာ ပေါ်နေတာတော့ကြာပေမယ့် ပြည်တွင်းမှာမရဘဲ ပြည်ပသွားလုပ်ရတာရယ်၊ ကောင်းကျိုးဆိုးကျိုး သေချာမသိတာရယ်၊ မျက်စိကို လေဆာပစ်တယ်ဆိုတော့ ကြောက်တာရယ် စတဲ့အကြောင်းတွေကြောင့် အရင်တုန်းကဆိုရင်
ကျွန်တော်တို့ဆီက မျက်မှန်တပ်ရသူတွေဟာ သိပ်စိတ်မဝင်စားကြပါဘူး။
ပိုက်ဆံတတ်နိုင်တဲ့ သူတွေထဲကတောင် တချို့တလေ လောက်ကပဲ နိုင်ငံခြားသွားပြီး မျက်စိပါဝါလေဆာနဲ့ ဖျောက်တဲ့နည်းကို စမ်းကြည့်ကြပါတယ်။ ✈
အခုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာပဲ လုပ်လို့ရလာတာရယ၊် လုပ်တဲ့သူတွေရဲ့ Review တွေကို ဖတ်ကြည့်ပြီး လေဆာပစ်တယ်ဆိုပေမယ့် ထင်သလောက် အရမ်းကြောက်စရာမကောင်းကြောင်း သိလာတာရယ၊် လေဆာပစ်ပြီးနောက်ပိုင်း သူတို့ တော်တော်အဆင်ပြေနေကြောင်း သိရတာရယ် စတဲ့အချက်တွေကြောင့် လေဆာနဲ့ မျက်စိပါဝါဖျောက်တာကို
စိတ်ဝင်စားစမ်းကြည့်ချင်တဲ့ သူတွေ အတော်လေးများလာပါတယ်။
လေဆာနဲ့ မျက်စိပါဝါဖျောက်တာမှာ
*************************
- Photorefractive keratectomy (PRK)
- Laser-assisted in situ keratomileusis (LASIK)
- Laser epithelial keratomileusis (LASEK)
- Refractive lens exchange (RLE)
- Intraocular lens implants (ICL)
Small incision lenticule extraction(SMILE) စသဖြင့် နည်းတွေအများကြီးရှိပါတယ်။
ဒီလိုနည်းတွေအများကြီးရှိတဲ့ထဲကမှ အသုံးများပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လုပ်လို့ရတဲ့နည်းဖြစ်တဲ့ LASIK (Laser assisted in situ keratomileusis) အကြောင်းကို ပြောပြပါမယ်။
💥 LASIK ဆိုတာ အဝေးမှုန်တာ၊ အနီးမှုန်တာ၊ သူငယ်အိမ်စောင်းတာစတဲ့ Refractive Errors တွေအတွက် ပါဝါလျော့နည်းသွာအောင် မျက်ကြည်လွှာအား လေဆာသုံးပြီး ခွဲစိတ်ပြန်ညှိခြင်းဖြင့် ပြုပြင်ကုသပေးတာဖြစ်ပါတယ်။
💥 Surgery လို့ပြောပေမယ့် လူအများစုထင်သလို မေ့ဆေးသုံးတာ၊ ဓါးသုံးပြီးခွဲကာ ချုပ်ကြိုးနဲ့ပြန်ချုပ်တာတွေမပါပါဘူး။
💥 မျက်မှန်ထူတပ်ရသူတိုင်းတော့ လေဆာနဲ့ ပါဝါလျှော့လို့မရပါဘူး။
အကန့်အသတ်လေးတွေတော့ရှိပါတယ်။
💥 LASIK နည်းဟာ လုံလောက်တဲ့ မျက်ကြည်လွှာအထူရှိပြီး ပါဝါ ၂၀၀ ကနေ ၁၄၀၀ အတွင်းရှိတဲ့ သူတွေမှာပဲ လုပ်လို့ရပါတယ်။ အသက် ၁၈ နှစ်ကနေ ၄၀ အတွင်းပဲ လုပ်သင့်ပါတယ်။
💥 လေဆာနဲ့ မျက်စိပါဝါမဖျောက်ခင်မှာ မျက်ကြည်လွှာလုံလောက်တဲ့ အထူရှိမရှိရယ် မျက်စိပါဝါစစ်ဖို့ရယ် အမြင်အာရုံခံလွှာ ကောင်းမကောင်းစစ်ဖို့ရယ် လိုပါတယ်။
💥 နောက်ပြီး အတွင်းတိမ် ။ ရေတိမ်ရှှိသူတွေအနေနဲ့လည်း လေဆာရောင်ခြည်နဲ့ မျက်မှန်ပါဝါဒီဂရီ မလျှော့သင့်ပါဘူး ။
💥 စတီးရွိက် (Steriod) ဆေးတွေ သုံးစွဲနေသူတွေ ။ ကိုယ်အဂါင်္အစိတ်အပိုင်း အစားထိုးလဲလှယ်ထားတဲ့အတွက် ဆေးမှီဝဲနေရသူတွေ လေဆာရောင်ခြည်နဲ့ ပါဝါမဖျောက်သင့်ပါဘူးလို့ညွန်းပါတယ်။
💥 မျက်စိပါဝါ အမှန်ထွက်ဖို့အတွက် မျက်ကပ်မှန်၊ မျက်မှန်တွေကို နှစ်ပတ်လောက်တော့ ချွတ်ထားရပါတယ်။
💥 မျက်ကြည်လွှာပါးတဲ့သူတွေ ပါဝါ ၁၄၀၀ ကျော်ရှိသူတွေ အသက် ၄၀ ကျော်တဲ့သူတွေ ဆိုရင်တော့ LASIK နည်းအစား တခြားနည်းတွေဖြစ်တဲ့ PRK, RLE, ICL, SMILE စတဲ့နည်းတွေကို သုံးရပါတယ်။
လုပ်ပုံလုပ်နည်းအနေနဲ့ အကြမ်းဖျင်း အများနားလည်အောင် သိသလောက်ပြောရရင်တော့
အောက်ပါအတိုင်း ဖြစ်ပါတယ်။
လူနာဟာ ခွဲခန်း ခုံပေါ်မှာ ပက်လက်အိပ်ရပါတယ်။ တဖက်ချင်းဆီ လုပ်ရတာ ဖြစ်ပါတယ်။
လုပ်မယ့်ဖက်က မျက်လုံး ကိုပြန်မပိတ်အောင် Lid Speculum လေးနဲ့ ထောက်ဖြဲထားပြီး
မျက်လုံးတခုလုံး ကြွတက်လာအောင် စက်ကလေးနဲ့ ဆွဲထားပါမယ်။
ထို့နောက်မှာ ထုံဆေးမျက်စဉ်းခတ်ပြီး မျက်ကြည်လွှာရဲ့ အပေါ်လွှာကို လေဆာသုံးပြီး ဖြတ်ပါမယ်။
ထိုဖြတ်ထားတဲ့ မျက်ကြည်အပေါ်လွှာ (Corneal flap) လေးကို လှန်ပြီး မျက်စိအထူးကုဆရာဝန်ကြီးက လေဆာသုံးကာ မျက်ကြည်လွှာ အနောက်က မျက်ကြည်လွှာတစ်သျှူးတွေကို လေဆာနဲ့ ပြုပြင်ညှိပေးပါမယ်။
ပြီးရင် ဖြတ်ထားတဲ့ မျက်ကြည်လွှာအပေါ်လွှာ (Corneal flap) လေးကို အလိုက်သင့် ပြန်ဖုံးပေးလိုက်ပါတယ်။ ပြန်ချုပ်တာမဟုတ်ပါ။
ကျန်တဲ့ တဖက်ကိုလည်း ထိုနည်းအတိုင်းပဲ လုပ်ပြီးတဲ့နောက်မှာ မျက်စိပါဝါလေဆာနဲ့ ဖျောက်တာ ပြီးသွားပါပြီ။
စုစုပေါင်း ကြာချိန်အနေနဲ့မှ မိနစ်ပိုင်းလောက်ပဲ ကြာပါတယ်။
လွယ်တယ်လို့ ထင်ရပေမယ့် တခုသတိထားရမှာက လေဆာနဲ့ မျက်ကြည်လွှာကို ခွဲစိတ်ပြန်ညှိနေတဲ့ အချိန်ခဏလေးမှာ စိတ်ကို လျှော့ထားပြီး မျက်လုံးကို မလှုပ်မိအောင် ငြိမ်အောင်ထိန်းထားဖို့ လိုပါတယ်။
တအားကြောက်ပြီး လှုပ်တာ မျက်လုံးမှိတ်ဖို့ ကြိုးစားတာတွေလုပ်မိလို့ အခန့်မသင့်ဘဲ မျက်ကြည်လွှာရဲ့ တခြားအစိတ်အပိုင်းတွေပါ ထိခိုက်သွားတဲ့အခါ လေဆာနဲ့ မျက်စိပါဝါဖျောက်တာ မအောင်မြင်တဲ့အပြင် နောက်ထပ်တခါထပ်လုပ်ဖို့ တနှစ်လောက် ထပ်စောင့်ရပါတယ်။
ဒီလိုရေးလိုက်လို့ တအားကြောက်မသွားကြပါနဲ့။ မလုပ်ခင်မှာ လူနာစိတ်ငြိမ်အောင် စိတ်ငြိမ်ဆေးတိုက်ပါတယ်။
LASIK ရဲ့ ကောင်းကျိုးကတော့ မလုပ်ခင်မှာ လုပ်ပြီးမှာရော ဆေးရုံတက်နေစရာမလိုတာရယ် လုပ်တဲ့အချိန်ကလည်း မိနစ်ပိုင်းလောက်ပဲကြာတာရယ် လုပ်ပြီး ၂၄ နာရီလောက်အကြာမှာ မျက်လုံးဖွင့်ကြည့်လို့ရတာရယ်တွေပါ။
သို့ပေမယ့် အမြင်အာရုံ လုံးဝကြည်တောက်ပြီး ကြည့်လို့ကောင်းဖို့ကတော့ ၂လ ၃လ လောက် အချိန်ယူရပါတယ်။
ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲရှိတဲ့အတိုင်း LASIK နည်းရဲ့ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့
– မျက်လုံးခြောက်သွေ့တာ (Dry Eye)
– ညဖက် အလင်းစူးစူးတွေကို မခံနိုင်တာ
– လုပ်နေစဉ်မှာ မျက်လုံးကိုဆွဲဖြဲတာ ဆွဲမ ရတာတွေကြောင့် မျက်သားမှာသွေးခြေဥတာတွေဖြစ်နိုင်ပါတယ်။
အခန့်မသင့်ရင်တော့ မျက်လုံးပိုးဝင်တာ၊ အမြင်အာရုံထိခိုက်တာတွေထိလည်း ဖြစ်နိုင်ပါတယ်။ သို့သော် အဲလောက်ထိဖြစ်တာမျိုးကတော့ အရမ်းရှားပါတယ်။
မျက်လုံးပါဝါ အရမ်းများသူတွေဆိုရင် လေဆာပစ်ပြီးလည်း ပါဝါအနည်းငယ်ကျန်တာမျိုး ဖြစ်နိုင်ပါတယ်။
လေဆာနဲ့ ပါဝါဖျောက်တာဟာ တခါဖျောက်ပြီး တသက်လုံး ပါဝါပြန်မတက်တော့တာမျိုး မဟုတ်ပါဘူး။
အသက် ၄၀၊ ၅၀ အရွယ်လောက်ရောက်ရင် မျက်စိပါဝါပြန်တက်ပြီး အနီးမှုန်ဖြစ်နိုင်ခြေရှိတတ်ပါတယ်။
LASIK လုပ်ပြီးရင် ၂၄ နာရီအတွင်း ရေချိုးလို့မရပါဘူး။ ဒါကြောင့် ခွဲခန်းမဝင်ခင်ကတည်းက
ရေချိုးထားဖို့ လိုပါတယ်။
ခေါင်းလျှော်တာကို တပတ်တိတိ ရှောင်ရပြီး သနပ်ခါးလိမ်းတာ၊ မိတ်ကပ်လိမ်းတာ၊ Skin Care တွေလိမ်းတာ၊ ရေမွှေးသုံးတာ၊ အလှကုန်ပစ္စည်းတွေ သုံးတာတွေကို သုံးပတ်တိတိ ရှောင်ရပါမယ်။
LASIK လုပ်ပြီးတဲ့အခါ ဆရာဝန်ညွန်ကြားထားတဲ့အတိုင်း အရောင်ကျဆေးနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းတွေ ခတ်ဖို့လည်း လိုပါမယ်။
အိပ်နေစဉ်မှာ မျက်လုံးခိုက်မိမှာ စိုးသောကြောင့် မျက်လုံးအကာအကွယ် Eye Shield ကို အိပ်တဲ့အခါ တပတ်တိတိ တပ်အိပ်ရပါမယ်။ အပြင်ထွက်တဲ့အခါမှာလည်း နေရောင်ကိုကာကွယ်ဖို့ နေကာမျက်မှန်တပ်ဖို့ လိုပါတယ်။
မျက်လုံးခြောက်သွေ့တာအတွက် မျက်ရည်တုမျက်စဉ်း ပုံမှန်ခတ်ပေးဖို့ လိုပါတယ်။
တခြား ရှောင်စရာလေးတွေ လိုက်နာစရာလေးတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကိုတော့
လုပ်တဲ့ဆီက ရှင်းပြပြီး စာရွက်အနေနဲ့လည်း ထုတ်ပေးပါတယ်။ အဲ့စာရွက်ထဲကအတိုင်း အတိအကျ လိုက်နာရပါမယ်။
========================
(Zawgyi)
*************************
💥 နောက်ပြီး အတွင်းတိမ် ။ ရေတိမ်ရှိသူတွေအနေနဲ့လည်း လေဆာရောင်ခြည်နဲ့ မျက်မှန်ပါဝါဒီဂရီ မလျှော့သင့်ပါဘူး ။