Zabu Htate Tan Law Firm

Zabu Htate Tan Law Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zabu Htate Tan Law Firm, Legal Service, No. 361, Maharbandoola Road, Yangon.

တစ်နေ့ ကျွန်မရဲ့ရုံးခန်းသို့ အမျိုးသမီးကြီးတစ်ဦးရောက်ရှိလာပြီး ဆရာမ ကျွန်မမှာ သားသမီး(၃)ဦးရှိပါတယ်။ကျွန်မ ခင်ပွန်းလည်းဆု...
23/05/2023

တစ်နေ့ ကျွန်မရဲ့ရုံးခန်းသို့ အမျိုးသမီးကြီးတစ်ဦးရောက်ရှိလာပြီး ဆရာမ ကျွန်မမှာ သားသမီး(၃)ဦးရှိပါတယ်။ကျွန်မ ခင်ပွန်းလည်းဆုံးသွားပါပြီ။ ကျွန်မပိုင်ဆိုင်တာတွေကို အငယ်ဆုံးသမီးကိုပဲ အကုန် ပေးချင်တာပါ။ပေးလို့ရရဲ့လား။ခိုင်မာအောင်ဘယ်လိုလုပ်ရမလဲ ဆိုပြီး လာရောက်မေးမြန်းခြင်းဖြစ်ပါတယ်။

ကဲအမေးရှိပြီဆိုမှတော့ အဖြေရှိရတာပေါ့။

မိတ်ဆွေတို့လည်း မေတ္တာဖြင့်ပေးကမ်းခြင်းနှင့် ပတ်သက်ပြီး ဗဟုသုတ အနေနဲ့ သိရှိအောင် တင်ပြလိုက်ပါတယ်

မြန်မာဓလေ့ထုံးတမ်းဥပဒေ အခန်း(၁၈)တွင် ပေးကမ်းခြင်းအမျိုးမျိုးကို ဖော်ပြထားပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်ပေးကမ်းခြင်း၊ ရှင်ပြုချိန်ပေးကမ်းခြင်း၊ ဘိုးဘွားများကမြေးများအား ပေးကမ်းခြင်း၊ သေခါနီးဆဲဆဲပေးကမ်းခြင်း နှင့် စာချုပ်စာတမ်းနှင့်ပေးကမ်းခြင်းတို့ဖြစ်ပါတယ်။

*မြန်မာဗုဒ္ဓဘာသာဝင်များသည် သေခါနီးဆဲဆဲပေးကမ်းမှုကို ပြုလုပ်လျှင် တရားမဝင်ပါ။

မိခင်၊ဖခင် တစ်ဦးဦးက သူပိုင်ပစ္စည်းအားလုံးကို သားသမီးတစ်ဦးထံကို အကုန်ပေးလို့ မရပါဘူး။ မြန်မာဗုဒ္ဓဘာသာဝင်ဆိုရင် ထိုပေးကမ်းခြင်းကြောင့် ထိုသူကွယ်လွန်တဲ့အခါ အခြားအမွေဆိုင်များ ဝေခြမ်းစရာ အမွေပစ္စည်း မကျန်တော့ရင် အဆိုပါ ပေးကမ်းခြင်းမှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် မညီဆန့်ကျင်နေတယ် မှတ်ယူရပေမည်။

ပေးကမ်းတဲ့အခါမှာလည်း ရွှေ့ပြောငိးနိုင်တဲ့ပစ္စည်း ကို ပေကမ်းမှာလား?
မရွေ့ပြောင်းနိုင်တဲ့ပစ္စည်းပေးကမ်းမှာလား?

ရွေ့ပြောင်းနိုင်တဲ့ပစ္စည်း (ရွှေ၊ ငွေ၊ ကား၊ အခြားပစ္စည်းများ)
ပေးကမ်းမယ်ဆိုရင် စာချုပ်စာတမ်းပြုလုပ်၍ ပေးရန်မလိုပါ။
လက်ရောက် ပေးအပ် လို့ရပါတယ်။

‌မရွေ့မပြောင်းနိုင်သော ပစ္စည်းပေးမယ်ဆိုရင် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ (၁၂၃) အရ စာချုပ်ချုပ်ဆိုပြီး မှတ်ပုံတင်ရန် လိုအပ်ပါသည်။
သို့ပါ၍ အိမ်ခြံမြေ အား မေတ္တာဖြင့်ပေးကမ်းလိုပါက မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးကမ်းမှ တရားဝင်ပါတယ်။

- ထိုသိုပေးကမ်းရာမှ အထမြောက်စေရန် ပေးသူ၊ လက်ခံသူ ရှိရပါမည်။
- ပေးကမ်းသည့်ပစ္စည်းသည် လက်ရှိပစ္စည်းဖြစ်ရမည်၊
-ပေးသူက အဖိုးစားနား မပါဘဲ ပေးကမ်းခြင်းဖြစ်ရပါမယ်။
- ပေးသူက မိမိပိုင် ပစ္စည်းကို လွှဲပြောင်းပေးရပါမည်။
- ပေးသောပစ္စည်းကို ပေးသူ အသက်ရှင်စဉ် ပေးနိုင်သည့် အခြေအနေရှိခိုက် ပေးမှသာ အထမြောက်သည်။အလားတူပင် လက်ခံသူကလည်း အသက်ရှင်စဉ် ပေးခြင်းကို လက်ခံရန်လိုပါသည်။
- စာချုပ်တွင် အသိသက်သေများလက်မှတ်ရေးထိုးရပါမည်။

အောက်မှာဖော်ပြပေးမှာက မေတ္တာဖြင့်ပေးကမ်းစာချုပ်ဖြင့် အမည်ပြောင်းခြင်း ပြုလုပ်ပုံ အဆင့်ဆင့်တွေ ပြောပြပေးထား
ပါတယ်။

၁။ ပထမဦးစွာ သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုဌာန (သို့) မြို့တော်စည်ပင်(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)တို့တွင် မေတ္တာဖြင့်ပေးကမ်းခြင်း မြေပုံ‌မြေရာဇဝင်(ပုံစံ ၁၀၅၊ ၁၀၆)
ကူးရပါမည်။

၂။ မြေပုံမြေရာဇဝင်ရရှိလျှင် ပစ္စည်းရှိရာ မြို့နယ်အခွန်ရုံးမှာ
(က) ပေးကမ်းစာချုပ် မူရင်း/မိတ္တူ
(ခ) အပိုင်ပေးသူ နှင့် လက်ခံသူတော်စပ်ပုံ ကျမ်းကျိန်မူရင်း/မိတ္တူ
(ဂ) ကျန်ညီအစ်ကို၊ မောင်နှမများကန့်ကွက်ရန်မရှိ
သဘောတူကြောင်းကျမ်းကျိန်မူရင်း/မိတ္တူ
(ဃ) ထိုညီအစ်ကိုမောင်နှမများ၏ ခင်ပွန်း/ဇနီးနှင့်သားသမီး
များရှိပါက ကန့်ကွက်ရန်မရှိသဘောတူကြောင်း ကျမ်းကျိန်မူရင်း
(င) ပေးသူ၊လက်ခံသူ တို့၏မှတ်ပုံတင်၊ သန်းခေါင်စာရင်း
(စ) မြေကွက်ပိုင်ဆိုင်မှု အထောက်အထားများ
(ဆ)မြေကွက်၊အိမ် ‌ဓါတ်ပုံ တို့ကို တင်ပြပြီး အခွန်ရုံးမှာသွားရောက်လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ထို့နောက်သက်ဆိုင်ရာ တိုင်းအခွန်ဦးစီးဌာနမှ ပစ္စည်းတန်ဖိုးရာဖြတ်ပေးပါမည်။ ပြီးနောက် မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန် ဆောင်ခြင်းကိစ္စ ဆောင်ရွက်ရပါမည်။

* မေတ္တာဖြင့်ပေးကမ်းရာမှာ ဝင်ငွေခွန်ဆောင်စရာမလိုပါဘူး။ တံဆိပ်ခေါင်းခွန် ၄% ဆောင်ရမှာပါ။

(၃) တံဆိပ်ခေါင်းထုတ်ယူရပြီဆိုလျှင် မှတ်ပုံတင်စာချုပ်ချုပ်ကြီး
ဆိုပါမယ်(စာချုပ်မှတ်ပုံတင်ခ ၀.၅ ပေးသွင်းရမယ်)

(၄)နောက်ဆုံးအဆင့် မြေယာစီမံခန့်ခွဲမှုရုံး(သို့) မြို့တော်စည်ပင်(ရန်ကုန်၊မန္တလေး၊ နေပြည်တော်) တို့မှာ မိမိအမည်ပေါက်ဖို့အတွက် အမည်ပြောင်းခြင်း ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တိုက်ခန်းအတွက် ပေးကမ်းခြင်းဆောင်ရွက်မယ်ဆိုလျှင်
owner book ရှိတဲ့ တိုက်ခန်းအတွက်
အထက်မှာဖော်ပြထားတဲ့အတိုင်း မြို့နယ်အခွန်ဦးစီးရုံးမှာ ဆောင်ရွက်ရမှာ ဖြစ်ပြီး တိုင်းအခွန်ရုံးက တိုက်ခန်းတန်ဖိုးဖြတ်ပေးမှာပါ။ ပေးကမ်းဆိုရင် ဝင်ငွေခွန်ဆောင်စရာမလိုသလို တိုက်ခန်းဖြစ်တဲ့အတွက် တံဆိပ်ခေါင်းခွန် ပါဆောင်စရာမလိုတော့ပါဘူး။
အခွန်ပြီးစီးကြောင်း(ဝင-၈) ရပြီဆိုရင်
သက်ဆိုင်ရာဌာန(မြိ့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ)တို့တွင် ဆက်လက်၍ အမည်ပြောင်းဆောင်ရွက်နိုင်ပါတယ်။

Zabu Htate Tan Law Firm

09 51 74628
09 77 5516904

အမိန့်အမှတ်(၆၃/၂၀၂၀) အရ ဒုတိယအဆင့်အနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် ကြေညာချက်
23/04/2023

အမိန့်အမှတ်(၆၃/၂၀၂၀) အရ ဒုတိယအဆင့်အနေဖြင့် မှတ်ပုံတင်လျှောက်ထားရန် ကြေညာချက်

အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှု အခကြေးငွေများ သတ်မှတ်ခြင်း
23/04/2023

အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှု အခကြေးငွေများ သတ်မှတ်ခြင်း

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် နည်းဥပဒေ
23/04/2023

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် နည်းဥပဒေ

နှစ်သစ်ဆုတောင်းမြန်မာနှစ်သစ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလ...
17/04/2023

နှစ်သစ်ဆုတောင်း

မြန်မာနှစ်သစ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေကြောင်း Zabu Htate Tan Law Firm မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

(26.2.2023)နေ့ မရမ်းကုန်းမြို့နယ်မှာ လိုက်ချုပ်ပေးခဲ့တဲ့ အပြီးသတ်ငွေချေ စာချုပ်လေးပါ။ဝယ်သူ မောင်လေးနဲ့ညီမလေးတို့ နောက်ထပ...
28/02/2023

(26.2.2023)နေ့ မရမ်းကုန်းမြို့နယ်မှာ လိုက်ချုပ်ပေးခဲ့တဲ့ အပြီးသတ်ငွေချေ စာချုပ်လေးပါ။
ဝယ်သူ မောင်လေးနဲ့ညီမလေးတို့ နောက်ထပ် အများကြီး ဝယ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

(၂၂.၂.၂၀၂၃) နေ့က ချုပ်ပေးဖြစ်တဲ့ အပြီးသတ်ငွေချေစာချုပ်ပါ။မြေကွက်များ၊ အိမ်များ ဝယ်တိုင်း အမတို့ law firm နဲပဲ အမြဲတမ်းဆေ...
23/02/2023

(၂၂.၂.၂၀၂၃) နေ့က ချုပ်ပေးဖြစ်တဲ့
အပြီးသတ်ငွေချေစာချုပ်ပါ။
မြေကွက်များ၊ အိမ်များ ဝယ်တိုင်း အမတို့ law firm နဲပဲ အမြဲတမ်းဆောင်ရွက်တဲ့ ဝယ်သူညီမလေးကို အထူးကျေးဇူးတင်ပါတယ်။
နောက်နောင် မြေအိမ်တွေ အများကြီး ဝယ်နိုင်ပါစေ။

မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေဖြစ်တဲ့ အိမ်၊ခြံ၊ မြေ၊ တိုက်ခန်းများ ဝယ်ယူရာတွင် ကန့်ကွက်နိုင်ကြောင်း သတင်းစာ‌ကြော်ငြာ ဘာ...
12/02/2023

မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေဖြစ်တဲ့ အိမ်၊ခြံ၊ မြေ၊ တိုက်ခန်းများ ဝယ်ယူရာတွင် ကန့်ကွက်နိုင်ကြောင်း သတင်းစာ‌ကြော်ငြာ ဘာကြောင့် ထည့်သင့်ပါသလဲ ဆိုတဲ့အကြောင်းအရာကို ရှင်းလင်းပြောပြသွားမှာ ဖြစ်ပါတယ်။

ကျွန်မ လိုက်လံစာချုပ်ချုပ်ဆိုပေးခဲတဲ့ အရောင်းအဝယ်ကိစ္စတိုင်း စရန်စာချုပ်ချုပ်ပြီးလျှင် ဝယ်ယူသူကို ကန့်ကွက်နိုင်ကြောင်း
သတင်းစာ ထည့်သွင်း‌ကြော်ငြာရန် အမြဲတမ်းသတိပေးပါသည်။ အများစုက လက်ခံ၍ ကြော်ငြာထည့်ကြပါတယ်။ တချို့က ကြော်ငြာထည့်ရခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်ဟန်မတူ။ ဂရန်တွေ၊ ပါမစ်စာရွက်တွေ ဆရာမ စစ်ဆေးပြီးမှပဲ ကြော်ငြာဖို့ လိုသေးလားဟု မေးပါသည်။ တချို့ကလည်း ကြော်ငြာခ ထပ်မံ၍ အကုန်အကျမခံလိုသဖြင့် မကြော်ငြာချင်ကြပါဘူး။

***တကယ်တမ်း အမှန်မှာ ကြော်ငြာရန် မဖြစ်မနေ လိုအပ်ပါတယ်။

စစ်ဆေးပြီးစာချုပ်ချုပ်ဆိုပေးတဲ့ ရှေ့နေများက မျက်မြင်အရ စာချုပ်စာတမ်းမူရင်း၊ စာရွက်စာတမ်းမူရင်းများကိုသာ တတ်သလောက်၊ သိသလောက်၊ အတွေ့အကြုံရှိသလောက် ဆင်ခြင်သုံးသပ်၍ ဝယ်ယူရန် သင့်၊ မသင့် ဆုံးဖြတ်၍ ချုပ်ဆိုပေးကြခြင်းဖြစ်ပါသည်။ အဲဒီနောက်ကွယ်မှာ ရှိနေတတ်တဲ့ ပြဿနာအရှုပ်အရှင်းတို့ကို စာချုပ်ပေးတဲ့ ရှေ့နေတွေက သိရှိနိုင်မည် မဟုတ်ပါ။ အိမ်ခြံမြေပိုင်ဆိုင်မှုဆိုတာ အချို့က ရိုးရိုးရှင်းရှင်း ရှိပါတယ်။တချို့က နောက်ကွယ်မှာ အရှုပ်အရှင်း ရှိတတ်ပါတယ်။ ရောင်းချလိုက်တဲ့ ပစ္စည်းက ( အမွေဆိုင်ပြဿနာတွေ ရှိသလား။ တရားရုံးမှာ အမှုဖြစ်နေတဲ့ ပစ္စည်းလား။ အခြားသူကို ရောင်းထားပြီး ထပ်ရောင်း
တာလား။ ပေါင်နှံထားသလား ။ ရောင်းပိုင်ခွင့်မရှိတဲ့သူက ရောင်းတာလား ) စသည့်ဖြင့် ရှိတတ်ကြပါတယ်။

ဝယ်ယူသူအနေဖြင့် ဒီလိုကြော်ငြာထည့်ခြင်းအားဖြင့် အမှန်တကယ် ခိုင်မာသော အထောက်အထားရှိတဲ့ ကန့်ကွက်လိုသူများက တွေ့ရှိပြီး ကန့်ကွက်လာခဲ့ရင် အရောင်းအဝယ်ကိစ္စကို စရန်ငွေ အဆင့်မှာပဲ ဖြေရှင်းလို့ရတာပေါ့။ ငွေကြေးဆုံးရှုံးမှုရှိမယ်ဆိုလဲ အနည်းအပါးပဲ ဖြစ်မှာ‌ပေါ့။ ဝယ်သူအနေဖြင့် ကိုယ့်ငွေလက်မလွန်ခင် စောစောစီးစီး
သိရတဲ့အတွက် အရောင်းအဝယ်ကို ရှေ့တိုးနောက်ဆုတ် ဆုံးဖြတ်
နိုင်မှာပါ။

တကယ်လို့ အပြီးသတ် သိန်းထောင်ချီ၊ ရာချီ ငွေချေပြီးသွားမှ ပြဿနာတွေပေါ်လာရင် ကိုယ့်ငွေလက်လွန်ပြီးမှ ပြန်ရဖို့ ခက်ခဲနိုင်ပါတယ်။ အရောင်းအဝယ်ကိစ္စပြီးမှ ပြဿနာပေါ်ပေါက်ပြီး ဖြေရှင်းရမယ်ဆိုလျှင်တော့ စာချုပ်ချုပ်ဆိုပေးတဲ့ ရှေ့နေရဲ့ ဥပဒေစည်းနှောင်အားကောင်းကောင်းနဲ့ ချုပ်ဆိုပေးထားတဲ့ စာချုပ်စာတမ်းမျိုးကသာ ဝယ်ယူသူအတွက် အကောင်းဆုံး
ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ကိစ္စများတွင် ကန့်ကွက်နိုင်ကြောင်း သတင်းစာကြော်ငြာထည့်ခြင်းသည် ဝယ်ယူသူ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်သည့် အဆင့်တစ်ခု အနေဖြင့် ကြော်ငြာသင့်ပါကြောင်း အကြံပြုလိုပါတယ်။

Zabu Htate Tan Law Firm
09 5174628

(7.2.2023) နေ့ တိုက်ခန်း အပြီးငွေချေစာချုပ် လိုက်ချုပ်ပေးလိုက်ပါတယ်။အထပ်နိမ့်၊ ပေအကျယ်၊ location ကောင်း၊ lift ပါ ၊ ဈေးတန...
08/02/2023

(7.2.2023) နေ့ တိုက်ခန်း အပြီးငွေချေစာချုပ် လိုက်ချုပ်ပေး
လိုက်ပါတယ်။
အထပ်နိမ့်၊ ပေအကျယ်၊ location ကောင်း၊ lift ပါ ၊ ဈေးတန် အခန်းလေး ရသွားတဲ့အတွက် ဝယ်သူတွေကလည်း စိတ်ကျေနပ်သွားသလို ဆောင်ရွက်ပေးရတဲ့ ရှေ့နေကလည်း စိတ်ချမ်းသာရပါတယ်။

Zabu Hate Tan Law Firm
09 5174628

(3.2.2023) မြေ နှင့်နေအိမ် အရောင်းအဝယ် ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
03/02/2023

(3.2.2023) မြေ နှင့်နေအိမ် အရောင်းအဝယ် ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

(22.1.2023) ကြေးမုံသတင်းစာပါ တိုက်ခန်းအရောင်းအဝယ် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ
22/01/2023

(22.1.2023) ကြေးမုံသတင်းစာပါ တိုက်ခန်းအရောင်းအဝယ် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ

Address

No. 361, Maharbandoola Road
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595174628

Website

Alerts

Be the first to know and let us send you an email when Zabu Htate Tan Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zabu Htate Tan Law Firm:

Share

Category