Me Super

Me Super .

မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးဇွန်လ (၂) ရက်နေ့မှစ၍ပြန်လည်ဖွင့်လှစ်မည်သံရုံး ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်င...
27/05/2022

မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးဇွန်လ (၂) ရက်နေ့မှစ၍ပြန်လည်ဖွင့်လှစ်မည်

သံရုံး ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံသားများအတွက် ပုံမှန်နှင့်အရေးပေါ် ဝန်ဆောင်မှုများကိုပြန်လည်လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်းနှင့် ​​ရွှေ့​ပြောင်းဗီဇာ(immigrant visa) အတွက်ကိုမူ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကာအင်တာဗျူးရပ်နားထားရသောသူများကို ဦးစားပေးပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း​ ​ထုတ်ပြန်ထားသည်။

Diversity Visa (DV) အတွက်ကိုမူ ဆွေးနွေးဆဲဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကိုအမှီဖြစ်စေရန် ဂျူလိုင်လမှစတင်ကာ လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ဖို့စီစဉ်နေကြောင်းသိရသည်။

သို့သော် ဇွန်လ (၂) ရက်နေ့ဖွင့်ကာစတွင်မူ ကျောင်းသားဗီဇာ (F - 1) ပြုလုပ်ရန်အတွက်သာ ကြိုတင်ဘွတ်ကင် (appointment) များကိုလက်ခံမည်ဖြစ်သည်။

အမေရိကန်နိုင်ငံသားများအပါအဝင် သံရုံးသို့ လာရောက်သူများအနေဖြင့် အီလက်ထရွန်နစ်ပစ္စည်းများ (Personal electronic devices PED) များနှင့် အရည်များယူမလာရန်လည်းတားမြစ်ထားသည်။

PEDဟုဆိုရာတွင် ကွန်ပျူတာ၊လက်ပ်တော့ပ်၊ရေဒီယို၊ဆဲလ်ဖုန်း၊စမတ်ဖုန်း၊MP3 စက်များ၊ iPad နှင့်အခြား တက်ဘလက်၊လက်ကိုင်ဂိမ်းစက်များ၊စမတ်နာရီများနှင့်ကျန်းမား​ရေးသုံး(fitness) အီလက်ထရွန်းနစ်ပစ္စည်းများပါဝင်သည်။

US လဝက၏စည်းကမ်းချက်များနှင့်အညီ မိမိသွားလိုသောခရီးအပေါ်မူတည်၍ ဗီဇာအမျိုးအစားကိုဆုံးဖြတ်ပြုလုပ်ပေးမည်ဖြစ်သည်။

ဗီဇာ‌လျှောက်ထားသူအနေဖြင့် မိမိလျှောက်လိုသောအမျိုးအစားပေါ်မူတည်၍ လိုအပ်သောစာရွက်စာတမ်းများကို ယူဆောင်လာပြီးတင်သွင်းရမည်ဖြစ်သည်။

သံရုံးမှ ဝန်​ဆောင်မူရပ်နားထားစဥ် ကာလတွင်မြန်မာမှ ဗီဇာ​လျောက်လိုသူများက ဘန်​ကောက်၊ဖလုံချစ် ရှိ
အ​မေရိကန်သံရုံးတွင် လူ​တွေ့​ဖြေခြင်း၊ပတ်ပို့စ်စာအုပ်တင်များပြုလုပ်ပြီး ဗီဇာရယူ​နေကြသည်။

Source - US Embassy in Burma

Website တွင် ဖတ်ရှုရန် >> https://wp.me/paRxJm-jy4

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal

https://www.popularmyanmar.com/ https://www.youtube.com/c/PopularJournalOfficial

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Me Super posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share