JUNO Law Firm

JUNO Law Firm Law Firm

15/02/2025
ကန့်ကွက်နိုင်ကြောင်း
14/02/2024

ကန့်ကွက်နိုင်ကြောင်း

02/09/2023

ရပ်ကွက်ထဲက သူတွေများခက်သလား 😁😁
ကျတော့်ကိုမေးတယ်
😁 ဆရာက ဘာလုပ်တဲ့ရှေ့နေလဲ စာချုပ်ချုပ်တာလား အမှု့လိုက်တာလား ဘာလဲတဲ့ 😎
😅ကျမက အမှု့လိုက်တဲ့ရှေ့နေဆို စာချုပ်မအပ်ချင်ဘူးတဲ့ သူတို့က အိမ်ခြံမြေအကြောင်းမသိဘူးတဲ့
စာချုပ်သီးသန့် ဘဲချုပ်တဲ့သူကို အပ်ချင်တာတဲ့ 😌😌
အော် ခက်ပီ အမိရယ် ရှေ့နေဆိုတာ ရှေ့နေပေါက်စ
တစ်နှစ်ဆရာနောက်လိုက် ရတယ် အမှု့လိုက်ပါဆောင်ရွက်ရတယ် ဒါမှ ထမင်းစားဖို့ အထက်တန်းရှေ့နေလိုင်စင်လေးရတယ် 🥇
ဟော အထက်တန်းလိုက်ပါဆောင်ရွက်ရင်း အမှု့တွေ လိုက်ရင်း ၃နှစ်ပြည့်တော့ တရားလွှတ်တော် လျောက်ရတယ်🥉🥉 ရှေ့နေအလုပ်ဆိုတာ အမှု့မလိုက် ရင် ငတုံးဖြစ်သွားမှာပေါ့ အမိတို့ ပြောတဲ့ စာချုပ်အိမ်ခြံမြေဆိုတာ က ရှေ့နေပညာရပ်ကို လေ့လာလိုက်စားရင်း အပိုဆုလေးရတာကိုပြောတာရယ်🥇🥇🥇 အမိရဲ့ အမှု့ လိုက်ပီး ပြသနာဘယ်လိုဖြစ်ဘယ်လိုပေါ်တယ် သိမှ စာချုပ်မှာစာသားဘယ်လို လုပ်ရမယ်ဆိုတာတွေ ဘယ်လိုဘယ်ပုံ ဥပဒေနဲ့အညီလုပ်ပေးရမယ်ဆိုတာတွေ ပိုသိမှာပေါ့ နကန်းစာတစ်လုံးမှ မသိ ဘဲ ရှေ့နေ ဘယ်ဖြစ်မလဲနော် 😁ကဲအဲ့တော့အမှု့မလိုက်ဖူးတဲ့ရှေ့နေဆိုတာမရှိဘူးခင်ဗျာလို့ 😁
ကျနော် ဖြေလိုက်ပါတယ် ကျနော်က စွယ်စုံ ရှေ့နေပါလို့😇😇😇😇

ချစ်ခြင်းများစွာဖြင့်
Juno
0943132728

20/08/2023

ဝယ်ခွန်-----ရောင်းခွန်ပြဿနာ-----/

💵 ဝယ်သူသည်ဝယ်ခွန်ဆောင်ရမည့်တာဝန်ရှိသလို၊ ရောင်းသူသည်လည်းရောင်းခွန်ဆောင်ရမည့်တာဝန်သည် နဂိုမူလကတည်းကရှိထားပြီးသားပါ။

💵 မြေကွက်တစ်ကွက်ကိုအခွန်ဆောင်အမည်ပြောင်းမည်ဆိုပါက ပုံမှန်အားဖြင့် ဝယ်သူသည်သာ ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန် ၊မှတ်ပုံတင်ကြေး စသည်အခွန်တို့ကို ဆောင်ရပါတယ်။
ယခင်ကဆိုလျှင် သက်ဆိုင်ရာအခွန်ရုံးမှ ရောင်းသူများထံ ရောင်းခွန်(အမြတ်တော်ခွန်) အား
လာရောက်ဆောင်ရန် အကြောင်းကြားစာပေးပို့တယ်။ ဆောင်သူရှိသလို မဆောင်သူများလည်းရှိပါတယ်။
💵 ရောင်းသူဘက်မှ ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးသည့်အခါ အချိန်တန်လျှင် တံဆိပ်ခေါင်းခွန်ဆောင်ပြီးဆိုသည့်နှင့်တပြိုက်နက် ပတခ(ဝင)-၈ စာရွက်အားထုတ်ပေးပါတယ်။ ထိုအခါမှသာ တံဆိပ်ခေါင်းများဖြင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုကြပါတယ်။

💵 ယခုကတော့ အရင်လိုမဟုတ်တော့ပါဘူး။
အခွန်ဦးစီးဌာနတွေက ရောင်းသူဘက်ကိုလည်း အခွန်လိုက်နေပါတယ်။ ရောင်းခွန်လိုက်တာပြဿနာမဟုတ်ပေမဲ့ ဝယ်သူအနေဖြင့်ဆိုလျှင်
ကိုယ့်ဝယ်ခွန် ကိုယ်ဆောင်ရတာပင်လျှင် အခက်အခဲတချို့ကြုံနေရပါတယ်။ ဒါဟာဘာလဲဆိုရင် ဝယ်သူဟာဝင်ငွေခွန်အရင်ဆုံးဆောင်ပါတယ်။ ဝင်ငွေခွန်ဆောင်ပြီးလို့ တံဆိပ်ခေါင်းခွန်ဆောင်ရန်အတွက်ယခင်ကလို သတ်မှတ်ရက်နေ့လာဆောင်
ပါလို့အခွန်ရုံးမှ မချိန်းပေးတော့ပါဘူး။

💵 အခွန်ရုံးအနေဖြင့် ရောင်းသူဘက်ကို မိမိရောင်းချထားသည့်မြေကွက်နှင့်စပ်လျဥ်းပြီးရောင်းခွန်လာရောက်ဆောင်ဖို့ကို ရုံးစာဖြင့် စာတိုက် ကနေတစ်ဆင့်ပေးပို့ ပြီး လာရောက်ဆောင်ခိုင်းနေပါပြီ။
(အောက်တွင် ပူးတွဲဖော်ပြပေးထားပါတယ်။)

💵 ထိုအခါမှာ ဝယ်သူအနေနဲ့အချိန်ကြန့်ကြာမှုတွေဖြစ်ပေါ်လာပါပြီ။ တချို့အရောင်းအဝယ်တွေမှာဆိုရင်ရောင်းသူ( sp)ကိုင်ထားသူမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်ကြီးလိုက်ချုပ်ပေးသည့်နေ့တွင် ကျန်ငွေအချို့အားပေးချေရန် ကတိကဝတ်ထားပြီး အရောင်းအဝယ်မပြတ်သေးသည့် ကိစွရပ်မျိုးတွေမှာဆိုရင် ...ရောင်းသူဘက်မှ ရောင်းခွန်လာမဆောင်ပေးပါ ဝယ်သူအနေနဲ့ ဒုက္ခရောက်ရတာမျိုးတွေရှိနိုင်ပါတယ်။
💵 အချို့ဝယ်သူတွေဆိုရင် ရောင်းသူဘက်မှရောင်း ခွန်လာမဆောင်မချင်း စာချုပ်ကြီးမချုပ်သေးဘဲ စောင့်ဆိုင်းပေးတာမျိုးလည်းရှိပါတယ်။

💵 ရောင်းသူ ဘက်မှ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက်ဆောင်ပေးပြီးမှသာ ဝယ်သူကိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်းခိုင်းပါတော့တယ်။ တံဆိပ်ခေါင်းတွေရမှသာ စာချုပ်ကြီးချုပ်တဲ့
အဆင့်ပြီးပါတယ်။
💵 အချို့ရောင်းသူတွေဆိုလျှင် ငွေဖြူလိုချင်၍ မြေကွက်ရောင်းတိုင်း၊ရောင်းတိုင်းမှာ ရောင်းခွန်ဆောင်နေကြသူတွေလည်း မြင်ဖူးပါတယ်။ တချို့ရောင်းသူတွေကြ ရောင်းပြီးပြီမဆိုင်တော့ဘူးဆိုပြီး
မဆောင်ကြတာရှိပါတယ်။ (ယခုကတော့မဆောင်လို့မရတော့ပါဘူး။)

💵 တချို့အခွန်ဆောင်အမည်ပြောင်းရာမှာ ဂရန်အမည်ပေါက်ဆီကဝယ်သူက အမည်ပေါက်နှင့်တိုက်ရိုက် အရောင်းအဝယ်စာချုပ်ချုပ်ကြတာ
ရှိသလို၊ ဂရန်အမည်ပေါက်သူစီမှ SP or GP ရယူထားသူနဲ့ အရောင်းအဝယ်စာချုပ်ကြီးချုပ်ဆိုကြတာတွေလည်းရှိကြပါတယ်။

💵 SP or GP ယူထားသည့်ရောင်းသူဆီကို အခွန်မလိုက်ဘူးဟုမထင်ပါနှင့်။ ရာဖြတ်တင်သည့်စာချုပ်၌ sp or gp သမားနှင့် အရောင်းအဝယ်ချုပ်ဆိုထားခဲ့ပါက အဆိုပါမြေကွက်၏ ရောင်းခွန်သည်လည်း ထို sp or gp သမားထံ အခွန်ရုံးမှစာပို့ပါသည်။ ဒါကိုဘာလို့ပြောရလဲဆိုရင် အချို့ဝယ်ရောင်းကောက်သည့် သူများသိစေလိုပါတယ်။
အမည်ပေါက်ဆီကဝယ်ပြီး ပြန်ရောင်းမှာဘဲဆိုပြီး sp သာယူထားကြတယ်။ နောက်ဝယ်သူကို ကိုယ်က sp ကိုင်ပြီး လိုက်လံဆောင်ရွက်ပေးကြတဲ့အခါ ယခုလို sp သမားတွေဆီလည်းအခွန်လိုက်ကြတာကိုသိထားဖို့လိုပါမယ်။

💵 ရှေ့နေတွေထဲမှာတောင်ရှိပါတယ် ၊ ဆရာ/ ဆရာမဘဲ အစအဆုံးလိုက်လုပ်ပေးရမှာမို့ ဆရာ/ဆရာမ ဘဲ sp ယူထားပေးပါဆိုပြီးစာချုပ်တွေချုပ်ကြတာတွေရှိပါတယ်။ ယခုလို SP သမားတွေကိုပါအခွန်လိုက်လာတော့ စိုက်ပြီးဆောင်ရမဲ့သဘောလိုဖြစ်နေပြီ😁

💵 ဒါကြောင့် SP ယူထားတိုင်းလည်းမကောင်းပါဘူးနော်။ SP /GP ယူထားသူတွေ ရောင်းခွန်က
ကိုယ့်ဆီလည်းရောက်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်ဟုအကြံပြုရင်း

မူးရင်းရေးသားသူအား လေးစားစွာဖြင့်
ပြန်လည်မျှဝေပေးပါသည်

12/08/2023

💁ရောင်းခွန် 💁
ဆိုတာ အခြေပစ္စည်း တစ်ခုကို ရောင်းချရင် ရောင်းတဲ့ ပစ္စည်းရဲ့ မြတ်စွန်းငွေ အပေါ်အခွန်ထမ်းဆောင်ရတာပါ ပစ္စည်းရောင်းချသူက အခွန်ဆောင်ရပါတယ် နှစ်တစ်နှစ် အတွင်းရောင်းချတဲ့ အခြေပစ္စည်း ရဲ့ မြတ်စွန်းငွေ သိန်း ၁၀၀ မကျော်ရင် အခွန်မကျသင့်ပါဘူး ရောင်းခွန်မှာ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၆ နှင့် ၆ က ပါသက်သာခွင့်နုတ်ပါယ်ခွင့်မရပါဘူး မြတ်စွန်းငွေပေါ် ၁၀%အခွန်ဆောင်ရပါတယ်

💁ဝယ်ခွန် 💁ကတော့ရှင်း ပါတယ် ဝယ်ယူသူရဲ့ပိုင်ဆိုင်မှု့ အတွက် အခွန်ထမ်းဆောင်ရတာပါ စည်းကြပ်မှု့မှ လွတ်ကင်းနေသောဝင်ငွေခေါင်းစဉ်နဲ့ဆောင်ရပါတယ် အခွန်ကတော့ အားလုံးသိထားတဲ့ အတိုင်း တန်ဖိုးဖြတ်သတ်မှတ်တဲ့ အပေါ်
1 ကျပ် မှ ကျပ်သိန်း 3000ထိ 3%
3000သိန်း1ကျပ်မှ 6000သိန်းထိ 5%
6000သိန်း1ကျပ်မှ10000သိန်းထိ 10%
10000သိန်း1ကျပ်မှ ကျပ်သိန်း30000ထိ 15%
30000သိန်း1ကျပ်နှင့်အထက် 30%ပါ
ငွေဖြူပြနိုင်ရင်ပြလို့ရပါတယ်

💁ရောင်းခွန်ဆောင်ထားရင် 👉နောက်ထပ် မရွေ့ပြောင်းနိုင်သောပစ္စည်းရွေ့ပြောင်းနိုင်သော ပစ္စည်းထပ်ဝယ်ရန် စုဆောင်းငွေ အဖြစ်၎င်းလုပ်ငန်းအတွက်မတည်ရင်းနှီးငွေဖြစ်၎င်း 👉ငွေဖြူရပါတယ် 👉အခွန်အသက်ဆက်ပါတယ်

💁ဝယ်ခွန်ကတော့ပိုင်ဆိုင်မှု့အတွက် မို့ 👉တခြားမှာခုနှိမ်ခွင့်ထပ်မရပါ 👈

ချစ်ခြင်းများစွာဖြင့်
Thank Juno
0943132728

10/07/2023

🙅မဝယ်နဲ့ / မလုပ်နဲ့ 🙅

၁။ အိမ်ဌားလက်ရှိ နေနေတဲ့အိမ် အိမ်ဌား မဆင်းဘဲ မဝယ်နဲ့
၂။ ကျူးကျော် ရှိနေတဲ့ မြေကွက် မဝယ်နဲ့
၃။ ရောင်းချသူမှ အခမဲ့ နေထိုင်ခွင့်ပေးသူများ ဝင်ရောက် နေထိုင်နေသောအိမ် ကို မဝယ်နဲ့
၄။ အိမ်/မြေ ကို ဝယ်ယူပီးရင် ရောင်းသူကို ဆက်လက်နေထိုင်ခွင့်မပေးရ
၅။ ဝယ်ယူပီး အိမ်ပေါ် တွင် ရောင်းသူအား
ပြန်လည်ဌားရမ်းခြင်း၊ အခမဲ့နေထိုင်ခြင်း စာချုပ်မချုပ်ရ

💁အဓိက အိမ်/မြေကို ဝယ်ယူမည်ဆိုပါက ပစ္စည်းလက်ရောက်ရယူပါ 💁
Credit ဆရာဦးခင်ဇော် မရမ်းကုန်း

ချစ်ခြင်းများစွာဖြင့် Juno
0943132728

05/07/2023

မြေအမျိုးအစားအလိုက် စာရွက်စာတမ်း စစ်ဆေးရမည့် ပုံစံများ
===================================

အိမ်ခြံမြေဈေးကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာ
ရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက် စစ်ဆေးရမယ့် စာရွက်စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူမယ်ဆိုရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစားအလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝ မတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည်ပေါက် "မှန် မမှန်၊ စစ် မစစ်" ကို သက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။
- ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာတမ်းက နည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာ ရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

- ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။
- ပါမစ်မြေကို ဝယ်ယူမယ်ဆိုရင် ချထားပေးတဲ့ပါမစ် မှန် မမှန်၊
အဆိုပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါတယ်။အင်ထရီဆိုတာက မြေနေရာ အကွက်ချပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကို ပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ်တံဆိပ် ဖြစ်ပါတယ်။
- အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ်ပြီးဖြစ်ကြောင်း
ပါရှိရမှာ ဖြစ်ပါတယ်။ အင်ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေးကွက်အတွင်းမှာ ဈေးနှုန်းကွဲလွဲမှုရှိတယ်လို့ သိရတယ်။
“ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာတန်အကွက်တွေမှာ ဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ ပွဲပျက်တာတွေတောင် ရှိတယ်”လို့ မြန်မာ့ရတနာမြေ အိမ်ခြံမြေအကျိုးဆောင်မှ အမ်ဒီ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။
- ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီး အင်ထရီလည်း ဝင်ထားမယ်ဆိုရင် အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံတင် မိတ္တူ၊သန်းခေါင်စာရင်း မိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်
- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်၊ စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထားတဲ့ နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။
- လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း"ရဲ့ လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ် အခွန်စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။
- အမှန်တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီး အခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင် လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါတယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနက အခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာ မှတ်သားထားလေ့ရှိပါတယ်။
- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင် မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။
- မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနက
မှတ်ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သားထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာနက ပုံစံတူ ရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။
- မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရ မြေကွက်တည်ရှိတဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊ မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။
- ယခုအချိန်မှာ လယ်ယာမြေကို အရပ်သဘော ရောင်းဝယ်နေကြပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေသစ်အရ မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ် ပြောင်းလဲ အသုံးပြု ခွင့်ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါတယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေ ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိရပါမယ်။
- ဒါမှသာ လယ်ယာမြေကို အိမ်ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်းလဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထားပေးတဲ့ စာရွက်ရှိမှ အဆင်ပြေမှာ ဖြစ်ပါတယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ ဆက်စပ်စာချုပ်တစ်ခုရှိရုံနဲ့ ပိုင်ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေရှင်လက်မှတ်

- ရေ မီတာ၊ မီး မီတာ စာရွက်စာတမ်းတွေ လိုအပ်ပါတယ်။ အဲဒီစာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့ သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ် မှတ်တမ်းရှိပြီး ဖြစ်ရမှာ
ဖြစ်ပါတယ်။

Credit: The kumudra journal

03/07/2023

မှတ်ပုံတင်စာချုပ်ချူပ်ဆိုပေးစေလိုမှု့ အကြောင်းလေးရှင်းပြပါရစေ A မှ B ကို အရပ်ကတိစာချုပ်နဲ့ အိမ်နဲ့မြေကိုရောင်းခဲ့ပါတယ် စာချုပ်ထဲမှာ မှတ်ပုံတင်စာချုပ် လိုက်လံချုပ်ဆိုပေးမယ် လို့ပါပါတယ် ။ သို့ပေမယ့် ကာလကြာညောင်းတော့ A ကပျောက် ရော B မှာ မှတ်ပုံတင်စာချုပ်ချုပ်မထားတော့ အမည်ပြောင်းမရဖြစ်နေရော အဲ့ဒါနဲ့ သတင်းစာကနေ ကြော်ငြာ A ကိုရှာ စာချုပ်လာချုပ်ပါ ပေါ့ ပေါ်မလာတော့ တရားစွဲ သူမလာတော့ တစ်ဖက်သတ်နိုင်

မေတ္တာဖြင့်
Juno
0943132728

03/07/2023

အရောင်း အဝယ် မှာ အခွန်အသက်ဆက်ချင်တယ် ဘာလုပ်မလဲ ဥပမာဗျာ

ခင်ဗျားအိမ်တစ်လုံးဝယ်တယ် အမည်ဖောက်တယ် အခွန်ဆောင်တယ် ငွေဖြူရတယ် အဲ့အိမ်ကိုပြန်ရောင်းတယ် ယခင် အမည်ဖောက်တုန်းက အခွန် ငွေဖြူကို ပြန်သုံးချင်သေးတာပေါ့ ဗျာ အိမ်ဝယ်တုန်းက သိန်း 1000 အဲ့သိန်းတစ်ထောင်ပေါ်မှာ ငွေဖြူ စုဆောင်း ခဲ့ပီးပီ ပြန်ရောင်းတယ် သိန်း1500 သိန်း 500မြတ်တယ် အမြတ်ပေါ်မှာ ရောင်းခွန်ဆောင်လိုက် 10% နဲ့ ဒါဆိုခင်ဗျား ရဲ့ အခွန်က အသက်ဆက်ပီပေါ့ဗျာ
အခုလောလော‌ဆယ်တော့ အခွန်နှုံးထားတွေ က မပြောင်းလဲ သေးတော့ 3%နဲ့ အေးဆေးပေါ့ဗျာ
တစ်ချိန် ပြန်ပြောင်းလဲ လာရင် ဒါလေး က အသက်ပဲဗျ

ချစ်ခြင်းများစွာဖြင့်
Juno
0943132728

03/07/2023

မြေအမျိူး အစားများမှာ ဘဏ်အာမခံ အဖြစ် လက်ခံ နိုင်တာ 4မျိုးပဲရှိပါတယ်
1/ ဘိုးဘပိုင် or မြေပိုင်မြေ
2/မြေဌားဂရန်မြေ
3/၁၉၅၄ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက် ဥပဒေ-၃(ခ)အရကင်းလွတ်ခွင့်ရသောမြေ
4/၁၉၅၄ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက် ဥပဒေ-၃၉အရ အခြားနည်းသုံးစွဲခွင့်ပြုသောလယ်ယာမြေ

ချစ်ခြင်းများစွာဖြင့်
Juno
0943132728

Address

No. 913, Sein Pan Myaing Street, 49 Ward, Dagon Myothit (North)
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when JUNO Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JUNO Law Firm:

Share