Khaing Legal Service

Khaing Legal Service Self-care is the best of your health..

19/10/2021

" တိုက်ခန်းမ၀ယ်ခင် သိထားသင့်တဲ့ ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)စာရွက်နဲ့ ဘီစီစီ(BCC)စာရွက် "

လူတော်တော်များများ တိုက်ခန်း၀ယ်ရင် ဘီစီစီပါလား မေးတတ်ကြပါတယ်..။
ဘီစီစီစာရွက်လည်း ပေးလိုက်ရော ဘီစီစီစာရွက်လို့ မသိကြပြန်ပါဘူး..။
ဘီစီစီစာရွက်ကို ဘီစီစီစာရွက်ပါလို့ ပေးပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေကြောင့်လည်း အကျိူးဆောင်၊ပွဲစားများ စိတ်ညစ်ရပါတယ်..။

ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ်..။
အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ်..။

ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာကို ခေါ်တာပါ..။
အဆောက်အဦးပြီးစီးကြောင်း တရား၀င်အသိအမှတ်ပြုတာကို မြန်မာအများစုက မြန်မာမှုပြုလိုက်တာမှာ လူနေခွင့်လို့ ဖြစ်သွားပါတယ်..။ သဘောတရားကတော့ အတူတူပါပဲ..။
အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီဆိုတော့ လူနေလို့ ရပြီပေါ့..။
လူနေလို့ရပြီလို့ သွယ်ဝိုက်အသိပေးတဲ့ ဘီစီစီစာရွက်ဆိုတာ လူနေခွင့်စာရွက်ပေါ့..။

ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်းမြင်ရော လူနေခွင့်ပြုသည်ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူနဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ်..။ ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ၀ယ်သူက သေချာမသိတာပါ..။
ပြောပြတော့လည်း ယုံရမှာလိုလို..၊ မယုံရမှာလိုလို..၊ အကျိူးဆောင်ပွဲစားတွေကပဲ လိမ်တော့မှာလိုလိုတွေ ဖြစ်ကုန်တတ်ပါတယ်..။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။
လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ..။
လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန်( Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ..။

ဘုတ်စိမ်းစာရွက်ပါရင် တရား၀င်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။
တရား၀င်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။
ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။ ဘီစီစီစာရွက်ပါ ပါရပါတယ်..။

ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရား၀င် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။
အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။
လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။

ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး..။
ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။
တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။ တောင်ဥက္ကလာမှာ တရားမ၀င်ဆောက်တဲ့တိုက်..၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်ချို့တစ်ဝက်တော့ ရှိပါတယ်..။)

၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။
၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။
ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။
(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။
အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။
ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်..။ ၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။
(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ စျေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး..။)

တစ်ခါတန်းက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။
(စိတ်ကို တော်တော်လေသွားပါတယ်..။)
**အိမ်ခြံမြေ နဲ့ပက်သက်တဲ့ရှေ့နေကအဆင်ပြေဆုံးဖြစ်ပါတယ်
** အမှုလိုက်တဲ့ ရှေ့နေနဲ့ဆုံလို့ ပိုင်ရှင်ကို တရားခံစစ်သလို စစ်တဲ့အတွက်ကြောင့် အရောင်း/အဝယ် ပျက်မလိုလည်း ကြုံဖူးပါတယ်

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်..။

တိုက်ခန်းမ၀ယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်..။ မိမိနဲ့ တိုက်ခန်း၀ယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ..။

Credit

ိမ်းဘုတ်



သတင်းစာတွေမှာ သားသမီးအဖြစ်က အမွေပြတ်စွန့်လွှတ်ခြင်းဆိုတဲ့ ကြော်ငြာတွေ မကြာခဏတွေ့နေရ ပါတယ် ။ မိဘက သားသမီးကို အမွေပြတ်စွန့...
15/10/2021

သတင်းစာတွေမှာ သားသမီးအဖြစ်က အမွေပြတ်စွန့်လွှတ်ခြင်းဆိုတဲ့ ကြော်ငြာတွေ မကြာခဏတွေ့နေရ ပါတယ် ။ မိဘက သားသမီးကို အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာမှာ ကြေညာရုံနဲ့ သားသမီးတွေ အမွေ ဆက်ခံခွင့် ဆုံးရှုံးပြီလားဆိုတာ သိလိုပါတယ် ။
==============================
သာမန်အားဖြင့် အပြင်အရပ်သားအနေနဲ့ကတော့ သတင်းစာမှာ ကြေညာလိုက်ရုံနဲ့ ပျက်သွားပြီလို့ ထင်ကြ တယ်။ ဒါပေမဲ့ ဥပဒေအရကျတော့ မဆုံးရှုံးနိုင်ပါဘူး။ ဒါက သားသမီးကိစ္စ၊ အမွေကိစ္စ၊ အမွေပျက်တဲ့ကိစ္စတွေက မြန်မာ့ဓလေ့ထုံးထမ်းဥပဒေနဲ့ ပတ်သက်ပါတယ်။ မြန်မာ့ဓလေ့ထုံးထမ်းဥပဒေမှာ ဖြစ်စဉ် တစ်ခုချင်းစီကို ကေ့စ် လုပ်ပြီး rulings ဆိုပြီး စီ ရင်ထုံး ထွက်ပါတယ်။ အဲဒီ စီရင်ထုံးအပေါ်မှာလိုက်နာရတာပေါ့ ။
သူသိလိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ကတော့ သတင်းစာထဲမှာ ကြေညာရုံလောက်နဲ့တော့ အမွေမဆုံးရှုံးပါဘူး။ ဆုံးရှုံး တယ်ဆိုတဲ့အကြောင်းက မြန်မာ့ဓလေ့ထုံးထမ်းဥပဒေမှာ ၃ချက် ရှိပါတယ်။ ပထမအချက်က မိဘကနေပြီး ဒီ သား သမီးကို မွေးစားဖို့ဆိုပြီး အခြားလူတစ်ယောက်ကို ပေးလိုက်တယ်ဆိုရင် အဲ့ဒါကတော့ ဆုံးရှုံးသွား မယ်။ ဒုတိယအချက်က မိဘနှစ်ပါးက ကွာရှင်းပြီးသွားပြီ.. အဲဒီတော့ အမေဘက်က ပါတဲ့သူကလည်း အဖေကို ပြုစု ရမယ်။ အဖေဘက်ပါတဲ့ကလေးကလည်း ကွဲနေတဲ့ အမေကို ပြုစုရမယ်။ အဲဒါကို မပြုစုဘူးဆိုရင် ဒါအမွေဆုံးရှုံး တဲ့ အထဲမှာ အကြောင်း တရားတစ်ခုဖြစ်ပါတယ်။ နံပါတ် ၃က တော့ သားသမီးကျင့်ဝတ် ပျက်ပြားခြင်းဆိုတဲ့ အ ချက်ဖြစ်ပါတယ် ။ အဲ့ဒါကတော့ ကျွန်တော်တို့ သွာနုတ္တဆိုပြီး ဥပဒေမှာ သုံးပါတယ်။ တရားရုံးတွေမှာ သုံးတာ ကတော့ ခွေးနဲ့တူသော သားသမီး ။ အဲဒါကတော့ မိဘက ဆိုဆုံးမမှုကို မလိုက်နာတဲ့ သားသမီး ။ အဲဒီ၃ချက်နဲ့ ညီညွတ်မှ အမွေသားသမီးက ပျက်ပါတယ်။
ကျန်တာကတော့ သားသမီးကလည်း ဖျက်လို့မရဘူး ။ မိဘကလည်း ဖျက်လို့မရဘူး။ အဲ့ဒါကတော့ စီရင်ထုံး ရှိပါတယ်။ နောက်ဆုံး စီရင်ထုံးက ၂၀၀၅ ခုနှစ်က တရားမအထူးအယူခံမှုအမှတ် ၄၉နဲ့ ၅၉ ဒေါ်ရိုနဲ့ ဒေါ်ခင်လှ မြိုင်နဲ့ ဒေါ်မေဘတ်မောင်ဆိုတဲ့ စီရင်ထုံး.. နောက်ဆုံးထုံးဖွဲ့ထားတာရှိပါတယ်။ ယနေ့အထိ စီရင်ထုံးတွေကို လိုက်နာပြီးတော့ အကြုံဝင်နေဆဲဖြစ်ပါတယ်။ အချုပ်ဖြေရမယ်ဆိုရင် ခုနက မေးတဲ့ သတင်းစာထဲ ကြော် ငြာရုံ နဲ့ မပျက်နိုင်ပါဘူးလို့ဖြေချင်ပါတယ်။


#အမွေပြတ်စွန့်လွှတ်



စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါတယ် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်...
04/09/2021

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါတယ် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။
============================

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတယ်ဆိုတဲ့အကြောင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပေါ့ ။ အဲ့ဒီမှာ ပုဒ်မ ( ၁၆ ) ဆိုလို့ရှိရင် အောက်ပါ စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီမှတ်ပုံတင်ရမည်ဆိုရင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အပိုင်ပေးတဲ့စာချုပ်၊ အရောင်းအဝယ်လုပ်တဲ့စာချုပ်၊ ကြော်ငြာတဲ့စာချုပ် စသည် အားဖြင့်ပေါ့ ။ နောက်ကတ္တိမမွေးစားတဲ့စာချုပ် စသည်အားဖြင့် အဲ့ဒီစာချုပ်တွေအားလုံးကို မှတ်ပုံတင်ရမယ်လို့ ( က ) နေ( ဆ ) အထိ ပြဋ္ဌာန်းထားပါတယ်။

နောက်တစ်ချက်က အဲ့ဒီဥပဒေပုဒ်မ ( ၁၇ ) မှာပဲ စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်ပါတယ်။ မတင်ပဲလည်း နေနိုင်တယ်ဆိုတဲ့ စာချုပ်မျိုးပေါ့ ။ အဲ့ဒါတွေက ဘယ်လိုစာချုပ်မျိုးလဲဆိုတော့ တန်ဖိုးငွေ ကျပ် တစ်သိန်းအောက် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ရောင်းချတဲ့စာချုပ်တွေဟာ မှတ်ပုံတင်ရုံးမှာ တင်နိုင်ပါ တယ်။ မတင်ဘဲလည်း နေနိုင်ပါတယ်။ နောက် အပေါင်တန်ဖိုးငွေ ကျပ်တစ်သိန်းအောက်မှာရှိတဲ့ ပေါင်နှံတဲ့ စာချုပ်စာတမ်းတွေဆိုရင်လည်း မှတ်ပုံမတင်ဘဲ နေနိုင်ပါတယ်။

နောက်တစ်ခါ မရွှေ့ပြောင်းနိင်တဲ့ပစ္စည်းတွေကို တစ်နှစ်ပဲငှားရမ်းတယ်ဆိုရင် မှတ်ပုံမတင်ပဲနေနိုင်ပါတယ်။ သေတမ်းစာတွေကို မှတ်ပုံမတင်ပဲ နေနိုင်ပါတယ်၊ နောက်တစ်ခါ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွေကို လည်း မှတ်ပုံမတင်ပဲနေလို့ရပါတယ်။တင်လိုကလဲတင်နိုင်တယ်။

တရားရုံးက ချမှတ်တဲ့ ဒီဂရီတွေ၊ အမိန့်တွေ အနုညာတခုံလူကြီးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မှတ်ပုံတင်တင်လိုက တင်နိုင်ပါတယ်။ မတင်ဘဲ လည်း နေနိုင်ပါတယ်ဆိုပြီးတော့ပေါ့။ ပုဒ်မခွဲ ( က ) နေ ( ည ) အထိ အချက် ( ၁၀ ) ချက်ပြဋ္ဌာန်းထားတာရှိပါတယ်။

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ဖို့ကတော့ အခုကတော့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန။ မြို့နယ်တွေမှာတော့အဲ့ဒီအတိုင်းပဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို တာဝန်ပေးထားပါ တယ်။ ဥပမာ- ရန်ကုန်တိုင်းဆိုရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး ဆိုတာရှိပါတယ်။ အဲ့ဒီရုံးမှာ သွားပြီးတော့တင်ရမှာပါ။ နယ်တွေမှာကတော့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်း အင်းဦးစီးဌာနတွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအဖြစ် တာဝန်ပေးထားတာရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာမြို့နယ်တွေက လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှာ သွားပြီးတော့ မှတ်ပုံတင်နိုင် ပါတယ် ။

#စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ

(Zawgyi)

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါတယ် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။
============================

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတယ်ဆိုတဲ့အကြောင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်တဲ့ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပေါ့ ။ အဲ့ဒီမှာ ပုဒ်မ ( ၁၆ ) ဆိုလို့ရှိရင် အောက်ပါ စာချုပ်စာတမ်းများကို ဥပဒေနဲ့အညီမှတ်ပုံတင်ရမည်ဆိုရင် မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အပိုင်ပေးတဲ့စာချုပ်၊ အရောင်းအဝယ်လုပ်တဲ့စာချုပ်၊ ကြော်ငြာတဲ့စာချုပ် စသည် အားဖြင့်ပေါ့ ။ နောက်ကတ္တိမမွေးစားတဲ့စာချုပ် စသည်အားဖြင့် အဲ့ဒီစာချုပ်တွေအားလုံးကို မှတ်ပုံတင်ရမယ်လို့ ( က ) နေ( ဆ ) အထိ ပြဋ္ဌာန်းထားပါတယ်။

နောက်တစ်ချက်က အဲ့ဒီဥပဒေပုဒ်မ ( ၁၇ ) မှာပဲ စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်ပါတယ်။ မတင်ပဲလည်း နေနိုင်တယ်ဆိုတဲ့ စာချုပ်မျိုးပေါ့ ။ အဲ့ဒါတွေက ဘယ်လိုစာချုပ်မျိုးလဲဆိုတော့ တန်ဖိုးငွေ ကျပ် တစ်သိန်းအောက် မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ရောင်းချတဲ့စာချုပ်တွေဟာ မှတ်ပုံတင်ရုံးမှာ တင်နိုင်ပါ တယ်။ မတင်ဘဲလည်း နေနိုင်ပါတယ်။ နောက် အပေါင်တန်ဖိုးငွေ ကျပ်တစ်သိန်းအောက်မှာရှိတဲ့ ပေါင်နှံတဲ့ စာချုပ်စာတမ်းတွေဆိုရင်လည်း မှတ်ပုံမတင်ဘဲ နေနိုင်ပါတယ်။

နောက်တစ်ခါ မရွှေ့ပြောင်းနိင်တဲ့ပစ္စည်းတွေကို တစ်နှစ်ပဲငှားရမ်းတယ်ဆိုရင် မှတ်ပုံမတင်ပဲနေနိုင်ပါတယ်။ သေတမ်းစာတွေကို မှတ်ပုံမတင်ပဲ နေနိုင်ပါတယ်၊ နောက်တစ်ခါ မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွေကို လည်း မှတ်ပုံမတင်ပဲနေလို့ရပါတယ်။တင်လိုကလဲတင်နိုင်တယ်။

တရားရုံးက ချမှတ်တဲ့ ဒီဂရီတွေ၊ အမိန့်တွေ အနုညာတခုံလူကြီးက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို မှတ်ပုံတင်တင်လိုက တင်နိုင်ပါတယ်။ မတင်ဘဲ လည်း နေနိုင်ပါတယ်ဆိုပြီးတော့ပေါ့။ ပုဒ်မခွဲ ( က ) နေ ( ည ) အထိ အချက် ( ၁၀ ) ချက်ပြဋ္ဌာန်းထားတာရှိပါတယ်။

စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ဖို့ကတော့ အခုကတော့ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန။ မြို့နယ်တွေမှာတော့အဲ့ဒီအတိုင်းပဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို တာဝန်ပေးထားပါ တယ်။ ဥပမာ- ရန်ကုန်တိုင်းဆိုရင်တော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး ဆိုတာရှိပါတယ်။ အဲ့ဒီရုံးမှာ သွားပြီးတော့တင်ရမှာပါ။ နယ်တွေမှာကတော့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်း အင်းဦးစီးဌာနတွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအဖြစ် တာဝန်ပေးထားတာရှိ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာမြို့နယ်တွေက လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှာ သွားပြီးတော့ မှတ်ပုံတင်နိုင် ပါတယ် ။

Crd # DVBLawLab # DVBtvnews
#စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ




EC စာချုပ်ချုပ်တော့မယ်ဆိုရင်EC စာချုပ်နဲ့ပတ်သက်ရင် ဝန်ထမ်းအများစုက ဗဟုသုတ အားနည်းနေကြတာတွေ့ရပါတယ်။စာချုပ်ကို လက်မှတ်သာ ထ...
04/09/2021

EC စာချုပ်ချုပ်တော့မယ်ဆိုရင်

EC စာချုပ်နဲ့ပတ်သက်ရင် ဝန်ထမ်းအများစုက ဗဟုသုတ အားနည်းနေကြတာတွေ့ရပါတယ်။စာချုပ်ကို လက်မှတ်သာ ထိုးလိုက်တယ် သေချာမဖတ်ဖြစ်ကြတာတွေရှိသလို စာချုပ်ကို ဝန်ထမ်းကိုပေးမထားဘဲ ပြဿနာတစ်စုံတစ်ရာ တက်တဲ့အခါ စာချုပ်မှာ ဘယ်လိုထိုးခဲ့တယ် ဒါ့ကြောင့် ဘယ်လိုတော့လုပ်ခွင့်မရှိဘူးလို့အလုပ်ရှင်ဘက်က ပြောပေမယ့် ဝန်ထမ်းဘက်က ဂဃနဏ မသိရတာတွေ အများကြီးတွေ့နေရပါတယ် ။ ဒါ့ကြောင့် EC စာချုပ်နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။
EC စာချုပ်ဆိုတာ Employment Contract မြန်မာလို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီမှုစာချုပ်ကို ဆိုလိုတာ ဖြစ်ပါ တယ်။ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ဝန်ထမ်းတစ်ဦးကို အမြဲတမ်းဝန်ထမ်းအဖြစ် အလုပ်ခန့်ပြီးတာနဲ့ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် စာချုပ်ချုပ်ဆို ရမယ်လို့ ပြဌာန်းထား ပါတယ်။
စာချုပ်မှာဘာတွေပါဝင်ရမလဲ?
စာချုပ်မှာ
(၁)အလုပ်အကိုင်အမျိုးအစား
(၂)အစမ်းခန့်ကာလ
(၃)လုပ်ခ၊လစာ
(၄)လုပ်ငန်းတည်နေရာနှင့်အမျိုးအစား
(၅)စာချုပ်သက်တမ်း
(၆)အလုပ်ချိန်
(၇)နားရက်၊အလုပ်ပိတ်ရက်၊နှင့်ခွင့်ရက်
(၈)အချိန်ပိုလုပ်ကိုင်ခြင်း
(၉)အလုပ်ချိန်အတွင်း အစားအသောက်အစီအစဉ်
(၁၀)နေရာထိုင်ခင်းနှင့်ဝတ်စုံ
(၁၁)ဆေးဝါးကုသခြင်း
(၁၂)အလုပ်ခွင်သို့ကြို၊ပို့ယာဉ်စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း
(၁၃)သင်တန်း
(၁၄) အလုပ်မှနုတ်ထွက်ခြင်းနှင့်အလုပ်မှရပ်စဲခြင်း
(၁၅)စာချုပ်ရပ်စဲခြင်း
(၁၆)အလုပ်ရှင်၏တာဝန်ဝတ္တရားများ
(၁၇)အလုပ်သမားများ၏တာဝန်ဝတ္တရားများ
(၁၈)အလုပ်ခန့်ထားမှုသဘောတူညီချက် စာချုပ်အား အလုပ်ရှင်၊အလုပ်သမားနှစ်ဦး သဘောတူဖျက်သိမ်းခြင်း
(၁၉)အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုများကို ဖြေရှင်းခြင်း
(၂၀) စာချုပ်စည်းကမ်းများကို ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊
(၂၁)စာချုပ်အသက်ဝင်သည့်ရက်စွဲ
(၂၂)တာဝန်ရှိမှုများ
(၂၃)အထွေထွေ
လုပ်ငန်းခွင်စည်းကမ်းများ(နောက်ဆက်တွဲအဖြစ်ထည့်သွင်းရန်) စတဲ့အချက်တွေပါဝင်ရမှာဖြစ်ပါတယ် ။

စာချုပ်ချုပ်တဲ့အခါ အလုပ်ရှင်၊အလုပ်သမား တစ်ဖက်စီ လက်မှတ်ထိုးရမှာဖြစ်သလို အလုပ်ရှင်ဘက်က အသိသက်သေတစ်ဦး ၊အလုပ်သမားဘက်က အသိသက်သေ တစ်ဦးတို့လည်းပါဝင်လက်မှတ်ရေးထိုးရမှာပါ ။ စာချုပ်ကို မူရင်း ၃ စုံ ချုပ်ဆိုရမှာဖြစ်ပြီး အလုပ်ရှင်တစ်စုံ၊အလုပ်သမားတစ်စုံ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တစ်စုံဖြန့်ဝေပေးရမှာပါ ၊

စာချုပ်ပါစည်းကမ်းတွေက တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ညီညွတ်မှုရှိရမယ့်အပြင် အလုပ်သမားရဲ့အကျိုး ခံစားခွင့် တွေက လည်း တည်ဆဲဥပဒေ ပါ ခံစားခွင့်တွေအောက်ယုတ်လျော့လို့မရပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရမယ့်အခြေအနေ‌ပေါ်ပေါက်လာတယ်ဆိုရင် အလုပ်သမားကို သတ်မှတ်ထားတဲ့ နစ်နာကြေးပေးရမှာဖြစ်ပါတယ်

မိမိသဘောအရ အလုပ်ကနှုတ်ထွက်မယ်ဆိုရင် ?

စာချုပ်သက်တမ်းမပြည့်ခင် အလုပ်သမားဘက်က မိမိသဘောဆန္ဒအရ အလုပ်ကနှုတ်ထွက်မယ်ဆိုရင် အနည်းဆုံး တစ်လကြိုအသိပေးရမှာဖြစ်ပြီး ဒီလိုအခြေအနေမှာတော့ အလုပ်ရှင်ဘက်က နစ်နာကြေးပေးစရာမလိုပါဘူး။ပေးဖို့ကျန်တဲ့ လုပ်ခကျန်ငွေနဲ့ လုပ်သက်ခွင့်အတွက်ခံစားခွင့်ငွေကြေးတွေကိုသာ ပေးပြီး နှုတ်ထွက်ခွင့်ပြုရမှာဖြစ်ပါတယ်။ဒါပေမယ့် အလုပ်ရှင်ရဲ့ကျခံမှုနဲ့သင်တန်းတွေတက်ရောက်ခဲ့မယ်ဆိုရင် တက်ရောက်ခဲ့တဲ့သင်တန်းကြေးတွေကို ပေးလျော်ပြီးမှသာ နှုတ်ထွက်ခွင့်ရှိမှာပါ ။ လုပ်သက် ၃ နှစ် အထက် ထမ်းဆောင်ခဲ့သူဆိုရင်တော့ သင်တန်းကုန်ကျစရိတ်ပြန်ပေးစရာမလိုပါဘူး။

ပြစ်မှုကြောင့် အလုပ်မှရပ်စဲခံရမယ်ဆိုရင် ?

ပြစ်မှုကျူးလွန်ပြီးအလုပ်ကရပ်စဲခံရမယ်ဆိုရင် အလုပ်ထုတ်နစ်နာကြေးရရှိမှာမဟုတ်ပါဘူး ။ လုပ်ခကျန်ငွေကို သာရရှိမှာဖြစ်ပါတယ်။

ဒီလောက်ဆို EC စာချုပ်နဲ့ပတ်သက်ပြီး အတော်လေးသိလောက်ပြီထင်ပါတယ်။

#ဥပဒေရေးရာ
#အလုပ်အကိုင်ခန့်ထားမှူဆိုင်ရာသဘောတူစာချုပ်



“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတ...
22/08/2021

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ်
လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"

အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့
အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့
အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ
လုပ်ဆောင်ရာမှာ နှစ်ဦးနှစ်ဖက်သတိထားသင့်၊ သိထားသင့်တဲ့
အချက်တွေ ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က
ပြောပါတယ်။

အိမ်ခြံမြေရောင်း၀ယ်ရာမှာ တချို့ ၀ယ်လက်တွေက
အခွန်ရှောင်ချင်တဲ့အခါမှာ အရောင်းအ၀ယ်စာချုပ်နဲ့ တစ်ခါတည်း
လွှဲပြောင်း မချုပ်ဆိုကြဘဲ ဒီလို အထွေထွေ ကိုယ်စားလှယ်လွှဲစာ
တွေ၊အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့သာ အလုပ်လုပ်ထား
ကြလေ့ ရှိပါ တယ်။

အခွန်ရှောင်ချင်တဲ့အတွက် ဒီလို အလွယ်တကူ လုပ်ထားပေမဲ့
တကယ်တမ်း မှာ သိထားရမယ့် အရေးကြီးတဲ့အချက်တွေ
ရှိနေပါတယ်။

* အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ်လွှဲစာ
တွေ လုပ်ဆောင်ရာမှာ အကြီးအကဲ
(လွှဲပေးတဲ့သူ၊ တစ်နည်းအားဖြင့် ရောင်းချသူပိုင်ရှင်) ဟာ
- သေဆုံးခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်သွားခြင်းကြောင့်
ဖြစ်စေ၊
- ထောင်နှစ်ရှည်ကျလျှင်ဖြစ်စေ၊
- ကြွေးမြီမှ ကင်းလွတ်စေရန်အတည်ဖြစ်လျက် ရှိတဲ့ ဥပဒေ
တစ်ရပ်ရပ်အရ ကြွေးမဆပ်နိုင်တဲ့ လူမွဲစာရင်းဖြစ်ကြောင်း
စီရင်ဆုံးဖြတ်ခြင်းခံ ရခြင်းကြောင့်ဖြစ်စေ၊
ဒီလိုအကြောင်းတရား တွေကြောင့် အထူးကိုယ်စားလှယ်လွှဲစာ၊
အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေဟာ ဆုံးခန်းတိုင်ပြီး
ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ဒီအချက်တွေကို
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀၁ မှာ အတိအလင်း ဖော်ပြ
ထားကြောင်းလည်းအိမ်ခြံမြေလောကမှာ နှစ်ပေါင်း ၃၀ နီးပါး
အတွေ့အကြုံရှိထားတဲ့ ကြည်စိုး (IC) က ပြောပါတယ်။

ဒီလို ကိုယ်စားလှယ်လွှဲစာတွေ ပျက်ပြယ် ရတဲ့ အထက်မှာ
ဖော်ပြခဲ့တဲ့ အကြောင်းရင်း တွေထဲကတစ်ခုကို ဥပမာပြရရင်
လူတစ် ယောက်က အိမ်မြေပိုင်ရှင်တစ်ယောက်ဆီက
သိန်း ၁၀၀ တန်အိမ်မြေကို အထူးကိုယ်စား လှယ်လွှဲစာနဲ့
စာချုပ်ချုပ်ပြီး ငွေချေလိုက်ပါ တယ်။ နောက်တစ်နေ့မှာ
အဲဒီရောင်းချလိုက်တဲ့ ပိုင်ရှင်က သေဆုံးသွားခဲ့တယ်ဆိုရင်
အဲဒီ အထူးကိုယ်စားလှယ်လွှဲစာကအကျုံးမ၀င် တော့ဘဲ
ပျက်ပြယ်သွားမှာမျိုးဖြစ်ပါတယ်။

ဒါ့ပြင်
- ဒီကိုယ်စားလှယ်လွှဲစာတွေကို စနစ် တကျနဲ့ ပြန်ရုပ်သိမ်း
နိုင်ရင်လည်း ပျက်ပြယ်သလို
- ကိုယ်စားလှယ် (ပိုင်ရှင်)က ကိုယ်စားလှယ်လုပ်ငန်းကို
ဆောင်ရွက်ရန် ငြင်းပယ်ခြင်းကြောင့်ဖြစ်စေ၊
- ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်းကြောင့် ဖြစ်စေလည်း
ပျက်ပြယ်ပါတယ်။

*** ဒီကိုယ်စားလှယ်လွှဲစာတွေမှာ သက်တမ်းမရှိသလို
စိတ်ပေါ့သွပ်နေသူနဲ့ အသက် ၁၈ နှစ်အောက်က လွဲပြီး
စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကာ
ကြိုက်တဲ့သူကို လွှဲနိုင်ပါတယ်။ ***

ဒါပေမဲ့ ဒီကိုယ်စားလှယ်လွှဲစာတွေဟာလွှဲတဲ့သူရော၊ အလွှဲခံတဲ့
သူပါ သတိထားကြ ရမှာ ဖြစ်ပါတယ်။
အထူးကိုယ်စားလှယ်လွှဲစာနဲ့အထွေထွေကိုယ်စားလှယ်လွှဲစာမှာ
*** အထွေ ထွေကိုယ်စားလှယ်လွှဲစာဟာ အကန့်အသတ်မရှိ
ပါဝါပေးတာဖြစ်ပြီး အလွှဲခံရသူ လုပ်သမျှ၊ ဖြစ်သမျှ ပြဿနာကို
မူလပိုင်ရှင်ဟာ ရှောင်လို့မရတာကြောင့်ပေါ့ပေါ့ဆဆ
မလုပ်သင့် ဘူး *** လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အခုလိုအချိန်အခါမှာ အိမ်ခြံမြေ ရောင်း ၀ယ်ရာမှာ ကျင့်သုံးရမယ့်
အခွန်စနစ်ဟာ ၀ယ်လက်တွေအတွက်ခေါင်းခဲစရာ ဖြစ်နေ
ပါ တယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာတွေကို ပိုအာရုံကျနေ
ကြဖွယ်ရှိလို့သတိထားသင့်တဲ့ အချက်တွေကို သိထားပြီးမှ
အလုပ်လုပ်သင့် ကြောင်း အကျိုးဆောင်တချို့က
အကြံပြု ပါတယ်။

အဆင့်ဆင့် လက်ဆင့်ကမ်း ဝယ်ယူလာကြပြီး
နောက်ဆုံး၀ယ်ယူထားသူအနေနဲ့
မူလပိုင်ရှင် (သို့မဟုတ်) GP/SP လွှဲအပ်ခံထားရတဲ့သူ
ရှာမရခဲ့ဘူးဆိုလျှင် သက်ဆိုင်ရာတရားရုံးကနေ
အနိုင်ဒီဂရီရယူပြီး အဆိုပါ အနိုင်ဒီဂရီနဲ့
၀ယ်သူအမည်ပေါက် (အမည်ပြောင်း) လို့ ရပါသည်။

#ဥပဒေရေးရာ
#အထူးကိုယ်စားလှယ်လွှဲစာsp
#အထွေထွေကိုယ်စားလှယ်လွှဲစာGP


18/08/2021

ဟိန္ဒူဘာသာ၀င်များ လက်ထပ်ထိမ်းမြားခြင်း -

👩‍❤️‍👨ဟိန္ဒူဘာသာအရထိမ်းမြားရေးသည်လူမှုရေးထက်ဘာသာရေးအတွက်ဖြစ်သည်။ထ်ိမ်းမြားခြင်းသည်ပဋိညာဉ်သဘောမျှသာ မဟုတ်ဘဲ ဘာသာရေးနှင့်ဆိုင်သော မင်္ဂလာတစ်ခုဖြစ်သည်။ ထို့ကြောင့် ထိမ်းမြားပြီးနောက် လင်မယားကွာရှင်းရေးကို ခွင့်မပြုပေ။ နောက်အိမ်ထောင်ပြုခြင်းကိုလည်း ခွင့်မပြုပေ။ တစ်ခါအိမ်ထောင်ပြုပြီး သေပြီးသည့် နောက်ပိုင်းအထိ ဆက်လက်တည်ရှိနေဘိသကဲ့သို့ ဖြစ်လေသည်။

👩‍❤️‍👨ဘာသာရေးအရဆိုလျှင် ထိမ်းမြားမင်္ဂလာပြုရာ သတို့သမီးအတွက်သော်လည်းကောင်း ၊ သတို့သားအတွက် သော်လည်းကောင်း အသက်အရွယ် ကန့်သတ်ချက် မထားရှိချေ။ သို့ရာတွင် ၁၉၃၁ ခုနှစ် ကလေးသူငယ်များ ထိမ်းမြားလက်ထပ်ရေး တားဆီးကန့်သတ်သည့်ဥပဒေအရ သတိုးသားသည် အသက် ( ၁၈ ) ထက် မငယ်စေရ ပါ။ သတို့သမီးသည် အသက် ( ၁၄ ) နှစ်ထက် မငယ်စေရပါ။ အရေးကြီးသည် အချက်မှာ ဟိန္ဒူ ဘာသာအရ ထိမ်းမြားလျှင် သတို့သားနှင့်သတို့သမီး ဇာတ်တူဖြစ်ရမည်။

👩‍❤️‍👨၁၉၂၃ ခုနှစ် အထူးထိမ်းမြားမှုရေးအက်ဥပဒေအရ ဇတ်မတူသူ အချင်းချင်းထိမ်းမြားရေးကို ခွင့်ပြုထားပါသည်။ အမွေခွဲဝေခွင့်နှင့် လင်မယား ကွာရှင်းခွင့်များကို ဟိန္ဒူဥပဒေအရ လိုက်နာရန်မလိုချေ။

👩‍❤️‍👨သွေးသားတော်စပ်ခြင်းကြောင့် ထိမ်းမြားခြင်းကို ပိတ်ပင်တားမြစ်ချက်များလည်း ရှိလေသည်။

👩‍❤️‍👨မိမိဖခင်မှဆင်းသက်၍ အမျိုးတော်စပ်သော မိန်းကလေးကို ယောကျာ်းကလေးက လက်ထပ်ထိမ်းမြားခြင်းကို ခွင့်မပြုပေ။

👩‍❤️‍👨ဟိန္ဒူဘာသာဝင်များ ထိမ်းမြားရေးအရ သတို့သမီးအဖေဖြစ်စေ၊ အဖေဘက်မှ အဘိုးဖြစ်စေ၊ အဖေဘက်မှ အခြားဆွေမျိုးများက ဖြစ်စေ ထိမ်းမြားရေးအတွက် ခွင့်ပေးနိုင်ပါသည်။ ထိုပုဂ္ဂိုလ်များမရှိသည်အခါမှသာ သတို့ သမီး၏အမေက ထိမ်းမြားရန် ခွင့်ပေးနိုင်ပါသည်။

👩‍❤️‍👨ထိမ်းမြားမင်္ဂလာအခမ်းအနားတွင် အင်္ဂါရပ် ( ၃ ) ရပ် ပြည်စုံရန် လိုအပ်ပါသည်။
( ၁ ) ထုံးစံအရ လက်ဆောင်ပေးခြင်းနှင့်လက်ခံခြင်း၊
( ၂ ) ဘာသာတရားနှင့်စပ်ဆိုင်သော မီးဖိုခြင်း ၊ ထိုမီးဖိုကို ပူဇော်သက္ကာယပြုခြင်း၊
( ၃ ) သတို့သားက သတို့သမီးနှင့်အတူ အဆိုပါ မီးဖိုကိုပတ်၍ ( ၇ ) ရက်လမ်းလျှောက်ရခြင်း ၊ ( ၇ ) လှမ်း လှမ်းပြီးသည့် အချိန်မှသာလျှင် မင်္ဂလာကိစ္စ ပြီးပြည့်စုံသည်ဟု ယူဆပါသည်။

👩‍❤️‍👨ထိမ်းမြားမှုကြောင့်ပေါ်ပေါက်လာသည့် တာဝန်များ
=====================

(၁) သတို့သမီးသည် လင်ယောကျာ်း၏အုပ်ထိန်းမှုအောက်သို့ရောက်ရှိ၍ လင်ယောကျာ်းနှင့်အတူ နေထိုင်ရ ခြင်း၊

(၂) မယားသည် လင်ယောကျာ်းနှင့် ပေါင်းသင်းနေထိုင်ခွင့်ရှိခြင်း၊

(၃) မယားသည် လင်ယောကျာ်းထံမှ အထောက်အပံ့ ရနိုင်ခွင့်ရှိခြင်း ၊

👩‍❤️‍👨သို့ရာတွင် မယားဖြစ်သူသည် လင်ယောကျာ်း အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်လျှင်သော်လည်းကောင်း၊ ကူးစက်တတ်သော ဝေဒနာခံစားနေရသောအခါတွင်လည်းကောင်း လင်ယောကျာ်းနှင့် ခွဲခွာ၍ နေနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ လက်ထပ်ထိမ်းမြားရေးကိစ္စမှာ ပျက်ပြယ်သွားခြင်း မရှိနိုင်ပေ။

(ဦးဗကြိုင် (ဘီအေ၊ဘီအယ်လ်) ၊ ခရစ်ယာန်လာသာ၀င်၊မိုဟာမေဒင်ဘာသာ၀င် ၊ ဟိန္ဒူဘာသာ၀င်တို့နှင့် သက်ဆိုင်သော ဥပဒေသိမှတ်ဖွယ်ရာအဖြာဖြာ၊ စာ ၅၅ )

အလုပ်ထုတ်နစ်နာကြေးနှုန်းထားများ #အမိန့်ကြော်ငြာစာအမှတ်(၈၄/၂၀၁၅)  #ဥပဒေ  #အလုပ်ထုတ်နစ်နာကြေး
18/08/2021

အလုပ်ထုတ်နစ်နာကြေးနှုန်းထားများ
#အမိန့်ကြော်ငြာစာအမှတ်(၈၄/၂၀၁၅)


#ဥပဒေ

#အလုပ်ထုတ်နစ်နာကြေး

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်သက်ဆိုင်သော ပြစ်မှူများအား စုံစမ်းစစ်ဆေးဖော်ထုတ်ရာတွင်လိုက်နာဆောင်ရွက်ရမည့် အထောက်အက...
18/08/2021

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်သက်ဆိုင်သော ပြစ်မှူများအား စုံစမ်းစစ်ဆေးဖော်ထုတ်ရာတွင်လိုက်နာဆောင်ရွက်ရမည့် အထောက်အကူပြုလမ်းညွှန်ချက် ညွှန်ကြားချက်အမှတ် ၁/၂၀၂၀

17/08/2021

မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

လူတစ်ယောက်အတွက်၊ မိသားစုအတွက် နေထိုင်စရာ ကျောတစ်ခင်းစာ နေရာဟာ မရှိမဖြစ် ဖန်တီးဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးအသပြာလေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင် –
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘပိုင်မြေဆိုရင်

(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit : Ra Wai

🔔ဆေးတစ်ချို့ ရောက်ပါပြီရှင့်… အသစ်ရောက်ရှိလာသော ဆေးများနှင့် လူကြီးမင်းတို့ လိုအပ်သောဆေးများ ပြန်လည်မှာယူလို့ရပြီဖြစ်ပါတ...
09/08/2021

🔔ဆေးတစ်ချို့ ရောက်ပါပြီရှင့်… အသစ်ရောက်ရှိလာသော ဆေးများနှင့် လူကြီးမင်းတို့ လိုအပ်သောဆေးများ ပြန်လည်မှာယူလို့ရပြီဖြစ်ပါတယ်။ အရေအတွက်နည်းနည်းပဲပါလို့ မြန်မြန်မှာမှ စိတ်ချရမယ်ရှင့်..

💊USA made brand ထဲက D3 အစား SV Company မှ တင်သွင်းတဲ့ Vitamin D3 10000 iu ကို လဲရောင်းချပေးနေပါတယ်

🔸 SV D3 10000 iu (180 softgels)
Price - 24000
🔸 Life Extension Zinc 50 mg
Price - 15000
🔸 Life Extesnsion Vitamin K2 Low Dose
Price - 20000
🔸 Life Extension Buffered Vitamin C Powder
Price - 38000

🥰တစ်ဗူးလုံးမဝယ်ချင်သူများအတွက်လဲ ခွဲရောင်းပေးနေပါပြီ

🔹 SV D3 10000iu
အလုံး 30 = 4500
🔹 Life Extension Vitamin K2 Low Dose
အလုံး 30 = 7500
🔹 Life Extension Zinc 50 mg
အလုံး 30 = 6000

☎️ မှာယူလိုပါက cb or 09972081051 သို့ ဖြစ်စေ viber မှ ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါသည်။

☑️☑️ UK/USA made စစ်စစ်ဖြစ်ကြောင်းအာမခံခြင်းနှင့်အတူ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။

🚙 ဘူးလိုက်မှာယူပါက မန္တလေးမြို့တွင်း နေ့ချင်း Deli Free နဲ့ပို့ပေးပါတယ်။ ကျန်မြို့များကိုတော့ ငွေလွှဲဝင်တာနဲ့ ကားဂိတ်မှတစ်ဆင့် ပို့ပေးပါတယ်။

30/07/2021

Supplement Suggestions ( အတို )

ကပ်ကြီးပြီးလျှင် ဒီ post ဖျက်ပါမည်။

ဗိုက်တာမင် D3 ပမာဏများများ သောက်ပြီးသူများအနေနဲ့ ဗိုက်တာမင် K2 တွဲသောက်တာအပြင် မက်ဂနီဆီယမ်ကိုပါတွဲသောက်စေချင်ပါတယ်။ ကယ်ဆီယမ် နှင့် မက်ဂနီဆီယမ် ဟန်ချက်ညီညီတွဲဖက်အလုပ်လုပ်လျှင် ဇီဝလုပ်ငန်းပိုမို အဆင်ပြေပါလိမ့်မည်။

ရွေးချယ်စရာတွေအနေနဲ​့

( ၁ ) magnesium oxide - ဝမ်းချုပ်သူများအတွက်
( ၂ ) magnesium citrate - အစာခြေစနစ်ကို ပံ့ပိုးပေး
( ၃ ) Neuro Mag or Mag Mind ( magnesium threonate ) - ဦးနှောက်အကျိုးပြုပြီး အိပ်ပျော်စေ
( ၄ ) magnesium glycinate - အသည်းအကျိုးပြုပြီး အိပ်ပျော်စေ
( ၅ ) magnesium malate - နာကျင်မှုသက်သာ
( ၆ ) Life Extension magnesium cap 500 mg - citrate , oxide နှင့် saccinate ပါ၍ ဝမ်းမှန်၊ အစာကြေစေနိုင်
( ၇ ) Jigsaw Magnesium မှာ magnesium အပြင် magnesium ရဲ့ အားဖြည့်အဟာရတွေပါ၍ ပိုသင့်တော် ဒါပေမယ့် ဈေးကြီး

✅ ကျောက်ကပ်လုပ်ငန်းလျော့ကျသူ ( eGFR -30 ) အောက်ဆိုလျှင် magnesium မသောက်သင့်

✅ ကျောက်ကပ်ကျောက်ရှိသူ သောက်လို့ရ

ဗိုက်တာမင် D3 , K2 နှင့် magnesium တစ်ပြိုင်တည်းသောက်ချင်သူအနေနဲ့ D3 plus သောက်လို့ရပါတယ်။

D3 plus မှာ ဗိုက်တာမင် D3 , K2 နှင့် magnesium အပြင် zinc နှင့် အရိုးနာကျင်မှုကို ပျောက်စေတဲ​့ boron ပါဝင်ပါတယ်။

ဆေးလုံးများများမသောက်ချင်သူ D3 plus သောက်လို့ရပါတယ်။

​ဒေါက်တာဖြိုးမောင်မောင်

ယစ်မျိုးလိုင်စင်လျှောက်ထားခြင်းယစ်မျိုးလိုင်စင်ရယူနိုင်သူများ၁။ မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေ ၇(က) (၁) (၂) (၃) အရအောက်ပါ...
30/07/2021

ယစ်မျိုးလိုင်စင်လျှောက်ထားခြင်း

ယစ်မျိုးလိုင်စင်ရယူနိုင်သူများ

၁။ မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေ ၇(က) (၁) (၂) (၃) အရအောက်ပါပုဂ္ဂိုလ်များကိုလိုင်စင် ခွင့်ပြုချထား ပေးနိုင် ပါသည်-
(က) နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊

(ခ) မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေအရဖွဲ့စည်းထားသောကုမ္ပဏီ(သို့မဟုတ်) အဖွဲ့အစည်း၊

(ဂ) အစုစပ်လုပ်ငန်းတစ်ခု။

၂။ ယစ်မျိုးနည်းဥပဒေ ၃၃ က(၂) အရယစ်မျိုးနာမည်ပျက်စာရင်းကြေငြာထားသော အောက်ပါပုဂ္ဂိုလ်များအား ချထားပေးခြင်းမပြုရပါ-
(က) အာမခံမပေးနိုင်သောရာဇဝတ်မှုဖြင့်အပြစ်ပေးခံရသူ၊

(ခ) လူမွဲစာရင်းဝင်သူ၊

(ဂ) ယစ်မျိုးအက်ဥပဒေအရအပြစ်ပေးခြင်းခံရသူ၊

(ဃ) ယစ်မျိုးခွန်ပေးဆောင်ရန်ပျက်ကွက်၍ လိုင်စင်ပယ်ဖျက်ခံရသူ၊

(င) ယစ်မျိုးဥပဒေနှင့် လိုင်စင်စည်းကမ်းဖောက်ဖျက်၍ လိုင်စင်ပယ်ဖျက်ခံရသူ၊

(စ) လေလံဆွဲ၍ အခြားလေလံဆွဲဝယ်နေသူများထံမှ ငွေကြေး(ပန်းကြေး)တောင်းခံလေ့ ရှိသူ။

၃။ ယစ်မျိုးလိုင်စင်များကို ယခင်ကပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်ခွင့်ပြုချထားခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီး ဌာန၏ (၄-၁၀-၂၀၁၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၄၂/၂၀၁၁ဖြင့် ထုတ်ပြန်သည့် ယစ်မျိုးနည်းဥပဒေများ ကို ပြင်ဆင်သည့်နည်းဥပဒေများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြု ချထားခဲ့ပြီး ယစ်မျိုးလိုင်စင်သက်တမ်းမှာဧပြီလ (၁)ရက်နေ့မှ နောက်နှစ်မတ်လ (၃၁)ရက်နေ့အထိတစ်နှစ် သက်တမ်းသာ ဖြစ်ပါသည်။
ယစ်မျိုးလိုင်စင်လျှောက်ထားရာတွင်ပါဝင်ရမည့်အချက်များ
၄။ ယစ်မျိုးလိုင်စင်များကိုဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ခွင့်ပြုချထားပေးလျက်ရှိရာ ယစ်မျိုးလိုင်စင်ရယူလိုသူ သည် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့် အတူ လျှောက်ထားရပါသည်-
(က) ယစ်မျိုးလိုင်စင်လျှောက်လွှာ၊

(ခ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊

(ဂ) သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊

(ဃ) သက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်၊

(င) ပတ်ဝန်းကျင်နေထိုင်သူများ၏ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်။



အခြားလိုအပ်သောအထောက်အထား
၅။ နိုင်ငံသားနှင့်ဖက်စပ်ဆောင်ရွက်သည့် ကုမ္ပဏီအသင်းအဖွဲ့များအနေဖြင့် လျှောက်ထားမည် ဆိုပါက အောက်ပါ အထောက်အထားများ ထပ်မံလိုအပ်မည်ဖြစ်ပါသည်-

(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်၊

(ခ) ကုမ္ပဏီ(သို့မဟုတ်)အသင်းအဖွဲ့ကိုယ်စားတာဝန်ခံ ဆောင်ရွက်မည့်သူအား တာဝန်ပေးအပ်သည့် အထောက်အထား၊

(ဂ) ကုမ္ပဏီ(သို့မဟုတ်)အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မိတ္တူ။

Photo credit

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959760313519

Website

Alerts

Be the first to know and let us send you an email when Khaing Legal Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Legal Service:

Share

Category