Pyi Thu Yadanar - Legal Consultancy Co.,ltd

Pyi Thu Yadanar - Legal Consultancy Co.,ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyi Thu Yadanar - Legal Consultancy Co.,ltd, Legal Service, No-1117/A, Shwe Hnin Si/5th Street (B) , (5 )Quarter , Mayangone Township, Yangon.

မြန်မာနိုင်ငံရှိ စီးပွါးရေးလုပ်ငန်းရှင်များအတွက် ဥပဒေဆိုင်ရာ ကိစ္စရပ်များအတွက် အကြံပေးဆောင်ရွက်ပေးခြင်း၊ စာချုပ်စာတမ်းများ စစ်ဆေးဆောင်ရွက် ချုပ်ဆိုပေးခြင်းနှင့် လုပ်ငန်းလိုင်စင်များလျှောက်ထား ဆောင် ရွက် ပေးလျှက်ရှိပါသည်။

ကုန်စည်များအပေါ်တားမြစ် အမိန့်ထုတ်ပြန်ခြင်း၂၀၂၆-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်
20/02/2026

ကုန်စည်များအပေါ်တားမြစ် အမိန့်ထုတ်ပြန်ခြင်း
၂၀၂၆-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်

💎💎 We Are Hiring 💎💎1.  Legal Assistant Position Female (5)ဦး🛎️ 💢 Job Requirements👇(၁)ဥပဒေဘွဲ့ (L.L.B ) (သို့) အထက်တန်းရှ...
27/01/2026

💎💎 We Are Hiring 💎💎

1. Legal Assistant Position Female (5)ဦး
🛎️ 💢 Job Requirements👇

(၁)ဥပဒေဘွဲ့ (L.L.B ) (သို့) အထက်တန်းရှေ့နေ
(၂) အသက်(၂၀ -၃၀)နှစ်အတွင်း
(၃) ပုံမှန် ရုံးတက်နိုင်သူ ဖြစ်ရမည်။
(၄) ကွန်ပျူတာဖြင့် စာရိုက်နိုင်သူဖြစ်ရမည်။

(သင်ယူလိုစိတ်ရှိပြီး အများနှင့်လိုက်လျော ညီထွေပူးပေါင်းဆောက်ရွက်နိုင်သူဖြစ်ရမည်)

💢အစမ်းခန့်ကာလကုန်လွန်ပြီး အမြဲတမ်း ဝန်ထမ်းဖြစ်ပါက ရေရှည်အလုပ်လုပ်နိုင်သူ
💢 ရန်ကုန်မြို့တွင်းသွားလာနိုင်သူ(ကားမမူးသူ)
💢 Office ပိုင်းလျှောက်ထားသူဖြစ်ပါက (မြန်မာစာစာစီစာရိုက်ကျွမ်းကျင်၊စကားအပြောအဆိုပြေပြစ်ပြီး ဖုန်းလက်ခံပြောနိုင်သူ)

💢တကိုယ်ရည်သန့်ရှင်းမှုရှိပြီး ရုံးနှင့်ကိုက်ညီသောအနေအထိုင်၊ဝတ်စားဆင်ယင်နိုင်သူ
💢Basic Salary-3*****MMK
💢ရုံးချိန်Monday -Satday (9:00 AM -5:30PM)လိုအပ်ပါက အချိန်ပိုဆင်းနိုင်သူ(+OT Fees)
💢ရုံး၏စည်းကမ်းများကို လိုက်နာနိုင်သူ၊ ရုံးချိန်မှန်သူ
💢CV & Certificate➡️ 09777756742 (Viber)♻️

💢ရှေ့နေ လုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားပြီး ရိုးသားကြိုးစား၍ ဘဝကိုတိုးတက်ချင်စိတ်ရှိသူများကိုသာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

☎️ 09777756742 Viber)
☎️ 09446666275, 09446666276

💢ရုံးဖွင့်ချိန်〰️နံနက် ၉:၀၀ - ညနေ ၅:၃၀
💢ရုံးဖွင့်ရက်〰️Monday - Sat day
[Sunday & Public Holiday Off]

♻️ Office Google Map ♻️

https://maps.app.goo.gl/QdEVMjQPsxtGw1no7?g_st=iv

♻️ Office〰️အမှတ်(၁၁၁၇/A)၊ ရွှေနှင်းဆီ(၅)လမ်း-B၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။


#အလုပ်ခေါ်စာ # ရှေ့နေ

“ အိမ်ခြံမြေများ ဝယ်ယူပြီးနောက် တရားဝင် အမည်ပေါက် ပြောင်းလဲရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ”
27/01/2026

“ အိမ်ခြံမြေများ ဝယ်ယူပြီးနောက် တရားဝင် အမည်ပေါက် ပြောင်းလဲရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ”

အသိပေးကြေညာချက်(4/2025) ရက်စွဲ။2025ခုနှစ်၊ဒီဇင်ဘာ (31)ရက်၁။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်အ...
06/01/2026

အသိပေးကြေညာချက်(4/2025)

ရက်စွဲ။2025ခုနှစ်၊ဒီဇင်ဘာ (31)ရက်

၁။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်အပါအဝင် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို Myanmar Trade net 2.0 စနစ်မှ 24နာရီ 7ရက်ပတ်လုံး လျှောက်ထားနိုင်ပြီး စနစ်မှ ပြန်လည်ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ စနစ်အတွင်း သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားမှုများ ဖောင်းပွမှုမရှိစေရေးအတွက် 2026ခုနှစ်၊ ဇန်နဝါရီလ 1ရက်မှ စတင်၍ စနစ်အတွင်းလျှောက်ထားသည့် လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းများကို ရက်ပေါင်း 180 သတ်မှတ်သွားမည်ဖြစ်ပါသည်။

၃။ လိုင်စင်များလျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုလျှင် အမျိုးတူပစ္စည်းများဖြစ်ပါက ပြက္ခဒိန်တစ်လအတွင်း တစ်စောင်သာ လျှောက်ထားရန်နှင့် တစ်စောင်ကိုသာ အတည်ပြုခွင့်ပြုသွားမည်ဖြစ်ပါသည်။

၄။ လိုင်စင်/ပါမစ်လျှောက်လွှာသက်တမ်းရက်ပေါင်း 180 ကျော်လွန်သည့် လျှောက်ထားမှုများကို Myanmar Trade net 2.0စနစ်မှ ပယ်ဖျက်ခြင်း ( Auto Cancel ) ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။


ကုန်သွယ်ရေးဦးစီးဌာန

(၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
04/01/2026

(၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

💎ကုန်အမှန်တံဆိပ်တွေကို ဘာကြောင့် မှတ်ပုံတင်ထားသင့်လဲ? 💎             ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၉၃(က)အရ ကုန်အမ...
02/01/2026

💎ကုန်အမှန်တံဆိပ်တွေကို ဘာကြောင့် မှတ်ပုံတင်ထားသင့်လဲ? 💎

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၉၃(က)အရ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာမတည်မီက မှတ်ပုံတင် အက်ဥပဒေနှင့်အညီ စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင် (သို့) မှတ်ပုံမတင်ထားသော်လည်း နိုင်ငံတော်စျေးကွက် အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်ပိုင်ရှင်များသည် မှတ်ပုံတင်အမှတ်တံဆိပ်ဆိုင်ရာအခွင့် အရေးကို ရရှိလိုပါက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့်အညီ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပါသည်။

စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ နိုင်ငံတော်၏ စျေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်များသည် မိမိအသုံးပြုထားသည့် အမှတ်တံဆိပ်၏ ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှုများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားမှသာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသည် အမှတ်တံဆိပ်ပိုင်ရှင်များအတွက် ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် ( First to Use System )ဖြစ်သဖြင့် ဦးစွာအသုံးပြုလျှောက်ထားသူအနေဖြင့် ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရရှိနိုင်မည်ဖြစ်သော‌ကြောင့် မိမိတို့၏အမှတ် တံဆိပ်များကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ စောလျင်စွာ မူပိုင်ခွင့်လျှောက်ထားသင့်ပါသည်။
ဆက်သွယ်စုံစမ်းမေးမြန်းလိုပါက -

☎️ 09777756742, 09446666275

🏘️ အမှတ်-1117/A၊ ရွှေနှင်းဆီ(၅)လမ်း-B ၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
📧 [email protected]

အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း နှင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြ...
01/01/2026

အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း နှင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား မှတ်ပုံတင်ပြီးကြောင်း ထုတ်ပြန်ကြေညာခြင်း (အသိပေးကြေညာချက်အမှတ် ၁/၂၀၂၆) ကို မူပိုင်ခွင့်ဦးစီးဌာန၏အောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

https://ipd.gov.mm/translate/publication-for-opposition-of-trademark

2026 နှစ်သစ်မှာ ကျန်းမာ ရွှင်လန်းကြပါစေ။
01/01/2026

2026 နှစ်သစ်မှာ ကျန်းမာ ရွှင်လန်းကြပါစေ။

Merry Christmas
25/12/2025

Merry Christmas

Money Changer လိုင်စင်ရ ကုမ္ပဏီများမှ ထည့်ဝင်ထားသည့် မတည်ရင်းနှီးငွေအား အခွန်ဆောင်ပြီးကြောင်း အထောက်အထား တောင်းခံခြင်း
21/12/2025

Money Changer လိုင်စင်ရ ကုမ္ပဏီများမှ ထည့်ဝင်ထားသည့် မတည်ရင်းနှီးငွေအား အခွန်ဆောင်ပြီးကြောင်း အထောက်အထား တောင်းခံခြင်း

💎💎💎ကုမ္ပဏီအသစ်တည်ထောင်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားဖို့ လိုအပ်ပါတယ်။ 💎💎💎DICA မှာ ကုမ္ပဏီမှတ်ပုံတင်ခြင်းဟာ စီးပွားရေးလုပ်...
20/12/2025

💎💎💎ကုမ္ပဏီအသစ်တည်ထောင်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားဖို့ လိုအပ်ပါတယ်။ 💎💎💎

DICA မှာ ကုမ္ပဏီမှတ်ပုံတင်ခြင်းဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ဖို့ အတွက် ခွင့်ပြုလိုက်ခြင်း မဟုတ်ပါဘူး။ ကုမ္ပဏီတစ်ခုကို ဥပဒေနှင့်အညီ မွေးဖွားသန့်စင်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အများစုက DICA မှာ မှတ်ပုံတင်လိုက်ပြီဆိုတာနဲ့ လုပ်ငန်းအားလုံး လုပ်ကိုင်ခွင့် ရတယ်လို့ အထင်မှား တက်ကြပါတယ်။ အမှန်တကယ်က ၂၀၁၇-နှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ကုမ္ပဏီများမှတ်ပုံတင်ခွင့်ပြုပေးခြင်းသာဖြစ်ပါတယ်။

ကုမ္ပဏီတစ်ခုတည်ထောင်ပြီးပါက မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ နှစ်စဉ်နှစ်တိုင်း DICA မှာ နှစ်စဉ်အစီရင်ခံစာ AR (Annual Return) ပြန်လည်တင်ပြဖို့လဲ လိုအပ်ပါတယ်။ နှစ်စဉ်အစီရင်ခံစာ တစ်နှစ်တစ်ကြိမ် တင်သွင်းရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေများ ပေးသွင်း ရမည်လည်းဖြစ်ပါသည်။

သတ်မှတ်ရက်အတွင်း နှစ်စဉ်အစီရင်ခံစာ (AR )တင်ပြခြင်းမရှိပါက သတ်မှတ်ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည့်အပြင် Suspended (ဆိုင်းငံ့)ခံရမည်ဖြစ်ပါသည်။ Suspended (ဆိုင်းငံ့) ခံရပြီးနောက် နှစ်စဉ်အစီခံစာ(AR)တင်သွင်းရန် ထပ်မံပျက်ကွက်ခဲ့ပါက မိမိ၏ ကုမ္ပဏီကို ပယ်ဖျက်စာရင်းသွင်းခံရမည်ဖြစ်ပါသည်။

ထိုကဲ့သို့ ကုမ္ပဏီအား ပယ်ဖျက်စာရင်းသွင်းခံရပါက တရားရုံးအမိန့်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

ကုမ္ပဏီအသစ် တစ်ခုတည်ထောင်သူများအနေဖြင့် အထက်ပါ အချက်အလက်တွေကို မဖြစ်မနေ သိကို သိထားဖို့လိုအပ်ပါတယ်။

ကုမ္မဏီအသစ်တည်ထောင်လိုများအနေဖြင့် အသေးစိတ် ထပ်မံသိရှိစုံစမ်းမြန်းလိုပါက ပြည်သူ့ရတနာကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်မေးမြန်းလိုပါက -

☎️ 09777756742, 09446666275

📧 [email protected]

🏘️ အမှတ်(၁၁၁၇/A)၊ ရွှေနှင်းဆီ(၅)လမ်း-B၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Happy Karen New Year  #ကရင်နှစ်သစ်ကူးနေ့မှာကျန်းမာပျော်ရွှင်လိုရာဆန္ဒတွေပြည့်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးပါတယ...
19/12/2025

Happy Karen New Year

#ကရင်နှစ်သစ်ကူးနေ့မှာကျန်းမာပျော်ရွှင်လိုရာဆန္ဒတွေပြည့်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးပါတယ်။

#ပြည်သူ့ရတနာဥပဒေဝန်ဆောင်မှုလုပ်ငန်း

Address

No-1117/A, Shwe Hnin Si/5th Street (B) , (5 )Quarter , Mayangone Township
Yangon
11061

Telephone

+959777756742

Website

Alerts

Be the first to know and let us send you an email when Pyi Thu Yadanar - Legal Consultancy Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyi Thu Yadanar - Legal Consultancy Co.,ltd:

Share

Category