25/08/2026
ဗီဇာကြေး(ဗီဇာပြောင်း/သက်တမ်းတိုးကြေး)တွေအတည်ဖြစ်ပါပြီ😱
လာမည့် ၁၀ လပိုင်းမှစတင်ကာ
အဆများစွာ ကောက်ခံလာတော့မှာဖြစ်ပါတယ်။
နေထိုင်ခွင့်ကာလ အဆင့် ၇ ဆင့် ခွဲကာ
တောင်းယူကောက်ခံတော့မှာဖြစ်ပါတယ်။
ပုံပါအတိုင်း
၃ လအောက်ဆိုရင် ယန်း ၁ သောင်း၊
အများဆုံး ၅ နှစ်အထက်ဆိုရင် ယန်း ၇ သောင်းခွဲ၊
ဆိုပြီး လက်ရှိ ယန်း ၆၀၀၀ မှ
၁.၆ ဆမှ ကနေ ၁၂.၅ ဆ အထိ ဈေးတင်လိုက်ပါပြီ။
အမြဲတမ်းနေထိုင်ခွင့် (PR) အတွက်ကတော့
လက်ရှိ ယန်း ၁ သောင်းကနေ ယန်း ၂ သိန်းအထိ အဆ ၂၀ ဖြင့် အများဆုံး ဈေးတင်သတ်မှတ်လိုက်ပါပြီ။
ဇူလိုင် ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မူကြမ်းကနေ
ဘာမှမပြောင်းလဲသွားပါဘူး။
ပညာရှင်တွေကတော့
"ဈေးအရမ်းကြီးလို့ အခက်တွေ့နေရတဲ့
ကာယကံရှင်တွေရဲ့ အသံကို ထည့်မစဉ်းစားဘဲ
ကမန်းကတန်း ဆုံးဖြတ်လိုက်တဲ့၊
အနိုင်ကျင့်တဲ့ မူဝါဒမျိုးပဲ" လို့
ဝေဖန်နေကြပါတယ်။
Source: Tokyo shimbun
Credit