YUDELSA

YUDELSA Yangon University of Distance Education Law Students‘Association
(YUDELSA)

25/10/2022

iOS 16.1 Update ထွက်လာပါပြီ

- iPhone XR, 11, 12 mini, 13 mini တွေမှာ Battery Percentage မြင်အောင်လုပ်လို့ရပါပြီ (Settings > Battery > Battery Percentage - On)

- Battery Percentage ကလည်း အရင်ကလို Battery Icon ရဲ့ Full ပုံစံပေါ်မှာမှ Number ပြမှာမဟုတ်ပဲ လက်ကျန်ရှိသလောက်ပေါ်မှာမှ Number ပြမှာမို့လို့ ပိုအဆင်ပြေသွားပါတယ်

- Clean Energy Charging ဆိုတာပါလာပါတယ် .. မြန်မာနဲ့တော့မဆိုင်ပါဘူး .. တခြားနိုင်ငံတွေအတွက်ပါ .. အားသွင်းရင် Carbon Footprint တွေထုတ်လွှတ်မှုနည်းတဲ့နည်းပညာနဲ့သွင်းပေးမှာဖြစ်ပါတယ်

- iCloud Shared Photo Library ပါလာပါပြီ .. ကိုယ် Share ချင်တဲ့ Photos, Videos တွေကို Friends, Family တွေဆီ iCloud သုံးပြီး Share ပေးနိုင်မှာပါ

- Camera App ထဲမှာလည်း ရိုက်လိုက်တဲ့ပုံကို တစ်ခါတည်းတန်း Share ဖို့အတွက် Button လေးပါလာပါတယ် .. အမြဲတမ်းတော့မဖွင့်ထားနဲ့ပေါ့ .. မဟုတ်တာတွေရိုက်ပြီး Auto Share မိနေဦးမယ် :3

- Live Activities လည်းပါလာပါပြီ .. ဒါကတော့ 3rd Party App တွေကနေ Activity တွေကို Dynamic Island or Lock Screen မှာ အမြဲပြသနေတာမျိုးပါ ..​ ဥပမာ - ဘောလုံးပွဲရဲ့ Live Score တွေ, Taxi ခေါ်ထားရင် Taxi ရဲ့ Location တွေစသဖြင့်ပေါ့ .. ဒါကတော့ Developer တွေ သူတို့ App ကို Update ပေးမှရပါမယ် .. တချို့ App တွေကတော့​ရနေပါပြီ

- iPhone 14 Pro တွေမှာ Black Wallpaper သုံးထားရင် Dynamic Island ကိုသတိထားမိအောင် သူ့ပတ်လည်မှာ Outline လေးလုပ်ပေးထားပါတယ်

- Dynamic Island ဟာ Reachability နဲ့အလုပ်,လုပ်ပါပြီ

- Apple Watch မရှိပဲ iPhone မှာတင် Fitness+ ကိုသုံးလို့ရပါပြီ

- Wallet ထဲက Car Key, Hotel Key စတဲ့ အရာတွေကို တခြားလူတွေကို Share ပေးနိုင်ပါပြီ .. နောက်ပြီး Wallet App မသုံးတဲ့လူတွေအနေနဲ့လည်း Wallet App ကို Delete လုပ်လို့ရပါပြီ

- Home မှာလည်း Matter Standard ကို Support လုပ်ပါပြီ

- Delete လုပ်လိုက်တဲ့ Message ဟာ Recently Deleted ထဲမှာမပေါ်ပဲ Conversation List မှာပြန်ပေါ်နေတာကို Fix ပေးထားပါတယ်

- VPN ချိတ်ထားရင် CarPlay သုံးမရတာကို Fix ပေးထားပါတယ်

27/01/2021

အာဆီယံ-အီတလီ ​ကျောင်းသား/သူများ ညီလာခံကို (၇-၄-၂၀၂၁) ရက်​နေ့မှ (၈-၄-၂၀၂၁) ရက်​နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ညီလာခံမကျင်းပမီ ​၂၀၂၁ ခုနှစ် မတ်လအတွင်း ကျင်းပမည့် လေ့ကျင့်​ရေး အစည်းအ​ဝေး ​လေးကြိမ် ကျင်းပရန်လည်းရှိပါသည်။ အဆိုပါညီလာခံနှင့် ​လေ့ကျင့်​ရေးအစည်းအ​ဝေးများသို့ အာဆီယံတစ်နိုင်ငံချင်းဆီမှ ​ကျောင်းသူ/သား (၆) ဦး တက်​ရောက်ရန် ဖိတ်ကြားထားပါသည်။ သို့ဖြစ်ပါ၍ ​အောက်ပါသတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများ​လျှောက်ထားနိုင်ပါ​ကြောင်းနှင့် ​လျှောက်ထားလိုသူများသည် ရန်ကုန်အ​​ဝေးသင်တက္ကသိုလ် ဥပ​ဒေပညာဌာနသို့ ၂၈.၁. ၂၀၂၁ ​​​နေ့လယ် (၁၂) နာရီနောက်ဆုံးထား၍ ဆက်သွယ်အကြောင်းကြား​​​ပေးပါရန် အသိပေး​ကြေညာအပ်ပါသည်။
(က) တက္ကသိုလ်၊ ဒီဂရီ​ကောလိပ်၊ ​ကောလိပ်များရှိ ပထမနှစ်နှင့် ဒုတိယနှစ် ​ကျောင်းသား/သူ
(ခ) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားဖြစ်သူ
(ဂ) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အဆင့်အနည်းဆုံး B1 Level ရှိသူ
(ဃ) နိုင်ငံတကာဆက်ဆံ​ရေးနှင့် နိုင်ငံတကာပူး​ပေါင်း​ဆောင်ရွက်မှုများ (အထူးသဖြင့် အာဆီယံ​ရေးရာများ) ကို အထူးစိတ်ဝင်စားသူ
(င) ​ခေါင်း​​ဆောင်မှုနှင့်အဖွဲ့လိုက်လုပ်​ဆောင်နိုင်မှု အား​ကောင်းသူ
(စ) ညီလာခံမှ ပြုလုပ်မည့် အစည်းအ​ဝေးများအားလုံးသို့ ပါဝင်တက်​ရောက်နိုင်သူ

21/01/2021

ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေပညာဌာနတွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသားများနှင့် တက်ရောက်သင်ကြားဆဲ ကျောင်းသားများ စုစည်းပြီး ဥပဒေပညာများ ဖလှယ် ဆွေး‌နွေး တိုင်ပင် ကူညီ နိုင်ရန် ဤ YUDELSA (Yangon University of Distance Education Law Students' Association)ကို တည်ထောင်ရန် ဤ page ကို စတင် ဖွင့်လှစ်ပါသည်။ ထို့ကြောင့် YUDE ဥပဒေဌာနမှ Law ကျောင်သား ဟောင်း/သစ် များ ပူးပေါင်းပါဝင်ကြရန်နိုးဆော် အပ်ပါသည်။

20/01/2021

Address

Yangon

Telephone

+959797004590

Website

Alerts

Be the first to know and let us send you an email when YUDELSA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YUDELSA:

Share

Category