AYZ Group Law Firm

AYZ Group Law Firm Working with a Professional Lawyers who are well versed in the field of law can overcome unwanted si

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်း
14/05/2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်း

‎ #ကာမလိမ်လည်မှု‎ #ရာဇသတ်ကြီးပုဒ်မ၄၁၇‎ ‎ #အပိုင်း၁ ‎‎ #ကာမလိမ်လည်မှုနှင့်ပတ်သတ်သည့်ဗဟုသုတကိုအများသူငှာလေ့လာနိုင်စေရန်ရည်...
27/01/2026

‎ #ကာမလိမ်လည်မှု
‎ #ရာဇသတ်ကြီးပုဒ်မ၄၁၇

‎ #အပိုင်း၁

‎ #ကာမလိမ်လည်မှုနှင့်ပတ်သတ်သည့်ဗဟုသုတကိုအများသူငှာလေ့လာနိုင်စေရန်ရည်ရွယ်ပါသည်။


‎ချစ်သူဘ၀တွင် နှစ်ဦးသဘောတူအတူနေထိုင်ကြပြီး လမ်းခွဲကြသည့်အခါမှ ကာမလိမ်လည်ယူပါသည်ဆိုပြီး မိန်းကလေးဘက်မှ စွဲဆိုလာခြင်းမျိုး တွေ့လာရပါသည်။ချစ်သူဘ၀တွင် နှစ်ဦးသဘောတူ‌အတူနေကြခြင်းအား ကာမလိမ်လည်ရယူပါသည်ဆိုသောအကြောင်းပြချက်သည် လက်တွေ တရားခွင်များတွင် ခိုင်လုံသောအကြောင်းပြချက်မဟုတ်ကြောင်းစီရင်ထုံးများရှိပါသည်။ ထိုအခါမျိုးတွင် တရားစွဲသည့်မိန်းကလေး ၌ တစ်ရှက်မှနှစ်ရှက်ဖြစ်ရနိုင်ပါသည်။

‎ယခု လူအများသိကြသော ပုဒ်မ ၄၁၇ သည် လိမ်လည်မှုအတွက်ဖြစ်သည်။ ကာမလိမ်လည်မှုဖြစ်ကြောင်းပြဌာန်းထားချက်မရှိပါ။ သို့သော်
‎လိမ်လည်မှုတွင် လူတစ်ယောက်၏ ကိုယ်၊စိတ်၊ဂုဏ်သိက္ခာများ၊ထိုလူ၏ပစ္စည်း ကို‌ထိခိုက်နစ်နာ‌စေရန်ရည်ရွယ်ချက်ဖြင့် လိမ်လည်မှုကျူးလွန်ခြင်း ဟုဖွင့်ဆိုထားရာ အမျိုးသမီးတစ်ဦးအား လက်ထပ်ပါမည်ဟု အများသိစေသည့်နည်းလမ်းတစ်ခုခုဖြစ်သော်လည်းကောင်း၊‎စေ့စပ်ကြောင်းလမ်းခြင်း၊မိဘဆွေမျိုးများမှ လက်ထပ်ကြမည့် ချစ်သူနှစ်ဦးဟု ယုံမှတ်ကြခြင်း၊သူငယ်ချင်းမိတ်ဆွေ အသိုင်းအဝိုင်းက အသိအမှတ်ပြုကြသည့်အနေအထားတွင် လက်ထပ်ရန် ငြင်းဆိုခြင်း၊အဆက်အသွယ်ဖြတ်ခြင်း များပြုလုပ်ပါက အဆိုပါအမျိုးသမီးတွင် ကိုယ်၊စိတ်၊ဂုဏ်သိက္ခာများထိပါစေသည့်အတွက် ပုဒ်မ ၄၁၇ အရ ကာမလိမ်လည်မှု‎စွဲဆိုနိုင်ကြောင်း လေ့လာရပါသည်။

‎အမှုတစ်ခုအားစွဲဆိုမည်ဆိုပါက သက်သေထင်ရှားတင်ပြရမည့်တာ၀န်သည် တရားလိုအ‌ပေါ်တွင်ကျရောက်နေပါသည်။ မခိုင်လုံသော ပြောဆိုချက်များဖြင့် အမှုအားတည်ဆောက်မည်ဆိုပါက မိမိအရှက်အား မိမိကိုယ်တိုင်ခွဲသလိုဖြစ်နိုင်ပါသည်။

‎အမျိုးသားမှ အိမ်ထောင်ရှိပါလျက် အပျိုမိန်းကလေးအား လူပျိုဟန်ဆောင်၍ချစ်သူရည်းစားအဖြစ်ကာမရယူခြင်းသည် လက်ထပ်ရန်ရည်ရွယ်ချက်မရှိပဲ လိမ်လည်ကာမရယူခြင်းသာဖြစ်သည်ဟုမှတ်ယူနိုင်ပါသည်။(ထိုနေရာတွင် အမျိုးသမီးအနေဖြင့် ချစ်သူအမျိုးသားတွင် အမှန်တကယ်အိမ်ထောင်ရှိကြောင်း မသိရန်လိုအပ်သည်။)

ကာမလိမ်လည်မှု နှင့်ပတ်သတ်၍ နားလည်စေရန်ဥပမာပေးမည်ဆိုပါက ‎ယုံကြည်အောင်ပြောဆိုတိုင်း လိုက်လျောဖို့သင့်မသင့်။ လိမ်လည်မှု မြောက်မမြောက်။‎ယုံကြည်လောက်အောင် ပြောဆိုလိမ်လည်မှု ‎လိမ်လည်၍ ကာမရယူခြင်းကို ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုဖို့ဆိုရင် လက်ထပ်ပါမယ်လို့ လိမ်လည်ပြောဆိုခဲ့မှ အပြစ်ဒဏ်မြောက်ပါတယ်။ လိမ်လည်ပြောဆိုမှုဟာ ယုံကြည်လောက်တဲ့ အနေအထားရှိမှလည်း လိမ်လည်မှုမြောက်ပါတယ်။အစကတည်းက ယုံကြည်လောက်စရာမရှိတဲ့ ပြောဆိုချက်ကို အမျိုးသမီးက ယုံကြည်ပြီး ကာမပေးအပ်ခဲ့ရင် ပြစ်မှုမမြောက်ဘူးဆိုတဲ့ စီရင်ချက်တခုရှိခဲ့ပါသည်။

‎**"မတင်အိနှင့်ဦးဝိမလ"**၁၉၇၅၊မတစ၊၄၄။

ဘုန်းကြီးကအမျိုးသမီးတစ်ဦးနဲ့ လွန်လွန်ကျွံကျွံဖြစ်ပြီး ဘုန်းကြီးကမယူဘူး။ လူထွက်ပြီးယူပါမယ်လို့လိမ်လည်ပြီး ကာမရယူပါတယ်ဆိုပြီး အမျိုးသမီးက တရားစွဲတယ်။ အဲဒီတော့ တရားရုံးက ဘယ်လိုဆုံးဖြတ်သလဲဆိုတော့ ဒီအမျိုးသမီးဟာ ဘုန်းကြီးက မိန်းမ မယူရဘူးဆိုတာသိပြီးဖြစ်ရမယ်။ ဘုန်းကြီးက မိန်းမယူမယ်ဆိုတာဟာ မယုံသင့်တာကိုယုံကြည်ပြီး ကာမပေးအပ်ခဲ့တာဖြစ်တဲ့ အတွက် ဒါဟာ ယုံလို့အလိမ်ခံရတာ မဟုတ်ဘူး။ နှစ်ဦးသဘောတူဖောက်ပြန်ခဲ့ကြတာ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။"

နောက်ထပ်‎လေ့လာမှတ်သားရသည့် တရားသူကြီးတစ်ဦး၏ ဆုံးဖြတ်ချက်အား ဝေငှလိုပါသည်။

‎ အမှုတစ်ခုတွင် လိုက်ပါဆောင်ရွက်သည့် ၀တ်လုံတော်ရ ရှေ့နေကြီးမှလျှောက်လဲတင်ပြချက်သည်
" မိန်းကလေးတစ်ဦးသည် ယောက်ျားလေးတဦးအား ကာမရာဂစပ်ယှက်ရန်ခွင့်ပြုခဲ့သော် ထိုယောက်ျား၏တောင်းရမ်းထိမ်းမြားပါမည်ဟူသော ကတိရရှိ သောကြောင့်သာလျှင် ဖြစ်ပေလိမ့်မည် "ဟုတင်ပြထားသည်။

‎တရားသူကြီး ဦးစိန်သင်းက အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

‎ကိလေသာစိတ် မကုန်ခန်းကြသော ပုထုဇဉ်များအတွက် သွေးသားတောင့်တမှုကြောင့် မည်သည့် ရည်ရွယ်ချက်မျိုးမျှမရှိဘဲ ကာမရာဂစပ်ယှက်ခြင်းသည်လည်း ရှိနိုင်လေရာ ပညာရှိရှေ့နေကြီး၏ လျှောက်လဲချက်များကိုလက်ခံနိုင်ရန်ခဲယဉ်းလေသည်။

‎ ယောက်ျား နှင့် မိန်းမ တို့ ကာမစပ်ယှက်သည့်ကိစ္စတိုင်းတွင် ယောက်ျားလေးက မိန်းကလေးအား ထိမ်းမြားပါမည်ဟူသော ကတိပေးခဲ့ပြီးဖြစ်သည်ဟု ယူဆမည်ဆိုပါက ၊အကျင့်ဖေါက်ပြား မိန်းမသားများ၏မာယာကျော့ကွင်းသို့ သက်ဆင်းရရှာသည့် ယောက်ျားများအတွက် အခက်ကြုံဖွယ်ရာရှိချေမည်။

‎ထို့ကြောင့် အကျင့်စာရိတ္တပျက်ပြားခြင်းကို အားပေးကူညီရာရောက်မည့် အတွေးအခေါ် ယူဆချက်မျိုးများမှ ရှောင်ရှားသင့်လေသည်
‎ဟုဆုံးဖြတ်ထားပါသည်။

‎ကာမလိမ်လည်မှုနှင့်ပတ်သတ်၍ အဓိက စဉ်းစားမည်ဆိုပါက ချစ်ကြိုက်စဉ်က သဘောကျလက်ခံပြီး နှစ်ဦးသဘောတူအတူနေကြချိန်တွင်လက်ထပ်ယူပါမည်ဟု ယုံကြည်နိုင်လောက်သောကတိများမဟုတ်ပဲ မှတ်တမ်းမှတ်ရာရယူခဲ့ခြင်းမရှိပါက ( ဥပမာ‌ လက်ထပ်ယူပါမည်ဟုပြောဆိုခဲ့ကြသောစာများ၊videoမှတ်တမ်းများ) လမ်းခွဲချိန်ပြီး‌ နောက်တွင်မှ သော်လည်းကောင်းကာမလိမ်လည်ခြင်း ဟုစွဲဆိုခြင်းထက် မိမိ၏အရှက်နဲ့ ဂုဏ်သိက္ခာကိုလေးစားသောသူမျိုးကိုသာ လက်တွဲဖော်အဖြစ်ရွေးသင့်ပါကြောင်း နှင့်အယုံမလွယ်စေရန်အကြံပြုအပ်ပါသည်။

‎ #ကာမလိမ်လည်မှု သည် ရဲအရေးမပိုင်သောအမှုဖြစ်သည်။ ၀ရမ်းထုတ်ဆင့်ဖမ်းဆီးနိုင်ပါသည်။အာမခံရသောအမှုဖြစ်ပြီး တရားရုံးကခွင့်ပြုပါက ကျေအေးနိုင်ပါသည်။ ပြစ်မှုထင်ရှားပါက ထောင်၃နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်မျိုးစလုံးချနိုင်ပါသည်။

‎ #အပိုင်း၂ တွင် ကာမလိမ်လည်မှုနှင့်ပတ်သတ်သော မတူညီသောရှုထောင့်မှအမြင်များ၊‌ဖြစ်ပေါ်လာနိုင် သောအကောင်းအဆိုးများအား ဆက်လက်တင်ပြသွားပါမည်။

‎ (adv) #ကာမလိမ်လည်မှု #ရာဇသတ်ကြီးပုဒ်မ၄၁၇

#‎ဥပဒေရေးရာကိစ္စရပ်များဆွေးနွေးတိုင်ပင်နိုင်ပါသည်။
‎ #0996519732

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းအတွက် အစိုးရအားပေးသွင်းငွေနှုန်းထားများ သိရှိနိုင်စေရန်။
26/01/2026

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းအတွက် အစိုးရအားပေးသွင်းငွေနှုန်းထားများ သိရှိနိုင်စေရန်။

Address

Kyar Kwat Thit
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959799240417

Website

Alerts

Be the first to know and let us send you an email when AYZ Group Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AYZ Group Law Firm:

Shortcuts

Share